ပထမဆုံး ပြောချင်တာကတော့ ကျွန်တော့် ရဲ့ ရပ်တည်ချက်ပါ။ ကျွန်တော်က လူပုဂ္ဂိုလ် အဓိက မထားပါဘူး၊ အကြောင်းအရာ ကိုပဲ စဉ်းစားတာပါ၊ အစိုးရ ဘာလုပ်လုပ် မကောင်းပြော တဲ့ထဲ မှာ မပါ ပါဘူး၊ အများ အကျိုးရှိတဲ့ ဘက်ကို ရပ်တည်ပါတယ်။

ဖြေလျော့မှုတွေ ရှိလာတော့ တိုင်းပြည်တိုးတက် တော့မယ် ဆိုပြီး ဝမ်းသာတာပေါ့ ဗျာ၊ ဂျာနယ်တွေကလည်း ပြောကြတာကိုး မနက်ဖြန်ပဲ ဆန်ရှင် ရုပ်တော့မှာ လိုလို ဆိုတော့။ ဒါပေမယ့် လွှတ်တော်ခေါ်တော့  မေးခွန်းတွေ မေးကြ ရော ။ ပြည်ထောင်စု ဝန်ကြီးတွေ အဖြေ ကြားတော့ စိတ် တော်တော် ကုန်သွားတယ်။ အပြင်မှာ တစ်ခါမှ မရဘူးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေရ။ ပညာရေးဆိုတော့ လည်း ကောင်းလိုက်တာ နှစ်သုံးဆယ် စီမံကိန်း နဲ့ ဘာနဲ့။ ဆက်သွယ်ရေး ၊တရားရေး  ။ အိုး စုံလိုက်တာမှ တခြားဘယ်နိင်ငံ မှ လိုက်မီမှာ မဟုတ်ဘူး။ ငါ့စကားနွားရ ပြောလိုက်တာ ရွှန်းရွှန်းကို ဝေလို့ ။ အပြင်မှာ တခြားစီ ။ ကျွန်တော် စဉ်းစားမိတယ် ၊ သူတို့က အပြင် မှာ ဖြစ်နေတာကို မသိ လို့လား၊ သိသိကြီးနဲ့ ပြောနေတာလား။ ငါ ဘာပြောပြော ယုံမယ့်ကောင်တွေ လို့ထင်လို့လား။ နားထောင်မိတော့ ဒေါသ ဖြစ်မိတယ်။ အပြင်မှာ တစ်ကယ်ဖြစ် နေတာကို အရင်ဆုံး လက်ခံမှ နောက်တစ်ဆင့်  ပြင်လို့ရမှာပါ၊ မှားနေတာ တောင်မသိ ရင်၊ လက်မခံရင် ဘယ်လိုမှ ပြင်လို့ရမှာ မဟုတ်ဘူးလေ၊

သူရ(ဦး)ရွှေမန်းက မနေ့က လက်ရှိအခြေ အနေ တွေကို ထင်ဟပ်ပြ သွားတယ်။ မှားနေတာတွေ ကိုသေချာပြော သွားတယ်။ အရင်တုန်းက သူလဲ ပါခဲ့တာပဲ။ အခုတော့ ပြည်ထောင်စု ဝန်ကြီးတွေ ကို  ကျကျနန  ပြောသွားလေရဲ့။ ဘာပဲ ပြောပြော သူပြောသွားတဲ့ လေ သံကို ကြိုက်မိသွားကြောင်းပါ။ အစိုးရ က ရုးချင်ယောင် ထပ် မဆောင် ဖို့ပဲ လိုတော့တာပါ။

နောက်ဆုံး အချုပ် ပြောရရင်တော့        သူရ(ဦး)ရွှေမန်း     ကိုအသိအမှတ်ပြု  ပြီး နိုင်ငံတည် ဆောက်ရေး အတွက် အားကိုးမိကြောင်းပါ ခင်ဗျား….

(လွတ်လပ်စွာ သဘော ကွဲလွဲ ခွင့် ရှိပါ ကြောင်း)

About awra-cho

has written 9 post in this Website..