ခင္ခAugust 15, 20121min19814
ကက်ဖိန်း သုံးစွဲခြင်း ကက်ဖိန်းစွဲခြင်းသည် ကက်ဖိန်းဓာတ်ပါသော ကော်ဖီ၊လဘက်ရည်တို့ကို စွဲစွဲလမ်းလမ်းအားထား သောက်လေ့ ရှိခြင်းဖြစ်သည်။ ကော်ဖီ၊ လဘက်ရည် သည် တစ်ကမ္ဘာလုံး အများစု နေ့စဉ်သုံးစွဲနေသော စားသောက်ကုန်ဖြစ်ပါသည်။ ဆေးဝါး(Drug) တစ်မျိုးဟူ၍လည်း စာရင်းဝင်နေသည်။ ကက်ဖိန်း အစွမ်းမှာ ကိုယ်ထဲရောက်သွားလျှင် နိုးနိုးကြားကြား ဖြစ်လာပြီးတွေးသောစိတ်ကူးပုံတွင် သဲသဲကွဲကွဲဖြစ်လာခြင်းဖြစ်သည်။ ကက်ဖိန်းတွင်လှုံ့ဆော်သော အက်ဒရီနာလင် ဓာတ်များ၏ အစွမ်းဖြစ်သည်။ သို့သော် ကက်ဖိန်းသည် ကြာမြင့်စွာမှီဝဲကျင့်ရှိသွားလျှင် မှန်မှန်မသုံးစွဲပါက နေမထိထိုင်မသာ ဖြစ်ရလေ့ရှိသည်။ ကက်ဖိန်း မသုံးစွဲခြင်းကြောင့် ဖြစ်လေ့ရှိသည်ကို သတိမထားမိကြပေ။ ကက်ဖိန်းကို များများစားသောက်ခဲ့ပြီး လုံးဝမသောက်ပါ ဘူးဆိုပြီး တိကနဲဖြတ်လိုက်လျှင် ထိုသို့   ဖြစ်တတ်လေ့ရှိသည်။ ဖြစ်တတ်သည့်လက္ခဏာအများစုမှာ ခေါင်းကိုက်တာရယ်၊ မလှုပ်ချင်မကိုင်ချင်ဖြစ်တာရယ်၊ ပင်ပန်းနွမ်းနယ် နေတာရယ်၊ တချို့ဆို ပျို့တာ၊ အော်ကလီဆန်တာ၊ စိတ်ဓာတ်ကျ […]


ခင္ခAugust 14, 20121min14114
မနေနိုင်လို့ ပြောပါရစေ။ “ဟို နောက်က ကလေးတွေ အဲဒီက ကာထားတဲ့ သစ်သားတန်းတွေပေါ် သိပ်မတက်ကြနဲ့လေ အကုန်လုံးကျိုးကုန်မှာပေါ့၊ မမြင်ရရင်လာ ဒီရှေ့မှာ လာထိုင်ပြီး ကြည့်ကြ၊ ရှေ့ဆုံးတန်းကလူကြီးတွေ ကလေးတွေအတွက် နေရာနည်းနည်းလေး ချန်ပေးပြီး နောက်လေးနည်းနည်း ဆုတ်ပေးကြရင် ကလေးတွေ အတွက် လည်း အမြင်ကောင်းသွားမယ်၊ အားလုံးလည်း အဆင်ပြေသွားမယ်ဗျာ။ လုပ်ပါကူညီစိတ်လေးနဲ့ လုပ်ကြပါဗျာ။ လာလာ ကလေးတွေ ရှေ့လာ´´ ဆိုပြီး ဘုရားပွဲလေး တစ်ခုမှာ စတိတ်ရှိုးကမည့် ဇာတ်စင်နားသွားရပ်ကြည့်မိတုံးက မြင်ကွင်းလေးပါ။ ဆက်ပြီးတော့ ကျွန်တော် ဘာမှဆက်မပြောရင် ဘာပြောကြမလဲဟင်။ ဆိုပေမယ့် မနေနိုင်လို့ ပြောပါရစေ။ ၁၉၄ရ ခုနှစ်၊ မေလ ၁၉ ရက် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမိန်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တာက- တကယ့် ဒီမိုကရေစီ […]


ခင္ခAugust 14, 20121min9215
“ဟို နောက်က ကလေးတွေ အဲဒီက ကာထားတဲ့ သစ်သားတန်းတွေပေါ် သိပ်မတက်ကြနဲ့လေ အကုန်လုံးကျိုးကုန်မှာပေါ့၊ မမြင်ရရင်လာ ဒီရှေ့မှာ လာထိုင်ပြီး ကြည့်ကြ၊ ရှေ့ဆုံးတန်းကလူကြီးတွေ ကလေးတွေအတွက် နေရာနည်းနည်းလေး ချန်ပေးပြီး နောက်လေးနည်းနည်း ဆုတ်ပေးကြရင် ကလေးတွေ အတွက် လည်း အမြင်ကောင်းသွားမယ်၊ အားလုံးလည်း အဆင်ပြေသွားမယ်ဗျာ။ လုပ်ပါကူညီစိတ်လေးနဲ့ လုပ်ကြပါဗျာ။ လာလာ ကလေးတွေ ရှေ့လာ´´ ဆိုပြီး ဘုရားပွဲလေး တစ်ခုမှာ စတိတ်ရှိုးကမည့် ဇာတ်စင်နားသွားရပ်ကြည့်မိတုံးက မြင်ကွင်းလေးပါ။ ဆက်ပြီးတော့ ကျွန်တော် ဘာမှဆက်မပြောရင် ဘာပြောကြမလဲဟင်။   ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။  


ခင္ခAugust 13, 20121min1455
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်၊ ရတနာဂီရိဂူကြီးတိုက်နှင့် မျက်နာခြင်းဆိုင်တွင်ရှိသည့် ပလပ်စတစ်၊ စက္ကူ၊ ပုလင်း အဝယ်လုပ်ငန်းတစ်ခုတွင် ယနေ့နံနက် ၈နာရီခွဲခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ထိုုပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးလျှက်ရှိပြီး ပေါက်ကွဲမှုကြောင့် ၂၈ နှစ်အရွယ်လူငယ်တစ်ဦးနှင့် သုံးနှစ်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာ အနည်းငယ် ရရှိသွားကြောင်း CJMyanmar မှ သတင်းရရှိသည်/ Facebook မှာဝင်လာတဲ့ Mandalay Voice ကသတင်းမို့ ပြန်လည်ကူးယူဖော်ပြပေးလိုက်တာပါ။


ခင္ခAugust 13, 20121min17112
ဝဿုန္ဒေနတ်မင်းလည်း ငိုရှာပြီ။ မနေ့က နေ့လည်ဖက် မြောက်ပြင်ဘက်က သူငယ်ချင်းတစ်ယောက်ဆီ သွားရင်းနဲ့ အပြန် မာမီစံရဲ့ ပန်းလက်ဆောင်    ရောင်းတဲ့ဆိုင်ကို ဝင်ခဲ့လိုက်တယ်၊ မန္တလေးမှာ ကျုံးမြို့ရိုးှနှင့် နန်းတော်ကိုအခြေပြုပြီး နန်းတော်၏ အရှေ့အရပ် ၌  နေသူ များကို နန်းရှေ့ ၊ နန်းတော်၏ မြောက်အရပ်၌ နေသူများကို မြောက်ပြင် စသည်ဖြင့်ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ မာမီစံရဲ့ Flower Gift Shop ဆိုင်ကို တံခါးလေးဖွင့်ဝင်လိုက်တာနဲ့ မာမီစံ – ဟယ် ခင်ခ မပေါ်လာအတော်ကြာတာ အခုဘယ်ကနေ မျက်စိလည်လာတာတုံး။ ကျွန်တော် – ဘယ်ကမှ လည်လာတာမဟုတ်တ်ပါဘူး မာမီစီကိုဘဲလာတာပါ၊ မွေးနေ့က ဆုတောင်းလက်ဆောင်ပန်းပို့ပေး လိုက်တာ ရတဲ့အကြာင်းနဲ့ ကျေးဇူးတင်ကြောင်းလာပြောတာ။ သတိတရပို့ပေးလို့ ကျေးဇူးနော်။ မာမီစံ – […]


ခင္ခAugust 12, 20121min26016
ရတုအဆက်ဆက် မိမိတို့ ဆောင်ရွက်ခဲ့တဲ့အရာတစ်ခု သက်တမ်းနှစ်တွေကြာလာရင် အဲဒီနှစ်တွေကိုအမှီပြုပြီး ဘဲဖြစ်ဖြစ်၊ အကြိမ်အရေ အတွက်ကိုဘဲဖြစ်ဖြစ် ရတုအခေါ်လေးတွေနဲ့တင်စားတတ်ကြပြီး ရတုအဆက်ဆက် ဖြတ်ကျော် ခဲ့မှု့အပေါ်မှာလည်း   ကျေနပ်ဝမ်းမြောက် တက်ကြပါတယ်၊ ဒါကြောင့်  ရတုတွေရဲ့အခေါ်အဝေါ်လေးတွေကို သိရှိရအောင် ဖတ်ဖူးတဲ့ တိုလီမိုလီ စာပေစုထဲက ပြန်ရေးပေးမလို့ပါ။ သိပြီးသားတွေလည်း ဖြစ်ချင်ဖြစ်နေကြမှာပါ။ 1 st year    – Paper ( စက္ကူ ရတု ) 2 nd year  – Calico ( ပိတ်ချော ရတု ) 3 rd year   – Leather( သားရေ ရတု ) 4 th year   –  Silk […]


ခင္ခAugust 11, 20121min16612
ကြုံခဲ့မိတဲ့ အဖြစ်အပျက်လေး မိတ်ဆက်ခြင်းအကြောင်းလေးကို တီချယ်ကြီး က “ ပျူပျူဌာဌာ လူတကာကို ´´ ဆိုတဲ့ပိုစ့်လေးရေးတင်ထားတာကို ဖတ်မိပြီး ကျွန်တော်ကြုံခဲ့မိတဲ့အဖြစ် အပျက်လေး တစ်ခုကိုရေးပြချင်တာပါ။ တစ်ခါက မန်း အိုဒီယမ်တယ်ဟောက်စ် စားသောက်ဆိုင်မှာ ကျင်းပမည့် မင်္ဂလာဧည့်ခံပွဲတစ်ခုက ဖိတ်ကြားတာနဲ့ ကျွန်တော်နဲ့မိတ်ဆွေတစ်ယောက်အတူတွဲလို့ တက်ရောက်ခဲ့ပါတယ်၊ ဖိတ်ကြားထားတဲ့ သတို့သား၏ ဖခင်နှင့် အလွန်ရင်းနှီးတာကြောင့် နောက်ကျပြီးသွားရင်ပြောနေအုံးမယ်ဆိုပြီး ဖိတ်စာထဲက ဧည့်ခံပွဲစတင်ကျင်းပချိန်ထက် ၁ဝမိနစ်လောက်ဘဲနောက်ကျပြီးရောက်သွားခဲ့ပါတယ်၊ ကျွန်တော်တို့ခန်းမရောက်တော့ သတို့သားအဖေက ခရီဦးကြိုပြုပြီး ခန်းမထဲကစားပွဲဝိုင်းတစ်ခုမှာနေရာပေးလို့ ဝင်ထိုင်လိုက်တာပေါ့၊ အဲဒီစားပွဲဝိုင်းမှာ ကျွန်တော်တို့ ထက်စောစွာရောက်နေ့တဲ့ အမျိုးသားနှစ်ယောက်လည်းထိုင်နေတာပေါ့၊ သတို့သား၊ သတို့သမီးမလာရောက်သေး တာမို့ရောက်တဲ့သူတွေလည်း စောင့်နေစဲနှင့် ဧည့်ခံပွဲလာရောက်တဲ့သူတွေလည်း ဝင်လာမစဲဘဲပေါ့လေ။ ဒါနဲ့ဘဲ ကျွန်တော်တို့နဲ့ တစ်စားပွဲတည်းမျက်နှာချင်းဆိုင်ထိုင်နေတဲ့ သူတို့နဲ့ကျွန်တော်အကြည့်ချင်းဆုံတော့ အမျိုးသားနှစ်ယောက်ထဲက တစ်ယောက်ကပြုံးပြတာနဲ့ ကျွန်တော်လည်းပြန်ပြုံးပြပြီး ကျွန်တော် ဘယ်ကုမ္မဏီက […]


ခင္ခAugust 10, 20121min24219
အသားစားမလား၊ ငါးစားမလား၊ လူငယ်တွေကို မေးကြည့်လို့ အသားစားမလား၊ ငါးစားမလားဆို အတော်များများ အသားစားလိမ့်မယ်ထင်ပါတယ်၊ တကယ်တော့ ငါးစားခြင်းသည် ကျန်းမာရေးနဲ့ညီညွတ်တဲ့အကြောင်း ကျွန်တော့်ရဲ့ တိုလီမိုလီစာပေစု ထဲကနေ ပြန်လည်ဖောက်သည်ချ ရေးလိုက်ပါအုံးမယ်။ ငါးအမျိုးစားတော်တော်များများတွင် ကာဘိုဟိုက်ဒရိတ်ဓာတ်မှတဆင့် ဗီတာမင်ဘီဓာတ် Niacin ကိုထုတ်ပေးပါသည်၊ အလားတူစွာ ဗီတာမင် ဘီ(၆)  အနေအားဖြင့် ကျန်းမာ၍ကြံခိုင်မှုရှိအောင် တည်ဆောက်ပေးပါသည်၊ ငါးများတွင် သံဓာတ် ပါဝင်မှုကြောင့် သွေးထဲတွင်အထူးလိုအပ်သော သွေးနီဥများမှတဆင့် ခန္ဓာကိုယ်အသားမျှင်များ ထဲသို့ အောက်စီဂျင်ဓာတ်များကို ဖြန့်ဝေပေးပါသည်၊ ခန္ဓာကိုယ်တွင်သံဓာတ်ချို့တဲ့ပါက ချည့်နဲ့ပြီး ကတုန့် ကယင်ဖြစ်သည့်  ဒူလာရောဂါ၊ အမျိုးသမီးများတွင် သံဓာတ်အားနည်း၍ မူးဝေခြင်း ဖြစ်တတ်ပါသည်၊ အရိုးပါစား၍ ရသောငါးကလေးများစားပါက ကလ်စီယမ်ဓာတ်ပါရရှိနိုင်သဖြင့် အရိုးများကို သန်မာထွားကျိုင်းစေပါသည်။ Salmon ၊ ငါးကြင်း ၊ ငါးသလောက်များ […]


ခင္ခAugust 9, 20121min24329
ကျွန်တော်ပြောတဲ့ ကျွန်တော်အကြောင်း စကားပုံလေးတစ်ခုရှိတာကြားဖူးတယ် ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်တဲ့၊ ဒါပေမယ့် ဒီပိုစ့်လေးက ကျွန်တော့် အကြောင်းလေးတွေကို ရေးမှာဆိုတော့ မသူတော်တော့ဖြစ်မှာဘဲ၊  ဖြစ်ခါမှဖြစ်ရော ပိုစ့်လေးတော့ရေးလိုက်မယ်လို့ ဘဲဆုံးဖြတ်ပြီး ရေးလိုက်ပါတော့မယ်နော်။ တိုလီမိုလီစာပေစုနဲ့ ကျွန်တော် ကျွန်တော်ပိုစ့်လေးတွေရေးတဲ့အခါ ကိုယ့်အမြင်၊ ကိုယ့်အတွေးနဲ့မဟုတ်ဘဲ မျှဝေသိစေချင်တာလေးတွေလည်း ရေးခဲ့ ဖူးပါတယ်၊ ဥပမာ- သစ်သီးအချို့နဲ့ကျန်းမာရေး တို့၊ ပျားရည်အသုံးဝင်ပုံတို့ စသည်ဖြင့်ပေါ့၊ အဲလိုရေးတဲ့အခါဆို အခြေခံ တဲ့စာအုပ်လေးတွေက တစ်ခါတလေ တစ်အုပ်ထဲကမဟုတ်ဘဲ နှစ်အုပ်၊သုံးအုပ် ဖြစ်သွားတတ်တယ်၊ သစ်သီးအချို့ ကျန်းမာရေးမှာ ဖရဲသီးအကျိုးကိုရေးတုံးကဆိုရင် မင်းစံအိမ် ရဲ့အသက်ရှည် ကျန်းမာဖို့စာအုပ်၊ ဒေါက်တာ ဆရာမြင့် ရဲ့ သဘာဝဆေးပင်များနှင့် ရောဂါကုသနည်းစာအုပ်၊ ဒေါက်တာခင်မောင်လွင် ရဲ့ ကျန်းမာသုတ ဒေါက်တာမီမီကို ရဲ့ ရောဂါနဲ့စားစရာ အဲဒီလေးအုပ်ကိုဖတ်ပြီးမှ ကောက်နုတ်တင်ပြပေးခဲ့တာမို့တိုလီမိုလီစာပေစုမှလို့ […]


ခင္ခAugust 7, 20121min18616
နောက်ပြန်မလိမ့်မိဖို့လိုတယ်နော် ဒီနေ့ညနေရုံးကပြန်တော့ မန္တလေး ၃၅လမ်း ရန်ကြီးအောင်ဂုံးကနေ ဖြတ်မောင်းမိတယ်၊ ဂုံးအတက်ရှေ့က မောင်းနေတဲ့ ကားက မန္တလေး-ပြင်ဦးလွင် လိုင်းကားဟိုက်လတ်ဖြစ်ပြီး၊ ခရီးသည်မပါဘဲ ကုန်ပစ္စည်းအော်ဒါရလာတာနဲ့တူတယ် ကားပေါ်မှာစက္ကူပုံးတွေနဲ့ကုန်တင်လာတာတွေ့တယ်၊ ညနေရုံးဆင်း၊ အလုပ်ပြန်ချိန်ဆိုတော့ ဂုံးပေါ်အတက် မှာ ရှေ့က ကားတန်းပိတ်နေလို့ ရပ်လိုက်ရွေ့လိုက်ပေါ့၊ အဲဒီမှာဂုံးတက်ဖြစ်နေလို့ ရှေ့က ဟိုက်လတ်ကား လေးရပ် လိုက်နောက်ခန်း ကပါတဲ့ စပယ်ယာကကားနောက်ပြန်မ လိမ့်အောင်ခုတဲ့ ဂျမ်းတုံးလေး လက်နဲ့ဆွဲယူ ဆင်းလို့ နောက်ဘီး မှာ ခုလိုက်၊ ကားလေးရှေ့လိမ့်ထွက်တော့ ခုထားတဲ့ဂျမ်းတုံးလေး ဖြုတ်ယူပြီးကားပေါ်တက်လိုက်၊ ကားလေးရပ်ပြန်တော့ ဂျမ်းတုံးလေး ယူပြီးဆင်းခုလိုက် ကားလေးရှေ့ လိမ့်သွားတော့ ဂျမ်းတုံးလေးယူပြီး ကားပေါ်တက်လိုက် ကားလေး ရပ်ပြန်တော့ဆင်းပြီး ဂျမ်းတုံးခုလိုက်နဲ့ နောက်ဆုံးဂုံးထိပ်ရောက်သွားမှဘဲ စပယ်ယာလေးလည်း ကားနောက်ခန်းအေးဆေး ထိုင်ရပြီးမှ ကျွန်တော်ကိုလည်းလှမ်းပြုံးပြလိုက်သေးတယ်။ အဲဒိမှာစဉ်းစားမိတာက ကားစပယ်ယာလေးဘာလို့ […]


ခင္ခAugust 7, 20121min14111
ခင်တတ် မင်တတ် ဖော်ရွေတတ် ပါတယ်။ ကျွန်တော်ကိုးတန်းကျောင်းသာအရွယ်လောက်ကပါ၊ ကျွန်တော်အဖွားက အဆုတ်ကင်ဆာသဘောမျိုးဖြစ်တယ်လေ။ အဲဒီခေတ်ကာလတုံးက အခုလို ပြင်ပဆေးရုံ နဲ့ အထူးကုဆေးခန်းတွေ မရှိသေးဘူး၊ ဆေးရုံဆိုလို့ ရန်ကုန်ပြည်သူ့ဆေးရုံ ၊ အနောက်ပိုင်းဆေးရုံ၊ အမျိူးသမီးဆေးရုံ စတဲ့ အစိုးရဆေးရုံတွေဘဲရှိတဲ့အချိန်ပေါ့၊၁၉၇၈-၇၉ ခုနှစ် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အုပ်ချုပ်တဲ့ကာလကပါ။ ကျွန်တော်ကျောင်းပိတ်တဲ့နွေရာသီဖြစ်နေတော့ အဖွား ဆေးရုံကြီး သွားပြရင်အဖော်လိုက်သွား ရတယ်လေ၊  ရောဂါဖြစ်လို့သွားပြတဲ့ အဖွားကို ဆေးရုံကတာဝန်ကျသူနာပြုဆရာမကက မေးပုံကလည်း ဟောက်သံနဲ့မေးသလို၊ ဆရာဝန်ကြီးလာပြီဆိုတာနဲ့ ဆေးရုံကြီး စင်္ကြန်လမ်း ဘေးကပ်ပေးရတာ ကာထားတဲ့အုတ်နံရံထဲဝင်မတတ်ဘဲ၊ ဆရာဝန်ကြီးမျက်နှာကလည်း အသက်ငင်နေတဲ့လူနာဆိုအသက်ထွက်လောက်တယ်၊ အဲဒါ အခန်းထဲ က အဖွားအမည်ခေါ်လို့ဆရာဝန်ကြီးဆီဝင်ခွင့်ရတဲ့အတွက် ဝင်သွားတာပေါ့၊ ဆရာဝန်ကြီးကစမ်းသပ်ပြီး ဓာတ်ကင်ရမယ်၊ ဆေးစာရေးပေးလိုက်မယ်လို့ပြောတော့ အဖွားက “ဓာတ်ကဘယ်လောက်ကြာကြာ ကင်ရမှာလည်း ဘာလို့ကင်ရတာလဲ´´မေးတော့ အဲဒါဓာတ်ကင်ဌာနမှာမေးကြည့်လို့ ဒါဘဲပြောပြီးအခန်းထဲကသွားတော့ မျက်နှာမျိုးကြည့်နေလို့ […]


ခင္ခAugust 6, 20121min25617
အပူဖြင့်ငွေရှာသူ နှင့် အအေးဖြင့်ငွေရှာသူ တစ်နေ့သောနေ့လည်ခင်း(၄)နာရီမထိုးမှီလောက် ဆိုင်ကယ်မောင်းလာရင်းနဲ့ ဗိုက်ထဲဆာသလိုလိုရှိလာလို့ လမ်း၈ဝ နှင့် ၂၆ လမ်းဆုံမီးပွုင့်အနီးက သျှမ်းခေါက်ဆွဲဆိုင်မှာ ဝင်ပြီး စားမလို့ သျှမ်းခေါက်ဆွဲအသုတ်တစ်ပွဲ မှာထားလိုက်ပါတယ်၊ မှာထားတဲ့ သျှမ်းခေါက်ဆွဲလာမပို့သေးခင် စားပွဲမှာထိုင်ရင်း သျှမ်းခေါက်ဆွဲလုပ်တဲ့ ဦးလေးကြီးကိုကြည့်မိလိုက်တယ် ဒူးဇစ်လောက်ဘောင်းဘီနဲ့ စွတ်ကျယ်လက်ပြတ်အကျင်္ ီဝတ်ထားပြီး ဘယ်ဘက်ပုခုံးပေါ်မှာ မျက်နှာသုတ်ပဝါအလတ်အရွယ်လေးတင်လို့ ချွေးတွေနှင့်ချက်ပြုတ်လုပ်နေလေရဲ့ သူနံဘေးမှာ မီးသွေးမီးဖို သုံးလုံးမီးမွှေးပြီးတည်ထားတယ်၊ တစ်အီုးက ဟင်းရည်အိုးဖြစ်ပြီး၊ ကျန်နှစ်အိုးက ရေနွေးအိုးတည်လို့ သျှမ်းခေါက်ဆွဲအဖတ်၊ ဂျုံခေါက်ဆွဲအဖတ်တို့ ပြုတ်ဖို့အတွက်ပါ။ သူကတော့ မီးဖိုအပူနားမှာ လုပ်ကိုင်ရင်း ငွေရှာရတာမို့ အပူဖြင့်ငွေရှာသူများလို့ တင်စားမိပါတယ်၊ အဲဒီလိုဘဲ အကြော်ရောင်းတဲ့သူတွေ၊ စားသောက်ဆိုင်က စဖိုမှုးတွေ၊ သံရည်ကြိုစက်ရုံက လုပ်သားတွေလည်း အတူတူပေါ့၊ အဲဒီလို သျှမ်းခေါက်ဆွဲအသုတ်ပြုလုပ်နေတဲ့ ရောင်းတဲ့ဦးလေးကိုကြည့်နေရာကနေ လမ်းရဲ့တဖက်ကို လှမ်းမျှော်ကြည့်မိတော့ ကိတ်မုန့်နဲ့ […]


ခင္ခAugust 4, 20121min28713
ဘယ်လိုသောက်ကြမလဲ ဆီးကျောက်မတည်အောင် ဆီးကျောက်တည်ရောဂါမဖြစ်ရအောင် ရေများများသောက်ဖို့လိုပါတယ်၊ ရေများများသောက်ရင် ဆီးများများသွားပြီး ဆီးအနည်ကျတာ မဖြစ်တော့တဲ့အတွက် ကျောက်တည်ဖို့အလား အလာအလွန်နည်းမှာဖြစ်ပါတယ်၊ ရေသောက်နည်းသူတွေမှာ ဆီးကျောက်တည်ရောဂါ ဖြစ်တတ်တာတွေ့ရပါတယ်၊ သောက်ရေဆိုတာ ရေသန့်ဘဲဖြစ်ဖြစ် ကျိုချက်ထား တဲ့ရေဘဲဖြစ်စေ ကောင်းပါတယ်၊ ဒါပေမယ့် တစ်ချို့တွင်းရေတွေမှာ ထုံးဓာတ်ပါဝင်မှု့များတာကြောင့် ကျိုချက်လိုက်ရင် ပျော်ဝင်နေတဲ့ ထုံးဓာတ်တွေဟာ အောက်ကိုအနည်ကျ လာပါမယ် ဒါကိုအအေးခံပြီးရင် ရေစစ်နဲ့ဖြေးဖြေးချင်းလောင်းထဲ့စစ်ပြီးသောက်သင့်ပါတယ်၊ များသောအားဖြင့် တောင်ပေါ်နဲ့ အထက်ဖက်တွေကတွင်းရေတွေမှာ ထုံးဓာတ် များတာတွေ့ရပါတယ်။ နောက်တစ်ခုက ဖျော်ရည်တွေဖြစ်တဲ့ သံပရာရည်တို့၊ နာနတ်ရည်တို့ သဘောင်္သီးဖျော်ရည် စတဲ့ဖျော်ရေတွေဟာ သဘာဝဖျော်ရေတွေမို့ အင်မတန် ကောင်းပါတယ်၊ တစ်ခုတော့ရှိတယ် သကြားမထည့်ဘဲ သောက်နိုင်လေပိုကောင်းလေပါ၊ မတတ်သာလို့ထည့်ရင်တောင် အတတ်နိုင်ဆုံး အနည်းဆုံးထည့်သင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သကြားဟာ များများစားရင် ဆီးချိုရောဂါဖြစ်နိုင်တဲ့အပြင် ဆီးကျောက်တည်ခြင်းကိုပါ ဖြစ်စေနိုင်လို့ပါ။ သကြားတင်မကပါဘူး […]