လူ့လောကတွင် မယောင်ရာ ဆီလူးနေသည့် လူများစွာရှိသည် ။ မဟုတ်သည်ကို အဟုတ်ထင်၍ ထင်ယောင်ထင်မှား ယောင်ဝါးဝါးဖြစ်သူများလည်းရှိသည် … ။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောတတ်သူ လူလည်တို့သည် … အယုံလွယ်သူတို့အပေါ်တွင် အဓိက အမြတ်ထုတ်တတ်ကြသည် ။ အယုံလွယ်သူများကလည်း … မိမိဥစ္စာလိမ်သွားခံရမှန်း မသိလောက်အောင် ရက်ရောကြသည် … ။ ထိုလူများဧ။် အဖြစ်သည် ရယ်စရာကောင်း ၊ သနားစရာကောင်းသလို … ဂရုဏာဒေါသလည်း ထွက်စရာကောင်းလွန်းလှသည် ။

%%%%%%%%%%%%%%

ဒီပို့စ်လေးကို မဖတ်ခင် မေးခွန်းလေး နည်းနည်းတော့ ဖြေပေးကြပါဦးနော် ။

၁။ ။ ဗေဒင်၊ အကြားမြင် ၊ယတြာဆိုတာမျိုးကို သင်တို့ လက်ခံယုံကြည်ခဲ့ကြသလား ။

၂။ ။ ယတြာချေရုံဖြင့် သင်တို့ ကံကြမ္မာကိုပြောင်းလဲနိုင်ပြီဟု ထင်ပါသလား ။

၃။ ။ ဓါတ်ရိုက်ဓါတ်ဆင်လုပ်ခြင်းဖြင့် ကြံတိုင်းအောင် ၊ ဆောင်တိုင်းမြောက်မည်ဟု သင်ထင်ပါသလား ။ သင်ဧ။် ကံကောင်းလာမည်ဟုထင်ပါသလား ။

၎။ ။ မည်ကဲ့သို့သော ဗေဒင် ဟောခန်းသို့ရောက်ဖူးပါသလဲ ။ ၄င်းတို့ဧ။် ရှေ့ဖြစ် ၊နောက်ဖြစ် ဟောပြောချက်များသည် မှန်ကန်သည်ဟု လက်ခံရုံကြည်ပါသလား ။

%%%%%%%%%%%%%%

ကျွန်မ ငယ်စဉ်ကတည်းက ဗေဒင် ၊ အကြားမြင် ၊ တားရော့ စသည်တို့ကို အယုံကြည်မရှိသော်လည်း ဗေဒင်ဟောခန်းမျိုးစုံဆို့ ကျွန်မဧ။်ကြီးတော်များကောင်းမှုဖြင့်ရောက်ဖူးခဲ့သည် ။ တစ်ကြိမ်နှင့်တစ်ကြိမ် မတူညီလောက်အောင်ပဲ ဗေဒင်ဆရာ ၊ဆရာမတို့ဧ။် ဟောခန်း အပြင်ဆင်ကွာခြားပုံများ ၊ ဟန်ပါပါ မာန်ပါပါ ပြောပြပုံများ ၊ စသည်တို့ကိုလည်း တအံ့တသြမြင်ခွင့်ရခဲ့သည် ။

ဟောခန်း တစ်ခုနှင့်တစ်ခု မတူအောင်ပင် ဗေဒင် ဟောပြောသူဧ။် စီးပွားရေး ကောင်းမှုပေါ်မူတည်ပြီး အပြင်ဆင် ၊ အဆောင်ယောင် ကွာခြားသွားသည် ။ တစ်ချို့သော ဗေဒင်ဆရာများသည် မုတ်ဆိတ်ပါးသိုင်းများထားတတ်ပြီး ၊ ယောဂီသို့မဟုတ် … ၀တ်ဖြူစင်ကြယ် ၀တ်ဆင်ကြသည် ။ တစ်ချို့သော ဗေဒင်ဆရာမများသည် ဗေဒင် အယူဖြင့် စီရင်ထားသော လက်ဝတ်ရတနာများကို ဆင်မြန်းထားပြီး မျက်ခုံးမွှေး ထူထူများစွဲတတ်ကြသည် ။တစ်ချို့သော ဗေဒင်ဆရာမများသည် ရှိသမျှ လက်ကောက်များ အကုန်ဝတ်ဆင်ပြီး ဗေဒင်ဟောသောအခါ တချွင်ချွင်မြည်သံနှင့်အတူ လူစိတ်ဝင်စားမှုရအောင် ပြုလုပ်သည် ။ မည်သို့ပင်ဖြစ်စေ၊ သူ့နည်း သူ့ဟန်နှင့် ဗေဒင်ဟောသူ အများပြားရှိသည် ။ နောက်ဖြစ်ကိုသာ ပြောနိုင်သူများပြီး ရှေ့ဖြစ်ကို မှန်အောင်ပြောနိုင်သူနည်းကြသည် ။ ထို့အတူ .. အတုယောင်အလိမ်များလည်း များစွာရှိသည် ။

%%%%%%%%%%%%%%

မနက်စောစော တတီတီမြည်လာတဲ့ ဖုန်းကို လေးဖင့်စွာဖြင့် ကောက်ကြည့်လိုက်သည် …. ။ ဖုန်းမှာပေါ်နေသော နံပါတ်မှာ မတော်ရသေးသော ယောက္ခမအိမ်မှ နံပါတ်ဖြစ်သည် ။စောစောစီးစီး ဒုက္ခပေးမည့်ယောက္ခမဖြစ်သော်လည်း …. ဖုန်းမကိုင်ပဲမနေသာသဖြင့် … သမ်းရင်း ဖုန်းထူးမိလိုက်သည် …. ။

“ဟုတ်ကဲ့ အန်တီ ပြောပါ …. ”

“အော်အင်း … သမီးနိုးပြီလား … အန်တီ ဒီနေ့သွားစရာရှိလို့လေ … လိုက်ခဲ့ပါဦး #@!%^& ” ဟုဆိုကာ ဖုန်းချသွားသည် … ။

ပြေးကြည့်လျှင် တွေးကြည့်တာထက်ပင်မြန်သည် …. သွားစရာရှိလို့ဟူသောနေရာမှာ ဗေဒင်ဟောခန်းကလွဲ၍တခြားနေရာမဖြစ်နိုင် ။

~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^~^

တစ်ဦးတည်းသော သားကို ပိုင်ဆိုင်သည့်မိခင်မို့ သားအတွက်ဆို ဂရုတစိုက် အသေးစိတ်ကအစ ဘာပဲလုပ်လုပ် ဗေဒင်ဆရာနဲ့တိုင်ပင် နေ့နံရွေးပြီးမှသာ လုပ်တတ်သော အကျင့်ရှိသူကို ကြင်နာတတ်သည်ဟု ပြောရမလား ၊ ဗေဒင်ကိုယုံစားသူ ဦးဏှောက်မရှိသူလို့ပဲပြောရမလား ကျွန်မဝေခွဲမရပါဘူး ။ ဗေဒင်ကို လွန်လွန်ကျူးကျူးယုံတတ်တာကလွဲလျှင် အရမ်းကို မိခင်တာဝန်ကျေပွန်တဲ့ လူတစ်ယောက်ပေါ့ … ။

သေချာ အကွက်စေ့စေ့ လုပ်တတ်တဲ့ အန်တီက ဗေဒင်ဆရာဆီ မရောက်မီ ကြိုတင်ဘိုကင်လုပ်ထားသော ကျေးဇူးကြောင့် ကျွန်မတိုက အရင်ဝင်ခွင့်ရသည် … ။ သီးခြား ဆွေးနွေးခန်းဖြစ်သဖြင့် ကိုယ့်အလှည့်ရောက်မှသာ အတွင်းခန်းသို့ဝင်ကာ ပြောဆိုဆွေးနွေးခွင့်ရသည် ။ ၀ါကျဉ်ကျဉ် မီးထွန်းထားသော အခန်းထဲတွင် ဂမ္ဘီရ အပြင်ဆင်များဖြင့် ပြည့်နှက်နေသည် … ။ တစ်ချို့ ပုံများသည် ကျွန်မ တစ်ခါမှ မမြင်ဖူးသော ပုံများတောင်ပါသေးသည် …. ။ ထိုအခန်းထဲတွင် ဘုရားခန်းလည်းရှိသည့်အပြင် နတ်ရုပ်ပေါင်းများစွာ ရှိသော နတ်ကွန်းလည်းရှိသည် ….။အမွှေးတိုင်း ၊ဖယောင်းတိုင်များကိုလည်း ထိန်ထိန်ညီးအောင် ထွန်းထားသည် …    ။ ပထမဆုံးကျွန်မသတိထားမိသည်မှာ … ဗေဒင်ဆရာမဧ။် မျက်လုံးနှင့် မျက်ခုံးပင် … ။

ရွှန်းလဲ့သော မျက်လုံးများသည် ကြည်လင်တောက်ပနေပြီး …. မျက်ခုံးထူထူ(ဆွဲထား ၊ဆေးထိုးပုံဖော်ထားသော) မျက်ခုံးမွှေး ထူထူ နှစ်ခုသည် ပြတ်သားသည့် အသွင်ပြင်ကို ဖော်ဆောင်သည် …။

ကျွန်တို့ နှစ်ဦး ငုတ်တုတ်လေး ထိုင်သည်အထိ သူမက မရယ်မပြုံး ၊ မမှိတ်မသုန်သော မျက်ဝန်းမျာဖြင့် အသံတိတ် ကျွန်မတို့ကို ကြည့်နေသည် …. ။ ဗေဒင်ခန်းထဲသို့ရောက်လျှင် ကျွန်မစိတ်တွေအမြဲလိုလို ကျဉ်းကြပ်ရတော့သည် … ။ ကျီးကန်းတောင်းမောက် ပတ်ချာလည် လိုက်ကြည့်နေသော ကျွန်မအတွေးတွေ …. သူတို့နှစ်ဦးစကားစမြည်ပြောတော့မှ ပြတ်တောက်သွားတော့သည် … ။

ဗေဒင်ဆရာမက ရေမွှေးပုလင်းကို သူမ မျက်နှာတစ်ဝိုက်သို့ တရှီးရှီး ဖြန်ရှေးဦးစွာဆိုလေသည် … ။ (သူမမျက်နှာရှေ့ဟုဆိုရာတွင် သူမမျက်နှာဘက်သို့လှည့်ဖျန်းခြင်းမဟုတ်ပဲ … ဟော့ခံမည့်လူဘက်သို့လှည့်ဖြန်းခြင်းဖြစ်သည် … ) မှုန်ပွားပွားကျလာသော ဘာတံဆိပ်မှန်းမသိသည့်ရေမွှေး ပါးစပ်ထဲဝင်မည်စိုးသဖြင့် လက်ဖြင့်ပိတ်လိုက်မိသည် … ။ ထုံအီအီ ဘာအနံ့ကြီးမှန်းမသိသည့်ရေမွှေးဖျန်းပြီးနောက် …စိတ်တို့ပို့ပြီး ညစ်ညူးလာသည် … ဖယောင်းတိုင်များမှ ညှော်နံ့  ၊ အမွှေးတိုင်များမှ အနံ့ များကလည်း လေ၀င်လေထွက်မရှိသော ထိုအခန်းတွင် … အသက်ရှုကြပ်စေသည် ။

“ကဲသမီးကြီး သားကိစ္စလားဟေ့ ”သမီးကြီးဟုဆိုသော်လည်း …. အန်တီ့အသက်မှာ ထိုမိန်းမထက် အတော်ပင်ကြီးနေကြောင်းသတိထားမိသည် … ။

“ဟုတ်ပါတယ် မယ်တော် …သမီးရဲ့သား ကိစ္စနဲ့လာတာပါ ….. ” အန်တီကလည်း ယောင်ယော င်အမ်းအမ်းသံယောင်လိုက်ကာ ပြောသောအခါ … ကျွန်မအတွက် အလွန်ရယ်စရာကောင်းသော ဟာသတပုဒ်ကြည့်ရသလို ရယ်ချင်နေတော့သည် … ။ အသံထွက်ရယ်လို့မဖြစ်သဖြင့် … မီခိုးမွှန်သည်ဟူသော အကြောင်းပြချက်ဖြင့် နှာခေါင်းကိုလက်ဖြင့်ကာထားရာမှ …ပါးစပ်ကိုပါရောကွယ်ပြီး …ပြုံးဖြီးဖြီးလုပ်မိတော့သည် …။

သူမတို့ ဆယ့်ငါးမိနစ်ခန့် … @!#$%^&%*& ပြောခြင်းသည် ကျွန်အတွက် အလွန်ရယ်စရာကောင်းတော့သည် သို့သော် … လာရင်းကိစ္စပြီးပြတ်မှသာ အိမ်ပြန်ရမည်ဖြစ်သဖြင့် ဗေဒင် ဟောခြင်းမြန်မြန်ပြီးပါစေဟုသာ ပြုံုးဖြီးဖြီးမျက်နှာဖြင့် …  ကြိတ်ဆုတောင်းနေမိတော့သည် ။ သို့သော် …အသံတိတ်ဖြင့်သာ

ဗေဒင်ဟော၍ပြီးသောအခါ …သားဖြစ်သူ နယ်ပြောင်းရမည် မပြောင်းချင်ပါက အစီအရင်လုပ်ပေးမယ် ယတြာကြေးနည်းနည်းပေးရမည်ဟုပြောသဖြင့် …. အန်တီလည်း ပေးမည်ဟုသဘောတူလိုက်သည် ….။ မည်မျှပေးရမည်ကို ပေးသောအခါ … တသိန်းခွဲဟု သိသဖြင့် … တစ်ချိန်လုံးရယ်ချင်နေခဲ့သော ကျွန်မ … ဆက်၍ပင် မရယ်နိုင်ပါ ။ ရူးကြောင်ကြောင်နေလှသူ ယောက္ခမလောင်းက ဒီကိစ္စမျိုး အယုံကြည်ရှိသူဖြစ်သဖြင့် … မဆိုင်းမတွ ထုတ်ပေးမည်အလုပ် …. ကျွန်မခေါင်းထဲဝင်လာသော အကြံကို အမိအရ ဆုပ်ကိုင်လိုက်မိသည် … ။

ငုတ်တုတ်အနေထားမှ လေထဲသို့ နှစ်ပေလောက်မြောက်အောင် ခုန်ပြီး ” တယ်……. ငါ့နတ်နန်း ဘယ်သူ ၀င်နေတုန်းဟဲ့ … အမှိုက်မ … မဆိုင်းမတွ ကူညီလိုက်ဟယ် …”

” ရှင် … ဟုတ်ဟုတ်ကဲ့…. ဒါနဲ့ ….အခုအမိန်ရှိသူ မယ်တော်က ဘယ်သူများလဲနော် ” လို့ ဗေဒင်ဆရာမက မယုံတ၀က်ယုံတ၀က်နဲ့ အစ်ပါသည် ။

“တယ် …. ငါဟဲ့ … ငါ … ။ ငါ အမြဲနေတာ …ဒီနတ်နန် … ဘယ်သူလည်း မေးစရာမလိုဘူးဟဲ့ ….ငါဆိုတာ ဟိုမှာ ”  ဟုဆိုကာ နတ်ကွန်းပေါ်မှ နတ်ရုပ်တစ်ခုကို ညွှန်ပြလိုက်သည် …. ။

မထင်မှတ်လောက်အောင် အမူယာပြောင်းပြီး ဗေဒင်ဆရာမမှာ ကြက်သေသေသလို ပြားပြားဝပ်သွားတော့သည် … ။

” ဟဲ့  … သူ့ပိုက်ဆံမယူနဲ့ နင့်စေတနာနဲ့ အလကားလုပ်ပေးလိုက်ကြားလား  သားတော်လေးကို ငါစောင့်ရှောက်တယ်ကွဲ့ … ကဲကဲ … ငါပြန်ထွက်တော်မူမယ် … လိုရာဆုတောင်းကြ ” ဟုဆိုကာ ကြည့်ထားဖူးသော ရုပ်ရှင်ထဲမှ အိုက်တင်မျိုးဖြင့် ယောက္ခကြီးပေါင်ပေါ်သို့ခေါင်းပစ် လှဲချလိုက်တော့သည် … ။ အူလည်လည်မျက်နှာပေးနှင့်ထကာ ဘာဖြစ်သွားလဲဟု မေးကြည့်တော့ …. ။ သမီးခဏနတ်ဝင်သွားတာတဲ့ ….  :D

ထိုနေ့က ကျွန်မတို့ အပြန်လမ်းသည် ယခင်ကနှင့်မတူပဲ တိတ်ဆိတ်နေတော့သည် ပိုက်ဆံမကုန်ခဲ့ရသော ယောက္ခမကြိသည်လည်း နတ်ဝင်ခဲ့သူကျွန်မကို ပိုလို့ ဂရုစိုက်သည်ကိုသိရသည် … ။ မည်သို့ပင်ဖြစ်စေ … လိမ်လည် လှည့်ဖျားမှုတစ်ခုတော့ … အနုနည်းဖြင့်ကျော်လွှားနိုင်ခဲ့သည် ။ ဗေဒင်ဆရာကို  ယတြာအတွက်ပေးမည့်ပိုက်ဆံအား … လူကြီးသူမများအတွက်ခြင်းတောင်းများ ၀ယ်၍ပေးလိုက်လျှင် မျက်နှာပန်းပိုလှမည်ဟုသာ တွေးရင်း …. ပီတိပြုံးမျာဖြင့် အိမ်ပြန်ခဲ့ပါတော့သည် … ။

*****************************************

(ကိုယ်တိုင်ကြုံတာမဟုတ်ပါဘူး …သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ပျက်လေးကို သူ့နေရာက ခံစားပြီးရေးပြလိုက်ခြင်းပါပဲ … နတ်ဆိုလို့ သူမဘယ်နတ်မှမသိတာကြောင့် လက်ညှိုးလျှောက်ထိုးတာပါတဲ့ … မှတ်သားလောက်ပါတယ်နော် :D  …ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မအတွက် ကုန်ကြမ်းတစ်ခုတော့ရသွားပါတယ် …   )

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!