အောက်ခြေလွတ်နေတဲ့ ငါ…

ဘယ်အခါမှ (ဖုတ်ခနဲ) ပြုတ်ကျမယ် မသိ…

ပါးပါးလေး ချစ်မိတောင်

ဒီလောက်ထိလွတ်နေရင်…

များများလေးသာ ချစ်ခွင့်ရရင်

ဘယ်လောက်များ လွင့်ထွက်(မိ) မလဲ … ငါမသိ…

ကောင်မလေးရေ…

မင်းနဲ့ ဝေးကွာမှု    အသက်ရှုမှု ခဏရပ်

ဘယ်ဘက်မှာ ရပ်မလဲ… မမေးပါနဲ့

ငါ ဘယ်အကွက်ကို ရွေးမလဲ

မင်းသိပါတယ်…

ရင်နဲ့ ရင်းတဲ့   ချစ်ပျိုးပင်လေးကို

နှလုံးသွေးမြေဆီ   မျက်ရည်အာပေါဓာတ်

လိုအပ်ရင်   အသက်နဲ့ ခန်ဓာပေး

သူလေးသာဖြစ်ထွန်းရင်   ငါ..နစ်မွန်းပါစေတော့….

About lu ta lone

lu ta lone has written 261 post in this Website..