အမျိုးသမီးများအတွက် ဆွဲဆောင်နိုင်စွမ်းရှိသူများသည် ပျော် ရွှင်ရယ်မောနေတတ်သော အမျိုးသားများ ထက် တည်ငြိမ်အေးဆေးစွာရှိသောအမျိုး သားများဖြစ်သည်ဟု သုတေသီတို့ကပြော ကြားခဲ့ကြသည်။ ထို့ အရာနှင့် ဆန့် ကျင်ဘက် အမျိုးသား များအတွက်မှာမူ ဆွဲဆောင်မှုရှိသူအမျိုးသမီး များမှာ ပျော်ပျော်ရွှင်ရွှင်နေတတ်သည့်အမျိုး သမီးများဖြစ်ကြောင်း သိရသည်ဟူသောသတင်းကို ရန်ကုန်တိုင်းမ်(ဖလားဝါးနယူးဂျာနယ်)တွင်ဖတ်လိုက်ရသည်။
လူသားတိုင်းတွင် လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိသည်ဟူသော အဆိုနှင့်အညီ ကျွန်မလည်း ကိုယ့်သဘောနှင့်ကိုယ်
ခပ်တည်တည်ဖြင့်ပင် သဘောထားကွဲလွဲလိုက်ပါသည်။ သင်သည် ယောက်ျားလေးတစ်ဦးဖြစ်ခဲ့ပါပြီဆိုပါတော့
ပတ်ဝန်းကျင်က ဖြစ်စေ မိဘကသဘောတူသော (သို့မဟုတ်) သဘောကျသော မိန်းကလေးများကို တွေ့ ဘူးပါသလား။
သူတို့ သည် သူတို့ သဘောကျသော မိန်းကလေးနှင့် ပတ်သတ်ပြီး ချီးမွမ်းခန်းဖွင့်သည့်အခါ အဲဒီကောင်မလေးပေါ့
အနေအထိုင် သိပ်ယဉ်ကျေးတာ တော်တော်သိမ်မွေ့ တာ မိဘအပေါ်လည်းသိတတ်လိုက်တာ လိမ္မာလိုက်တာ လွန်ပါရော
စသည်ဖြင့် ပြောကြပါလိမ့်မည်။ သို့ သော် သဘောမကျသော မိန်းကလေးကို တွေ့ သည့်အခါ ဟေးလားဝါးလားနဲ့ 
သိက္ခာမရှိ တည်တည်ကြည်ကြည်မနေတတ်နဲ့ ငါ့မျက်စိထဲ ထောင့်ကို မကျိုးဘူး စသဖြင့် ကဲ့ရဲ့ ကြပါလိမ့်မည်။
ကျွန်မသည်လည်း မိမိ၏ ငယ်အကျင့်စရိုက်အတိုင်း ပျော်ပျော်ရွှင်ရွှင်အနေအထားမျိုး ဆိုထာထက် စဖို့ နောက်ဖို့ 
ဟာသပြောဖို့ လောက် စဉ်းစား နေတတ်ပါသည်။ မိဘများက အပြစ်မပြောသောလည်း အဘိုးကမူ လုံးဝ မနှစ်သက်ပါ။
မိန်းကလေးတဲ့ မိန်းကလေးနဲ့ ကို မတူဘူး ဘယ်နှယ့် တည်တည်ကြည်ကြည်မရှိ သူကြည့်လိုက်ရင် ပြုံးစိပြုံးစိနဲ့ 
ဘာပြောပြော စဖို့ နောက်ဖို့ ပဲ သိသည်ဟုဆိုကာ အဆူခံရတတ်ပါသည်။ အားလုံးကိုခြုံပြီး ပြောရမည်ဆိုလျှင်
မြန်မာမိန်းကလေးများသည် တည်ငြိမ်အေးဆေးထက်မြက်သည့်ပုံစံသည်သာ အကောင်းဆုံးဟု ထင်ပါသည်။
မိန်းကလေးများ၏ စိတ်နှင့် ပတ်သတ်ပြီးတော့လည်း မေးချင်ပါသေးသည်။ ဂျာနယ်တွင် ဖတ်လိုက်ရသည့် အတိုင်း မိမိ၏ ချစ်သူကို ရွေးချယ်မည် ဆိုပါက တည်ငြိမ်အေးဆေးသောသူက ဆွဲဆောင်နီုင်စွမ်းပိုရှိသည်ဆိုတာ ဟုတ်ပါသလား။ ဒါလည်း လူတစ်ယောက်ချင်းစီနှင့်ပတ်သတ်ပြီး ကွဲပြားခြားနားလိမ့်မည်ဟု ထင်ပါသည်။
သူငယ်ချင်းတို့ တွေရော ဘယ်လိုပုံစံကို သဘောကျပါသလဲ၊ အေးအေးဆေးဆေးပုံစံလား၊ ပျော်ပျော်ရွှင်ရွှင်ပုံစံ လား။

moonpoem

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)