“ ပျော်ရွှင်ဆင်နွဲ  ရွာအလှူပွဲ”     ချိုက်ဆိုတဲ့ရွာက ရွာကြီးလို့ပြောလို့ရပါတယ်။ အိမ်ခြေ ၃၀ဝ ကျော်လောက်ရှိပါတယ်။ ရွာရဲ့အဓိကအလုပ်က ကြက်သွန်နီစိုက်တယ်။ ကပ်ကြေး လုပ်တယ်။ သူ့ အနေအထားနဲ့သူ သူ့အလုပ်အကိုင်နဲ့ သူ သာယာဝပြောတယ်လို့ပြောနိုင်ပါတယ်။ ဒီရွာလေးမှာလွန်ခဲ့သော (၂)နှစ်လောက်က ရေဘေးဒဏ်ကိုခံလိုက်ရပါတယ်။ ရွာလေးကိုပါတ်ပြီး စီးသွားတဲ့ ယင်းချောင်းဆိုတာ ရွာအောက်မှာရှိပါတယ်။ ရွာကအမြင့် ချောင်းက အနိမ့်ပါ။ ယင်းချောင်းက ပုံတောင်ပုံညာက နေအခြေခံလာပြီး ဧရာဝတီထဲကို စီးဝင် တယ်လို့ဆိုပါတယ်။ အဲဒီယင်းချောင်းထဲကိုတောင်ကျရေတွေလှိမ့်ဆင်းလာပြီး ရွာထဲကိုရေတွေဝင်ပါတယ်။ ကျနော်တို့ တည်းတဲ့ ဆယ်ပေအမြင့်လောက်ရှိတဲ့ နှစ်ထပ်အိမ်ကြမ်းပြင်ကိုရေရောက်တယ်ဆိုတော့ တစ်ရွာလုံး နီးပါးရေအောက်ကို ရောက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ နှစ်ပေါင်း(၆၀)ကျော်လောက်အတွင်းမှာပထမဆုံးအကြိမ်လို့ ဆိုိုနိုင်ပါသတဲ့။ ရေတွေတအိအိတက်လာတာမြင်တော့ နည်းနည်းလေးပိုမြင့်တဲ့ ရွာလယ်ပိုင်းမှာသွားပြီးခိုနေကြရပါတယ်။ တစ်ချို့ကလဲ ရွာမြောက်ဘက်က ရွှေဂူဘုန်းကြီးကျောင်းပေါ်တက်ပြီးရေ ရှောင်ကြရပါသတဲ့။ အဲ့ပါတ်ဝန်းကျင်မှာ ရွှေဂူကျောင်းက […]


  “မော ဇာတ်လမ်း ”   မောလိုက်တာနော်……… ဒီဇာတ်မျောကြီးမှာလေ တောကလူ မြို့ရောက် မြိုကလူတောဆင်း အရူးကွက်နင်းနေတာကို လက်ခုပ်တီး။ ဟိုဆရာတော်များရှိခဲ့ရင် ဘယ်လို “ယီး”တိုက်မယ်ဆိုတာ သိချင်မိပါရဲ့။ အချင်းချင်းလဲ ခုတ်လိုခုတ် ဖြုတ်ထုတ်သတ်လို့ အမြစ်ဖြတ်တဲ့အခါဖြတ် အရမ်းကို ဇာတ်တွေရှုုုပ်ကြတာပါ။   တကယ်လုပ်သူ အထဲဝင် အပြင်မှာတော့ ဘူကောင်တွေများ ပေါင်းစားနိုင်သူက ခေတ်မပျက်ဘဲသူဌေးဖြစ် မဲညစ်နေတဲ့ငွေကို ခဝါသည်ငှားပြီး လျှော်သူလျှော် မတော်တရော်လုပ်နေသူ တွေကစင်ပေါ်ရောက်။   ရွှေဝါပြည် က ငထက်ခိုင်မာ ကိုယ်စားလွှတ်သူကိုတော့ ဘေးမောင်းထုတ် ချုပ်တဲ့အခါချုပ် ချော့တဲ့အခါချော့ ပျော့တဲ့အခါပျော့ လျော့တဲ့အခါလျော့ ဟိန်းတဲ့အခါဟိန်း ထိန်းတဲ့အခါထိန်း တကယ့်ကိုငြိမ်းမရတဲ့မီးတွေ။   မခေါ်ဘူးဆိုမှထူးလိုထူး မဝင်ရဘူးဆိုမှလူလုံးပြ ဝါးလုံးခေါင်းထဲလသာ ပုဆိုးခြုံထဲကလက်သီးပြ မမြင်ရတဲ့နေရာက အော်လိုအော် အော်” […]


“ချိုက်ရွာလား”   ကျနော်တို့မန္တလေးရုံးမှာမန်းလေးမြို့ခံတွေတင်မကဘဲ အနယ်နယ်က လာပြီးအလုပ်လုပ်ကြသူတွေလဲရှိပါတယ်။ “ချိုက်”ဆိုတဲ့ နာမယ်ထူးထူးဆန်းဆန်းလေး နဲ့ ရွာလေးက လာပြီး အလုပ်လုပ်တဲ့ သူက သူတို့ရွာမှာ ကထိန်ခင်းမယ်လိုက်ခဲ့ပါလို့ပြောလာပါတယ်။ လွန်ခဲ့သောနှစ်က သူတို့ မိသားစုက သိမ်ဆောက်ပြီးလှူတုံးကလဲကျနော်မလိုက်ဖြစ်ခဲ့။ အခုတန်ဆောင်မုန်းလပြည့်မှာတော့ ဆိုင်ကလဲ  ၂ ရက်ပိတ်တော့ လိုက်သွားဘို့ အဆင်ပြေပါတယ်။ ဒါနဲ့ဘဲ အဝေးဖိတ်ညမှာ ကျနော်တို့ထွက်။ အနီးဖိတ်နေ့ညနေအလှူလှည့်။ တန်ဆောင်မုန်းလပြည့်နေ့မှာရေစက်ချ တရားနာ။ အဲဒီုလပြည့် နေ့ နေလည်မှာပြန်မယ်လို့ စီစဉ်လိုက်ကြပါတယ်။ မသွားခင် ၃-၄ရက်လောက်ကတည်းက လှူဘွယ်ပစ္စည်းတွေဝယ်ကြပြုကြနဲ့ အလုပ်တွေရှုပ်လို့ပေါ့။ ကျနော်တို့အတူသွားမယ့်လူက အားလုံး ( ၁၂)ယောက်။ ရွာရောက်ရင် သီချင်းဆိုဘို့ အတွက် မန္တလေးကနေ  ဆောင်းဘောက်တွေစက်တွေ တစ်ခါထဲသယ်သွားကြပါတယ်။ Light truck  နဲ့ သွားကြမှာပါ။ ကားနောက်ခန်းရှေ့ပိုင်းမှာပစ္စည်းတွေကို သေချာတုပ်နှောင်ပြီးတင်။ ပေါ့ပေါ့ပါးပါးလေးတွေက […]


လမ်းပေါ်မှာ (ဓါတ်ပုံပိုစ်)       ရွာတစ်ရွာကိုအရောက် လမ်းပေါ်မှာ ဓါတ်ဖမ်းကြည့်တာပါ   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 15-11-2014


“အဖြည့်ခံ”   ခင်ဗျားသွားချင်ရာသွားဘို့ အဖော်များလိုရင် ကျနော်ကိုခေါ်ပါ ကျနော်ကအားနေလို့ပါ။ ခင်ဗျားမှာလျှာတွေယား စကားပြောဖော်များမရှိရင် ကျနော့်ကိုခေါ်ပါ ကျနော်ကအားနေလို့ပါ။ ခင်ဗျားမှာတစ်ယောက်ထဲပျင်း ငြင်းစရာလူလိုရင် ကျနော်ကိုခေါ်ပါ ကျနော်ကအားနေလို့ပါ။ ခင်ဗျားမှာအဖော်မရှိ တစ်ယောက်ထဲ အားများအားနေရင် ကျနော့်ကိုခေါ်ပါ ကျနော်အားနေလို့ပါ။ ခင်ဗျားမှာစိတ်တွေများ ကျပ်စရာလူများလိုရင် ကျနော့်ကိုခေါ်ပါ ကျနော်အားနေလို့ပါ။ ခင်ဗျားမှာ …………………………… ……………………………. ကျနော့်ကိုခေါ်ပါ ကျနော်အားနေလို့ပါ။ ကျနော်အားနေလို့ပါ။ ကိုပေါက်လက်ဆောင်အတွေးစဉ် 15-11-2014


” အသိပေးကြေညာချက် “ ရွေးချယ်စရာမရှိ ပါသောကြောင့် မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ရသည့် ပထမဇနီး ( မပုတု)သည်၎င်း အပြော ချိုချိုဖြင့်ကတိတွေ တွင်တွင်ပေးသည်ကို ယုံကြည်မိ၍ ဆွေမျိုးမိဘအသိုင်းအဝိုင်းက သဘောမတူသည့်ကြားမှ ပေါင်းသင်းမိခဲ့သော (ဒေါ်အူတူ)သည်၎င်း အရင်သူတွေထက် သာရပါစေမည် ဟုအကြိမ်ကြိမ်ပြောလွန်း၍ ပုံအပ်မိသော (မိတာနော) သည်၎င်း ခေါ်ဆို၍မရ နိုင်ခြင်း အဝိုင်းလည်ပြသည်မှလွဲ၍ မည်သို့မှဆောင်ရွက်ပေးနိုင်ခြင်း မရှိကြပါသောကြောင့် ၎င်းတို့အားကြိုတင်ပေးအပ်ထားသောငွေများကုန်သည့်နေ့တွင် ၎င်းတို့နှင်ပြတ်စဲမည်ဖြစ်ကြောင်းမိတ်ဆွေအပေါင်းအားအသိပေးအပ်ပါသည် ကာဗမို ၃၁-၁၁-၂၀၁၄


ဖွားဖွားနဲ့မြေးးးးးးးးးးး(ဓါတ်ပုံပိုစ်)     ရွာလေးတစ်ရွာရောက်တုံးရောက်ခိုက် မြေးအဖွားပုံလေးတွေကို လိုက်ရို်က်ထားတာလေး တွေကို သတိတရ တင်ပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 11-11-2014


  အကြည့် လေးများ (ဓါတ်ပုံပိုစ်)   3စူးစမ်းတဲ့အကြည့်   ရွာတစ်ရွာကိုအလှူလိုက်သွားရင်း မြင်ခဲ့ရတဲ့အကြည့်လေးတွေပါ     ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ   8-11-2014


“ရန်ကုန် ရန်ကုန် ရွှေတိဂုံ”   ရန်ကုန်ရောက်တော့ ကျနော် ရွှေလင်ပန်းမှာသွားနေရပါတယ် ။ အဲ့ဒီနားမှာရိုက်စရာဆိုလို့ ဒီအပင်ဘဲရှိတယ် မိရိုးဖလာ ကိုးကွယ်သူဆိုတော့ ရန်ကုန်ရောက်ရင်ရွှေတိဂုံ မသွားဘဲမနေနိုင်ပါဘူး။           ညနေခင်းမှာ ရွှေတိဂုံ ရဲ့ ညမြင်ကွင်းကို မှတ်တမ်းယူကြပါတယ်။     နောက်တစ်ရက်ခြားမှာ တစ်ခါထပ်ရောက်ပါတယ်၊   ဘုရားမှာသန့်ရှင်းရေးလုပ်နေကြသူတွေကိုမြင်ရ တော့ လေးစားမိပါတယ.်။   ဘုရားမှာ လုပ်မယ့် အစား ဒီပြင်နေ့ရာ သွား လုပ်ပါလားလို့တော့ မပြောပါနဲ့ လူဆိုတာ ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ်နေကြတာပါ။ အရာရာတိုင်းကို ဥစ္စာပစ္စည်းနဲ့ နိုင်းပြီး တိုင်းတာလို့ မရ နို်င်တာလဲ အမှန်ပါဘဲ။ ကျနော်တို့ရောက်တဲ့အချိန်ဘုရားကိုငြမ်းဆင်ပြီးပြုပြင်နေချိန်ဆိုတော့ လုပ်သားတွေ အလုပ်လုပ်နေတာကိုမြင်ခဲ့ရပါတယ်၊   […]


“လွမ်းမပြေသာ ကမ်းဇေယျာ………….(ဓါတ်ပုုံ့ပိုစ်)”   29-10-2014 နေ့မှာ စစ်ကိုင်းဘက် ကမ်းကို အလှူ တစ်ခုရှိလို့သွားခဲ့ပါတယ်။ စစ်ကိုင်းတံတားပေါ်ရောက်တော့ ဧရာဝတီမြစ်အလယ်မှာ သောင်ထွန်းနေတာကို မြင်လိုက်ရတော့ ဓါတ်ပုံရိုက်မယ်လို့စိတ်ကူးမိပါတယ်။ ဒါပေမယ့် အချိန်မရတော့ ဓါတ်ပုံမရိုက်ခဲ့ရ။   နောက်ရက် ကိုစိန်သော့က ရွှေကြက်ကျ ဘုရားကနေ ဓါတ်ပုံရိုက်ရအောင်လို့ပြောတော့ ညနေလေးနာရီလောက်ကတည်းက နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ထွက်ခဲ့ပါတယ်။ ဘုရားနားရောက်တော့ စောနေသေးတာနဲ့ ရွှေကြက်ယက်ဘုရားနားကလက်ဖက်ရည်ဆိုင်ထိုင် အဲ့ဆိုင်နံဘေးနားက မုန့်ပစ်စလက် ဝယ်စားပြီးအချိန်စောင့်ကြပါတယ်။ စစ်ကိုင်း လို့ခေါ်တဲ့ ဇေယျာရွှေမြေ  က မင်းဝံတောင်ရိုးပေါ်မှာရှိနေတဲ့မြင်ကွင်းက အင်မတန်လှပ ပါတယ်။ နောက်လူတွေမျက်စေ့ပသာဒဖြစ်အောင်ကြည်နူးအောင် စေတီပုထိုးတွေကို တည် ထားခဲ့တဲ့ရှေးလူတွေကို ကျေးဇူးတင်ပါတယ်။ စေတီပုထိုးရှိနေတော့ သစ်ပင်ဝါးပင်တွေလဲရှိဆိုတော့ စိမ်းစိမ်းစိုစို နဲ့ အမြင်တင့်တယ်ပါတယ်။ အဲဒီနေ့ညနေက ကျနော် ကိုစိန်သော့  ဖောဂိုင်းအပြင် ရွာသားမဟုတ်တဲ့ မန်းလေးက ဓါတ်ဆရာအချို့လည်းလာပြီး […]


“လျှော်စေသင့် ၏…………..မသင့်၏”   အခုရက်ဂျာနယ်တွေဖတ်လိုက်ရင် ယာဉ်တိုက်မူ့တွေဘဲတွေ့နေရပါတယ်။ ဖြစ်လိုက်တဲ့အမူ့တွေကလဲ အရက်သေစာသောက်ထားတာ၊ မူးယစ်ဆေးဝါးသုံးစွဲထားတာ မကျွမ်းကျင်ဘဲမောင်းတာ၊ မဆင်မခြင်နဲ့ အရမ်းမောင်းတာ ၊ ယာဉ်စည်းကမ်းကိုလုံးဝမသိဘဲမောင်းတာ၊ ယာဉ်စည်းကမ်းကိုသိပေမယ့်လဲ မလိုက်နာဘဲမောင်းတာတွေကြောင့် ယာဉ်တို်က်မူ့ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။   မကြာသေးခင်ရက်ပိုင်းကတင်ရန်ကုန် သင်္ဃန်းကျွန်းမှာ ဖြစ်သွားတာကလဲ တရားဥပဒေစိုးမိုးခြင်းဆိုတာ ဒါဘဲလားလို့ စိန်ခေါ်နေသလိုပါဘဲ။ လမ်းပြောင်းပြန်ဝင်လာတဲ့ကားက လမ်းမှန်အတိုင်းမောင်းလာတဲ့ ကား ကို ဝင် တိုက်လိုက်ပါသတဲ့။ လမ်းမှား ဝင်လာပြီးတိုက်တဲ့လူက ဓါးကိုင်ပြီးရမ်းကားပါသတဲ့။ နောက်ဆုံးဇာတ်ပေါင်းတော့ အတိုက်ခံလိုက်ရတဲ့ကားမှာ အလျော်မရဘဲ “ကိုယ့် စားရိတ်နဲ့ကိုယ်ကားပြင်ပါ”လို့ တာဝန်ကျ ဝန်ထမ်းက ဆုံးဖြတ်ပေးသွားတယ်ဆိုတာကိုို ဖတ်မိတဲ့အခါ အတိုက်ခံရပြီး အလျော်လဲမရတော့စိတ်ဆင်းရဲ လူဆင်းရဲ ၊ ငွေကုန် လူပန်း ဖြစ်ရရှာတဲ့ ယာဉ်ပိုင်ရှင်တွေကို သွားသတိရမိပါတယ်။ “မှန်လဲမှန်သေး ခံ လဲ ခံ ရ […]


“ကန်တော်ကြီးက…….ည(ဓါတ်ပုံပိုစ်)”     ကျနော်ရန်ကုန်ရောက်တော့ ရွာသားကြီး ကိုစိန်သော့ နဲ့ ဆုံပါတယ်။ ဓါတ်ဖမ်းဘို့ပါ။ သူနဲ့ကျနော်က ဓါတ်ပုံရိုက်ကြတဲ့နေရာမှာစိတ်ညီပါတယ်။ ဘယ်လောက်စောစော ဘယ်လောက်ဝေးဝေး ဘာဖြစ်ဖြစ် သွားမယ်ဆိုရောက်အောင်သွားပြီး ရလာတဲ့ အနေအထားက နေ ဖြစ်အောင်ရိုက်တာပါ။ သူက ကျနော့် ရဲ့ ဆရာ ဆိုရင် မှန်ပါတယ်။ အခုလဲ သူ ပြပေးတဲ့ နည်း နဲ့ ရိုက်လာခဲ့တာပါ။ ကင်မရာမှာပါတဲ့ ဖန်ရှင်ကို အပြောင်းအလဲ လုပ် တာက လွဲပြီး ဘာဆော်ဖ်ဝဲနဲ့ မှ ပြုပြင်မထားတဲ့ ပုံလေးတွေကို တင်ပေးလိုက်ပါတယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 28-10-2014


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၂၁”   (ဖတ်ပြီး  ရင်း ဖတ်ချင်နေတာ……………….)   ၁၉၈၂မှာ ကျနော်တို့ အဖွားက အိမ်ပြောင်းပါတယ်။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့တဲ့ ၂၅လမ်းကျုံးနံဘေးကနေ မြောက်ပြင် ထားဝယ်ထဲကိုပြောင်းကြတာပါ။ ကျနော်အဖေရဲ့ ညီအလတ်က အဲဒီနားမှာနေတာကြာပါပြီ။ အဖေ့ရဲ့ညီအငယ်က သူ့အမေအတွက်အိမ်ဝယ်ပေးတော့ ကျနော်တို့မိသားစုပါလိုက်ပြောင်းကြတာပါ။ အဖွားရယ် ဦးလေးတစ်ယောက်ရယ် အဖေရယ် ကျနော်တို့မောင်နှမသုံးယောက် ရယ်ပေါ့။ ဒါပေမယ့် ကျနော်က အဖွားတို့နဲ့လိုက်မနေပါဘူး။ အိမ်ကိုထမင်းစားရုံလောက်ဘဲ ပြန်ပါတယ်။ ကျနော်က တက္ကသိုလ်ဒုတိယနှစ်ကတည်းက အိမ်မှာမနေတော့တာပါ။ ၂၆ဘီလမ်းက အိမ်တစ်အိမ်ရဲ့အပေါ်ထပ်မှာ ကျနော်သူငယ်ချင်းရဲ့အကိုနဲ့ ကျနော်အတူနေကြတာပါ။ အဲဒီမှာနေရတာကျနော့်အတွက်လွတ်လပ်ပါတယ်။ ညည ဆိုရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်။ ပြန်ရောက်ရင် ကိုယ်မအိပ်ချင်သေးသ၍စာဖတ်လို့ရပါတယ်။ ကျနော်အိမ်မှာကလျှပ်စစ်မီးမရှိတော့ ရေနံဆီမီးအိမ်နဲ့စာဖတ်ရပါတယ်။ လူကြီးတွေနဲ့အတူနေရပြန်တော့ အိ်ပ်ချိန်တန်လို့ မအိပ်ရင်အဆူခံရတတ်ပါတယ်။ ဒီအခန်းမှာက လျပ်စစ်မီးနဲ့ဆိုတော့ စာဖတ်လို့ […]