Luella WanOctober 15, 20144min88
5 Straightforward Tips To Increase Your Fitness Inside And Out Clevelanders looking for a household-pleasant and fun day trip and who adore to store until they fall want search no farther than the forty seventh annual Ohio Mart becoming held at historic Stan Hywet Hall & Gardens in Akron on Thursday, October three through Sunday, […]


ကာရံOctober 2, 20141min510
အချစ်ကြောင့်မွှေးသော ပန်း အတ္တနန်းတော်ကြီးမှာ ပန်းခရေမကြေ ွပါနဲ့လား အနမ်းတွေဆွံအကုန်မှာစိုးလို့ပါ နွမ်းသွားတဲ့ အပိုင်းအစကို တယုတယ ထွေးပိုက်ဖူးတယ် ကို့ရင်မှာ အလွမ်းတွေ ပျယ်လွင့်တဲ့ထိပါ မျက်ရည်တို့ ခိုဖူးတဲ့ကို့ပါးပြင်ထက်မှာ အကြင်နာအင်အားနဲ့ဖယ်ရှားပေးတဲ့ ရှင်လေးရဲ့လက်လေးတွေက ညမွှေးပန်းကိုအံတုလို့ အနိုင်ယူခဲ့ပြန်သေးတယ် အပေးအယူကင်းတဲ့ ချစ်ခြင်းမေတ္တာရိပ်မှာ ကိုလေခိုနားရင်း ထာဝရဆိုတဲ့ခရီးလမ်းမှာ တွဲလက်ကလေးမြဲမြံစွာ ဆုပ်ထားရအောင်နော် ကာရံ ၆ ့၁ဝ ့၂၀၁၄


Kyaw LaySeptember 25, 20141min750
သားလေးနာမည်က မောင်သော်တာထွန်း အသက်က(၂)နှစ် အဖေက ဦးဇော်ထူး အမေက ဒေါ်ခင်မျိုးမြင့် ကျောက်အိုးကျေးရွာ ဝမ်းတွမ်းမြို့ မှာ တောင်သူလုပ်ကိုင်ပြီး အသက်မွေးဝမ်း ကြတယ် တစ်နေ့သားလေးကဆော့ရင်း ခုံစောင်းနဲ့မျက်လုံးတိုက်မိတော့ မျက်လုံးကရောင်ပြီးရဲလာတယ် ဆေးမြီးတိုနဲ့ကုပေမယ့် မျက်လုံးကအရောင် မလျှော့ အဲဒါနဲ့ ဝါးချက်ဆေးရုံရောက်တော့ ခေါင်းက ဘုတစ်လုံးထပ်ပြီးထွက်လာ ပြီးတော့ မန်းလေး မျက်စိ နား နှာခေါင်းဆေးရုံ အဲဒီကမှ မသက်သာတော့ အခု ကုတင်(၃၀၀)ဆံ့ ကလေးဆေးရုံကိုရောက် တော့ မျက်လုံးကတော်တော်ဆူနေပြီး ကင်ဆာရောဂါစဖြစ်နေပြီ ဝေဒနာခံစားရတဲ့အချိန်က (၃)လပြည့်ခါနီး မိဘမေတ္တာဆိုတော့ ကိုယ့်သားသမီးကို ပစ်မထားရက်….. မိဘကတွေကဆင်းရဲ ကင်ဆာဆေးက ဈေးကြီးဆိုတော့…. ဆက်သွယ်လူဒါန်းလိုပါက ကျော်လေး,…095178877 ကိုယ်တိုင်တိုက်ရိုက်လူဒါန်းလိုပါက မန္တလေးမြို့ လမ်း(၃၀) ၇၄/၇၅ ကြား ကုတင်(၃၀၀)ဆံ့ ကလေးဆေးရုံဟောင်း သွေးနှင့်ကင်ဆာဌာန ကုသဆောင် […]


Kyaw LaySeptember 24, 20141min1050
ဒီနေ့မနက်ဘုရားကြီး ရင်ပြင်သန့်ရှင်းရေး လုပ်ဖို့အသွား မန္တလေးမြို့ (၇၈)လမ်းပေါ်မှာ ဆင်းရဲနွမ်းပါးနေတဲ့ ဦးသိန်းဝင်း အသက်(၄၃)အားလူလူချင်းပံ့သကူ အလူအဖြစ် ဆိုင်ကယ်ထဲတွင်အဆင်သင့်ပါလာသော အကျီ်တစ်ထည် ပုဆိုးတစ်ထည် မုန့်နှင့်အအေး အလူငွေ(၁၀၀၀၀)ကျပ်အား လူဒါန်းခဲ့ပါသည်။


Kyaw LaySeptember 24, 20141min822
(၂၁.၉.၂၀၁၄)နေ့လည်(၁၂)နာရီမှာ ဘုရားကြီးစုပေါင်းသန့်ရှင်းရေးမှ ပရဟိတညီအကိုမောင်နှမများနှင့်အတူ ချမ်းမြသာစည်မြို့နယ် ရွှေလံပိုကျောင်း ဧရာမေတ္တာအနောက်တွင်ရှိသော မြစ်ဆိပ်ဖက် ကျူးတဲအိမ်များရှိရာသို့ ရောက်ခဲ့ပါတယ် အဲဒီ မိသားစုဝင်တွေဟာ ကျပန်းလုပ် သဲထမ်း ဆိုက်ကားနင်း အမိူက်ကောက်ကြတဲ့အလုပ်တွေလုပ်ကြပြီး သားသမီးများကတော့ ကျောင်းတက်ဖို့ နေသာသာ ဝမ်းရေးအတွက် ရုန်းကန်နေရရှာပါတယ်… ထိုမိသားစုဝင်များကို ကျူးတဲများနှင့်အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းမှ ပိုတဲ့ ဆွမ်းများကို ဧရာထွန်းပရဟိတ အသင်းမှ ယူလာပြီး ထမင်းများပေးဝေကာ ကျွန်တော်တို့အဖွဲ့မှ ဝက်သားဟင်းနှင့်သရက်ချဉ်များကျွေးမွေး ပြီး SP Bakery မုန့် ရေခဲချောင်းများလည်း ကျွေးမွေးခဲ့ပါသည်…. အလူရှင်များကတော့ ——————— Ko Lu Soe နှင့်သူငယ်ချင်းများ (Korea)မှ (50000) ကျပ် ကိုမင်းမင်းဌေး စင်္ကာပူနိုင်ငံမှ (20000)ကျပ် မစိုးစိုး မှ (5000)ကျပ် အန်တီငယ် ညီမလေးနေခြည်နွေးမှ (5000) […]


kaungngelaySeptember 23, 20141min1390
နေရာတိုင်းမှာတော့ ပါဝါရှိမှ အနိုင်ရနိုင်မှာဖြစ်ပါတယ်… 🙂 တစ်ခြား ရည်ရွယ်ချက်နဲ့ ပြောတာမဟုတ်ပါ.. မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ့မည်သူ တစ်ယောက်စ နှစ်ယောက်စလောက်နဲ့ စကားလေး မတောက်တစ်ခေါက်ဝင်ပြောကြည့်ဖူးပါတယ်… သူတို့ လိုအပ်ချက်ကလည်း ပါဝါပါဘဲ… ဒီပါဝါကို ဘယ်လိုလုပ်မလဲ… ပါဝါရလာရင်ကော တိုင်းပြည်အတွက် ဘယ်လိုအသုံးချမလဲပေါ့… စကားဦးဖြစ်တဲ့ ပါဝါဆိုတာ အင်္ဂလိပ်လိုတော့ Electricity လျှပ်စစ်ဓါတ်အား (ဝါ) လျှပ်စစ်ပါဝါ ကို ဆိုလိုတာပါ… ဒီလျှပ်စစ်ဓါတ်အားကြီး မလိုပါဘူးဆိုရင်တော့ ကျွန်တော်တို့ ဂျပန်ကို ပြန်ကြည့်ရပါမယ်… ဂျပန်နိုင်ငံဟာ ဒုတိယကမာ္ဘစစ်ကြိးမှာ စစ်ရှုံးနိုင်ငံပါ… တိုးတက်မှု့နောက်ကျန်မနေခဲ့ပါဘူး… လက်ရှိ့မှာ အာရှတွင် ဂျပန်နည်းပညာနှင့် အထောက်အကူကောင်းများ ပေးရာမှာ ရှေ့တန်းက ဥိးဆောင်နိုင်ပါတယ်… ဂျပန်နည်းပညာ၊ ဂျပန်ရင်းနှီးမြှုပ်နှံ့မှုတွေဆို စနစ်ကျပါတယ်… ဒီဂျပန်တွေ ဘယ်လိုတိုးတက်လာတာလဲ… ကျွန်တော်ဉာဏ်လေးနဲ့ စဉ်းစားကြည့်တယ်… သူတို့ လျှပ်စစ်လိုအပ်ချက်ကို […]


ေမာင္ရိုးSeptember 20, 20141min780
ဖတ်ပြီးသားဖြစ်နေရင်လည်းတောင်းပန်ပါတယ် ။ တကယ်တော့ သဘောကျလို့ကူးတင်တာဖြစ်သလို ကျနော်ကိုယ်တိုင်ကလည်း သရော်စာကြိုက်လို့ပါ ။ ရွာစည်းကမ်းနဲ့မညီရင် အချိန်မရွေး လိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ပါကြောင်းးးး       Maung Thura Fri · အခု တစ်ပတ် ပဲ ့တင် သံ ထဲက ဆောင်းပါးပါခင်ဗျ။ ဇာဂနာ ဘာမှ မသိရပါဖူး တကယ်တော့ သရော် စာ ရေးရတာ တော်တော် အန္တရာယ် ကြီးလှပါပေတယ်။ဆရာကြီးဦးညို မြ တို ့ဆရာမ ကြီးဒေါ်ခင်မျိုးချစ်တို ့က သရော်စာ နဲ ့ပတ်သက်လို ့ဆစ်ပိုင်းဝေဖန်ခဲ့ ကြဖူးပါတယ်။ဒါပေမဲ ့ ဇာ၈နာ တို ့မြန်မာပြည်က သရော်စာ နဲ ့အံမဝင်သေးဖူးခင်ဗျ။သရော် တယ် ဆိုရင် ပဲ သူတို […]


saline tinmgSeptember 18, 20141min141
ရခိုင်ပြည်နယ်သံတွဲမြို့တွင် ဆူပူသောင်းကျန်ရန်အတွက် ၂၀-၉-၂၀၁၄ ရက်နေ့တွင် ဆူပူသောင်းကျန်းဖျက်ဆီးရန် ကြံစဉ်နေသည်ကိုသက်ဆိုင်ရာတို့မှတားဆီးခြင်းမရှိဘဲ မြောက်ပေးထားခြင်းကိုနိုင်ငံတကာမှသိရှိစေပါရန်တင်ပြခြင်း ရခိုင်ပြည်နယ်သံတွဲမြို့တွင် ဆူပူသောင်းကျန်ရန်အတွက် ၂၀-၉-၂၀၁၄ ရက်နေ့တွင်ပူသောင်းကျန်းဖျက်ဆီးရန်ကြံစဉ်နေကြပါသည်။ မြို့ပေါ်တွင် ပေါ်ပေါ်တင်တင်ဆောင်းဘောက်ကြီးများဖြင့်ဘင်္ဂါလီများ(အစ္စလာမ်ဘာသာဝင်များကို) မောင်းထုတ်ရန်ဆိုကာရဲအောင်လံဂိတ်မှကျော်ကျော်ဦးဆောင်ကာလမ်းတွင်တွေ့သောသူများကိုအတင်းခေါ်ကာ လက်မှတ်အတင်း ရေးထိုးနေကြပါသည်။ ရပ်ကွက်မြို့ရွာများတွင်လည်းလက်မှတ်များကိုတစ်အိမ်တက်ဆင်းအတင်းလက်မှတ် ရေးထိုးနေကြသည်ကိုသက်ဆိုင်ရာတို့မှတားဆီးခြင်းမရှိဘဲမသိကျိုးကျွန်ပြုကာမြောက်ပေးထားပါသည်။ထိုသည်မှာဖွဲစည်းပုံအခြေခံဥပဒေတွင်ပါသောပြည်ထောင်စု့မြန်မာနိုင် ငံတော်သည် တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံစု့စည်းနေထိုင်သော နိုင်ငံကို ခေါ်သည်ဆိုသောဖွဲ့စည်းပုံအခြေခံ ဥပဒေပါအမှန်တရားအဓိပ္ပါယ်ကိုဖေါက်ဖျက် ကာအစွန်းရောက်ဗုဒ္ဓဘာသာ ၉၆၉ အဖွဲ့မှ လက်ဝါးကြီးအုပ်ကာ အစွန်းရောက် အကြမ်းဖက်ရန်ပြုလုပ်နေကြခြင်းဖြစ်ပါသည်။ သံတွဲ ငပလီကမ်းခြေတွင်လည်း အနယ်နယ်အရပ်ရပ်မှ ရခိုင်ဗုဒ္ဓဘာသာအစွန်းရောက်များကို၂၄-၉-၂၀၁၄ ရက် နေ့မှ ၃၀-၉-၂၀၁၄ ရက်နေ့အထိ ရခိုင်ညီလာခံ အကြောင်းပြကာ သံတွဲတွင်လူစု့ပြီး သံတွဲမြို့တွင်ဆူပူဖျက်ဆီးရန်လုစု့ပြီးစီစဉ်ထားသည်ကိုသက်ဆိုင်ရာတို့မှသိရှိပါသော်လည်းလွတ်ပေးထားးပြီး မသိကျိုး ကျွန်ပြုနေခြင်း၊ သံတွဲမြို့သည်ပုဒ်မ ၁၄၄ ထုတ်ထားသဖြင့် လူစု့ခြင်းဟောပြောခြင်း လှုံဆော်ခြင်းများမပြုလုပ်ရသည်ကို သိသိကြီးနှင့်လှုံဆော်နေသည်ကို သက်ဆိုင်ရာအာဏာပိုင်များမှလွတ်ထားခြင်း၊တစ် ဘာသာနှင့်တစ်ဘာသာ စိတ်ဝန်းကွဲစေရန် လှုံဆော်နေခြင်း၊နိုင်ငံသားစီစစ်ရေးကဒ်ပြား ကို်င်ဆောင်ထားသောအစ္စလာမ်ဘာသာဝင်များအား […]


နောင် ရိုးSeptember 13, 20141min407
“မိန်း အခန်းပြောင်းအိပ်တဲ့နေရာကစ ပြီး(ကဗျာမပါ..) အောက်ဆုံးပိုဒ်ထိ  ကျနော် နောင်ရိုး..ရွာထဲက လူကြီးမင်းများကို မဟုတ်မမှန် လုပ်ကြံပြီး ပလီပလာ အာချောင်မိတာ..လာ…တောင်းပန်ပါတယ် ခင်ဗျ…”   မှတ်ချက် ။     ။ ကျနော် မှားတဲ့အပိုင်းနေရာက စ ပြီး တောင်းပန်ထားပါတယ်…။  ဒီထက် တောင်းပန်ရမယ်ဆိုရင်လဲ … ဖြစ်ပါတယ်..။ ကိုယ့်လူကိုယ် ပြန်မေးကြည့်ပြီး အပေါ်ပိုင်း ရေးထားတာထဲက မှားတဲ့စာကြောင်းလေးများ ရှိရင် ပြောပြပေးပါခင်ဗျာ…။ အဲ့ဒီအတွက်လဲ တောင်းပန်ချင်လို့ပါ..။


Kaung Kin PyarSeptember 13, 20141min440
မနက်ကမှ ကောင်းကင်ပြာရဲ့ ဖုန်းကို ပြန်ပေးရင်း ညီမဆီက သူမလုံမလဲ ပြောလိုက်တဲ့သတင်းကြောင့် ကောင်းကင်ပြာတော်တော်လေးကို ခြောက်ခြားသွားပါတယ်…။ ရွာပေါ်တက်ကြည့်လိုက်တော့ မျှော်လင့်ထားတာထက်တောင် အခြေအနေဆိုးနေတာပါ…။ အကိုတစ်ယောက်က ခဏတော့ စောင့်ပါဦးပြောခဲ့ပေမယ့်…ရွာကလူတွေ စိတ်ဆိုးနေမှာစိုးတာကြောင့် အမေအပြင်ထွက်တုန်း ခဏလစ်တဲ့အချိန် နေပူပူထဲ ထွက်လာခဲ့တာပါ…။ တချို့တွေ ကောင်းကင်ပြာအတွက် စိတ်ပူနေကြပြီး တစ်ချို့တွေ…ဒေါသထွက်နေကြတယ် ကြားပါတယ်…။ ကောင်းကင်ပြာ သံယောဇဉ်ရှိတဲ့ ရွာကလူတွေကို လှည့်စားဖို့ စိတ်နဲ့တောင် မကြံခဲ့ဖူးပါဘူး…။ ဟိုလင်းတ ရှုပ်ခဲ့တဲ့ အရှုပ်တွေ နေမကောင်းတဲ့ကြားက လာရှင်းတာပါ… နောင်ရိုး အရင်က ဘာပိုစ့်တင်တင်…သူ ဘယ်သူ့ကို ပြောတယ်ဆိုတာ သိမှာစိုးလို့…ပိုစ့်တွေမှာတောင် ကော်မန့်ဝင်မရေးခဲ့တာပါ…။ ခုတော့ ဝင်မလာလို့ မရတော့လို့ ကောင်းကင်ပြာ ရွာထဲ ဝင်လာပါတယ်..။ ဖြစ်သွားတဲ့ ကိစ္စတွေကို ရွာသားတွေ အမြင်ရှင်းအောင် ပြောပြချင်ပါတယ်….. ငယ်ငယ်က […]


နောင် ရိုးSeptember 12, 20141min659
မိန်း…… : : : : : : မ…ရှိ….တော့….ပါ….   ****************************************************************** ပထမဆုံးကျနော် ပြောချင်တာက…ဒီစာကို ကျနော့်မျက်ရည်တွေနဲ့ ရေးခဲ့တယ်ဆိုတာနဲ့….. နောက်ထပ် ထပ်ပြောချင်တာက…ဒီပိုစ့်ဟာ ကျနော့်ရဲ့ နောက်ဆုံးပိုစ့်တစ်ပုဒ် ဖြစ်တယ်ဆိုတာပါပဲ………. ပြီးတော့…ခုစာမှာ…ကျနော်ရေးလိုက်တဲ့စာသားတွေကို လိုက်ခံစားတာထက်…..မိန်းနေရာကနေ….ငါ့ကိုသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ခံစားပေးဖို့ ကျနော် တောင်းဆိုချင်တယ်..….။ မိန်းများ… ဒီပိုစ့်ကို မြင်နေခဲ့မယ်ဆိုရင်…ကျနော့်ကို အပြစ်တင်မလား…၊ သူမပြောနေကျ နင်ကတော့လေ…ဆိုတဲ့ စကားကိုပဲ ပြောမလား..ကျနော် မသိပါ…။ တစ်ကယ်လို့ … မိန်းဆီက အခုချိန် အဲ့ဒီအရာတွေထက်မက အဆိုးဆုံးတစ်ခုခုကို ကျနော်ရမယ်ဆိုရင်တောင်မှ..အဲ့ဒါအဆိုးဆုံးအရာဟာ ဘာပဲဖြစ်ဖြစ် လိုချင်ပါသည်..။ ဒေါသသံ..မုန်းတီးသံ…အပြစ်တင်သံမပါအောင် ဒီပိုစ့်ကို ကျနော်…တစ်ညလုံး ထိုင်ရေး ထိုင်ဖျက်ခဲ့ရသည်…။ ပြောချင်သလောက် မပြောခဲ့တာ… မိန်းမျက်နှာကြောင့်သာ ဖြစ်သည်…။ ******************************************************************   […]


ကာရံSeptember 5, 20141min570
ဟိုးအဝေးကတိမ်တိုက်လေးကို မျှော်ငေးရင်းတွေးမိတယ် ပြောင်းလဲခြင်းအကြောင်းတရားကံက ငါ့အတွက် ခါးသီးစရာနေ့ရက်များလား နွေနေပူမှာ ငါတစ်ယောက်ထဲရပ်တည်ရင်း အသံကုန်အော်ဟစ်မိတယ် နာကျည်းစရာများ ငါ့အတွက်ဆုလာဒ်လားလေ   အချိန်ဆိုတာ တိမ်တိုက်လိုပဲ တစ်ရွှေ့ရွှေ့နဲ့ ဖြတ်သန်းရင်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးခဲ့ပြန်တယ် ငါ့ဘဝကတော့ မရေမရာ အတွေးများနဲ့ ရွှေ့ွှလျှားနေရင်းပေါ့   သခင်ရယ် အပြစ်ရှိလို့မုန်းလိုက်တာလား အချစ်ဆိုတာ မသိလိုက်သေးခင် ငါ့အတွက် ရင်နစ်စရာ အတိတ်ဇာတ်လမ်း ဖန်လေခဲ့သလားလေ ဇာတ်သိမ်းလေး လှချင်ပါသေးတယ် ဒါပေမယ့် ဇာတ်ဆရာ အလိုကျမို့ ငါဘာများ ဇောတကတက်စရာ ကျန်ခဲ့တော့မလဲပေါ့   အလွမ်း အဆွေး မကင်းတဲ့ ချစ်ခြင်းတွေက လှည့်ကွက်ဆိုရင် ငါလေ ကစားဝိုင်းကထဲက ပြေးထွက်ပေးပါ့မယ် ရင်မှာ အဖြူသက်သက်မို့ မင်းလေး နားလည်တဲ့တစ်နေ့ နောာင်တတွေ မရပါစေနဲ့လို့ ုဆုတောင်းရင်းပါ   […]