johnnydeerMarch 27, 20151min30511
…အသက် ၈၈ နှစ်အရွယ် တဏှာရူး အာဏာရူး အဖိုးကြီးတစ်ယောက်ကြောင့်…. …လောက်ကိုင်ဆိုတာ… …နာမည်ကြီးလာရပြန်ပါတယ်… ….. …အရုပ်ဆိုးဆိုး…စိတ်ဓာတ်ဆိုးဆိုး…လုပ်ရပ်ဆိုးဆိုး လူတစ်ယောက်ကြောင့်… …ကျောက်ဆည်ဆိုတာလဲ… …နာမည်ကြီးလာရပြန်ပါတယ်… ….. …တိုင်းပြည်မျက်နှာ တစ်ခုပဲကြည့်တတ်တဲ့… အမှန်တရားကို ပိသလေးဘေးပစ်ပြောတတ်တဲ့… အသံဝါဝါ လူတစ်ယောက်ကြောင့်… …နတ်မောက်ဆိုတာလဲ… …နာမည်ကြီးလာရပြန်ပါတယ်… ….. …ကြိုတင်စီမံထားတဲ့ အမည်မသိ လူအုပ်ကြီးဆိုတာနဲ့အတူ… …မိတ္ထီလာ ဆိုတာလဲ… …နာမည်ကြီးလာရပြန်ပါတယ်… …… …ရည်ရွယ်ချက်ရှိရှိ မိုက်မိုက်မဲမဲ ပြု မူမှု နှင့်အတူ… …ဒီပဲယင်း ဆိုတာ… …နာမည်ကြီးလာရပြန်ပါတယ်… ….. …မီးလောင်ဗုံး…ဝမ်ပေါင်…ရဟန်းသံဃာ ဆိုတာနဲ့အတူ… …လက်ပတောင်း ဆိုတာ… …နာမည်ကြီးလာရပြန်ပါတယ်… ….. …စိတ်ဓာတ်ခပ်ညံ့ညံ့လူတစ်ယောက် ကျွေးတဲ့ ဒံပေါက်တစ်ထုတ်နဲ့အတူ… …တောင်သာ ဆိုတာလဲ… …နာမည်ကြီးလာရပြန်ပါတယ်… ….. …ကျောင်းသားတွေ လူမြင်ကွင်း ပက်ပက်စက်စက် […]


johnnydeerMarch 26, 20151min21711
အမြန်လမ်း ကားမောင်းရတော့မယ်ဆိုတော့လဲ….. အမြန်လမ်းတလျှောက် တိုက်ကြ မှောက်ကြ သေကြတာတွေ မေ့ထားပါတယ်…. …. လေယာဉ်စီးတော့မယ် ဆိုပြန်တော့လဲ…. စီးလုံးပျောက်သွားတဲ့ မလေးရှားလေယာဉ်ကြီးအကြောင်း မေ့ထားပါတယ်… …. ရာသီဥတုအကြောင်းတွေးမိပြန်တော့လဲ… သစ်တောတွေ ခုတ်ချင်သလို ခုတ်နေကြတဲ့ ခရိုနီဆိုတာတွေ မေ့ထားပါတယ်… …. မြေယာအကြောင်း စဉ်းစားမိပြန်တော့လဲ… ကိုယ့်တိုင်းကိုယ့်ပြည်မှာ နေစရာမရှိ ကျုးကျော်ဖြစ်နေကြတာတွေ မေ့ထားပါတယ်… …. မြန်မာ့ထိပ်ပိုင်း အာဏာရခေါင်းဆောင်ဆိုသူများအကြောင်း တွေးမိပြန်တော့… မုသာဝါဒ ဆိုတာကြီးကို မေ့ထားပါတယ်… …. ကလေးတွေ ကျောင်းပို့ရမယ် ဆိုပြန်တော့လဲ… ဆိုးဝါးလှတဲ့ ပညာရေးစနစ်အကြောင်း မေ့ထားပါတယ်… …. သူငယ်ချင်းတွေအကြောင်း စဉ်းစားမိပြန်တော့… နိုင်ငံရပ်ခြားက မိဝေးဖဝေး သူငယ်ချင်းတွေအကြောင်း မေ့ထားပါတယ်… …. ထမင်းစားတော့မယ် ဆိုပြန်တော့လဲ… လယ်မဲ့ ယာမဲ့ ထောင်ထဲရောက်နေတဲ့ တောင်သူဦးကြီးတွေကို […]


johnnydeerMarch 26, 20151min1856
သူခိုး….သူခိုး…. အိမ်ကြားမှာလား….လမ်းကြားမှာလား…. အဲယားကွန်းခန်း… စားပွဲကြီးနဲ့ ဖုန်းကြီးနဲ့…. ….. ….. ဒမြ…ဒမြ… တောထဲမှာလား…တောင်ထဲမှာလား… မြို့လယ်ခေါင်မှာ… မောင်းတံကြီးနဲ့ ဖြတ်ပိုင်းနဲ့… ….. ….. အကြမ်းဖက်သမား…အကြမ်းဖက်သမား… အာရပ်မှာလား…အာဖရိကမှာလား… မြန်မာပြည်မှာ လက်ပတ်နီနဲ့ တုတ်ကြီးနဲ့…. …. …. လူလိမ်…လူလိမ်…. ကလေကချေလား…အုတ်ကြားမြက်ပေါက်လား… ရုံးပြင်ကနား… တိုက်ပုံကြီးနဲ့ ခေါင်းပေါင်း နဲ့… …. … .ပြည်သူ…ပြည်သူ…. အမိအရာလား…အဖအရာလား… ကျုးကျော်တဲမှာ… ထရံအစုတ် …ငပိဖုတ်နဲ့…. ….. ….. သူတောင်းစား…သူတောင်းစား… ခွက်ဆွဲလို့လား…လမ်းဘေးမှာလား… လမ်းထောင့်ကြီးမှာ… ယူနီဖောင်းနဲ့ ခရာနဲ့… …. …. ((တော်ပြီ…တော်ပြီ…ဆက်မရေးတော့ဘူး…. တော်ကြာ ကဗျာစမ်းရေးကြည့်တာ အစိုးရက ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်တာ ခံနေရဦးမယ်…သားသား ကြောက်ကြောက်…))


johnnydeerAugust 6, 20141min1357
  မှတ်မိပါသေးတယ်……. 2010 မတိုင်ခင်တုန်းကဆို ဟိုတယ်တွေ… တည်းခိုခန်းတွေဆို…ဟိုက လာနှိပ်စက်လိုက်…ဒီက လာနှိပ်စက်လိုက်နဲ့…ရန်သူမျိုး ငါးပါးထဲက …ဟို.. တစ်ပါးဒဏ် တော်တော် ခံလိုက်ရတာကိုး… အလှုငွေ ဘယ်လောက်အနည်းဆုံးထည့်ပါရန် ဆိုသည့်နည်းကတစ်မျိုး…. ဖုန်းဖြင့် အခန်းပေးပါဦးဆိုသည့်နည်းက တစ်ဖုံ…. ဘာပွဲရှိလို့ အခန်းယူသည်ဖြစ်စေ…မယူသည်ဖြစ်စေ…မဖြစ်မနေ ချန်ထားပေးပါရန် ဆိုပြီး စာထုတ်လို့ က တဖုံ…. နည်းပေါင်းစုံ နဲ့ အနှိပ်စက်ခံ ခဲ့ရတာပေါ့… ဟိုဟာ သည်းခံ…ဒီဟာ သည်းခံ နဲ့…ဘုရားဟောခဲ့တဲ့ ခန္တီစ သည်းခံခြင်းဆိုတဲ့ တရားကိုလဲ တော်တော့ကို  နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ရပါတယ်… ဘာမဟုတ်တဲ့ …ကိုယ့်ပုဆိုး ကိုတောင် မနိုင်တဲ့သူက မူးထောင်ပြီး …ငါ့ကို ဘာမှတ်နေလဲ…မင်းတို့ ဟိုတယ် သတိထား…ဧည့်စာရင်း လာစစ်ပစ်လိုက်မယ် ဆိုပြီး ခြိမ်းခြောက်သွားတာတွေလဲ ခံခဲ့ရပါရဲ့….(ဧည့်စာရင်း စစ်လို့ ဧည့်စာရင်း […]


johnnydeerJuly 2, 20141min1475
  ဘော့လုံးပွဲ တစ်ပွဲ ကန်တယ်…. တစ်သင်းက ညစ်ပြီး နိုင်နေတယ်….ဒါပေမယ့် ခြေအနေအထားက မကောင်းတော့ဘူး…သေချာပေါက်လောက်နီးပါး ရှုံးတော့မယ်… ရှုံးနေတဲ့ အသင်းကလဲ ပရိတ်သတ် အားကိုးနဲ့ ကဘောက်တိ ကဘောက်ချာ ကန်နေတယ်… ဒိုင်ကလဲ ဒိုင်လို့ သာ ပြောရတာ… နိုင်တဲ့အသင်း ဂျာစီပေါ်က ဒိုင်ဂျာစီ ကြီး ထပ်ဝတ်ပြီး နိုင်တဲ့ အသင်းဘက်ကို ညစ်နိုင်သလောက် ညစ်ပေးနေတယ်… လုံခြုံရေးစောင့်နေတဲ့ သူတွေကလဲ လုံခြုံရေးလို့သာ ပြောရတာ…နိုင်တဲ့ အသင်းကလူတွေပဲ ဂျာစီ ပြောင်းဝတ်ထားကြတာ… တစ်ယောက်နဲ့ တစ်ယောက် ကပ်ခါရှိသေး…. ရွှီး… .ဖောင်းဘော… နိုင်တဲ့ အသင်းဘက်ကကြီး အမြဲ ကန်ခွင့်ရနေတယ်… ဧရိယာအတွင်းထဲရောက်ရင် ပယ်နယ်တီ ချပေးဖို့ ဒိုင်ကလဲ ပါးစပ်မှာ ခရာက အဆင်သင့်… ရှုံးတဲ့ အသင်းကလဲ […]


johnnydeerApril 1, 20141min1364
  မြန်မာတွေက ပျင်းတယ်…. မြန်မာတွေက စည်းကမ်းမရှိဘူး… မြန်မာတွေက မနာလိုစိတ်များတယ်… မြန်မာတွေက စိတ်ဓာတ်မကောင်းဘူး… ဒီလို စကားစုတွေကို မြိန်ရည် ရှက်ရည် ပြောနေကြသူများမှာလဲ မြန်မာများပဲ ဖြစ်နေကြတာကိုတော့ ထူးဆန်းအံ့ဩဖွယ်တွေ့ရပါတယ်… လူဆိုတာကတော့ မွေးလာကတည်းက ပျင်းပြီးမွေးလာတာမဟုတ်ပါဘူး…စိတ်ဓာတ်တွေ ယုတ်မာပြီး မွေးလာတာ မဟုတ်ပါဘူး..စည်းကမ်းမရှိပဲ မွေးလာတာ မဟုတ်ပါဘူး…လူနေမှု အဆင့်မြင့်ပါတယ်…စည်းကမ်းရှိလှပါတယ် ဆိုတဲ့ တိုင်းပြည်က ကလေးတွေကော…လူနေမှုအဆင့်အတန်း နိမ့်ကျလှပါတယ်…ဖြစ်ချင်တိုင်း ဖြစ်နေပါတယ် ဆိုတဲ့ တိုင်းပြည်က ကလေးတွေကော မွေးလာလာချင်းတော့ အားလုံး အဖြူထည်လေးတွေပဲ မွေးလာကြတာပါ…သင်ကြားမှု…သင်ယူမှု…ပတ်ဝန်းကျင် စသဖြင့် ကွာခြားလာလို့သာ ရိုင်းတယ်…ယဉ်တယ်…မြင့်တယ်..နိမ့်တယ် ဆိုပြီး သတ်မှတ်လာကြတာပါ…ရိုင်းတာကို ယဉ်အောင် လုပ်ပေးလို့ မရဘူးလား…နိမ့်တာကို မြင့်အောင်လုပ်ပေးလို့ မရဘူးလား… ကဲ…မြန်မာတွေ ပျင်းတယ် လို့ပြောတယ်… ပျင်းတယ် ဆိုတဲ့ လူတစ်ယောက်ကို ဆန်းစစ်ကြည့်ရအောင်…ဒီလူတစ်ယောက်ဟာ […]


johnnydeerMarch 22, 20141min1707
ကျွန်တော်တို့ မြို့တစ်မြို့လုံးလဲ ဖိုင်ဘာကြိုးမြုပ်ဖို့ဆိုလား…အိမ်ရှေ့တွေမှာ တူးဆွသွားလိုက်တာ တစ်မြို့လုံး ဗွက်ထသွားတာပါပဲ… မြို့လူထုလဲ စိတ်တွေကိုညစ်လို့… တကယ်လို့များပေါ့… ဆက်သွယ်ရေးက စည်ပင်သာယာနဲ့ပေါင်းပြီး… ဖိုင်ဘာ မြုပ်ဖို့ တူးဖို့လုပ်ရင်း တခါထဲတွဲပြီး ရေစီးရေလာကောင်းအောင် ရေနှုတ်မြောင်းတွေ တူးဖော်ပေးသွားရင် မြို့လူထု ဘယ်လောက်များ ကျေးဇူးတင်လိုက်ကြမလဲဆိုတာ… ………………………………… စဉ်းစားမိတာလေး ပြောပြတာပါ….. ………………………………… ဒီလိုပါပဲ…. ဟိုတနေ့ ရန်ကုန်ကနေ အမြန်လမ်းအတိုင်း ပြန်လာတော့…. လမ်းမြေသားဖို့ ရန်အတွက် လမ်းဘေးမြေကြီးတွေ ဖြစ်သလို တူးထားတာတွေ တွေ့တော့လဲ စဉ်းစားမိသေးတယ်… ဪ… လမ်းအတွက် မြေသား တူးတာများ ဒီလို ပစ်စလက်ခတ် မတူးပဲ…ရွာတွေ ရှိတဲ့ ပတ်ဝန်းကျင်မှာ စနစ်တကျ ရေကန်လိုမျိုးတူးပြီး ထွက်တဲ့ မြေသားကိုမှ လမ်းခင်းလိုက်ရင်…. ရွာသူရွာသားတွေလဲ တစ်နှစ်ပတ်လုံး မဟုတ်တောင် ထိုက်သင့်သလောက်တော့ […]


johnnydeerMarch 17, 20141min23111
မပြောတော့ဘူးလို့နေတာ… ဒါပေမယ့် သိချင်တဲ့သူတွေတအားများနေလို့ ပြောပြတာ… ဟို…လေယာဉ်ပျံ ကိစ္စလေ… ဒီလို…ဒီလို… လေယာဉ်ကြီးက မလေးရှားက ထွက်ပြီး တအောင့်နေတော့ တီဗီမှာ အစီအစဉ်တစ်ခုပြတယ်… ပြတာက ((ထူးဆန်းထွေလာ ပြည်မြန်မာ))ဆိုပြီးတော့…အစပိုင်းကတော့ လူတွေက စိတ်မဝင်စားဘူး…တန်သုံးဆယ် ကျောက်စိမ်းတုံးကြီး ပြလိုက်မှ လေယာဉ်တစ်ခုလုံး သဲသဲမဲမဲ စိတ်ဝင်စားသွားကြတယ်…ပါတာတွေကလဲ တရုတ်တွေများတာကိုး… ကျောက်စိမ်းတုံးကြီးက ဗြုန်းကနဲ ရွှံ့   တုံးကြီးအဖြစ် ပြောင်းသွားတော့ လူတွေအကုန်လုံးလဲ… ဟာ…ကနဲ ဖြစ်သွားပြီး  တရုတ်ပြည်မသွားတော့ဘူး…မြန်မာပြည်ပဲသွားမယ်…မြန်မာပြည်မှာထူးဆန်းအံ့ဩဖွယ် မျက်လှည့်ကြည့်မယ် ဖြစ်ကြပါရော… ခရီးသည်တွေက ဝိုင်းအရေးဆိုကြရော…လေယာဉ်မှုးက လက်မခံဘူး…အဲ့တော့ ခရီးသည်တွေက စာရွက်တွေကိုင်ပြီး ဆန္ဒပြကြတာပေါ့… လေယာဉ်မှုးကလဲ ခွင့်ပြုချက်မရှိပဲ ဆန္ဒပြရင် အရေးယူမယ်ဆိုပြီး အမြင့်ပေ ၄၅၀၀ဝ ကိုပျံတက်ပြပြီး ခရီးသည်တွေကို ချိန်းခြောက်တယ်…မရဘူး…ထပ်ပြီးမီးလောင်ဗုံးနဲ့  ခွဲပစ်မယ်ဆိုပြီး ထပ်ခြိမ်းခြောက်တယ်…မရပြန်ဘူး… နောက်ဆုံး အနုနည်းနဲ့ အချိုသတ်တယ်…ဒီမိုကရေစီ […]


johnnydeerMarch 13, 20141min1163
နတ်မောက်…. မင်းဘာမှ ထပ်မပေးနဲ့တော့… အောင်ဆန်းတစ်ယောက်နဲ့တင်… လုံလောက်တယ်ဆိုတာထက်… ပက်ပက်စက်စက် ပိုလျှံခဲ့ပြီးသား… ကျောက်ဆည်… မင်းဘာမှ ထပ်မပေးနဲ့တော့… (….) တစ်ယောက်နဲ့တင်… လုံလောက်တယ်ဆိုတာထက်… ပက်ပက်စက်စက် ပိုလျှံခဲ့ပြီးသား…


johnnydeerMarch 5, 20141min24814
အရင်တုန်းက ဘဝမှာ  ဖြစ်ပျက်ခဲ့တာလေးတွေဟာ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ခပ်ဆင်ဆင်လေးတူနေလို့ ဒီစာလေးကို ရေးလိုက်တာပါ… ×××× အရင်တုန်းက ကျွန်တော်တို့ မိသားစုမှာ လူလေးယောက်ပဲ ရှိပါတယ်…အဖေရယ်…အမေရယ်…အကိုရယ်..ကျွန်တော်ရယ်ပေါ့…ဘဝမှာ ဘာမျှော်လင့်ချက်မှ မထားခဲ့ကြသလို…ဘာလောဘမှလဲ မရှိခဲ့ကြဘူး…ဘာပိုင်ဆိုင်မှုမှ မရှိခဲ့ကြပဲ အင်မတန်အေးချမ်းတဲ့ ဘဝလေးကို တည်ဆောက်နေထိုင်ခဲ့ကြပါတယ်… အမေက အားလုံးကို အနှိုင်းမဲ့ မေတ္တာနဲ့ ချစ်တယ်…အားလုံးကလဲ အမေ့ကို ဝိုင်းချစ်ကြတယ်…အမေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အိမ်မှာ ဘာပြသနာမှ မရှိခဲ့ဖူးဘူး…နောက်  ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်….ကျွန်တော်တို့ လူမှန်းသိတတ်တဲ့ အရွယ်ကစပြီး အခုအချိန်ထိ ကျွန်တော်တို့နှစ်ယောက် တစ်ခေါက်မှ ရန်မဖြစ်ဖူးဘူး…ကျွန်တော်တို့ နှစ်ယောက်ကြားလဲ ဘာပြသနာမှ မရှိခဲ့ဖူးဘူး…သားတွေကို အကြီးကြီး မျှော်မှန်းလွန်းတဲ့ အဖေနဲ့ မျှော်မှန်းသလို ဖြစ်မလာတဲ့ သားတွေကြားသာ တခါတလေ အနည်းအကျဉ်းပြသနာဆိုတာ ရှိတတ်ပါတယ်…ဒါလဲ တခါတလေမှပါ…အားလုံး ခြုံကြည့်လိုက်ရင်တော့ […]


johnnydeerMarch 4, 20141min23316
နံပတ်  (၁)ကျွန်တော် ဘာပစ္စည်းကို ချီးချီး ထိုက်သင့်တဲ့ အတိုးကို ပေးပြီးမှ ချီးတတ်ပါတယ်… နံပတ် (၂)နောက်ပြီး အခုတလော ကျွန်တော် အရာရာကို အကောင်းမြင်တဲ့ စိတ်နဲ့ပဲ ကြည့်တတ်အောင် ကိုယ့်ဘာသာကို လေ့ကျင့်နေပါတယ်… ××××××××××××××××××××××××××××××××××××××××××××××××××××××× မိန်းမ …ကလေးနှစ်ယောက် လက်ဆွဲပြီး သူ့ အိမ်သူ ဆင်းသွားတယ်… ××××××××××××××××××××××××××××××××××××××××××××××××××××××× အကောင်းမြင် စိတ်ကလေးနဲ့ပဲ  တွေးကြည့်လိုက်ပါတယ်… နံပတ် (၁) ကိုယ့်အတွက်….ကလေးတွေ မွေးကတည်းက အိပ်ရေး ဝဝ မအိပ်ခဲ့ရတာ အခုမှပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ရတော့တယ်… နံပတ် (၂) မိန်းမအတွက်…သူ့အိမ်သူ ပြန်ရတော့ ပျော်စရာကြီးပေါ့… နံပတ် (၃) ယောက်ခမတွေအတွက်…အရင်း… သမီးတင်မက အတိုး… မြေးနှစ်ယောက်တောင် ပြန်ဆပ်နိုင်လိုက်တယ်… နှစ်ပေါင်းများစွာ တင်နေတဲ့ အကြွေးတစ်ခုဆပ်နိုင်ခဲ့ပြီ… ××××××××××××××××××××××××××××××××××××××××××××××××××××××× […]


johnnydeerFebruary 24, 20141min1797
ဟိုတယ်နဲ့ ပတ်သက်ပြီး စိတ်ထဲ မှတ်မှတ်ထင်ထင် စွဲကျန်ခဲ့တာလေးတွေပါ…. အဖြစ်အပျက်တစ်ခုက… ဟိုတယ်ကို အသက် ငါးဆယ်လောက်ရှိတဲ့ လူကြီးတစ်ယောက် ဗင်ရှေ့ဆွဲလေး မောင်းပြီး ဝင်လာတယ်…ကျွန်တော်ကလဲ မေးလိုက်တယ်…အန်ကယ်…အခန်းယူမလို့လားခင်ဗျ…ဆိုတော့ မဟုတ်ပါဘူး ညီလေးရယ် တဲ့…အန်ကယ် စုံစမ်းစရာလေးရှိလို့ပါတဲ့…ဟုတ် မေးပါခင်ဗျ…ဆိုတော့ ဒီ ဟိုတယ်မှာ **** နာမည်နဲ့ ကောင်မလေးတစ်ယောက်လာသလားလို့ပါ တဲ့…ကျွန်တော်လဲ ဧည့်သည်စာရင်းကြည့်ပြီး… မရှိပါဘူး အန်ကယ် ဆိုတော့….သူက အန်ကယ့်သမီးလေးပါ…ဆယ်တန်းပဲ ရှိသေးတယ်…ပျောက်သွားလို့ဆိုပြီး ပြိုတော့မယ့် မိုးလို မျက်နှာ နဲ့ အသံတုန်တုန်နဲ့ ပြောရှာတယ်…အဲ့ဒီနောက် သူ့ဖုန်းနံပတ်လေး ပေးပြီး အဲ့ဒီနာမည်နဲ့ ကောင်မလေး လာတည်းရင် သူ့ဆီဖုန်းဆက်ဖို့ ပြောပြီး ဒီအနီးအနားမှာ ဘယ်ဟိုတယ်တွေ ရှိသေးလဲမေးပြီး ဆက်ထွက်သွားတယ်… ဒီအန်ကယ်ကြီးနဲ့ ခဏလေးပဲ ရပ်စကားပြောမိပါတယ်…သူ့ဆီက သောက အပူမီးက ကိုယ့်ကို သိသိသာသာကြီးကို […]


johnnydeerFebruary 21, 20141min24810
ကျွန်းသစ်ကို ဗြင်း… ကြက်ဆူခင်း လို့… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ…. လူကောင်း စတေး… လူယုတ် မွေးလို့… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… မြစ်ကိုလဲ ရောင်း… တောင်ကို ရောင်းလို့… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… ပုဆိုးလှန်ပြ… ဗိုက်လှန်ပြပြီး… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… တနပ်စာ ဖျောက်… နွားနို့သောက်ပြီး… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… ဟိုဟာကို တို့… ဒီဟာ ရှို ့ ပြီး… တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… လူကောင်းကို ထောင်… လော်ဘီဆောင်ပြီး…. တည်ဆောက်ခဲ့သည်… ဒီမိုကရေစီ… ဒီလို တည်ဆောက်… ဒီလို ဖောက်လို့… ရောက်ပါ့မည်လား… ဒို့ မြန်ပြည်… မျှော်လေ ဝေးလေ… ဒီမိုကရေစီ…