#Myanmar Vacation Festival 2019 #Pullman_Hotel #Yangon ဟိုတစ်နေ့က #Pullman Hotel မှာလုပ်တဲ့ #Myanmar Vacation Festival 2019 ပွဲကို သယ်ရင်းနဲ့၂ယောက် သွားဖြစ်ခဲ့ပါတယ်။ ကုိုယ်ရောက်သွားတဲ့အချိန်က မနုမြတ်( Nu Myat Around the world) ရယ် ကိုသီဟ (Thiha, the traveler) တို့က How to become a travel blogger ဆိုတဲ့ခေါင်းစဉ်နဲ့ တစ်ယောက်မေး၊ တစ်ယောက်ကဖြေနေတာလေးနဲ့ ကြုံခဲ့ပါတယ်။ ကိုယ်သိပ်စိတ်ဝင်စားသွားတဲ့ခေါင်းစဉ်ပေါ့နော်။ တကယ်ပဲ ဘလောကာ ဖြစ်လို့မလွယ်ပါဘူး. အဓိက အချိန်ရယ်၊ငွေကြေးရယ်ပေါ့။ စာရေးဖို့အချိန်ပေးရသလို၊ အချက်အလက်တွေစုဆောင်းဖို့လည်း အချိန်ပေးရတယ်။ ပြီးတော့ ငွေထောက်ပံ့မယ့်သူမရှိရင် ကိုယ့်ဖာသာအိတ်စိုက်ပြီး အရင်ဦးဆုံးခရီးသွားရတယ်။ နောက်ပို်င်းမှ နာမည်တစ်လုံးရ […]