နှုကလီးယား.. စွမ်းအင်ထုတ်လို့ရတဲ့.. ယူရေနီယံက.. မြန်မာပြည်မယ်ထွက်တယ်.. သိနေကြတာကြာပါပြီ..။ ဦးနေဝင်းရဲ့မဆလလက်ထက်ကထဲက.. ရန်ကုန်-မန္တလေးလမ်းဖေါက်ရင်းတွေ့တယ်လည်း.. ဆိုကြတာမျိုး..။ ယူရေနီယံက.. မြန်မာပြည်မှမဟုတ်.. ကမ္ဘာ့နိုင်ငံတော်တော်များများမှာ.. သဘာဝအလျှောက်ထွက်ကြပါတယ်..။ သန့်စင်ထုတ်လုပ်မှုမှာသာ… သိပ်မလုပ်ရဲကြ/မလုပ်ကြတာပါ..။ တကယ်တော့..မြန်မာက… ယူရေနီယံ.. ရဲလိုးကိတ်အဆင့်လည်း.. သန့်စင်ထုတ်နိုင်ကြတာ.. ကြာပါပြီ..။ ကြာဆို.. (အမှတ်မမှားရင်) နဝတခေတ်မှာကထဲက… IAEA အဖွဲ့ဆီ.. အနုမြူစွမ်းအင်လျှပ်စစ်စက်ရုံဆောက်ဖို့.. လျှောက်ဖူးလို့ပါ..။ အာအိုင်တီမှာ.. အနုမြူစွမ်းအင်ဌာနလည်း.. ဖွဲ့ဖူး.. ကျောင်းသား/ ဘွဲ့ရတွေလည်း.. မွေးထုတ်ဖူးပါတယ်..။ ဗကပနဲ့… ကွန်မြူနစ်မုန်းတဲ့.. မြန်မာစစ်တပ်က.. ချိုင်းနားမကပ်ချင်တာနဲ့… ရုရှားဖက်သွားကပ်ပြီး.. ကြိတ်လုပ်နေတာ…။ ဆိုတော့.. လိုရင်းပြောရရင်.. အဲဒီယူရေနီယံတင်မက.. သန့်စင်ပြီး.. (လက်နက်အဆင့်)ပလူတိုနီယံ.. တွေကိုပါ.. မှောင်ခိုထုတ်ရောင်းပြီး.. မြေပြင်/ဝေဟင်ပစ်မစ်ဆိုင်းနဲ့.. အေကေ-၄၇ တွေဝယ်မယ်ဆိုတဲ့.. ယာကူဆာဂျပန်ကြီးအဲဘိဆာဝါကို.. ၂၀၂၂ ဧပြီ ကဖမ်းမိတဲ့အမှုပါ..။ အဲဒီအမှုဆက်က… အခုဒီရက်ပိုင်း.. အဲဘိဆာဝါကို.. […]