မြသဲ ( 17082011 )November 28, 20131min45630
VIP ဟုတ်ကဲ့။ အဲဒီစကားလုံးဟာ ကျွန်မတို့လို သာမာန်ပြည်သူတွေအတွက် အတော်နားခါးတဲ့စကားလုံးပါ။ ဒါပေမဲ့လဲနှစ်ပေါင်းများစွာ အသားတကျရှိလာတဲ့စကားလုံးလေးဆိုလဲ မမှားပါဘူး။ သိပ်မဆန်းလှပေမဲ့ အတော်လေးအရေးပါတဲ့စကားလုံးလေးဖြစ်ခဲ့တာပေါ့။ VIP ခုံမို့ပါ၊ VIP လမ်းကြောင်းရှိလို့ပါ။ VIP ခရီးစဉ်မို့ပါ။ VIP လာမှာမို့ ဒီနေ့ဖျက်သိမ်းပါတယ်။ အစရှိသဖြင့် နားမဆံ့အောင်ကြားဖူးခဲ့ပါတယ်။ VIP တောင်မှ VVIP, V5IP, V9IP, V14IP အစရှိသဖြင့်ကွဲပြားသေးတယ်။ အဆင့်မြင့်ရင်မြင့်သလောက် V ကပိုသွားတာရယ်။ VIP ဆိုတဲ့စကားလုံးလေးဟာ ဘာမှအဆန်းအပြားမဟုတ်ပေမဲ့ ဒီစကားလုံးကိုကြားလိုက်ရင်ကိုပဲ အလိုလိုကိုယ်ကဘေးရောက်သွားသလိုပဲ။ အဲဒီ VIP ဆိုတဲ့ အဓိပ္ပါယ်ကိုတော့ ကလေးလူကြီးအားလုံးသိကြပါတယ်။ 👿 မနေ့ကတော့ သားကကျောင်းပိတ်တာနဲ့သူနဲ့ထိုင်စကားပြောဖြစ်တယ်။ သူ့ကျောင်းအကြောင်း သူ့သူငယ်ချင်းတွေအကြောင်းပေါ့။ အဲဒီမှာ စကားစပ်မိရင်းနဲ့ အဲဒီ VIP ဆိုတဲ့ စကားလုံးအကြောင်းရောက်သွားတယ်။ သူက အဓိပ္ပါယ် […]


မြသဲ ( 17082011 )November 21, 20131min42133
မနေ့က passport သက်တမ်းသွားတိုးပါတယ်။ မသွားခင်ရက်ကတဲက စိတ်ဖိစီးမှု့အတော်များပါတယ်။ အဲဒီရုံးကတခါသွားစည်းကမ်းတခါပြောင်းမို့ ဘာတွေဘယ်လိုဖြစ် လာမယ် မသိတော့ စိတ်မအေးဖြစ်ရပါတယ်။ ဒါပေမဲ့လဲ မတိုးမဖြစ်ဆိုတော့ ဘုရားတရားတသွားရပါတယ်။ အတော်လေးဖြေလျှော့လာတဲ့စည်းကမ်းတွေကြောင့်တရက်နဲ့ပြီးခဲ့ပါတယ်။ ခါတိုင်းလို ရုံးပေါင်းစုံပြေး ဖောင်တင် စလစ်ထုပ်နဲ့ရက်တွေအလီလီသွားစရာမလိုတော့ပါဘူး။ လက်မောင်းပြုတ်မတတ်ဖောင်တွေလဲဖြည့်စရာမလိုတော့ပါဘူး။ နောက် ပိုက်ဆံ အိပ်တွေလဲရုံးထဲယူလို့ရပါပြီ။ အရင်ကဆိုအပေါက်မှာအိပ်တွေအပ်ပစ်ခဲ့ရတာစိတ်ညစ်စရာပါ။ အခုတော့ယူခွင့်ရှိပါပြီ။ အခုလုပ်မဲ့သူတွေအတွက် လုပ်ငန်းစဉ်နဲ့သိသင့်သိထိုက် တာလေးတွေပြောပြချင်လို့ပါ။ မခက်ပေမဲ့ပိုမြန်အောင်လို့ပါ။ တခါရွာသားတယောက်တင်ဖူးတယ်ထင်ပါတယ်။ အခုကတော့ ယနေ့အခြေအနေလေးပြန်တင်ပေးပါ့မယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့ အသစ်လုပ်မယ်ဆိုရင် ၁. အိမ်ထောင်စုစာရင်းမိတ္တူ ( ၃ ) စုံ နှင့် မူရင်း ၂. မှတ်ပုံတင်မိတ္တူ ( ၃ ) စုံ နှင့် မူရင်း သက်တမ်းတိုးမယ်ဆိုရင် ၁. မှတ်ပုံတင်မိတ္တူ ( ၂ ) […]


မြသဲ ( 17082011 )November 8, 20131min32430
တနေ့မှာပေါ့ ကျွန်မလဲ အဖော်ကောင်းတော့ကျောက်မြောင်းတခေါက်ဆိုသလို ဗိုလ်ချုပ်ဈေးကို အမတစ်ယောက်က အဖော်လိုက် ခဲ့ပေးပါဆိုတာနဲ့ အဖော်လိုက်သွားခဲ့ တာပေါ့ရှင်။ ကိုယ်ကတော့ ဗိုလ်ချုပ်ဈေးထဲမှာ ဈေးဝယ်ဖို့စိတ်ကူးမရှိတာနဲ့ ဟိုမော့ဒီမော့နဲ့ပဲ လိုက်သွားတာပေါ့။ အဲဒါနဲ့ အမက သူ့အသိ ဆိုင်တခုမှာဝင် ထိုင်ရင်းဈေးဝယ်တော့ ကျွန်မကလဲဆိုင်ရှေ့ကခုံလေးမှာ သူတို့ကျွေးတာစားရင်းဟိုကြည့် ဒီကြည့်ပေါ့။ ကျွန်မထိုင်နေတဲ့ဆိုင်ရဲ့မျက်နှာချင်း ဆိုင်မှာက မြန်မာလက်မှု့ ပစ္စည်းတွေရောင်းတဲ့ဆိုင်ပေါ့ရှင်။ အဲအချိန်မှာပဲ ပြင်သစ်စုံတွဲက အဲဆိုင်ထဲဝင်လာတယ်။ သူတို့ကိုင်လိုက်တာက ခြင်းကလေးထဲမှာထည့်ထားတဲ့ လက်တညှိုး လောက် ရှိတဲ့သစ်သားပန်းပုရုပ်ကလေး။ ကျွန်မလဲစိတ်ဝင်စားတာနဲ့ကြည့်နေမိတယ်။ ပြင်သစ်အမျိုးသမီး။ ။အရုပ်ကလေးကိုင်ရင်းနဲ့ ဆိုင်ပိုင်ရှင်ကို ( အကူကောင်မလေးတွေကရှိတယ် ) “How much?” ဆိုင်ရှင်အမျိုးသမီး။ ။ ခပ်တည်တည်ပဲ “21 dollars” ဘုရားဘုရား။ ဒါလေးကို။ :harr: ပြင်သစ်အမျိုးသမီး။ ။ ကြိုသိထားဟန်နဲ့ “No […]


မြသဲ ( 17082011 )November 7, 20131min46858
ပြောပြချင်လွန်းလို့ပါ ဒညင်းဝက် အဲလေ အလင်းဆက်ရေ လို့ပဲအစချီတော့မအေ။ အစချီဆိုညီးက အစဆွဲထုပ်တာကိုး။ ထွက်နေတဲ့ဒေါသညီးဆီရောက်သပေါ့အေ။ ကျုပ်တို့နိုင်ငံမယ် မီးခိုးမထွက်တဲ့စက်ရုံဆိုပြီး ခရီးသွားလုပ်ငန်းကိုတင်စားခဲ့တယ်အေ့။ အခုလိုပြောင်းလဲ လာတဲ့နိုင်ငံရေးခြေအနေ၊ ဖြေလျှော့လာတဲ့စည်းကမ်းတွေကြောင့်နိုင်ငံတကာခရီးသွားတွေအဝင်များလာ တာဝမ်းသာစရာပေါ့ အလင်းဆက်ရယ်။ ဒါပေမဲ့လဲအေ လူ့စည်းဘီလူးစည်းဆိုတာတော့ရှိရမယ်မဟုတ်လား။ ဖြူဖြူမြင်တိုင်းကိုးကွယ်နေရတာ တော့ဟုတ်သေးဘူးနဲ့တူတယ်အေ။ ပြောပြချင်လွန်းလို့ပါ ဒညင်းဝက်ရယ်။ ရင်နဲ့မဆံ့လို့ပါ။ နိုင်ငံတကာခရီးသည်တွေအပေါ်ကို အိမ်ရှင်က ဧည့်ဝတ်မကျေရဘူးမပြောဘာဘူးအေ။ ဧည့်ဝတ်ကျေရ မပေါ့။ ကိုယ့်ပိုက်ဆံလာပေးတဲ့သူပဲဟာ။ မြန်မာဆိုတာကလဲ အစကတဲက ဧည့်ဝတ်ကျေပွန်မှု့ကို ဂုဏ်တရပ် အနေနဲ့ထိမ်းသိမ်းခဲ့တာပါအေ။ ဒါပေမဲ့ အလင်းဆက်ရေ ပြောချင်တာကတော့ ဧည့်ဝတ်ကျေတာနဲ့ ဘုရင်ခံလိုကြိုဆိုရတာတူသလားအေ။ Tour Company တွေနဲ့ Tour Guide တွေကတော့ သူ့တို့ Customer တွေကို ဧည့်ဝတ်အစွမ်းကုန်ကျေတာတော့မဆန်းပေမဲ့ သူတို့ ဧည့်ဝတ် ကျေဖို့ကို ငါတို့လို သာမာန်ပြည်သူတွေကပါ လိုက်ဧည့်ဝတ်ကျေနေရတာတော့ […]


မြသဲ ( 17082011 )October 21, 20131min28921
အခုတလောကြားရတဲ့သတင်းတွေ ကြုံတွေ့ရတဲ့ အဖြစ်တွေကြောင့် ကျွန်မတို့ငယ်ငယ်တုန်းက ကလေးဘဝ နဲ့ အခုခေတ်ကလေးတွေရဲ့ဘဝဟာ အကွာကြီးကွာခြားသွားတာကို စိတ်မကောင်းစွာနဲ့ပဲတွေ့ခဲ့ရပါတယ်။ ကျွန်မတို့ငယ်ငယ်ကဆို နယ်မြို့လေးမှာ ဘာအနှောက်အယှက်မှမရှိပဲ လွတ်လပ်စွာဆော့ကစားလု့ိကြီးပြင်း ခဲ့ရပါတယ်။ မိဘတွေကလဲစိတ်ချလက်ချရှိသလို ကျွန်မတို့ကလဲ ဘာအန္တရာယ်မှမရှိပဲ လွတ်လပ်ပျော်ရွှင် ခဲ့ရပါတယ်။ ကျွန်မတို့ငယ်ငယ်က လေးတန်းလောက်မှာ ကျွန်မတို့ ခေတ်က အစိုးရစစ်ပါ။ အဲတော့မေးခွန်း ကို အစိုးရကထုပ်တာမို့ စာကိုအရမ်းကျက်ခဲ့ရပါတယ်။ အမှတ်ကိုလဲ အခုခေတ်လို ၂၅ မှတ်ဖိုးဖြေရတာ မဟုတ်ပဲ တနှစ်လုံးစာကို ၁၀ဝ ဖိုးအပြည့်ဖြေရတာမို့ ဆရာမတွေက အချိန်ပိုတွေခေါ်သင်ရပါတယ်။ ကျူရှင် ကတော့လုံးဝမရှိပါဘူး။ ကျွန်မတက်ခဲ့တဲ့ မူလတန်း ကျောင်းလေးက တောင်ခြေနဲ့နီးပါတယ်။ မူလတန်း ကျောင်းကလေးကနေ လမ်းကူးလို့ လမ်းကြားလေးထဲ ကနေဝင်သွားလိုက်ရင် တောင်ခြေကိုရောက်ပါ တယ်။ တလတခါလောက် ဆရာမက ထမင်းဘူးယူခဲ့ခိုင်းပြီး တောင်ပေါ်တက်လို့ […]


မြသဲ ( 17082011 )October 10, 20131min78563
လွန်ခဲ့တဲ့တလလောက်က ဂေဇက်ရွာကြီးတခုလုံးကိုအုန်းအုန်းကြွက်ကြွက်ဖြစ်သွားစေတဲ့ သတင်းတခုဖြစ်သွားပါတယ်။ အဲသတင်းလဲကြားရော ရွာသူ ရွာသားတွေကော၊ ရွာ့သတင်းထောက်တွေဖြစ်တဲ့ စီဂျေတွေရော လှုပ်လှုပ်ရွရွတွေဖြစ်လို့။ ရွာသူရွာသားတွေကလဲ သူ့ထက်ငါသတင်း အတိအကျသိချင်လို့၊ စီဂျေတွေကလဲ သူ့ထက်ငါ သတင်းရဖို့ ကင်မရာတွေ အသံဖမ်းစက်တွေတပြင်ပြင်နဲ့ပေါ့။ သတင်းကတော့ တော်တော်ကိုထူးဆန်းပါတယ်။ ဂေဇက်မြို့ကနေထွက်တဲ့ အပျော်စီးသင်္ဘောကြီး လမ်းမှာ ပြန်ပေးဆွဲခံရတယ်ဆိုတာပါပဲ။ အဲဒီလိုပြန်ပေးဆွဲခံရတာမှာ သင်္ဘောပေါ်မှာပါတဲ့ သင်္ဘောစပါယ်ယာမလေးက ဝန်ထမ်းနဲ့ခရီးသည် ၃၅ဝ တို့ရဲ့အသက်ကို စွန့်စွန့်စားစားကယ်လိုက်တယ်ဆိုတာပါပဲ။ သင်္ဘောပေါ်မှာဖြစ်ခဲ့တဲ့ သတင်းဆိုတော့ ဖုန်းထဲကနေကြားရသလောက်ပဲဆိုတော့ ဖြစ်စဉ်ကိုအတိအကျမသိရတော့ ကုန်းပေါ် ကလူတွေကအရမ်းကိုစိတ်ဝင်စားနေတော့တာပေါ့။ အဲဒါကြောင့်လဲ သင်္ဘောကြီး ဂေဇက်ရွာ ကိုပြန်လည်ဆိုက်ကပ်မဲ့နေ့မှာ တွေ့ဆုံမေးမြန်း အဖြစ်မှန်သိရဖို့ တရွာလုံး စိတ် ဝင်စားနေကြတာပေါ့။ ဒီလိုကြမ်းတမ်းတဲ့ ပြန်ပေးသမားတွေကိုဘယ်လိုများ ဒီလိုအားနွဲ့တဲ့မိန်းကလေးက အံတုလိုက်ပါလိမ့်ပေါ့။ သင်္ဘောကြီးပြန်လာမဲ့မနက်အစောကြီး တရွာလုံး အစောကြီးထ နေရာရဖို့ ဆိပ်ကမ်းကို သူ့ထက်ငါဦးအောင်သွား၊ […]


မြသဲ ( 17082011 )October 9, 20131min56563
ဟိုနေ့က ဒညင်းဝက် အဲလေ အလင်းsex အဲ မွှားလို့ အလင်းဆက်ပိုစ့်ကိုမန့်ရင်း သူမေးလိုက်တာလေး ကိုယ့်ဘာသာကိုယ်လဲ မဖြေတတ်တာနဲ့ စစ်တမ်းကောက်ကြည့် မလို့ပါ။ အလင်းဆက်ကပြောတယ်။ ယောင်္ကျားလေးတွေစိတ်ညစ်ရင် ဘီယာ/အရက်သောက်တယ်ပေါ့။ မိန်းကလေးတွေစိတ်ညစ်ရင်ဘာလုပ်သလဲ တဲ့။   ကျွန်မလဲစဉ်းစားကြည့် တာ တော်တော်လေးသိချင်လာမိတယ်။ ရွာထဲက ရွာသူတွေစိတ်ညစ်ရင် ဘာတွေလုပ်လေ့ရှိသလဲ စစ်တမ်းလေးတခုကောက်ကြည့်ချင်လို့ အောက်ကနေ ကွန်မင့်လေးများ ချီးမြှင့်ပေးစေလိုပါတယ်။   မိန်းကလေးတွေစိတ်ညစ်ရင် ဘာလုပ်လေ့ရှိပါသလဲ။   ကွန်မင့်လေးနဲ့ဖြေပေးကြပါအုံး။ ယောင်္ကျားလေးတွေ ရွာသားတွေလဲဖြေလို့ရပါတယ်။ ဗဟုသုတေ့ပါ့။ အပြန်အလှန်ဆွေးနွေးရတာပေါ့။


မြသဲ ( 17082011 )October 6, 20131min32628
အခုတလော ကားလမ်းတွေပိတ်နေတာမတရားနင်းကိုဖြစ်နေတာပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်သုံးနှစ်လောက်ကိုပြန်စဉ်းစားကြည့်မိတယ်။ ရန်ကုန်မှာ ကားတွေများတယ် ဆိုပေမဲ့ ကားမောင်းရတာ ဘာပြသနာမှမရှိဘူး။ လိုင်းကားတွေကလဲ ဆိုးတယ်ဆိုပေမဲ့ သူ့လမ်းသူမောင်းပြီး အားလုံးအေးရာအေးကြောင်းပဲလို့ထင်မိတာပဲ။ အခုပါမစ် တွေ ထုပ်ပေးပြီးနောက်ပိုင်းမှာ ဆိုးဆိုးလာလိုက်တာ။ မြို့ထဲတခါထွက် ဟိုနားမယ် ဂျွတ်၊ ဒီနားမယ် အုန်း၊ ဟိုးရှေ့နားမယ်ဗျောင်းနဲ့နေအောင် ကားချင်းညိနေကြ တာတွေ့ရတယ်။ လိုင်းကားတွေဆိုတာလဲ သူမမောင်းတဲ့လမ်းမရှိဘူး။ လမ်းလုံးပြည့်ကိုမောင်းနေတာ။ Taxi ဆိုတာကတော့ အိုး တိုးမယ်တိုက်မယ် ဆဲမယ်ဆိုတာချည်းပဲ။ လမ်း ပြောင်းပြန်   မောင်းတာတွေကလဲအတော်ကိုစိတ်ညစ်စရာပါပဲ။ ဘာဖြစ်လို့များတဖက်လမ်းဝင်မောင်းတယ်မသိဘူး။ ကျွန်မစဉ်းစားလို့ကိုမရဘူး။ တကယ်ပါ။ အားလုံးဟာလု ယက် မောင်းနေကြတာကိုစိတ်ပျက်စရာတွေ့နေရတယ်။ ငါသွားမယ်ဆိုတဲ့သူချည်းပဲ။ ရတယ်မင်းသွား ငါစောင့်မယ်ဆိုတဲ့သူတယောက်မှမရှိဘူး။ အခုကားမောင်းရင် အိုး ရှေ့နောက်ဝဲယာအကုန်ကြည့်တာတောင် တခါတခါ တိုက်တော့မလိုဖြစ်ဖြစ်သွားသေး။ ဘာမှန်းမသိ အတင်းတိုးဝင်တာပဲ။ ကိုယ်ကမမြင်လို့အရှိန်မလျော့မိရင် ညိပွဲပဲ။ […]


မြသဲ ( 17082011 )October 1, 20131min41643
အင်းကျုပ်တို့မလဲ အခုတလော ဒုက္ခများချက်။ ဘယ်လိုဒုက္ခလဲဟုတ်လား။ တခြားဟုတ်ရိုးလား ကျုပ်တို့ရွာ မန်းဂေဇက်ပေါ့တော်။ သဂျီးဘာလုပ်တယ်မသိဘူး တချိန်လုံးရွာတံခါးပိတ်နေတာကလား။ :buu: ရွာတံခါးပိတ်ပြီး သူကရွာထဲမယ်ဘာလုပ်နေတယ်တော့ ကျုပ်လဲမသိပါဘူးတော်။ ထားပါလေအဲဒါသူ့ကိစ္စ။ ကျုပ်ကလဲ ကျုပ်ကိစ္စနဲ့ကျုပ်ပေါ့တော်။ ကျုပ်ကိစ္စဆိုတာကတော့ ကျုပ်ကရွာထဲဝင်ချင်တာတော့။ စပ်စုချင်တာ၊ အတင်းပြော ချင်တာရယ်။ အဲပြောရအုံးမယ်။ ကျုပ်ဆိုတာကတော့ ဒီမန်းဂေဇက်ရွာထဲကရွာသူ လမ်းဆုံကဂျမ်းဘုံပေါ့ရှင်။ ဟိုလူရီးကိုထွန်းနောင်ဆိုတဲ့ ဂျင်မလေးဂျမ်းတော့ဟုတ်ဘူးရယ်။ ကျုပ်ကတော့ရွက်ကြမ်းရေချိုလေးပေါ့တော် ( ဒါကတော့ကွကိုယ် ထင်တာပေါ့နော်ရယ် )။ 😀 ထားပါလေ။ ရွာထဲဝင်မရတာနဲ့ကျုပ်မလဲ အာသာပြေဆိုပြီး ရွာ့အပြင်ထိပ်နားမယ်ရှိတဲ့ ဇရပ်ကတုံးလေးဆီ ပြေးရသာပေါ့တော်။ အဲမှာတော့မဆိုးပါဘူး။ ရွာထဲဝင်ရတဲ့ရွာသူားတွေရော ဝင်မရတဲ့ရွာသူားတွေကော စုံပါ့တော်။ သတင်းပလင်းအတင်းအကုန်သိ ရသပေါ့ရှင်။ ဒါပေသိ သိကြတဲ့အတိုင်းဇရပ်ကတုံးလေးဆိုတော့ ဘယ်သူမှကြာကြာရွာနေပြည်ထိုင်ရှိတာ ဟုတ်ဘူးလေတော်။ ခဏတဖြုတ် စကားလေးတခွန်းနှစ်ခွန်း ဘာစားနေသည် ဘာဖတ်နေသည် အသီးကွဲနေသည် မင်ဂါချောင်ဒေါ့မည် […]


မြသဲ ( 17082011 )September 22, 20131min58118
🙂 :cryy: 😀 :-DD ❓ 🙄 :boss: :evill: 💡 :chee: :kwi: 8) 😮 :byee: :mrgreenn: :buu: :sar: :loll: 😉 😆 😳 :chit: 🙁 😕 😥 :harr: 👿 :hee: :hint:   ဖြစ်လားလို့ စမ်းကြည့်တာ။ ချိတ်အချိုးနဲ့နော်။ လွန်ဒါရှိ ဝနာမိ။ 😀


မြသဲ ( 17082011 )September 22, 20131min37813
  ဆောင်ပုဒ်အများဆုံးဟာ မြန်မာနိုင်ငံလို့အဆိုရှိပါတယ်။ 🙂 ကျွန်မလေ့လာကြည့်သလောက် တကယ်လဲဆောင်ပုဒ်တွေများပါတယ်။ အဲဒီဆောင်ပုဒ်တွေကို လိုက်နာသလား၊ ဆောင်ပုဒ်အတိုင်းဖြစ်မြောက်သလားလို့လေ့လာလိုက်တဲ့အခါမှာလဲ တခုမှဖြစ်မြောက်တာမတွေ့ရပါဘူး။ 😀 အခုလဲ Sea Game ကြီးနီးလာတာနဲ့အမျှ အားကစား ဆောင်ပုဒ်တွေလဲ နေရာတိုင်းတွေ့လာရပါတယ်။ မရိုးနို်င်တဲ့ဆောင်ပုဒ်ကတော့ မြန်မာ့အားကစား ကမ္ဘာလွှမ်းရမည် နဲ့ မြန်မာ့အားကစားကမ္ဘာသို့ ဆိုတဲ့ဆောင်ပုဒ်တွေပါပဲ။ ကျွန်မသားလဲ မဖြစ်ညစ်ကျယ်အားကစားလုပ်ပါတယ်။ ကျွန်မလဲ သူထိုင်ဂိမ်းနှိပ် တီဗွီကြည့်နေမှာစိုးတဲ့ အတူတူကိုယ်လက်လှုပ်ရှားဖြစ်ပါစေဆိုပီး လွှတ်ထားပေးပါတယ်။ သူကတော့ ရေကူးနဲ့ ကြက်တောင် လုပ်ပါတယ်။ ရေကူးကတော့ မန်ဘာဝင်ပြီး တပါတ်နှစ်ရက်လောက် ရေကူးကန်ပို့၊ ကိုယ်ကထိုင်ကြည့်ပြီးပါတယ်။ ဒါပေမဲ့သူသိပ်စိတ်မဝင်စားပါဘူး။ ကြက်တောင်ကိုပိုအားသန်ပါတယ်။  ကြက်တောင်ကကျတော့ ကျောင်းမှာပဲရိုက်ရတော့ သူက Club ဝင်ချင်တယ်ပြောပါတယ်။ ဒါနဲ့ ကျွန်မလဲ စဉ်းစားလိုက်တော့ နှစ်လမ်းထိပ် မှာ မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်ကြီးမှဟီးနေတာပဲ။ ခန့်ညားလိုက် တဲ့အဆောက်အအုံ။ […]


မြသဲ ( 17082011 )September 9, 20131min40622
ကျွန်မအိမ်မှာကြောင်ကလေးတွေမွေးပါတယ်။ ကျွန်မအိမ်အနေအထားနဲ့ က အဲဒီကြောင်လေးကောင်ကိုကြီးသည်အထိဆက်မွေးဖို့မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့်လဲ online ကနေ ကြောင်မွေးချင်တဲ့သူများကိုဖိတ်ခေါ်ခဲ့ပါတယ်။ နှစ်ကောင်တတွဲ ဓါတ်ပုံရိုက်တင်လိုက်တာမှာ အမလေးတတွဲကိုတစ်ယောက်ကမွေးဖို့ယူသွား ပါတယ်။ နောက်ကျွန်မ အချစ်ဆုံးနဲ့ ကျွန်မကိုအချစ်ဆုံးအထီးလေးနဲ့အမလေးအ တွဲကိုတော့ ကောင်မလေးတစ်ယောက်ကမွေးဖို့တောင်းပါတယ်။ သူအားမဲ့နေ့ ကျွန်မအားမဲ့နေ့တွေဖုန်းဆက်ချိန်းပါ တယ်။ သူ့ FB page ထဲလဲကျွန်မဝင်ကြည့်ပါတယ်။ ပထမတော့အမှတ်တမဲ့ပါပဲ။ သူ့အမျိုးသားလေးနဲ့ ချစ်ချစ်ခင်ခင်နှစ်ယောက်တွဲပုံလေးတွေ သူ့ရဲ့အကောင်းမြင်တတ်တဲ့ စာလေးတွေဖတ်ရင်းကျွန်မ သားလေးနဲ့သမီးလေးကိုပေးရမှာစိတ်ချခဲ့ပါတယ်။ နောက်နှစ် ရက်လောက်နေတော့ကျွန်မတခုခုကိုသတိထားလိုက်မိတယ်လို့ထင်ပြီး ရင်တုန်သွားပါတယ်။ ကျွန်မမသေချာတာနဲ့ သူ့ပုံတွေအစအဆုံးပြန်ကြည့်တော့မှ သူဟာလက်နှစ်ဖက်မွေးရာပါမပါတာတွေ့လိုက်ရပါတယ်။ လက်မောင်းရင်းကနေ တထွာစီလောက်ပဲပါပါတယ်။ သူလုပ်တဲ့နေရာကိုကြည့် လိုက် တော့ရွှေမင်းသားဖောင်ဒေးရှင်းဖြစ်နေပါတယ်။ ကျွန်မအဲဒီရွှေမင်းသားဖောင်ဒေးရှင်းကိုလဲကောင်းကောင်းသိသလို သူတို့ မသန်စွမ်းတွေရဲ့ ဇွဲလုံးလကိုလဲ အရမ်းချီး ကျူးခဲ့ဖူးပါတယ်။ အခုတိုက်တိုက်ဆိုင်ဆိုင် အဲလိုမိန်းကလေးမျိုးကိုတွေ့လိုက်ရတော့ ကျွန်မရင်ထဲတမျိုးဖြစ်သွားပါတယ်။ သူတို့ဘဝတွေကို မြင်ဖူးကြားဖူးပေမဲ့တေ့တေ့ ဆိုင်ဆိုင် မတွေ့ဖူးတော့ စိတ်လဲလှုပ်ရှားသွားပါတယ်။ […]


မြသဲ ( 17082011 )August 16, 20134min34024
                                                                                                           လိုအပ်သော ပစ္စည်းများ                                                                                                                   အားလုံးပေါင်းထည့်                                                                                                                ဒီလိုလေးချောအောင်မွှေ                                                                                                                        မုန့်လုပ်ရန်အသင့်                                                                                                       ၁ဝ လုံးရအောင်လုံး ထောပတ်သုတ်                                                                                                                      ဝိုင်းအောင်ပြားပါမယ်                                                                                                            ဒီလိုလေးပါးနေအောင်ပြား                                                                                                       ဒီလိုလေးအသာလေးယူ                                                                                          ထောပတ်သုတ်ထားတဲ့ဗန်းထဲအသာထဲ့ မျက်နှာပြင်ထောပတ်သုတ်                                                                                                        တလွှာပီးတလွှာထည့် ထပ်တိုင်းထောပတ်သုတ်                                                                                                                 အားလုံးပီးရင်မျက်နှာပြင် ကြက်ဥအနှစ်သုတ်                                                                                                    နှမ်းနက်ဖြူး                                                                                                                 ကျက်ပါပြီ                                                                                                       ပူတုန်း ပျားရည်ဆမ်း                                                                                                                     အေးရင်ဒီလိုပုံလေးတွေလှီး                                                                                                 သုံးဆောင်ပါရှင်   သူတို့တွေကတော့ Yemeni […]