Yin Nyine NwayAugust 13, 20131min36333
ရှမ်းရိုးရာအစားအစာမှာ နာမည်ကြီးတဲ့ အစားအစာတခုဖြစ်တဲ့ ခေါက်ဆင့်ချက်နည်းလေးပါ ခေါက်ဆင့်ကတော့ ကျိုင်းတုံနယ်ဘက်မှာ တွင်တွင်ကျယ်ကျယ် မနက်စာအဖြစ်စားတဲ့အစားအစာလေးပါ ခေါက်ဆင့်ဆိုတာကတော့ ခေါက်ဆိုတာက ထမင်း …ဆင့်ဆိုတာကတော့ အမျှင် ထမင်းမျင်လို့ပြောရင် ရီချင်စရာကြီးပေါ့ ဆန်နဲ့လုပ်တဲ့ အမျင်ဆိုမှတော့ မုန့်တီပေါ့ အလွယ်ဆုံးပြောရရင် ရှမ်းမုန့်တီပါ … ရင်ငြိမ်းအရမ်းကြိုက်တဲ့ အစားအစာ တခုဖြစ်သလို အိမ်ပြန်ရောက်တိုင်း မဲ့မဲ့ရဲ့ ခေါက်ဆင့်ကို မစားမနေနိုင်တဲ့ အစားအစာတခုပါ… ခေါက်ဆင့်ကို နည်း၂ မျိုးနဲ ့ချက်စားတတ်ကြပါတယ်။ ပထမနည်းက ခေါက်ဆိန် ့ဂျိန်း(မ်)(မုန် ့တီဟင်းအချို)လို ့အဓိပ္ပါယ်ရတဲ့ ကျိုင်းတုံမုန် ့တီပေါ့။ အဓိကပါဝင်တာကတော့ (1) ပဲပုပ်ချပ်၊ (2) ခရမ်းချဉ်သီး (3) ကြက်သွန်ဖြူနီ (4) ဂျင်း (5) ဝက်သား (6) ဝက်သွေးခဲ..ဒါတွေနဲ့ချက်ပြီး အထဲမှာ ထည့်စားတဲ့ […]


Yin Nyine NwayJuly 25, 20131min28621
ကျမ ငယ်ငယ်တုန်းက တောင်ကြီးမြို့ရဲ့ အထက ကျောင်းတကျောင်းမှာတတ်ခဲ့တယ် ကျောင်းလေးက ခပ်ကျဉ်းကျဉ်းလေးမလို့ ကြက်ခြံကျောင်းလို့တောင်ခေါ်တယ် ကျဉ်းပေမို့လားမသိ အမှတ်ရစရာတွေ အများကြီးကျန်ခဲ့တယ် သူငယ်တန်းကနေ ဆယ်တန်းအောင်တဲ့အထိ တစ်နှစ်တတန်း ပုံမှန်အောင်ရင်း 11နှစ်လောက်နေခဲ့တဲ့ကျောင်လေးမှာ တနှစ်နဲ့ တစ်နှစ် အမှတ်ရစရာတွေကျန်ခဲ့တယ် …. ကျမ မှတ်မိသလောက် မူလတန်း အလယ်တန်းမှာ ကောင်းကောင်းအမှတ်ရစရာတွေကြီးဘဲ စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းအုပ်ကြီးတွေ လက်ထက်နဲ့ ကြုံခဲ့တာမလို့ အမှိုက်တောင် အရမ်းမပစ်ရဲဘဲ လက်ထဲမှာ ကိုင်ထား နေကြာစေ့ ဖရုံစေ့ ကွာစေ့လို အမှိုက်ရှုပ်စေမဲ့ စာတွေ ပေးမစားလို့ မစားရဲ ပီကယ်လို ဟိုကပ် ဒီကပ် အရာတွေပေးမစား စားပြီးရင်လဲ ပါလာတဲ့ အခွံနဲ့ ပြန်ထုပ်ပြီး ပစ်တာ အခုထ် အကျင့်ပါလာတယ် အမှိုက်ကို အောက်မချရဲဘဲ လွယ်အိ်တ်ထဲ ထည့်သယ်လာ […]


Yin Nyine NwayJuly 12, 20131min27121
lake Hillier ကန်ဟာ Australia အနောက်ဖက် Recherche Archipelago ကျွန်းတွေထဲမှာ အကြီးမှားဆုံး ကျွန်းစုထဲမှာရှိပါတယ် …. ဒီကန်ရဲ့ ထူးခြားချက်ကတော့ ပန်းရောင်ရေတွေ ဖြစ်နေလို့ပါပဲ ….. ကန်ရဲ့ ထူးခြားချက်ကို ထင်ထင်ရှားရှား တွေ့မြင်ရဖို့အပေါ်စီးကနေ ကြည့်ရင် သိနိုင်ပါတယ် … ကန်ရဲ့ အရောင်ပြောင်းလဲမှု မရှိပဲ ကန်ထဲမှရေကို ခပ်ယုူကြည့်ရင် ရေဟာ ပန်းရောင်ဖြစ်နေပါတယ် …. ကန်ရဲ့အလျားက 600 မီတာလောက်ရှည်တယ် … ကန်ပတ်လည်ကို paperbark နဲ့ eucalyptus အပင်တွေနဲ့ ဝန်းရံထားပါတယ် …. တောင်ပင်လယ်ရဲံ မြောက်ဘက်ပို်င်းမှာ ရှ်ပါတယ် … ဒီကျွန်းနဲ့ ဒီကန်ကို Flinders ဆိုသူက 1802 ခုနှစ်မှာ စတင်တွေ့ရှိခဲ့ပါတယ် ….. သူကတော့ […]


Yin Nyine NwayJuly 12, 20131min1698
ရလေ လိုလေ အိုတစေ ဆိုတာဟုတ်ပါ့ Facebook မှာ ကြည့်လိုက်ရင် အလကားပေးမည် ဆိုတဲ့ဆိုဒ်ဆိုရင် လိုတာတွေ ပေးတာလည်းရှိသလို ရသမျှတောင်းခံနေတာလည်းတွေ့ပါ့ စိတ်ပျက်စရာကောင်းတယ် ဖုန်းတလုံးလောက်ပေးပါတောင်တဲ့သူနဲ့ ကွန်ပြူတာတောင် ဘာမှ ညာမှနဲ့ တောင်းတဲ့သူနဲ့ အစကတည်းက ဒီလူ ဒီအမျိုးတွေက ရလေလိုလေ ဆိုတာသိထားကြတော့ ရရင်ကော ပေးရင်ကော သူတို့အတွက်မသုံးဘဲ ရောင်းစားမှာလား တခို့ကလည်း တကယ်လိုလို့ တချို့ကျတော့လဲ မရရင် အရင်း ရရင်အမြတ် ဆိုတာမျိုး ဖြစ်နိုင်မဖြစ်နိုင်တော့မသိဘူး တချို့ကလဲ အလကား အကြောင်းပြပြီး စီးပွါးရေးလုပ်ကြ ပေးကြည့်ကြည့် တယောက်ယောက်ကို တောင်လာကြပါလိမ့်မယ် တယောက်ပြီးတယောက် နောက် ဖုန်းအရောင်းအဝယ်ဆိုဒ် ဆိုရင် သူများ 1500 ဖုန်းကို ပြန်ရောင်းကြပါတယ် 1သိန်းအောက်မလျော့ ဒီလောက်များပြားနေတာ လိုတဲ့နေရာတွေ ပေးကြပါလား 1500 […]


Yin Nyine NwayJuly 8, 20131min39942
ကျမ စမ်းချောင်းမှ အဆောင်တခုမှာနေတုန်းက အခန်းဖော်တယောက်နဲ့ ကြုံခဲ့ဖူးတယ် …. သူမကတော့ အသားဖြူဖြူလေးနဲ့မို့ ချစ်စရာကောင်းနေပါတယ်… တနေကုန် ဘယ်မှ မသွားပဲ ကျမ ကုတင်ဘေးက စားပွဲခုံပေါ်တင်ထားတဲ့ စာအုပ်တွေကိုသာ ယူယူဖတ်တတ်ပါတယ် … ကျမတို့ အဆောင်က ည 8နာရီဆိုရင် ပိတ်တယ်ဆိုပေမဲ့ …တခါတလေ ည 8နာရီအထိပြန်မရောက်ပါဘူး … အမြဲအေးအေးဆေးဆေးနေတတ်ပြီး အဆောင်လစာကို ပုံမှန်နောက်မကျတမ်းပေးတတ်တာကြောင့် အဆောင်မှူးက အထူးတလည် လာရောက်စစ်ဆေးတာမရှိပါဘူး …. သူကလည်းလည်တယ် .. လစာပေးရမဲ့ ရက်မျိုးဆို သူဘယ်တုန်းကမှ အပြင်မထွက်ပဲ ကျမစာအုပ်တွေက်ုသာ သဲကြီးမဲကြီးဖတ်နေတတ်တယ် … စကားတလုံးမှမပြော…. ကျမကလည်း ဒီဇိုင်းအလုပ် လုပ်နေရင်း အထက်တန်းကျောင်းသူ သုံးလေးယောက်ကို စာပြနေတော့ အလုပ်ချိန် 10နာရီမှ ဆိုပေမဲ့ မနက်ပိုင်း 6နာရီလောက်ကတည်းက […]


Yin Nyine NwayJune 18, 20131min28824
အနော့် မဲ့မဲ့က ဝိုင်လုပ်တာ ကျွမ်းတယ်ဗျ ထွက်သမျှ အသီး သူဝိုင်မလုပ်ဖူးတာမချိဘူး နံနတ်၊ သစ်တော်၊ စပျစ်၊ လိမ္မော်၊ စတာတွေအပြင် ချဉ်စော်ခါးသီး ဇောင်းယားသီးတွေကိုလည်း ဝိုင်လုပ်တယ် ဝိုင်လုပ်တယ်ဆိုလို့ စက်တွေဘာဒွေနဲ့တော့ မဟုတ်ဘူး ဟမ်းမိတ် မှ ဟမ်းမိတ်အစစ် သူလုပ်တဲ့ ဝိုင်တွေထဲမှာ ချဉ်စော်ခါးသီးဝိုင်ကိုတော့ အကြိုက်ဆုံးပဲ ချဉ်စော်ခါးသီး ပေါ်ချိန်မှာ ပေါပေါသီသီ ရတဲ့ ခြံထဲကနေ ရသမျှ ချဉ်စော်ခါးသီးကို ဝိုင်လုပ်တယ် မဲ့မဲ့ ဝိုင်လုပ်နေချိန် အမ ကလည်း မခံဘူး … သူကျွမ်းတဲ့ ချဉ်စော်ခါးသီး ချဉ်ပေါင်းလုပ်တယ် သူတို့နှစ်ယောက်လုပ်လို့ ပိုတဲ့ ချဉ်စော်ခါးသီးတွေကို ညီမလေး က အခြောက်လှမ်းတယ် (အနော်ကတော့ ဝိုင်လုပ်တဲ့ သူနား ဝိုင်ကပ်သောက်တယ် …. ချဉ်ပေါင်းလုပ်တဲ့ သူနား […]


Yin Nyine NwayJune 13, 20131min32323
သူ့အတွေးနဲ့ သူ မတူတာတွေကတော့ အများအားဖြင့် ပန်းချီ ပန်းပု ပြခန်းတွေမှာတွေ့ရတတ်ပါတယ် ထုတဲ့သူ ရေးဆွဲတဲ့သူစိတ်ကူးနဲ့ လာကြည့်တဲ့သူ ဝယ်ယူသူရဲ့ စိတ်ကတော့ အတွေးချင်းတူချင်မှ တူကြမှာပါ လူကြီးနှစ်ယောက် ပန်းချီပြခန်းတခုထဲရောက်လာတယ် အပေါ်ကပုံကို မြင်တော့ ဆိုခရေးတီး ပထမလူ ဆိုခရေးတီးဆိုတာ အမှန်တရားအတွက် အဆိပ်သောက်သေသွားတဲ့လူလားဗျ ဒုတိယလူ ဟုတ်တယ်လေဗျာ ပထမလူ အဆိပ်က တော်တော်ပြင်ပုံရတယ် ဒုတိယလူ ဟုတ်မယ် …. လူတောင် ဒီပုံကြီးဖြစ်သွားတယ် ဒီလို အူကြောင်ကြောင်နိုင်တယ်လို့ ထင်ပေမဲ့ တချို့လူရဲ့အတွေးကျတော့ သူ့ဟာနဲ့ သူဟုတ်နေတာပဲ ကလေးနှစ်ယောက် ထပ်ဝင်လာကြပြန်တယ် ပထမကလေး အိမ်ရှည်ကြီးတဲ့ ဒုတိယကလေး အေး… လူရှည်ကြီးတွေနေတာဖြစ်မယ် ဒီကလေးနှစ်ယောက်လည်း သူ့အတွေးနဲ့ သူ ဟုတ်နေပြန်ရော အနော့်အဖိုး အင်းလေးမှာ ဆုံးတုန်းက အသုဘချတဲ့နေ့မှာ ရွာထဲက […]


Yin Nyine NwayMay 30, 20131min54625
ဒီဂနေ့ဖတ်လိုက်ရတဲ့ စာအုပ်ကြော်ငြာလေးတစောင် နာမည်က ညသိပ်ရေနွေး အဆိပ်ထက်ပြင်း ညသိပ်ရေနွေးဆိုလို့ အနော် ကြုံဖူးတဲ့ ဘဝပေး သင်ခန်းစာလေးတခုကိုအမှတ်ရလိုက်လို့ပါ အနော် တောင်ကြီးမှာ နေတုန်းက အနော်တို့လူမျိုးတွေက ရေနွေး သပ်သောက်ကြတယ် ရေနွေးကို အခါးရည်လို့လည်းခေါ်ကြတယ် ဒီမှာတော့ အဖန်ရေလို့ခေါ်တာပေါ့ အခါးရည်ဆိုတာ ဒီမှာတော့ အရက်လို့ပြောတာပဲ အဲ အခါးရည်ကို အိမ်လာတဲ့ လူတိုင်းကိုတိုက်တယ် အိမ်မှာနေရင်းလည်းသောက်ကြတယ်… မပါမဖြစ်… အိမတအိမ်တက်ရင် အနည်းဆုံးတော အခါးရည်လေးတော့ တိုက်ကြတာကြီးပဲ အဲမှာ အနော့် အဒေါ်ကတော့ အသောက်နိုင်ဆုံးလူ အဖြစ်သတ်မှတ်ရမယ် ဘာလို့လဲဆို အဒေါ်က မိုးလင်းမိုးချုပ်ထိသောက်တယ် …ရေဆာလဲသောက်တယ်… ထမင်းစားလဲသောက်တယ် … အားနေရင်းကို သောက်နေတော့တာပဲ ရေနွေးတအိုးကို ဘယ်လောက်မှ မရှိသေးဘူး ကုန်ပြီ တနေကုန်လဲ ရေနွေးတည်နေတယ် အဲမှာစတာပဲ အဒေါ်ရေနွေးစွဲတော့ မနက် […]


Yin Nyine NwayMay 30, 20131min35835
ဒီပုံကကောင်လေးက ချောတယ်နော် ..ဟိဟိ …စတာပါ… ခုတလောမြင်နေရတဲ့ ဒီဇိုင်းလေးပါ … ပြောချင်တာက နားကပ်ပါ နားကို ပစ်ကပ်လို ဟာမျိုးနဲ့ ရိုက်ပြီးဖောက်ထားတာ သူကတော်တေးတယ် ဒီထက်ဆိုးတဲ့ နားပေါက်ကြီးတွေကို ပြချင်ပေမဲ့ ပုံမတွေ့လို့ပါ တနေ့က အဓိပတိ အနီလေးစီးပြီး ရုံးအသွား ရှေ့မှာထိုင်လိုက်လာတဲ့ ကိုလူချောလေးတယောက် ကို သတိထားမိတာက သူ့နားကပ်ပါ မိမွေးတုန်းက အကောင်း သူတို့လုပ်မှ နားပေါက်ကြီးတွေက နဲနဲနှောနှော အပေါက်လား တော်တော်ဆိုးဆိုးကြီးပဲ တချို့ဆိုရင် .. လက်မ တခုဝင်စာလောက်ချိတယ် ကြည့်ရတာ တော်တေ်ာ အသည်းယားဖို့ကောင်းတယ် ရုံးက ကောင်လေးတယောက်ကိုမေးကြည့်တော့ ဂျင်းအကျီကြယ်သီးတပ်သလို ရိုက်ပြီး ထည့်ရတယ်ပြောတယ် သေးသေးလေးဖောက်တာတောင် တော်တော် နာတာ အဲလို အကြီးကြီး ရိုက်ထည့်တာ မနာကြဘူးလားမသိ ပြီးတော့ ချွတ်လိုက်ရင် […]


Yin Nyine NwayMay 18, 20131min29033
ရခိုင် ယောင်လို့တောင် မတွေးမိတဲ့နေရာတခုပါ အရင်က စဉ်းစားမိတာ ပြောမိတာတော့ ရှမ်းမှ ကြိုက်မယ်.. ရှမ်းမဟုတ်ရင် စိတ်မဝင်ဇားဘူး ကိုကိုမြားနတ်မောင် ရွေးပေးလိုက်တာကတော့ ရခိုင်အမျိုးသားတယောက်တဲ့ … တောင်ကြီးနဲက ရန်ကုန် အရှေ့နဲ့ အနောက် အလယ်ဖြစ်တဲ့ ရန်ကုန်မှာလာတွေ့ကြတယ် ဒါတော့ info အခုပြောပြချင်တာက ရခိုင်က မင်္ဂလာဆောင်အကြောင်း သူတို့ပြောတာတော့ သမတ်တတ်ပွဲတဲ့ သမတ်ကို မိန်းမအိမ်မှာ ပေးနေဖို့ထင်တယ် 😛 အနော် ရန်ကုန်ကနေ ဂွကို အရင်သွားတယ် ဧရာဝတီတိုင်းအထိ လမ်းတွေ ဖြူးနေသလောက် ရခိုင်ပြည်နယ်မှ ကြိုဆိုပါ၏ လည်းရောက်ရော ဆိုးလိုက် ကြမ်းလိုက်တဲ့လမ်း.. ဂွကိုရောက်တော့ မနက်အစောကြီး အဲဒီကနေ ဂွ-သံတွဲ လမ်းမပေါ်မှာချိတဲ့အနော့် ယောက္ခမ အိမ် ကိုသွားရတယ် လမ်းမှာ သာယာလိုက်တဲ့ ဘင်္ဂလားပင်လယ်အော်ကြီး… ပင်လယ်မမြင်ဖူးတဲ့ […]


Yin Nyine NwayDecember 21, 20122min1619
သူတ်ု့ တော်ကြပါတယ် အနော်ဆို အဲလို ပိုစ့်မပေးနိုင်ပါ တော်တေ်ာ အရှက်အကြောက်ကင်းကြပါဒယ် တရက် အနော် အလုပ်ကနေ မြို့ထဲအသွား အလုံလမ်းမမှာ ကားကြော်ငြာတခုရိုက်နေတာ မြင်လိုက်မိပါတယ် တော်တော်လှတဲ့ မော်ဒန် …တော်တော်လည်း တိုပါတယ် တော်တေ်ာလည်း ပေါ်နေပါပြီ … ကားတော့မဟုတ် လူကြော်ငြာလား ကားကြော်ငြာလားတော့ အနော်မတိပါ သို့သော် … သူတို့လုပ်နိုင်သော အရှက်အကြောက်ကင်းမှုကိုတော့ ချီးကျူးမိပါသည် … လှည်းတန်းကုန်းကျော်တံတားမှာ ဂါဝန်ကြီးဖြန့်လို့ ဖိုတိုဂျန်းတစ် ပြိုင်ပွဲအတွက် နေပူကျဲကျဲမှာ လမ်းမမှာ တက်ရိုက်နို်င်တဲ့ မော်ဒန်ကိုလည်း ချီးကျူးမိပါတယ် ဘာပဲပြောပြော အင်တာနေရှင်နယ် အဝင်လွန်နေသော သူတို့ကို ချီးကျူးမိပါတယ် အနော်မှမလုပ်နိုင်ပဲ … လေးစားလျက် တောင်ကြီးသူမ သမ္ဘူလ