ဘတ်စကား စီးတဲ့နေ့
တကယ်တော့ ဒီမှာ ဘတ်စကား စီးရတာ ဈေးကြီးပါတယ်။
၁၆ နှစ်အောက် ကလေး တွေ က တစ်ဝက်ဈေး ဘဲ ပေးရတယ်။
၆ဝ ကျော် အသက်ကြီးသူ တွေ ကတော့ အလကား စီးခွင့် ရတယ် လားမသိဘူး။
ပုံမှန် ဆို အသွားအပြန် ခရီး နီးနီးလေး ကိုတောင် ၃ပေါင် လောက်ကျတာ။
ဒါပေမဲ့ ဇုံ တူ တဲ့ လိုင်း တွေ ထဲ တစ်နေ့စာ ကြိုက်သလို တက်လိုက် ဆင်းလိုက် လုပ်လို့တဲ့ Day Zone Ticket လို ဝယ်လိုက်ရင် ၄ပေါင် ပေးရပေမဲ့ တန်တယ် ဆိုပါစို့။
ဒါကြောင့် မြို့လည်ထဲ လိုမျိုး မှာ ကားရပ်ခ ပေးရတာ ကလဲ ဈေးကြီးတာ မို့ အဲဒီကို ကိစ္စရှိလို့ တစ်ယောက်ထဲ သွားမယ်ဆိုရင် ဘတ်စကားစီးပါတယ်။
.တောမြို့ မို့ မြေအောက်ရထား တော့ မရှိ။
ဒီတစ်ခါ တော့ ရွာထဲ ၂၀ဝဖန် နေတဲ့ အကြောင်းက ရှိနေတာ မို့ မှတ်တမ်းပြုပြီး မျှ လိုက်ပါတယ်။
. ပြီးခဲ့တဲ့ အပါတ်ထဲ က ရိုက်ပြီး မတင်ရ သေးတာ။
စီး သွားတာ က နံပါတ်(၁) လိုင်း နှစ်ထပ်ကားကြီး ပါ။
ရုံးချိန် ကျောင်းချိန်မှာတောင် ကြပ်သပ် မနေပါဘူး။
ကလေးကို သူ့ကျောင်း ကို ပို့၊ အဲဒီနားမှာ ကားရပ်ခဲ့ပြီး ဘတ်စကားစီးသွားတာပါ။ မြို့ထဲ ကို ရောက်ဖို့ မိနစ် ၂ဝ လောက်စီးရပါတယ်။
အသက် ၆ဝ မကျော်သေးလို့ လေးပေါင် ခွဲ ပေးရပါတယ်။ မစီးဖြစ်တဲ့ ကာလ ထဲ ကားခ ပြား ၅ဝ ဈေးတက် သွားတယ်။
ဒီကလမ်း တွေ ကို ကြည့်ကြပါ။
တကယ်တော့ ရန်ကုန် က လမ်းတွေ က ပိုပြီး ကျယ်၊ ပိုပြီး လှ ပါတယ်။
ကိုယ့်တိုင်း ကိုယ့်ပြည် ကို သူများ တွေ ဆီမှာလို လှစေချင်ရင်၊ တိုးတက်စေချင်ရင် စေတနာ နဲ့ မခိုးမဝှက် ဘဲ လုပ်ပေးချင်သူ လက်ထဲ သာ အပ်လိုက် ကြပါတော့။
တကယ်က တိုင်းပြည် မှာ ဘဏ္ဍာတွေ လဲ ရှိပါတယ်။ လုပ်ပေးနိုင်တဲ့ လူ့စွမ်းအားတွေလဲ ရှိပါတယ်။ ပြည်သူ တွေလဲ ပင်ကိုယ် အခံ မညံ့ပါ။
လိုနေတာ အစိုးရကောင်း ပါဘဲ။
11 comments
kai
July 10, 2015 at 4:34 am
ယူအက်စ်မှာတော့ အဲလို အဝိုင်းတွေသိပ်မတွေ့ရဘူး..
ခေါ်တာတော့ လွယ်လွယ်ပဲ traffic circle လို့ခေါ်ကြတာပဲ…။
အဝိုင်းလေ..။
အရီးလတ်နေတဲ့မြို့လား..
သပ်သပ်ရပ်ရပ်နဲ့.. လှသဗျ..။
ဂျက်စပဲရိုး
July 10, 2015 at 9:05 am
အဲ့ဒီ ဘတ်စ်ကား ရောက်မယ့် အချိန် ပြတဲ့ ဘုတ်တွေပေါ့
ဆရာ လှောင်သွားတာ..
ဒီနိုင်ငံ က နည်းပညာ ဘယ်လောက် တိုးတက်နေသလဲ ဆိုရင် တဲ့
ကိုယ်ပျောက် ဘတ်စ်ကားတွေ ပါ ရှိတယ် တဲ့။
ဘာလို့လဲ ဆို ဘုတ်မှာတော့ ကားက ရောက်နေပြီ ဆိုပြီး
အဲဒီ ဘတ်စ်ကား ကို ဘယ်နားမှာမှ မမြင်ရလို့ တဲ့။ 😛 😛 😛
Mike
July 10, 2015 at 11:47 am
.ဘတ်စ်ကားခတော့အတော်ဈေးကြီးသားနော်
.တောမြို့တဲ့လား..ခိခိ
.ဘာပြောပြော ဘတ်စ်ကားခပြန်ရတော့မှာပါလေ…. :))
မြစပဲရိုး
July 10, 2015 at 12:45 pm
သူကြီး ရဲ့
ဒီမှာတော့ အဲဒီ အဝိုင်း တွေ ချည့်ဘဲ။
လူတွေ ရဲ့ စည်းကမ်းပိုင်း အား ကောင်းတော့ သူ့ဟာ နဲ့ သူ အပေး အယူ လုပ်သွား တာ။
မဟုတ်လို့ ကတော့ ထင်သလို သွားနေရင် လည် သူ မြန်သူ ဘဲ သွားစတမ်း ဖြစ်တော့မှာ။
မောင်ဂျက်
သတင်းမှား ပြ တာနေ ကို ဆိုလိုတာလား။ :-))
မိုက်
ကိုယ့် ရွှေပြည်ကြီး ကိုလဲ တော နဲ့ မြို့ မကွာတော့ တဲ့ အခြေ ရောက်စေချင်လှပါတယ်။
တောင်ပေါ်သား
July 10, 2015 at 12:58 pm
အရီးတို့မြို့က လူရှင်းနေသလိုပဲ ၊
နေလို့ကောင်းမယ်ထင်တယ်
ကားခကတော့ မြောက်သဗျာ 🙂
ဇီဇီခင်ဇော်
July 10, 2015 at 2:38 pm
ဘတ်(စ) ကို အပေါ်ထပ်ရဲ့ ရှေ့ဆုံးကို သိပ်ကြိုက်တယ်။
ဒါမဲ့ ရုပ်ရှင်တွေ အကြည့်များပြီး
Risk Assessment နဲ့ ပတ်သက်တဲ့ လက်ချာတွေ နားထောင်တာများပြီး
မတော်တဆ အရှိန်ပြင်းပြင်းကနေ ရုပ်တရက် ဘရိတ်အုပ်ရတဲ့ အခြေအနေတို့ ဝင်ဆောင့်မိတဲ့ အခြေအနေတို့မှာ ရှေ့မှန်ကနေ ကိုယ်က လွင့်သွားနိုင်တယ် စဉ်းစားမိပြီး မထိုင်ဖြစ်တော့။
:mrgreenn:
လုံမလေးမွန်မွန်
July 10, 2015 at 2:45 pm
အဟင့်.. ရောဂါတက်အောင် ပုံတွေလာပြနေတယ်…
တစ်ချိန်ချိန်တော့ စပယ်ယာ တွန်းတင်တွန်းချမခံရတဲ့ ဘတ်စ်ကားမျိုး စီးရဖို့ မျှော်လင့်မိပါရဲ့… 🙄
Ma Ei
July 10, 2015 at 4:30 pm
တောမြို့ဆိုတာ မြ ပြောလို့သာရုံရမှာပါ
လမ်းကျဉ်းပေမယ့် ပလက်ဖောင်းနဲ့ သစ်ပင်တွေနဲ့ လှလှပပလေးရယ်
မြ စာလေးတွေဖတ်ရင်း ဖတ်ရင်း တစ်ကယ်လိုအပ်နေတာ အစိုးရကောင်း ဆိုတာ ပိုသိမြင်လာတယ်
တစ်ဦးတစ်ယောက်ထဲ အားနဲ့တော့ မရလောက်ဘူးမို့ အားကငယ်ငယ်
အဲ့လိုလှပနေတဲ့ ကိုယ့်တိုင်းပြည်ကိုများ မြင်ရရင် သေပျော်ပါပြီ မြရယ်…
ဒေါ် လေး
July 10, 2015 at 10:15 pm
မြို့မှာ လူဦးရေနဲ့ နေရာ သွားလာရေး က အချိုးကျတယ်ထင်တယ်
လူတွေ အိမ်တွေ ရှုပ်ရှက် ခတ်မနေဘူး
မြန်မာပြည်မှာက မြို့နဲ့ လူဦးရေ နေရာ ထိုင်ခင်း သွားလာရေးက
ကြပ်ညှပ်နေတယ် လမ်းဘေး ဈေးသည် များလွန်းတယ်
မြေနေရာ အကျယ်ကြီး ရှိပါလျှက်နဲ့ မြို့တွင်းထဲတင် အထပ်မြင့်တွေ ဆောက်ပြီး
ကားထားဘို့နေရာမရှိ လူတွေ လမ်းလျှေက်စရာ နေရာ မရှိ
လမ်းမပေါ်တက်လျှောက် ယဉ်တိုက်မှု ခဏ ခဏ ဖြစ်
ယဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှု အားနည်း
အရီးပြောသလို နိုင်ငံတကာ အတွေ့အကြုံရှိပြီး စေတနာရှိသူကို
နိုင်ငံအုပ်ချုပ် မင်း လုပ်ခွင့် အတွက် မဲထည့်မည်
Ma Ma
July 10, 2015 at 10:43 pm
Park & Ride ကို အိမ်စာလုပ်နေတဲ့ nature ကို ပြောပြရမယ်။ 😆
ဒီမှာလည်း Multi Storey Car Park လုပ်နေပြီ။
ဒါပေမယ့် မြို့လယ်မှာ မဟုတ်တော့ ရပ်မယ့်သူမရှိဘူး။
ပြောရမယ်ဆို ဒီကလူတွေက ကားပေါ်ကဆင်း ဈေး/ကျောင်း/အိမ် ရောက် တာကို အကျင့်ပါနေကြပြီး နည်းနည်းလေးမှ လမ်းမလျှောက်ချင်ကြတာကလည်း ပြဿ နာ တစ်ခုပဲ။ 🙁
Alinsett @ Maung Thura
July 11, 2015 at 7:17 am
ဒီပိုစ့်ထဲကနေ မြို့ထဲ အလည် ရောက်ခဲ့ပြီ။ လက်တွေ့ လာချင်လိုက်တာာာ
——
ရန်ကုန်က ဦးဝိစာရ အဝိုင်းလို အဝိုင်းတွေမှာ ဖြတ်သွားမိတိုင်း ကြုံရတာက
ဘယ်ဘက်အခြမ်းက လာနေတဲ့ကားကို ဦးစားပေးပြီး ဘယ်အခြမ်းက ကားရှင်းပြီဆိုမှ
လွတ်လောက်မှ ထွက် မောင်း ပတ် စနစ်ကို စည်းကမ်းတကျ မလိုက်နာခြင်းပဲ။
လေးဘက် လေးတန်က ကားတွေထဲမယ် ကိုယ့်ဘက်ကနေ ခပ်မြန်မြန် ထိုးထွက်နိုင်ဖို့ပဲ
ဦးစားပေးယာဉ်ကို စောင့်ဖို့ထက် အလောသုံးဆယ် အလုအယက် ထွက်လိုက်နိုင်ဖို့က အဓိကလို ဖြစ်နေတာာ
.အပြစ်တော့လည်း မဆိုရက်ပြန်. . .
အဲ့အဝိုင်းထိပ်တွေတင်မက ဘယ်နေရာကြည့်ကြည့် ယာဉ်ကြော ပိတ်ဆို့နေတာကို တစ်လျှောက်လုံး လှိမ့်ပိမ့်ခံပြီး
ဆီကုန် အချိန်ကုန် လူပန်း မောင်းနေကြရတာ မဟုတ်လားးးး