စူပါပါဝါဖြစ်ဖို့ဆိုတာ…..(၂)

thit minNovember 6, 20113min23418

ကဲ……….. ဒီအထိ လာဖတ်တယ်ဆိုတော့ ဟာသလေးတပုဒ်ချီးမြှင့်ပါ့မယ်။

လက်ရှိ ကိုစူပါပါဝါကြီး ခံလိုက်ရတဲ့အကြောင်းပါ။

အိုဘားမား သမ္မတကြီးနဲ့ တွေ့ဆုံဖို့ နိုင်ငံကြီးတနိုင်ငံကဝန်ကြီးချုပ်တယောက်အလည်လာပါတယ်။

(တကယ်ဖြစ်ရပ်မှန်ဖြစ်ပြီးဘယ်နိုင်ငံကဘယ်သူဆိုတာသိပေမဲ့လူသားဂုဏ်သိတ်ခါအရ

မပြောတော့ပါဘူးလူကြီးမင်းတို့ရေ)

တွေ့တွေ့ခြင်း English လိုမကောင်းတဲ့ဒီဘက်ကဝန်ကြီးချုပ်ကအိုဘားမားကို (How are you? )လို့ပြောရမဲ့

အစားပေါ့နော် ( Who are you? ) လို့နှုတ်ဆက်လိုက်ပါသတဲ့၊

အိုဘားမားလဲ ကြောင်သွားတာပေါ့။(မှတ်ချက်။    ။ကိုကြောင်ခရီးသွားခြင်းကိုမဆိုလိုပါ)

ဘာပြောရမှန်းမသိဖြစ်ပြီးမှ ဪ ဒါ  joke  လုပ်တာဘဲလို့ယူဆပြီးတော့………

(I am husband of Michelle)လို့ပြန်ဖြေလိုက်ပါသတဲ့။

အဲဒီမှာ ဒီဘက်ဝန်ကြီးပြန်ပြောလိုက်တာက…………

(Me too) ပါတဲ့ ခင်ဗျား။

( Michelle Obama)အိုဘားမားကတော် First Lady ကြီးလဲ ယောက်ျား နောက်တယောက်ရသွားရှာပါတယ်။

(ဟဲ ဟဲ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

(၁)စီးပွါးရေး (ဆက်လက်ရှင်းလင်းခြင်း၊ “စူပါပါဝါဖြစ်ဖို့ဆိုတာ……”. ၏ဆက်ရန်ဖြစ်ပါသည်။)

စီးပွါးရေးအရကိုဘဲ နဲနဲဆက်ပြောရရင်..

သူကြီးလဲကော်မန့်တခုမှာဖော်ပြထားတဲ့(2010 Year)ပြည်တွင်းထုတ်ကုန်စုစုပေါင်းဂျီဒီပီနဲ့အရင်နှိုင်းပြရရင်

14526 ဘီလီယမ်(အမေရိကန်) နဲ့

5878 ဘီလီယမ်(တရုတ်) ဆိုတော့

2 ဆခွဲကျော်ကွာသေးသနော်။

ဟုတ်ပါပြီ အဲဒါကြီးထက် ပိုထင်ရှားအောင်ပြရရင်..

(2010 Year)အမေရိကန်တဦးကျ (ပျမ်းမျှ)ဝင်ငွေ(46860)ဒေါ်လာ ကမ္ဘာအဆင့် (7) နဲ့

တရုတ်တဦးကျ(ပျမ်းမျှ)ဝင်ငွေ(7544) ဒေါ်လာကမ္ဘာအဆင့် (94) ပါခင်ဗျ။

ကွာပါတယ်နော်။

စီးပွါးရေးလုပ်ဘို့ဆိုတာ

(၁)မြေအရင်းအနှီး

(၂)လုပ်သားအရင်းအနှီး

(၃)ငွေကြေးအရင်းအနှီး

(၄)နည်းပညာအရင်းအနှီး

လိုတာဆိုလေတော့ (၁)(၂)(၃)ရှိတယ်ဘဲထားအုန်း (၄)ကို ကိုယ်ပိုင်မရှိတဲ့ ကိုတရုတ်မဟုတ်ပါလား။

သူများဟာကိုကူးယူပြီးကိုယ်ပိုင်လုပ်နည်းနဲ့ဘဲသွားကြရတာဆိုတော့အဲဒီ လမ်းမှာ

လှေကားထစ်လေးမျိုးတက်ရပါ့မယ်။နောက်ဆုံးအထစ်ကိုတက်နိုင်ရင်ကိုယ်ပိုင်

ဖြစ်ပြီလို့ပြောပါရစေ။

ကိုတရုတ်ဘယ်အထစ်မှာလဲဆိုတာကြည့်ကြည့်ရအောင်ဗျာ။

ပထမအထစ်(၁) လုပ်ရင်း သင်ယူအဆင့်

(နိုင်ငံခြားက လာလုပ်တဲ့သူတွေဆီကသင်ယူပြီးလုပ်ရတဲ့အလုပ်သမားအဆင့်)

ဒုတိယအထစ်(၂) လုပ်ရင်း (သူသင်ပေးတာမဟုတ်ဘဲ)ကိုယ်ဟာကိုသုတေသနလုပ်တဲ့အဆင့်

(ကိုယ်ဟာကိုအဲဒီထုတ်လုပ်ထားတဲ့ ပစ္စည်း ကိုတစစီဖြုတ်တပ်ကြည့်ပြီးလေ့လာတဲ့အဆင့်မျိုး)

တတိယအထစ်(၃)လုပ်ရင်းပုံဖော်ကြည့်တဲ့အဆင့်

(ပုံစံတူ အမျိုးတူတခုကို ကိုယ်ဟာသာကိုစမ်းလုပ်ကြည့်တဲ့အဆင့်)

စတုထ္ထအထစ်(၄)လုပ်ရင်းတီထွင်တဲ့အဆင့်

(အရင်က ပစ္စည်း နဲ့ မတူတဲ့ ကိုယ်ပိုင်ပစ္စည်း အသစ်တီထွင်နိုင်တဲ့လုပ်ငန်းရှင်အဆင့်)

ရယ်လို့ ကုလသမဂ္ဂရဲ့ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာရဲ့စီစစ်ချက်အရဆိုရင်။

ကိုတရုတ်နဲ့ အမေရိကန်သည် အတော်ကွာခြားလျှက်ရှိနေပါကြောင်း ပေါ့ဗျာ။

ဟုတ်ပြီး စီးပွါးရေးတိုးတက်နေပေမဲ့ ပိန်နေတဲ့ ဆင် မောင်ယူအက်စ် ကိုတော့ ကိုတရုတ်မမှီသေးလို့

စူပါ ဖြစ်ရေး အလှမ်းဝေးနေပါသေးတယ်လို့ တချက်ပေါ့ဗျာ။

အဲနောက် တခုစစ်ရေးကိုပြုစုရအောင်။
(၂)စစ်ရေး

စစ်ရေးဆိုရင်တော့စစ်အသုံးစရိတ်ကဘဲစပြောပါရစေ။

ကမ္ဘာ စစ်ရေးဒေတာတွေကိုအမြဲသုတေသနလုပ်နေတဲ့အဖွဲ့အစည်းကြီးတခုဖြစ်တဲ့

Stockholm International Peace Research Institute (SIPRI)  ရဲ့ဒေတာအရပြောပါရစေ။

(ကိုးကားရှူ့- See Note and Reference)

ကမ္ဘာစစ်အသုံးစရိတ် (2010)မှာ  1620 ဘီလီယံပါတဲ့ခင်ဗျား၊

ကဲဗျာ ခုကမ္ဘာလူဦးရေ  7 ဘီလီယံ နဲ့စား တယောက်ကို 231 ဒေါ်လာကျော်ရတယ်ဗျ။

အဲဒီငွေနဲ့ဆိုရင်ကမ္ဘာပျမ်းမျှစားစရိတ် (တနပ် 3 ဒေါ်လာ)လို့သတ်မှတ် (ဂျပန်ဆို အိုနိဂိရိ=ထမင်းဆုပ်၂ လုံးဖိုး)ရင်

လူတယောက် 77 နပ် စားလို့ရတယ်ဗျာ။

ဒါဆိုတ 38 ရက် ဘာမှ မလုပ်ဘဲ ထိုင်စားလို့ရတယ်ပေါ့။

များပါတယ် တလ လို့ဘဲ စဉ်းစားရအောင်။

ကမ္ဘာလူဦးရေ အားလုံးကို တယောက်ချင်းစီ ဘာအလုပ်မှမလုပ်ရဘဲ တလ ထိုင်စားနိုင်သော ပိုက်ဆံတို့သည်

ကမ္ဘာစစ်အသုံး စရိတ် ဖြစ်တယ်ပေါ့ဗျာ။

(အာဖရိက က အစာငတ်နေတဲ့ ကလေးလေးကို”လဒ”ကြီးက

အဲဒီကလေးသေရင် စားဘို့ အနားမှာစောင့်နေတဲ့ဓာတ်ပုံမြင်ဘူးကြလား။ ရင်နာစရာကြီး၊ ၊ကြည့်)

Image Detail
Original page:  http://2010fall.blog.ntu.edu.tw/2010/12/11/this-time-for-africa-7-thingsfamine-and-poverty2-3/

အဲဒီဓာတ်ပုံကိုရိုက်တဲ့ဓာတ်ပုံဆရာလဲ သူ့ကိုသူ သတ်သေသွားရှာပြီ။

ဒီဓာတ်ပုံကိုမြင်ရတဲ့သူတွေက “ခင်ဗျားအကြင်နာတရားမဲ့ လှချည်လား” တဲ့ အီးမေလ်တွေသန်းနဲ့

ချီပြီးရခဲ့တဲ့နောက်မှာပေါ့ဗျာ။

အရမ်းကြေကွဲစရာကောင်းသောဓာတ်ပုံလေးပါ။

လူသားချင်း ရန်ပြုဘို့ လုပ်နေကြတဲ့ ငွေနဲ့ မသေအောင် ကယ်နိုင်ပါရက်နဲ့ဗျာ။

ကြည့်လိုက်ပါအုန်း အောက်မှာ မြောက်အမေရိကတိုက် တခုထဲ(ယူအက်စ် အဓိကပေါ့ဗျာ) 707 ဘီလီယံ တဲ့ ။

နဲရောလားဗျာ။ကမ္ဘာစစ်အသုံး စရိတ် ရဲ့ 45% နော်။တွေ့ရဲ့လား။

အဲ ယူအက်စ် တခုထဲဆိုရင်တော့ အောက်ကအဝိုင်းကြီးမှာကြည့်ပေတော့။

ကမ္ဘာစစ်အသုံး စရိတ် ရဲ့ 43% ဘီလီယံ 698 ကျော် တယ်ဗျာ။ တရုတ်တို့ က 114 ဘီလီယံဆိုတော့ 5 ဆ

ကွာတယ်ဗျာ။

အမှန်တော့ စစ်လက်နက်ပိုင်ဆိုင်မှု Nuclear Missile (B family Missile -B61 B80  တွေ၊အမေရိကန်ရဲ့ Aircraft

Carrier) တွေအစရှိတဲ့ အကြောင်းဆက်မလို့ပါဘဲ၊စစ်ရေးအကြောင်းတွေများသွားပြီး စာ လေးသွားမှာစိုးလို့

ဒီမှာဘဲ US and China စစ်ရေး ကွာဟမှု ကိုတင်ပြရင်းနဲ့ အဆုံးသပ်ပါရစေတော့။

~~~~~~~~~~~~~~~~~~

အမှန်ကတော့အခုထိတင်ပြခဲ့တာတွေဟာ စီးပွါးရေးပါဝါ၊စစ်ရေးပါဝါစတဲ့

(HardPower) ပါဝါအမာတွေသာဖြစ်ပါတယ်။

စူပါပါဝါနိုင်ငံတနိုင်ငံဟာ အထိုက်အလျှောက် လူလေးစားခံရတဲ့ (Soft Power) ပါဝါအပျော့လဲရှိရပါမယ်။

ပါဝါအပျော့ရဲ့အရေးပါပုံကို နောက်ပိုင်းဆက်ရေးပါ့မယ်လို့ ပြောကြားရင်း ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားပါတယ်

မောင်သစ်မင်း

 

Note and Reference:

SIPRI is an independent international institute dedicated to research into conflict, armaments, arms control and disarmament. Established in 1966, SIPRI provides data, analysis and recommendations, based on open sources, to policymakers, researchers, media and the interested public.

SIPRI was established on the basis of a decision by the Swedish Parliament and receives a substantial part of its funding in the form of an annual grant from the Swedish Government. The Institute also seeks financial support from other organizations in order to carry out its broad research programme.

SIPRI’s structure comprises the Governing Board and the Director, Deputy Director, Research Staff Collegium and support staff, together numbering around 50-60 people. SIPRI’s staff and Governing Board are international.

Located in Stockholm, Sweden, SIPRI offers a unique platform for researchers from different countries to work in close cooperation. The Institute also hosts guest researchers and interns who work on issues related to the SIPRI research programmes.

 

 

 

18 comments

  • koyinmaung

    November 6, 2011 at 5:31 pm

    ခုလိုရှင်းပြတာ ကျေးဇူးဘ ဲကိုသစ်မင်းရေ….

  • blackchaw

    November 6, 2011 at 5:35 pm

    ကိုသစ်ရေ။
    ကျွန်တော် အများကြီး လေ့လာရဦးမယ်လို့
    ဒီပို့စ်ကို ဖတ်ပြီး ဝန်ခံပါတယ်ဗျာ။
    အသက်၄ဝ မှ ဘဝစတာဆိုတော့ ၁ နှစ်သားလေးမှီပါသေးတယ်နော။
    လေ့လာဘို့ပြောပါတယ်။

  • pooch

    November 6, 2011 at 5:38 pm

    ကိုသစ်မင်းရေ ကျမ အဲ့ဒီဓာတ်ပုံကို မြင်ဖူးတယ်.. သူတို့ အကြောင်းရိုက်ထားတဲ့ Bang Bang club ကလည်း နာမည်ကြီးတယ် အဲ့ဒီကားကို ကြည့်ပြီးတော့ ကျမ တော်တော်လေးကို စိတ်ထဲ နေရထိုင်ရခက်ဖူးတယ်….

    ဒီပုံကို ပူလစ်ဇာဆုရတယ်ဆိုပေမဲ့ သူတို့ သတင်းသမားတွေ ဒီလို ရဖို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုတွေ
    အများကြီးပေးလိုက် ရင်းလိုက်ရတယ်လို့ မြင်မိတယ်…

    သတင်းယူရင်း အသက်ပေးလိုက်ရတာတွေ …
    အမှန်ကို ကမာ္ဘကြီးကို ချပြဖို့ အတွက် ဖိအားတွေ အောက်က ရုန်းကန်ရတာမျိုးတွေ … သွေးချောင်းစီးနေတာတွေ …….ကိုယ်မမြင်နိုင်တဲ့ ဒီလို သတင်းသမားတွေရဲ့ တဖက်ခြမ်းကို မီးမောင်းထိုးပြသွားတယ်…

    သူရိုက်ခဲ့တဲ့ ဒီပုံကြောင့် အာဖရိကကို ဒေါ်လာတွေ သန်းနဲ့ချီပြီး ရော အကူအညီတွေရော လှိမ့်ဝင်လာခဲ့တယ်…..
    ဒါပေမဲ့ အင်တာဗျုးမှာ သူလိမ်ဖြေရင် ရပေမဲ့ အမှန်တရားကို ပြောသွားတဲ့ အတွက် ….
    “ခင်ဗျားအကြင်နာတရားမဲ့ လှချည်လား” ဆိုတဲ့ ပြစ်တင်သံတွေ အောက်မှာ သူ့ကိုယ်သူ သတ်သေခဲ့တယ်……

    သူ့ ဓာတ် ပုံတပုံက လူ့အသက်ပေါင်း များစွာအတွက် အကူအညီတွေ ဆောင်ကြဉ်းပေးခဲ့ပေမဲ့ သူကတော့ ဇာတ်သိမ်းမလှရှာဘူး….
    ဒါပေမဲ့ သူသေဆုံးတဲ့ အချိန်အထိ အဲ့ဒီလူ အမှန်တရားအောက်မှာပဲ နေထိုင်ခဲ့တယ်လို့ ခံစားမိတယ်( ဒါက ကျမရဲ့ ကိုယ်ပိုင် အမြင်တခုပါ)

    ဒါပေမဲ့ ဒီနေ့ ဒီအချိန်ထိ အာဖရိက က ဆင်းရဲတွင်းက မလွတ်မြောက်နိုင်ဘူး… မြင်မိသလောက် ပေါ့ ငါးတွေပဲ ပေးနေပြီး ငါးရှာနည်းကို မသင်တော့ ပေးမလောက်ဖြစ်နေတယ်လို့ ခံစားမိတယ်…

    ကျမတို့ တိုင်းပြည်လည်း အကူအညီတွေကို ပေးလို့ ယူတယ်ဆိုတာထက် ငါးရှာနည်းကို ကိုယ်တိုင်ကိုယ်ကျ လေ့လာသင်ယူတာမျိုး (သူများသင်ပေးတာပဲ ဖြစ်ဖြစ်) ကသာ ကိုယ့်ဝမ်းစာအတွက် ရေရှည်မှာ စိတ်အေးရမယ် လို့ ယူဆမိပါတယ်…

    ဘယ်သူတွေက ပဲ သင်ပေးသင်ပေး ကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြစ်တဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယ က တော့ သေချာပေါက်လိုပါတယ်…

  • alinsett

    November 6, 2011 at 7:04 pm

    ကိုသစ်မင်းရေ….
    အားပေး ဖတ်ရှု သွားပါတယ် ။
    ဒီလို မြိုင်ဆိုင် ပြည့်စုံတဲ ့ပို ့စ်လေး အတွက် သိပ်ကျေုးဇူးတင်ပါတယ် ။
    ရွာထဲ မှာ လိုအပ်နေတဲ ့ အချက်အလက်တွေ..ကို ဝေမျှပေးလို ့
    သိပ်ကျေးဇူးတင်ပါတယ် ။
    ဒီပို ့စ်ဟာ…. တကယ်…ဖတ်သင့်တဲ ့ပို ့စ်ပါ ။
    ဆက်ရေးပါဦး။
    ခင်မင်လျက်

    • thit min

      November 6, 2011 at 8:54 pm

      ကိုရင်မောင်ရေ
      ကျေးဇူးပါခင်ဗျ။

      ~~~~~~~~

      ကိုဘလက်ရေ
      ကျနော် ဓာတ်ပုံမရိုက်တတ်ဘူးလေဗျာ။
      စာဖတ်တာကတော့ အားပေးပါသည်ခင်ဗျာ။

      ~~~~~~~~~~~~~~~~~~~~~~~

      ကိုအလင်းဆက်ရေ
      ကျနော်သိတာလေးရှယ်တာပါဘဲ။ ဖလှယ်တဲ့သဘောပါခင်ဗျာ။
      အားပေးမှုကိုတော့အားရှိကြောင်းရိုးရိုးသားသားကြီးဝန်ခံပါတယ်ဗျို့။

      ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      မပူးချ်ရေ

      ( Poverty ) ဖြေရှင်းဘို့အတွက် Millennium Development Goals ဆိုပြီး ( UNDP)ကလုပ်နေကြပါတယ်။

      ကျနော်ဆိုလိုတာက (High Military Expenditure)နဲ့လက်နက်တွေထုတ်ပေးတာကစခဲ့တာကိုပြောချင်တာ။

      ငါးရှာနည်းကိုပေးလို့ကိုမရတာဗျ။

      Sierra Leone ဆိုင်ရာလဲရွန်နဲ ဆိုတဲ့ အာဖရိကနိုင်ငံ Diamond စိန် ထွက်တယ်၊ ပြည်တွင်းစစ်ဖြစ်နေတယ်၊

      ငတ်နေရော။

      Rwanda ရဝမ်ဒါ အိမ်နီးနားခြင်းကိုတောင် သတ်တာ Genocide ဂျီနိုဆိုဒ်ဆိုတဲ့ လူမျိုးသုံးသတ်ဖြတ်ရေးနဲ့

      ကိုသတ်နေတာ….

      တနေ့တနေ့ သောင်းနဲ့ချီပြီးကိုသတ်နေတာ ၊အသေခံရမဲ့သူကို သူ့သတ်မဲ့ လတ်နက်ရွေးခိုင်းတာကကြင်နာမှုတဲ့။

      ကဲဆိုမာလီယာ ဗျာ တနိုင်ငံထဲမှာတင် သုံးဖွဲ့လက်နက်ကိုင်ပြီး လက်ရှိအစိုးရဆိုတာမရှိဘူး။

      ခု လေယာဉ်နဲ့အစားအစာတွေချပေးနေတယ်။ပြည်တွင်းစစ်တွေ လေ။

      အဲစစ်မဖြစ်နေတဲ့နေရာကြတော့ မိုးခေါင်ရေရှား ဘာအလုပ်ကိုင်မှလုပ်လို့မရဘူး။

      ဆိုဗီယက်နဲ့အမေရိကန်တို့ရဲ့ ပါဝါပြိုင်ပွဲမှာ လက်နက်ကိုင်တာလီဘန်ပေါ်လာတယ်။တာလီဘန်ရဲ့

      မြန်မာလိုကကျောင်းသားဗျ။

      နောက်အယ်ခိုင်ဒါးပေါ်လာတယ်။

      အဲဒီ အာဖဂန်ကလက်နက်တွေအာဖရိကဘက်ရောက်လာတာတယ်။စစ်မီးတွေပိုကြီးလာတယ်။

      သူတို့စစ်လက်နက်တွေလေ။

      ကုလစည်းမျဉ်းအရ ဂျီနိုဆိုဒ်ဆိုရင် (UN Security troop) ဝင်လို့ရတယ်။

      လုပ်လိုက်ပါတော့လား၊ဘုမ်းကနဲဒိုင်းကနဲ၊ မလုပ်ပါဘူး။

      ဘာလောင်စာမှ မှမရှိတာ။

      ( Missile ) တလုံးက (20 megakilogram TNT)၂ဝမီဂါတန် တီအင်တီဆိုရင်

      1.5 (Milion US$) မီလီယမ်ဒေါ်လာတန်သတဲ့။

      နူကလီးယားထိပ်ဖူးတပ် B-familyဘီ မိသားစု Missile ရော့ကတ်တလုံးရဲ့ တန်ဘိုးက

      မီလီယမ် ချီနေတော့မလုတ်တော့ဘူး။အကျိုးအမြတ်မရှိရင်။

      အဲဒါတွေ ပြောလိုရင်း။

  • tarnawyakkha

    November 6, 2011 at 7:28 pm

    ကျွန်တော် ကွန်မန့်တာ အမှားပါရင် ခွှင့်လွှတ်ဖို့ အရင်ပြောပါမယ်။ ကျွန်တော်က နယ်လှည့်စက်ပြင်တစ်ယောက်ပါ။ ကျွန်တော် မြိုင်၊ ကျော၊ယင်းမာပင် အစရှိတဲ့ ကပစ(ကာကွယ်ရေးပစ္စည်း) စက်ရုံတွေဘက်ကို
    ရောက်ဖူးပါတယ်။ အဲဒိမှာ ကျွန်တော်တွေ့ခဲ့တာက အဲဒိစက်ရုံကြီးတွေမှာ သုံးမယ့် CNC စက်ကြီးတွေရဲ့တန်ဖိုး
    တွေက အနည်းဆုံး ဒေါ်လာ သောင်းကြီးပိုင်းလောက်မှာရှိနေတယ်။ ကျွန်တော်အနေနဲ့ ဝေခွဲမရဖြစ်နေတာ
    က အဲဒိစက်ရုံတွေတည်ဆောက်ဖို့က တကယ်လိုမလို ဆိုတာပါ။ ကိုသစ်မင်းအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒိ အကြောင်းတွေ ရေးပေးပါလား။

    • pooch

      November 6, 2011 at 11:15 pm

      အဲဒီလို CNC အစ ခေတ်မှီ စက်ကိုရိယာများက ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တခု ဖြစ်ဖို့ အများကြီး အသုံးဝင်ပါတယ်။ အရည်အသွေးကောင်းပြီး စရိတ်နည်းသော စက်ပစ္စည်းများကို ထုတ်လုပ်နိုင်ဖို့ပါ။ နည်းပညာရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သတ်နေပါတယ်။

      ကျမဘာဖြစ်လို့ ပြောနိုင်တာလဲဆိုတော့ ကျမတို့ မိသားစု လုပ်ငန်း က စက်မှုလုပ်ငန်းပါ (နှစ် ၄ဝ ကျော် ပါပြီ) အခု နည်းပညာနောက်ကို ဖြစ်တဲ့နည်းနဲ့ တက်သုတ်ရိုက်ပြီး လို်က်နေရပါပြီ။ မလိုက်ရင် နေခဲ့ရတော့မှာပါ။

      တဖက်နိုင်ငံက လှိမ့်ဝင်လာတဲ့ စက်မှုပစ္စည်း အသေးစားလေးတွေက အစ အကြီးတွေထိ ဒီလိုစက်မျိုးက ထုတ်လုပ်ထားလို့ အရည်အသွေး အားသာချက်တွေ အများကြီးရှိပါတယ်.

      နိုင်ငံအတွက်ဆိုရင် ပိုလို့တောင်လိုအပ်ပါသေးတယ်… အရင်လို မသိဘူး ၊ မရှိဘူး၊ ရှိတာနဲ့ဖြစ်အောင်လုပ်တဲ့ ခေတ်က နေခဲ့ရတော့မှာပါ။

      အစစအရာရာ ရင်ဘောင်တန်းနိုင်အောင် ပြင်ဆင်ထားရတော့မှာပါ။ လေ့လာထားရတော့မှာ…..

    • Foreign Resident

      November 7, 2011 at 4:43 am

      ကို tarnawyakkha နှင့် သမီး pooch ရေ

      ” အဲဒိစက်ရုံတွေ တည်ဆောက်ဖို့က တကယ်လိုမလို ”

      အဲဒီ CNC ( Computerized Numerical Control ) Machine ဆိုတာ
      သူ့ထဲကိုထည့်ပေးလိုက်တဲ့ ပစ္စည်းကို
      လေဆာနှင့် 3 Dimensional ထောက်တိုင်းပြီး
      ပုံစံတူ ပစ္စည်းတစ်ခု ပြန်ထုတ်ပေးတဲ့ စက်ပါ ။

      ရှင်းရှင်းပြောရရင် စက်ပန်းပု ပါပဲ ။
      Lathe Machine အကောင်းစားလောက်ပဲရှိတာပါ ။
      သူ့ထဲထည့်ပေးလိုက်တဲ့ သတ္တုတုံးရဲ့ ဖွဲ့စည်းပုံ Composition ကို
      ဘာမှမြှင့်တင် ပြောင်းလဲမပေးနိုင်ပါဘူး ( eg, annealing ) ။
      သူ့ထဲကိုထည့်ပေးလိုက်တဲ့ ပစ္စည်းနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတူတဲ့
      သတ္တုတုံး မရှိရင် ဘာမှလုပ်လို့ မရပါဘူး ။

      သိပ်အဆင့်မြင့်လှတဲ့ Machine တခုတော့မဟုတ်ပါဘူး ။
      အခုနောက်ပိုင်း သင်္ဘောကြီးတွေရဲ့
      အင်ဂျင် Workshop တွေထဲမှာတောင် တပ်ပေးထားပါတယ် ။

      တကယ့် နည်းပညာက ပြောရမယ်ဆိုရင် ၊
      ( ၁ ) အဲဒီ CNC Machine ကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတာ သိခြင်း နှင့်
      သူ့ထဲကိုထည့်ပေးလိုက်တဲ့ ပစ္စည်းရဲ့
      ( ၂ ) သတ္တုဖွဲ့စည်းတည်ဆောက်ပုံ Composition ကိုသိခြင်း နှင့်
      ( ၃ ) အဲဒီ သတ္တုတုံး ကို တည်ဆောက်တတ်ခြင်း Metallurgy ပါ ။

      နိုင်ငံခြားကတော့ အဲဒီ CNC စက် နှင့်
      ကုန်ကြမ်း သတ္တုတုံး ကိုပဲ ရောင်းပေးလိုက်မှာပါ ။
      အထက်က ဖေါ်ပြထားတဲ့ နည်းပညာ ( အဓိက Metallurgy ) ကိုတော့
      ဘယ်တော့မှ မပေးပါဘူး ။

      ဝမ်နည်းဖို့ကောင်းလိုက်တာ ။ တိုင်းပြည်များ ဆင်းရဲတော့ ။
      ဒီ CNC ဆိုတဲ့ Lathe Machine အကောင်းစားလောက်ကိုပဲ
      မြန်မာပြည်မှာ တခုတ်တရ ပြောနေရတယ် ။

      မြန်မာ့တပ်မတော် လက်နက်စက်ရုံကြီးမှာ
      ဒီလောက်စက်လေး ကတော့ သုံးပါစေကွယ် ။
      ဒါလောက်မှမရှိရင်လည်း ပြည်ပစစ်လာရင် ဝါးရင်းတုတ် နှင့် စစ်တိုက်နေရမယ် ။

      For Your Information ပါ
      အမေရိကန် ဗုံးကြဲလေယာဉ် B-2 Spirit တစ်စီးထဲကို
      တန်ဖိုး US ဒေါ်လာ သန်း ၂၄၀ဝ ကျတယ် ။
      မြန်မာတစ်နိုင်ငံလုံးရဲ့ တစ်နှစ်လုံးစာ စစ်အသုံးစားရိတ်ထက် ပိုတယ် ။
      ဒါတောင် လေယာဉ် တစ်စီးထဲရဲ့ တန်ဖိုးနော် ။

  • thit min

    November 6, 2011 at 7:52 pm

    ဗုဒ္ဓေါ !!!
    မနောက်ပါနဲ့ကိုတာနော ရယ်

    ကျနော်က တရုတ်ကြီး စူပါပါဝါမဖြစ်နိုင်ဘူးဆိုပြီး အချက်တွေကိုရှင်းပြတဲ့နေရာမှာ

    အမှတ်(၁)စီးပွါးရေး

    အမှတ်(၂)စစ်ရေး

    ဆိုပြီးသူ့အစီအစဉ်အတိုင်းရှင်းလာလိုက်လို့ ခုလိုဖြစ်သွားတာပါ။

    ကျနော် စစ်ရေးနဲ့ဘယ်လိုမှမပတ်သက်ပါဘူး။

    အဲတခုဘဲ မြန်မာနိုင်ငံအနေနဲ့ စစ်အသုံးစရိတ်ဘားဂျက်ကြီးကြီးသုံးနေတာဆိုတာမျိုးတော့မည်သူမဆို

    အလွယ်တကူသိနိုင်တဲ့အရာပါဘဲ။

    စီးပွါးရေးကိုထိန်းညှိတဲ့ ဘက်ဂျက်တခုလိုတယ်ဆိုတာမျိုးတော့ စီးပွါးရေးရှူထောင့်အမြင်နဲ့ ပြောလို့ရပါတယ်။

    နိုင်ငံတခုဟာ ကာကွယ်ရေး၊ကျန်းမာရေး၊ပညာရေး၊စီးပွါးရေး၊လူမှုဖူလုံရေး၊အသက်အရွယ်ကြီးရင့်သူများရဲ့

    ဘဝလုံခြုံမှု ၊လမ်းပန်းဆက်သွယ်ရေး၊ရေကောင်းရေသန့်ရရှိရေး၊နိုင်ငံတကာစံချိန်စံနှုန်းများနှင့်ပြည့်စုံသော

    လူနေမှုအဆင့်အတန်းဖန်တီးပေးရေး စတာတွေအတွက် သင့်တော်တဲ့ ဘက်ဂျက်(ငွေကြေးသုံးစွဲမှုလျှာထားချက်)

    ရှိရပါ့မယ်။

    တခုခုမှာ အလေးသာနေရင် မီးခိုးကြွက်လျှောက်ဆိုသလို တခြားနေရာတွေမှာရောအခက်အခဲမျိုးစုံနဲ့

    ဖြေရှင်းရခက်သွားတတ်ပါတယ်။

    အဲဒီစက်တွေလိုလား? မလိုဘူးလား?ဆိုတာကတော့ဘာရည်ရွယ်ချက်နဲ့ ဘာ့အတွက်တည်ထားတာမှန်းမသိရလို့

    ကျနော်ပြောဆိုနိုင်ခြင်းမရှိပါလို့ ပြန်ကြားပါရစေ။

  • Koyin Sithu

    November 6, 2011 at 7:53 pm

    ကိုသစ်ရှင်းပြတော့မှပဲ..
    ရွာက ဘုန်းကြီးကျောင်းဆိုရင်…
    ကျွန်တော်က တကယ်ကိုရင်သာသာပဲရှိပါသေးကော့လား..
    အိုင်ကျူတွေအများကြီး မြှင့်ရဦးမယ်…
    ဒါနဲ့ ကိုသစ်… Who r u??? 😛 😛 😛

    ခင်မင်တဲ့
    ကိုရင်စည်

  • amatmin

    November 6, 2011 at 11:31 pm

    ဆရာသစ်ရေ…

    အကိုရဲ့.. လှေကားလေးထစ်ကို ဖတ်ရင်း ကိုယ်နိုင်ငံ ကို.
    အဲဒီပေတံလေးနဲ့ တိုင်းကြည့်ပြီးတော်တော်လေး.ဓါတ်ကျသွားတယ်..
    တော်သေးတာက ဒီလိုပို့စ်မျိူးကို ဖတ်ခွင့် ရတဲ့ ကိုယ်ကတော့
    အတော်လေး ကံကောင်းတယ်.လို့ခံစားရတယ်ဗျာ…….
    ပိုကျယ်ပြန့်လာတဲ့ အရေးအသားတွေကို ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါ…..

  • မင်းပြည့်ရှိန်

    November 7, 2011 at 1:27 am

    ဟုတ်ပါရဲ့ဗျာ..
    ဆက်လက်အားပေးနေပါသည်ဗျာ..

    ဆူပါ ပါဝါ ဖြစ်ဖို့ ဆိုတာ
    အိုင်ဒီယိုလိုဂျီ တင်ပို့နိုင်ရမတဲဗျာ…
    အဲဒါလေးတော့ ဖတ်ထား မိဖူးတယ်ဗျ…

    • thit min

      November 8, 2011 at 2:22 am

      ဘရာသာFR နဲ့ မPooh ရေ

      ခုလိုဝင်ရောက်ဖြေဆိုပေးတာကျေးဇူးပါနော်။

      ~~~~~~~~~~~~~~

      ကိုရင်စည်သူရေ
      ကျေးဇူးပါဗျာ၊ မေးတာတော့ဖြေတော့ဘူးနော် မီတူး မီသရီး တွေနဲ့တွေ့မှာစိုးလို့(^^)

      ~~~~~~~~~~~~~~

      ညီလေးအမတ်မင်းရေ
      လူတဦးချင်းစီကိုလဲကြည့်လို့ရတယ်နော်။
      ကိုယ့်ရဲ့အဆင့်ကဘယ်အဆင့်လဲပေါ့။အိုင်ဒီယာပိုင်းဆိုင်ရာနဲ့ကြည့်ရမယ်လို့ထင်တယ်ကွာ။

      ~~~~~~~~~~~~~~~

      ကိုမင်းပြည့်ရှိန် ရေ
      အိုင်ဒီအိုလိုဂျီတွေကျနော်သိတာဆက်ရေးနေပါတယ်။
      အားပေးပါအုန်းခင်ဗျ။

  • ကြောင်ကြီး

    November 7, 2011 at 11:47 am

    ဖိုးတရုတ်နဲ့ မောင်ယူအက်စ်ကို ယှဉ်ပြသွားတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ် ဆရာသစ်။ ကျနော့်အမြင်မှာ တရုတ်ပြည် အဓိကအားနည်းတာ အဆုံးအဖြတ်ဖြစ်၊ အခက်အခဲဆုံးလည်းဖြစ်တဲ့ စဉ်းစားတွေးခေါ် တီထွင်ကြံဆမှုအပိုင်း ဖြစ်မယ်လို့ထင်တယ်။ တရုတ်ဆိုတာ ပို့စ်ခေါင်းစဉ်အောက်မှာ ရေးလို့ပြောတာပါ။ အမေရိကန်ကို ယှဉ်ဖို့ကြိုးစားနေတဲ့ နိုင်ငံတွေအားလုံးပါတယ်။ ဆရာသစ်ပြောတဲ့ အရင်းအမြစ် လေးချက်စလုံးနဲ့ အကျုံးဝင်မလား မသိဘူး။ Culture လို့ ခြုံငုံ ကင်ပွန်းတပ်နိုင် မလားမသိဘူး၊ ကျယ်ပြန့်လွန်းတော့ လုံးကောက် သတ်မှတ်ရခက်တယ်။ အဲဒီအချက်တွေကို ဖြစ်စေနိုင်တဲ့ လိုအပ်ချက်လို့ ပြောရင်ရမယ်ထင်တယ်။ သူတို့လည်း တခုနဲ့တခု ချိတ်ဆက်နေတော့ တခုလှစ်ဟင်းရင် အားကုန်ရဖို့ မဖြစ်နိုင်ဘူး။
    ဥပမာ – အမေရိကန်လို လစ်ဘရယ် အတွေးအခေါ် ယဉ်ကျေးမှုရှိတဲ့ ပြင်သစ်၊ အင်္ဂလန်၊ ဩစတေးလျ နိုင်ငံများ အထက်ပါလေးချက်မှာ တချက်ချက် မပြည့်မှီလို့ အမေရိကန်ကို လိုက်မပြိုင်နိုင်ဘူး။ တဦးကောင်း တနေရာကောင်း တဘာသာကောင်းသာ ယှဉ်ပြိုင် အနိုင်ယူနိုင်မယ်။ ဂျပန်တို့ ဂျာမနီတို့ကတော့ စစ်ရှုံးနိုင်ငံတွေမို့ ထားပါတော့။ ဒါပေမဲ့ သူတို့လည်း ထိုနည်း၎င်းပဲ ဖြစ်မှာပါ။ အမေရိကန်ကတော့ အခြေခံအချက်အလက်တွေ အားလုံးရှိနေတယ်။ မရှိလည်း ရအောင်လုပ်ယူတယ်။ မရလည်း ကျွေးမွေးခေါ်ယူတယ်။ ဆွေးနွေးကြည့်တာပါ။ ဂေဇက်မှာ အခုလို ကြီးကြီးကျယ်ကျယ်များကို ပညာရှင်ကြီးများနဲ့ ပြောဆိုခွင့်ရလို့ ပျော်နေတာ။ ဘယ်သူဘယ်လောက် ကြီးကြီး တတ်တတ် ကြိုက်သလို မေးခွင့် ပြောခွင့်ရလို့ (သဂျီးကို အဲ..မှားလို့) စီအိုင်အေအဖွဲ့ကို အရမ်းကျေးဇူးတင်မိတယ်။ 😛
    ……………………………………..
    ဆရာသစ်အနေနဲ့ အာရှတိုက်က ဒေသအင်အားကြီး ဂျပန်နဲ့ တရုတ်နိုင်ငံတို့အပေါ် နှိုင်းယှဉ်ချက်များကိုလည်း ဗဟုသုတ အလို့ငှာ ရေးစေချင်တယ်။ ဘယ်အချက်တွေက အဆုံးအဖြတ်ပေးနေလဲ၊ ပေးမှာလဲ။ ဂျပန်ဘာကြောင့် တန့်နေပြီး တရုတ်ဘာကြောင် တက်လာသလဲ၊ ဂျပန်ကြုံသလို တရုတ်ကြီးကို မကြုံနိုင်ဘူးလား။ ကြုံမယ်ဆို ဘယ်နည်းဘယ်ပုံ ဘယ်တော့လောက်ဖြစ်မလဲ။ သူတို့မှာ ဘာကန့်သတ်ချက်၊ အားသာချက်တွေ ရှိကြလဲ။ ကျနော်သတိပြုမိတာ ကိုရီးယားမှာလည်း ဂျပန်လို စီးပွားရေးအုပ်စုဂိုဏ်းကြီးတွေကြောင့် စီးပွားရေး တဟုန်ထိုးတက်လာ၊ နောက်တော့လည်း ဒင်းတို့ကြောင့်ပဲ ပြသနာတွေတက်ရ၊ ပြုပြင်ပြောင်းလဲရေးတွေလုပ်ရ၊ လုပ်ရင်းနဲ့ရှုပ်ကုန်ကြ ဖြစ်တာတွေ့လိုပါ။ တရုတ်ပြည်မှာ ဖြစ်တာတွေတော့ ရှိတယ်၊ သို့ပေမယ့် အရှိုက်ထိအောင် မဖြစ်သေးဘူး။ မေးတာ များနေရင် စိတ်မဆိုးနဲ့နော်။ အမေးအာကာသယာဉ်မှူး အဖြေစက်ပြင်သမားဆိုတာလည်း စာမှာရှိတာ နားလည်ပါ၏ 🙂

  • Foreign Resident

    November 8, 2011 at 5:14 am

    အမေရိကန် က
    ပါဝါအမာ (HardPower) ကော ပါဝါအပျော့ (Soft Power) ကော
    ပက်ပက်စက်စက်ကို ဦးဆောင်နေတာပါဗျာ ။
    ဟင့် ရေးပြစ်လိုက်ချင်လာပြီနော် ။ စိတ်ထိမ်းမှ ။

    • MaMa

      November 8, 2011 at 10:14 am

      အကောင်ပြမှ အရိပ်ထင်တာမို့ အားမနာတမ်း ရေးပြစ်လိုက်ပါ FR ရေ။ (ရေးတဲ့အထဲ စေတနာတွေပါနေတာကို သိနေလို့)

  • ba gyi

    November 8, 2011 at 9:45 am

    ရွာသားတွေအတွက်ရော၊ဝင်လေ့လာသူတွေအတွက်ပါအရမ်းတန်ဘိုးရှိတဲ့၊ဗဟုသုတတွေပေးလို့ ကိုသစ်ကြီးတို့၊FR ၊ကိုကြောင်ကြီးတို့ရေလေးစားပါတယ်ဗျာ၊ အမေရိကန်မှာ ရီပတ်ဘလီကန် တွေ တက် လာ ရင် (Hard power )အသုံးများပြီး၊ဒီမိုကရက်တစ်တွေတက်လာရင် (Soft power )အသုံး များ တယ်၊ သံ သ မန်ရေးဦးစား ပေးတယ်၊စီးပွါးရေးပြန်ရှာ တယ်လို့အကြမ်း ဖျင်းသိထား ပါတယ်၊ တစ်ခါ တစ်ရံ လို အပ်ရင်တော့၊ဒီမိုကရက်တစ်တွေလည်းကြမ်းသင့်ရင်ကြမ်းပါတယ်၊ တစ်ခါတ လေစစ်တိုက်တယ် ဆိုတာ သူတို့ အ တွက် အမျိုးသားလုြံခြုံရေးအရ ဖြစ်သလို၊စီးပါွရှာတာ ဖြစ်ပြန်ပါရော။ သည်လိုကစားနိုင် တာမို့ လည်းခုထိ စူပါပါဝါကဗ္ဘာ့ပုလိပ်ကြီးလို့ပြော နေကြတုန်းပါပဲ။သူတိုမှာတရုတ်ထက်၊အားသားချက်က နည်း ပညာ ပိုင်းသာမ က၊ သူ တို့အစိုးရကိုထိမ်းနိုင်တဲ့ အရေအသွေးရှိတဲ့ လွတ်တော်တွေ၊ သုသေသနပြုအ ဖွဲ့အစည်း တွေနဲ့ ပညာရှင် တွေကိုအခွင့်အလမ်းပေးထားတဲ့စံနစ်ပါပဲ။တစ်ခါတစ်ရံ သူတို့အမျိုးသား ရေး မူဝါဒအတွက် စီအိုင်အေကလည်းအရေးပါတတ်ပါတယ်၊ အရေးအကြီးဆုံးအချက်ကတော့၊ သူတို့အ မျိုး သား အကျိုး စီးပွါး အတွက် အတတ်နိုင်ဆုံး အမှားနဲ အောင်ထိမ်း ကွပ်နိုင်တဲ့ပါဝါ တွေသူ့နေ ရာနဲ့ သူ၊ သူတို့အစိုးရ ကိုဝန်း ရံအထောက်ကူပြုနေကြတာ ပါပဲ။

  • thit min

    November 8, 2011 at 2:29 pm

    ဘရာသာ FR ရေ
    ယူအက်စ်တင်မဟုတ်ပါဘူး၊ဩစီအပါအဝင်ပေါ့နော်၊Soft Power နဲ့ပလေးနေတာလေးတွေ ရေးပါဗျာ။
    ကျနော်အနေနဲ့က A bird’s-eye view ပါ့နော် hovering လုပ်ပြီးကြည့်ရတာမှို့ သစ်တောတခုလိုလုံးကိုဘဲမြင်ရမှာပါ။
    ဘရာသာ FR တို့လိုလက်တွေ့မြင်နေရသူကြတော့ သစ်ပင်တပင်ချင်းအကြောင်းပြောနိုင်တာမျိုး
    ပေါ့ဗျာ။တိုက်တွန်းပါတယ်လို့။

    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုဘကြီးရေ
    Soft Power နဲ့ပတ်သက်ပြီး တကယ်လို့များရေးစရာရှိခဲ့ရင်ရေးစေချင်ပါတယ်။
    ဘယ် နှယောက်ဘဲဖြစ်ဖြစ်များများရေးလေကောင်းလေပါဘဲ။ကျနော်တို့အားလုံး ဆီမိနာ လေးဖြစ်တာပေါ့ဗျာ။

Leave a Reply