U Pyaung GyeSeptember 16, 20141min24418
မျက်ဝန်းတွင် မျက်ရည်များရစ်ဝိုင်းလျက် အဝေးသို့ လှမ်းမျှော်ကြည့်နေသော်လည်း သက်ရှိ/သက်မဲ့ တစ်စုံ တစ်ခု ကိုမျှ မြင်ပုံမရ။ အချို့လဲ မျက်ရည်များ ထိန်းထားသည့်ကြားမှ ပါးပြင်ပေါ်သို့ စီးကျနေကြသူများ။ လူတန်း ရှည်ကြီး တစ်ခု။ သူတို့၏ ရည်မှန်းချက်ကား ပေါင်မုန့်ရောင်းပေးနေသော ကောင်တာလေးဆီသို့ အသိမဲ့သူများ ပမာ တရွေ့ရွေ့။ ဝန်းကျင်တွင်လည်း ပြိုကျပျက်စီး နေသော အဆောက်အဦများ ကြား၌ မြေကော်စက်ကြီးများ၊ ဝန်ချီစက်ကြီးများက တဝုန်းဝုန်း တဂျုံးဂျုံး။ ၂၀၁၂ ခုနှစ် အတွင်း ရေအောက်ကြမ်းပြင်ကို ဗဟိုပြု လှုပ်ခတ် ခဲ့သည့် ဂျပန်နိုင်ငံ ငလျှင်ဒဏ်ကြောင့် ကမ္ဘာပျက်သလို ခံစားခဲ့ကြရသော၊ မိဘ/ သားသမီး/ ညီအကိုမောင်နှမ/ ဆွေမျိုးသားချင်းများ သေကြေပျက်စီး ပျောက်ဆုံးခဲ့ကြရသော၊ နေစရာအိမ်နှင့် စားစရာ ချက်ပြုတ် ကြော်လှော် ရန် […]


U Pyaung GyeJuly 30, 20141min1696
လွန်ခဲ့တဲ့ ၄၂ နှစ်၊ ဒီလိုရက် ၁၉၇၂ ခုနှစ် ဇူလိုင်လ ၃ဝ ရက် မနက် ၉ နာရီ ၂ဝ မိနစ်မှာ ကျွန်တော့်ရဲ့ အမေက [ခြေကျိုး၊ လက်ကျိုး သည်းချေပျက် (ဝမ်းတွင်းရူး)] နဲ့ဝမ်းတွင်းကန်း သူငယ်နာ ဝမ်းပျက်] အမွှာကလေး နှစ်ဦး မွေးစားဖို့ ကျွန်တော့ကို တာဝန်ပေးအပ်ခဲ့ပါတယ်။ ခြေကျိုး၊ လက်ကျိုး နေလို ့ သူ ့ဟာသူဘာမှ မလုပ်နိုင်တဲ့ ကလေးက သည်းချေပျက်နေတော့ ဟိုဟာလုပ်ချင်၊ ဒီဟာလိုချင်၊ ဟိုနားသွားချင်၊ ဒီနားလာချင်၊ ဟိုဟာစားချင်၊ ဒီဟာ သောက်ချင် နဲ ့ဝမ်းတွင်းရူးတို့ ထုံးစံအတိုင်း ပေါ့။ သူငယ်နာဝမ်းပျက်ကလဲ သူငယ်နာရောဂါကမွေးရာပါ၊ ဝမ်းကပျက်နေသေး ဆိုတော့ သူ ့ကို ခဏခဏ […]


U Pyaung GyeJuly 25, 20141min25512
ကျွန်တော် Facebook social network ကို 2012 December 28 တွင်မှ စတင် အသုံးပြုခဲ့ပါသည်။ စတင်အသုံးပြုချိန်တွင် သူများ fb ဆိုလို့သာ fb လိုက်ခြင်းဖြစ်ပါသည် fb ဆိုတာ ဘာလုပ်ရတာမှန်း တကယ် မသိခဲ့ပါ။ မသစ်သစ်မြင့်ဆိုင် Thit Thit Myint Saing ကတော့ ပြောပါသည်- ” FB ကို လူတွေက ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ် .. တချို့ကလဲ ကိုယ့်ခံစားချက်တွေ ရဲ့ ဟစ်တိုင် အဖြစ် .. တချို့ကလဲ ကိုယ်ကြိုက်တဲ့ Quote လေးတွေ သိမ်းဆည်းရာ အဖြစ် .. တချို့ ကျပြန်တော့ သူများရေးတာလေးတွေ ဖတ်ဖို့ .. တချို့ကျတော့လဲ […]


U Pyaung GyeJuly 23, 20141min1766
ကျွန်တော် ဝန်ထမ်းအိမ်ယာမှာနေပါသည်။ ပတ်ဝန်းကျင်အိမ်များတွင် ဌာနတူ အမျိုးသားဝန်ထမ်း မိသားစုများနေကြ၏။ ဘယ်ဘက်အိမ်မှ ဇနီးသည်မှာ ပညာရေးဝန်ထမ်း၊ ကျောင်းဆရာမ ဖြစ်ပြီး ညာဘက်အိမ်မှ ဇနီးသည်မှာ ချမ်းသာသောမိဘများမှ မွေးဖွားခဲ့သူ ဖြစ်ပါသည်။ ရှေ့တည့်တည့်အိမ်မှ ဇနီးသည်မှာ ဘာသာတရား ကိုင်းရှိုင်း သော၊ ဇနီးဝတ္တရားကျေပွန်သော၊ အလိမ္မာအိမ်ပါ မှီခိုသူ တစ်ဦးပင်။ ” သားငယ်၊ ဒီလပတ် Report Card မှာ အဆင့် ၆ တဲ့၊ ဘယ်လိုဖြစ်တာလဲသားရယ်၊ အရင်လတွေက အဆင့် ၃ထက် မကျဘူးပါဘူးကွယ်၊ သားကြီးလာရင်ဆရာဝန်ကြီး လုပ်မှာဆို၊ ဒီပုံနဲ့ဆို ဘယ်လိုဖြစ်မှာလဲသားရဲ့၊ နောက်လ အဆင့်တစ် မရရင် ရိုက်မှာနော် ” အိမ်ရှေ့အိမ်ရှိ အမျိုးသမီးမှ သားဖြစ်သူ ပထမတန်း ကျောင်းသားကို ပြောသံ ကြားပါ […]


U Pyaung GyeJuly 22, 20141min1555
သာသနာဆိုတာအဆုံးအမပါ။ သာသနာကွယ်တယ်ဆိုတာ အဆုံးအမကွယ်တာပါ။ ဘုရားအဆုံးအမကိုလိုက်နာနေသမျှ သာသနာမကွယ်သေးပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဂရုဓမ္မနိစ္စသီလ(ငါးပါးသီလ)မြဲနေဘို့လိုပါမယ်။ ကျွန်တော်တို့ ဗုဒ္ဓဟာ ဝိဘဇ္ဇဝါဒီပါ၊ ကံနဲ့ကံ၏အကျိုးကို အခြေခံကျစွာ လက်ခံယုံကြည်ပါတယ်။ ကံဆိုတာအလုပ်ပါ၊ ဘယ်လိုအလုပ်မျိုးကိုပြုလုပ်ခဲ့လို့ ရရှိလာတဲ့ အကျိုးရလဒ်က ဘာတွေလဲ။ တင်ပြမယ့် အကျိုးရလဒ်တွေ ဖြစ်လာစေတဲ့ အဓိကအကြောင်းတရားတွေကို ရှာကြစေလိုပါတယ်။ ဝါယာရှော့ဖြစ် မီးလောင်နေတာကို မိန်းမချဘဲ ရေနဲ့ပက်ရင် အန္တရာယ်ရှိပါတယ်ခင်ဗျာ။ တစ်ချိန်က ဗုဒ္ဓဘာသာနိုင်ငံအများအပြားဟာ အခုချိန်မှာ ဗုဒ္ဓဘာသာဝင်မရှိသလောက်ဖြစ်နေတာ ဘာလို့ပါလဲ….. ဗုဒ္ဓဘာသာအမျိုးသမီးတွေ ဘာသာခြားကိုလက်ထပ်ကြတာ ဘာလို့ပါလဲ….. ဗုဒ္ဓဘာသာဝင်လူငယ်အများစုဟာ ၃၈ဖြာမင်္ဂလာတရားတော်ကို မသိ၊ မရ၊ မလိုက်နာကြတာ ဘာလို့ပါလဲ…..(လူငယ်တွေတင်မကပါဘူး၊ လူကြီးတွေလဲပါပါတယ်) ဘာသာခြားတွေမြို့လယ်မှာအစားထိုးဝင်ရောက်လာဘို့ ဗုဒ္ဓဘာသာမြန်မာ တော်တော်များများ မြို့ပြင်ထွက်ပေးကြတာ ဘာလို့ပါလဲ….. ဗုဒ္ဓဘာသာမြန်မာ ဈေးဆိုင်တွေမှာဝယ်ယူအားပေးမှုမပြုကြဘဲ ဘာသာခြားဆိုင်တွေမှာအားပေးကြတာ ဘာလို့ပါလဲ….. ထေရဝါဒ ဗုဒ္ဓဘာသာဝင်လို့ လက်ခံယူဆထားသူများဟာ […]


U Pyaung GyeJuly 22, 20141min1715
ဒီကနေ့ခေတ်ရဲဘော်တွေ အတော်ဂွကျတာဘဲ။ ဗိုလ်ချုပ်အောင်ဆန်းကပြောခဲ့တယ်… စားစရာကျောက်ခဲ၊ အိပ်စရာမြေကြီးတဲ့။ ဒီနေ့ခေတ်မီတပ်မတော်ကြီးက အဲလိုတောင်မဟုတ်ဘူး၊ အောက်လက်ငယ်သားတွေအပေါ် ဘယ်လောက်စေတနာထားလဲ ဆိုတာ ပြောချင်လို့ပါ။ ငယ်သားတွေရဲ့ စား၊ ဝတ်၊ နေရေး အားလုံးစီစဉ်ပေးထားပါတယ်။ စားစရာဆိုရင် ကျန်းမာရေးအရ သင့်တင့်မျှတအောင် ယခင်က စားဆီရသင့်နှုန်းတွေ လျှော့ပြီး ရဲဘော်တွေ အဆီမဖုံးအောင် စေတနာထားတဲ့အပြင်၊ ကျန်းမာကြံ့ခိုင်တဲ့ စစ်သည်တော်တွေဖြစ်အောင် ရိက္ခာအစိုအတွက် ပေးတဲ့ငွေကို ရိက္ခာအစိုဝယ်မစားဘဲ တခြားပစ္စည်းတွေ ဝယ်သုံးမှာစိုးလို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ရိက္ခာစိုဝယ်ပြီး ကျွေးခိုင်းနေတာပဲကြည့်။ ဝယ်ကျွေးတဲ့ ရိက္ခာစိုကို အေးအေးဆေးဆေးယူမစားဘဲနဲ့ ပြင်ပဈေးထက်များသလေး၊ လတ်ဆတ်မှုမရှိဘူးလေးနဲ့ ပြောချင်ကြ သေးတယ်။ ဪ…..ရဲဘော်တွေ…ရဲဘော်တွေ… ဝတ်စရာဆိုရင်လဲ တပ်မတော်အထည်ချုပ်စက်ရုံနဲ့ ဖိနပ်စက်ရုံတွေမှာ အဆင့်မီ စစ်ဝတ်ပစ္စည်းတွေ ထုတ်လုပ်ခိုင်း၊ ယခင်က အဟောင်းနဲ့ အသစ်လဲရတဲ့စနစ်ကို ဖျက်သိမ်းပြီး သက်တမ်းစေ့တာနဲ့ […]


U Pyaung GyeJuly 21, 20141min890
သာသနာဆိုတာအဆုံးအမပါ။ သာသနာကွယ်တယ်ဆိုတာ အဆုံးအမကွယ်တာပါ။ ဘုရားအဆုံးအမကိုလိုက်နာနေသမျှ သာသနာမကွယ်သေးပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်းဟာ ဂရုဓမ္မနိစ္စသီလ(ငါးပါးသီလ)မြဲနေဘို့လိုပါမယ်။ ကျွန်တော်တို့ ဗုဒ္ဓဟာ ဝိဘဇ္ဇဝါဒီပါ၊ ကံနဲ့ကံ၏အကျိုးကို အခြေခံကျစွာ လက်ခံယုံကြည်ပါတယ်။ ကံဆိုတာအလုပ်ပါ၊ ဘယ်လိုအလုပ်မျိုးကိုပြုလုပ်ခဲ့လို့ ရရှိလာတဲ့ အကျိုးရလဒ်က ဘာတွေလဲ။ တင်ပြမယ့် အကျိုးရလဒ်တွေ ဖြစ်လာစေတဲ့ အဓိကအကြောင်းတရားတွေကို ရှာကြစေလိုပါတယ်။ ဝါယာရှော့ဖြစ် မီးလောင်နေတာကို မိန်းမချဘဲ ရေနဲ့ပက်ရင် အန္တရာယ်ရှိပါတယ်ခင်ဗျာ။ တစ်ချိန်က ဗုဒ္ဓဘာသာနိုင်ငံအများအပြားဟာ အခုချိန်မှာ ဗုဒ္ဓဘာသာဝင်မရှိသလောက်ဖြစ်နေတာ ဘာလို့ပါလဲ….. ဗုဒ္ဓဘာသာအမျိုးသမီးတွေ ဘာသာခြားကိုလက်ထပ်ကြတာ ဘာလို့ပါလဲ….. ဗုဒ္ဓဘာသာဝင်လူငယ်အများစုဟာ ၃၈ဖြာမင်္ဂလာတရားတော်ကို မသိ၊ မရ၊ မလိုက်နာကြတာ ဘာလို့ပါလဲ…..(လူငယ်တွေတင်မကပါဘူး၊ လူကြီးတွေလဲပါပါတယ်) ဘာသာခြားတွေမြို့လယ်မှာအစားထိုးဝင်ရောက်လာဘို့ ဗုဒ္ဓဘာသာမြန်မာ တော်တော်များများ မြို့ပြင်ထွက်ပေးကြတာ ဘာလို့ပါလဲ….. ဗုဒ္ဓဘာသာမြန်မာ ဈေးဆိုင်တွေမှာဝယ်ယူအားပေးမှုမပြုကြဘဲ ဘာသာခြားဆိုင်တွေမှာအားပေးကြတာ ဘာလို့ပါလဲ….. ထေရဝါဒ ဗုဒ္ဓဘာသာဝင်လို့ လက်ခံယူဆထားသူများဟာ […]


U Pyaung GyeJuly 21, 20141min1475
ဆရာမ မစန္ဒာ ပြောပါတယ် ဂျပန်ခေတ်က ကျောင်းအုပ်ကြီး ဦးရာဇတ် ကျောင်းက ကျောင်းသူတစ်ဦးကို ဂျပန်စစ်သား တစ်ယောက်က လိုက်ဆွဲတယ်၊ ကျောင်းသူလေးက ကျောင်းဝန်းထဲဝင်ပြေးတော့ ဂျပန်က နောက်ကလိုက်တယ်၊ ကျောင်းဝန်းထဲဝင်လာတဲ့ဂျပန်ရဲ့ ရင်ဘတ်ကို ဖိနပ် တစ်ဖက်လာပြီးထိမှန်တယ်၊ ဂျပန်က သူကို ဖိနပ်နဲ့ပစ်တဲ့ကျောင်းသားကို ထုတ်ပေးဘို့အော်တယ်၊ ကျောင်းသားတွေအားလုံး ထွက်လာပြီး ဝိုင်းလာတဲ့ အတွက် ဂျပန် သူ့စခန်းပြန်သွားတယ်။ ခဏအကြာ ဂျပန်စစ်ဗိုလ်ဦးစီးတဲ့ ဂျပန်စစ်သားတွေတင်လာတဲ့ စစ်ကားတစ်စီး ကျောင်းထဲဝင်လာပြီး ဖိနပ်နဲ့ပစ်တဲ့ကျောင်းသား ထုတ်ပေးဘို့ ဂျပန်စစ်ဗိုလ်က ပြောတယ်၊ ကျောင်းအုပ်ကြီး ဦးရာဇတ်က ညနေကျောင်းဆင်းချိန်မှာ ဖိနပ်မပါဘဲထွက်လာတဲ့ ကျောင်းသားကို ဖမ်းပါလို့ ချွေးသိပ်ပြီး ပြန်လွှတ် လိုက်တယ်။ ဂျပန်စစ်သားတွေ ကျောင်းဆင်းချိန်ထိစောင့်ကြတယ်။ ကျောင်းဆင်းတော့ ထွက်လာတဲ့ ကျောင်းသား အားလုံး တစ်ယောက်မှ ဖိနပ်မပါကြဘူး။ […]


U Pyaung GyeJuly 21, 20141min1676
အင်းစိန်ဘူတာ၊ ဆိုက်ကားအမှတ်( အစ ၁၀ဝ )၊ အချိန်ကား ညဘက်။ အဆင့်မြင့်ပညာရေး သင်ကြားနိုင်ရန်နှင့် ဆိုက်ကားပိုင်ရရေး အတွက် တစ်ညလျှင် အိပ်ချိန် ၂ နာရီခန့်ဖြင့် ကြိုးစားနေသူ လူငယ်တစ်ဦး လမ်းမီးအလင်းရောင်ဖြင့် စာဖတ်နေပါသည်။ ” ငညိုရေ၊ ကုန်တွေလာသယ်ပါဦးကွ၊ ဒို့သွားကြရအောင် ” အမည်ရင်းပျောက်ကာ စာတိုငညို အမည်ပြောင် ဖြင့် ကြိုးစားခဲ့ရာ ၄ လအကြာ ဆိုက်ကားပိုင်ဝယ်နိုင်ပြီ၊ ဆိုက်ကားအမှတ်( အစ ၁၃၆ )။ ရန်ကုန်မြို့တွင်း အမှိုက်ကားမောင်းသမားများ အကြိုက်လိုက်ကာ အမှိုက်ကားမောင်းသမားဘဝ ရရှိရေး ကြိုးစားခဲ့ပြန်သည်။ စာဖတ်အားကတော့ လျော့မသွား။ အမှိုက်များတင်နေစဉ် အချိန်ရသည်နှင့် စာဖတ် တော့သည်။ စာဖတ်ကောင်းမှုကြောင့် အမှိုက်ကားကို တစ်နေရာမှ တစ်နေရာရွှေ့ရန် ကြန့်ကြာနေ၍ အုပ်ချုပ်သူ၏ မန်မဲမှုကိုခံခဲ့ရဘူး၏။ […]


U Pyaung GyeJuly 21, 20141min760
စတုတ္ထတန်း အခန်းတွင်းဖြစ်ပါသည်။ ကျောင်းမှသတ်မှတ်ထားသည့် အင်္ကျ ီဖြူနှင့် ပုဆိုးမဝတ်ခဲ့သော ကျောင်းသားကို ခုံပေါ်တက် မတ်တတ်ရပ်ခိုင်း ထားပါသည်။ ကြိမ်လုံးကိုင်ထားသည့် အတန်းပိုင်ဆရာမ လာချေပြီ။ ရိုက်ရန်အတွက် ဘောင်းဘီပေါ်ဖုံးနေသည့် အင်္ကျ ီစကို မတင်ခိုင်း၏။ ကျောင်းသားကားမလှုပ်။ ဆရာမဒေါသထွက်၍ မတင်ခိုင်းပြန်သဖြင့် ကျောင်းသားမှ မတင်ပေးလိုက်၏။ ဆရာမလက်တွင်းမှ ကြိမ်လုံးလွတ်ကျသွားပြီး ကြမ်းပြင်နှင့်ထိတွေ့သံ၊ ကျောင်းသား ၏ ငိုရှိုက်သံနှင့်အတူ ဆရာမ၏သက်ပြင်းရှိုက်သံတို့ ရောထွေးထွက်ပေါ်လာလေသည်။ ကျောင်းအပ်ရန် ပိုက်ဆံမရှိသဖြင့် သနားတတ်သူ၏ ကျောင်းအပ်ခဖြင့် ကျောင်းဝင်ခွင့်ရခဲ့သူ၊ ကွယ်လွန်သွားပြီ ဖြစ်သောဖခင်နှင့် မောင်နှမ ၁ဝ ဦးအတွက် ငွေရှာနေရသောမိခင်မှ မွေးဖွားလာသူ ထိုကျောင်းသားမှာ ဘောင်းဘီဖင်ပြဲလေးဝတ်ကာ ဖင်ပြဲကို သူတစ်ပါးမမြင်စေရန်နှင့် အင်္ကျ ီဖြူ မရှိ၍ သူ့အဖေ၏ စွပ်ကျယ် လက်စကအား လက်ခေါက်ပြီး အင်္ကျ […]