အုံ့ပုန်း မေတ္တာ

တိတ်တခိုးနဲ့

မြတ်နိုးသူမို့

မိုးမင်းကြီးက စွေပါတယ်…

ဟေမာန်ဆောင်းမှာ 

မြောက်ပြန်လေရူး

သိပ်ချစ်လွန်းလို့ မြူးပါတယ်…

ရင်မှ အပူ

မျှဝေယူလို့

ဂိမာန်နွေက ဆူရတယ်…

ရှက်အားတော်ပို 

အသားညိုဝင်း

မယ်မျက်နှာလေး လင်းရတယ်…

မယ့်ရင်ငွေ့လှုံ

နှလုံးခုန်မှ

မောင်က တိုးလို့ ချစ်ရတယ်…

မောင့် ရင်အစုံ

နှလုံးတုန်လျှက်

လက်နှစ်ဖက်နဲ့ ထွေးပိုက်မယ်…

မယ့်ဆံနွယ်ဝေ

ပါးပြင် လေ ကို

မောင်သာ နမ်းလို့ ရှိုက်ပါ့မယ်…

တစ်သက်စာ ရည်

ကမ္ဘာတည်လျှက်

မယ့်လက်ကိုတွဲ 

မခွဲတမ်းသာ

မယ့်နားမှာနေ

အကြင်နာတွေနဲ့ နွေးစေမယ်…..။ ။

တောက ကိုရင်

(ဒီကဗျာလေးက တိတ်တခိုးအချစ်ဆိုတဲ့ကဗျာလေးကို တုန့်ပြန်ရေးသားထားတဲ့ ကောင်လေးဘက်က အုံ့ပုန်းမေတ္တာပါ…
တိတ်တခိုးအချစ် ကဗျာပိုင်ရှုင်းလည်း ကျေနပ်မယ် ထင်ပါတယ်…)

About koyin

တောက ကိုရင် has written 59 post in this Website..

ပျံသန်းနေတဲ့ ငှက်တစ်ကောင်ပေါ့… ခရောင်းတောမှာ လမ်းကောင်းကောင်းလျှောက်တတ်ဖို့ ကြိုးစားဆဲ…