မနက်ဆိုရင် ရွာထဲကို လျှောက်ကြည့်ပါတယ် ပွိုင့် 20 ထက်ပိုပေးမလားဆိုပြီးတော့ပေါ့လေ

ဒါပေမယ့်လည်း ရွာထဲမှာ နည်းနည်းတော့ စိမ်းသေးလို့လားမသိ ဟိုလူ့အိမ်ထဲဝင်လိုက် ဒီလူ့အိမ်ထဲဝင်လိုက်ပြီး

(ဖိနပ်ခိုးတာတော့ မဟုတ်ဘူးပေါ့လေ)

လေကန် ဝေဖန်ရင်း လျှောက်သွားနေလိုက်တာ အခုအိမ်ပြန်ဖို့ အချိန်ရောက်တဲ့အထိပေါ့

ရွာထဲမှာ လျှောက်ကြည့်ရင်း ဘာတွေတွေ့လဲဆိုတော့ ထုံးစံအတိုင်း သူတစ်လူ ငါတစ်မင်းနဲ့ အငြင်းအခုံတွေနဲ့ပေါ့

ဒါပေမယ့်လည်း ကျွန်တော်တို့ရွာလေးက ချစ်ဖို့ကောင်းပါတယ်ဗျ ညစ်ညမ်းမှုတွေမရှိသလို သဘာဝပတ်ဝန်းကျင်နဲ့လည်း

လိုက်လျောညီထွေမှုရှိသော ငြင်းခုံမှုလေးတွေနဲ့ပေါ့

(ငြင်းခုံမှုလို့ မပြောပါဘူး တော်ကြာ လာငြင်းနေကျမှာစိုးလို့ဗျ ကိုယ့်အမြင်လေးတွေ၊ ကိုယ်လက်ခံမှုလေးတွေကို လွတ်လပ်စွာ ထုတ်ဖော်နေကြတဲ့သဘောလို့ပဲ မှတ်ယူပေးကြပါဗျ)

ကိုပေါက်ရဲ့   ကြိုးစားအားထုတ်မှုကြောင့် ကိုဇ၀န တစ်ယောက် ကျေနပ်မှု ရရှိစေမယ့် ချစ်စရာ အပြုအမူ ကူညီရိုင်းပင်းမှုလေးတွေကြောင့်လည်း

ရွာလေးဟာ ပိုမိုချစ်ကြည်ရင်းနှီးမှုတွေကို ရရှိစေမယ်လို့လည်း ထင်မိပါတယ်။

တစ်ဖန်ခုတစ်လော သတင်းမွှေးလာတဲ့ မူပိုင်ခွင့်ကိစ္စပါ ဒီကိစ္စအတွက်လည်း ရွာသားတွေစုစည်းပြီး ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ရပ်ကို

စဉ်းစားကြစေသလို။ ကာကွယ်ဖို့အတွက်လည်း ရွာသားတွေက တစ်နိုင်တဲ့ဘက်က ကူညီကြမယ်ဆိုရင်ဖြင့် အတော်အတန် ကင်းရှင်းမယ်လို့

ယုံကြည်မိပါတယ်။ ဒါ့အပြင် ရွာထဲမှာ အလုပ်မရှိပဲ လျှောက်သွားသူများကို အဖွဲ့လေးဖွဲ့ပြီး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ခိုင်းသင့်ပါတယ်လို့လဲ

အကြံပြုပါတယ်။ နောက်ပြီး ဘာသာရေးနှင့် ဆိုင်တဲ့ ပို့စ်တွေ ရေးတာကို ဆက်ရေးပါစေ ။ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်နဲ့

မှတ်ချက်ပေးခွင့်လည်း ပေးလိုက်ပါ။ ဒါပေမယ့် ရွာထဲကလူတွေက ကိုယ်မှန်တယ်ဆိုပြီး သူများကိုမှားတယ်လို့ အပြစ်တင်ေ၇းကြမယ့်

လူမျိုးတွေ မဟုတ်လောက်ပါဘူး။ အချက်အလက် မှန်မှန်ကန်ကန်တွေ။ ကိုးကားစရာတွေနဲ့  ရေးကြမယ်လို့ ထင်ပါတယ်ဗျ

ဘာပဲဖြစ်ဖြစ် ဒီနေ့ တော့ ရွာရိုးကိုးပေါက်လျှောက်လည်လိုက်တာ မောသွားပြီ

အားလုံးကိုပဲ ဒီနေ့အတွက် နှုတ်ဆက်လိုက်ပါတယ်ဗျ

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................