နိုင်ငံရေးဆိုတာ ကျွန်တော် ဟိုးငယ်ငယ်လေး ဘဝထဲက ကြားသိ နားထောင်ခဲ့ဖူးတယ်ဗျ

အိမ်နားက အဘကြီးက မဆလ ခေတ်ဆိုလား ဘာဆိုလား အဲဒီခေတ်က အမတ်ဝင်ပြိုင်ဖူးသူဆိုတော့ ….

မနက်ဆိုရင် ကျွန်တော့်အဘိုးဆီလာတယ် ညက ရေဒီယိုက ဘာလွှင့်တယ် ဘာတွေဖြစ်နေတယ် ဘာတွေလုပ်သင့်တယ် ဆိုပြီး လာပြောနေကြပေါ့

ကျွန်တော့်အဘိုးကတော့ ရပ်ရွာမှ ဩဇာအသင့်အတင့်ရှိပြီး အုပ်ချုပ်ရေးပိုင်းတွေကို စိတ်မဝင်စား ဘုရားတရား အလုပ်ပဲ လုပ်တတ်တဲ့

လူရိုးကြီးဆိုတော့ဘာမှ ပြောလေ့ပြောထ မရှိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာရယ်မဟုတ် စိတ်ဝင်စားလို့ နားထောင်မိရာကနေ

နိုင်ငံရေး ဆိုတဲ့စကားလုံးနဲ့ ရင်းနှီးလာခဲ့ပါတယ်လေ။ အခုကျွန်တော်ပြောချင်တာကတော့  အရွယ်ရောက်လို့ ကျွန်တော် လက်ခံမိတဲ့

နိုင်ငံရေးဆိုတာလေးကို ပြောပြချင်လို့ပါ

ကျွန်တော်ကတော့

နိုင်ငံရေးဆိုတာ ကိုယ်ကျိုးရှာသူတွေအတွက်တော့ အတ္တဟိတ လုပ်ငန်းဖြစ်ပြီး

အများကျိုးရှာသူတွေအတွက်တော့ ပရဟိတ္တ လုပ်ငန်းဖြစ်တယ်လို့ မှတ်ယူပါတယ်

(လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်)

နောက်ပြီး

နိုင်ငံရေးဆိုတာ အမတ်လုပ်မှ ရွေးကောက်ပွဲအတွက်ဆောင်ရွက်ပေးမှ အတိုက်အခံအမတ်တွေလုပ်မှ ပါတီတွေထောင်မှ နိုင်ငံရေးလုပ်တာ

မဟုတ်ပါဘူး ကျောင်းဆရာကလည်း ကျောင်းဆရာအလုပ်လုပ်မယ်၊ ဆရာဝန်ကလည်း ဆရာဝန်အလုပ်၊ ဈေးရောင်းတဲ့သူကလည်း ဈေးရောင်းမယ်

ဆိုက်ကားဆရာကလည်း ဆိုက်ကားဆရာအလုပ်လုပ်မယ် ကိုယ့်ကျရာလုပ်ငန်းကို လုပ်ဆောင်နေခြင်းကလည်း နိုင်ငံ့ရဲ့ အရေးကို လုပ်ဆောင်

နေခြင်းဖြစ်လို့   နိုင်ငံရေး လုပ်နေတာပဲ ဒါကြောင့် နိုင်ငံသားတိုင်းဟာ မိမိတို့ ကျရာအလုပ်ကို အကောင်းဆုံးလုပ်ကြရင်း

နိုင်ငံတိုးတက်လာမယ်လို့    မျှော်လင့်ပါတယ်

(စာကြွင်း။  အဂတိ လိုက်စားမှု ကင်းရှင်းပြီး စိတ်သန့်ရှင်းစွာဖြင့် အလုပ်တွေလုပ်ဆောင်ကြမယ်ဆိုရင်ပေါ့)

About King

has written 59 post in this Website..

ရွဴးးးးးးးးးးးးးးးးးးး ...................