ma ma01306September 1, 20123min33425
ကြောက်တယ် ကြောက်တယ် သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ ဝါဆိုဝါခေါင် ရေဖောင်ဖောင် အိမ်အောက်မှာ ရေတွေကြီး မျှော့နက်မဲကြီး တွယ်တတ်တယ် ထမင်းထုပ်တောင်မဝသေးလို့ မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ် ကယ်မဲ့သူရယ် ကူမဲ့သူရယ် ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ် ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့ သက်ကယ်ရိတ်လေး ထွက်ကြမယ် တောထဲမှာလေ မြွေနဂါးတဲ့ သေနတ်ကြီးတွေ လွယ်ထားတယ် ကြောက်တယ်ကြောက်တယ် NGO ရယ်အမြန်လာလို့ အိမ်မိုးလေးတွေမိုးပေးကွယ် ရွှေသွေးရင်နှစ် မေ့သားချစ်တွေ အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ် ကျန်းမာရေးတွေချို့တဲ့ကြလို့ ဖျားနာကြတာများနေတယ် ကမာ္ဘ အရပ်ရပ် ရေတွေကြီးတော့ ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက် အသင်းလေးတွေ ထားပေးကွယ် ဝါဆိုဝါခေါင်ရေတွေကြီးလို့ ဝါတွင်းရောက်မှာကြောက်လှတယ် ကြောက်တယ် ကြောက်တယ်..


ထာဝရတစ်ခုကို တဒင်္ဂလေး သိမ်းထားလိုက်တယ်။ မီးလျှံ။ တစ်သံသရာလုံးစာ မသထာရေစာတွေ အငတ်မပြေသေး ချစ်ခြင်းမေတ္တာဟာ ကျောရိုးကို ကျားကန်ထားတဲ့ ကျောထောက်နောက်ခံတွေနဲ့ အလွဲ။ အစွဲအလန်းဆိုတာကိုက အလန်းတွေကို စွဲနေတာ ဘဝဟာ ခုနှစ်ကြယ် မပြည့်တဲ့ မြေပုံတွေကို မှားမှားယွင်းယွင်း သုံးစွဲခဲ့ ကျယ်လောင်နေတဲ့ ကြယ်တွေကြား ကျိုကြားကျိုကြား ငါ့အကြားတွေ လွဲ ဟစ်အော်လိုက်ပါ ရယ်သွမ်းသွေးလိုက်ပါ ရှောလမုန်ဟာ ငါ့ရင်မှာ တဆစ်ဆစ် အနာ ဒုက္ခတွေက စော်အလန်းယောင်ဆောင် ဖြတ်လျှောက်နေတာ ဆစ်ဆစ်ဆစ်နဲ့ပဲ ကိုယ်ငေးကြည့်ရင်း ခဏခဏ ချော်လဲတယ် ခင်ဗျား အသံသိပ်ကျယ်နေတယ် (ကျေးဇူးပြုပြီး Volume နည်းနည်းလျှော့) ကိုယ့်လူမျိုးကိုယ် ချစ်ကြောင်း မပြောခင် ကိုယ့်ကိုယ်ကို ချစ်ကြောင်းအရင်ပြောပါ “တိုင်းပြည်အလုပ် တကယ်လုပ်သူတွေဟာ ……….. တဖြည်းဖြည်း စုတ်ပြတ်သပ်လာမှာ ..” […]


တကယ်ဆိုရင်…… မတန်ပါဘူးကွာ…..ချစ်ခဲ့တာတွေ/ ငါ့မာနတွေဟာ မင်းခြေဖျားက သဲမှုန်လောက်တောင် တန်ဖိုးလျော့ကျသွားတဲ့အခါ…. ငါ့ဘဝလည်း ပက်ပက်စက်စက် ဆွဲစုတ်ပစ်ခံလိုက်ရတာပဲလေ။ xxxxxxxxx တကယ်ဆိုရင်…..ငါ့ဘက်တော့ နည်းနည်းပြန်ကြည့်သင့်တယ်ကွာ။ မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်ကို….. နှစ်သိမ့်ဆုလေးတောင် မပေးခဲ့ဘူး။ တကယ်ဆို ငါက ဒုတိယလူပါကွာ။ xxxxxxxxx ငါ့ကို နည်းနည်းလေးတောင် သတိရမိဘူးလားဟင်။ ငါသိခွင့်မရှိဘူးလား…… ငါ့ကိုမင်းချစ်ချစ်မချစ်ချစ်ပါ ငါချစ်တာကို မင်းစိတ်ထဲသိနေရင် ကျေနပ်ပါပြီကွာ။ နည်းနည်းလေးတော့ စာနာကြည့်ပါ။ xxxxxxxxxx မေ့မရတဲ့အချိန်တွေရဲ့ အဆုံးအစွန်မှာ…. ဇွတ်မှိတ်ပီး ငါမင်းကိုမျှော်လင့်နေတုန်းပဲ။ ငါ့ခေါင်းထဲက ရင်ဘတ်ထဲက ဟာကွာ…. အစစ အရာရာ ငါ့ခံစားချက်တိုင်းမှာ… မင်းစိုးမိုးထားနိင်တုန်းပဲ…. အမှန်တော့ မင်းငါ့ကို မုန်းအောင်တစ်ခုခု ပေးခဲ့သင့်တယ်…။ xxxxxxxxxx လွမ်းစရာကို နာစရာနဲ့ဖြေတဲ့ ငါ့မှာအချစ်တွေပဲရှိတော့… ဘာမှနဲ့ မှကိုဖြေလို့မရဘူး… မင်းကို ငါပက်ပက်စက်စက်ချစ်ခဲ့တယ်……။ […]


တစ်ချက်….နှစ်ချက်…..သုံးချက်….. အချက်ပေးသံမပြဘဲ ပေါက်ကွဲတဲ့အသံ မကြားနိုင်တဲ့ ငါတို့ရဲ့အနီးဆုံးတစ်နေရာက….. တစ်ဖြည်းဖြည်းတုံးလာတဲ့ ငါတို့ဦးနှောက်တွေနဲ့…. ညနေစောင်းရင်အိမ်ကိုပြန်တဲ့ခြေလှမ်းတွေက ယိုင်နဲ့နဲ့ဖြစ်နေတုန်း… အိမ်အပြန်ကို မေမေစောင့်နေရောပေါ့ ညတွေတိုင်း.(ညတိုင်းညတိုင်း)မှာ မလင်းတဲ့ငါတို့နေရာကနေ မှောင်နေတဲ့မြို့ပြကိုငေးမောကြည့်နေမိပါရဲ့ ဟိုးအဝေးမှာတရွေ့ရွှေ့နဲ့ လာနေတဲ့ခြေလှမ်းတွေ သူတို့တွေအခုထိ(ခုချိန်ထိ)အိမ်ပြန်မရောက်သေးဘူး။ တွေးရင်း(ငေးရင်း)….တွေးရင်း(ငေးရင်း) သက်ပြင်းအကြိမ်ကြိမ်ချမိတယ် မေမေ…. လောကမှာဘာအရေးကြီးဆုံးလဲ မမေးနဲ့………….. တစ်……….ပိုက်ဆံ နှစ်………..ငွေ သုံး………..လိုနေတာဒိုးပြားတွေပဲ(ရက်ပါလိုလိုက်မဆိုပါနဲ့) ဘဝတစ်ခုနဲ့တစ်ခုအရင်းတည်ခဲ့တဲ့နေ့တွေ…ရက်တွေ…ညတွေ အိုကွယ်….မျက်ရည်နွံထဲဖြစ်ဖြစ်…တံတွေးခွက်ထဲဖြစ်ဖြစ် ပက်လက်မျောစရာရှိတာသာမျော အရေးကြီးတာ နှခေါင်းဖော်ပြီးနေတတ်ဖို့ပဲ။ မေမေ……ကျန်းမာပါစေ အမြဲတမ်းဆုတောင်းအသံ ကောင်းကင်ထက်မှာလွင့်ပျံလို့ ဒါပေမယ့် မြေပြင်ကခြေလှမ်းတွေက ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်) ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။ မေမေ….ပြောခဲ့တယ် လောကမှာဘာအရေးကြီးဆုံးလဲ…. တစ်……စာနာမှု… နှစ်…….စာနာမှု… သုံး…….စာနာမှု… အို….မေမေရယ်…. အားလုံးဟာ…သားတို့ငယ်ငယ်တုန်းက ရှာခဲ့တဲ့ မြောင်းထဲကဖန်ဂေါ်လီလိုပါပဲ ရှိမလားလို့ မြောင်းထဲကိုဟိုစမ်းဒီစမ်းပေါ့ နောက်ဆုံးတော့ မြောင်းပုပ်နံ့က လက်ထဲကိုပဲစွဲကပ်လာတယ် ဒီလိုနဲ့ ……… ဒီလိုနဲ့ (ဒီလိုနဲ့…………….ပဲ) သားးးးးးးးးးးးးးလမ်းလျှောက်ရင်း…….လမ်းလျှောက်ရင်း…………. နေမထွက်လာတဲ့ အရုဏ်တက်ချိန်မှာ…..အမှောင်ထဲကနေ အမှောင်ကိုလှမ်းကြည့်လိုက်တယ် မေမေ……။ xxxxxxxxxxxxxxxxxxxxxxxxxxxxxx အောင်မိုးသူ […]


yanayeAugust 14, 20121min752
ဖားဥစွဲခြင်း ငါ့တစ်ကိုယ်လုံး ဖားဥစွဲနေတယ် အသွေးအသားထဲ အကြောအချဉ်ထဲ လုံးသားထဲ ဦးနှောက်ထဲ အိပ်မက်ထဲ အတွေးတွေထဲ အရာအားလုံးမှာပါ……………………………….. ငရဲကိုဖက်တွယ်ထားတဲ့ တက်ကြွမှုအားမာန်နဲ့ ပျက်စီးနေတဲ့ဘဝ တစိမ့်စိမ့်သွေးထွက်ဆဲ နှလုံးသားဒဏ်ရာ ငါ မိုး ရွာထဲ ရောက်ခဲ့တာလား မိုး ငါ့ကိုခလုပ်တိုက်လိုက်လား ထန်းသီးကြွေခိုက် ကျီးနင်းလိုက်လား တွးကြည့်ဖို့ စိတ်ကူးမိမှ စဉ်းစားဉာဏ်ပါ ဖားဥစွဲနေတယ်။ ။


Pye Kun ZawJuly 30, 20121min1909
အိုပျိုကညာ အချစ်ဆိုတာ သိလိုပါလျှင် ကျွန်ုပ်ရင်ခွင် ခိုဝင်လှည့်ပါ။   အိုပျိုကညာ မြတ်နိုးယုယ ကြင်နာသမှု အစဉ်ပြုမည် လေးနက်တည်ကြည် သစ္စာဆိုသည်။   အိုပျိုကညာ အပိုအလို အဆင်တန်ဆာ မာယာမပါ ဖြူစင်သန့်ရှင်း ရင်နှင့်နှင်းသော ချစ်ခြင်းအားဖြင့် တစ်ဘဝစာ ယုံလှည့်ပါတော့ အိုပျိုကညာ။


ဘဝရဲ့စာမျက်နှာ ……………….. စိတ်ရဲ့စေလိုရာ ကောင်ကင်သစ်တဲ့ ဘာမှတော့နားမလည်ဘူး တကယ်တော့ ထင်တောင်မထင်ဘူး ချစ်သူတဲ့ ဟုတ်နိုးနိုးနဲ့ ဖြစ်ပေါ်နေတဲ့ဝေဒနာ ငါကိုယ်တိုင်မသိ မင်းရောသိလား ငါသိတာတော့ အချိန်နဲ ့သေခြင်းပဲ တရွေ့နဲ ့ကုန်ဆုံး သေခြင်းရဲ့နိဂုံးတွေ မင်းရော..ငါရော.. နီးနေပြီဆိုတာ…. …………………………


အာဇာနည်နေ့ဒို့မမေ့ …………………………. အာဇာနည်စိတ်ဓာတ် အာဇာနည်ရဲ့သွေး အာဇာနည်ရဲ့သတ္တိတွေရဲ့ဖော်ဆောင်မှု သမိုင်းရဲ့စာမျက်နှာတွေမှာ နီရဲနေတဲ့သွေးစက်တွေ စိုရွဲနေတဲ့ချွေးစက်တွေ ရောပြွမ်းလို့နေခဲ့ပြီ…..။ သမိုင်းကနေတကျော့ပြန် နီရဲနေတဲ့သွေးစက် စိုရွဲနေတဲ့ချွေးစက် ငါကိုယ်တိုင်ချေဖျက်ရမှာလား မင်းရောချေဖျက်မှာတဲ့လား ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် ဘယ်သူဖျက်ဖျက်ငါမဖျက် သမိုင်းတစ်ခေတ်ရဲ့အာဇာနည် ပုံဖော်မည်…….. ဂုဏ်ဆောင်မည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဒို့တိုင်းပြည်ရဲ့အာဇာနည် ဘယ်ပုံဘယ်နည်းဖြင့်ငါမမေ့ပြီ……။ ဇွဲမာန်(အင်းဝ)   Go to this link  and leave ur comments > https://myanmargazette.net/138871/creative-writing/my-dear-diary


amatminJuly 5, 20121min39432
လူပါး… အတွေးတစ က.. မျှော်လင့်ခြင်းမျဉ်းမှာ. အဆုံးသတ်သွားတယ်.. ဆန့်ကျင်ဘက်ရန်သူကို မှန်ထဲမှာ ခပ်စိမ်းစိမ်းကြီးမြင်လိုက်ရတယ်.. လိုအပ်ချက်တခုမှာ.. မလိုအပ်တာတွေက အသက်ဝင်နေတယ်.. အတ္တဆိုးတခုဟာ.. သေချာသိမ်းထုပ်ထားတဲ့ငါ့ပုံဆောင်ခဲဖြစ်နေတယ်.. အမှန်တရားဟာ.. ဘက်လိုက်ဝါးမြိုမှုအတွက် ဓါတ်စာဖြစ်နေတယ်.. မနေ့/ကနေ့ ဆိုတာ.. ရှင်သန်နေမှုရဲ့ အရိပ်တခုဖြစ်နေတယ်.. မိတ်ဆွေရင်းဆိုတာ.. ထုတ်တန်းပေါ်ခွထိုင်ရင်း ရှာတွေ့တတ်တယ်.. ပျော်ရွှင်မှုဆိုတာ.. အလိုကျခြင်းတွေနဲ့အဖော်ပြုနေတတ်တယ်.. ငြိမ်သက်မှုဆိုတာ.. ရုန့်ရင်းဆန်ခတ်မှုတွေရဲ့နောက်တော်ပါးဖြစ်တယ်.. ရိုးသားမှုဆိုတာ.. ပရိယာယ်အပေါင်းတို့ရဲ့ မာန်နတ်ဖြစ်နေတယ်.. ထောင်လွှားမှုဆိုတာ.. စိတ်မလုံခြုံမှုရဲ့ဆောင်ဓါးဖြစ်နေတယ်.. ပြန်ဆန်းစစ်မှုဆိုတာ.. ပြသာနာပေါင်းစုံအတွက် အဆိပ်ခွက်ဖြစ်နေတယ်.. ရိုးရှင်းတဲ့နေထိုင်မှုဆိုတာ.. တွယ်တာမှုပေါင်းစုံကို ခဝါချမှုထက်ပိုနေတတ်တယ်.. အဖြေမှန်ဆိုတာ.. အမှားအလုံးစုံအတွက် ပြင်မရတဲ့နောင်တဖြစ်နေတယ်.. အဆုံးသတ်ဆိုတာ.. အစတချို့အတွက် သာမန်နိဂုံးထက်ပိုနေတတ်တယ်… ငြင်းခုန်ခြင်းမှာ.. ကိုယ်စီအတွေးတချက်တော့ လက်ဖို့ဆန္ဒပြုမိပါရဲ့.. **************************************************************** ဘာရယ်မဟုတ်ပါဗျာ..စိတ်နေမကောင်းဖြစ်နေတာနဲ့.ပျင်းပျင်းရှိလို့ ပေါက်ကရတွေ တွေးမိလိုက်ပါတယ်.. လျှောက်တွေး.ရေးပြီးတော့လည်း ပို့စ်တင်ချင်ပြန်ရော..ပိုက်ဆံရှာမရတာ အတော်ကြာနေတာလည်း ပါတာကိုး.. […]


လူတွေနေတဲ့ မြေကမ္ဘာမှာ အဒေါသနိုင်ငံတွေအတွင်း အလောဘဘုရင်းကြီးတွေ နန်းတက်စေမယ့် အမောဟမြို့တော်တွေ တည်ဆောက်လို့.. ကရုဏာတပ်တော်တွေကို ခန္တီလက်နက်တွေ အပြည့်ဖြည့်ပြီး.. အကြင်နာ စစ်သူကြီးတွေ အုပ်ချုပ်စေမယ့်… သစ္စာဈေးကြီးအတွင်းမှာ မေတ္တာအသင်းတွေ ရောင်းဝယ်စေမယ့်.. ဟိရီ ဩတ္တပ္ပဆိုတဲ့ ပုရိသ ဣတ္ထိယတို့ အမြဲရှင်သန်မယ့် အို…ကမ္ဘာသစ် သင်သန္ဓေတည်တာ ကြာလှတယ်…


လူတွေနေတဲ့ မြေကမ္ဘာမှာ ဒေါသနိုင်ငံတွေအတွင်း လောဘဘုရင်ကြီးတွေ နန်းတက်ခဲ့.. မောဟမြို့တော်တွေ တည်ဆောက်ပြီး.. သောကတပ်တော်တွေမှာ ပေါက်ကွဲခြင်းလက်နက်တွေ အပြည့်ဖြည့်လို့.. ရန်လိုခြင်းစစ်သူကြီးတွေ အုပ်ချုပ်ခဲ့… အဂတိဈေးကြီးအတွင်းမှာ ဝိသမလောဘသမားတွေ ရောင်းဝယ်စေခဲ့.. အဟိရိက အနောတ္တပ္ပဆိုတဲ့ ပုရိသ ဣတ္ထိယတို့ အများရှင်သန်ခဲ့တဲ့ အို…ကမ္ဘာဟောင်း သင်ဂျောင်းသင့်တာ ကြာပြီပဲ…


အခုတော့ ကုလားအုတ်ကြီးက ရွှက်ဖျင်တဲ ထဲ တကိုယ်လုံးဝင် ဖို့ ကြံပြီ အရိပ် ပေး တဲ့ အခက် အလက် တွေ ကို … အစိမ်း လိုက် ချိုး ပြီ အေး ချမ်းတဲ့ နယ် မြေ တွေကို သွေး ရဲ ခဲ့ စေ ပြီ ဘာ ကြောင့် ဘယ်လို ဖြစ်လာခဲ့ ရတာလဲ ဆိုတာ ထက် အမြစ် ခုတ်မှ ပြုတ်မယ့် အမျိုး ဆို ရင် ခုတ်သာ ပစ်လိုက် လို အပ် ရင် ငါတို့ သွေးသားတွေ ကူ မယ် တရားသော စစ် အတွက် ၊ […]


မေလ(၂)ရက်နေ ့က ရှမ်းပြည်အတိုင်ပင်ခံကောင်စီဖွဲ ့စည်းမှုဖြင့်သံတွဲထောင်တွင် ထောင်ဒဏ်(၇၉) နှစ်ကြာခံရင်း ကွယ်လွန်သွားခဲ့သူ ဦးမြင့်သန်းအတွက် အလှုူပွဲကို တောင်ကြီးမြို ့ရှမ်းကျောင်းမှာ ပြုလုပ် ကျင်းပခဲ့ပါတယ်။အဲဒီပွဲကို ရှမ်းအဖွဲ ့အစည်းပေါင်းစုံ၊(၈၈)ကျောင်းသားများ၊ဆရာ့တပည့်သားမြေးများ အားလုံးစုံညီအောင် တက်ရောက်ခဲ့ပါတယ်။အောက်က ကဗျာလေးက ဆရာ မကွယ်လွန်မီ ရေးသွားတဲ့ ကဗျာလေးပါ။ကိုယ့်နိမိတ်ကိုယ်တိုင်ဖတ်နေရော့လေသလားလို ့တောင် ထင်မိပါတယ်။ PS အခမ်းအနားမှ အမှတ်တရ ဓါတ်ပုံများကို တင်ရန်ကြိုးစားစောင့်ဆိုင်းနေရသော မြန်မာပြည်MPS ၏ ကွန်နက်ရှင်မှာ တစ်လပြည့်ဖို ့မဝေးတော့ပါကြောင်း။ “ထာဝရ နှုတ်ဆက်စကား”   ငါလုပ်နိုင်သမျှ လုပ်ခဲ့ရပြီ ငါပေးနိုင်သမျှပေးခဲ့ရပြီ ငါမြင်သမျှ ပြင်ခဲ့ရပြီ ဘဝသမိုင်း ငါ့သမိုင်းလဲ မငြိမ်းမချမ်း ခရောင်းလမ်းမှာ မျှော်မှန်းရည်ရွယ် ခေတ်လူငယ်အတွက် ငါငဲ့ကွက်ကာ အားတက်သရော ငါမမောဘဲ တပည့်တောမှာ ငါပျော်ခဲ့ပြီးပါပြီ။ မြေဖြူလဲတို သင်ပုန်းအိုလဲ ဘဝတစ်ခု စာနာမှုဖြင့် ကရုဏာထား မေတ္တာတရားနှင့် ငါ့အားခွင့်လွှတ်ရစ်ပါလေ။ တောင်စောင်းမှေးတင်. […]