ရင်ငြိမ်းဇာတိက တောင်ကြီးကပါ… တောင်ကြီးမှာကျောင်းတက်ပြီး… တိုးတက်ချင်တဲ့ ဆန္ဒနဲ့ ၇န်ကုန်မှာ သင်တန်းလာတက်ခဲ့တယ်…နယ်မှာတော့….နေရထိုင်ရ အဆင်ပြေသလောက်…ရန်ကုန်စရောက်တဲ့အခါမှာ တော်တော်ကြီးကို ဒုက္ခရောက်တာတွေ့ရပါ့တေယ်..
အရင်ဆုံး… ၇န်ကုန်မြေကို စရောက်ပြီဆိုတာနဲ့ တနေရာရာသွားဖို့က ကားစီးဖို့ပါပဲ….နယ်မှာလို တနေရာကို လမ်းလျှောက်ပြီးသွားလို့မ၇တာရယ်..လိုင်းကားမစီးတက်တာရယ်က နယ်က လာတဲ့လူအဖို့ ပထမဦးဆုံး ရင်ဆိုင်ရမဲ့ဒုက္ခပါ…
ရောက်ရောက်ချင်း သွားတဲ့နေ၇ာကတော့ မြေနီကုန်းပါ…ရင်ငြိမ်းနေတဲ့နေရာက ရွှေတိဂုံ အရှေ့ဘက်မုဒ်က ကမ္ဘာဇ ဓမ္မာရုံပါ…
ဓမ္မာ၇ုံဆိုပေမဲ့ ဘုန်းကြီးနေတဲ့နေ၇ာမဟုတ်ပဲ ရှမ်းပြည်နယ်က လာတဲ့လူတွေ အဆင်ပြေအောင် လုပ်ထားတဲ့ နေရာလေးပါ
တောင်ကြီးမြို့ လာရှိုးမြို့က လူများ ရှမ်းလူမျိုးများ အများဆုံးနေကြတဲ့နေရာပါ…အဲဒီကနေ မြေနီကုန်းသွားရင် စီးရမဲ့ကားက ၂၀၄ ဒါမှမဟုတ် ၃ကားပါ…သူငယ်ချင်းက မြေနီကုန်းမှာ စောင့်မယ် လာခဲ့ပါလို ဆိုတာနဲ့ ဓမ္မာ၇ုံက အရင်နေကြတဲ့ လူတွေမေး…မနော၇မ္မကို သွားမဲ့သူရှိတာနဲ့း မသူတို့နဲ့လိုက်တော့တာပေါ့… မြေနီကုန်းရောက်တော့ ရောက်ပြီနင်ပြောတဲ့နေ၇ာဆိုပြီး ဆင်းခိုင်းတယ်… သူငယ်ချင်းကလည်း မှတ်တိုင်မှာ စောင့်နေတော့ အဆင်ပြေနေသေးတယ်… ပြန်တော့ ကားမှတ်တိုင်အထိ လိုက်ပို့တော့ အဆင်ပြေတာပေါ့..ဆ၇ာကြီးလိုဘာလိုလိုနဲ့ မှတ်ထားလိုက်တယ်…ဒဂုံစင်တာ ရှေ့တဲ့တဲ့ အမေ၇ိကန်ဗေး၇ှင်းဆိုင်းဘုတ်ကပ်၇က်လမ်းတဲ့…..မှောင်ကလဲမှောင်..ပူကလည်းပူတော့..မှတ်မိမှတ်၇ာမှတ်လိုက်တာပါ….နောက်နေ့မနက်…ဓမ္မာရုံက သူငယ်ချင်းတယောင်နဲ့ ပြန်သွားတော့..သူငယ်ချင်းကို ဆ၇ာလုပ်ပြီးခေါ်သွားလိုက်တယ်။မြေနီကုန်းမှတ်တိုင်မှာဆင်း…အမေ၇ိကန်ဆိုင်းဘုတ်၇ှိတဲ့လမ်းဘက်ကူးပေါ့….အဲဒီမှာ ပထမဆုံးလွဲတာပဲ မအမေ၇ိကန်ဆိုင်းဘုတ်က တပ်ထားလိုက်တာများ..ဗားက၇လမ်းတလျှောက်ပဲ…လမ်းထိပ်တိုင်းမှာလဲ အမေရိကန်ဗေး၇ှင်း ဆိုင်းဘုတ်…အဲဒီမှာပဲ…မျက်စိတွေလည်လို့ ကားတောင်ပြန်မစီးတက်တော့ပဲ ဓမ္မာရုံကို ကားဌားပြန်လာရပါတော့တယ်….၇င်ငြိမ်းသူငယ်ချင်းတယောက်ကတော့ ၇င်ငြိမ်းထက်ပိုဆိုးပြီး…လိုင်းကားနံပါတ်မမှတ်ပဲ မထသ နဲ့ သွားခဲ့တာဆိုပဲ….
ကဒီလိုနဲ့နေလာလိုက်တာ သင်တန်းလည်းပြီးေ၇ာ..အလုပ်လုပ်ဖို့ စလျှောက်ကြပါရော… အခွင့်အလမ်း ဂျာနယ်တွေဖတ်…. စီဗီတွေတင်ပေါ့…အ၇င်ဆုံး ဥသွားလျှောက်တဲ့နေ၇ာကတော့ သံလွင်လမ်း…အမှတ် ၃၂ ပါ…Web design ပို့စ်လေးပါ… ဘယ်လိုသွား၇မယ်မှန်းလဲ မသိတော့ ဓမ္မာ၇ုံက အကိုတယောက်က သူ့ဖုန်းနဲ့ အလုပ်ကိုဖုန်းဆက်ပေးတယ် …ဘယ်လိုလာ၇မလဲလို့ပေါ့…ဗဟန်း ၃လမ်းကနေ ဘယ်ကားစီးရမလဲဆိုတော့…စာရေးမလေးက…၄၂ ကားစီးပြီး…အင်းယားမှတ်တိုင်မှာဆင်းပါတဲ့…
သွားမယ်ဆိုတော့ သူငယ်ချင်းတယောက်ကလိုက်ကူမယ်… နောက် ရင်ငြိမ်းဘေးမှာ အိပ်တဲ့ကောင်မလေးကပါ..ပျင်းလို့ လိုက်ကူမယ်ဆိုတဲ့နဲ့ုးံးယောက်သားသွားလိုက်ကြတယ်…ပထမဦးဆုံးဖြစ်တဲ့အတွက် ၇ိုးရိုးလေးဝတ်ခဲ့ဆိုလို့ ရှမ်းရိုးရာ ၀တ်စုံလေး ၀တ်ခဲ့တယ်…လျှာလျှာရှည်ရှည်သူငယ်ချင်းကပါ ရှမ်းဘောင်းဘီ ကွတားလေးကို ၀တ်ပြီး ထွက်လာခဲ့ကြတယ်…ဗဟန်း ၃လမ်းရောက်တော့ ၄၂ ကားကိုစောင့်တော့တာပေါ့…ဘယ်က၄၂ ကားရှိမှာလဲ ၄၃ကားပဲရှိတာကို ၂နဲ့၃ တခုပဲကွာတယ် ဆိုပြီး မေးတော့မေးကြည့်ကြသေးတယ် အင်းယားမှတ်တိုင်ရောက်လားဆိုတော့..ရောက်တယ်လို့ပြောတာတဲ့ ၃ယောက်သားတက်စီးသွားကြတာပေါ့… မှတ်တိုင်လည်းရောက်ရော ဆင်းပြီး သံလွင်လမ်းကိုမေးကြတယ်…ဘယ်သူမှမသိဘူး…သွားချင်တာက ဗဟန်း၊ရောက်နေတာက သင်္ကန်းကျွှန်း…. နေကလည်းပူ…စိတ်ညစ်ညစ်နဲ့ ၃ယောက်သားလျှောက်ပြီးမေးတော့…ရှေ့တဲ့တဲ့က လမ်းကိုသွား..ပထမဦးဆုံးတွေ့တဲ့လမ်းက သံလွင်လမ်းတဲ့…အားတက်သရော ၃ယောက်သားလျှောက်လိုက်တဲ့ တက္ကသိုလ်ရိပ်သာလမ်းဟောင်းကြီး…ထူးခြားတာက ဒီလောက်လမ်းကောင်းကို ဘယ်သူမှဖြတ်တဲ့သူမှ၇ှိတာ စဉ်းစားစရာပဲပေါ့.စကားတပြောပြောနဲ့ လျှောက်လာတော့ ဘယ်ဘက်လမ်းဘေးက အိမ်ကကောင်လေးနှစ်ယောက်က လက်ခုပ်တီးပြီးလှမ်းခေါ်တယ်
တော်တော်ဘူးတဲ့ လူပဲ ငါတယောက်လုံးပါနေတာတောင် လိုက်စနေတယ်လို့ သူငယ်ချင်ကပြောသေးတယ်…ဘာမှန်းမသိ ညာမှန်းမသိနဲ့ ၃ယောက်သားလျှောက်သွားတာ…အန်တီစုတို့ အိမ်နားေ၇ာက်နေမှန်းမသိကြဘူး…ဗိုလ်ချုပ်ပုံကြီးကိုလဲ တွေ့လို့ပေါ့…စတော့တာပဲ…ဒုတိယအလွဲ….စစ်သားတယောက် က သေနပ်ကြီးနဲ့ချိန်လို့….ဘာလာလုပ်တာလဲတဲ့…ဖြတ်လို့မရဘူးဆိုတာမသိဘူးလားတဲ့
အဲ…၃ယောက်သားကြောင်တောင်တော်နဲ့ မသိဘူးပေါ့ သံလွင်လမ်းကို လာတာလို့ပြောတာကို ငနဲက မယုံဘူး..ဒါဆိုပြန်ထွက်မယ်ဆိုတော့လဲ..ပေးမထွက်ဘူး…..ရှေ့လဲတိုးမရ..နောက်လည်းဆုတ်မ၇နဲ့…..အလယ်မှာ တစ်လစ်ကြီး…အဲဒီမှာ သူငယ်ချင်းဆီ ဖုန်းလာပါရော..သူကကြောက်ကြောင်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာက
…..ဗိုလ်ကြီးလားဗျ……ကျွှန်တော်တို့ ပိတ်မိနေလို့ ထွက်မ၇ဘူး…ပေးမထွက်ဘူးတဲ့ဗျာ….ဗိုလ်ကြီးလုပ်ပါအုန်းဆိုပြီး လုပ်ပါလေရော
အမှန်က ဘယ်ဗိုလ်မှမဟုတ်ဘူး..သူ့ငယ်ချင်းတယောက်၇န်ကုန်ဆင်းလာလို့ဖုန်းဆက်တာ သူကခပ်တည်တည်နဲ့ ဖြီးရော..ဇာတ်လမ်းကရှုပ်ကုန်ရော…ခဏနေက ငနဲက သူ့အထက်အရာရှိကြီးခေါ်ပြီး ရစ်တော့တာပဲ..သူတို့ဒီလမ်းကဖြတ်တယ်ပေါ့….နေပူပူမှာ ခိုးကြောင်ခိုးဝှက်ကပါသေး…၀ှက်ဖို့နေနေသာသာ ဆောင်းဖို့ ထီးပါ မပါတဲ့ဟာကို ပေါ်တင်ကြီးလိမ်ပါရော…ပီးတော့သူတို့ ဆရာကိုလဲ တိုင်တယ်ဆိုပြီး တိုင်ပါရော…နောက်ဆုံးပိတ်….တော့ လက်မှတ်ထိုးပြီး…မှတ်ပုံတင်တခု အာမခံထားပါ တခုခုဖြစ်၇င်တော့ ဂျေးထဲရောက်မပေါ့…တော်ပါသေးတယ်…ဘာပြဒနာမှမဖြစ်ခဲ့လို့ အဲဒီအတောအတွင်း….အဲဒီလိုနဲ့လျှောက်လာလိုက်တာ သံလွင်လမ်းကိုတွေ့ပါရော…ရှာရမှာက ၃၂..ရောက်နေတာက ၁၄၀….စဉ်းသာစားကြည့်တော့….တော်တော်ဝေးတဲ့လမ်းကြောကို လျှောက်၇မှာ…ဘယ် တက္ကစီမှမလာ…ဘယ်ဆိုက်ကားမှမှ၇ှိတဲ့ လမ်းစကြီးထဲလျှောက်လာလိုက်တာ ၃၂လဲတွေ့ရော အေ၇ှ့ဘက်မှာေ၇ွှတိဂုံကိုလှမ်းမြင်နေ၇ပြီ…သူငယ်ချင်းဆိုတာ စိတ်ဆိုးလိုက်တာမှ ထမသတ်၇ုံလေး…..အမှန်က တောင်ဘက်မှဒ်ကနေလှမ်းလာလဲ၇တယ်..ဒါမှမဟုတ် အုတ်လမ်းမှာဆင်းပြီး လမ်းလျှောက်လိုက်ရင်နီးနီးလေး..စာရေးမပြောတဲ့ ၄၂ကေ၇ွှဂုံတိုင်ကနေစီးရမှာ….အဲဒီနေ့ကတော့ ၇န်ကုန်ရောက် အမှတ်တ၇နဲ့ အပင်ပန်းဆုံးရက်ဆို မမှားပါဘူး
အလုပ်က ရလားဆို ၇လဲမရ…. ထားပါတော့ ဒီလိုပဲ ထိုင်စားတာပေါ့ဆိုပြီးပေတေလိုက်တာ….အိမ်ကပါလာတဲ့ငွေလည်းကုန်…လက်စွပ်လည်းအပေါင်ဆိုင်က အဌားရောက်ဘ၀ရောက်သွားရော..
ကိုယ့်အမှားနဲ့ကိုယ်မလို့ အိမ်ကို မပြော၇ဲတာနဲ့ ကြိတ်မိတ်နေလိုက်တာ ဓမ္မာ၇ုံမှာ သူများကျွှေးတဲ့ ဘ၀ေ၇ာက်သွားပါလေေ၇ာ…
ဒီလိုနဲ့ အရမ်းခင်တဲ့ သူငယ်ချင်းက စင်ကာပူထွက်တော့မှာမလို့ ၀ဋ်ကြွေးတော်ကျေ ဘု၇ားသွားမယ်ပေါ့…ကိုယ်က ပိုက်ဆံမ၇ှိသူဆိုတော့ အလကားလိုက်ပေါ့..စေတနာလေ..စေတနာ…ဘု၇ားမှာ စားဖို့ပြင်တော့ အသီးတွေခွဲစားရအောင်ဆိုပြီး….အသီးလှီးတဲ့ဓါးကိုထည့်သွားပါပလရော…
ဘု၇ားမှာ အဆင်ပြေပေါ့ …ယူလာတဲ့ဓါးနဲ့… ပြန်လည်းပြန်ရော..ဓမ္မာရုံမှာ…ငယ်ငယ်က ကျောင်းအတူတက်ခဲ့တဲ့ သူငယ်ချင်းက လာစောင့်နေပါရော….j DONUS သွားစားမယ်တဲ့…၀မ်းသာလုံးဆို့ပြီးလိုက်သွားလိုက်တာ အိတ်ထဲက ဓါးကိုမေ့သွားပါလေရော….ဒဂုံစင်တာကိုလဲရောက်ရော…..ဓါးကိုလည်းတွေ့ရော…ဓါးပြတိုက်မယ်ထင်သွားလားတော့မပြောတက်ဘူး….လက်မှတ်ထိုးပြီးမှဝင်ရတဲ့အပြင် အိတ်ပါအပြင်မှာထားခဲ့ရပါတော့တယ်….
….ဒုတိယပိုင်း…မျှော်……

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer