နောင် ရိုးSeptember 13, 20141min378
“မိန်း အခန်းပြောင်းအိပ်တဲ့နေရာကစ ပြီး(ကဗျာမပါ..) အောက်ဆုံးပိုဒ်ထိ  ကျနော် နောင်ရိုး..ရွာထဲက လူကြီးမင်းများကို မဟုတ်မမှန် လုပ်ကြံပြီး ပလီပလာ အာချောင်မိတာ..လာ…တောင်းပန်ပါတယ် ခင်ဗျ…”   မှတ်ချက် ။     ။ ကျနော် မှားတဲ့အပိုင်းနေရာက စ ပြီး တောင်းပန်ထားပါတယ်…။  ဒီထက် တောင်းပန်ရမယ်ဆိုရင်လဲ … ဖြစ်ပါတယ်..။ ကိုယ့်လူကိုယ် ပြန်မေးကြည့်ပြီး အပေါ်ပိုင်း ရေးထားတာထဲက မှားတဲ့စာကြောင်းလေးများ ရှိရင် ပြောပြပေးပါခင်ဗျာ…။ အဲ့ဒီအတွက်လဲ တောင်းပန်ချင်လို့ပါ..။


နောင် ရိုးSeptember 12, 20141min654
မိန်း…… : : : : : : မ…ရှိ….တော့….ပါ….   ****************************************************************** ပထမဆုံးကျနော် ပြောချင်တာက…ဒီစာကို ကျနော့်မျက်ရည်တွေနဲ့ ရေးခဲ့တယ်ဆိုတာနဲ့….. နောက်ထပ် ထပ်ပြောချင်တာက…ဒီပိုစ့်ဟာ ကျနော့်ရဲ့ နောက်ဆုံးပိုစ့်တစ်ပုဒ် ဖြစ်တယ်ဆိုတာပါပဲ………. ပြီးတော့…ခုစာမှာ…ကျနော်ရေးလိုက်တဲ့စာသားတွေကို လိုက်ခံစားတာထက်…..မိန်းနေရာကနေ….ငါ့ကိုသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ခံစားပေးဖို့ ကျနော် တောင်းဆိုချင်တယ်..….။ မိန်းများ… ဒီပိုစ့်ကို မြင်နေခဲ့မယ်ဆိုရင်…ကျနော့်ကို အပြစ်တင်မလား…၊ သူမပြောနေကျ နင်ကတော့လေ…ဆိုတဲ့ စကားကိုပဲ ပြောမလား..ကျနော် မသိပါ…။ တစ်ကယ်လို့ … မိန်းဆီက အခုချိန် အဲ့ဒီအရာတွေထက်မက အဆိုးဆုံးတစ်ခုခုကို ကျနော်ရမယ်ဆိုရင်တောင်မှ..အဲ့ဒါအဆိုးဆုံးအရာဟာ ဘာပဲဖြစ်ဖြစ် လိုချင်ပါသည်..။ ဒေါသသံ..မုန်းတီးသံ…အပြစ်တင်သံမပါအောင် ဒီပိုစ့်ကို ကျနော်…တစ်ညလုံး ထိုင်ရေး ထိုင်ဖျက်ခဲ့ရသည်…။ ပြောချင်သလောက် မပြောခဲ့တာ… မိန်းမျက်နှာကြောင့်သာ ဖြစ်သည်…။ ******************************************************************   […]


နောင် ရိုးSeptember 6, 20141min39037
ဟေ……..ဘာတုန်း… ငြိမ်လှချည်လား ဂဇက်ကြီးက….. တင်တဲ့ပိုစ့်တွေလဲ ပါးရှား…။ ခုတလော ရွာကိုလာသူဆိုလို့ ပုံမှန်တင်နေတာ ကိုပေါက်နဲ့ ကိုခင်ခ လောက်ပဲ…ကော်မန့်တွေတောင်…လူဟောင်းတွေ သိပ်မမြင်ဘူးရယ်.. ဟေ………… တခြား ရွာသားတွေ ဘယ်တွေ ပျောက်ချက်သား ကောင်းနေတာလဲ…. ခင်ဗျားတို့ …. အဲ့ဒါပဲ… ပြောလိုက်ရင် ရွာကို ဂျစ်ဒယ်…ဂျစ်တယ်နဲ့… ပေါ်လိုက်….တစ်လလောက် ပျောက်ချက်သားကောင်းသွားလိုက်နဲ့…. တင်ကြလေ… ကျော် သိထားသလောက် အရည်ညှစ်ပြမယ်…. သဂျီး… သဂျီးက…အီးလိုတွေပဲ တင်တယ်…။ လုပ်ပါဦးဗျ…။ မြန်မာလို ပညာရမှာ ဘာညာလေး…. ဒေါ်ဇီဇီ… ခင်ညားဟာ….၅ မှာ တစ် သွားပလား…။ ကျော့်နာမည်မပါရင်….လာအော်မယ် ပြောထားတယ်နော်….။ ဒီစကား ခဏခဏပြောရလို့ ညက်နှာလဲ ပြောင်လှဘီ…။ မဟုတ်မှလွဲရော….ကျနော့်ကို မုန့်ကျွေးချင်လို့ လာအအော် ခင်ညားစောင့်နေတာများလား…ခုခိ…ခုခိ :k: အရီး… အရီးရေးသမျှ  […]


နောင် ရိုးAugust 19, 20141min32143
တစ်ရက်… ကျနော် ဆူးလေဘက်နိုတြီပြန်တဲ့ကိစ္စနဲ့လာရင်း အိန္ဒိယသံရုံးကိုလာတဲ့ မိန်းတို့ဆရာတပည့်နှစ်ယောက်ကို တွေ့လိုက်တယ်….။ မိန်းနဲ့ သူ့မန်နေဂျာမမပါ…။ အဲ့ဒီမမကြီးနဲ့လဲ ကျနော်ခင်နေလေတော့…မိန်းတို့ ၂ ယောက်ကို မုန့်ကျွေး၊ စကားပြောနဲ့… သူတို့လဲပြန်မယ်လုပ်ရော…သူတို့ရုံးကားက စက်နှိုးမရတော့….။ ဒါနဲ့ပဲ ကျနော်လဲပျော်ရွှင်စွာ အကျိုးဆောင်လေသတည်းပေါ့……။ ကန်တော်ကြီးဘက်ကပတ်ပြီး သူတို့ရုံးရှိတဲ့ ပွင့်သစ်စမ်းနဲ့ မျက်စောင်းထိုးက ရုံးကိုရောက်ဖို့နည်းနည်းအလို….လမ်းညာဘက်အခြမ်း လမ်းကြားကျဉ်းလေးထဲမှာ…မော်တော်ပီကယ်တစ်ယောက်…ပလပ်စတစ်ခုံလေးနဲ့ ဂျာနယ်ဖတ်ရင်း…ထိုင်နေတယ်ခင်ဗျ…(ခုတော့ အဲ့လူရှိမရှိ မသိတော့ပါ..)။ မိန်းက အဲ့ဒီလူကို ဖြတ်သွားဖြတ်လာအမြဲတွေ့ပုံရပါတယ်….၊ သူ့ဂျာမမကို လှမ်းပြောတယ်…။ “အဲ့ဒီပီကယ် အဲ့မှာ အမြဲထိုင်နေရတယ်….၊ သူ မိုးများရွာရင်…ဘယ်နားကိုပြေးမလဲမသိဘူးနော်….” တဲ့… မိန်းစကားကြောင့် သူမရဲ့ ဂျာမမလဲ တစ်ချက်တော့ တွေသွားတယ်….။ ပြီးမှ…သတိဝင်လာပြီး မိန်းကို လှမ်းပြောလိုက်တဲ့စကားကြောင့် ကျနော်ကားမောင်းနေရင်း ပြုံးမိပါတယ်…။ “ မိန်း…နင်ဟာလေ….သူများအပူ ကိုယ့်အပူတော်တော်လုပ်တယ်…” တဲ့… ဟုတ်ပါတယ်… မိန်းဟာ…သူများအပူ […]


နောင် ရိုးAugust 17, 20141min33014
ခင်ပြီးနောက်မှာ…ကောင်မလေးရဲ့ စိတ်ရင်းကောင်းတာလေးတွေ၊ စိတ်မာချင်သယောင် ဆောင်ပြီး စိတ်အားငယ်တတ်တာတွေ….၊ ကျနော့်အပေါ် တစ်ခါတစ်လေတော့ သဘောကောင်းပြီး…တစ်ခါတစ်လေတော့ ချောက်ချတတ်တာတွေ…ခင်ဗျားတို့ကို ပြောပြဦးမယ်….။ အရင် ပိုစ့်မှာ ကျနော်…အဲ့ဒီလို ပြောခဲ့ပါတယ်…. သုံးနှစ်ကျော် ခင်ခဲ့တဲ့ထဲမှာ..သူမနဲ့ ပတ်သတ်ပြီး မှတ်မှတ်ရရ ဖြစ်ခဲ့တာတွေ ကျနော့်အမှတ်တရပိုစ့်တွေအနေနဲ့ ပြောပြချင်တယ်….။ ကဲ………ကျနော်…စ ပြောတော့မယ်နော်.. ကျနော် ပြောပြမယ်…။ ခင်ဗျားတို့သာ စဉ်းစားကြည့်ကြပါတော့…။ သူမဟာ…ဘယ်လိုမိန်းခလေးမျိုးဆိုတာ………..   ****************************************************************   တကယ်လို့…အဲ့ဒီကောင်မလေးကို နာမည်တစ်ခုသာ ပေးရမယ်ဆိုရင် သူ့ကို ကျနော်…”မိန်း” လို့ နာမည်ပေးချင်ပါတယ်…။ တကယ်လဲ သူဟာ ကျနော့်အတွက် Main ပါပဲ…။   ကျနော်တို့ ခင်ပြီးတဲ့နောက်…..   ဒီနေ့ ကျနော့်ကားလဲပြီး စိတ်တိုင်းကျတဲ့ ကားသစ်လေးနဲ့ မြောက်ကြွကြွဖြစ်နေတယ်…။ ရွှေညောင်ပင်ဘိုးဘိုးကို ဦးမတိုက်ရသေးခင်…အဲ့ကလေးမကို သွားကြွားမယ်ဆိုပြီး…ဖုန်းဆက်ကြည့်လိုက်တော့ […]


နောင် ရိုးAugust 16, 20141min19814
ကျနော်…ခန့်မှန်းရခက်တဲ့လူတွေထဲမှာ….ဒီကောင်မလေးက ထိပ်ဆုံးက ပါတယ်….။ သူမက တစ်ခါတစ်လေမှာ…သနားတတ်တယ်…၊ တစ်ခါတစ်လေကျတော့ သွေးအေးအေးနဲ့ ရက်စက်တတ်ပြန်ရော..။ တစ်ခါတစ်လေမှာ…ခက်ထန်နေတတ်ပြီး…တစ်ခါတစ်လေတော့လဲ ထင်မထားတတ်လောက်အောင်ထိ ပျော့ပြောင်းနေတတ်တယ်…။ မျက်လုံးဟာ…စိတ်ရဲ့ ပြတင်းပေါက်တစ်ခုသာဆိုရင်…သူမရဲ့မျက်လုံးဟာ…အချိန်မရွေးအရောင်ပြောင်းသွားနိုင်တဲ့ ကောင်းကင်တစ်ခုပါပဲ….။ ထိုသူမကို နောက်တစ်ခါ ပြန်တွေ့ဖို့ ကျနော် လေးလကျော်လောက်ထိ ကြာသွားခဲ့တယ်..။ အဖေတို့ အမေတို့နဲ့ Ocean သွားပြီးအပြန် ဗိုက်လဲဆာ..၊ လမ်းလဲကြုံတာကြောင့် ၈မိုင်က ရွှေဘဲဆိုင်ထဲ ကျနော်တို့မိသားစု ဝင်ခဲ့ကြတယ်…။ ဘယ်ဘဝက အကျိုးပေးကြောင့်တော့မသိဘူး….၊ ဆိုင်ထဲမှာ အလကားပေးနေသလိုကို လာစားကြတဲ့လူတွေ တစ်ပုံတစ်ပင်…. စားပွဲထိုးလေးကို ခုံနေရာ ရပါ့မလား..မေးတော့ တစ်ဝိုင်းတော့ လွတ်သေးတယ်အကို ဆိုတဲ့ပြောစကားကြောင့် အဲ့ဒီလွတ်နေတဲ့နေရာကို ငယ်ငယ်က တိုင်ဦးတိုင်းဆော့ကြတဲ့ ကလေးတွေလိုပုံစံမျိုးနဲ့ ကျနော်တို့ မိသားစုတွေ အပြေးအလွှား ချီတက်နေတဲ့အချိန်…. “ဟာ…ဗိုလ်မှူး…ရန်ကုန်ကို ဘယ်တုန်းကရောက်လဲ…” အဖေ့ဆီက အဲ့လိုအသံမျိုးထွက်သွားတော့ ကျနော် […]


နောင် ရိုးAugust 15, 20141min20920
စိတ်ထိခိုက်စရာတွေ ကြုံတိုင်း…ဝဲတက်လာတဲ့မျက်ရည်စတွေကို ထိန်းဖို့ ခေါင်းကို ဆတ်ခနဲမော့ပြီး…“ကောင်းသွားမှာပါ….ပြန်ကောင်းသွားမှာပါ… ”လို့ ပြောရင်း မာန်တင်းတတ်တဲ့ အဲ့ဒီကောင်မလေးနဲ့ ကျနော် ဘယ်လိုဆုံခဲ့တယ်ဆိုတဲ့အကြောင်း…ခင်ဗျားတို့ကို ပြောပြမယ်….   လွန်ခဲ့သော…သုံးနှစ်ကျော်ကာလ…. အဲ့ဒီနေ့ အင်းယားရဲ့ညနေခင်းကောင်းကင်ဟာ…တိမ်ကင်းစင်ပြီး..ကြည်ကြည်လင်လင်လေးနဲ့ လှနေခဲ့တယ်…။ သိပ်မကြာခင်ရောက်လာတော့မယ့် ညရှုခင်းကို ကြည့်ဖို့ ကျနော်တို့ သူငယ်ချင်းတစ်သိုက်…ဂစ်တာ (၂)လက်၊ ဘီယာဘူးကိုယ်စီကိုင်ပြီး…ကန်ဘောင်ပေါ်ကို ခြေဦးလှည့်ခဲ့တဲ့ ညနေပေါ့…။ ကျနော်တို့လို့ဆိုတဲ့ထဲမှာ..ကျနော်ရယ်၊ တီတီး၊ မင်းမြတ်သွေး၊ ဂျန် နဲ့ အောင်လင်းရည်… အင်းယားဟာလဲ ပိတ်ရက်ညနေခင်းတို့ရဲ့ ထုံးစံမပျက် ယောကျာင်္းသံ၊ မိန်းမသံ၊ ကလေးတွေအသံနဲ့ အင်းယားပီသနေခဲ့တယ်….။ လူနည်းနည်းရှင်းတဲ့ IBC နားက မြက်ခင်းပေါ်နေရာယူရင်း ကျနော်တို့အဖွဲ့..ရောက်တတ်ရာရာတွေ ပြော၊ ဘောလုံးအကြောင်း၊ မိန်းခလေးတွေအကြောင်း၊ တခြားသူငယ်ချင်းတွေအကြောင်း၊ ဟိုအဆိုတော်မင်းသမီးတင်ပါး ဈေးကြီးတဲ့အကြောင်း… “ဟင်…သေသွားပြီလားဟင်…သေသွားပြီလား…” မိန်းခလေးအသံစူးစူးတစ်ခုကို ကြားလိုက်ရလို့…ကျနော်တို့အဖွဲ့အာရုံတွေ အဲ့ဒီအသံရှင်ဆီကို ရောက်သွားတယ်….။ […]


ဟန်ဆောင်မှု အနုပညာ   ကျနော် ခုတလော အလုပ်လေးအားနေလေတော့ ဟိုတွေးဒီတွေး တွေးနေတယ်… ပထမတွေးမိတာ အလုပ်က လူတွေအကြောင်းပါ…။ သူတို့ဟန်ဆောင်ကြတယ်ဗျ…။ ကျော်သိတယ်…။ နောက်ကွယ်မှာသာ သေလောက်အောင်မုန်းပြီး ဆွေ့ဆွေ့ခုန်ဒေါပွကြပေမယ့် အဲ့လူရှေ့လဲရောက်ရော…အယ်..ငယ်ပေါင်းကြီးဖော်တွေ ခုမှပြန်တွေ့ကြသလိုလို၊ အနုပညာရှင်တွေလိုကို….ဟန်ဆောင်နိုင်ကြတယ်ဗျာာာာ.. အလုပ်မှာ ပြိုင်ဘက်က အနိုင်ရသွားလို့ နောက်ကွယ်မှာ ဝုန်းဒိုင်းကြဲသောင်းကျန်းဒေါမနသပွားကြပေမယ့် အဲ့ဒီလူရှေ့ရောက်တော့ မျက်နှာမှာ ဟန်ဆောင်ပြုံးတစ်ခု ကောက်တပ်ပြီး Congratulation ဆိုတဲ့စကားကို လှိုင်လှိုင်သုံးနိုင်ကြတယ်…အံ့တယ်ဗျာ… ထူးဆန်းနေတာက အဲ့ဒီလို ဟန်ဆောင်နိုင်တတ်ကြသူတွေဟာ အပေါ်ပိုင်း အထက်ပိုင်းက လူတွေများတယ်ဗျ…။ သူတို့ဟာသူတို့တော့ နေရာတစ်ခုရနေတယ်..အဆင့်အတန်းတစ်ခုရှိနေကြတယ်…အောင်မြင်နေကြတယ်… ဒါဆို…အထက်ပိုင်းရောက်နိုင်သည့် ပါဝင်ပစ္စည်းတစ်ခုဟာ ဟန်ဆောင်မှုအနုပညာများ ဖြစ်လေမလား….? ကောသလအိပ်မက်လို မကောင်းတဲ့လူဆိုးတွေဟာ အထက်ပိုင်းရောက်သွားကြတာလား….။ သူတို့ကို လူဆိုးလို့ပြောလို့တော့ ခင်ဗျားတို့ စိတ်မဆိုးနဲ့ဗျ…။ သူတို့တော်ရင်တော်မယ်..ရိုးသားမှုဆိုတာမရှိတော့တာတော့ အမှန်ပဲ…။ ဒါဆို ကျော်တို့အောင်မြင်ချင်ရင် အဲ့ဒီရိုးသားမှုဆိုတာကို […]


အားလုံးပဲ မင်္ဂလာပါဗျာ… ကျော်က အသစ်ဝင်တဲ့ ရွာသားလေးပါ….။ အသစ်ဆိုပေမယ့် ဒီရွာကို ခဏခဏလာလာလည်နေတာတော့ ကြာပါပြီ…။ ရွာခံများဖြစ်ကြတဲ့..ဦးကျောက်ခဲ၊ မနှင်းမမ၊ ကိုအံစာ၊ ကိုဘလက်၊ ကိုကူးမားရ်၊ တီသဲ၊ အာတီဒုံ၊ မဇီဇီ၊ ကိုပေါက်၊ ကိုတိမ်မည်း၊ ကိုအလင်းဆက်၊ ကိုမာဃ၊ ကိုစောရိုး၊ မရိုစီ၊ မလုလု၊ လုံမလေး၊ မွန်းပိုအမ်၊ ကောင်းကင်ပြာ၊ မစနိုးစမိုင်း၊ မဝေါင်း (ကျန်ခဲ့သူများရှိရင် ခွင့်လွှတ်ပါလို့) နဲ့ အားလုံးပဲ မင်္ဂလာပါဗျာ…။ ဒီရွာလေးထဲမှာ စာကောင်းကောင်းတွေ၊ အချင်းချင်း ရင်းနှီးချစ်ခင်တာတွေ မြင်ရတော့ အားကျတယ်ဗျ..။ ကျော်က တစ်ဦးတည်းသောသားဆိုတော့ ခုလို တစ်ကယ့်ရွာအစစ်ထဲ ရောက်နေသလို အချင်းချင်းပွင့်လင်းဖော်ရွေနေတာတွေမြင်ရတော့ ကိုယ်တိုင်လဲ ဝင်ပါချင်တာ ပါတာပေါ့ဗျာ…။ ခုလိုဆိုဒ်မျိုး ရှားမဟုတ်လား..။ ဒီရွာကို သိတာ နှစ်ချီနေပြီဗျ…။ မြင်သာမြင်ပြီး […]