ဦး ၾကိမ္October 2, 20131min1062
ကော့မှာလည်းနံပါတ် တွေရှိသေးတယ်…….မှတ်မိတာက B6.N7 တို့ပါ…ဒီနံပါတ်တွေကပိုပြီး အာနိသင်ကောင်းတယ်၊ပိုပြီးထိတယ်၊ပိုပြီးတက်တယ်၊ပိုပြီးလာတယ်ပေါ့….အရက်စကားနဲ့ပြောရင်ပစ္စည်းကောင်းတယ် ကြာကြာမူးတယ်ပေါ့……။ဆေးခြောက်နဲ့ နှစ်ပင်လိမ်တာရှိသေးတယ်…ကော့ နဲ့ ဖန် တစ်ခုခုချ ပြီးဆေးခြောက်ရှုတာပါ…ကြိုက်တဲ့သူတွေကတော့ ရှယ်ပေါ့ဗျာ…ကျနော်ကျ မှဘာဖြစ်လည်းမသိဘူး ကော့ဖြစ်ဖြစ် ဖန်ဖြစ်ဖြစ်ချပြီး ဆေးခြောက်ရှု ရင်အရင်ချထားတဲ့ဖီးလ် ဘယ်ရောက်သွားမှန်းမသိတော့ဘူး…..ဒါကြောင့်နှစ်ခါ သုံးခါ စမ်းပြီးကထဲကနောက်ဘယ်တော့မှဖန်နဲ့ဆေးခြောက် ကော့နဲ့ဆေးခြောက် ကိုတွဲမချဖြစ်တော့ဘူး……။ရန်ကုန်ကျောင်းသွားတက်တဲ့သူငယ်ချင်းတွေပြန်လာရင် BPI ကခိုးရောင်းခိုးဝယ်လာတဲ့ ကော့(ပေါင်ပုလင်း) တွေနဲ့ကိုသယ်လာတာ အဲ့ဒီရက်တွေဆိုရင်တော့အကြိုက်ပေါ့….အဝပေါ့ ။အစိုးရဆေးဆိုင်ကနေလည်း ကော့တွေကိုထုတ်ပေးတယ်..ထုတ်ဈေးနဲ့ပေါ့..ထုတ်ပြီးပြန်ရောင်းတဲ့သူတွေဆီကနေ၁၂ကျပ် ၁၃ကျပ်အထိချ လိုက်ရသေးတယ်….နောင်တော့မရတော့ပါဘူး..သုံးစွဲသူတွေများလာတော့ အရောင်းသွက်ကုန်ပစ္စည်းတစ်ခုလို စီးပွားရေးသမားတွေကအစိုးရဆေးဆိုင်တွေနဲ့ ပေါင်းပြီးဆော်ကုန်တာပေါ့ ဒီမှာအထိနာတာကဆေးသမားတွေလေ….မချ ရမနေနိူင် ဆိုတော့ သူတို့ပါးစပ်ကပြောသမျှ ဆိုသမျှ ဈေးနဲ့ တန်သည် မတန်သည်မစဉ်းစားနိူင် ဝယ်ကြရ ကိုယ့်ပိုက်ဆံနဲ့ကိုယ်အောက်ကျခံရ ….ရောင်းပေးတာပဲသူတို့ကိုကျေးဇူးတင်ရ…တစ်ခါတစ်ခါဆို သိက္ခာတွေပါအပိုပေးခဲ့ရတဲ့ နေ့တွေတောင်ရှိလာခဲ့ ရတယ်….။နောက်ပိုင်း့အဖမ်းအဆီးတွေ ရှိလာတော့….ပိုပိုဆိုးလာတော့တယ်..ပစ္စည်းတွေရော နှောပြီး(အင်)ထုတော့တာပါပဲ…ဆေးသမားတွေကတော့မခွဲခြားနိူင်တော့ဘူး….ရရာပဲချရတာပေါ့….လေပစ်ကလည်းတရိပ်ရိပ်တက်ဆိုတော့ အရင်တစ်မတ်ဆို အခုငါးမူး၊အရင်ငါးမူးဆိုအခုသုံးမတ်၊ တစ်ကျပ်တွေဖြစ်ကုန်ရော…ပိုက်ဆံတတ်နိူင်သူတွေကတော့လေပစ်ကိုစွတ်တက်ပြစ်တာ….ပိုက်ဆံကိုဘုန်းဘောလအောမသုံးနိူင် သူတွေကလေပစ်ကိုသူများတက်တိုင်းလိုက်တက်လို့မဖြစ်ဖူးလေ…လေပစ်ကတက်ပြီးရင်ချမရတော့ဘူး….အရက်ကို တစ်ရာဖိုးသောက်သူကငါးဆယ်ဖိုးပဲသောက်ရင်မမူးတော့သလိုဖြစ်ရော…။ […]


ဦး ၾကိမ္September 30, 20131min30314
လောဘကျွန် ဒေါသကျွန် မောဟကျွန်…….ဘာကျွန်ဖြစ်ဖြစ်…ကျွန်ဖြစ်ရတာမကောင်းမှာကကခပ်များများ ချွင်းချက်တော့ရှိသဗျာ…ဘုရားကျောင်းကန်ဝေယျာဝစ္စ၊ကျွန် ၊ သာသနာ့ဝေယျာဝစ္စကျွန် ကိုတော့ နောင်ဘဝ ကံကောင်းထောက်မစွာ..လူမျ ား ဖြစ်ခဲ့ရင်တော့ အူဝဲဆိုကထဲက သာသနာဘောင်ထဲရောက်ပါစေသစ္စာဆိုမိတယ်…ပိုပို သာသာလေး ပြောမှ တော်ယုံမကျ တဲ့ခေတ် မို့ပါ…..။ ဖြစ်ခဲ့ ရတဲ့ကျွန်တွေက မျ ားတော့….ဘယ်ကျွန်အကြောင်းစရေးရမယ်ဆိုတာကိုယ့်ဖာသာတောင်ဇဝေဇဝါ ဖြစ်မိတယ်…ဟိုမရောက် ဒီမရောက်ဘဝထဲမှာကျင်လည်ခဲ့ရတာမို့ ကောင်းတာကနည်းနည်းပါ ဗိုလ်ကြီးအဆင့်လည်းမဟုတ်ရိုးရိုးတပ်သားလဲမကျ……. စာအရေးအသားကလည်းမညက်ညောဆိုတော့သည်းခံပြီးဖတ်ပေးဗျ ာ…ကျနော်ဖြစ်ခဲ့ရတဲ့(ဆေး)သမားကျွန်ပါ….ဆေးသမားဖြစ်ဖို့ကပိုက်ဆံရှိမှ၊ အပေါင်းအသင်းကောင်းမှ ၊ဒါမှမဟုတ်ရင် ဆေးအရောင်းအဝယ်လုပ်တတ်ကိုင်တတ်မှ။ ဒါမှ ရေရွှင်မယ်  ရေ ရွှင်မှဆေးချ ရမယ် ဆေးသမားဘဝခံယူနိူင်မယ်…. ဆေးလိပ်သောက်တိုင်းဆေးသမားမဖြစ်ပေမဲ့ ဆေးသမား ၈၀% ကတော့ဆေးလိပ်စမ်းသောက်ရင်း ဆေးသမားဘဝ ဆေးသမားဘွဲ့ကိုခံယူသွားကြတာပါ…။ ကျနော်ဆေးနဲ့ စရင်းနှီးဖူးတာက ဗီလီယမ် ဖိုက်ကနေစတာပါပဲ….ဗီလီယမ်တန်း ပြီးတော့ဆေးခြောက်ပေါ့…ဆေးခြောက်ကိုတော့ နာမည်အမျူ ိးမျူ ိးခေါ်ကြတယ် ဆရာကြီး၊ မုတ် ၊ဂန်ဂျာ ၊ခုတ်မေး […]


ဦး ၾကိမ္September 15, 20131min1474
ကျနော်တို့လူမျိုးအများစုဟာငွေကြေးရလိုမှုတစ်ခုထဲနဲ့ နိူင်ငံအပြင်ထွက်ပြီးရေကြည်ရာမျက်နုရာရှာဖွေနေကြရတာ ကမာ္ဘ့ မြေပုံကိုဖြန့်ခင်းကြည့်ရင်လက်ညိုးထိုးလို့လွေတ်နိူင်လောက်အောင်ပါပဲ ဟိုး…ဘိုးဘေးခေတ်ကနိူင်ငံခြားမှာအတတ်ပညာသွားရောက်သင်ယူခြင်း၊အစိုးရကစေလွတ်ခြင်း၊ မိမိပညာနှင့်သွားရောက်လုပ်ကိုင်ခြင်း….. စသဖြင့်ဒါတွေကအနည်းစုပါ.. ခုတော့မိရိုးဖလာတစ်ခုလို နိူင်ငံခြားကိုထွက် အလုပ်လုပ်ကြတာအဆန်းမဟုတ်တော့…. ရိုးအီနေတဲ့စကားလိုကျနော်တို့နားထဲမှာ…. ဘာကြောင့်၊ညာကြောင့်၊ဟိုဟာကြောင့်၊ဒီဟာကြောင့်ဆိုတဲ့ လက်ညှိုးထိုးအပြစ်တင်ရမဲ့ကိစ္စလည်း ကျနော်မပြောချင်တော့ပါ… ကျနော်တို့တစ်တွေမိဘတွေနဲ့ဝေး၊ ညီအကိုမောင်နှမတွေနဲ့ဝေး၊ ဇနီးနဲ့ဝေး၊ခင်ပွန်းနဲ့ဝေး၊ဆွေမျိုးသားခြင်းတွေနဲ့ဝေးပြီးရေခြားမြေခြား သက်စွန့်ဆံဖျားအလုပ်၊လုပ်နေကြတာ ၊အမေသေ၊အဖေသေ၊အကိုအမသေ၊ ဘယ်သူသေသေ ကျနော်တို့လက်တွေနဲ့၊ကျနော်တို့မျက်စိတွေနဲ့… ..မြင်ခွင့်ထိခွင့်ကိုင်တွယ်ပို့ဆောင်ခွင့်မရနိူင်တဲ့ ကျနော်တို့ဘဝတွေ၊ခေါင်းငုံ့ဒူးထောက်မျက်လွှာချပြီးရတဲ့ဒီပိုက်ဆံတွေနဲ့မှ လူဖြစ်ခွင့်ရတော့မှာလား… ကျနော်တို့ရတဲ့ ငွေကြေးနဲ့နိူင်းယှဉ်ရင်တန်ဖိုးခြင်းညီမျှပါရဲ့လား……။ ခပ်ကြောင်ကြောင်အတွေးဆိုရင်ဝိုင်းပြီး(မေတ္တာ)ပို့လိုက်ကြပါအုံး။


ဦး ၾကိမ္July 20, 20131min22017
ကျွန်တော် နဲ့ဘာဆက်စပ်မှုမှမရှိတဲ့  ဒီအိမ်ပေါ်ကို………ဘယ်လိုအတွေး…ဘယ်လိုသတိ္တတွေနဲ့…..လျပ်တပြက်အတွင်းမှာ ဆုံးဖြတ်ချက် ချပြီးတက်သွားရဲ တဲ့ ကိုယ့်စိတ်ကို…ကိုယ့်ဖာသာတောင်နားမလည်နိူင်တော့………..။အိမ်ပေါ်မှာထမင်းစားဖို့ ပြင်နေတဲ့အိမ်သားတွေထဲ…..အသက်ကြီးကြီးနဲ့  အဘတစ်ယောက်က…ဟေ့…..ဘာဖြစ်လို့လည်း ကျွန်တော့ကိုရဲတွေလိုက်ဖမ်းနေလို့ပါ…ဟု စိုးတထိတ်ထိတ် နဲ့……. ရိုးသားစွာပြောမိလိုက်သည်   ……သွားသွား….အခန်းထဲမှာပုန်းနေ တဲ့ ကျန်တဲ့မိသားစုတွေကအဆိုးအကောင်းဘာမှမမေးကြ…….အဘကြီး`၏ စကားကိုနားထောင်ရင်းကျွန်တော့ကိုအကဲခတ်နေဟန်တူသည်……. ထမင်းဝင်စားပါလား….လို့ပြောတော့ ကျွန်တော်ကမဆာတဲ့ အကြောင်း…ဘယ်ကိုသွားမှာလည်း..မော်တော်ဆိပ်ကို သွားမှာဖြစ်ကြောင်း သွားတတ်သလား ဆိုတော့……မသွားတတ်ကြောင်း….မေးသမျှတွေကိုတခုပြီးတခုပြောပြနေပါတယ်…..ဒါဆိုဒီမြို ့ကမဟုတ်ဖူးပေါ့…. ကျွန်တော်ကခေါင်းငြိမ့် ပြရင်း..အဘက…လက်သုတ်နေတဲ့ ကောင်လေးနှစ်ယောက်ကိုစကားတစ်ခွန်း လှမ်းပြောလိုက်တယ် လမ်းထိပ်ကိုသွားကြည့်စမ်း…..ပြီးရင် ဒီခလေးကိုမော်တော်ဆိပ်ထိလိုက်ပို့ပေး……လိုက်တဲ့….။ အဖြစ်အပျက်တွေက ပူတလှည့် အေးတလှည့်မို့ကိုယ့် စိတ်ကိုဒုံးဒုံး မချရဲသေး……အဘကိုကျေးဇူးတင်စကားပြောဖို့မေ့ရင်း အိမ်ပေါ်ကဆင်းလိုက်သွားခဲ့တယ်…….ကောင်လေးနှစ်ယောက်ရဲ့ ့ ရှေ ့ နဲ့ နောက်နဲ့ ကြားထဲ မှာလိုက်လာရင်း မော်တော်ဆိပ်ကိုရောက်ခဲ့တယ် မွန်းတည့်ကျော်ပြီ ဖြစ်၍ ရွာကမော်တော်တွေ မရှိနိူင်တော့………ဟော..အထက်မော်တော်ပေါ်မှာ……ကျော်အောင့်ကိုတွေ့ပြီ မော်တော်ပေါ်တက်ပြီးကျော်အောင့်ကို………မင်းအကျင်္ ီချွတ်  မော်တော်ပေါ်ကခမောက်တလုံးခဏယူဆောင်းထား မြစ်ဖက်ကိုမျက်နှာလှည့်နေ..ရဲတွေမမှတ်မိအောင်…ကျွန်တော့အကျင်္ ီကိုကျော်အောင့်ကို ပေးရင်းတိုးတိုးလေးပြောလိုက်တယ်…..မော်တော်ထွက်တော့မှာမို့ ကောင်လေးနှစ်ယောက် […]


ဦး ၾကိမ္July 19, 20131min1156
ကုသိုလ်ကံကကောင်းမလိုလိုနဲ့ အဆိုးဖက်ကိုဦးတည်နေပြီဆိုတာ ကျွန်တော်ရိပ်မိလိုက်ပါပြီ..။ မိုးဟုတ်ဘုရားကြီးအနောက် ့ကတာအတိုင်းဆားမလောက်မြစ်ကိုကူးပြီးရွာကိုပြန်ပြေးရင်ကောင်းမလား ဒါလည်းမဖြစ်သေး……ကိုယ်ကလွတ်သွားအုံး……..ကျော်အောင်ရှိသေးတယ်။ သူကကိုယ့်အတွက်နဲ့ လိုက်လာတာ…ဘယ်လိုမှထားခဲ့လို့မဖြစ် နိူင်………။. လွတ်ဖို့လမ်းလည်း……မမြင်တော့ ကျွန်တော်စိတ်ကိုဒုံးဒုံး ချပြီးဖြစ်လာသမျှ ပြဿနာတွေအတွက် ရင်စီးခံဖို့ဆုံး ဖြတ်လိုက်ပါတော့တယ်…….။ ဗြုန်းဆို…ညောင်တုန်းဖက်ကဂျစ်ကားတစ်စီး မြို့.ဝင်ဂိတ်ဖက်ကိုတက်လာတာတွေ့လိုက်ရတယ်…ကျွန်တော်တို့ကိုဖမ်းထားတဲ့နေရာနဲ့ ဓါတ်တိုင်တစ်တိုင်အကွာမှာကားရပ်ပြီးလှမ်းမေးတဲ့အသံကိုကျွန်တော်နဲ့ ကျော်အောင်အတိုင်းသားကြားလိုက်တယ်….။ .ဟေ့ ဒီနေ့ဘာထူးသေးလဲ…တဲ့… ပျာပျာသလဲ ရဲနှစ်ယောက်စလုံးကျွန်တော်တို့ ဖမ်းထားတဲ့ဆီကနေ အပြေးကလေးထွက်သွားကြတယ် ။ ပြောသံကြားလိုက်တာကတော့…..ချဲသမားတွေမိထားတယ်ဆရာ….တဲ့…..သွားပြီ ……..ကားပေါ်ပါတဲ့လူက ရဲအရာရှိကြီး…….. ခုညတော့အချုပ်ထဲမှာအိပ်ရဖို့ ကျိမ်းသေသွားပြီ…..။ အချိန်တန်လို့ အိမ်ပြန်မရောက်ရင် ပူပင် မှုများစွာနဲ့ မီးနေခန်းထဲကမျှော်နေမဲ့ နွေးနွေးမျက်နှာကိုမြင်ကြည် ့ရင်း အပြင်ကိုတွန်းထိုးထွက်လာတဲ့ မျက်ရည်တစ်စကိုကျော်အောင်မသိအောင်သုတ်ပြစ်ခဲ့ရတယ်…………. ၁ဝမီးနစ်လောက်ရှိပြီ ရဲနှစ်ယောက်က ပြန်မလာသေး…..ဘာတွေပြောနေမှန်းမသိ…… ဒီအချိန်မှာပဲ ကောင်လေးတစ်ယောက်က…….အကို…အကို..ခုအချိန်ပြေးပါလားတဲ့…… စောစောက ပြေးဖို့စဉ်းစားတဲ့စိတ်ကူးလေးကို ကောင်လေးကလှုပ်နှိုးလိုက်သလိုပါပဲ…. .ဟုတ်တယ်..ပြေးရမယ်.။..ကျော်အောင် မင်းအရင်ပြေးတော့…..သွားမဲ့လမ်းကလည်း ရဲတွေဘေးနားကလမ်းအတိုင်းသွားမိုးဟုတ်ဘုရားရှေ့ကနေဖြတ်ပြီး မော်တော်ရှိတဲ့ ကမ်းနားဖက်ကိုသွားရမှာ……..ကျော်အောင်ခပ်လှမ်းလှမ်းရောက်တော့……ကျွန်တော်လည်းခပ်သွက်သွက်လေး လိုက်သွားခဲ့တယ်။……နောက်ကနေလှမ်းအော်မလား။….ခေါ်မလား။….လိုက်လာမလား…..။ လှည့်လည်းမကြည့်ရဲ….မိုးဟုတ်ဘုရားကြီးရှေ […]


ဦး ၾကိမ္July 19, 20131min16511
ပဲ့ထောင်ပေါ်တွင်လိုက်ပါလာသောကျွန်တော့၏ စိတ်ကအိမ်ကိုရောက်နေတယ်….ဒီနေ့ နွေးနွေးမီးထွက်မဲ့နေ့ …..ကျွန်တော့သားလေးလူလောကထဲသို့ ရောက်ရှိတာ ရရက်ပြည် ့မည် ့နေ့ဖြစ်သည်…။ အဖေါ်အဖြစ်လိုက်လာသောသူငယ်ချင်းကျော်အောင်က ချဲ နောက်တစ်ပါတ်အတွက်အသုံးပြုမည့် လယ်ဂျာစာအုပ်…ဘောက်ချာစာအုပ်နှင့် မှင်ခံပါသောလွယ်အိတ်ကိုလွယ်ရင်း……ငိုက်မြည်းနေသောမျက်လုံး များနှင့်ကျွန်တော့ဘေးမှာ…….ဒီနေ့ကချဲဖွင့်မှာမို့ မနေ့ကထဲကချဲဒိုင်ရှိရာ ရွာကို ချဲလယ်ဂျာနဲ့ ငွေကိုသွားရောက်အပ်ရသည်……ကျော်အောင်ကမိုးချုပ်ကာနီးမှ ဘောက်ချာတချို ့လိုက်ပို့ရင်းရွာပြန်ရန်အချိန်မရှိတော့၍ မနက်မှကျွန်တော်နဲ့အတူပြန်တော့မည်တဲ့……….ယ္ခုလိုဆက်သွယ်ရေးစနစ်ကမကောင်းသောကြောင့်ချဲ ဒိုင်အိမ်မှာတညလုံးစာရင်းတွေလုပ်  ကြ…ပိုလျံတဲ့အကွက်တွေကို ရန်ကုန်ကိုပို့ ဖို့ မနက်စောစောပဲ့ထောင်ဖြင့် ဆားမလောက်ရွာကိုသွားရသည်…ဒါမှညောင်တုန်းကထွက်တဲ့ဂေါင် ကားကိုမှီ မှာ….ကားလမ်းတွေကခုလိုမကောင်း .. ၃ နာရီခွဲ ၄နာရီလောက်ကားစီးမှရန်ကုန်ကိုရောက်တာ…. ကျွန်တော်တို့လည်းဆားမလောက်မှ တဆင့်ရန်ကုန်ကညောင်တုန်းကိုထွက် လာတဲ့ကားကိုစောင့်စီး ရင်းညောင်တုန်းမှာဈေးဝယ်ပြီးမော်တော်ဖြင့် ရွာပြန်ရန်ဖြစ်သည်….။ဆားမလောက်နဲ့ ညောင်တုန်းက ဘာမှသိပ်မဝေး ပေမဲ့..၁နာရီနီးပါး ကားစီးရတယ်…ဒိုင်နာအမိုး ကသံတန်းကိုလက်ဖြင့်ကျစ် ကျစ်ဆုပ်ရင်း  ယိမ်းထိုးနေသောကားထဲမှာ တညလုံးမှေးစက်ခွင့်မရသောမျက်လုံးအစုံအားခေတ္တ အနားပေးရင်း ကျွန်တော်နဲ့ ကျော်အောင်ညောင်တုန်းကိုလာခဲ့ ကြတယ်…ကဲညီလေး….မင်းတို့အိတ်တွေ ရှာချင်လို့ကွာ….တဲ့  …..ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ညောင်တုန်းမြို ့ဝင်ဂိ်တ်မှာ…ရဲ က […]


ဦး ၾကိမ္July 14, 20131min1567
၂၀၁၁ခုနှစ်…… သူများတွေပွဲသွားရင်……ကိုက ပွဲကြည် ့ချင်တာထက် ပွဲဈေးတန်းမှာ မုံ့စားမယ် လူတွေကြားထဲတိုးဝှေ့ နောက်ပြောင်ကြည်စယ်ပြီးပွဲခင်းထဲဝင်ထိုင် သူများတွေပြန်တော့ပြန်….ပွဲမကြည့်တတ်သေး….။ ၂၀၁၂ခုနှစ်…… ပွဲခင်းထဲရောက်ပါများတော့  စတိတ်ရှိး ပြဇတ် တို့ကြည့်တတ်လာတယ်…..မြိုင်ထနှစ်ပါးသွား မင်းသား.မင်းသမီး..အက…အသံကောင်းမကောင်းဝေဖန်ဆွေးနွေးတတ်လာတယ် ၂၀၁၃ခုနှစ်…… ကြည် ့ရုံတင်အားမရတော့….စင်ပေါ်တက်ချင်လာတယ်…ဘယ်နေရာကပါရ ပါရ… ကားဆွဲပဲ လုပ်ရ လုပ်ရ….ဇာတ်သေတ္တာပဲ ထမ်းရပိုးရ…ထင်းခွဲရေခပ် ….. ယုတ်စွအဆုံးမင်းသမီးထမီပဲခေါက်ရ  သိမ်းရ အိုဗျာ….ဒီဇာတ်ကြီး ဘယ်နေရာကိုသွားသွား ကျုပ်လိုက်ရဖို့ ပဲအရေးကြီးတော့တယ်……ကျုပ်မှမခွဲနိူင်တာ….ကျုပ်ဘုရားရှစ်ခိုးတိုင်းဆုတောင်းတယ်…ဒီဇာတ်ကြီးဇတ်ခေါင်းမကွဲပါစေနဲ့ ဇာတ်ထောင်သူ….ဇာတ်မန်နေဂျာ…..နဲ့ဇာတ်အဖွဲ့သားတွေအားလုံးကျမ္မာ ချမ်းသာကြပါစေလို့…………။ ခုတော့ ကျွန်တော်ချစ်တဲ့ ဒီဇာတ်ကြီးနဲ့လိုက်ခွင့်ရနေပါပြီ…….ဒီဇာတ်အဖွဲ့ကြီးနဲ့ အတူဆိုးတူကောင်းဖက်……သာတူညီမျှနေနိူင်အောင်ကျွန်တော်ကြိုးစားနေပါပြီ ဒီဇာတ်အဖွဲ့ကြီး တိုးတက်ရာတိုးတက်ကြောင်းအတွက်.တထောင့် တနေရာက……ပိုးစုန်းကြုုး အလင်းရောင်လေးမျှ ပေးစွမ်းနိူင်ရင်ကိုပဲ …………………….။


ဦး ၾကိမ္July 10, 20131min23815
အော်…ခေတ်ကြီးကိုက………. သူများချေတလှမ်းဆို ကိုယ်ကနှစ်လှမ်း သုံးလှမ်းမှတော်ရုံ မကျတဲ့ခေတ် မျက်နှာသစ်ပြီး ကထဲကမုသာဝါဒကံ ကိုကျုးလွန်ဖို့အသင့် ပြင်ထားရတဲ့ခေတ် ခုတ်မယ် ထစ်မယ် ပါးပါး လှီးမယ် ဆိုတဲ့ စကားက နေရာရတဲ့ ခေတ် ကျော်နိူင် လွှားနိူင် ရက်စက်နိူင် မှသရဖူ ဆောင်းခွင့်ရတဲ့ခေတ်……..ဒီတော့ ကျွန်တော်တို့ ထမင်းတလုပ်စားရဖို့အရေး ချေနှစ်ချောင်းစာမတ်တပ်ရပ်ဖို့ အရေး…..ဟိုအရေး..ဒီအရေး အရေးပေါင်းများစွာအတွက်……ဒီခေတ်ထဲမှာ…ရိုးရိုးကျင့် မြင့်မြင့်ကြံ…..လှုရင်တိုး ခိုရင်မွဲ ရိုးသားသည့် ဂုဏ်စားမကုန် တဲ့…ကျွန်တော်ယုံကြည်တဲ့ ဒီစကားတွေကို……သားသမီးတွေအတွက် ဥပမာပြုစရာစကားအဖြစ်အသုံးဝင်ပါတော့မလား….သူတို့အတွက်ရီစရာများဖြစ်နေမလား…..လို့ ကျွန်တော်တွေးပြီးပူပန်မိတယ်…….ဝိုင်းဝန်းဆွေးနွေး….အဖြေရှာပေးကြပါလို့ မေတ္တာရပ်ခံပါတယ် …..ရွာသူရွာသားအပေါင်းတို့ခင်ဗျား……။