ပန်းလေး

lulinmgDecember 10, 20111min871

ပန်းလေးတစ်ပွင့်အတွက်

ငါတစ်ယုတစ်ယပျိုးခဲ့တယ်

လှလှပပဖူးပွင့်ခဲ့တယ်

ငါမချွေရက်ပါဘူး

သင်းရနံ့တွေဝေနေပါစေ

ကြွေမယ့်နေ့ကို

ဝမ်းနည်းစွာရင်တစ်ထိပ်ထိပ်နဲ့

စောင့်စားနေခဲ့ရတယ်

ငါ့လက်ပေါ်မှာပဲကြွေပါ

နွမ်းသွားရင်လည်းရုပ်ကြွင်းလေးကို

မြတ်နိုးစွာတန်ဖိုးထားမှာပါ

တစ်ကယ်ဆိုရင်

ငါစိုက်ခဲ့သင့်တာ

စက္ကူပန်းလေးပါ…

One comment

  • lulinmg

    December 20, 2011 at 11:55 am

    ချစ်သူသာဖတ်ဖြစ်ရင်သိပ်ကောင်းမှာပဲ

Leave a Reply