ကမ္ဘာ့အတိုဆုံးဝတ္ထု..Shortest Story
စေပိုင်ထွဋ်(ပုသိမ်) ရဲ့ ဝတ္ထုတိုအကြောင်းလေးဖတ်ရင်း ကွန်မင့်တွေထဲမှာ..
သုံးကြောင်း ဝတ္ထု ဆိုတာ ဘယ်လိုမှ
မဖြစ်နိုင်သော စတန့်ထွင်မှု တစ်ခုပါလို့ ပြောချင်ပါတယ်။
သုံးကြောင်းကဗျာကိုပဲ ရအောင် ရေးကြည့်ကြပါဦးဗျာ။
ဒါနဲ့ဘဲ..ကမ္ဘာ့အတိုဆုံးဝတ္ထုလို့ပြောလို့ရတဲ့ ဗိုလ်ချုပ်ရဲ့ဝတ္ထုလေးကိုသတိရသွားတယ်ဗျာ…
ကျွန်တော့သဘောနဲ့ကျွန်တော်လျှောက်ပြောတာတော့မဟုတ်ဘူးနော်…နာမည်ကြီးစာရေးဆရာတစ်ဦး
ဖြစ်တဲ့ ဆရာမင်းလူကပြောတာ…ကဲဖတ်ကြည့်လိုက်ရအောင်ဗျို့….
ပဲပြုပ်နှင့်နံပြား ဝတ္ထု
မင်းလူ
ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးရပြီးလျှင် စာရေးဆရာတစ်ဦးအဖြစ် ရိုးရှင်းအေးဆေးစွာ နေထိုင်သွားရန် ဆန္ဒရှိခဲ့သည်။ စာဖတ်အလွန် ဝါသနာပါသူဖြစ်ပြီး တက္ကသိုလ်ကျောင်းသားဘဝထဲက စာပေများရေးသားခဲ့သည်။ အယ်ဒီတာ လည်းလုပ်ဖူးသည်။ နောက်ပိုင်း နိုင်ငံ့တာဝန်တွေ များပြားသည့်ကြားကပင်စာပေများကို အချိန်လု၍ ရေးခဲ့သေးသည်။ ထိုစဉ်က လွတ်လပ်ရေးသည်သာ အရေးအကြီးဆုံးဖြစ်သောကြောင့် လက်တွေ့ချက်ချင်း တိုက်ရိုက် အကျိုးရှိစေသော ဆောင်းပါးတွေသာ အရေးများသည်။ ရသစာပေကို အလေးမပေးနိုင်ခဲ့။ ထို့ကြောင့် ဝတ္ထုတွေလည်း မရေးဖြစ်ခဲ့။ သို့ရာတွင် အတိုဆုံး ဝတ္ထုလေးတစ်ပုဒ်ကို သူကိုယ်တိုင်ပင် သတိမပြုမိလိုက်ပဲ အမှတ်တမဲ့ ရေးသားခဲ့ဖူးသည်ဟု ကျွန်တော်ဆိုချင်သည်။
ကြည် ….
ပဲပြုပ်နှင့်နံပြားရရင် စားချင်တယ်။
အောင်
အထက်ပါ ပေးစာလေးကို ဝတ္ထုတိုတစ်ပုဒ်အဖြစ် သုံးသပ်ခံစားကြည့်ပါမည်။ ရှေးရိုးစဉ်လာ စာပေသဘောတရား အရဆိုလျှင် ဝတ္ထုတိုတစ်ပုဒ်တွင် ဇာတ်ဆောင်ပါရမည်။ ပါသည်။ (အောင်နှင့်ကြည်) ဇာတ်လမ်းပါရမည်။ ပါတာပေါ့။ သိပ်ချစ်ကြသော ဇနီးမောင်နှံ နှစ်ယောက်ရှိသည်။ ခင်ပွန်းဖြစ်သူမှာ များပြားလှသော နိုင်ငံ့တာဝန်တွေ ထမ်းဆောင်နေရ သဖြင့် အားလပ်ချိန်မရှိ။ အနားယူချိန်မရှိ။ အိမ်ကိုတောင် မပြန်နိုင်။ ဇနီးဖြစ်သူကိုတောင် အေးအေးဆေးဆေး စကားပြောခွင့် မရဘဲ စာတိုလေးနှင့်သာ ဆက်သွယ်နေရသည်။ ဇာတ်ဆောင်စရိုက်ပီပြင်ရမည်။ ထိုစဉ်က “အောင်´´သည် အစိုးရအဖွဲ့ဝင် ထိပ်တန်းရာထူးကြီးကို ရရှိထားသူ ဖြစ်၏။ သူသာစားချင်လျှင် အကောင်းဆုံး ဟိုတယ်ကြီးများမှ စားသောက် ဖွယ်ရာ များကို မှာယူသုံးဆောင်ခွင့်ရှိသည်။ သို့ရာတွင် သူက ပဲပြုပ်နှင့်နံပြားကိုသာ တောင့်တသည်။ ရိုးသားခြင်း၊ ခြိုးခြံချွေတာခြင်း သဘောကို တွေ့နိုင်သည်။ အမှန်အားဖြင့် ပဲပြုပ်နှင့် နံပြား လောက်ကတော့ အပါးတော်မြဲကို စီစဉ်ခိုင်းလို့ရတာပဲ။ ဘာကြောင့် အိမ်ကို လှမ်းမှာ ရသလဲ။ ထိုအချက်ကိုကြည့်လျှင် သူသည် မိသားစုအပေါ် သံယောဇဉ်ကြီးသူ၊ သစ္စာရှိသူ ဖြစ်ကြောင်း သိသာသည်။ အိမ်က ဇနီးဖြစ်သူကိုယ်တိုင် ပြင်ဆင်ပေးသော လက်ရာကို ခုံမင်တက်သူဖြစ်သည်။ မိန်းမကိုချွဲချင်တာလည်း ပါကောင်းပါနိုင်သည်။ သို့တိုင်အောင် သူသည် ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတက်ရှာ။ တခြား သူတွေသာဆိုလျှင်…..
ကြည် …
နေကောင်းရဲ့လား။ ကိုယ်လဲအလုပ်တွေများလွန်းလို့ အိမ်ကိုတောင် မပြန်နိုင်ဘူး။ ဒါပေမယ့် စိတ်ကတော့ ကြည့် ဆီကိုပဲ အစဉ်သဖြင့် ရောက်နေတယ်ဆိုတာ ယုံပါနော်။ ကြည့်ရဲ့ လက်ရာလေးတွေကိုလဲ တမ်းတနေမိတယ်။ ပဲပြုပ်နဲ့ နံပြား ရရင်လည်း ပို့ပေးပါအုံး။ ဘယ်လိုစားစရာမျိုးဖြစ်ဖြစ် ကြည့်ရဲ့ လက်ကလေးနဲ့ ကိုယ်တိုင်ပြင်ဆင်ပေးမှ ပိုအရသာရှိတယ်လို့ ထင်မိတယ်ကွယ်။
ပိုတောင်လွမ်းတဲ့
ကိုအောင်ဆန်း
စသည်ဖြင့် ချွဲချွဲပျစ်ပျစ်ရေးပေလိမ့်မည်။ သူ့ကျတော့ ဒီလိုမဟုတ်။ စာကတစ်ကြောင်းထဲ။ ပြီးတော့ တုံးတိတိကြီး။ ဒါကို ကြည့်ခြင်းအားဖြင့် သူသည် ဘုဆတ်ဆတ်သမား၊ ပြတ်သားသူ၊ စကားအပိုမဆိုတက်သူ၊ အပြောထက် အလုပ်ကို ဦးစားပေးသူ၊ မိသားစုအရေးထက် လူအများကောင်းစားရေးကို ပို၍စိတ်ဓာတ် ထက်သန်သူ စသော စရိုက်သဘာဝများ ရှိကြောင်း ထင်ရှားစွာမြင်နိုင်သည်။ ဝတ္ထုတိုတစ်ပုဒ်တွင် ရသပါရမည်ဟုဆိုသည်။ ကြည့်ရအောင်။ တစ်ဦး အပေါ်တစ်ဦး နားလည်စာနာတက်သော၊ သံယောဇဉ်ကြီးကြသော၊ အပြန်အလှန် ပါရမီဖြည့်ပေး ကြသော ဇနီးမောင်နှံ၏ ချစ်ခြင်းမေတ္တာကို ကြည့်၍ သိင်္ဂါရရသကို ခံစားနိုင်သည်။ သူတို့နှစ်ဦးမှာ တခြားဇနီးမောင်နှံတွေလို အချိန်ပြည့် ပူးပူးကပ်ကပ်နေခွင့် မရရှာကြ။ များပြားလှသော တိုင်းပြည် တာဝန်တွေကြားမှာ လွမ်းရေးခက်နေကြပုံက ဂရုဏာရသ မြောက်သည်။ “ဟင်…ဒီလို ထိပ်တန်း ပုဂ္ဂိုလ်ကြီးက ပဲပြုပ်နဲ့ နံပြားမှ စားချင်သတဲ့၊ အံ့ရော´´ ဆိုပြီး အဗ္ဘုတရသအဖြစ် မြင်နိုင် သလို “ဖြစ်မှ ဖြစ်ရလေ´´ ဟု ပြုံးချင်စရာဖြစ်သောကြောင့် ဟာသရသလည်း ရောစွတ် နေပြန်သည်။ ထိုဇနီးမောင်နှံတို့၏ ဖြူစင်သန့်ရှင်းသော ဘဝကိုကြည့်ပြီး စိတ်တည်ငြိမ် အေးချမ်းမှုကို ရရှိစေသည်။ ထိုအရာသည် သန္တရသပင်ဖြစ်၏။ ထို့အပြင် ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ ကိုယ်ကျိုးစွန့်ခြင်းစသော ဦးတည်ချက်များကလည်း ဝတ္ထုတိုကောင်း တစ်ပုဒ်အဖြစ် ပီပြင်စေသည်။ နည်းနည်းချဲ့ကားပြောလျှင် ဤဝတ္ထုတိုလေးတွင် လူတန်းစားအမြင်လည်း ပါသည်။ ဘဝ သရုပ်မှန်ဝတ္ထုဟု ယူဆနိုင်သည်။ ဤဝတ္ထုတွင် ဇာတ်သိမ်းခန်း ပါဝင်ခြင်း မရှိ။ သို့ရာတွင် ခေတ်သစ် စာပေအယူအဆအရ ဇာတ်လမ်းသည် အရေးမကြီး။ ဇာတ်ကွက်ကသာ ပဓါနကျသည်။ ဓမ္မဓိဌာန် စာပေအဖွဲ့အနွဲ့တွင် အဖြစ်အပျက်တစ်ခုကို ကွက်၍ မီးမောင်း ထိုးပြသည်။ အရင်အတိုင်းဖော်ပြသည်။ စာဖတ်သူက နှစ်သက်သလို တွေးယူလိမ့်မည်။ ခုနောက်ပိုင်း မော်ဒန်၊ ပို့စ်မော်ဒန် ဝတ္ထုများတွင် ဇာတ်လမ်းတောင်ရှိချင်မှရှိသည်။ ဇာတ်သိမ်းခန်းလည်းပါချင်မှ ပါသည်။ ထို့ကြောင့် ဤဝတ္ထုကို ခေတ်ပေါ်ဝတ္ထု တစ်ပုဒ်ဟု၍လည်း ဆိုကောင်းဆိုနိုင်လိမ့်မည်ထင်သည်။
ကျွန်တော်သည် “ပဲပြုပ်နှင့် နံပြား´´ ကိုကမ္ဘာပေါ်မှာ အတိုဆုံး၊ အရိုးသားဆုံး၊ အနုပညာ အပြည့်ဝဆုံး၊ ရသ အမြောက်ဆုံး ဝတ္ထုတိုလေး တစ်ပုဒ်အဖြစ် စိတ်ကူးယဉ် ခံစားကြည့်မိခြင်း ဖြစ်ပါသည်။
မင်းလူ
ဆရာမင်းလူရဲ့ ကျနော်အရမ်းကြိုက်တဲ့ ဝတ္ထုလေးပါပဲ။ ဒီဝတ္ထုလေးကို စပြီးဖတ်လိုက်ရချိန်မှာပဲ ဆရာမင်းလူမို့လို့သာ ဒီလိုရေးနိုင်တာပဲ ဆိုတဲ့ ခံစားချက်မျိုးကို ရလိုက်ပါတယ်။
နောင်… ထပ်ကာထပ်ကာဖတ်တိုင်းလည်း အဲဒိလိုထင်နေမိတုန်း …
ကျနော်အရမ်းကြိုက်ခဲ့တဲ့ ဒီဝတ္ထုလေးကို ဒီနေရာမှာ အမှတ်တရ ဖေါ်ပြလိုတာကြောင့်
အေးမင်းထွန်းရဲ့ သက်တန့်ရောင်ကမ်းခြေ
မှ
သွားရောက်ကူးယူဖြစ်လိုက်ပါတယ်…
15 comments
water-melon
February 17, 2012 at 8:36 am
ကြီးမိုက်
နင်အကြော်ရောင်းတုန်းလား။ မအားလွန်းလို့ နင့်အကြော်ဆိုင်ဖက်တောင်မရောက်မိဘူး။KTV ဘဲရောက်နေတာ။ငါ့အကြွေးလေးလာပေးပါအုန်း။ဘလာစီယာဝယ်တုန်းက အကြွေး ၂ ကျပ်ခွဲရယ်။ အေဗာဆိုလား အီဗရာဆိုလား မိစိန်ပေါက်ပြောလို့ နင့်ဝယ်တုန်းက အကြွေး ၁ ကျပ် ၅ မူး ကိုလာပေးပါတုန်း။လမ်းကြုံရင် အကြော် ၂ကျပ်ဖိုး ယူခဲ့အုန်း။
မမဖရဲ( ဂေဇတ်ဗန်းထောင်ကိုင်)
စိန်ပေါက်ပေါက်
February 17, 2012 at 10:00 am
ရော်..
ကောင်းပါလေ့ ဒေါ်ကြီးမိုက်ရေ
ဖတ်ရတာပေါ့
များလဲ တစ်ပုဒ်ရေးပေးခဲ့မယ်နော်
“မီးပိတ်သံ”
ဂျောက်
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 17, 2012 at 10:16 am
စိန်ပေါက်ပေါက်ရဲ့ ဝတ္ထုတိုများဆိုပြီး စာအုပ် ထုတ်လိုက်လို့ကတော့ သောက်သောက်လဲ မှောက်သွားမှာ မြင်ယောင်သေးတယ် … 😀 😀
ကြီးမှမိုက်တဲ့ … ဦးဦးကြီးမိုက် ကြီးရေ .. ကျနော်လည်း လာရောက် ဖတ်ရှုသွားပါကြောင်း … အသိပေး အကြောင်းကြားအပ်ပါသည် ခီများ ….။
ရွာစားကျော်
February 17, 2012 at 10:11 am
ko blackchaw မပြောခင် .. 😆
လက်မလေးတစ်ချောင်းထောင်ပီး ဖစ်သွားပါတယ်
ပုံ
ရွာစားကျော်
ရွာစားကျော်
February 17, 2012 at 10:11 am
ko blackchaw မပြောခင် .. 😆
လက်မလေးတစ်ချောင်းထောင်ပီး ဖတ်သွားပါတယ်
ပုံ
ရွာစားကျော်
Set Htun
February 17, 2012 at 10:15 am
Copy from “Hero” ritako blog :
“တိုက်တုန်းက အတူတူတိုက်လာခဲ့ကြပြီး လွတ်လပ်ရေးရမှ ကျွန်တော်တို့က ဒီလို လုပ်ရင် ကျွန်တော်တို့ ခွေးဖြစ်သွားမှာပေါ့။ ဒီကိစ္စ ဆရာတို့ဘာသာ (သခင်မြတို့ကို ပြောတာလို့ ထင်သည်) လုပ်ရင်လုပ်၊ ကျွန်တော်မပါဘူး”
***
မှတ်ချက်။ ကိုယ်ကတော့ ဒီအချက်ကို နံပြားထက် စွဲပါသည်။
http://ritako.blogspot.com/2010/07/hero.html
အဲဒါကို ကြိုက်သည်။ နံပြားကိစ္စ သိပ် မကြိုက်။
kyeemite
February 17, 2012 at 10:45 am
.ဖြဲသီးမ..လူကိုဘယ်အစားထဲကမှတ်နေလို့လဲ…မိစိန်ပေါက်လို..ညစ်တီးညစ်ပတ်ကောင်မ…အဆင့်မရှိ
တဲ့ကောင်မပြောတိုင်း..နင်ကယုံရလားဟဲ့…နင်သာငါ့အကြော်ကြွေးပေးရမှာ..ဒီတခါအင်းယားဘက်လာမှ
ငါ့အကြောင်းပြလိုက်အုံးမယ်…
စိန်ပေါက်ပေါက်
February 17, 2012 at 10:57 am
ဟဲ့ အခြောက်မတွေ ..အောက်တန်းစားရပ်ကွက်က ကျူးကျော်ရပ်ကွက်က အခြောက်မတွေ
ရွာထဲ သဂျီးအိပ်နေတာ နားမလည်ကြဘူးလား….
ပွေးထူမတွေ.ဂျီးထူမတွေ..ဝဲထူမတွေ.လျှောက်သီးဆေးပြားမတွေ ငါးပျဉ်မ ဆားပက်မတွေ
ညည်းတို ့ဘာသာ ကျန်ချောင်းလုချင်လု ဂွေးသီးလုချင်လု ကျုပ်နဲ ့မဆိုင်ဘူး
ကျုပ်သိတာ ညည်းတို ့နှစ်ကောင်..အဲလေ နှစ်ကောင်မ ဆီလီကွန်ထည့်ဖို ့ပိုက်ဆံမလောက်လို ့ချေးသွားတဲ့ သိန်းသုံးရာ
ပြန်ဆပ်ကြပါ
ပြီးမှ
ညည်းတို ့ဘာသာ အတုတပ်ပြီး လွတ်လပ်စွာ လျှောက်သီးဆေးပြား ဆက်ရောင်းကြပါ
water-melon
February 17, 2012 at 3:05 pm
ဟဲ့ တောင်မရဲ့ နာက ဆီလီကွန်မသုံးဘူးဟဲ့ ရင်သားကင်ဆာဖြစ်လို့
အခုနာဆေးလူးနေတယ် ရ ရက် ရ သောင်းခွဲတဲ့
ညည်းဖြစ်ချင်တဲ့ ပုံစံရတယ်
ကြီးကြီးသေးသေးတင်းတင်း အကုန်ရတယ်အေ့
ဒါနဲ့ လျှောက်သီးဆေးပြားအကြွေးလေး။
အနန္တ စကြဝဠာ မဟာရာဇာ အံစာတုံး
February 17, 2012 at 8:10 pm
အယ် .. ဒီသုံးယောက် နာ့ဆိုင် ဘီယာလာကစ်ရင်း ပြောနေကြတဲ့ အကြွေး ဇာတ်လမ်းက ခုထိ မပြတ်နိုင်ကြသေးပါလား .. ။
ဒါနဲ့ ညည်းတို့ သုံးယောက်လုံး အခုထိ နာ့ဆိုင်မှာ အကြွေး ထိုင်သောက်သွားတာ …
အင်း … တွက်လိုက်ရင် … သိန်း ခြောက်ရာဖိုးလောက် ရှိနေပြီ … ။
အဲဒါ တစ်ယောက်ကို သိန်းနှစ်ရာဆီ ပြန်ဆပ်ကြ … ဒါဗြဲ …
😀 😀
Harumoto
February 17, 2012 at 6:00 pm
ဟုတ်ပါ့ .
များတို့သိထားတဲ့ အတိုဆုံးဝတ္ထုထက်
ပိုတိုပြီး ပိုခံစားရပါတယ်…
မတန်မရာနဲ့နှိုင်းပြောတာမဟုတ်ဘူးနော်
ရီစရာ အဖြစ် ဖတ်ပေးကြပါ
များတို့သိတဲ့အတိုဆုံးဝတ္ထုက
“ဂျမ်းဘုံရေ
ညနေ ကောက်ရိုးပုံဟေ့
သာဂိ”
alinsett
February 17, 2012 at 7:23 pm
kyeemite…ရေ.. အတွေး ဆန်းလေးကနေ တွေ းလိုက်တော့လည်း..ပို ့စ်ကောင်းလေးတစ်ပုဒ် ဖြစ်နေပါပြီ။
ဆက်ရေးပါဥိး။
ခင်မင်စွာ…
venus lay
February 17, 2012 at 7:37 pm
အပေါ်ကခြေက်မလေးတွေ..ရန်မဖြစ်ကြနဲ့..ဒေါ်ကြီးမိုက်ရေ..
ကြုံတုန်းလေး အကြော်ငါးရာဖိုးလောက်အကြွေးရောင်းပါဦးနော်..ဟီးဟီးးးးး
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 17, 2012 at 10:53 pm
ကိုကြီးမိုက်ရေ ခုလိုဖတ်ခွင့်ရတာကျေးဇူးပါ။အမြဲကြားဖူးနေပေမယ့် ပြန်ဖတ်ရတော့
တမျိုးတိုးခံစားရတာပေါ့။
“”ဒါကို ကြည့်ခြင်းအားဖြင့် သူသည် ဘုဆတ်ဆတ်သမား၊ ပြတ်သားသူ၊ စကားအပိုမဆိုတက်သူ၊
အပြောထက် အလုပ်ကို ဦးစားပေးသူ၊ မိသားစုအရေးထက် လူအများကောင်းစားရေးကို
ပို၍စိတ်ဓာတ် ထက်သန်သူ စသော စရိုက်သဘာဝများ ရှိကြောင်း ထင်ရှားစွာမြင်နိုင်သည်။””
Thel Nu Aye
February 18, 2012 at 10:31 am
အတိုဆုံးဝတ္ထုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်စည်းကမ်းမှာ တော်ဝင်ဆန်ရမည်။ ဘုရားသခင်ပါရမည်။ အံဩရမည်။ လိင်မှု့ပါရမည်။ လျှို့ဝှက်သည်းဖိုဖြစ်ရမည် တဲ့။ ပထမရသွားတဲ့ ဝတ္ထုတိုကတော့
မနက်ခင်းဘုရင်မကြီးနိုးလာသည်။
အထိပ်တလန့်ရေရွတ်လိုက်သည်။
အိုးဘုရားသခင်ငါ့ကိုယ်ဝန်ဘယ်သူနဲ့ရတာပါလိမ့်။ တဲ့
၃ ကြောင်းနဲ့ဝတ္ထုဖြစ်သားဦးဘလက်ရဲ့။
ဖတ်ဖူးသောဟာသတခုကိုပြန်လည်တင်ပြပါသည်။