YE YINT HLAINGAugust 25, 20151min2258
( ၂ ) အချိန်တိုင်း သတိရဆဲပါ ဒီညလည်း တို့လွမ်းရဦးမှာ ကြယ်လေးများရယ် ချစ်သူအကြောင်းလေးပြောပါ သိပ်သိချင်မိတယ် မျှော်ငေးကာစောင့်စားခဲ့ ဒီနေ့ပြီးဆုးံသွားရင် ဝေဒနာညတို့ဖြတ်ရဦးမှာ လမင်းကြီးလည်း ငါ့ကိုကျောခိုင်းလို့ သူနုတ်ဆိတ်နေတဲ့ခါ ငြိမ်သက်တဲ့ငါ့ရဲ့ညတွေမှောင်မဲ အလွမ်းများ အဆုးံသတ်ပေးပါ ဒီမျက်ရည်များကို ချုပ်ထိန်းရင်းမင်းကို စောင့်စားရင်း ငါ့ကို မင်းနဲ့တွေ့ ခွင့်ပေးပါ ငါမျှော်လင့်ပရစေ တသက်တာ လှည့်စားလို့ထားတာသိနေပေမဲ့လည်း… တနေ့မှာငါ့ဆီမင်းပြန်လာ လှည့်စားလို့ထားတဲ့မင်းပြန်လာဦးမလား မျှော်လင့်ခဲ့… ယုံစားခဲ့… မျှော်လင့်နေမယ်…


YE YINT HLAINGAugust 24, 20151min1083
ဖိုးကျော်၏စကားဆုးံတော့ ချစ်ဆွေက ခဏတာစဉ်းစားမှုပြုလိုက်ပြီး ဖိုးကျော်အား ဒါဆိုခဏလေးကွာဟုဆိုကာ သူ၏ဖုန်းဖြင့် အနယ်နယ် အရပ်ရပ်တွင်ရှိသော သူငယ်ချင်းများရှိရာသို့ ဆက်သွယ်လိုက်သည်။ သူငယ်ချင်းများ၏ဖုန်းဟန်းဆက်လေးများကိုယ်စီတွင်လည်း ချစ်ဆွေ၏ဖုန်းနံပါတ်လေးပေါ်ကာ ရင်းတုန်းကိုယ်စီ မြည်သွားတော့သည်။ အားလုးံကိုဖုန်းဆက်ပြီးမှ ချစ်ဆွေက ဖိုးကျော်အား ဖိုးကျော် -နွေဦးကိုခိုးယူမည့်အစီအစဉ်အသေးစိတ်အားပြောပြလိုက်သည်။ ဒီတော့ မှ ဖိုးကျော် မျက်နှာလေး ပြန်လည်လန်းဆန်းတက်ကြွ လာပြီး ချစ်ဆွေ၏ ပခုးံနှစ်ဖက်ကိုကိုင်ကာ ကျေးဇူးပါသူငယ်ချင်းရာ …ကျေးဇူးပါကွာဟုဆိုလိုက်သည်။ ဒါကို ချစ်ဆွေက မလိုပါဘူးကွာ မင်းတို့ ငါတို့ နွေဦးတို့ဆိုတာ သူငယ်ချင်းတွေပါ …ငါပြောတဲ့ အစီအစဉ်အတိုင်းသာ အမှားအယွင်းမရှိအောင်လုပ်ကွာ ဟု ပြောလေသည်။ ချစ်ဆွေ ၏ အစီအစဉ်အတိုင်း နွေဦး၏အိမ်သို့ မကြာခဏ အဝင်အထွက်ရှိသောဇွန်ဇွန် က ဖိုးကျော် မရောက်မှီ တရက်ကြို၍ ရောက်နှင့်ပြီဖြစ်သည်။ နောက်ရက်တွင် ညနေပိုင်းအချိန်သို့ ရောက်သောအခါ […]


YE YINT HLAINGJuly 17, 20151min37124
တရက်သောညနေတွင် ဖုန်းအဆက်အသွယ်ရသဖြင့် မတွေ့ရသည်မှာကြာပြီဖြစ်သော ညီ တစ်ဦးကဲ့သို့ချစ်ခင်ရသည့်မောင်ဝမ်း ရှိရာသို့ထွက်လာခဲ့သည်။ မောင်ဝမ်းရှိရာ အဆောင်သို့ ရောက်ချိန်တွင် မောင်ဝမ်းမှာ အဆောင်ရှေ့တွင် ကျနော့် အားအသင့်စောင့်ကြိုနေလေသည်။ လာ အကို လဘက်ရည်ဆိုင် သွားရအောင် လဘက်ရည်ဆိုင်သို့ရောက်သော် မောင်ဝမ်းက ပေါ့စိမ့် ရိုးရိုးနှစ်ခွက်ဟု မှာပြီးမှ ကျွန်တော့အား အကို့ ရှယ်သောက်မလား ရှယ်တခွက်ပြောင်းမှာလိုက်မယ် လိုပါဘူးငါ့ညီရာ လဘက်ရည်သောက်တိုင်း အကိုကတော့ ရှယ်တွေ ရိုးရိုးတွေအာရုံ မရှိပါဘူးကွာ ရိုးရိုးပဲထားလိုက်ပါ။ဘယ်လိုလည်း ညီကော အဆင်ပြေလား? လစာတော့ တိုးလာပါတယ် အရင်လိုတော့ အဆင်မပြေဘူးအကို အဖေက ပင်စင်ယူသွားပြီး ကျ နော့အောက်က အငယ် နှစ်ယောက်က အတန်းတွေ တက်လာတယ် ။ စားစရိတ် ပုံမှန်ဆိုပေမဲ့ ကျောင်းစရိတ်တက်လာတာပေါ့ဗျာ။ လစာတိုးသွားပြီဆိုတော့ အခု ဘယ်လောက် ရလဲ? […]


YE YINT HLAINGJuly 15, 20151min1366
လုပ်ငန်းတနေရာစာလေး ရဖို့ အတော်ကို ရုန်းကန် လှူပ်ရှားနေရသည်။ စိတ်ကြိုက်လုပ်ငန်း မရမခြင်း နေ့စဉ် အိတ်စိုက် နေရသည့် စားသောက် သွားလာ ဧည့်ခံ နေရသည့် စရိတ်ကလည်းမနည်း။ ညီအကို တတွေ နှင့် သူငယ်ချင်း တစု အစုလိုက် အပြုံလိုက် အလှည့်စား ခံခဲ့ရပြီး (၁၀)နှစ် စုလျှင်တောင် မရနိုင်သည့် ငွေကြေး လုပ်ငန်းအမှားကြောင့် (၁)နှစ် အတွင်း ကုန်ခဲ့ရပြီ။နောက်တကြိမ် မှားလျှင် သေဖွယ်ရာပင် ရှိတော့သည်။ ရောက်ပြီ အကို အတွေးများနေရာမှ ဝင်းအောင် ပြော၍ ကြည့်မိတော့ စည်းဝင်းအကျယ်ကြီး ကာရံထားပြီးဖြစ်သည့် အထပ်မြင့်အဆောက်အဦးကြီး ဆောက်လုပ်မည့် လုပ်ငန်းခွင်သို့ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ လာ အကို ဟိုဘက်ခြမ်းမှာ ဆိုင်လေး ရှိတယ် …အဲဒီကိုသွားရအောင် ဝင်းအောင်ခေါ်သည့်နောက်သို့လိုက်ပြီးများမကြာမှီ အလျား […]


YE YINT HLAINGSeptember 3, 20131min37823
ဒါနဲ့ ကျွန်တော်လည်း အမြင့်ပိုင်း ကနေ ကြည့်လို့ ရအောင် တဲပေါ်ကို တက်ပြီး တဲေ.ရှ ကပြင် ကနေကြည့်တယ်။ ထုံကြီးလည်း ကျွန်တော့ နောက်က အပြေး လိုက်တက် လာတယ်။ အသံ လာရာကို ကြည့်ပေမဲ့ မြင်ကွင်းက သစ်ပင်တွေ ကလွဲလို့ ဘာမှ ထူးထူးခြားခြား မမြင်ရဘူး။ ထုံကြီး က ကျွန်တော့ နားကပ်ပြီး အီနေတာက ကျွန်တော့ အတွက် ပိုပြီး ချောက်ချား စေတယ်။ လာကွာ ထုံကြီး အောက်ဆင်းမယ် ဆိုပြီး အောက်ရောက်တော့ သွေးရဲလာအောင် အကြောက်ပြေအောင် ခပ်မြန်မြန်လေး သောက်မိတယ်။ ငါးကြော် ကို ခေါင်းပိုင်းတွေ ဖဲ့ပြီး ထုံကြီး ကို ကျွေးတယ်။ ပြီးတော့ ထုံကြီး ကို […]


YE YINT HLAINGSeptember 1, 20131min20420
ဒီလမ်းက စစ်ပြေးလမ်းဗျ ! နောက် သုံးနာရီ လောက် ဆက်ပြီး သွားမယ် ဆိုရင် ကြိုး တတားပျက်တွေ တွေ.ရလိမ့်မယ် ။ စစ်တွင်း က အသုံးပြု ခဲ့ကြတာပေါ့ဗျာ ! နောက်ပိုင်း ချင်း တောင် ပေါ် က လူ တွေ ဒီ လမ်းကို သုံးခဲ့ကြသေးတယ် ။ ခုတော့ ဂန့်ဂေါ–ဟားခါး လမ်းတွေ ပွင့်သွား ပြီဆိုတော့ ဒီလမ်းကို လုံးဝ မသုံးကြပြန် တော့ဘူး ။ နွား မှောင်ခို သမား တွေလောက်ပဲ သုံးကြတော့တယ် ။ လာဗျာ ကိုရဲရင့် ! ထူး ထဲ ဆင်းပြီး ရေချိုးကြရအောင် ။ ဪ အေး […]


YE YINT HLAINGOctober 24, 20121min26019
ဟိုးရှေးရှေး တုန်းက အဘိုးအို နဲ့ မြေး လေး တစ်ယောက် ရှိတယ် ။ အဘိုးအို ဟာ အသက် အရွယ် ကြီးမြင့် လာပေမဲ့ သန်စွမ်း ကျန်းမာ ပြီး မျက်စိ၊ နား ၊ သွား စတာတွေဟာ အားနည်း ပျက်စီးမှု မရှိသေး တာကြောင့် သူချစ်တဲ့ မြေးယောက်ကျား လေးကို ချီပိုးပြီး အမြဲတစေ ထိန်းကြောင်း သွန်သင် နိုင်သတဲ့ ။ ညဘက် တွေ ရောက်ပြီ ဆိုရင်လည်း အဘိုးအို က မြေးငယ် ကို ပုံပြင် လေးတွေ ပြောပြ လေ့ ရှိတယ် ။ တည မြေးငယ်က” အဘိုး ပုံပြောပြ ” […]


YE YINT HLAINGOctober 23, 20121min21440
ကျွန်တော် အလယ်တန်း ကျောင်းသား လောက်က ပေါ့ဗျာ ! ကျွန်တော် တို့ အိမ် နဲ့ အဖေ့ညီမ ( အဒေါ် ) အိမ်က ဟိုဘက် သည်ဘက် ဝင်းနံရံ ပဲ ခြားတယ် ။ အဲဒါ နေ့တိုင်း အဒေါ် အိမ်က ကြက်ဖ ကြီးက ဝင်းနံရံ ပေါက်ကနေ ကျွန်တော်တို့ အိမ်ထဲ ဝင်လာပြီး နေ့တိုင်း အစာ လာကောက်တယ် ။ ဟိုယက် ဒီယက် ပေါ့ဗျာ ! အဒေါ် အိမ်က ကြက်ဖ ဆိုတော့လည်း ဒီအတိုင်းပဲ ကြည့်ရှု ပြီး မောင်း သင့်တာတွေ.မှ မောင်းလွှတ် ရုံလောက်ပေါ့ ! တနေ့ မနက် ပိုင်း […]


YE YINT HLAINGOctober 21, 20121min21418
“နူးညံ့စွာ ပြောင်းလဲခြင်း ” ဆိုတာ (ကို) မျိုးကြီး ရဲ့ ” ယူလိုက် ” ထဲက တရားသဘောလေးတွေ ပါတဲ့ သီချင်း တစ်ပုဒ်ရဲ့ ခေါင်းစဉ် အမည်လေးပါ ။ ကိုရဲရင့်လှိုင် ! ကိုရဲရင့်လှိုင် ! ဟုတ်ကဲ့ ! ပြောပါ အကို ! မြန်မာ လိုပဲ ပြောမယ်နော် ၊ (—) တယောက် ဆုံးသွားပြီဗျာ ! စိတ်မကောင်း စရာ ပဲ ! ——– ကျွန်တော် စကားပြောစက်ကို ကိုင်ရင်း ခဏ ငြိမ်သွား မိတယ် ။ ပြီးမှ ကျွန်တော် လည်း စိတ်မကောင်း ဖြစ်သွား တဲ့ အကြောင်း ပြန်ပြောလိုက်မိတယ် […]


YE YINT HLAINGOctober 8, 20121min19823
ဒေါင်း ထားတဲ့ သီချင်း တွေထဲ က ကိုထီး ရဲ့ ” စဉ်းစားပါဦး ” သီချင်း ကို ( ၃ ) ခေါက်လောက် နားထောင်ရင်း လက်ရှိ ကိုယ့် အခြေအနေမှာ အကောင်းဆုံးဘယ်လို ရင်ဆိုင်ဖြေရှင်းရင်ကောင်းမလဲ ၊ ဘယ်လိုစိတ်မွေးပြီး နေ့စဉ်ရပ်တည်ရမလဲ ဆိုတာကို အပြန်အလှန် စဉ်းစားနေမိတယ် ။ အဲဒီလို စဉ်းစားနေရင်း ကနေ ပို့( စ ) တင်ပြီး ရွာထဲက အမျိုးတွေဆီကနေ အကြံညဏ် တောင်းတာ ပိုကောင်းမယ်လို့ တွေးမိလို့ ကိုထီးသီချင်း နာမည်လေး ” စဉ်းစားပါဦး” မှာ တောင်းဆိုမှု လေး ထည့်ပြီး ” စဉ်းစား ပေးပါဦး ” ဆိုတဲ့ခေါင်းစဉ်လေး အဲဒီ […]


YE YINT HLAINGSeptember 28, 20121min19454
အဖော်မဲ့ လို့ အထီးကျန်ခြင်းမျိုး မဟုတ်ပဲ အထီးကျန်တဲ့စိတ်ကြောင့် အဖော်မဲ့ဘဝ တခုကို ပိုင်ဆိုင်ထားသလို အမြဲခံစားနေရတယ် ။ အချိန်တွေကြာလာတာနဲ့ အဲဒီခံစားမှုကို သံယောဇင် တွယ်လာမိပြန်တယ် ။ တယောက်တည်း နေရတာကိုလည်း နှစ်သက်လာမိတယ် ။ ဒါကြောင့် ဒီဝိုင်းလွတ်ကျယ်ကျယ်ထဲက တလုံးထဲရှိတဲ့ အိမ်သေးလေးကို တလ ( ၃၅၀၀ဝ ) ကျပ် နဲ့ ငှါးရမ်းနေထိုင်ခဲ့တာပေါ့ ။ မြေရှင် အတွက် ခြံစောင့် သဘောမျိုး လည်း ရသလို တလ ( ၃၅၀၀ဝ ) လည်းရ ၊ ကျွန်တော့ အတွက်ကလည်း ရန်ကုန် လိုမြို့ကြီး မျိုးမှာ တယောက်တည်း နားအေးပါးအေး နေရာလေးရလို့ ဟန်ကျတာပေါ့ ။ ခြံထဲမှာ ရေတုံကင်နဲ့ […]


YE YINT HLAINGSeptember 4, 20121min25445
ကိုရင်စည်သူ ရဲ့ ပို့ ( စ ) ကို ဖတ်ပြီး တချိန်က ပင်လည်ထဲက အကြောင်းလေး သတိရ သွားတယ် ။ ပထမ တော့ ကွန်မန့် အဖြစ် ရေးနေတာ ။ ရေးရင်း ပြန်စဉ်းစားတယ် ။ ကိုယ့် အကြောင်း ကို ရေးမိတာဖြစ်ပြီး ကွန်မန့် အနေနဲ့ကြတော့လည်း ရှည်လွန်းနေတယ် ။ ရေးပြီး ဖျက်ပစ်ရမှာလည်း နှမျောတာနဲ့ ပို့ ( စ ) အဖြစ် ရေးလိုက်မိပါတော့တယ် ။ မုတ်တမ ကွေ. ကနေ ပင်လယ်ထဲ ကို  ( ၁၃ ) ရက်လောက် စက်လှေကြီးနဲ့ ထွက်ဘူးတယ် ။ လှိုင်းမူးပျောက်ဆေး ( […]