nyimalayFebruary 8, 20111min1949
တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန်းတလေးဘက်ကို ကားလေးမောင်းပြီး အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့………ဒီလိုနဲ့မှောင်လဲသွားရော……မေမြို့မှာတင် ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့……တည်းခိုး ခန်းသွားအိပ်တော့………တည်းခိုခကို တစ်ည ၃၀၀၀ဝ ကျပ်နဲ့ သဘောတူလိုက်ကြသတဲ့…..မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစော အိပ်ယာဝင်လိုက်ကြသတဲ့……မိုးလင်းလို့ မန်းတလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀ဝ တောင်းသတဲ့…. ……မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့ မန်နေဂျာကို ခေါ်ရှင်းကြသတဲ့……… မန်နေဂျာက လည်းဟုတ်တယ် …..၁၂၀၀၀ဝဆိုတော့…ခက်တော့တာပေါ့……… မန်နေဂျာက ဒီလိုရှင်းပြသတဲ့…….. ငါ့တို့တည်းခိုးခန်းမှာ……..nightclub တွေ ကာရာအိုကေတွေ……..ဘားတွေ……..ရှိတယ်…. အဲ့ဒီအတွက်က ၃၀၀၀ဝယူတယ် …..ဆိုတော့.. မောင်ဘကလည်း…….. ” ဆရာရယ် ကျွန်တော့တို့> အိပ်ယာတန်းဝင်ကြတာပါ…..nightclub ကိုမသွားပါဘူး” ပေါ့………. မန်နေဂျာက …….သွားတာမသွားတာမင်းတို့တာဝန်ကွာ………ငါ့တို့က အဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ……လို့ပြောလိုက်သတဲ့….. နောက်ထပ် ၃၀၀၀ဝ ကျပ်ကကွာ……….ရေကူးတဲ့အတွက်ပေါ့……….လို့ပြောလိုက်တော့…မောင်ဘကလည်း ကျွန်တော်တို့ရေကူးဘို့နေသာသာ ရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့……….. မင်းတို့ရေကူးတာမကူးတာ….ငါ့တာဝန်မဟုတ်ဘူး……..မင်းတို့တာဝန်ပါ..ရေကူးကန်အတွက်  အကုန်အကျတွေများတဲ့အတွက်……. အဲ့ဒီအတွက် ပါယူတယ်ကွာ….လို့မန်နေဂျာကပြောလိုက်သတဲ့….. […]


nyimalayFebruary 8, 20111min25718
ရန်ကုန်မှာ ကားတစီးက လူစည်ကားတဲ့ ဆိုင်ကြီးတခုကို ဝင်တိုက်ချိန်မှာ အကယ်ဒမီဆု ရထားတာ ပူပူနွေးနွေးပဲ ရှိသေးတဲ့ မင်းသား နေတိုးက ကယ်တင်တဲ့အတွက် လူတွေ အသက်ချမ်းသာရာ ရသွားတယ်လို့ ဇန်နဝါရီ ၃၁ နေ့စွဲနဲ့ ထုတ်ဝေပြီး၊ မနေ့က ဖြန့်ချီတဲ့ နောက်ဆုံးထုတ် The Voice ဂျာနယ်မှာ ရေးသား ဖော်ပြထားပါတယ်။ အကယ်ဒမီဆု လို ့ ခေါ်ကြတဲ့ နတ်သမီးကြယ်ကိုင်ဆုဟာ “တန်ခိုးကြီးတယ်” “အရမ်းအစွမ်းထက်တယ်”လို ့ အများသူငါက ယုံကြည်နေကြပါတယ်။ နေတိုးက ဘယ်လို ကယ်တင်လိုက်သလဲ ဆိုတာကိုတော့ အမျိုးမျိုးပြောနေကြပါတယ်။ “စူပါမင်းလို ကယ်သွားတယ်။ နေတိုးက ဝတ်ရုံ အကြီးကြီးနဲ ့ မိုးပေါ်က ဆင်းလာတယ်” လို ့ မျက်မမြင်တဦးက ပြောပြတယ်။ “စူပါမင်း […]


snowDecember 22, 20101min1203
(ကျမသမီးလေး သူငယ်တန်းအရွယ်မှ ယခု စတုတ္ထတန်းအရွယ်အထိ ပြောခဲ့တာတွေကို ရေးထားတာပါ) (၁) တနေ့၌ သူငယ်တန်းတက်နေသောကျောင်းသူလေးအား သူ၏မိခင်ဖြစ်သူက ကမ္ဘာ့မြေပုံထောက်ပြပြီး တနေရာကို ဒါကတော့ မြန်မာနိုင်ငံ တနေရာကိုထောက်ပြီး ဒါကတော့ ဂျပန်နိုင်ငံ နောက်တနေရာကိုထောက်ပြီး ဒါကတော့ ကိုးရီးယားနိုင်ငံ ဆိုပြီး ပြောပြပါသည်။ ထိုအခါ သမီးဖြစ်သူကပြောလိုက်တာကတော့ “ဂျပန်နိုင်ငံ နဲ့ ကိုးရီးယားနိုင်ငံက ခြေလှမ်း ၂လှမ်းဆိုရင် ရောက်တာပဲ”တဲ့ (၂) သူငယ်တန်းစာသင်ခန်းအခန်းတစ်ခန်းတွင် ဆရာမက “ကလေးတို့ရေ ဆရာမရေးခိုင်းထားတဲ့ ဝလုံးလေးတွေ တစ်မျက်နှာပြည့်အောင် ရေးခိုင်းထားတာ ရေးပြီးတဲ့လူတွေ ဆရာမဆီ စာအုပ်တွေယူလာခဲ့ပါဦး” လို့ပြောလိုက်ပါသည် ။ထိုအခါ ရေးပြီးသောကလေးများက စာအုပ်တွေဆရာမဆီယူလာပြပါသည်။ထိုအထဲတွင် ကျောင်းသူကလေးတယောက်ရဲ့စာအုပ်ကို ဆရာမကြည့်ပြီး အားရပါးရ ရယ်လိုက်ရပါသည်။ ဖြစ်ပုံက ထိုကျောင်းသူကလေးက စာမျက်နှာ၏အပေါ်ဆုံးစာကြောင်းတစ်ကြောင်း၊ အလယ်တစ်ကြောင်းနှင့် အောက်ဆုံးစာကြောင်းတွင်သာ ဝလုံးများရေးထားသောကြောင့်ဖြစ်ပါသည်။ […]


panpanDecember 22, 20101min72
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာသတင်းဌာနများ၏ “အမေရိကန်သမ္မတကတော်ဟောင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဆက် စကားပြော” ဟူသော ရေးသား ထုတ်လွှင့်ချက်များကြောင့် အမေရိကန် သမ္မတကတော် မီရှဲလ် အိုဘားမား ဒေါသောင်းကျန်းသူ ထနေသည်။ သူသာလျှင် အိုဘားမား၏ တဦးတည်းသော ကတော် ဖြစ်သည်၊ အိုဘားမားတွင် ကတော်ဟောင်းများ မရှိ စသည့် အချက်များကို မြန်မာသတင်း ဖတ်ရှု နားဆင်သူ ပရိသတ်တို့ သဘောပေါက်စေရန် ဆန္ဒ ပြင်းပြနေသည်ဟု မြန်မာ့ မီဒီယာ တစ်ခု၏ အမှုဆောင်အရာရှိချုပ် တစ်ဦးက ပြောသည်။ “ဪ — ဟုတ်တယ်။ သူက အရမ်းကို ဒေါသဖြစ်နေတာ။ ကျမယောက်ျားက အိမ်ထောင် တဆက်ပဲ ရှိတယ် ဘာ ညာ သာရကာ နေကြာ ကွာစေ့ပေါ့ဗျာ၊ ကျနော်တို့ […]


ၾကယ္ေလးNovember 23, 20101min1298
အမိမြန်မာ၊ ဘွဲ့ရတာ ၇၅ ၁ဝ ယောက်က ကျိုးကန်း ၅ ယောက်က ရူးနှမ်းနှမ်းနဲ့ ရဲဖမ်းတာ ရ ယောက် ၃ ယောက်က လူကြီးအမျိုး ကံဆိုးသူ အယောက် ၅၀ (ငါတို့ကျောင်းမှာ လူ ၅၀ ရှိလို့) ရုရှနယ်စေလွှတ် နျူကလီးယားကို အိတ်နဲ့သွတ်ဖို့တဲ့..။ ဟိုတစ်ခါ ပြည်မြန်မာမှာ ငွေနှစ်ရာ ဝေလာဝေး ဆေးလိပ်တိုလေး မျှသောက် Issue နဲ့ စားသောက်နေရပေမယ့် အရှင်မွေးတော့ နေ့ချင်းကြီး ဒေါ်လာ ၂၀ဝ ကိုုင်ပြီးကတည်းက လက်ကြားမှာ စီးကရက် ဘီယာဆို ပလပ်ပလပ်နဲ့ သေးထွက်မတတ် မျိုဆို့ ညှီစို့စို့ အသားထုပ် မှိုတက်လို့ လွှင့်ပစ်လိုက်ရသေးသတဲ့…။ လယ်သမားကြီး အယောက် လေးဆယ် ကျွဲနွားနှယ်သူတို့ရုန်း အသင်သုံးနေတဲ့ ရာတန်နှစ်ရွက် သူတို့တတွေရဲ့ ချွေးစက်… ဟုတ်မဟုတ်တော့ မသိ ရှိတာနဲ့ ဖုန်းဝယ်ခါးကြားမှာ သယ် ပြီးလူလယ်ရောက်မှ ထုတ်ဆက် အိမ်မှာတော့ ယောက်မလျက်နေကြရပြီ။ တချောက်ချောက်နဲ့ Keyboard ရိုက်သံ ကြိုးစားမှုတွေ မှန်နေတယ် မထင်နဲ့ ရည်းစား တစ်ယောက်ရရေးChatroom တွေ လိုက်မေးပြီး ကျနော်ကတော့ Master Russia နေတာပေါ့ကြွား ခပ်ထွားထွား […]


Shwe Zin USeptember 9, 20101min800
ဓမ္မပဒ ဓမ္မဟူသည် တရား၊ ပဒဟူသည် ပုဒ်ဖြစ်သည်။ တရားဟူသည် သဘာဝကျစွာ ဖြစ်တည်ပေါ်ပေါက် လာသော အကြောင်းနှင့် အကျိုးများဖြစ်သည်။ထို အကြောင်းနှင့် အကျိုးများကို ဗုဒ္ဓရှင်တော်မြတ် သည် နှစ်ပေါင်း ၂၅၀ဝ ကျော်လောက်က သူ၏ မျက်မှောက်တွင် ဖြစ်ပျက်၊ပေါ်ပေါက် ခဲ့သည်တို့၌ အခြေခံလျက် လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်တို့အား အကျယ်ဝေဖန်၍ ဟောကြားခဲ့၏။ ထိုု အနှစ်ချုပ်ကလေးများသည် ဓမ္မပဒဟူသော အမည်ဖြင့် ထင်ရှားသော တရားပုဒ်ကလေးများ ဖြစ်လာသည်။ ထို တရားပုုဒ်ကလေးများကို ရှေးယခင်က ရဟနာ္တအရှင်တို့က ပေါင်းစုညီညာ ရွတ်ဆိုကာ သံဂါယနာတင်ထားခဲ့ကြ၏။ တစ်ဖန်နှောင်းခေတ်လူများက ကျောက်ထက်အက္ခရာ၊ စာရွက်အက္ခရာ တင်ခဲ့ကြ၏။ ဘာသာအသီးသီးသို့လည်း ပြန်ဆိုခဲ့ကြ၏။ ထို့ကြောင့် ဘုရားရှင်၏ နှစ်ပေါင်း ၂၅၀ဝ ကျော်လောက်က ဓမ္မပဒဟူသည့် တရားအနှစ်ချုပ် စာပုဒ်ကလေး […]


Shwe Zin USeptember 8, 20101min1547
ကျနော့် ဆောင်းပါးထိပ် ခေါင်းစဉ်စာသားလေး က ကျနော်တို့ရွာမှာ တခါက အမှန် တကယ်ဖြစ်ခဲ့ တာလေးပါ၊ ရွာကလေးကတော့ ပေါစိန် မလာနဲ့ ပိုင်စိ လာ ဆိုတဲ့ စကားလေးကြားလိုက်ရင် ဘာကို ရည်ရွယ် သလည်း ဆိုတာ သိကြပါတယ်။ ဥပမာဗျာ..ကျနော်တို့ နိုင်ငံမှာ ကူညီပါရစေ ဆိုရင် အားလုံး သိကြပါတယ်နော်၊ ကျနော်တို့ ကတော့  ဟဲ…ဟဲ အကူအညီ မတောင်းရဲ ပါဘူးဗျာ၊  ( ကြောက်.. ကြောက်တတ် လို့ပါ) အခုလည်း အဲဒီလိုပါဘဲ။ ကျနော် ရွာပြန်ရင်းနဲ့ ကြုံ့ ခဲ့ရတဲ့ ဖြစ်ရပ်မှန် လေးပါ၊  ပြန်လည် တင်ပြလိုက် ရပါတယ် ခင်ဗျား။ မှတ်မှတ်ရရ အဲဒီနှစ် ဆောင်းတွင်း က နှင်းကျချက် ကတော့ […]


အာဂSeptember 7, 20101min812
ဘီယာ စကားဝိုင်း တစ်ခုမှာ အမျိူးသမီး တစ်ယောက်က ပြောတယ် .. .. ….ရှင်တို့ ယောက်ျားတွေက မိန်းမတွေနဲ့ ထည်လဲ အိပ်တော့ ပြောတတ်လိုက်ကြတာ … ***ယောက်ျားကောင်းတော့မောင်းမတစ်ထောင်****တဲ့။ မိန်းမတွေက ယောက်ျား တစ်ယောက်ထက်များ ပိုအိပ်မိလို့ကတော့မကောင်းတဲ့မိန်းမ။ ကြေးစားမတဲ့။ ပက်ပက်စက်စက်ပြောလိုက်ကြတာ။ အတော်လည်းမတရားတဲ့ယောကျာ်းတွေ။ မိန်းမတွေဆိုရင် နှိမ်ချင်ကြတယ်။ အဲဒီတော့ ယောက်ျားတစ်ယောက်က ပြန်ပြောတယ်။ဒါက ဒီလို ရှိပါတယ် အစ်မကြီးရယ်။ သော့တံတစ်ချောင်းက သော့ခလောက်တွေ အများကြီးကို ဖွင့်နိုင်ခဲ့ရင် .. … …**“*မာစတာကီး*”* ”သော့ဝိဇ္ဖာ” လို့ ခေါ်ကြပါတယ်။ အဲ ဒါပေမဲ့ သော့ခလောက်တစ်ခုကို ဘယ်သော့တံနဲ့မဆို ဖွင့်နိုင်ပြီ/ဖွင့်လို့ရပြီဆိုရင်တော့ .. .. အဲဒီသော့ခလောက်ကသုံးစားလို့မရတဲ့သော့ခလောက် ဖြစ်သွားမှာပေါ့….အစ်မရဲ.— ကျွန်တော်တို့က အစ်မတို့မိန်းခလေးတွေရဲ့ သော့ခလောက်ကို တန်ဖိုးထားလို့ပါ .. […]


True FaithJune 23, 20101min943
နာခံခြင်း ဆင်စုရွာနဲ့ နဝင်းရွာကန်ကြတဲ့ ဘောလုံးပွဲမှာ ဆင်စုရွာအသင်းနည်းပြက သူ့အသင်းက နောက်တန်းကစားသမား ဖိုးချွဲကို လူကပ်ဖို့ မှာနေတယ်။ “ဟေ့ကောင် ဖိုးချွဲ” “ဘာလဲကွ” “ဟိုဘက် အသင်းက နံပါတ် ၁ဝ က သိပ်တော်တယ်နော်။ မင်း အဲဒီကောင်ကို အသေကပ်ထား။ လုံးဝ မလွတ်စေနဲ့။ ကြားလား” “စိတ်ချ။ လုံးဝမလွတ်စေရဘူး” ဒီလိုနဲ့ ပွဲပထမပိုင်းကစားတယ်။ ဖိုးချွဲက နံပါတ် ၁ဝ ကို ကောင်းကောင်းလူကပ်ထားတော့ နဝင်းရွာအသင်း ဂိုးမသွင်းနိုင်ခဲ့ဘူး။ ပထမပိုင်းပြီးလို့ အားလုံးနားကြတဲ့အချိန် နည်းပြက အနားယူနေတဲ့ သူတို့အသင်း လူစုထဲမှာ ဖိုးချွဲကို မတွေ့လို့ လိုက်ရှာတော့ နဝင်းရွာအသင်းရဲ့ နံပါတ် ၁ဝ ဘေးမှာ ပူးကပ်ပြီးထိုင်နေတာ တွေ့လိုက်ရတယ်။ “ဟေ့ကောင် ဖိုးချွဲ။ မင်း ဒီမှာ […]


lu ta loneJune 15, 20101min1657
1****ကျွန်တော်တို ့တိုက်အောက်မှာ စာစီစာရိုက်နဲ ့မိတ္တူဆိုင် တစ်ဆိုင်ရှိတယ်.. တစ်နေ ့ .. အဲ့ဆိုင်မှာ .အသုဘ ဖိတ်စာတစ်စောင် လာရိုက်ပါရော။ ” ကျေးဇူးရှင်ဖခင်ကြီး ဦး…. ” ဆိုပြီးတော့ .. ။ အဲ့မှာ စာစီစာရို်က် အကိုကြီးက ..ရိုက်တာပေါ့ .. ရိုက်တာတော ့ဟုတ်ပါပြီ..ဘယ်လိုရိုက်သလဲဆိုေ တာ့ . ကျေးဇူးရှင်ဖခင်ကြီး ဆိုတဲ့နေရာမှာ..ခခွေး တစ်လုံး ကျန်ခဲ့ပါလေ ရော .. အဲ့ဒါကို ကျန်ခဲ့လို ့ကျန်ခဲ့မှန်းလည်း မသိ .. ဖိတ်စာတွေရိုက် .. မိတ္တူတွေဆွဲ .မိတ္တူဆွဲလို ့ အစောင် ၂၀ဝ ၃၀၀ လောက်ထွက်လာမှ . ဖိတ်စာကိုဖတ်လည်း ဖတ်ကြည့် ရော …” ကျေးဇူးရှင်ဖင်ကြီး …ဦး…. […]


lu ta loneJune 7, 20101min1584
စိတ်ရောဂါကု ဆရာဝန်ဂျင်မီ ရဲ့ ဆေးခန်းကို အမျိုးသမီး တစ်ယောက် သူ့ ခင်ပွန်းသည်ရဲ့ အခြေအနေကို လာတိုင်ပင်ပါတယ်။ “ကျွန်မ ယောက်ျားအတွက် ကုသဖို့ နည်းလမ်းရှိပါ့မလား ဆရာရယ်။ ရူးများ ရူးသွားပြီလားမသိဘူး။သူ့ကိုယ်သူ ရေခဲသေတ္တာလို့ ထင်နေတယ် ဆရာရဲ့”လို့ ပြောပါတယ်။ ဒါနဲ့ ဂျင်မီက “ဒီလောက်လည်း စိတ်မပူပါနဲ့ဗျာ။ ခုချိန်က လူတွေမှာ စိတ်ဖိစီးမှုတွေများတော့ ဒီလိုပဲဖြစ်တတ်ပါတယ်”လို့ဆိုတော့ အမျိုးသမီးက စိတ်သက်သာပုံမရဘဲ ဒီလိုထပ်ဆိုပါတယ်။ “ဆရာသူ့ကို နားမလည်ပါဘူး။ သူက ပါးစပ်ကြီးဟပြီး အိပ်တော့ သူ့ထဲက ရေခဲသေတ္တာမီးကလင်းနေတာ ကျွန်မ ဘယ်အိပ်ပျော်ပါ့မလဲ..”


wunnakokoJune 2, 20101min731
ဘဝအမောတွေ ခဏပြေစေဖို့အတွက်  ဟာသလေးတွေ ဖတ်ကြတာပေါ့။ ကြိုက်တာဝယ်စား အမေရိကန်နိုင်ငံရှိ ဝက်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။ ” ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ” ” ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် ” ” ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် ” ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။ “ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ ” ” ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ ” ” […]