ဇီဇာကြောင်သော လူပျိုကြီး (အပိုင်း-၁)

panpanNovember 2, 20111min23624

တနေ့က ကျနော်မြို့ထဲကို သွားတယ်ခင်ဗျ
ကိစ္စလေးပေါ်လာလို့ဆိုပါတော့
ကျနော်နေတဲ့နေရာလား
ဥက္ကလာလေ၊ တောင်ဥက္ကလာပေ့ါ
တောင်ဥက္ကလာပစေတီနားမှာ ဆိုပါတော့
ကျနော်အဲဒီနေ့က ဘတ်စ်ကားပေါ်စတက်စီးချိန်ကတည်းက
အိမ်ပြန်ရောက်ချိန်ထိ အာရုံထဲမှာ ကောင်မလေးတွေအကြောင်းစဉ်းစားနေတာ
တကယ်…၊
စဉ်းစားတယ်ဆိုတာကလည်း အိမ်ကထွက်ပြီဟေ့ဆိုကတည်းက တွေ့မြင်နေရတာကိုး
အဲဒီကောင်မလေးတွေထဲက သုံးယောက်လောက်ကိုပဲ အတင်းချတော့မယ်ဗျာ၊ နော်
စစချင်း ကားပေါ်မှာစတွေ့တဲ့ကောင်မလေးတစ်ယောက်ကစမယ်ဗျို့
မြို့ထဲသွားဖို့ ကားပေါ်တက်လိုက်တယ်
ကျနော်တက်တာ ဘီအမ်ကား၊ ရှေ့ပေါက်ကတက်လိုက်တာ
လူပြည့်နေတော့ အထဲထိမဝင်နိုင်တော့ပဲ ရှေ့ဆုံးနှစ်ယောက်ခုံနားမှာပဲ ရပ်နေတာ
အဲဒီမှာ စတွေ့တာပဲဗျို့
မြင်သာဈေးလည်းရောက်ရော ကောင်မလေးတစ်ယောက်တက်လာတယ်
ကျနော့်နားလာရပ်တယ်ပေ့ါ
ကျနော်လည်း ဘာရယ်လို့တော့မဟုတ်ပါဘူး၊ ကျားသဘာဝအရ ခြေဆုံးခေါင်းဆုံး မသိမသာရှိုးလိုက်တာပေ့ါ
ကျနော်ကြည့်တာ တစ်ကားလုံးဘယ်သူမှမသိပါဘူး
ဒါကလည်း ပညာပေ့ါဗျာ
အဲ…ကျနော့်ကိုလည်း နှာဘူးလို့မထင်နဲ့ဦး
ဘူးတာမဟုတ်ဘူး၊ ထူးတာလေးမို့ ကြည့်တာပါဗျာတို့
သူလေးက ခုခေတ်လူငယ်ဒီဇိုင်းလေးဗျ
ဘောင်းဘီအနက်ကျပ်ကျပ်ကလေး၊ အောက်ရှုးလို့ခေါ်သဗျ
အဲဒါလေးဝတ်ပြီး ဖိနပ်ကလေးက ဖန်စီကြက်ပေါင်ဖိနပ်နဲ့
ခြေသည်းလေးတွေလည်း ရှည်ရှည်လေးမှာ အနက်ရောင်ဆေးတွေဆိုးထားသေး
တီရှပ်အဖြူလေးနဲ့ သူ့ကိုယ်လုံးလေးနဲ့ မဆိုးဘူးပေ့ါဗျာ
လက်သည်းလေးတွေလည်း ခြေသည်းနည်းတူ အနက်ဆိုးထားတာဗျ
ကျနော်လည်း အဲလိုအဆင်လေးကိုတော့ သဘောကျသဗျ
သင်းလေးလိုဟာမျိုးလေးနဲ့ ဆိုရင်တော့ မဆိုးဘူးဟလို့ တွေးနေတုန်း
ရုတ်တရက်တွေးမိတာက
ဘုရားဘုရား သူ့ခြေသည်းမှာ ဂျီးတွေနဲ့များလား
ခြေသည်းအရှည်ရှိတာဆိုတော့ ဂျီးကတော့ရှိမှာပဲ
ဒါဆိုလက်သည်းကရော၊ လက်သည်းမှာလည်း ရှိနိုင်တာပဲ
လက်ဆိုတာ ခြေထောက်ထက်တောင် ရောဂါပိုးပိုများသေးသတဲ့
ဟုတ်မဟုတ်တော့မသိဘူး၊ ကြားဖူးတာပဲ
ဒါဆို ဒီလက်ကလေးရဲ့လက်သည်းမှာလည်း ပိုးမျိုးတစ်ရာမက မြူးထူးနေမှပေ့ါ
ပြီးတော့ လက်သည်းနီကို မဲမဲကြီးဆိုးထားသေးတော့
သေချာပါပြီ ဒင်းလေးရဲ့လက်သည်းခြေသည်းတွေက ညစ်ပတ်နေမှာ
ကျနော်ဒီလိုတွေးတာမမှားဘူးဗျို့
သင်းလေးခေါင်းကိုသေချာကြည့်မိတော့လည်း လားလား….ဗောက်တွေ၊ ဗောက်တွေဗျ
နည်းနည်းနောနောဗောက်တွေမဟုတ်ဘူး
ဖွေးဖွေးကိုလှုပ်နေတာ
ကျနော်လည်း လန့်သွားတယ်
ဆံပင်ပြီးတော့ ကျနော့်မျက်လုံးက လည်ပင်းနားရောက်သွားတယ်
အမယ်….အကျင်္ ီလည်ပင်းနားမလဲ ဖားဥလေးတွေနဲ့
ဒီလိုအပြင်အကျင်္ ီတောင် ဖားဥတွေနဲ့ဆို အထဲဝတ်တဲ့အကျင်္ ီလည်း
ဘယ်အခြေရှိမလဲ တွေးကြည့်ကြတော့ပေ့ါ
ကျနော်က အဝတ်ဆို အတွင်းထဲဝတ်တဲ့ဘောင်းဘီကအစ ဘယ်အဝတ်ဖြစ်ဖြစ်သန့်နေမှ
တော်ပြီ တော်ပြီ အဲဒီကောင်မလေးမျိုးကို အတွေးထဲကထုတ်ပစ်လိုက်ပြီ
ဟုတ်တယ်လေ ကျနော်ကသိပ်အသန့်ကြိုက်တာ
နာမည်နဲ့မလိုက်အောင်ကို အသန့်အပြန့်အလွန်ကြိုက်
အော်..ကျနော့်နာမည်လား
ကျနော့်ထက်ကြီးသူတွေကတော့ မောင်ပေလို့ခေါ်ကြတယ်
ငယ်သူလေးတွေကတော့ ကိုပေတဲ့
တချို့ဘော်ဘော်တွေက မစ္စတာပေ၊ ဒါမှမဟုတ် ချစ်စနိုးနဲ့ ကပေတဲ့
ထားပါတော့
ဒီလိုနဲ့ ကျနော့်အာရုံတွေ အဲဒီကောင်မလေးဆီကနေ တခြားရောက်သွားတယ်ပေ့ါ
နောက်မိနစ်၂ဝလောက်ကြာတော့ မြို့ထဲရောက်ပြီပေ့ါ
ဆူးလေရောက်တော့ ကျနော်လည်းကားပေါ်ကဆင်းပြီ
ကားပေါ်ကဆင်းပြီး ပန်းဆိုးတန်းဖက်သွား
လိုတဲ့ပစ္စည်းတွေဝယ်၊ လုပ်စရာရှိတဲ့ကိစ္စတွေလုပ်
ပြီးတော့ လူကမောနေပြီ၊ ဗိုက်ကလည်း ဆာနေပြီ
ဒါနဲ့ မဟာဗန္ဓုလလမ်းက ဖြိုး ကြေးအိုး၊ ဆီချက်ဆိုင်သွားတယ်
အပြန်မှာ ပန်းဆိုးတန်းဂိတ်ကပဲ ကားစီးပြန်တော့မယ်လေ
ဒီလိုနဲ့ဆိုင်ထဲဝင်လိုက်တယ်
အဲဒီမှာ ဒုတိယမြောက် အတင်းတုပ်စရာမိန်းကလေးတစ်ယောက်နဲ့ တွေ့လေသတည်းပေ့ါဗျာ

24 comments

  • etone

    November 2, 2011 at 4:22 pm

    ဒီလူကြီး ဘူးလို့ ကြည့်တာမဟုတ်ပဲ …ထူးလို့ ကြည့်တယ်ဆိုလို့သာပဲ … ။
    ခြေဆုံးခေါင်းဆုံး အကုန်မြင်ပြီး အကျီ င်္ကဖားဥတောင် အဆစ်ပါသေးတယ် … ။
    ရွှေးလွန်းလျှင် မရ ၊ သေးလွန်းလျှင် မရဆိုသလိုပဲ … သူဒီလိုတွေ လုပ်နေလို့ ကျန်ခဲ့တာဖြစ်မယ် 😀

  • koyinmaung

    November 2, 2011 at 4:27 pm

    မောင်ပေ….ဒီနေ့ခလုတ်ဘယ်နှစ်ခါတိုက်မိသေးလဲ…လျှာရောရောင်ရမ်းကိုက်မိသေးလားဟင်…

  • Moe Z

    November 2, 2011 at 4:37 pm

    ဟယ် ပန်ပန်ရယ် သူကအဲဒီလောက်တောင်ဖောက်ထွင်းပြီးမြင်နေမှတော့
    လူပြိုဂျီးပဲဖြစ်ရမယ် 😛
    ပန်ပန်ကစာရေးကောင်းတယ်နော် ဆက်ရေး
    နာမည်တူလို့ဆိုပြီး ဘာမှအားနာစရာမလိုဘူး 🙂

  • စုံ စုံ

    November 2, 2011 at 4:47 pm

    ကိုပေကလူပြိုဂျီးလား
    မီးကမသိပါဘူး မိန်းမရှိတယ်ထင်လို့
    အရမ်းအသန့်ကြိုက်တဲ့သူက တကယ်ညားရင် သိပ်ညစ်ပတ်တဲ့လူမျိုးနဲ့
    ရတတ်တယ်လို့ကြားဖူးတယ်
    အဲ့ဒါသာမှန်ရင် လူပြိုဂျီးကိုပေတော့ တနားစရာဘဲ 😛

    • etone

      November 3, 2011 at 9:03 am

      ပန်ပန်ရေးတဲ့ ပိုစ်ထဲက တော့ လူပျိုကြီးပါ … တို့ ရွာထဲက ကိုပေကတော့ .. ဒွေးချိုးကို လေးတိုးပြီး မြန်မာ စကားပုံနဲ့ အညီ ယူထားပြီးသား … လူပြိုကြီးပါ .. ဟီးဟီး ..

      (ကိုပေရေ .. နည်းနည်းဖွလိုက်တယ် ဟဲဟဲ … လျှာကိုက်မိသလား ၊ ခလုတ်တိုက်မိသလား မပြောတတ် 😀 😀 )

      • pan pan

        November 3, 2011 at 9:34 am

        ဟုတ်တယ်
        ဒွေးချိုးကို လေးတိုးထားတာမဟုတ်ရင်တောင် အဲလောက်နီးနီးပဲ
        သူ(ကိုပေ)ကတော်တော်အသက်ကြီးနေပြီ 😛
        ပြီးတော့ သူတို့က စတိတ်ကျောင်းမှာလောက်ကတည်းက
        မျက်လုံးချင်းစကားပြောခဲ့တာဆိုပဲ 😆
        ကိုပေတို့ကြွားချက်ကတော့ 😀

        • etone

          November 3, 2011 at 9:47 am

          ဟီး …ဒုတိယနှစ်ကျောင်းသားက ခုနှစ်တန်းကျောင်းသူကို ကြိတ်ပိုးတယ်ဆိုတာ … အဟဲ … မပြောတော့ပါဝူး 😀 😀

          လူတွေပြောကြပါတယ် … ဘာတဲ့ … 🙄
          အသက်တူချင်းယူတော့ ဖူးစာတဲ့
          အသက်ကြီးတဲ့လူယူတော့ ဘီလူးစီးတာတဲ့
          အသက်ငယ်သူနဲ့ယူတော့ နတ်ဖက်တာတဲ့ … ဟဲဟဲ .. ကိုပေရေ .. နတ်ဖက်တယ်ဆိုတော်သေး .. နတ်ဖွက်တယ်ဆို မလွယ်ဘူးမှတ် 😛 😛

    • nigimi77

      November 4, 2011 at 10:03 pm

      အော် …ဒါလား…

      သူ ့ကိုတော့ ပြန်မပြောနဲ ့ပေါ့။ ကျုပ် မန်းလေး ရောက်တုန်းက သူနဲ ့သောက်တော့

      မူးနေတုန်း ကျွဲခိုးပေါ်သွားတယ်။ သူပြောတာကတော့ ယူရင် တယောက်ထဲရမှာစိုးလို ့

      ဆိုလားပဲ….။

      ဒါနဲ ့ စကားမစပ် ပန်ပန်ရေ။ မန်းလေးသားက ဘယ့်နှယ် ကျွန်တော်နေတဲ့ နေရာက

      တောင်ဥက္ကလာ ဖြစ်သွားရသဒုံး ။

      • windtalker

        November 4, 2011 at 10:07 pm

        ဟိတ်လူ မဖွနဲ ့လေဂျာ
        နောက်ခင်ဗျား လာရင် စိတ်ဆိုးမှာနော်

  • we R one

    November 2, 2011 at 4:49 pm

    ဇီဇာကြောင်မှ တော လူပျိုကြီး ဖြစ်တာ မဆန်းပါဘူး… ။ ဒါပေမဲ လူပျိုကြီးတိုင်းဇီဇာကြောင်တတ်လား???? 😀

    • စုံ စုံ

      November 3, 2011 at 9:51 am

      ဟယ် etone ရေ ကိုပေက ဂလိုကြီးလား
      ခုနှစ်တန်းကျောင်းသူဆိုတော့ အသက်ဘယ်ပြည့်ဦးမလဲ
      ကြံကြီးစီရာဟယ် နှံပြည်စုတ်ကို အမြှောက်နဲ့ဆော်သလိုဖြစ်နေမှာပေါ့ ဟီး 😛 😛

  • thit min

    November 2, 2011 at 4:54 pm

    ဒါတဂယ်ဂျီး ဘတ်စပေါ်မှာတွေ့လာတာကို ပြောချင်တာနဲ့ရေးတာဘဲ။
    မှန်မှန်ပြော ဘယ်လိုခံစားလိုက်ရလို့လဲ? (^^)

    • pan pan

      November 2, 2011 at 5:08 pm

      အယ်!
      ကိုသစ်မင်းက တကယ်ကိုအကြားအမြင်ရနေပါလား
      ဟုတ်ပါတယ်
      ကျမရုံးသွားတော့ ဘတ်စ်ကားပေါ်မှာတွေ့တာကိုရေးထားတာပါ
      အပြင်မှာတော့ ဖားဥစွဲတာတို့၊ ဗောက်ထနေတာတို့တော့ မပါဘူးပေ့ါ
      ဒါက တခြားကောင်မလေးတွေမှာရှိနေတာနဲ့ ပေါင်းလိုက်တာ 🙂

  • နီလေး

    November 2, 2011 at 4:56 pm

    ပန်ပန်ရေ ဝင်ဖတ်သွားပါတယ်နော် အပိုင်းဆက်ကို မျော်နေပါသည်။

  • manawphyulay

    November 2, 2011 at 5:00 pm

    မောင်ပေကို လူပျိုဂျီးလို့ ထင်တဲ့သူက ရှိသေးတယ်။ တော်သေးတယ် ဖားဥဆွဲတာမဝတ်လာလို့ အဟိ…

  • ပေါက်ဖော်

    November 2, 2011 at 10:11 pm

    ဂပေရာ..
    ဂဇာဂီလိုက်ပို ့တဲ့.. မာဆတ်က စက်ကစီလေးတွေ ဒီလောက်လန်းနေတာကို..
    ဘယ့်နှယ်….
    ဂျီးထူမကို သွားငမ်းနေရတာတုန်းဗျာ..

    😆

  • အီးတီ

    November 3, 2011 at 4:51 am

    မပန်ပန်က ကိုပေ အကြောင်းတော်တော် သိပုံရတယ်။ 😛 စကားမစပ် မပန်ပန်ကော အသန့်အပြန့်
    ကြိုက်လားဟင်။ ကြိုက်တယ်ဆိုရင် ကိုပေကြီး ကတော့ အမဘက်လှည့်လာ မှာမြင်ယောင်သေးတယ် 😛

  • နီလေး

    November 3, 2011 at 9:46 am

    ကောင်မလေးက အရပ်ပုလောက်တယ် ကိုပေက သူ့ခေါင်းကဗောက်တွေ ကော်လံက ဖားဥတွေတောင်မြင်ရတယ်ဆိုတော့ အရပ်ချင်းညီတယ်ဆိုရင် ဒီအရာတွေကိုမြင်ဖို့မလွယ်ဘူးလေ ကောင်မလေးကပဲ ပုလို့လား ဒါမှမဟုတ် ကိုပေကပဲ ပိုရှည်နေသလားပဲ

    • pan pan

      November 3, 2011 at 10:20 am

      ကိုပေက အရပ်ရှည်တယ်လေ
      ၆ပေဆိုလားပဲ (ရှေ့ပိုစ့်တစ်ခုမှာ ဖတ်လိုက်ရသေးတယ်)
      အဲဒါ ဘီအမ်ကားပေါ်မှာ ခေါင်းငုံ့စီးလာရတယ်လေ
      တွယ်စီးလို့လည်းမရဘူး၊ ရဲဖမ်းမှာစိုးလို့ 😀

  • inz@ghi

    November 3, 2011 at 10:18 am

    ဆပေ့

    ဆပေ့ ကို နှိပ်ကွပ်နေကြပါရောလား…..
    တား လက်စားပြန်ချေလိုက်ရမား..?

  • ကြောင်ကြီး

    November 3, 2011 at 11:52 am

    ပန်ပန်နဲ့ ဦးကြောင်ကြီး တွေ့ပုံကိုလည်း မကွယ်မဝှက်လေး လုပ်ပါအုံး။ ရွာထဲက အပြိုဂျီး၊ လပြိုဂျီးတွေ အားကျစရာဖြစ်သွားအောင်။ 😳

    • Koyin Sithu

      November 3, 2011 at 8:53 pm

      ကြောင်မင်းနဲ့… ပန်ပန်တွေ့ပုံလေးကို မကွယ်မဝှက်ရေးပေးပါ…
      အားကျချင်လို့ပါ…ဟီးဟီး… 😀
      ကြောင်မင်း ဖားဥတက်တဲ့ နေရာတစ်နေရာတော့ သိတယ်ဂျို့…

  • naywoonni

    November 3, 2011 at 5:52 pm

    အာပြိုကြီးတွေလည်း ကြောင်တာပဲ ဇီဇာ……။

  • windtalker

    November 4, 2011 at 9:53 pm

    အောင်မငှီး
    ဒါကြောင့်…ဒါကြောင့်
    ကျုပ် မောင်ပေ တစ်ယောက် သူများကထိန် မှာ ရော ၊ ကိုယ့် ကထိန်မှာပါ
    ဖဲရှုံးခဲ့တာကိုး
    တရားခံ မိပြီ ဒေါ်ပန်ပန် ရေ
    ခင်ဗျားတို ့တတွေ ဝိုင်းရေးမှ ဘဲ
    စုံစိနေတော့တာပ

Leave a Reply