Passwords like Underwear Meme!

“ကျွန်တော်တို့တွေက စကားဝှက်နဲ့ လည်ပတ်နေတဲ့ လောကကြီးထဲမှာ နေ..နေရတဲ့ လူတွေပါ။ အက္ခရာ (၄) လုံးကနေ အလုံး (၂၀) ထိ ပါဝင်တဲ့ အဲဒီလို စကားဝှက်တွေက သတင်းအချက်အလက်တွေကို ဝင်ရောက် ကြည့်ရှူ့ဖို့၊ သူငယ်ချင်း မိတ်ဆွေများနဲ့ ဆက်သွယ်ဖို့နဲ့ အွန်လိုင်း ဈေးဝယ်ဖို့အတွက် ဆယ်သွယ်ရေး တံခါးကို ဖွင့်ပေးနိုင်တယ်လေ။”

အထက်မှာ ရေးထားတဲ့ စာက စာအုပ် တစ်အုပ်ထဲက ဖတ်ထားတာလေးပါ။ သူ ပြောဆိုထားတဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့က နည်းပညာခေတ်ကြီးထဲမှာ နေ..နေကြတော့ ကိုယ်ပိုင် လွတ်လပ်ခွင့် ဆိုတဲ့ အရာလေးတစ်ခုတည်းအတွက်နဲ့ စကားဝှက်ဆိုတာကို လက်ဆွဲ ထားနေကြရတယ်။ ကိုယ့် အချက်အလက်တွေ သူများ မသိရအောင် ဒါမှမဟုတ် ကိုယ်ရဲ့ ငွေကြေးတွေကို သူများ ခိုးသုံးလို့ မရအောင် စတဲ့..လုံခြုံမူတွေ ရဖို့အတွက် စကားဝှက် ဆိုတာကို သုံးစွဲ နေရပါတယ်။

အဲဒီ ဆောင်းပါးလေး ထဲမှာ ပြောထားတဲ့ တစ်ချက် ရှိပါတယ်။ အဲဒီအချက်လေးကို သဘောကျလို့ ဒီပို့စ်လေးကို ရေးမိတာပါ။

စကားဝှက် ဆိုတာက ခု ကျွန်တော်တို့ အမြဲလိုလို ဝတ်နေတဲ့ အတွင်းခံ ဘောင်းဘီ ( Underwear) လိုပါပဲတဲ့။ ဘာကြောင့်လဲ ဆိုတော့ စကားဝှက်ရဲ့ သဘောတရားနဲ့ အတွင်းခံ ဘောင်းဘီရဲ့ သဘောတရားချင်းက ခပ်ဆင်ဆင် တူပါတယ်။ လူတိုင်းက အတွင်းခံ ဘောင်းဘီကို တစ်ထည်တည်း ဝတ်လို့ မရပါဘူး။ နေ့စဉ် နေ့တိုင်း မဟုတ်တောင် မကြာခဏဆိုသလို နောက် တစ်ထည် လဲသင့်ပါတယ်။ တစ်ထည် တည်းကို စွဲစွဲမြဲမြဲ သုံးလို့ ကောင်းတဲ့ အရာ မဟုတ်တာတော့ သေချာပါတယ်။ အဲဒီလိုပဲ ခု ကျွန်တော်တို့ သုံးနေတဲ့ စကားဝှက်ကိုလည်း တစ်မျိုးတည်း မသုံးထားသင့်ပါဘူး။ အချိန် အကန့်အသတ် တစ်ခုနဲ့ ဆိုသလို လဲပေးသင့်ပါတယ်။ အန္တာရယ် ရှိသွားနိုင်ပါတယ်။

ပြီးတော့လည်း ကိုယ်က ကိုယ့် သူငယ်ချင်း၊ ကိုယ့် ချစ်သူကို ချစ်လို့ ခင်လို့ ဆိုပြီး ကိုယ့်စကားဝှက်ကို မျှဝေ မသုံးစွဲပါနဲ့။ အချိန် နည်းနည်းလောက် စဉ်းစား ကြည့်လိုက်စမ်းပါ။ ဥပမာ ကိုယ့်အတွင်းခံ ဘောင်းဘီကို သူငယ်ချင်း ဒါမှမဟုတ် ချစ်သူကို မျှဝေ သုံးစွဲချင်ရင်တောင် အဲဒီ အရာက မျှဝေ သုံးစွဲလို့ ကောင်းတဲ့ အရာ မဟုတ်ပါဘူး။

ကိုယ့်မှာ မေ့တတ်တဲ့ အကျင့်ရှိနေရင်တောင် ကျန်တဲ့ အရာများကို မေ့ထားခဲ့လို့ ရပါတယ်။ ကိုယ့် ဝတ်နေတဲ့ အတွင်းခံ ဘောင်းဘီကို တခြားသူတွေ မြင်နိုင်တဲ့ နေရာမှာ တော့ မေ့မကျန်ခဲ့ပါစေနဲ့။ အဲဒီလို ဖြစ်ရပ်က တော်တော်လေး ရှက်စရာ ကောင်းပါတယ်။ ကိုယ်နဲ့ တူတဲ့ လိင်ချင်ဆိုရင်တော့ သိပ်ပြီး မျက်နှာပူစရာ နည်းတာပေါ့။ ဒါပေမယ့် ကိုယ့် ဆန့်ကျင်ဘက် လိင်ကသာ ကိုယ့် အတွင်းခံ ဘောင်းဘီကို တွေ့သွားခဲ့ရင် အဲဒီ မျက်နှာတွေ ဘယ်နားများ သွားထားလို့ သွားထားရမှန်း မသိဖြစ်သွားနိုင်ပါတယ်။ ဆိုလို  ချင်တာက ကိုယ့် သုံးနေတဲ့ စကားဝှက်ကို စာရွက်ပေါ်မှာ ရေးထားပြီး မေ့ကျန်ခဲ့တဲ့ အဖြစ်မျိုးတွေ၊ ဦးနှောက်နဲ့ မှတ်မထားဘဲ တခြား အရာ တစ်ခုခုပေါ်မှာ ရေးထားပြီး သူများ မြင်တွေ့နိုင်တဲ့ နေရာမျိုးမှာ မေ့ကျန်ခဲ့တဲ့ အဖြစ်မျိုးတွေ မဖြစ်ပါစေနဲ့။

စကားဝှက်ဆိုတာနဲ့ အဲဒီအရာကို လျှိုဝှက် သိမ်းဆည်း ထားသင့်ပါတယ်။ ကိုယ့် အတွင်းခံ ဘောင်းဘီလိုမျိုး သူများ မမြင်၊ မသိနိုင်အောင် ဖွက်ထားသင့်ပါတယ်။ လူရှေ့ သူရှေ့မှာ ထုတ်ဖော် ပြောပြသင့်တဲ့ အရာ မဟုတ်တာတော့ သေချာပါတယ်။

မှတ်ချက်။    ။ ယောင်တတ်တဲ့ အကျင့် ရှိတဲ့ သူများ အထူး သတိပြုပါရန်။ ကိုယ်က ခါးတို့လို့ ယောင်တတ်တယ် ဆိုရင် တခြားသူက ကိုယ့်ခါးကို တို့ပြီး “ဟေ့..သူငယ်ချင်း..မင်း စကားဝှက်က ဘာအရောင်လဲလို့???” လို့ မေးလာရင် ပါးစပ်ကို အတင်း ပိတ်ထားပါ။ ထုတ် မပြောလိုက်ပါနဲ့။ အခြေအနေ မကောင်းနိုင်ပါဘူး။

ညနေ (၁၂:၅၈)၊ စနေနေ့၊

(၅) ရက်၊ နိုဝင်ဘာလ။

5 comments

  • ပေါက်ဖော်

    November 11, 2011 at 6:31 pm

    ကပေရေ..
    ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရန် အတွင်းခံဘောင်းဘီ.အဲ..အဲ.အဲ…
    ပတ်ချဝေါ့..ကို..မီကြာ..မီကြာ..ပြောင်းရမတဲ့..

    ခီဏ..ခီဏ လဲ မီပြောင်းနဲ ့ဦး….မေ ့ကုန်ဦးမယ်..
    🙄

  • windtalker

    November 11, 2011 at 6:50 pm

    ကောင်းလိုက်တဲ့ ဥပမာလေးပဲဗျို ့
    မကြာခဏ ပြောင်းလဲဖို ့ကတော့
    သိပ်မလွယ်ဘူးဗျ
    အစွဲအလန်းကလဲကြီး ၊ မေ့ကလဲ မေ့တတ်ဆိုတော့…

  • naywoonni

    November 11, 2011 at 7:34 pm

    မေ့တတ်ရင် မင်းသမီးနာမယ်တွေ ပေးထားဟ…။ ဥပမာ…- acsm&wem, &wemrdkif , pE`’cspfpk , cdkifcifOD; အဲဒါမျိုးတွေပေါ့…။ နော့ ဂျီတော့ ပတ်စ်ဝှတ်တွေမှာအဲဒါမျိုးပေးကြည့် …..။ ရအောင်တော့ဖော်မှာမဟုတ်ဘူး ….။ ရီကာဗာရီမေးလ်ကနေ အကောင့်ပျောက်တာက များနေတယ်…။ ခုတစ်လော……………. 😛

    • ပေါက်ဖော်

      November 11, 2011 at 7:50 pm

      ချောရတနာ
      ရတနာမိုင်
      စန္ဒီချစ်စု

      ဆိုပါကလား..ဦးနီ..စိတ်ထိန်း…ဘုရားစာလေးဘာလေး.ပေးပါလာလို ့..
      😆
      ို

  • naywoonni

    November 11, 2011 at 10:02 pm

    အံမာ ပတ်စဝှစ်ကိုအဲဒိလိုပေးရတယ်ဆို့လို့ တစ်နေရာမှာတွေ့ဖူးတာ ပဲ…။ ပြန်လည် ရှယ်ယာပေးရသေးတယ်…။ ငပေါက်ဖော် နင်လုပ်တာနဲ့ နာ့ အကြောတွေပေါ်ကုန်တော့မှာပဲ…။ တော်ပြီ နီနဲ့ ထော်ဘူး…။ 😛 😛 😛

Leave a Reply