အရေးပေါ်သုံး အင်္ဂလိပ်စာ (၁၀) ယခုလတွင် November 25 ၌ အမှန်တကယ်ပင် အရေးပေါ်အဖြစ်နှင့် ကြုံတွေ့ရမည့် အမေရိကနိုင်ငံရောက် မြန်မာလူမျိုးအချို့အတွက် အထောက်အကူဖြစ်စေမည့် information လေးများ၊ expression လေးများကို ဖော်ပြပေးမည် ဖြစ်ပါသည်။ လက်ရှိ အမေရိကန်နိုင်ငံတွင် TPS ခေါ် Temporary Protected Status ဖြင့် နေထိုင်နေသော မြန်မာလူမျိုး ၈ထောင်ကျော် ရှိသည်ဟု သိရပါသည်။ Temporary Protected Status မှာ တစ်နှစ်လျှင် တစ်ကြိမ် ပြန်လည်သက်တမ်းတိုးနေရသော Visa မျိုးဖြစ်ပါသည်။ မြန်မာစစ်အစိုးရ၏ မင်းမဲ့စရိုက် ဆောင်ရွက်ချက်များကြောင့်၎င်း၊ မဆုံးနိုင်သော ပြည်တွင်းစစ်ကြောင့်၎င်း၊ Biden Administration က မေတ္တာဖြင့် ဂရုဏာဖြင့် အမေရိကားရောက် မြန်မာများအတွက် Temporary Protected […]



