ムラカミSeptember 28, 20161min6816
Tone of Voice အကြောင်း ပယ်ပယ်နယ်နယ် လေ့လာချင်ယို့… သိသူများ မျှ ဂျပါအူးဗျာ…   multiple tone for multiple segments (or) same tone to all segments   အဲ့သည့်ကြား ဗျာများ နေလို့ပါ…။   ကွကိုယ် ဆိုရင်တော့ singin’ da same damn song with different melodies ပေါ့… multiple account ကျတော့ အဆင်မပြေပြန်ဝူးဗျ….   အဲ့လို ……   တော်သေးတယ် .. ကိုယ့်မီးတဝက် ယူပြီး သူ့ဆေး တခြမ်း ပြန်တိုက်မယ့်လူ အနား ရှိနေတာ… အားဟိ..   တော်သေးပြီး


ムラカミOctober 24, 20151min6133
တကယ်တော့ အခြစ်ဆိုတာ ထူးဆန်းသဗျ….။ ကျုပ် သိလှပီမှတ်နေတာ …မသိတာမှ …တပြွတ်ကြီး…။   တလောက အိမ်ထောင်ကျသွားတဲ့ အချစ်ဆုံးသူငယ်ချင်းပြောဖူးတာ သွားသတိရတယ်…။ ငဒို့ စိတ်နဲ့ မဖြစ်ဘူးဟ တဲ့…. ကိုယ့်ထက် အစစ ကောင်းနေသာနေတဲ့အမျိုးသမီးနဲ့ ဆိုလိုတာပါ…။ ကိုယ့်ထက် အရာရာ ညံ့နေတဲ့ သူမျိုးနဲ့ရော အဆင်ပြေမယ် ထင်သလား…။ မထင်ပါနဲ့ …. ပိုဆိုးတယ်….။ သောက်မြင့်ကပ်ပီး အချစ်ဆုံး သူငယ်ချင်းတချို့ သွားမတွေ့တာ ရှိတယ်…. (အဲ့တုန်းကတော့ ကွကိုယ် မသိဘူးပေါ့…) ဒင်းတို့ ဘာပြောတယ်မှတ်တုန်း…. နင့်ကို ယူမယ့်မိန်းမ ဆိုတာလေ သိလား သိပ်သနားစရာကောင်းတယ်… အကုသိုလ်ထုထည် တော်တော်ကြီးမားရှာမှာတဲ့…။ စိတ်ဆိုးလိုက်တဲ့ဖြစ်ခြင်း …အဲ့သည့်ကာလက ….။ အဲ့သည်တုန်းကလည်း မချစ်တတ်ခဲ့သေးဘူး….။ ခုထိလည်း မချစ်တတ်သေးဘူးထင်ပါရဲ့…။   အစကတည်းကပြောပါတယ် ….. အချစ်ဆိုတာ […]


ムラカミSeptember 15, 20151min97415
တက္ကသီလာတုန်းကပေါ့… ကန်တင်းကသောက်ရင် သီယေတာထိပ်ကနေအနံ့ရတဲ့ ဆလိပ် တဗူးကို ၁၆လိပ် ၈လိပ်ကိုတကန့် နဲ့ ၂ကန့်ပြည့်တဲ့ ပက်ကင် စိကလက်ထုတ်ကျိလိုက် မှိုလိုက်ထားသလိုလို အကွက်အကွက်တေနဲ့… အံမာ မီးညှိပီး ရှိုက်လိုက် ဖောက်ဖောက်ဖောက်ဖောက်နဲ့မြည်သေး.. မကြိုက်တဲ့သူများ သွားတိုက်ကျိ… နင့်ဆလိပ်က ဒံပေါက်တပွဲလုံးမြုံထားရသလိုပဲ မှတ်ချက်ပြုကြ… ကြိုက်တဲ့သူများ တခါဖွာ ကိုယ့်နှုတ်ခမ်းတခါ ကိုယ်ပြန်ယက် .. ပလပ် ပလပ်…     အရှည်ကို ကျိအုံးမလား .. ကင်းဆိုက်ထက် ထွား.. တခါညှိ တန်ရုံ မကုန်… ဗန်ဟယ်လန် လို ဂီတာထိပ် နတ်ဆက်သလို ချိတ်ထားပီး ဒေါင်ဒေါင်ဒင်ဒင်လုပ်လိုက်ရင်ဖြင့် … ကွကိုယ် ဂျင်မီဟင်းနရစ် မှတ်ရ… မခင်အေး ဘားလမ်း နဲ့ ပထဝီတကျောလွတ်တဲ့ သင်္ဘောသီးအမျိုးတွေဟာ ဆလိပ်သာ […]


ムラカミSeptember 10, 20152min224847
တောတွင်းပျော် အိုင်ဒီယာပေးပြီး အလင်းဆက် စလိုက်တဲ့ Myanma Gazette ပြက္ခဒိန် ကိစ္စ အတော်လေး ခရီးရောက်နေပြီမို့ လက်ရှိ အနေအထား ကို အစီရင်ခံရင်း (လိုရင်း) ဓာတ်ပုံ တောင်းခံတဲ့ ကိစ္စ ကို ပိုစ့်အဖြစ်တင်လိုက်ပါတယ်။ ဓာတ်ပုံမတောင်းခံခင် ယနေ့(၂၀၁၅/၀၉/၁၀) ကြာသပတေး နေ့လည် အထိ နောက်ဆုံးအတည်ပြုချက်ကတော့… ၂၀၁၅-၂၀၁၆ မြန်မာ့ဂဇက် ပြက္ခဒိန် အမျိုးအစား – စားပွဲတင် ပြက္ခဒိန် ရွက်ရေ – ရရွက် ကျောကပ် (၁၂လ  ၆ရွက်+ မျက်နှာဖုံး) အရေအတွက် – ၃၀ဝ ခု တခု ကျသင့်ငွေ – ၂၅၀ဝ ကျပ်    မေးထားတဲ့ အော့ဖ်ဆက်တွေ ဈေးမကွာသမို့ အနီးစပ်ဆုံး တခုကို […]


ムラカミAugust 4, 20152min13325
ငယ်တုန်းက မှတ်မိသေးတယ်… ကျုပ်ကို အသံတွေအကြောင်း သင်ပေးတဲ့ ဆရာတယောက် ဆုံဖူးတာ… ဥပမာ တေးသွားတခုက ညီအစ်ကိုချင်း ချစ်မေတ္တာကို ပြတယ် တောတန်း မြက်ခင်းလေးနဲ့ လေညင်းကို ဖော်တယ်…. တခုက သမီးရည်းစား လွမ်းချင်း ပြတယ် စသည်ဖြင့်ပေါ့… သည်သဘောတရားက နက်နက်ရှိုင်းရှိုင်း ရှိတယ်ဗျ… ကျနော် ကာလာအကြောင်း ရေးဖူးတာမှတ်မိမပေါ့… ဘယ်အရောင်က ဘာကို ကိုယ်စားပြု ဆိုတာမျိုး သီဝရီအရပြောနိုင်ပေမယ့် ဘယ်အရောင်နဲ့ ဘယ်အရောင်ကို ဘယ်လိုသုံးရင် ဘာအရသာထွက်မယ် သိပ္ပံနည်းကျ မပြောနိုင်ဘူး ….. ကျုပ်နားလည်သလောက် အနီးစပ်ဆုံး သိပ္ပံမှု ပြုရရင် စာ အနေနဲ့ ဆိုပါစို့… ဘာသာရပ်တိုင်းမှာ ကာရိုက်တာ စာလုံးအရေအတွက် အတိုင်းအတာ တခုစီသာ ရှိပေမယ့် အဲ့ဒါတွေ သုံးပြီး ရေးဖွဲ့သီကုံးတိုင်း […]


ムラカミAugust 3, 20151min6786
ကျုပ် ရှာနေတဲ့ နာတာရှာ့ ဒေါ်လ်ကို တွေ့ပြီဗျ အဲ့ဒါ nested loop ပဲ…. မထင်ဘဲတွေ့တာဗျ….   အဲ့ဒါအကြောင်းတော့ တွေးတုန်းပဲ… အဲ့ဒါ အတွေးကောင်းလို့ အရူး ပြောခံထိတာတော့ မှတ်မှတ်ရရပဲ…. ကျော်ထင်ထားတာထက်တောင် …..ပိုသိမ်မွေ့လွန်းတယ်…


ムラカミJuly 21, 20152min8429
  သည်တပါတ်ထဲ နှင်းဆီပြန်ရိုက်ဖြစ်နေသဗျို့…။ ဘာမှမဟုတ်ပါဘူး ခေါင်းစဉ် စဉ်းစားရခက်နေလို့… သီချင်းဟောင်းတပုဒ်နာမည်ပေးထားတာပါ..။ 😛     နောက်နေ့တွေတော့ reflection & waterdrop ဘက် ပိုသွားဖြစ်မယ်ထင်ပါရဲ့   တော်သေးပြီ


ムラカミJuly 19, 20156min173110
နောက်ထပ် တနှစ် ဇူလိုင် ၁၉ ကို ပြန်ရောက်လာပြန်သပေါ့။ နောက်ထပ် အာဇာနည် နေ့ တနေ့..။ မနှစ်က သည်လို နေ့မျိုး မှာ အတော်လေး အသံတွေ ဆူခဲ့တာ မှတ်မိသေးရဲ့…။   ချီတက် အလေးပြုမယ် ၊ ခွင့်ပြုမယ် မပြုဘူး။ ဥဩ ဆွဲ မဆွဲ ကစလို့ နောက်ဆုံး ဟွန်းတီးရင် ဘာဖြစ်တယ် ညာဖြစ်တယ် အဆုံးပေါ့..။   သည်နှစ်ကျတော့ အသံတွေ ပြန် တိတ်နေလိုက်ကြတာ…။ တခါက ယဉ်ကျေးမှု ဌာနက ကိုယ်ဖိရင်ဖိ စောင့်ရှောက်ထားတဲ့ မီးနည်းနည်း လောင်သွားသော ဗိုလ်ချုပ်အိမ်ကလေး ဖွင့်တုန်း လူစုပြီး သွားလည်ကြမယ်လို့ ဘယ်သူငယ်ချင်းမှ ပြောတာ ရှဲတာမတွေ့ရ..။ ရွာထဲမှာလည်း သဂျီး ကစပြီး ဘယ်သူမှ အစဖော်ရေးတာ ပြောတာ မမြင်မိသေး။     […]


ムラカミJuly 16, 20155min227315
  ခုရက်ပိုင်း အရေးများနေတဲ့ Photoshop တွေအကြောင်းပဲ မသွားဘဲ … ဘယ်ကင်မရာနဲ့ မဆို ဘာ Software မှလည်း တတ်ကျွမ်းဖို့မလိုဘဲ.. ဓာတ်ပုံရိုက်ဖို့အတွက် အသုံးတည့်မည့် အကြောင်းအရာတချို့ ပြန်လည်တူးဆွမိပါတယ်။ အိမ်စာလုပ်ရင်း မှတ်မှတ်ထင်ထင်ရှိတာတချို့ ဖောက်သည်ချပါရစေ။     ဂုရု ကြီး တပါးဖြစ်တဲ့ Steve McCurry ရဲ့ Composition Tips ၉ခု ကို နားလည်သလို ပြန်ဆိုရေးသားလိုက်ပါတယ်။ သူ့အကြောင်းကို သိချင်ရင်တော့ သည်မှာ သွားဖတ်နိုင်ပါတယ်။ နားလည်သလို ပြန်ရေးတာနဲ့ ပတ်သတ်ပြီး လင်းရရင်တော့ … ကျနော် လေ့လာခဲ့ဖူးတာက ဗီဒီယိုဖိုင် ဖြစ်ပြီး .. သူကိုယ်တိုင်တင်တာမဟုတ်ဘဲ ..သူ့ခွင့်ပြုချက်ယူပြီး ချန်နယ်တခုက တင်ထားတာပါ။ (သူ sample ပြတဲ့ ပုံတွေက Copyright […]


ムラカミJuly 15, 20155min16068
    Post Production အကြောင်း အစပျိုး ရေးထားပြီးတော့ အဲ့ဒါရဲ့ အဆက် အနေနဲ့ သည်စာစု ကို ဆက်ရေးလိုက်ပါတယ်။ ပိုစ့် ရဲ့ size ကို ငဲ့ကွက်လို့ ဘယ်နေရာမှာ သွားပြင်တယ် ဆိုတာ ထက် ဘယ်လိုပုံ ဖြစ်သွားတယ် ဆိုတာကိုပဲ ပြထားတာမို့ပထမပိုစ့် နဲ့ တွဲဖတ်မှ အဆင်ပြေပါလိမ့်မယ်။     0. Original RAW file ဘာမှ မပြုမပြင်ရသေးတဲ့ Original RAW ပုံဖြစ်ပါတယ်။ လမ်းဘေးက ပန်းပေါက်စလေး တပွင့်ကို နေရောင်အောက်မှာ ဆင်ခြေလျော တခုက ကွန်ကရစ် မြောင်းဘောင် အမြင့် ကို နောက်ခံထားပြီး ရိုက်ထားတာပါ။ စူးရှတဲ့ နေရောင်ကြောင့် အရောင်အသွေးအချို့ ဆုံးရှုံးနေပါတယ်… ဒါကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ သည်တော့ အောက်မှာ အဆင့်ဆင့် ပြင်သွားပါမယ်။ 1. White […]


ムラカミJuly 13, 20153min8016
  ၂၀၁၅-၀၇-၁၁ က ပန်းဆိုင်သွားတယ် မျက်စိထဲ နည်းနည်း တဲ့မယ် ထင်တဲ့ ပန်းတချို့ ရိုက်ဖြစ်တယ် ဆိုင်ရှင်တွေက သဘောကောင်းပါတယ်။ အကျအန ရိုက်လို့ အချိန်ရရဲ့ ဒါပေသိ ဝယ်သူတွေကျနေချိန်မို့အလိုက်သိစွာနဲ့ပဲ .. အမြန်ရိုက်ခဲ့တယ် Instant ဆိုပါတော့။ စိန်ပြေနပြေ ထိုင်ရိုက်ပြီး လိုချင်တဲ့ ရလာဒ်ထွက်အောင် ဖန်တီးတာက ပညာတခုဆို ရတဲ့အချိန်အတွင်းမှာ တတ်နိုင်သမျှ လိုချင်တဲ့ပုံထွက်အောင် ရိုက်နိုင်ဖို့လည်း တမျိုး အရေးကြီးသေးရဲ့။   ထိုမှတဖန် post production အရေးကြီးတယ် ဆိုပေမယ့် အဲ့ဒါကို လွှတ်ထားရမယ် ဆိုရင် ဘယ်လိုပြင်မလဲ ဆိုတာကိုပါ တဆက်တည်း လေ့လာဖြစ်သေးတယ်။ (အိမ်စာပြန်လုပ်တဲ့ သဘောပါ)   တချိန်ကဖြစ်ပါတယ်။ ပီစီပျက်သွားတော့ လပေါင်းများစွာ တက္ဘလက် တလုံးနဲ့ နေဖူးတယ် ပိတ်ရက်တွေတိုင်းကတော့ ဓာတ်ပုံအရိုက်မပျက်ဘူး […]


ムラカミJuly 12, 20154min1061540
ဗျို့ သဂျီး ကြည့်မရတာကြာလို့ ဆော်ပြီ မှတ်ပါ။ တခြားဟုတ်ရိုးလားဗျာ။ ရွာထဲ က ပိုစ့်တွေကို Category ခွဲတဲ့ ကိစ္စပေါ့။ ဘယ်လိုခွဲသင့်တယ် ဆိုတာတော့ မပြောပါဘူး။ (ကျနော် က press pro မဟုတ်တာကြောင့်) ဘာတွေ လွဲနေသလဲ ဆိုတာတော့ ဆွေးနွေးချင်ပါတယ်။ ထင်ရာမြင်ရာလည်း ပြောပါအုံးမယ် ရွာသူားတွေလည်း ဘယ်ဟာတိုး ဘာလျှော့ ပြီး ဘယ် sub-category ကို ဘယ် category အောက် ပြောင်းသင့်တယ် ဆိုတာကိုတော့ ဝိုင်းဝန်း ဆွေးနွေးကြစေလိုပါတယ်။ Tag တွေနဲ့ customized ဖြည့်လို့ရတယ်ဆိုပေမယ့် … ခုထက်ပိုပြီး Categories က စနစ်ကျန နေသင့်တာအမှန်။ ဗြုတ်စဗျင်းတောင်း ဖြစ်တယ် ဆိုတာလည်း ဥကိုင် ခညာ […]


ムラカミJuly 10, 20154min211821
    တနေ့က နှင်းဆီပန်း အနီရဲရဲ ရိုက်ပြီး သကာလ.. ဈေးကိုရောက်တော့ နှင်းဆီပန်း ပုစွန်ဆီရောင်ခေါ်မလားဗျာ… အဖူးလေး ဖော့ပိုက်ကွန်စွပ်ထားတာ တွေ့လို့ ဝယ်ခဲ့ပါတယ်။ သူတို့ကတော့ မိတ်ကပ်ရောင် ခေါ်သားဗျ…။ ကြိုက်သလိုခေါ်ပါဗျာ… အရောင်ကတော့ သည်အရောင် ဆိုတာ ပြချင်တာပါ။ ဂလိုနဲ့ အိမ်ရောက်တော့ ရေဆွတ်ပြီး ပန်ကာနဲ့ မှုတ်လိုက်တာ မကြာဘူး ပွင့်ပါရောလား။ ပွင့်လာတော့လည်း အပွင့်အရောင်က ပုံမှာမြင်ရတဲ့အတိုင်း မူလအရောင်ပဲဗျ။ (ဒါ ပထမနေ့ ညနေနဲ့ ညဘက်ရိုက်ထားတဲ့ပုံတွေဗျ)     ပထမဆုံးပုံက reflector ပြား နောက်ခံထားပြီး ရိုက်ထားတဲ့ပုံပါ။ Grey BG လိုချင်လို့ ဆိုပါတော့။     ဒုတိယပုံကတော့ Reflector နောက်ကနေ Christmas Light ကို ထားပြီး အပြာခံ ရိုက်တယ် ဆိုပါတော့ဗျာ။   တတိယပုံကလည်း ထိုနည်းလည်းကောင်းပေါ့…။  ဒေါင်လိုက်နဲ့ […]