ဘက်ကီးငတိ ကို မြင်လိုက်ရသဖြင့် ပထမ ဝမ်းသာမိသည် ။ ပြီး ဒေါသဖြစ်လာသည် ။
သကောင့်သားဆီပြေးပြီး ဂုတ်ကိုဆွဲလိုက်တော့ ငတိက စပ်ဖြီးဖြီးဖြင့် သူ ဘာမှ မလုပ်ခဲ့သည့်ပုံစံမျိုး
သူ ့ကို ဆွဲခေါ်ခဲ့သော လူနှစ်ယောက်မှ စိတ်လျှော့ရန်ပြောသဖြင့် လေဆိပ်အပြင်ဘက်သို ့ထွက်ခဲ့ကြသည် ။
“ ဟေ့ကောင် ၊ ငါ့စာအုပ်တွေဘယ်မှာလဲ..ပြောစမ်း ”
“ ဟီး..အကိုကြီးကလဲ ၊ ညီလေးက ချစ်လို ့ကျီစယ်တဲ့ဟာ ၊ ပြန်ပေးမှာပေါ့လို ့၊ စာအုပ်တွေက အိမ်မှာ ”
“ ဒါဆို အခု မင်းအိမ်သွားမယ် ၊ လိပ်စာပြောစမ်း ”
ကျွန်ုပ်တို ့အဖွဲ ့သည် ထိုငတိ ကို ခေါ်ကာ သူ ့အိမ်သို ့သွားခဲ့ကြသည် ။
ငမိုးရိပ်ချောင်းနားရှိ တစ်ထပ်ပျဉ်ထောင်အိမ်လေးသို ့ရောက်သွားခဲ့သည် ။ အိမ်ဘေးတွင် ကားဂိုထောင် နှင့် ၊ သပ်သပ်ရပ်ရပ်ကလေး ။
စိတ်ထဲတွင် အံ့ဩနေမိသည် ။ ဘက်ကီးငတိ ကို အိမ်နှင့် ကိုယ်ပိုင်ကားနှင့် ဆိုတော့ ။
အိမ်ထဲသို ့ဝင်ဝင်ချင်း ၊ နံရံတွင် လက်ရေးဖြင့်ရေးထားသော စာစောင်စာတမ်းများ၊ပိုစတာများ ကပ်ထားသည် ကို တွေ ့ရသည် ။
ပထမဆုံးတစ်ခု ကို ဖတ်ကြည့်တော့ “ စာပေတော်လှန်ရေး ” တဲ့ ။ ဖတ်ရင်း ဖတ်ရင်း နဲ ့ရွာထဲက ဓါတ်ပုံဆရာ အင်ဇာဂီ ကို သွားသတိရမိသည် ။ ဒါနဲ ့နောက်ထပ် ထပ်ဖတ်ကြည့်သော ကင်မရာအယူအဆများ ၊ နောက်ပြီး တီဗီတစ်လုံး ဒီဗီဒီစက်တစ်လုံးနှင့် အတူ အိုးရှင်းအီလဲဗင်း ဇါတ်ကားခွေနှင့်ဟိုခွေဒီခွေများကို တွေ ့ရသောအခါ ၊ မနေနိုင်တော့ဘဲ
“ ဒါ မန်းတလေးဂေဇက်က အင်ဇာဂီ ရေးထားတဲ့စာတွေမလား ” လို ့မေးလိုက်တော့
ငတိက ဘာမှ ပြန်မဖြေဘဲ ရုပ်တည်ကြီးနှင့် လက်ပိုက်နေသည် ။
ကိုဘလက် က သူကြိုက်သော စာရေးဆရာ လက်ရာများမို ့၊ စိတ်ပေါက်ပေါက်နှင့်
“ ဟေ့ကောင် မင်းရူးနေတာလား ”
ငတိက သူ ့ဘောင်းဘီအိတ်ကပ်ထဲမှ စာရွက်ခေါက်လေးတစ်ခု ကို ထုတ်ပေးပြီး
“ ဟုတ်တယ် ၊ ကျုပ် ဂေါက်နေတာ ၊ ဒီမှာ ကျုပ်ဂေါက်နေကြောင်း ထောက်ခံစာ ”
ကျွန်ုပ်တို ့အားလုံး ထိုစာရွက်ခေါက်ကို ဖြန် ့ဖတ်ကြည့်လိုက်တော့ ၊ အားလားလား ဟုတ်ပဗျာ ၊ နာမည်က “ဂါအင်ဇီ” တဲ့ ၊ စိတ်ကျန်းမာရေးအထူးကုဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော မှတ်တမ်း နှင့် ဂေါက်နေကြောင်း ထောက်ခံထားသော စာဖြစ်နေသည် ။
ကိုဘလက် မိတ်ဆွေအရာရှိနှင့် သူ ့တပည့် နှစ်ယောက်မှာလည်း ဘာပြောဘာလုပ်ရမှန်းမသိကြတော့ ။
ကျွန်ုပ်ကတော့ အခန်းထောင့်မှာတွေ ့သည့် ကျွန်ုပ် စာအုပ် အိတ်ကို ကောက်ယူလိုက်ကာ ၊ ကိုဘလက်ကို ပြန်ဖို ့ပြောလိုက်သည် ။ ထို ့နောက် ဟိုလူသုံးယောက်ကို ကျေးဇူးတင်စကားပြောပြီး ပြန်ခဲ့ကြသည် ။
သူတို ့သုံးယောက်ကတော့ “ဂါအင်ဇီ” ဆိုတဲ့ ဂေါက်သီးငတိ ကို စိတ်ရောဂါဆေးရုံကြီး သို ့လိုက်ပို ့ကြမည် တဲ့ ။
ကျွန်ုပ်လည်း စာအုပ်များပြန်ရပြီ ဖြစ်ကြောင်း ဂေဇက်ဝင်မိတ်ဆွေများကို ဖုန်းဆက်လိုက်တော့ အားလုံး ဝမ်းသာသွားကြသည် ။ ည စားသောက်ဆိုင်တွင် စားသောက်ရင်း တွေ ့ဆုံကြဖို ့ချိန်းပြီး ကိုဘလက်နှင့် လမ်းခွဲခဲ့သည် ။
အဲဒါပြီးတော့ ၊ ဂေဇက်ဝင် မိတ်ဆွေများဖြစ်သော အိတုန် ၊ ဒေါက်တာ ၊ ဦးဖက်တီး ၊ ကိုကမ်းကြီး ၊ ကိုရင်စည်သူ ၊ နီကီတာ တို ့နှင့် ကိတ်မုန် ့ဆိုင် တစ်ဆိုင်တွင် ထိုင်ဖြစ်ကြသည် ။
စာအုပ်လက်ဆောင်များကိုပေးရင်း ပျော်ပျော်ပါးပါး စကားပြောကြသည် ။ ထို ့နောက် အမှတ်တရ ဓါတ်ပုံရိုက်ကာ လမ်းခွဲခဲ့ကြသည် ။
ဟိုတယ်ကိုပြန်နားတော့ ကမ်းကြီးလည်း ပါလာသည် ။ ရေချိုးပြီး ၊ ချိန်းထားသော စားသောက်ဆိုင်သို ့သွားဖို ့ကိုကမ်းကြီး တက္ကစီငှားနေစဉ် ကိုလင်းမြွေ ဖုန်းဝင်လာသည် ။
ကိုလင်းမြွေ က သူနှင့်အတူ သွားမည်တဲ့ ။ အဲဒါ သူ ့ရုံးကို လာရန် လိပ်စာပြောသဖြင့် သူ ့ရုံးဆီသို ့သွားခဲ့သည် ။
အားပါးပါး..သူပြောတဲ့လိပ်စာအတိုင်း ရောက်သွားတော့ ကြီးကျယ်ခမ်းနားသော “ဘလိတ်ဓါး” ဟော်တယ်တွင်ဖြစ်နေသည် ။ သူ ့ရုံးက အဲဒီဟိုတယ်ရှိ ရလွှာတွင်တဲ့ ။ ကိုလင်းမြွေ က အချိန်သိပ်မရ ၊ သူ ့ကုမ္ပဏီနှင့် စီးပွားဖက် နိုင်ငံခြားသား များနှင့် ချိန်းထားသေးသည် တဲ့ ။ ယခုမှာမူ ဂေဇက်ဝင်များ တွေ ့ဆုံကြမည် ဖြစ်သဖြင့် ၊ အတူ ဆုံချင်လွန်းသဖြင့် ၊ ဟိုဘက်ပွဲကို နောက်ကြမှ ကူးမည် ဟု ပြောလာသည် ။
ဒါနဲ ့ကိုလင်းမြွေကားနှင့်အတူ ချိန်းထားသော စားသောက်ဆိုင် သို ့ဆက်လက်ချီတက်ခဲ့ကြသည် ။
စားသောက်ဆိုင်ရောက်တော့ ညနေ ၆နာရီ၁ဝမိနစ်ကျော်ခန် ့ရှိနေပြီ ။ ကျွန်ုပ် ၊ ကိုကမ်းကြီး နှင့် ကိုလင်းမြွေ သုံးယောက်ထဲ အရင်ရောက်နေတာဖြစ်လို ့ဘီယာနှင့် စားစရာများ ကို မှာလိုက်ကြသည် ။
သုံးယောက်သား ဘီယာသောက်လိုက် ၊ အမြည်းစားလိုက် ၊ စကားပြောလိုက် နှင့် စောင့်နေစဉ် ကိုရင်စည်သူ ၊ နီကီတာ တို ့ရောက်လာကြသည် ။
ကိုရင်စည်သူ က လဲ ဘီယာကြိုက်သူ တစ်ယောက် ။ နီကီတာ ကတော့ အအေးသံဘူး ဘဲ သောက်သည် ။ ထို ့နောက် ကိုဘီလူး ၊ 77 ရောက်လာသည် ။ ခဏနေကြ ပေါက်ဖော် ရောက်လာသဖြင့် လူတော်တော်စုံသွားပြီး ၊ ဘီယာများ အဆက်မပြတ် မှာကာ ချီးယားစ် လုပ်ကြ ၊ တစ်ယောက်နှင့် တစ်ယောက် အခုမှ စတွေ ့ဖူးကြတာ ဖြစ်လို ့ဝမ်းသာပျော်ရွှင်ကြ ၊ စကြနောက်ကြ ၊ ပျော်စရာကြီး ဖြစ်သည် ။
ကျွန်ုပ် လည်း ပြန်ရခဲ့သော စာအုပ်များ ကို လက်ဆောင်အဖြစ် ဝေပေးလိုက်သည် ။


အားလုံး တစ်ယောက် ၄ခွက်စီလောက် သောက်ပြီးသောအခါ မြူးကြွလာကြပြီး
“ တံခါးစောင့်ကြီးကို တွေ ့ချင်တယ် ၊ တံခါးစောင့်ကြီးကို ခေါ်ပေးပါ ” ဟု ဇွတ်အတင်းတောင်းဆိုလာကြသဖြင့် ၊ ကိုဘလက် ကို ဖုန်းဆက်ခေါ်လိုက်သည် ။ သူက အစကတော့ လာဖြစ်ချင်မှ လာဖြစ်မယ် ဟု စကားခံထားသော်လည်း ၊ ဂေဇက်က လူတွေ စုံနေကြပြီ ၊ အားလုံးပျော်နေကြပြီ ဟု ပြောလိုက်သောအခါ ၊ သူလည်း မနေနိုင်တော့ ၊ ၁ဝမိနစ်ခန် ့အကြာတွင် ရောက်လာပါတော့သည် ။ သူရောက်လာတော့ ပိုပွဲစည်သွားသည် ။
ကိုဘလက်ကား ဂေဇက်တံခါးမှူး ပီသ ပါပေသည် ။ ကျွန်ုပ်တို ့ရေးထားသဖြင့် အားလုံး ကို တစ်လုံးမကျန် အလွတ်ရသည် ။
ကြိုက်တဲ့သူ က ကြိုက်သလို မေး ၊ ဘယ်ပို ့စ်မှာ ဘယ်လိုအကြောင်းအရာ ကို ဘယ်လို ဖွဲ ့ထားတာ ၊ ကွန်မင့် က ဘယ်နှစ်ခု ၊ ဘယ်ကွန်မင့် မှာဖြင့် ဘယ်သူက ဘယ်လို မန် ့တာ စသဖြင့် မလွတ်တမ်း ပြောနိုင်သည် ။ သဂျိုင်ခီး ပင် ကိုဘလက်လောက် ဂေဇက်ကို ဖတ်ပါ့မလား မသိ ။
ကိုဘလက်ရောက်လာပြီး မကြာမှီ ကိုလင်းမြွေ ကား နောက်တစ်ပွဲကူးရန် ရှိသေးကြောင်း အသိပေးလာသဖြင့် ၊ ဘီလ်တောင်းပြီး အားလုံး စုပေါင်းရှင်းလိုက်ကြသည် ။
ကိုလင်းမြွေ ပြန်သွားသည် ။ ခဏနေကြတော့ ကိုဘီလူး က ပြန်မှဖြစ်မည် တဲ့ ။ မပြန်လျှင် သူ ့မိန်းမ က ညစာဖြတ်လိမ့်မည် ဟု ဆိုကာ ကသုတ်ကရက် ထပြေးသွားသည် ။ ( မပြန်သေးပါနဲ ့ဦး ၊ ဒီဆိုင်မှာလဲ ထမင်းကြော်တို ့ခေါက်ဆွဲကြော်တို ့မှာစားလို ့ရပါတယ် ဆိုတာကို မရဘူး ၊ သူ ့မိန်းမဟာမှ စားတတ်တာတဲ့ ၊ သူ ့မိန်းမချက်သော ထမင်းဟင်း ကို ပြောပါတယ် )
ကိုဘလက်ကား ဝါရင့် ယမကာလုလင်ကြီးပင်ဖြစ်သည် ။ ကျွန်ုပ်တို ့မှာ ဘီယာဘဲ သောက်နိုင်သည် ။ သူကား ရမ် ကို နိစ် ကစ်သည် ။ ဘယ်နှစ်ပက်မှန်းတော့ မမှတ်မိ ။ ( ကိုဘလက်ရေ ကွန်မင့်နဲ ့ခင်ဗျားသောက်ခဲ့တဲ့ ပက်ရေ ကို လာဖြေပေးနိုင်ပါတယ်နော ဟီဟိ ) ။
ည ၉နာရီခွဲခန် ့တွင် ၊ အားလုံးပြန်ဖို ့ထကြတော့ ၊ ကိုဘလက်က သူ ့ကားနှင့် လိုက်ပို ့ပေးမည် ဟု ဇွတ်ပြောလာသည် ။ ဒါနဲ ့ကိုဘလက် ကား ဖြင့် အားလုံးပျော်ပျော်ပါးပါး စီးကာ ပြန်ခဲ့ကြသည် ။
ကျွန်ုပ် ဟိုတယ်ပြန်ရောက်တော့ ၊ ယခုအကြောင်းအရာများကို ရေးတင်မည်ကြံသော်လည်း ၊ ဟိုတယ်ရှိ ကွန်ပျူတာမှာ မြန်မာဖောင့်မရ ။
နောက်နေ ့မနက်ကြတော့ ကိုဘလက် ရောက်လာပြီး မနက်စာ လိုက်ကျွေးသည် ။ ရန်ကုန်မြို ့တွင်း သွားလိုသည့် နေရာများ ကို လိုက်ပို ့ပေးမည် ပြောသော်လည်း ၊ ကျွန်ုပ် မှာ အခြားသွားစရာများရှိနေသေးသဖြင့် ၊ လိုက်မပို ့ရန် ပြောရသည် ။ (ကျေးဇူးတင်ပါတယ် ကိုဘလက်ရေ ) ။ ထို ့နောက် ကျွန်ုပ်အသိမိတ်ဆွေတစ်ယောက်၏ စီစဉ်ပေးမှုဖြင့် ရွှေတိဂုံဘုရား သွားဖူးသည် ။ ထို ့နောက် လုပ်စရာရှိတာများ လုပ်ပြီး နေ ့လည် တွင် လေယာဉ်ဖြင့် မန်းတလေး သို ့ပြန်ခဲ့ပါသည် ။
အဆုံးသတ်ရလျှင် ၊ ကျွန်ုပ် ၏ ရန်ကုန်ခရီးစဉ်သည် ကျွန်ုပ်အတွက် လွန်စွာ ပျော်ရွှင်ကျေနပ်စရာ ဖြစ်ခဲ့သည် ။ ရွှေတိဂုံမြတ်စွာဘုရား ကို ဖူးမျှော်ရသည် ။
ရန်ကုန်ရှိ ဂေဇက်ဝင်မိတ်ဆွေများနှင့် တွေ ့ခွင့်ရခဲ့သည် ။ စာအုပ်ငတို ဂေါက်သီးဖြင့် ဆုံရသည် ။ ကျွန်ုပ် ပြောရဲပါသည် ။ တစ်ယောက်ကို တစ်ယောက် ယုံယုံကြည်ကြည် ပျော်ပျော်ပါးပါးဖြင့် သောက်စားပျော်ပါးကြသော ပထမဆုံး ဂေဇက်ဝင်များ ကို လက်ညှိုးထိုးပါဆိုလျှင် ၊ ကျွန်ုပ်တို ့အဖွဲ ့သာ ရှိမည် ဟု ။
******* ကျွန်ုပ်၏ အရည်မရ အဖတ်မရ ခရီးသွားမှတ်တမ်းကို ဖတ်ပေးကြသည့် အတွက် အထူး လေးစားကျေးဇူးတင်ရှိပါသည် *******

About မောင် ပေ

မောင် ပေ has written 396 post in this Website..