lulinmgMarch 11, 20121min782
အမျက်ဖြေ အလင်္ကာလို ကဗျာတစ်ပုတ် ငါ့စိတ်တွေနာကျင်အောင် ကြင်နာသူလုပ် မယုံနိုင်တဲ့အကြောင်းရယ် မှန်ကန်တဲ့အဖြစ်ရယ် မျက်မြင်မှာ သက်သေတွေစုံခဲ့တယ် လွဲချော်မှားယွင်းမှု့တစ်ခုလို့ စဉ်းစားပေမယ့် တိုက်ဆိုင်တဲ့မင်းဖြစ်ရပ်တွေနဲ့ င့ါအပြစ်လို့မဆိုခဲ့ပေမယ့် ရင်ခုန်သံစည်းချက်မမှန်တဲ့ညတွေထဲ ငါဘယ်လိုမှအိပ်မပျော်ခဲ့ဘူး….. အဲ့ဒီ့လိုနဲ့ပဲ ငါတို့ရဲ့ချစ်ခရီး မဖြောင့်ဖြူးတဲ့လမ်းကျဉ်းငယ်ထဲ ဝေဝါးဝါးလမ်းလျှောက်ရင်း ငါမေးခွန်းတစ်ခုမေးချင်တယ် မင်းင့ါကိုအရွဲ့တိုက်နေတာလား မင်းငါ့ကိုသစ္စာမဲ့သွားတာလား…?     လမင်း


lulinmgMarch 11, 20121min1135
လက်တွဲခဲ့လည်းမာယားတွေမှန်း သိရက်နဲ့ပဲ ငါပျော်ရွှင်နေခဲ့တယ် ကမာ္ဘကြီးပေါ်မှာ အမိုက်မဲဆုံးသူလို့ ဆိုစေဦးတော့ အချစ်အတွက်အသက်ကိုစွန့်ရဲတယ် နောက်ဆုံး မင်းပျော်ရွှင်ဖို့အတွက် ငါ့ကိုအသုံးချသွားလည်း ငါကျေနပ်တယ် ဒါပေမယ့် ချစ်တာအပြစ်ဆိုပြီး နှလုံးသားကိုခုံရုံးတင်စစ်ဆေး သက်သေအခိုင်အလုံနဲ့စွဲချက်တင် ပုဒ်မ 1500 အရ ပြစ်ဒဏ်ချမှတ်လို့ ချစ်ခြင်းဆိုတဲ့အမှု့နဲ့ အမုန်းထောင်ထဲ တစ်သက်တစ်ကျွန်းကျပြီး တစ်ဖက်သက်နဲ့ အလွမ်းရက်တွေရှည်ခဲ့လည်း `ငါကျေနပ်ပါတယ်´ချစ်သူရယ်။………   လမင်း


lulinmgMarch 5, 20121min1326
သံယောဇဉ်ကိုခုတုံးလုပ်ပြီ ချစ်တယ်လို့ ငါပြောမထွက်ခဲ့ဘူး… ရင်ထဲကမြတ်နိုးမှု့တွေနဲ့ ငါနေ့စဉ်နဲ့အမျှ မင်းအနားမှာ တိတ်တခိုးလေး ငိုရှိုက်မိခဲ့ရတဲ့ရက်လေးတွေ… ဖွင့်ပြောဖို့မရဲခဲ့တဲ့ ငါ့နှုတ်ခမ်းတွေ… သူငယ်ချင်းမလေးရယ် ငါသိပ်ချစ်ပါတယ်… ဒီနေ့ဒီအချိန်ထိ င့ါအလွမ်းတွေကိုသိမ်းထားခဲ့ရတယ် မင်းမသိနိုင်အောင်ပေါ့… နမ်းခဲ့ဖူးတဲ့နှုတ်ခမ်းလေးရယ် ထွေးခဲ့ဖူးတဲ့လက်လေးရယ် အရာအားလုံး ငါ့အိမ်မက်တွေပါပဲကွာ…


lulinmgMarch 2, 20121min1179
ခွဲခွာရမယ်ဆိုတော့ငိုချင်မိ လွမ်းမိတာကအခါခါ ညီမလေးရယ် တစ်ခါလောက်ပြုံးပြနိုင်မလား…? အနီးဆုံးကငေးမောခဲ့ပြီး ခုတော့ အဝေးဆုံးမှာရင်ကွဲနာကျခဲ့ရပြီ… မနက်ဖန်ဆိုတာရှိခဲ့ရင် ပျော်ရွှင်စွာလျှောက်လှမ်းဖို့ ဘဝနဲ့လောင်းကြေးထပ် အသက်မပါပဲနဲ့တော့ ပြုံးမပြပါနဲ့လား ညီမလေးရယ်…  


lulinmgFebruary 22, 20121min652
လုလင်-ဟေ့ ဘယ်ကပြန်လာတာလဲ မောင်မှိုင်း မောင်မှိုင်း- ငါပဲသွားရောင်းတာကွ လုလင်-အဆင်ပြေရဲ့လား ဘယ်ဈေးလဲ မောင်မှိုုင်း-မပြေပါဘူးကွာ ခု12800ဈေးပဲရှိတယ် ငါတို့လယ်သမားတွေဘယ်လို ရပါတည်ရမှာလဲကွ လုလင်-ဟုတ်လို့လားကွာ ရွှေဈေးတွေကတော့တက်နေတာပဲလေ မောင်မှိုုင်း-ဟ ငါကမဟုတ်ပဲနဲ့ပြောမလားကွ ဒါ့ကြောင့်ပြောတာပေါ့ ငါတို့လယ်သမားတွေကဆင်းရဲတယ်ဆိုတာ ငါတို့လယ်ယာထွက်ကုန်တွေက အမြဲဈေးကျပြီး လူချမ်းသာတွေချမ်းသာပြီးရင်းချမ်းသာနေကြတာ သူတို့ရဲ့ရွှေဈေးတွေကတက်ပြီးရင်းတက်နေတယ်လေ အဲ့ဒါကြောင့်ငါတို့ ဘာမှမလုပ်ချင်တော့တာပေါ့ကွာ လုလင်-အေး ဟုတ်တယ်ကွ ဆန်စပါးဆိုတာ ငါတို့မြန်မာလူမျိုးတွေအတွက် မရှိမဖြစ်စားသုံးနေရတာလေ တောင်သူလယ်သမားတွေကစပါးစိုက်မှ ဆန်ဆိုတာဖြစ်လာတာ ဒါပေမယ့်စပါးဈေးကကျပြီး ဆန်ဈေးတွေကမကျတော့ ဆင်းရဲသားလယ်သမားတွေဘယ်လို နေထိုင်စားသောက်ရမှာလဲ ဒါတွေကိုဆင်းရဲသားလူတန်းစားပပျောက်ရေးရယ်လို့ဆိုလိုတာဖြစ်မယ်နော် အားလုံးပဲစဉ်းစားပေးကြပါ ဆင်းရဲသားလူတန်းစားပပျောက်ရေးဆိုတာဒါမျိုးလားဟင်………………..


lulinmgJanuary 3, 20121min51
စာရေးဆရာသတင်းစာဆရာကြီး လူထုစိန်ဝင်းက ဒီမိုကရေစီကို ပြည်သူတွေအယုံအကြည်မရှိအောင်အောက်ခြေရုံးတွေကပြုပြင်ပြောင်းလဲရေးတွေလုပ်ရမယ်လို့ 7 Day New Journal မှာဖတ်လိုက်ရပါတယ်။….. တစ်ကယ်ပြောရရင် အောက်ခြေရုူံးတွေကဥည်ဆိုးစနစ်တွေမဖျောက်နိုင်ကြသေးပဲ လွပ်လပ်သောတရားစီရင်ရေးစနစ်မရှိတာကိုတွေ့မြင်ရပါတယ် အဂတိလိုက်စားတာတွေကိုလည်း မြင်နေရပါတယ် … မြို့နယ်တရားရုံးတစ်ခုကအမှု့တစ်ခုကိုလက္ခံစေချင်ရင်ငါးသောင်းတောင်းပါတယ်ငွေများတရားနိုင်စနစ်မပျောက်သေးပါဘူး။… မိတ္တူစာရေးဆိုတဲ့လူကတရားသူကြီးနဲ့ပိုင်တယ် ဝင်ပေးမယ်ဆိုပြီးငွေတောင်းတယ် တရားလိုကလည်း ငါးသိန်းလောက် ပေးလိုက်တယ် တစ်ကယ်တမ်းတရားသူကြီးကိုမပေးဘဲ ဖြတ်စားလိုက်တယ် နောက်တရားခံဘက်ကိုသွားပြီး ဒီအမှု့မှာအခြေအနေကောင်းအောင်လုပ်ပေးမယ် တရားသူကြီးလွှတ်လိုက်လို့လာတာပါဆိုပြီး တစ်ဆယ့်ငါးသိန်း တောင်းသွားတယ် တရားသူကြီးကို ဆယ်သိန်းပေးပြီး သူက ငါးသိန်းစားသွားတယ် နောက်တရားသူကြီးကပြန်သိတော့ အချင်းချင်းပြဿနာတွေတက်ကြတယ် တစ်ဖက်တရားလိုကလည်းဒီကိစ္စကိုမကျေနပ်လို့ အထက်ကိုတိုင်တယ် ဘာမှဖြစ်မလာပါဘူး။…… ဒီမိုကရေစီမှာ အမိန့်ပေးစနစ်လွှမ်းမိုးနေရင်လည်း မရပါဘူး အောက်ခြေတရားရုူံးတွေဟာ စနစ်ဟောင်းကိုဖက်တွယ်ထားတုန်းပါပဲ အဂတိလိုက်စားလို့ကောင်းတုန်းပါပဲ။….. တရားသူကြီးများဟာ တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်စေရန် ကြိုးစားသင့်ပါတယ် တရားရုံးချိန်တွေလည်းမှန်မှန်ကန်ကန်တက်ဖို့လိုအပ်ပါတယ် နယ်မြို့တွေကတရားရုံးချိန်တွေဟာ မတိကျ


lulinmgDecember 20, 20111min1376
အဆုံးအစမဲ့လောကကြီးထဲ မရပ်မနားပြေးလွှားနေဆဲ… တက်မက်မှု့ကြောင့်ဖြစ်တဲ့နွယ်ပင် စောင့်စည်းမှု့ဆိုတဲ့စကားလုံးသာ မရှိ်ခဲ့ရင် ငါမင်းကို သိပ်ချစ်တယ်လို့ပြောမိမှာပဲ… Coffee ခါးခါးတစ်ခွက်ကတော့ ကွဲအက်နေတဲ့ငါ့အသဲတွေကို ပြုပြင်ပေးနေလေရဲ့… ယုံကြည်မှု့ဆိုတာငါ့အတွက် တိမ်တိုက်တစ်ခုလိုပါပဲ… ဟန်ဆောင်မှု့လား…? အစစ်အမှန်လား…? ဒါမှမဟုတ် အစစ်အမှန်ကို ဟန်ဆောင်နေတာလား…? ငါဘယ်လိုတွေးရမှာလဲလေ ငါ့အတွက် နက်ဖန်ထိခဏစောင့်ပါဦးလား ကြမ္မာရယ်…  


lulinmgDecember 13, 20111min753
ရင်ငွေ့နွေးနွေး ခိုလှုံခွင့်ဝေး ကြင်နာသူလေး စိမ်းလေသလား…? မတွေ့ရရက် တွေ့ရရက်မှာ ချစ်သူစိတ်ကောက် မေ့ပျောက်သွားမှာ ကြောက်မိတယ်… ချစ်ရသူရယ် ရင်ဝယ်တမ်းတ လွမ်းရကြာမော မောင်ပြောပြမယ်… ဒီနေ့ဒီရက် မနေ့ကထက် ချစ်တက်လာတာ မောင့်သက်ဝေလေး လွမ်းနေလို့လား…? နွမ်းနေလား…?  


lulinmgDecember 13, 20111min771
ဝင်္ကဝုတ္တိအလင်္ကာလို သွယ်ဝိုက်ကာချစ်စကားဆို ပွင့်လန်းမယ့်ပန်းလေးလို………… ရွှေမြင့်မိုရ်ပုံပမာ ဥပမာထားကာ ချစ်လင်္ကာတစ်ဖန်ပျိုး မောင့်မေတ္တာမျိုး…………………. ရူပကအလင်္ကာ နှစ်ဖေါ်ကြင်စမှာ ချစ်ရည်တူတုလို့ပြိုင် သူငိုင်မှာစိုး……………………. မြည်သံစွဲအလင်္ကာ သူ့အသံသာလိုက်တာမှ မောင့်နားဝယ်ပျားသကာရယ်ဆမ်းပါလို့ ဥဩငယ်မှိုင်……………… အတိသယအလင်္ကာ ဒီဘဝမှာမကြင်ရရင်ဖြင့် နောင်သံသရာအဆက်ဆက် ဆယ်ကမ္ဘာထက်ဝယ် ချစ်စိတ်မပျယ်…………..  


lulinmgDecember 13, 20111min791
နှလုံးသားအလင်္ကာ အက္ခရာစာတန်းစု သံစဉ်တစ်ခုနဲ့ဖွဲ့ဆို ရင်ခွင်မှာအလွမ်းရက် တမ်းတခက်တယ်……. ပင်လယ်လေတိမ်စိုင်ထက် တိုက်ခက်တဲ့ရက်စက်မှု့ကြောင့် သံသယမျက်ဝန်းမျှားကို အပြုံးများနဲ့ခြေဖျက် ဒဏ်ရာအတွက်ကုရခက်တယ်….. သံသရာအလယ် ကံဇာတာမကြွယ်တော့ ဘဝအဆက်ဆက် လက်စားချေငြိုးဖျက်တဲ့ သုဘဒ္ဒါချစ်သဲအတွက် မေ့ရခက်တယ်………………။


lulinmgDecember 10, 20111min861
ပန်းလေးတစ်ပွင့်အတွက် ငါတစ်ယုတစ်ယပျိုးခဲ့တယ် လှလှပပဖူးပွင့်ခဲ့တယ် ငါမချွေရက်ပါဘူး သင်းရနံ့တွေဝေနေပါစေ ကြွေမယ့်နေ့ကို ဝမ်းနည်းစွာရင်တစ်ထိပ်ထိပ်နဲ့ စောင့်စားနေခဲ့ရတယ် ငါ့လက်ပေါ်မှာပဲကြွေပါ နွမ်းသွားရင်လည်းရုပ်ကြွင်းလေးကို မြတ်နိုးစွာတန်ဖိုးထားမှာပါ တစ်ကယ်ဆိုရင် ငါစိုက်ခဲ့သင့်တာ စက္ကူပန်းလေးပါ…


lulinmgDecember 7, 20111min1002
ရဲဝင့်ချင်သည် အသဲနှင့်လူ သူကြည်ဖြူအောင် မစွမ်းဆောင်ရဲ အလွမ်းမှောင်ထဲ တစ်ကိုယ်တည်းလွမ်း အုံ့ပုံးပန်းကို နွမ်းသွားမှာလဲ မမြင်ရဲပါ…… ခွဲပြချင်သည် အသဲနှလုံးဆူး သူမြင်ဖူးအောင် မစွမ်းဆောင်တက် ဟန်ဆောင်ဇာတ်၌ တစ်ရှိုက်တည်းငို မျက်ရည်ညိုညစ် ထိုအချစ်ကို ပြစ်သွားမှာလဲ မကြုံရဲပါ…… ယုံရဲချင်သည် မနက်ဖြန်ထဲ ကိုပျော်ရဲအောင် သူပဲကူညီ နိုင်လိမ့်မည်။………..