Ma EiJuly 23, 20121min54329
ပတ္တမြား ဂမုန်းပင် စိုက်ပါလျှင်…   ပတ္တမြား ဂမုန်းသည်  ပတ္တမြားမှန်လျှင် နွံမနစ် ဆိုသည့်အတိုင်းအတိတ်တစ်ဘောင် နိမိတ်ဆောင်သည့် ဂမုန်းဖြစ်ပါသည်။ စီးပွားလာဘ်လာဘ တိုးတက်တော့မည်ဆိုလျှင် သို့မဟုတ် ငွေအစုလိုက်အပြုံလိုက် ဝင်တော့မည်ဆိုလျှင် မိမိစိုက်ပျိုးထားသော ပတ္တမြား ဂမုန်းများပွင့်တတ်ပါသည်။ ပတ္တမြား ဂမုန်းအပင်မှာ နာနတ်ပင်နှင့် ဆင်သယောင်ထင်ရသော်လည်း ပတ္တမြားဂမုန်းပင်၏ အရွက်မှာ နာနတ်ရွက်ကဲ့သို့ မရှည်ဘဲ ထိပ်ဖျားဝိုင်း၍ အရွက်များဘေးတွင်ဆူးမရှိပါ။ အပင်တစ်ပင်သည် တစ်ကြိမ်သာပွင့်ပြီး နောက်ထပ်အပွင့်မပွင့်ပါ။ အပင်သစ်ထပ်မံထွက်ခြင်းဖြင့်သာမျိုးပွားပါသည်။ ပတ္တမြားဂမုန်းပွင့်သည် အရွက်များအလယ်မှ ဖူးတံထွက်လာကာ ရိုးတံရှည်လျက် ပွင့်လာတတ်ပါသည်။ ပွင့်သောအခါ ပွင့်ဖတ်လေးများထိပ်တွင် အနီရဲရောင် အပွင့်တံများ ဝန်းရံပွင့်ပြီး ပတ္တမြားကဲ့သို့ လှပပါသည်။   ပတ္တမြားဂမုန်းပွင့် အားဘုရားကပ်လှူ၍ ပဠာန်း ၂၄ ပစ္စည်း ရွတ်ဖတ်ပူဇော်ပါက စီးပွားလာဘ်လာဘပိုမို တိုးတက်စေကြောင်းမှတ်သားဖူးပါသည်။   […]


mamanoyarJuly 6, 20121min28315
“အိမ်”  ဆိုတဲ့ စကားလုံးလေးကို ကြားလိုက်ရတာနဲ့ အဝေးရောက်နေသူများအဖို့ လွမ်းဆွတ်မှု၊ နွေးထွေးသလို ခံစားမှုနဲ့ အိမ်မှာရှိတဲ့ အိမ်သားအားလုံးကို သတိရမှုတွေအကြောင်း  မိမိ မျက်နှာနဲ့မျက်ဝန်းတွေက အလိုလို ဖော်ဖော်ပြနေကြတယ်။ အိမ်မှာရှိနေတုန်းက တန်ဖိုးမထားခဲ့မိ။ အဝေးရောက်သွားမှ အိမ်ဆိုတဲ့ နေရာလေးတစ်ခုမှ ရှိနေကြတဲ့ အမေ့ရဲ့ မေတ္တာ၊ အဖေ့ရဲ့ စေတနာ၊ ညီအစ်ကို မောင်နှမများရဲ့ ပွင့်လင်းနွေးထွေးတဲ့ မေတ္တာတွေကို နားလည်တတ်ခဲ့ပြီ။ “ဘဝ” ဆိုတဲ့ ဘတ်စကားကြီးကို စီးနေကြချိန်မှာ ခရီးဖော် မိတ်ဆွေ၊သူငယ်ချင်း များနဲ့ ဆုံကြချိန်မှာတော့ အိမ်ဆိုတဲ့ မှတ်တိုင်ကြီးတစ်ခုကို အခါအလျှောက် မေ့လျှော့ခဲ့ဖူးကြပေလိမ့်မည်။ ဘဝ ဆိုသည့် ဘတ်စကားကြီးပေါ် စီးလာတာချင်း တူပေမယ့် တစ်ဦးနှင့်တစ်ဦး အဆင်းမှတ်တိုင်ချင်း မတူကွဲပြာကြသဖြင့် တစ်နေ့နေ့ ဆိုသည့်အချိန်မှာတော့ ဝမ်းနည်းပူဆွေးမှုနဲ့အတူ ခွဲခွာကြရသည်မဟုတ်ပါလား။ လမ်းခရီးတစ်လျှောက် […]


Ma EiApril 6, 20123min25827
ဖယောင်းလမ်းကိုဖြတ်ကျော်ပျော်မြူးခဲ့ရပြီးနောက် သင်္ကြန်နီးလာလို့ကြိုတင်တွေးပျော်နေကြတဲ့ သူများနဲ့ ရွာသူ၊ရွာသားများအတွက် အပျော်ပေါ် အပြုံးဆင့် ပီတိဖြစ်ရအောင် ခြံထဲက ပန်းကလေးတွေ ပုံလေးတွေတင်ပေးလိုက်ပါတယ်… မနက်ခင်းတိုင်း ပန်းကလေးတွေကြည့်ပြီးပီတိဖြစ်ရတာမို့မျှဝေခံစားကြရအောင်ပါ….           ကနေ 9. အထိက ခြံထဲမှာစိုက်ထားတဲ့ ပန်းကလေးတွေပါ…တစ်ခြား ပန်းတွေ၊ဂမုန်းတွေလဲ ရှိပါသေးတယ်… 10. နဲ့  11 ကတော့ Chatrium Hotel မှာ မိတ်ဆွေ ညီမလေးတစ်ယောက်ရဲ့ Wedding Dinner  သွားရင်းရိုက်ခဲ့တာပါ… ပန်းစက်ဘီးလေး သဘောကျလို့ ရွာသူလေးတွေ အတွက်လက်ဆောင်ပါရှင်… အားလုံးဘဲ အပျော်ပေါ် အပြုံးဆင့် ပီတိနှင့်ဘဝ ခရီးဆက်နိုင်ကြပါစေ…


MandalayTharMarch 11, 20121min39523
ပထမဦးဆုံး ဒီပို့စ်ဟာ လူမျိုးရေးခွဲခြားလိုခြင်း၊ တခြားလူမျိုးခြားများကို ဆော်ကားလိုခြင်းမျိုး လုံးဝ မရှိကြောင်းပြောလိုပါတယ်။ ဖြစ်နေတဲ့ ပြသာနာကို ဘယ်လို အကောင်းဆုံးဖြေရှင်းမလဲဆိုတာ အကြံပေးဆွေးနွေးခြင်းဖြစ်ပါတယ်။ အကြောင်းက… အခုဆို ကျွန်တော်တို့ မန္တလေးမြို့မှာ မန္တလေးမြို့ခံ (ဒီနေရာမှာ မြန်မာလူမျိုးတွေ လို့ မသုံးပါဘူး၊ မြို့ခံလို့သုံးထားပါတယ်။ ဗမာ၊ တရုပ်၊ ကုလား အစုံ ပါတဲ့ မန္တလေးမြို့ ပေါက်၊ မန္တလေးမြို့မှာကြီး၊ မန္တလေးကို သံယောဇင်ကြီးတဲ့ မန္တလေးမြို့သူ/သား တွေကို ဆိုလိုတာပါ။) ဒီမြို့ခံ တွေဟာ မြို့အပြင် မြို့သစ်ကို ရောက်ပြီး မြို့ထဲမှာ တခြားသော လူမျိုးခြားများ နေရာတဖြည်းဖြည်း နေရာဝင်ယူနေကြပါပြီ။ မြို့ရဲ့ စီးပွားရေးအခြေအနေ၊ ခေတ်အခြေအနေ၊ မီးလောင်မှု့များ၊ အစိုးရ ညံဖျင်းသော ပေါ်လစီ၊ ခေတ်ရဲ့ လက်ပေးလက်ယူမှု့ တွေကြီးထွားလာမှု့၊ […]


NovyDecember 12, 20111min24713
မနို ကိုယ်တိုင်လုပ်ထားတဲ့ အချိုပွဲလေးတွေပါ နောက်တစ်ခါကျရင်တော့ ရွာသူ /သားတွေကို ဖိတ်ပြီးလုပ်ကျွေးပါအုံးမယ် အခုတော့ ဓါတ်ပုံလေးတွေပဲကြည့်တော့နော်


ဆူးAugust 10, 20111min43128
သရက်ယို.. မွှေး ဂျုံမှုန့် ၂၀ဝ တန် ၂ထုတ် ရေနဲ့ ဆီနဲ့ အချိုးကျ နယ်ထားတဲ့ ပန်းကန်က တစ်ချပ် ဆီ ချည်းပဲ သီးသန့် နယ်ထားတဲ့ ပန်းကန် က တစ်ချပ် ဆီ နဲ့ ရေ ကို အလုံးလုပ် သပ်သပ် စီထား.. ဆီချည်း သက်သက် ကို အလုံး သပ်သပ် လုပ်ထားပြီး သပ်သပ်စီ ပုံထား ထို့နောက်တွင်.. ဆီနဲ့ ရေ နယ်ထားတဲ့ ဟာတွေကို အပြားခပ်.. အပေါ်မှာ ဆီချည်း နယ်ထားတဲ့ အလုံးကို ထည့်ပြီး လုံးလိုက်ပါ… ပြီးတော့ အထပ်ထပ်.. ပြန်လုံးပြီးနောက်တွင်.. အပြားပြန်ခပ်ပြီး သရက်ယို အတွင်းမှာ ထည့်လို့ မုန့်ဖုတ်ရန် ပြင်ဆင်ပါသည်။ […]


etoneAugust 2, 20113min24319
      ဘယ်ဆိုက်ထဲကလည်းတော့ မသိဘူး …group mail ဝင်လာလို့ ကြည့်လိုက်တာ … ဆန်းသစ်ပြီး ချစ်စရာကောင်းတဲ့ ကားမှတ်တိုင်လေးတွေ တွေ့တော့တာပါပဲ … ဒါနဲ့ … မေးလ်ထဲမှာ မမြင်ရသေးတဲ့ ရွာသူ၊ ရွာသားတွေလည်း မြင်ရအောင် တင်ပေးလိုက်ပါတယ် … ။ ကော်နက်ရှင်လေးကလည်း နည်းနည် ဖလန်းဖလန်းထနေတာနဲ့ …. ပုံတွေ အများကြီးတင်ဖို့ အခြေနေပေးတာကြောင့် …. ကူးပေးလိုက်တယ် … ။ တို့ရွာထဲက ကားမှတ်တိုင်မှာလည်း … အဲ့ဒါမျိုးဒီဇိုင်းလှလှပပလေးတွေ ထားလျှင် သိပ်ကောင်းမှာပဲ … ။:P ဒီမှာရှိတဲ့ ကားမှတ်တိုင်တွေမှာ တချို့   ကုမ္ပဏီတွေကစပွန်ဆာပေးပြီး တပ်ထားတဲ့ ကော်ခုံတွေတောင် ချိုးပဲ့ ခွာယူနေတာ … သူများနိုင်ငံကလို လှတပတလေး […]


alinsettJuly 9, 20111min19312
*လူအ…ပေမယ် ့ အိပ်မက်က  မကောင်းပါဘူး။ *အဝါရောင် စာရွက်တွေတောင်….. ဒဏ်ရာတွေက  ဟက်တက်ကွဲ /  ကွဲနေတာ….. *ကိုယ်..မြင်နေရသမျှ   ပန်းတွေကလည်း….. ငုံရာကနေ    ပွင့်  မလာရဲကြဘူး….. *ဘာ တတ်နိုင်မှာလဲ……? ဘာများ….တတ်နိုင်မှာတဲ ့လဲ…ကွယ်….။ *ဘယ်တော့မှ ပြီဆုံးသွားမှာ မဟုတ်တဲ ့… ဒီ …အိပ်မက်ဆိုးကြီး….ကိုပဲ…ဆက် မက်ကြဦးပေါ့။ *အား..တော့  တင်းထားကွယ်….။ အိပ်မက်ထဲမှာက……..   …. မိုးကြိုးတွေ  တစ်စင်းပြီး တစ်စင်း…. ပစ် / ပစ်ချနေတာ……. *ကိုယ်ကတော့….. အဲဒီ ကျိန်စာအိပ်မက်ဆိုးကြီး ထဲမှာ…. ရဲရဲ ဝံ့ဝံ့ကြီး….ကြုံးဝါး နေမိတယ်…….. ******ငါ…ကြောက်တယ်…လို ့။   ။   *     အလင်းဆက်  . 27.6.2011.  15း02 pm […]


ဆူးMay 29, 20111min38123
အရေးပေါ် ဆီးမသွားနိုင်ဘူး ဆိုလျှင်… ဆရာဝန် ဆေးခန်းပြဖို့ လိုပါတယ်။ သို့သော် သွားဖို့ ခက်ခဲ နေမယ် ဆိုလျှင် အရေးပေါ် ဆေးမြီးတို တခု လမ်းညွန်ချင်ပါတယ်။ ဘေးထွက် ဆိုးကျိုး မဖြစ်နိုင်ပါ။ သျှားစောင်း လက်ပတ် အရွက် အတွင်းက ဂျယ်လီလေးတွေကို သကြားနဲ့ ခေါက်ပြီး စားပေးလိုက်ပါ။ ဆီးရွှင်ရွှင်နဲ့ အဆင်ပြေသွားပါလိမ့်မယ်။


myuemyueApril 6, 20111min28517
“သခွားရည်နဲ့ထုတ်လုပ်ထားတဲ့ ပင်တိုင်စံမိတ်ကပ်ကို နာမည်ကြီးလွန်းလို့လိမ်းကြည့်လိုက်တော့ အရမ်းအရမ်းကို ကောင်းတာပါပဲရှင်” ဆိုတဲ့ ကြော်ငြာလေးကို မှတ်မိကြဦးမယ်ထင်ပါရဲ့…. ကြော်ငြာခောတ်ဦးတုန်းက အန်တီခင်သန်းနုရဲ့ ကြော်ငြာလေးပေါ့… ပင်တိုင်စံမိတ်ကပ်ရဲ့အကြောင်းတော့ မသုံးဖူးလို့မသိပေမယ့် သခွားသီးရဲ့အစွမ်းလေးကိုတော့ လိုအပ်ရင်သုံးလို့ရအောင် အားလုံးအတွက် မျှဝေပေးချင်ပါတယ်… သခွားသီးတစ်လုံးထဲမှာ ကျွန်မတို့နေ့စဉ်လိုအပ်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်… ဗီတာမင် B1, B2, B3, B5, B6 ဖောလစ်အက်ဆစ် ဗီတာမင်စီ ကယ်လစီယမ် သံဓာတ် မဂနီစီယမ် ဖော့စ်ဖရပ်စ် ပိုတက်စီယမ်နဲ့ ဇင့်တို့ပေါ့… နေ့လည်နေ့ခင်း အလုပ်ထဲမှာ ပင်ပန်းပြီး ငိုက်နေပြီဆို ကဖင်းပါတဲ့ ကော်ဖီ လက်ဖက်ရည်တွေ သောက်မယ့်အစား သခွားသီးနည်းနည်းလောက် စားကြည့်လိုက်ပါ… သခွားသီးထဲမှာပါတဲ့ ဗီတာမင်တွေက သင့်ကို ချက်ချင်းလန်းဆန်းသွားစေပါလိမ့်မယ်… ရေနွေးလေးနဲ့ ရေချိုးပြီးတိုင်း ရေချိုးခန်းမှန်မှာ ရေငွေ့တွေရိုက်နေတတ်တာကို စိတ်ပျက်နေပြီလား…. သခွားသီးကို […]


မောင်ဆန်းMarch 15, 20111min11411
Forward mail ထဲက ရလို့ ပြန်တင်ပေးလိုက်တာ ပါ  အစားကောင်းစားရရင် အချစ်ဆုံးသူကို သတိရသလို ပုံကောင်းကောင်းတွေ တွေ့ရတော့ ကိုယ်ချစ်တဲ့ ရွာသူ ရွာသားတွေကို သတိရလို့ ပါ   ပွိုင့်အတွက် မဟုတ်ပါ( သူကြီးကပေးမယ်ဆိုလဲ ရွာထဲက သက်ကြီးရွယ်အို တွေကိုပြန်လှူပါမယ်) တင်ပြီးသားဆိုရင်လဲ တောင်းပန်ပါတယ် The Hanging Temple or Hanging Monastery is a temple built into a cliff (75 m or 246 ft above the ground) near Mount Heng in the province of Shanxi. The closest city […]