Rossie II
တနေ့က နှင်းဆီပန်း အနီရဲရဲ ရိုက်ပြီး သကာလ..
ဈေးကိုရောက်တော့ နှင်းဆီပန်း ပုစွန်ဆီရောင်ခေါ်မလားဗျာ… အဖူးလေး ဖော့ပိုက်ကွန်စွပ်ထားတာ တွေ့လို့ ဝယ်ခဲ့ပါတယ်။
သူတို့ကတော့ မိတ်ကပ်ရောင် ခေါ်သားဗျ…။ ကြိုက်သလိုခေါ်ပါဗျာ… အရောင်ကတော့ သည်အရောင် ဆိုတာ ပြချင်တာပါ။
ဂလိုနဲ့ အိမ်ရောက်တော့ ရေဆွတ်ပြီး ပန်ကာနဲ့ မှုတ်လိုက်တာ မကြာဘူး ပွင့်ပါရောလား။
ပွင့်လာတော့လည်း အပွင့်အရောင်က ပုံမှာမြင်ရတဲ့အတိုင်း မူလအရောင်ပဲဗျ။
(ဒါ ပထမနေ့ ညနေနဲ့ ညဘက်ရိုက်ထားတဲ့ပုံတွေဗျ)

ပထမဆုံးပုံက reflector ပြား နောက်ခံထားပြီး ရိုက်ထားတဲ့ပုံပါ။ Grey BG လိုချင်လို့ ဆိုပါတော့။

ဒုတိယပုံကတော့ Reflector နောက်ကနေ Christmas Light ကို ထားပြီး အပြာခံ ရိုက်တယ် ဆိုပါတော့ဗျာ။

တတိယပုံကလည်း ထိုနည်းလည်းကောင်းပေါ့…။ ဒေါင်လိုက်နဲ့ အလျားလိုက်ကလွဲရင် ဘာဆို ဘာမှ မကွာ

သည်ပုံကတော့ အစိမ်းခံရိုက်ချင်သမို့ ပန်းထိမ်ငိုပန်းတွေရဲ့ အရွက်တွေကြား ထည့်ရိုက်မိတယ်။
သည်အရွက်တွေက အစင်းကြောင်းတွေ လိုင်းတွေ ပါဝင်တယ် မဟုတ်လား။ ဒီ texture တွေဟာ ပွင့်ချပ်တွေရဲ့ နူးညံ့မှုနဲ့ဆို
ပြောင်းပြန် အားဖြင့် အားပြုမယ် ယူဆလို့ပါ။

သည်ပုံကတော့ Black BG နဲ့ သူ့ချည်း သပ်သပ် ခွဲထုတ်ရိုက်ထားတာပါ။

နည်းနည်း ပုံစံပြောင်းကြည့်ထားတာပါ။

ဒါတော့ Bokeh Adapter ဆော့ထားတာ။ ထူးထူးဆန်းဆန်းတော့မဟုတ်ဘူး။
ဒါက ဒုတိယနေ့ပါ ခင်ဗျ။
ပန်းက အပြည့်အဝ ပွင့်သွားပါပြီ။
အဲ့သည်မှာပဲ ဇာတ်လမ်းက စပါတယ်။
ဟုတ်ပါတယ် မနေ့က ပုစွန်ဆီရောင် နှင်းဆီဟာ သည်နေ့မှာ ပန်းရောင်ဖြစ်သွားတာပါ။

သည်ပုံကတော့ အပြင်ထွက်ရိုက်ထားတာပါ။ ဘောင်တခုပေါ်က သံစကာကွက် အစွန်းကို ချိတ်လို့ ရိုက်ထားတာဖြစ်ပါတယ်။ နောက်ဘက်က ခပ်မှိုင်းမှိုင်းက သံချေးတက်နေတဲ့ သွပ်ပြား ဝါးသွားတာပါ
နောက်ထပ် တပုံကလည်း အလားတူပါပဲ။

သည်တခါတော့ အစိမ်းရောင် BG လိုချင်လို့ စံပယ်ရုံက အရွက်တွေ နောက်ခံထားပါတယ်။
မနက်ခင်း နေရောင်ဟာ အဝါသွေးများပါတယ်။
ဒါကြောင့် လိမ္မော်ရောင်သွေး ကျန်နေသေးသလို ခံစားရတာပါ။
အောက်က ၃ပုံကတော့ သေချာချင်လို့ အမည်းရောင်ခံလို့ စမ်းရိုက်ကြည့်တာဖြစ်ပါတယ်။

အမည်းရောင် အခံမှာ ပန်းရောင်သွေး ဆိုတာ ပိုသိသာပါတယ်။
ဒါကတော့ Indoor ဖြစ်သွားပါပြီ။

အမည်းသက်သက်တွေ ရိုက်ရတာပျင်းလာလို့ ကျနော် သည်ပုံမှာ smoke သုံးထားပါတယ်။

ဒုတိယပုံမှာ ပိုသိသာပါတယ်။ ဒါပေမယ့် ပထမပုံကို ပိုနှစ်သက်ပါတယ်။
မီးခိုးကြားက ပန်းပွင့်ပုံမပြချင်ဘဲ haze ကြားက ပန်းပွင့် သက်သက်ပုံကိုပဲ လိုချင်လို့ပါ။

ဒါနောက်ဆုံးပုံပါ…။
နောက်ဆုံးတော့လည်း မြင်တဲ့အတိုင်းပါပဲ။
ဖူးတုန်းက လိမ္မော် ပွင့်တော့မှ ပန်းရောင် ဖြစ်တဲ့ နှင်းဆီ အကြောင်း ကျနော်လည်း မတွေးတတ်တော့ပါဘူး။
သူတို့ သုံးထားတဲ့ ဆေးတွေ … အလင်းရောင် Photons .. ရေ နဲ့ ပွင့်လွှာကိုယ်တိုင်မှာ ပါဝင်တဲ့ ရောင်ချယ်ပစ္စည်းတွေ
ကန်မီကယ် သဘောအရ ဘယ်လို ဓာတ်ပြုတယ် ဆိုတာ တော့ မရှင်းပြတတ်သမို့…
မြင်တာ မြင်တဲ့အတိုင်းပဲ ရိုက်ခဲ့ပါတယ်။
တော်သေးဘီ။
21 comments
ဂျက်စပဲရိုး
July 10, 2015 at 9:48 am
၁၀၊ ၁၁၊ ၁၂ ကြိုက်
haze ကြားထဲက နှင်းဆီက ပိုပြီး ထင်ရှားနေသလို ခံစားရ
@QUIL@
July 10, 2015 at 10:41 pm
ကျုပ်ဘော်ဒါတယောက်ဆို haze ကိုပါ အရောင်ထည့်သဗျ…
(ဖိုတိုရှော့ထဲ ထည့်တာမဟုတ်)
တကယ့် အရောင်ပါတဲ့ haze ထွက်အောင် DIY လုပ်တာ
အရောင်ကတော့ သူရိုက်ချင်တဲ့ subject ကိုလိုက်လို့ ဆိုပါတော့
အဲ့ဘီးကျဲကတော့ တကယ်မလွယ်
😀
ဇီဇီခင်ဇော်
July 10, 2015 at 10:25 am
နောက်ဆုံးး ဂီ လည်းး နှင်းဆီပါမောင် ဆို ပြီးး ဘွပျက်ကောာာာ
ဟို မပွင့်တဲ့ ပန်းးလေးးရော??
Feeling jealous
@QUIL@
July 10, 2015 at 10:43 pm
ခုနောက်ပိုင်း mood က သစ်ခွ mood ဖြစ်သွားပြီဗျာ…
ဝင့်ပြုံးမြင့်
July 11, 2015 at 5:26 pm
.ဒီလိုပဲ ဖြစ်ရမှာပေါ့။ ဘယ်သူ့ဆီက လက်ဆောင်ရတာလဲ
မြစပဲရိုး
July 10, 2015 at 12:31 pm
ပန်း ကလန်ဒါ ထုတ်ဖို့ ကောင်းတယ်။
ပန်းထဲ မှာ လူထိုင် နေတာ မျိုး တွေ လို ဖိုတိုရှော့ ကြည့်ပါလား။ :-)))
@QUIL@
July 10, 2015 at 10:45 pm
ပန်းထဲ လူထိုင်တာက မခက်ဘူးအရီးရဲ့
ကနေ့ခေတ် photoshop တွေအစွမ်းကြောင့် လူပုံကို BG ကနေ ဖြတ်ထုတ်တာ
ဆံတပင်ချင်းအထိ လွယ်လွယ်နဲ့ မြန်မြန် ဖြတ်ထုတ်လို့ရနေပြီ။။။
ခက်တာက manipulate လုပ်တဲ့အခါ ဘယ်လို theme မျိုး ဘယ်လို အတွေးမျိုးနဲ့
ဘယ်လို ရောစပ်မလဲဆိုတဲ့ အိုင်ဒီယာ….
😀
Ma Ei
July 10, 2015 at 12:57 pm
လိမ္မော် ဖြစ်ဖြစ် ပန်းရောင် ဖြစ်ဖြစ် အရောင်ငြိမ်လေး လှလိုက်တာ…
နှင်းဆီတွေ ပိုက်ကွန်ချွတ်ပြီးများဝယ်လာမိရင် ဈေးကနေ အိမ်မရောင်ခင် လမ်းမှာတင်ပွင့်ရော…
နှင်းဆီပန်းမက နှတ်ခမ်းနီပါ အိုက်အရောင်ကြိုက်တာရယ်…
@QUIL@
July 10, 2015 at 10:48 pm
လက်ဖက်နှင်းဆီ ရောဂါဟောင်းပြန်ထနေသယ်ဗျာ…
ပြောမယ့်သာပြောတာ နှင်းဆီပန်းက ဝယ်ရတာမတန်ဆုံးပဲ
ခနလေးနဲ့ ညှိုးသယ်…
😀
တောင်ပေါ်သား
July 10, 2015 at 1:12 pm
ကင်မရာအသုံးအနှုန်း ၊ အယူအဆတွေတော့ နားမလည်ဘူးဗျ ၊
လက်ရာကတော့ မိုက်၏ ၊ ကျော့်မင်ဂါဆောင်ကြရင် ခေါ်မယ်နော် 🙂
Alinsett @ Maung Thura
July 10, 2015 at 5:15 pm
.အနော်နဲ့ ဖွေးဖွေးနဲ့ ယင်မနားလုပ်တမ်း ကစားနေတဲ့ ပုံလေးတွေလည်း ရိုက်ပေးစေချင်သေးတာ
:kwi:
@QUIL@
July 10, 2015 at 10:53 pm
ဆက်ဆက် ဆိတ်ပါရင်
ငလျှင်လှုပ်လို့ ပန်းအိုးကျ ကွဲတဲ့အခန်း ပြန်ရိုက်မယ်လေ…
ဒါပေမယ့် …
စိတ်ကြိုက် ပုံတွေရအောင် … တကယ်မရိုက်ခင်မှာ
ဓာတ်ဆြာကိုယ်တိုင် ကိုယ်ဖိရင်ဖိ အားပါးတရ အသွေးထဲ အသားထဲကနေ
လှေခွက်ကြီးကျန် အလံမလှဲစတမ်း ရီဟာဇယ် သရုပ်ပြပါ့မယ်။
ဒချိ ဒချိ
😀
ဝင့်ပြုံးမြင့်
July 11, 2015 at 5:28 pm
.ဒါရိုက်တာ စိတ်ကူးညံ့တယ်။ အိမ်ပြိုသွားတဲ့ပုံ ရိုက်ပြရမှာကို။
@QUIL@
July 10, 2015 at 10:49 pm
အူးလေး ရာ …
အခုဘဝကြီးမှာ သမုဒ္ဒယမီးတွေ ရှာဦးမလို့လား..
အားဟိ…
(တန်ဆေး၊ လွန်ကောင်း၊ များ ဗဲဒီးဂွတ်)
လုံမလေးမွန်မွန်
July 10, 2015 at 3:01 pm
၁ဝ ကို အကြိုက်ဆုံးပါပဲရှင်…
@QUIL@
July 10, 2015 at 10:55 pm
ကျနော်လည်း နှစ်သက်တယ်ဗျ…
haze မဟုတ်ဘဲ တခြား နည်းနဲ့ ဖန်တီးလို့ရသေးတယ်..
gradient တမျိုးမျိုး သုံးပြီးတော့ပေါ့…။
စမ်းကြည့်ပါအုံးမယ်လေ..
ဒေါ် လေး
July 10, 2015 at 10:30 pm
၄ ပုံကို ကြိုက်တယ်
ရေသီးလေးတွေရော အရောင်ရော
သဘာဝကျကျလေးမို့
@QUIL@
July 10, 2015 at 11:41 pm
တိုင်းခယု ပါဗျ
Ma Ma
July 10, 2015 at 10:34 pm
စကြည့်ကြည့်ချင်း နံပါတ် ၁ ပုံကို ကြိုက်တယ်။
ကြည့်ရင်းကြည့်ရင်း တစ်ပုံပြီးတစ်ပုံ ကြိုက်လာလိုက်တာ…..
အောက်ဆုံးပွင့်ဖတ်တွေ တစ်ဖတ်ချင်းဖြစ်နေတဲ့ပုံလည်း ကြိုက်တာပဲ။ 🙂
warsojuly
July 12, 2015 at 9:38 am
နံပါတ်၆နဲ့၁၂ကြိုက်တယ်..
မနေ့က昆虫の森သွားတာ..ဦးလေးကိုတောင်သတိရသေးတယ်…
လိပ်ပြာတွေလိပ်ပြာတွေဆိုတာ..အုံခဲလို့.
တော်တော်များများတော့ဆော်ခဲ့တယ်…
ကွန်ပျူတာနာဂိုရာမှာကျန်ခဲ့လို့ပုံတွေမတို့ရမတင်ရသေးဘူးဗျာ…
နာဂိုရာပြန်ရောက်မှ..ရွာထဲပုံတွေလာတင်ဦးမယ်
Shar Thet Man
November 23, 2018 at 1:29 pm
ပန်းနဲ့ ပွဲတွေနဲ့ဘာဆိုင်လဲဟင်..ပန်းပုံမတွေ့ဘဲ..ရွှေကျင်မျှောပွဲပုံတွေပဲတွေ့ရတယ်