မောင် ပေApril 25, 20121min1479
မင်္ဂလာပါ ခင်ဗျား ။ သည်ကနေ ့ည အီတလီ စီးရီးအေပွဲစဉ်များနဲ ့ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ ပွဲ တစ်ပွဲ ရှိရာမှာ ၊ အီတလီပွဲတွေက စောပါတယ် ။ အချိန်မှီလို ့မှီငြား တင်လိုက်ပါပြီ ။ ပွဲစဉ်များနဲ ့အချိန်များကတော့ စီးရီးအေ 7.30 လက်ချီ(၁၈) – နာပိုလီ(၅) 7.30 ပါလာမို(၁၂) – ပါးမား(၁၄) 7.30 ရိုးမား(၆) – ဖီအိုရင်တီးနား(၁၆) 7.30 စီနာ(၁၁) – ဘိုလော့နာ(၁၃) 7.30 အူဒီးနီး(၄) – အင်တာမီလန်(၇) 10.30 စီဆီနာ(၂၀) – ဂျူဗင်တပ်(၁) 10.30 အေစီမီလန်(၂) – ဂျီနိုအာ(၁၇) ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုကျော့ […]


hla tinApril 25, 20121min867
(၂၇.၂.၂၀၁၂) ရက်စွဲပါ၊ DVB သတင်းဌာနနှင့် သစ်ထူးလွင် အင်တာနက်ဝက်ဘ်ဆိုဒ်တို့တွင် ဖော်ပြခဲ့သည့် “အတင်းအဓမ္မပြည့်တန်ဆာ လုပ်ခိုင်း”  ဆိုသည့် သတင်းနှင့်ပက်သက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းတွင် နေထိုင်သော ကျွန်မ မညိုဇင်ဌေးအား ကျောင်းကုန်းမြို့၊ သစ်ဆိမ့်ကုန်း ကျေးရွာအုပ်စုနေ- ဇော်မျိုးထိုက်နှင့် အမှတ်(၂)ရပ်ကွက်နေ၊ မသန္တာစိန်၊ဒေါ်ပုတို့(၃)ဦး ပူးပေါင်းကာ ကျွန်မကို ကျောင်းကုန်းရဲစခန်း စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်များမှ အတင်းအဓမ္မ ပျော်ပါးခဲ့သည် ဆိုသည့်သတင်းအား ကျွန်မကို မဟုတ်မမှန်ဘဲ ထွက်ဆိုခိုင်းခဲ့ခြင်းဖြစ်ပါသည်။ ကျွန်မကို လက်မှတ်ရေးထိုးခိုင်းကာ မဟုတ်မမှန် လုပ်ကြံပြီး တိုင်ကြားခြင်းများသည် ကျွန်မ မညိုဇင်ဌေးအား ဇော်မျိုးထိုက်၊ မသန္တာစိန်၊ဒေါ်ပုတို့မှ သင်ကြားပေး၍ တိုင်ကြားရခြင်းဖြစ်ကြောင်းနှင့် မဟုတ်မမှန် ထွက်ဆိုခိုင်းစေမှုများသာ ဖြစ်သည်ကို (၂၁.၄.၂၀၁၂)ရက်နေ့ ညပိုင်းတွင် ကျောင်းကုန်းမြို့၊အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ကျောင်းကုန်းမြို့ရဲစခန်း […]


တနေ့က ကျွန်တော်တို့ ရပ်ကွက်ထဲက အန်တီကြီး တစ်ယောက် ဖုန်းသွားဝယ်တယ် … ဘယ်သူ ဘယ်လိုညွှန်လိုက်လဲမသိဘူး WCDMA နှစ်လုံးတောင်ဝယ်လာတယ် … handsent က  Nokia 2700 (China) ပုံစံ နဲ့ ထည့်ထားတယ် … ဝယ်ပြီး ညနေပဲ ကျွန်တော့် အိမ်ကို ရောက်ချလာတယ် … သားကြည့်ပေးပါအုံးတဲ့ … ဘာမှလုပ်လို့မရဘူးဆိုပြီး ….ကျွန်တော်လဲ တတ်သလောက် မှတ်သလောက် ဟိုကလိ ဒီကလိပေါ့ … ကျွန်တော်ကြည့်လိုက်တော့ တစ်လုံးက လိုင်း တစ်တုံးပဲမိတယ် … နောက်တစ်လုံးက no network ဆိုပြီးပေါ်နေတယ် … သူ့ကို ပြန်မေးကြည့်တော့ … မြို့ထဲက ဟန်းဆက်ဝယ်တဲ့ဆိုင်က လုပ်ပေးလိုက်တုန်းက ဆက်လို့ရသေးတယ်တဲ့ … မင်္ဂလာဒုံရောက်တော့ […]


ဆူးApril 25, 20121min33628
တောင်ခြေ ကားရပ်နား စခန်းမှာတော့ အသင့်စောင့်ဆိုင်းနေသော ကားကြီးမှ လူစုံသည့်အခါ မုံရွာမြို့သို့ ပြန်လည် ထွက်ခွာခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ အလောင်းတော် ကဿပ သွားသည့် လမ်း အတွက် အပိုင်းတခုလျှင် တခု အလှူခံမဏ္ဌပ်များဖြင့် အလှူခံနေသည်များကိုလည်း တွေ့ရှိရပါသည်။ အလှူခံမဏ္ဌပ်တွေမှလည်း ခရီးသွားကားများကို မုန့်များဖြင့် တည့်ခင်း ဧည့်ခံကြပါတယ်။ ကားရပ်လိုက်လျှင် အလှူခံတဲ့ ကောင်လေး ကောင်မလေးများမှ ထိုရွာမှ ထွက်သော ဇီးသီးများ၊ အကြော်အလှော်များ (ပဲကပ်ကြော် ကြက်သွန်ကြော်) လက်ဖက်နဲ့ အကြော်များ၊ မြေပဲပြုတ်များ၊ ထန်းရည် အချို သောက်ရည် ရေနွေးကြမ်း စသဖြင့် အမျိုးစုံလင်အောင် ပန်းကန်များ ခွက်များဖြင့် ထည့်ပြီး စိတ်ကြိုက် လက်နှင့် ပါသလောက် နှိုက်ယူခွင့်ပြုကာ ကျွှေးမွှေးဧည့်ခံကြပါတယ်။ ထို ဓလေ့သည်လည်း အလွန်ပင် […]


ရွာပြန်တုန်းက တောထဲ ထင်သွားရှာရင်း အပြန်မှာ ထန်းတဲထဲ ဝင်နားရင်းနဲ့ ရွာထဲက မသိသေးတဲ့ ရွာသူားတွေအတွက် ကျုပ်တို့ အညာမှာ ထန်းလျက် ကျိုချက်ပုံကို မြင်ဖူးအောင်လို့ နည်းနည်းပါးပါး ရိုက်လာတာပါ … အော် .. ဒါနဲ့ … ကျုပ်တို့ ရွာမှာ ထန်းရည်ခါး ကို တင်စားခေါ်တာက တစ်မျိုးဗျ။ “ရေအေးအေးလေး တစ်ခွက်လောက်” .. တဲ့။ အဲဒါဆို အထာသိပြီ ထန်းရည်ခါး ကို ပြောတာ။ ကဲဗျာ .. အောက်မှာ ကြည့်ကြပါဗျာ ….။                   နောက်ဆုံး အဆင့်ပြီးတာနဲ့ ထန်းလျက်ခဲတွေကို အခြောက်ခံလိုက်တာပါပဲ ……. […]


manawphyulayApril 25, 20121min16813
ခုတစ်လော သူများကို လိုက်စပ်စုနေတာလေး တင်ပြလိုက်ပါတယ်။ နိုင်ငံခြားရောက် အတွေ့အကြုံလေးတွေ မေးမြန်းကြည့်မိတယ်။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရလဲ။ အလုပ်အကိုင်တွေကော အဆင်ပြေမပြေပေါ့။ ခေါင်းစဉ်လေးတွေနဲ့ ပြန်လည် မျှဝေလိုက်ပါတယ်။ ကျွန်တော့်ဘဝရဲ့ဒိုင်ယာရီ(၁၉၉၁မှ၂၀၁၂အထိ မမေ့နိုင်သောမှတ်တမ်းလေးများ) မြန်မာပြည်ရဲ့ ပြည်ပ BAC လေယာဉ်စီးခဲ့စဉ် အမှတ်တရ အဖြစ်လေး နိုင်ငံခြားကို ဘယ်လိုကြောင့် ရောက်ဖြစ်တာလဲ။ ဘယ်လိုတွေ အခက်အခဲတွေ ကြုံရလဲ။ ၃၀-၀၃-၁၉၉၁ ကျွန်တော်တစ်ယောက် မြန်မာပြည်အရေးအခင်းကာလကြောင့် တက္ကသိုလ်၊ကောလိပ် အားလုံးသောကျောင်းတွေပိတ်ထားလို့ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် အဒေါ်ရဲ့တိုက်တွန်းမှုကြောင့် အေးဂျင့်တစ်ခုရဲ့ အဆက်အသွယ်နဲ့ မလေးရှားနိုင်ငံကို အရင်ကာလ ပေါက်ဈေး ခြောက်သောင်းကျပ်နဲ့ထွက်ခွာဘို့ဖြစ်လာတယ်ပေါ့ဗျာ။ နိုင်ငံခြားဆိုတာ ဘာမှန်း မသိ။မြန်မာပြည်ရဲ့ ငပိ အင်္ဂလိပ်စာနဲ့ဆင်ကမ်းတောတိုး စွန့်စားရပြီပေါ့ဗျာ။ မြိုင်ယာဇာ တွတ်ပီခေတ်မဟုတ်တော့ ကိုပြာလောင်ခေတ်ပေါ့။ မိဘတွေရဲ့ စုဆောင်းထားငွေလေးကို အရင်းပြုပြီးစွန့်စားရပြီပေါ့။ BAC […]


ပုရွက်ဆိတ်တွေက ကမ္ဘာကိုကြီးစိုး ပုတ်သင်ညို ဂေါ်ဇီလာလို ဖြစ်တဲ့အခါ မင်း ငါ့ကို မေ့သွားမှာလား … သစ်ပင်တွေ ခြေထောက်ပေါက်လို့ ရောက်တတ်ရာရာ လမ်းသလားနေကြတဲ့အခါ မင်း နှလုံးသားထဲမှာ ငါ တည်မြဲခွင့် ရှိပါ့မလား … နေက အေးပြီး လက ပူ သန်းခေါင်ယံ ဆူညံပြီး နေ့အခါ တိတ်ဆိတ် မျက်လုံးကို စွတ်မှိတ် အိပ်ကြရတဲ့အခါ မင်း ငါ့ကို ပစ်ထားပြီး အခြားတစ်ယောက်နဲ့ ချစ်သွားမှာလား … လူထွင်တဲ့ စက်ရုပ်က လူတွေကို ပြန်တီထွင် ဆေးဝါးဆိုတာ မလိုအပ် တစ်ယောက်သေရင် ဆယ်ယောက် မွေးပေးနိုင်တဲ့ စက်ယန္တရားကြီးတွေ ပေါ်ပေါက်လာခဲ့ရင် တို့နှစ်ယောက်ကြားက သံယောဇဉ် မင်း လွယ်လွယ်နဲ့ ဖြတ်ချင်မှာလား … ကမ္ဘာကြီးက လေ့ထောင့်ကျ […]


ဘာသာတရားဆိုတာကို…မိရိုးဖလာအတိုင်း..ဖြတ်လျှောက်ခဲ့တဲ့အချိန်တွေကိုတွက်ကြည့်မိတိုင်း… ကိုယ်တိုင်မှရိုးသားရဲ့လားဆိုသောအတွေးတို့သည်…ခုတော့…ရှင်းသွားလောက်ပြီဟု…ယုံကြည်မိတော့သည်။ ဟုတ်ပါသည်..။ သေပြီးနောက်ဆိုတဲ့..ကံ..ဒဿန..။ မသေခင်ရှေ့ဘဝ…ဆိုတဲ့..ကံ..ဒဿနဆိုတာကို…အသိရှိရှိသက်တန်းမှာ.. ရမ်းသမ်း…လျှောက်လှမ်းခဲ့ရတယ်ဆိုတာ…သဘောလည်သွားတဲ့..ခုချိန်မှာ….ပြန်စဉ်းစားမိပုံက… ဘုရားက..သတ္တဝါသေပြီးရင်..ဖြစ်သေးသလား..ဒါမှမဟုတ်…မဖြစ်တော့ဘူးလား…။ ဒါမှမဟုတ်..တစ်ချို့ဖြစ်ပြီး..တစ်ချို့ကမဖြစ်တော့ဘူးလား………..စတဲ့…….တခြားပညာရှိတွေရဲ့အမေးတွေကို… ငါ…အဲ့ဒါတွေကို..မယူဘူး….လို့…ဘာကြောင့်ပြောသတုန်း..ပေါ့..။ အေး..တဲ့…။ အဲ့ဒါတွေက..တရားနဲ့မှ..မစပ်လျဉ်းတာ..တဲ့..။ ( အဗျာကထန သုတ်ဆိုတဲ့…ဘုရားမဖြေခဲ့တဲ့အမေးတွေကလည်း…များလိုက်တာ..(၇၂)…သုတ်လို့တောင်ရှိတယ်လို့သိရတယ်..။) ကဲ…ထားဗျာ..။ ခုလက်ရှိ…တရားဓမ္မတွေကို..ညွှန်ပြပြောဆိုနေတဲ့…ဆရာတော်တွေကို..ကြည့်လိုက်ပါအုံး…။ ဘုရားက…တရားနဲ့မစပ်လို့…မဟောဘူးလို့..ပြောထားပါလျက်နဲ့… ခုလိုပြုရတဲ့..ဒါန..သီလ..သမထ…ဘာဝနာကြောင့်….. ယခုဘဝတွင်..တရားမရနိုင်သည့်တိုင်..သေပြီးနောင်ဘဝများတွင်…ဧကန်မုချ…တရားရမည့်..ပါရမီအဟုန်များ….ရရှိပြီး… ဖြစ်လေရာဘဝတိုင်းတွင်လည်း….စသဖြင့်…ပြောဟောနေကြတာကို…တွေ့ရမှာပါ..။ အဲဒါ…လုံးဝမရိုးသားချက်လို့ပြောရမှာပါ..။ ဘာ့ကြောင့်လဲလို့ဆိုတော့… ရဟန်းတွေရဲ့ဝိနည်းမှာ..မိမိအမှန်တကယ်…မသိမြင်ဘူးပါလျက်…သိမြင်ဘူးသယောင်..ပြောဆိုရင်..အာပတ်သင့်တယ်..လို့… ပါရှိကြောင်း..မှတ်သားဘူးတယ်…။ ဟိုတုန်းက..ဘာရယ်မသိပဲ..ကိုယ်လည်း…ယုံကြည်ခဲ့ဘူးပေမယ့်….။ ငါတော့..တကယ်ကို… အေးချမ်းတဲ့..တရားတွေနဲ့…လောကမှာ..နေပျော်အောင်..အေးချမ်းအောင်..ကြိုးစားတော့မယ်…ဆိုတော့မှ… အဲဒီ… ရှေ့ဘဝ..နောက်ဘဝ..အကြောင်းတွေကို…စဉ်းစားနေခြင်းက…ယခုမျက်မှောက်..မသေခင်မှာတင်…တရားသိမြင်ပြီး… တရားရဲ့..အကျိုးတွေကို..ခံစားခွင့်တွေ..ဆုံးရှုံးတဲ့… တားဆီးပိတ်ပင်မှုတွေပါလားလို့… သိလိုက်ရပါတယ်…။ ( ဒါကလည်း…ပြောရရင်…ခေတ်နဲအညီတွေးခေါ်လို့ရတဲ့..ယုံကြည်လို့ရတဲ့…တရားဂုဏ်တော်နဲ့လည်းကိုက်ညီတဲ့… ဆရာတော်တစ်ပါးရဲ့…. လမ်းညွှန်ချက်ကြောင့်ပါပဲ..။) ဘုရားရှင်ကလည်း…အဲဒါတွေ..စဉ်းစားနေလို့…တရားနဲ့စပ်တာမှ…မဟုတ်တာ..။ ဒါ့ကြောင့်…အဲ့ဒီ..သေပြီးနောက်… မသေခင်ရှေ့ဆိုတဲ့..ကိစ္စတွေကို..ငါမယူဘူးလို့…ပြောထားတယ်ဆိုတာကို… သိခွင့်ရလိုက်တာလည်း..တစ်ကြောင်းပေါ့။ အဲဒီအချက်တွေသိပါလျက်နဲ့လား…ဒါမှမဟုတ်…မသိချင်ယောင်ဆောင်နေတာလား…သို့မဟုတ်….အဲသလိုပြောရင်… စား၊ ဝတ်၊ နေရေးတွေ…ခက်ခဲမှာကြောင့်လား…ဗျာ…။ ဘာလို့များ…ဘုရားတပည့်ဖြစ်တဲ့..သံဃာတွေက.. စကားထဲ…တရားထဲ…ထည့်မဟောကြတာလဲ..။ ဟို..အရင်က…တင်ဘူးခဲ့တဲ့..ပို့စ်ထဲကလို…သတ္တိမရှိတာလား.. သိတတ်မှုကင်းတာလား…။ ဘယ်လိုပဲပြောပြောပါ..။ အဲဒီ..ရှေ့ဘဝ..နောက်ဘဝ..ကံ..အယူအဆတွေက… အိန္ဒြိယနိုင်ငံမှာ…လန်ကွတ်တီတောင်မဝတ်ပဲ…ဗလာကျင်းပြီး…ကိလေသာကင်းတယ်လို့…ပြောဆိုနေထိုင်ကြတဲ့.. ဂျိန်းဘုန်းကြီးတွေရဲ့..ကံ..နဲ့….အတူတူဖြစ်နေတာကို…တစ်ခါလေ့လာမိခဲ့ပြန်တော့…ကိုယ်ဖြတ်သန်းခဲ့ရတဲ့… ဘာသာရဲ့..အလင်းစက်ဟာ…သာသနာစစ်မဟုတ်နိုင်သော…အဆုံးအမ…လွဲကြီး..ဖြစ်နေသလားလို့…ခံစားမိရင်း.. ဘုရား…မပြောပဲငြင်းဆိုခဲ့တဲ့…အဲ့ဒီ…အဗျာကထန..သုတ်တွေကို..လေ့လာမိခဲ့ပြန်တော့….ကိုယ်တိုင်..ဘဝနဲ့ရင်းထားရတဲ့.. ယုံကြည်မှုတွေရဲ့…တစ်သက်စာ..အလွဲတွေကို…နာကျင်စွာနဲ့…ရဲတင်းစွာ…စွန့်လွှတ်လိုက်တယ်..ဆိုရင်ပဲ……. […]


ရွာသူ/ရွာသား အပေါင်းတို့ရေ ပြည်တွင်းအခွန်များ ဦးစီးဌာနက လစဉ်ဖွင့်လှစ်ပေးနေတဲ့ ကျပ်၂၀ဝ တန် အောင်ဘာလေ ထီလက်မှတ်များကို ဧပြီလမှာ ကျန်လများထက် အက္ခရာအရေအတွက်လျှော့ချပြီး ထုတ်တယ်ဆိုတာ သိကြပါသလား..? ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည့် (၂၇ရကြိမ်) မှစ၍ အောင်ဘာလေထီကို သိန်း(၁၅၀၀) ဆုကြီး တစ်ဆုထပ်တိုးပြီး ယခင်ဆု သိန်း(၁၀၀၀) ဆု အပါ အခြားဆုများ ထပ်တိုးတယ်။ အက္ခရာများကိုလည်း `က´မှ `လ´အက္ခရာထိ(၂၈)လုံးနဲ့  ထုတ်ထားခဲ့ပါတယ်။ (credit-1) ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ ထီဆုမဲတွေကို ကြည့်ရင် ကျပ်သိန်း(၁၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၁၀၀၀) ဆုကြီး တစ်ဆု၊ သိန်း(၅၀၀) ဆုကြီး တစ်ဆု၊ သိန်း(၃၀၀) ဆုကြီး နှစ်ဆု၊ သိန်း […]


water-melonApril 25, 20121min27827
လှုပ်ချင်သူများအတွက် Adobe ImageReady  မရှိလဲ ဆော့ဝဲနဲ့လှုပ်နည်းပါ သိတဲ့သူများလည်း ဒီတိုင်းလေးကြည့်ပေးပါ မသိတဲ့သူများအတွက်တော့ အားဆေးပေါ့ ( အိုဘီမင် မဟုတ် ) ကျွန်တော်အခု သုံးနေတဲ့ ဆော့ဝဲရှိတယ် သူက သုံးရတာ အဆင်ပြေတယ် ဖိုင်ဆိုဒ်က 672 KB ဘဲရှိတာ ပေါ့ပေါ့ပါးပါးလေးဘဲ။ ကဲထားပါ ကြည့်ရအောင် လှုပ်မယ်။ ပုံမှာပြထားတဲ့အတိုင်းဘဲ အပေါ်ဆုံးက  ချုံမဲ့ ဖိုင်ကိုရွေးရမှာပါ အောာက်မှာပြထားတာက ချုံပြီးရင် ဘယ်နေရာမှာထားမလဲဆိုတာ နေရာရွေးတာပါ ။ desktop ပေါ်ထားရင် ပိုအဆင်ပြေပါတယ်။ ပြီးရင်တော့ Resize ကို နှိပ်လိုက်ပါ ရပါလိမ့်မယ်။ နောက်တစ်ခု ပြောချင်တာက အောက်ပုံကိုကြည့်ပါ ကျွန်တော် ဝိုင်းပြထားတဲ့ Keep aspect ကို အမှန်မခြစ်ဘူးဆို resize  ပြောင်းမဲ့ […]


phone_kyawApril 25, 20121min1406
သူငယ်ချင်းရေ- လူတစ်ယောက်ရဲ  ့တန်ဖိုးက သူဖြတ်သန်းလာတဲ့ ခေတ်ကို ဘယ်လောက်ထမ်းနိုင်တာနဲ ့မဆိုင်ဘူး။ လူတစ်ယောက်ရဲ  ့တန်ဖိုးဆိုတာ တစ်လကို လစာဘယ်လောက်ရတာလဲနဲ ့ဆိုင်တယ်။ ဒါက ပိုပြီး လက်တွေ ့ကြပြီး တိုင်းတာလို ့ရတယ်။ ခေတ်ကို ဘယ်လောက်ထမ်းနိုင်မှဆိုတာ လေအရမ်းကြီးတော့ တိုင်းတာလို ့မရဘူး။ အဲဒါကို တလွဲလို ့ခေါ်တယ်။ အခုငါပြောနေတဲ့ အယူအဆက ဩစတျေးလျက အလုပ်သမားလူတန်းစားတွေပြောနေတဲ့စကားကွ။ ဗန်းမော်တင်အောင်ကတော့ ပေါက်ကရပြောမှာပေါ့ကွာ။ သူမှ လစာကောင်းကောင်းမရဘူးတာ။ ခလေးတစ်ပြုံကြီးနဲ ့တဲစုတ်နေပြီး ပေါက်ကရအတွေးတွေပြောတာဖြစ်မှာပေါ့။ ဟေ့ကောင်…ဒီစကားတွေကိုအပြောများတာ ကွန်မြူနစ်တွေကွ။ ဒီကောင်တွေက ဓားမရှိပဲ ထင်းခုတ်ချင်နေတဲ့လူတန်းစားလို ့ငါ့အဘိုးကပြောတယ်။ မင်းလည်းသတိထားအုံး။ နေအုံး…ဟေ့ကောင်..ငါတစ်ခုစဉ်းစားမိတယ်။ သူတောင်းစားဆိုတဲ့စကားနဲ ့ပက်သက်ပြီးပြောကြတယ်ကွာ။ မလုပ်မစားနိုင်တဲ့သက်ကြီးရွယ်အိုတွေ၊ ခလေးသူငယ်တွေ၊ နှုနာဝဲစွဲနေတဲ့လူတွေ ခွက်ဆွဲပြီးတောင်းစားတာကိုကြတော့ သူတောင်းစားဆိုပြီး နှိမ်ချခေါ်ဝေါ်ကြတယ်။ အဖတ်မလုပ်ချင်ဘူး။ အထင်လည်းသေးတယ်။ […]