chatsuNovember 30, 20111min1629
မန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် သတ္တုမျိုးစုံထွက်ရှိပြီး မြို့နယ်အားဖြင့် မြို့နယ် ၃၃ဝ ရှိသည့်အနက် မြို့နယ် ၁၆၁ မြို့နယ်တွင် သတ္တုမျိုးစုံ ထွက်ရှိခြင်းဖြစ်သည်။ ထွက်ရှိသည့် သတ္တုမျိုးစုံမှာ ကျောက်မီးသွေး၊ ကြေးနီ၊ နီကယ်၊ ရွှေ၊ သံ၊ ကျောက်ဂွမ်း၊ ဥဒေါင်းစိမ်း၊ ကျောက်စိမ်း၊ ရွှေဖြူ၊ ဘောက်ဆိုဒ်၊ ခနောက်စိမ်း၊ ဂေါဒန်၊ ထုံးကျောက်၊ ခဲ၊ အဖြိုက်နက်၊ သလင်းကျောက်၊ သွပ်၊ တိုမလင်း၊ ခရိုမိုက်၊ ကန့်ကူဆံ၊ ဆိုဒါပြာ၊ ကြွေကျောက်၊ ခဲတူ၊ မြေစေး၊ စိန်၊ ခဲမဖြူ၊ မင်းဂနိစ်၊ ဖန်ချက်သဲ၊ အလှဆင်ကျောက်၊ ဖော့စဖိတ်၊ ဘရိုက်တီး၊ ပြဒါး၊ ဇာကွန် သဲစသည်တို့ဖြစ်ကြသည်။ ကချင်ပြည်နယ်၌ ၁၅ […]


chatsuNovember 29, 20111min622
ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာစီမံကိန်း အမှတ်(၂)နှင့်(၃) ၂ ခုကြောင့် ရွာပေါင်း ၂၅ ရွာရှိ လူဦးရေ ၁၅၀၀ဝ ခန့်သည် ရေလွှမ်းမိုးမှုအပါအဝင် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။ ရေကာတာ စီမံကိန်းဝန်းကျင်ရှိ ရေလွှမ်းမိုးနိုင်ဖွယ်ရှိသော ကျေးရွာ ၅ ရွာကိုလည်း အဓမ္မပြောင်းရွှေ့ခိုင်းထားသည်ဟု ပလောင် ကျောင်းသားလူငယ်များ အစည်းအရုံး(TSYO)က ယနေ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တနေရာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။ “အဲဒီဒေသမှာရှိတဲ့ ရွာပေါင်း ၅ ရွာနဲ့ သူတို့လယ်မြေတွေဖြစ်တဲ့ လက်ဖက်ခြံနဲ့ စိုက်ပျိုးရေး ခြံတွေ ဧက ထောင်ပေါင်းများစွာ ရေ နစ်မြုပ်သွားနိုင်ပါတယ်”ဟု TSYO အဖွဲ့မှ မိုင်းအောင်ကိုက ပြောသည်။ ရွှေလီရေကာတာ အမှတ် […]


chatsuNovember 27, 20111min783
က…ကလေးငယ် မျက်ရည်လည် ခ…ခရောင်းလမ်း သူဖြတ်သန်း ။ ဂ…ဂန်း(Gun)သံ ဆူဆူညံ င…ငတိများ အလွန်စော်ကား။ စ…စစ်အာဏာ တကယ်ရှည်ကြာ ဆ…ဆိုးသွမ်း သူတို့ပွဲကြမ်း။ ဇ…ဇာတ်တွေနာ နိုင်ငံဟာ ည…ညှင်းဆဲခြင်း သူတို့သွတ်သွင်း။ တ…တရားဥပဒေ ဘယ်ရောက်နေ ထ…ထမင်းငတ် ရိက္ခာပြတ်။ ဒ…ဒို့အရေး တို့ဟစ်ကြွေး ဓ…ဓနရှင်စနစ် ချေမှုန်းပစ်။ န…နိုင်ငံရယ် ပျောက်ပြီကွယ် ပ…ပညာရေးဘယ်ထွက်ပြေး။ ဖ…ဖာနိုင်ငံဖြစ်ပြီအမှန် ဗ…ဗိုလ်ချူပ်စကား ပြန်လို့ကြား။ ဘ…ဘဝတွေဟာ စုတ်ပြတ်လာ မ…မြောင်းထဲကျ ပြန်ထမရ။ ယ…ယမ်းငွေ့သုံး လူမျိုးပြူန်း ရ…ရှူနေရ လူလုံးမလှ။ လ…လူ့အခွင့်အရေးတွေ ဆုံးရှူံးနေ ပ…ပယ်လို့မရ တိုက်ယူကြ။ သ…သတင်းစာ မဖတ်ခြင်းဟာ ဟ…ဟာသများ ရယ်ဖို့မအား။ အ…အမေ…တို့တိုင်းပြေ…ဘယ်တော့မှလွတ်လပ်မလေ…??


chatsuNovember 15, 20111min1043
ချစ်သူ………. အကြောင်းညီညွှတ်လို့ ဘောင်းဘီချွှတ်ပြီး စာရေးလိုက်ပါတယ်.. အခုကိုယ်ပို့လိုက်တဲ့ စာကလေးကိုရရင် အမွှေးနုတ်ပြီးကြော်စားလိုက်နော်.. မင်းကိုကိုချစ်ချင်ပေမဲ့အုန်းခြစ်ကမရှိဘူး.. မင်းနဲ့ကိုယ် ပေါင်းချင်ပေမဲ့ ကောက်ညင်းဆန်တွေဈေးကြီးတာမင်းအသိပါ.. မင်းကိုကိုယ် နှစ်သက်ပင်မဲ့ မင်းကရေငုပ်ကျွမ်းတော့ ဘာမှ မဖြစ်ဘူးပေါ့.. အချစ်ရယ် ကိုယ်တစ်ယောက်ထဲလျှောက်လှမ်းခဲ့တဲ့အဝတ်တွေ ခုဆိုခြောက်လောက်ရောပေါ့.. မင်းအချစ်ကိုသာမရရင် ကိုယ်လေ.. မထူးတော့တဲ့ဘဝမှာ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ.. ကိုယ်ဒီလိုအရဲစွန့်ပြီး စာရေးတာကို စိတ်မဆိုးပါနဲနော်.. ငပိ စားပြီးအသိတရားမရှိဘူးလို့တော့မပြောလိုက်ပါနဲ့. ဂေါ်ဖီတွေ စားပြီး တော်ကီတွေပွားတာလဲမဟုတ်ပါဘူး… ရုပ်တည်နဲ့ မုန့်တီထိုင်သောက်နေတယ်လဲမထင်လိုက်ပါနဲ့ အရှက်မရှိ သရက်စေ့လဲမဟုတ်ဘူးနော်… ကိုယ်ဟာ.. ရုပ်ကလာပ်ကစုတ်ပြတ်.. ရူပါကချူချာ သောက်ရုပ်က မျောက်ကုတ်.. ပုံစံက ဒုံးပျံနေပေမဲ့.. အသည်းနှလုံးကတော့သိပ်ချစ်တတ်ပါတယ်.. ကိုယ်ရဲ့စာကို မင်းမိဘတွေတွေ့လို့ တော်တော်ဆူနေလား? ဆူရင်မီးဖိုပေါ်ကချပြီး လက်ဖက်ခြောက်ခတ်လိုက်နော်.. မင်းလေး..ကိုယ်ဆီစာြ့ပန်ပါဦးနော်… မင်းဆီကပြန်လာမဲ့စာကလေးတွေကို.. ကိုယ်..လေသေနတ်နဲ့အသင့်ဆောင့်နေမယ် အဲမှားလို့ အသင့်စောင့်နေမယ်.. […]