ချို ပေါ့ ကျ (၄)

black chawMarch 7, 20122min44551

ဟုတ်ကဲ့ ဘလက်ချောပြောနေပါတယ်ခင်ဗျာ။ အော်တီးတိုင်းရောက်နေပြီလား…။
အခုချက်ခြင်း လဖက်ရည်ချိုပေါ့ကျလေး စီစဉ်ပေးလိုက်ပါ့မယ်။ ကောင်းပါပြီခင်ဗျာ။ အားပေးတာ ကျေးဇူးပါ။

သာဓုခေါ်စရာ သတင်းလေးနဲ့ စလိုက်ရအောင် ကျောင်းဒကာ။

မနောအလှ ဂီတည ရန်ပုံငွေ ဖျော်ဖြေပွဲမှ ရရှိတဲ့ ငွေကျပ်သိန်း ၆၅ဝ ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာရှိတဲ့ ကယ်ဆယ်ရေးစခန်းဆယ်ခုမှာ အဆိုတော် အယ်လ်ခွန်းရီ၊ ကေဂျာနူးတို့ ဦးဆောင်တဲ့ သရုပ်ဆောင်အဆိုတော်များက မတ်လ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ တွေမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ် လို့ ပေါ်ပြူလာဂျာနယ်မှာ ဖေါ်ပြလာပါတယ်ခင်ဗျာ။ ကြည်နူးစရာသတင်းလေးအတွက် သာဓုခေါ်ပါ ကျောင်းဒကာ။
သာဓု သာဓု သာဓု ပါ ဒေါ်အယ်လ်ခွန်းရီနဲ့ မနောအလှ ဂီတည အဖွဲ့သားများ ခင်ဗျား။

သူတို့တတွေ ရဲ့ ဗယ်လင်တိုင်းဒေး

ဖေဖေါ်ဝါရီ ၁၄ ချစ်သူများနေ့ကို ဘယ်လိုဖြတ်ကျော်ခဲ့ကြသလဲဆိုပြီး နံနက်ခင်းဂျာနယ်က မေးထားမြန်းထားတာလေးတွေ ဖတ်ကြည့်ကြဖို့ စုစည်းပေးလိုက်ပါတယ်ဗျာ။
မိုးဟေကို ကြီးကတော့ ဒီလိုပြောပါတယ်။
အဲဒီရက်မှာ မိုး ခရီးသွားနေပါတယ်။ ကျန်တာတော့ ပြောမပြဘူး သတ်ချင်သတ်ပစ်လိုက် တဲ့။
ကဗျာလည်းမဆန်ဘူး။ ခရီးသွားနေပါတယ်တဲ့။ ကျန်တာတော့ မပြောပြဘူး သတ်ပစ်လိုက်တဲ့။
မပြောပြရင်လည်းနေပါ မိုးရယ်။ သတ်တော့ မသတ်ပါရစေနဲ့။ အစ်ကိုကြီးက မရက်စက်တတ်ပါဘူးကွယ်။
မေသက်ခိုင်လေး ကတော့ ဒီလို ပြောပါတယ်။
မိခင်နှင့်အတူ ချစ်သူခင်သူများ လူကြီးမိဘများ မိတ်ကပ်ဆရာများကို အမှတ်တရလက်ဆောင်များပေးပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့ပါတယ် တဲ့။
ချစ်သူရည်းစားလည်း မရှိပါဘူးတဲ့။
လိမ္မာရေးခြားရှိလိုက်တဲ့ ကလေးမ။ ချစ်သူရည်းစားတောင် မရှိသေးဘူး တဲ့။ ဟေးဟေး။ မြို့ထဲထွက်ရင် တစ်ယောက်တည်း မထွက်နဲ့ သမီးလေးရေ။ ခေတ်ကာလကြီးက ကောင်းတာမဟုတ်ဘူးရယ်။ မန္တလေးသား ရာဇဝင်လူဆိုးကြီး ဗိုလ်စိန်သော့နဲ့ တွေ့သွားမှာ စိုးရိမ်လို့ သတိပေးရတာပါ။
ဒီလူကြီး က သိတ်ဆိုးတာရယ်။ ချောချောလှလှမြင်ရင် အလွတ်မပေးတတ်ဘူးလို့လည်း နာမည်ကြီးတယ်ဗျာ။ လက်ကလည်း သိတ်ဆော့တာ။ ဓါတ်ပုံရိုက်တာကို ပြောတာပါကွယ်။
ဧသင်ချိုဆွေ လေးကိုကျတော့ ချစ်သူများနေ့အကြောင်းမေးမထားဘူး လူဆိုး။ ဒါပေမယ့် ချစ်သူအကြောင်းတော့ မေးထားတယ်ဗျ။ ဖတ်ကြည့်ဗျာ။

မေး။ ။ ဧသင် ဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်လို သီချင်းလေးကို ချစ်တာလား၊ တို့ကို ချစ်တာလားလို့ရော တစ်ယောက်သောသူကို မေးဘူးလား
ဖြေ။ ။ ဧသင်ကတော့ သီချင်းကိုလည်း ချစ်တယ်။ လူကိုလည်းချစ်ပါတယ်။ သူ့ဘက်ကတော့ ဧသင့်သီချင်းတွေထက် လူကို ပိုချစ်ပါတယ်လို့ ပြောပါတယ်

ကဲ ဧသင်ချိုဆွေလေး ဖြေသွားတာ ဘယ်လောက်ရဲရင့်လိုက်သလဲ။ သီချင်းကိုလည်း ချစ်သတဲ့။ လူကိုလည်း ချစ်သတဲ့။ နည်းနည်းလျှော့ သမီးလေးရေ။
ကိုအငဲကြီး ကတော့ အော်အော်ပြီး သတိပေးခဲ့ဘူးပါတယ်ကွယ်။
အချစ်ဟာခါးခါးခါး အချစ်ဟာခါးသီးတယ်ဟေ့ တဲ့။
သူ့ဘက်ကတော့ ဧသင့်သီချင်းတွေထက် လူကို ပိုချစ်သတဲ့လား။ တော်တော် အနုပညာမဆန်တဲ့ အဖြေပဲ။
ရွှေတိုက်စိုးတို့ သူရဇော်တို့လို လူမျိုးတွေဖြစ်ရမယ်။ ဟယ် ကိုကိုကတော့ လူ ဆို လူမှ။ သီချင်းဘာလုပ်လို့ရမလဲ ဆိုတာမျိုးတွေပေါ့ကွယ်။ ကိုအငဲကြီး သီချင်းမမေ့နဲ့နော် သမီးလေးရေ။ အိုဘာတဲ့…။
အချစ်ဟာခါးခါးခါး အချစ်ဟာ ခါးသီးတယ်ဟေ့။
ချစ်သူများနေ့နဲ့ ပတ်သက်ပြီး မေးထားတဲ့အထဲမှာ ကချင်မလေး အယ်ဆိုင်းဇီ ဖြေထားတာကို ဖီလင်အလာဆုံးပဲ ကျောင်းဒကာ။
ကိုယ်တိုင်လည်း သီချင်းရေးပြီး အနုပညာသမားစစ်စစ်ဆိုတော့ အဖြေလေးက ရိုးရိုးလေးနဲ့ လှတယ်ပေါ့ဗျာ။ ကဲ ရော့ ဖတ်ကြည့်။

သမီးတို့က ချစ်သူတွေဆိုပေမယ့် နှစ်ယောက်လုံးအလုပ်များတော့ အမြဲမတွေ့ဖြစ်ကြဘူး။ ဗယ်လင်တိုင်းနေ့ကတော့ တွေ့ဖြစ်တယ်။
ချစ်သူဆီက အရမ်းကျေနပ်စရာကောင်းတဲ့ လက်ဆောင်ရခဲ့တယ်။ သမီးကလည်း ပေးဖြစ်တယ်

တွေးပေတော့ ကျောင်းဒကာ။
အရမ်းကျေနပ်စရာ ကောင်းတဲ့ လက်ဆောင်တဲ့။ ဘယ်လိုလက်ဆောင်မျိုးလဲ။ ဘယ်လောက်တန်ဘိုးရှိသလဲ။
ဘယ်လောက် နူးညံ့သိမ်မွေ့သလဲ။ ဘယ်လောက် ရိုမန်းတစ်ဖြစ်သလဲ။ ဘယ်လောက်ခမ်းနားကြီးကျယ်သလဲ။

အို တွေးတာပဲ ဗျာ။ လစ်မစ်လုပ်မနေပါနဲ့။ ရဲရဲ တွေးပစ်လိုက်စမ်းပါ။
မပြီးသေးဘူးနော်။ နောက်ထပ်တွေးစရာလေး တစ်ခု ရှိနေသေးတယ်။

သမီးကလည်း ပေးဖြစ်တယ်

တဲ့။
ကိုဝင်းမင်းထွေးကြီးက ကိုငှက်ဆိုဖို့ ဗင်းဆင့်ဗန်ဂိုး တမ်းချင်း ဆိုတဲ့ သီချင်းလေးရေးခဲ့ဘူးတယ်ဗျာ။
အရင်အတိုင်းဆိုတဲ့ စီးရီးမှာပါခဲ့တာပါ ကျောင်းဒကာ။ အဲဒီသီချင်းထဲမှာ ပါတဲ့စာသားလေးကို နားထောင်လိုက်ရသလို ကို ဖီလင်ရသွားခဲ့တာပါ။

ကြယ်တွေစုံပြီလား ဗင်းဆင့်အနားကိုလာကြတယ်
မျက်စိကနေငါကြားတယ် တိတ်ဆိတ်တဲ့ညလယ်ယံမှာ ခေါ်သံများ

ဟုတ်တော့ ဟုတ်နေပြီဗျို့။ မျက်စိကနေ ငါကြားတယ် ဆိုတဲ့ စကားလုံးလေးတစ်လုံးနဲ့တင် ကိုထွေးကို အိမ်ကိုဖိတ်ထမင်းကျွေးချင်စိတ်ပေါက်ခဲ့ဘူးပါတယ်။
ဆိုတော့ အယ်လ်ဆိုင်းဇီလေးကလည်း မျက်စိကနေ ကြားနိုင်လောက်အောင် ဖြေသွားနိုင်ခဲ့တယ်ပေါ့ဗျာ။
တစ်လွဲတွေ လျှောက်မတွေးပါနဲ့ ကျောင်းဒကာ။ အနုပညာ ဆန်ဆန် တွေးပါဗျ။ မိုက်တယ်နော်။ ဟေးဟေး။
အယ်လ်ဆိုင်းဇီ ရေးပြီး ဆိုခဲ့တဲ့ သီချင်းလေးတွေထက် တောင် နားဝင်ချိုသေးတယ်။ အော် မျက်စိကနေ ကြားပေလို့ပေါ့ဗျာ။ နားကနေများ မြင်ကြည့်ရရင် တော့ ဟေးဟေး။
နံနက်ခင်း ဂျာနယ်ထဲမှာပဲ မင်းသား ဟိန်းဝေယံတို့ နေတိုးတို့ ထွန်းထွန်းတို့ ကိုလည်း ဗယ်လင်တိုင်းဒေးနဲ့ ပတ်သက်ပြီး မေးပေးထားသေးပါတယ်ကျောင်းဒကာ။ အော် ဒီဘဲတွေ ဗယ်လင်တိုင်းဒေးကို ဘယ်လိုဖြတ်သလဲ ဆိုတာ ဘာအရေးကြီးသလဲဗျာ။ ဟိုကောင်လေး ပေါက်ဖေါ်တို့ မောင်ပေတို့ ကမ်းကြီး တို့ကလည်း ပြောထားတယ်ဗျ။ ဦးဘလက်တဲ့ မိန်းကလေးတွေ အကြောင်းပဲ စိတ်ဝင်စားတယ်တဲ့။ ယောက်ျားလေးတွေအကြောင်းရေးရင် ဦးဘလက်ကို မီးဒုတ်ပဲတဲ့။ ဟေးဟေး။ သူတို့လည်း ကြောက်ရသေးဟ။ သူတို့ ဂိုဏ်းချုပ် ဂီဂီကလည်း ကျားအကြောင်းတွေ သိတ်စိတ်ဝင်စားတာ မဟုတ်ဘူးရယ်။ အဲဒါကြောင့် ပြန်မရေးပြတော့ဘူးဗျာ။

ကောလဟလ တွေနဲ့ ဒေါပွနေတဲ့ သဉ္ဖာဝင့်ကျော် (ရွှေမြင်သာ ဂျာနယ်)

ဂီဂီ သိတ်….စိတ်ဝင်စားပါတယ်ဆိုတဲ့ သဉ္ဖာဝင့်ကျော်လေးတစ်ယောက် ကောလဟလတွေကို ဒေါပွနေရပါသတဲ့ ကျောင်းဒကာ။ ဂီဂီ ကြိုက်မယ်ဆိုလည်း ကြိုက်စရာလေးဗျ။ သင်ဇာလေး ပြောထားတာတွေကတော့ အများကြီးပဲဗျာ။ လိုအပ်တယ်ထင် တာလေး ရွေးထုတ်ပြလိုက်ပါ့မယ်။

ကိုယ်ကျင့်တရားကိုတော့ ဘယ်တော့မှ ခြစားမခံဘူး။ သင်ဇာချစ်သူရှိတယ်။ ရည်းဇားရှိတယ်လို့ တရားဝင်ဖြေခဲ့တယ်။ အချိန်တန်ရင်လက်ထပ်မယ်။ ဒါပေမယ့် နောက်ထပ်ဘယ်နှနှစ်မှာ လက်ထပ်မယ်ဆိုတာ တစ်ခါမှ အတိအကျ မဖြေခဲ့ဘူး။ ကိုယ့်ရဲ့အပျိုစင်ဘဝနဲ့ ကိုယ်ပိုင်လွတ်လပ်မှုကိုတော့ သူစိမ်းယောက်ျားတစ်ယောက်ရဲ့လက်ထဲမှာ လွယ်လွယ်နဲ့ အဆုံးရှုံးခံမှာ မဟုတ်ဘူး

ခင်ဗျားတို့လည်း အင်တာနက်ထဲက ကောလဟလ တွေလျှောက်ဖတ်ပြီး ကလေးမလေးအကြောင်းလျှောက်ပြောမနေကြနဲ့ ဗျာ။ နှမသားချင်း စာနာကြမှပေါ့။
ခင်ဗျားတို့က တစ်စိတ်ဆို တစ်အိတ်လုပ်ချင်ကြပေတာကိုးဗျ။ သင်ဇာလေးပြောထားပြီနော်။ လွယ်လွယ်နဲ့ အဆုံးရှုံးခံမှာ မဟုတ်ဘူးတဲ့။ စိတ်ပူမနေနဲ့တော့ ဂီဂီရေ။ အိပ်ပျော်အောင်အိပ်။ အော် မျက်စိကနေ ငါကြားတယ် လုပ်နေပြန်ပြီ။ အိပ်အိပ် ဝင်လေထွက်လေ လေး မှတ်အိပ်။

အပြာရောင်ချစ်တတ်ခြင်း၏ သမိုင်းအစ

အပြာရောင်သစ်ခွပွင့်၏ သမိုင်းအစ တဲ့…။ အလကားနေရင်း လွမ်းလုံးကြီးနေတတ်တဲ့ ကျွန်တော်… ဆရာငြိမ်းကျော်ရဲ့ ဝတ္ထုတစ်ပုဒ်နာမည်ကို လှမ်းလွမ်းနေတာပါ ကျောင်းဒကာ။
သိတ်မကြာသေးခင်ကပဲ မင်္ဂလာဆောင်ခဲ့ကြတဲ့ အဆိုတော် သဇင်တို့ ဇနီးမောင်နှံ ကို Good Health ဂျာနယ်က အင်တာဗျူးထားတာလေးကိုတော့ အပြာရောင် ချစ်တတ်ခြင်း၏ သမိုင်းအစ လို့ ခေါင်းစဉ်တတ်ပေးလိုက်ချင်တယ်ဗျာ။ စိတ်ဝင်စားသွားတယ်ဆိုရင် သဇင်နဲ့ အင်တာဗျူးထားတာလေး နည်းနည်းလေး ဖတ်ကြည့်ပေတော့။

မေး ။ ရင်သွေးယူဖို့ ဆုံးဖြတ်ပြီးပြီလား။ ဘယ်တော့လောက်ယူမှာလဲ။
ဖြေ။ မေမေတို့ကလည်း ကလေးယူဖို့တော့ ပြောနေကြတာပဲ။ သဇင်တို့ နှစ်ယောက်စလုံးကလည်း ကလေးချစ်တတ်ကြတယ်လေ။ ဒါကြောင့် မြန်မြန်ရရင်လည်း ယူဖို့ ဆုံးဖြတ်ထားကြတယ်။ ကလေးမရအောင် ကြိုတင်ကာကွယ်ထားတာမျိုး မရှိပါဘူး။

အော်ကွယ် သဇင်လေးရယ်။ ကြိုတင်မကာကွယ်ထားဘူးဆိုတော့ သဇင်လေးမှာ အချိန်မရွေး ကိုယ်ဝန်ရသွားနိုင်တာပေါ့…။
မတော် ကလေးရှိသွားမှဖြင့် ဟင်း…..(သက်ပြင်းရှည်ကြီးချသံ)။
တစ်လွဲမတွေးပါနဲ့ ကျောင်းဒကာ။
မိန်းကလေး ငယ်ငယ်ရွယ်ရွယ်လေးတွေ ကလေးတိုးလို့ တန်းလန်းနဲ့ မြင်ရရင် စိတ်မကောင်းဖြစ်တတ်လွန်းလို့ပါ။
အဲဒါကြောင့် ပြောတာ။
အပြာရောင် ချစ်တတ်ခြင်းရဲ့ သမိုင်းအစ ပါဆို။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာငြိမ်းကျော်ခင်ဗျား… မဆီမဆိုင် ဆွဲစိတဲ့ ဘလက်ချောကို ခွင့်လွှတ်ပေးပါခင်ဗျာ။

ကောင်းတဲ့ယောက်ျား ရှားသတဲ့လား

ဟေးဟေး ဝိုင်းစုခိုင်သိန်းလေးကတော့ ဝါးလုံးအရှည်ကြီး ဝယ်ပြီး ရမ်းထည့်လိုက်ပြီ ကျောင်းဒကာ။
အေးလေ သူ့ခင်ဗျာ ဂီဂီ တို့လို ချစ်တတ်သူကြီးတွေနဲ့ ဆုံမှ မဆုံခဲ့ရရှာတာကိုးနော…။
WOMEN’S WORLD ဆိုတဲ့ ဂျာနယ်ထဲမှာ ဝိုင်းဆုလေးနဲ့ အင်တာဗျူးထားတာလေး ဖတ်ကြည့်ရအောင်ဗျာ။
ဝိုင်းဆုရဲ့ ယနေ့ခေတ် အမျိုးသားတွေ အပေါ် အမြင် …။

အမျိုးသားတွေအပေါ် အမြင်ပြောရရင် အားလုံးကို တစ်သမတ်တည်းတော့ မှတ်ယူလို့ မရဘူးပေါ့လေ။ သမီးတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း မိတ်ဆွေတွေထဲမှာ မြင်ရသလောက်တော့ သူတို့တွေက လွတ်လွတ်လပ်လပ်နေချင်ကြတာ။ ချုပ်ခြယ်တာကို မကြိုက်ကြဘူး။ ချုပ်ခြယ်တဲ့ကြားက ပျက်စီးသွားတဲ့ သူတွေရှိသလို အလိုက်သင့်နေရင်း ပြုပြင်လို့ရတဲ့ သူတွေလည်း ရှိတယ်။ ဆိုးတဲ့ သူတွေလည်းရှိတယ်။ အလယ်အလတ်တွေလည်း ရှိတယ်။ ကောင်းတဲ့ ယောက်ျားတွေလည်း မြင်ဘူးပါတယ်။ အားလုံးသော ယောက်ျားတွေကို ခြုံကြည့်လိုက်ရင် “ကောင်းတဲ့ ယောက်ျားက တော်တော် ရှားပါတယ်”။ ချစ်တဲ့စိတ်နဲ့ လိုက်လျောပေးခဲ့တာတွေကိုတောင် အစိုးမိုးခံရသလိုမျိုး၊ ခုချိန်မှာ ပြန်စဉ်းစားမိရင် ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒီအင်တာဗျူးမှာ ဒီလို ဖြေခဲ့ရုံလေးနဲ့တော့ ဝိုင်းဆုလေးအပေါ် အပြစ်မမြင်ရက်ပါဘူး ကျောင်းဒကာ။ ကဲဝိုင်းဆုရေ။ တော်တော် ရှားပါတယ်ဆိုတဲ့ ကောင်းတဲ့ ယောက်ျားနဲ့ ဆုံတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ အဲဒီရှားပါတယ်ဆိုတဲ့ ယောက်ျားစာရင်းဝင်တဲ့ အစ်ကိုကြီးဘလက်ချော ကတော့ အိမ်ထောင်ကျပြီးသွားပြီဆိုတော့ စိတ်မကောင်းပါဘူးကွယ်။

မြန်မာပြည်ကိုလာမယ့် ရောဘတ်တိုဘက်ဂီယို

အီတာလျန် ဘောလုံးသမားကြီး ရောဘတ်တို ဘက်ဂီယိုကို မှတ်မိပါတယ်နော် ကျောင်းဒကာ။
သူ့ခေတ်တုန်းက ကမ္ဘာကျော် အဆိုတော် မက်ဒေါနားကတောင် ကလိတိတိ ရိတိတိ ရေလာမြောင်းပေးလုပ်ခဲ့ဘူးတဲ့ ဘောလုံးသမား တစ်ယောက်ပါ။
1994 ကမ္ဘာ့ဖလား ဖိုင်နယ်မှာ ပင်နယ်တီလွဲခဲ့လို့ မြန်မာဘောလုံးပရိသတ်ရဲ့ မေတ္တာတွေ ကရုဏာတွေ စုပြုံရရှိခဲ့တဲ့ ဘောလုံးသမားကြီးပါ။ မြန်မာကြိုက်အရည်အချင်းတစ်ခုကတော့ ဘက်ဂီယိုကြီးဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်ဗျာ။ အဲဒီဘောလုံးသမားဟောင်းကြီးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ကြောင့် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရောမကောင်စီမှ ချီးမြှင့်ထားသော Special Peace Award ကို ဘက်ဂီယိုကြီးက လက်ခံထိန်းသိမ်းထားခဲ့တာ ၄ နှစ်လောက်ရှိပြီဖြစ်ပြီး အခုအခါမှာတော့ ပိုင်ရှင်အမှန်လက်ထဲကို အရောက်ပို့ပေးတော့မယ်လို့ ဘက်ဂီယိုကြီးက ဆိုပါသတဲ့ဗျာ။ ကဲ ကျောင်းဒကာ အာရှက ဂျပန်ဘောလုံးသမား နာကာတာ လာတုန်းကတောင် သဲသဲလှုပ်ဖြစ်ခဲ့တဲ့ ခင်ဗျားတို့ မြန်မာတွေ ဒီ အီတာလျန်ကြီးများ အဟုတ်ရောက်လာလို့ကတော့ ဘာပြောကောင်းလိမ့်မလဲဗျာ။ ကျွန်တော့်အထင်မမှားဘူးဆိုရင် လေးဖြူကြီးတောင် ဘက်ဂီယိုကြီး ပရိသတ်ဖြစ်ခဲ့သေးလား မသိ။

ဒေါ်အောင်ဆန်းစုကြည် လာရောက်မှုနှင့်အတူ မန်းဘောလုံးကွင်း ပြန်လည်ပေါ်ပေါက် (မြနန္ဒာ ဂျာနယ်)

ဒါကတော့ မန်းသတင်းလေး တစ်ပုဒ်ပါ။ မူရင်းသတင်းလေး ဖတ်ကြည့်ရအောင်ဗျာ။

မန္တလေးမြို့ ၅၀x၅၁ လမ်းကြား၊ အောင်ဇေယျလမ်းနဲ့ အောင်ဆန်းလမ်း၊ လမ်းနှစ်သွယ်ကြားမှာရှိတဲ့ အရင်က အခေါ်အဝေါ်အရ နွားခြံလို့ခေါ်တဲ့ ကွင်းကြီးဟာ အခုဆိုရင် ဘောလုံးကွင်းကြီးအဖြစ် ပီပီပြင်ပြင် ပေါ်ပေါက်လာခဲ့တယ်လို့ သိရှိရပါတယ်။

ကလေးတွေ ဘောလုံးကစားဖို့ နေရာ ရှားပါးနေတဲ့ အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်လာလိုက်တဲ့အတွက် ဒီလို ဘောလုံးကွင်းတစ်ခု ပေါ်လာတယ်ဆိုလို့ ဝမ်းသာရပါတယ်။

နွေဦးရဲ့ လှပ လွတ်လပ်မှု ရှုခင်းတွေကို ခံစားရင်း အကြော်ကောင်းကောင်း စားချင်ပါသလား (မြနန္ဒာ ဂျာနယ်)

ကဲ ကိုပေါက်ကြီးတို့ ကိုစိန်သော့ကြီးတို့ ရွှေမင်းသားလေးတို့ သူကြီးအတွက် အကြော်စုံ ဓါတ်ပုံလေးတွေရိုက်ဖို့ ရန်ကုန်က နေ ဆိုင်လေးတစ်ဆိုင် လမ်းညွှန်ပေးမလို့ဗျို့။ မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ ဖတ်ကြည့်ကြဗျ။

ယခုလို နွေဦးပေါက်ရာသီမှာ လွတ်လပ်မှုအပြည့်နဲ့ လှပသာယာတဲ့ လယ်ကွင်းလယ်ကွက် ရှုခင်းတွေရယ်၊ ဧရာဝတီမြစ်ကြီးရယ်၊ စစ်ကိုင်းတောင်တန်းရယ် ဒီလို ရှုခင်းတွေကို တဝကြီး ခံစားကြည့်ရှုပြီး အကြော်ကိုလည်း တွဲဖက်စားသုံးချင်တယ်ဆိုရင် ရှမ်းလေးကျွန်းအလွန် စစ်ကိုင်း-မန္တလေး အဝေးပြေးလမ်းမပေါ်မှာရှိတဲ့ ရွှေဗဟို အကြော်ဆိုင် ကို လမ်းညွှန်လိုက်ပါတယ်။
အဲဒီအကြော်ဆိုင်လေးမှာ အာလူးကြော်၊ ပြောင်းဖူးကြော်၊ ဘူးသီးကြော်၊ အရွက်စုံကြော်၊ ငါးကြော်၊ ပုဇွန်ထုပ်ကြော်နဲ့ ထမင်းဆီစမ်းအပြင် အအေးမျိုးစုံကိုပါ ဈေးသက်သက်သာသာနဲ့ ရနိုင်ပါတယ်။ ဗိုက်ဖြည့်ချင်သူတွေအတွက် အကြော်နဲ့ ထမင်းကို တပါတည်း တွဲဖက်စားသုံးနိုင်ပြီး ထမင်းဆီဆမ်းတစ်ပွဲကို ငွေကျပ်သုံးရာနဲ့ ရနိုင်တဲ့ အပြင် နွားနို့ကိုပါ တစ်ခွက်ငါးရာ နှုန်းနဲ့ မှာယူသောက်သုံးနိုင်ပါတယ်။
ဆိုင်နေရာ ရှုခင်းမှာ လမ်းတစ်ဖက်တစ်ချက်စီရဲ့ သစ်ပင်ရိပ်အောက်မှာ ထန်းလက်ခုံလေးတွေ၊ ဝါးစားပွဲလေးတွေ၊ ခင်းကျင်းပေးထားတာကြောင့် မြန်မာ့သဘာဝအလှနဲ့ ကျေးလက်ဆိုင်အပြင်အဆင်ကို ခံစားချင်သူတွေအတွက် စိတ်ကျေနပ်ဖွယ်ကောင်းလှတဲ့ နေရာဖြစ်ပါကြောင်း …။

ဓါတ်ပုံကောင်းကောင်းလေးတွေ ရလာရင်လည်း လမ်းညွှန်ပေးတဲ့လူကို ခရက်ဒစ်လေးတော့ ပေးကြဦးနော်။ မပေးရင်တော့ နောက်တစ်ခါ မန္တလေးက နေရာကောင်းကောင်းလေးတွေ လမ်းညွှန်မပေးတော့ဘူးဗျာ။

မြန်မာ့ရိုးရာ စောင်းပညာကို အခမဲ့ သင်ပေးတဲ့ နေရာ (မြနန္ဒာ ဂျာနယ်)

မန္တလေးကတော့ လုပ်လိုက်ရင် အစမ်းကြီးပဲဗျို့။ ကဲ တန်ဘိုးရှိတဲ့ သတင်းလေးမို့ မူရင်းကို ဖတ်ဗျာ။

မန္တလေးမြို့မှာ မြန်မာ့ရိုးရာ စောင်းပညာ သင်ချင်တယ်ဆိုရင် ၇၅ လမ်း၊ ၂ရလမ်း x ၂၈ လမ်းကြား၊ မှာရှိတဲ့ စောင်းဆရာကြီး အင်းလေး ဦးမြင့်မောင်ရဲ့ ဇနီး ဒေါ်ခင်မေကိုယ်တိုင် မြန်မာ့ရိုးရာစောင်းပညာကို အခြေခံကစပြီး တတ်ကျွမ်းတဲ့အထိ အခမဲ့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ သင်တန်းချိန်တွေကို သတ်မှတ်ပေးထားပြီး အချိန်အကန့်အသတ်နဲ့ လေ့ကျင့်သင်ကြားပေးပါတယ်။ မြန်မာ့ရိုးရာစောင်းပညာကို ဖြန့်ဝေတဲ့ အနေနဲ့ ဖွင့်ထားတဲ့ အခမဲ့သင်တန်းလေးဖြစ်ပြီး အသက်အရွယ်အပိုင်းအခြားမရွေး မြန်မာ့ရိုးရာ စောင်းပညာရဲ့ တစ်ဝက်ဖြစ်တဲ့ ကြိုးညှိနည်းက အစ အကုန်သင်ပေးမှာဖြစ်တဲ့သင်တန်းလေး ဖြစ်ပါတယ်။ notes နဲ့လည်း သင်ပေးပါတယ်။

ကဲ မန္တလေး မြို့နေ မြန်မာ့ရိုးရာဂီတကို ချစ်မြတ်နိုးကြတဲ့ မန်းသူမန်းသားတွေ ဝါသနာပါရင် အလွယ်တကူ သင်ယူနိုင်အောင် သင်တန်းသတင်းလေး ပေးလိုက်ပါတယ်ခင်ဗျာ။

အနော်ရထာလမ်းနှင့် ဗန္ဓုလလမ်းကြားရှိ ရွှေတိဂုံဘုရားလမ်းပိုင်း နှစ်လမ်းသွားဖြစ်ပြီ (ရွှေမြင်သာ ဂျာနယ်)

ရန်ကုန်မှာ ကားမောင်းနေကြတဲ့ ရွာသူရွာသားတွေ သိထားရမယ့်သတင်းလေးပါ။ မင်္ဂလာ ရုပ်ရှင်ရုံရှိတဲ့ ဘလောက်ဟာ အရင်က တစ်လမ်းမောင်းစံနစ်ဖြစ်ပြီး အခု ဖေဖေါ်ဝါရီ ၃ ရက်ကစလို့ နှစ်လမ်းမောင်းအဖြစ် သတ်မှတ်လိုက်တယ်လို့ စည်ပင်သာယာရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်တဲ့ဗျာ။

မိုဘိုင်းဖုန်းခေါ်ဆိုမှုများ ညပိုင်းခေါ်ဆိုမှုအတွက် ဈေးနှုန်းတစ်ဝက်လျှော့ချပေးမည် (Messenger)

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ လုပ်ဆောင်ချက်တွေကိုတော့ ဉာဏ်မမီတော့ပါဘူး ကျောင်းဒကာ။ ဘယ်နှယ့် ဖုန်းတွေကို အင်တာနက် ခွင့်ပြုမယ်ဆိုလည်း အကုန်ခွင့်ပြုပေါ့ဗျာ။ အခုတော့ ဟိုဖုန်းအမျိုးအစားကတော့ အင်တာနက်ဖွင့်လို့ရတယ်။ ဒီဖုန်းအမျိုးအစားကတော့ အင်တာနက်ဖွင့်လို့မရဘူး။ ဆယ့်ငါးသိန်းနဲ့ ဝယ်သုံးခဲ့ရတဲ့ GSM တွေခဗျာ အခွင့်အရေးတန်းတူ မရတဲ့အပြင် အသားလွတ်အနှိမ်ခံနေရသလိုဖြစ်နေတော့ ဆက်သွယ်ရေးလုပ်ငန်းက လူကြီးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေမေးသလို (လူကြီးလူကောင်းဆန်ဆန်ပေါ့ဗျာ) ပြောရရင်တော့ ခင်ဗျားတို့ လုပ်နေကိုင်နေ ကြတာတွေကို ကျွန်တော် ဘယ်လိုမှ ဉာဏ်မမီပါကြောင်းနဲ့ ခင်ဗျားတို့ ကိုလည်း သိတ်အစာမကြေဘူးဆိုတာလေး ဒီနေရာကနေ ပြောလိုက်ချင်ပါတယ်။ သူရဦးရွှေမန်းကြီးက သတ္တိရှိကြပါတဲ့။ သတ္တိမရှိတာဟာ အဂတိလိုက်စားတာပါပဲတဲ့ ပြောလို့ သတ္တိလေးနည်းနည်းမွေးပြီး ပြောလိုက်ပါပြီဗျာ။ နောက်တစ်ခု မိုဘိုင်းဖုန်းတွေရဲ့ ညပိုင်းခေါ်ဆိုမှုတွေအတွက် မတ်လ ၁၄ ရက်နေ့မှ စတင်၍ ဈေးနှုန်းတစ်ဝက်လျှော့ချပေးမည် ဆိုတဲ့ သတင်းကိုလည်း နည်းနည်းလေး ဖီလင်ဖြစ်မိပါတယ်။
“ညပိုင်းကျတော့ အလုပ်ကိစ္စဆက်ဖို့ အဆင်မပြေဘူး။ သာမန် သမီးရည်းစား personal ကိစ္စတွေအတွက် ဆက်ဖို့တော့ အဆင်ပြေတာပေါ့။ ဘာပဲ ဖြစ်ဖြစ် ကောင်းပါတယ်” ဟု ခရီးသွားလမ်းညွှန်တစ်ဦးက ပြောသည်။
အယ်လ်ခွန်းရီ ရဲ့ ချစ်သူတွေရဲ့ တယ်လီဖုန်း သီချင်းလေးကိုတောင် စာသားပြောင်းရေးရမလိုဖြစ်နေပြီ ကျောင်းဒကာရေ။
ကြင်နာသူတွေ စကားပြောတဲ့အခါ ဈေးနှုန်းသက်သာတယ်
ညဘက်ကျရင် ဖုန်းဆက်တတ်တာ သိတ်အဆင်ပြေပါတယ်
ညရောက်ရင် ကိုကိုရေ ဖုန်းလေး ဆက်ပေါ့နော်
နေ့ဘက်ဆို ကိုကိုရေ ဖုန်း မဆက်နဲ့တော့နော်
ရေးဝိုးရေး…..

လှိုင်သာယာ ဆပ်ပြာစက်ရုံတွင် အလုပ်သမားများ မတော်တဆ အဖြစ်များ (Messenger)

စိုးရိမ်ပူပန်စရာသတင်းလေးတစ်ပုဒ်ပါ ကျောင်းဒကာ။ ဖတ်ကြည့်ပါ။

လှိုင်သာယာစက်မှုဇုန်မှ နာမည်ကြီး ဆပ်ပြာနှင့် ခေါင်းလျှော်ရည် သွားတိုက်ဆေးများထုတ်လုပ်လျက်ရှိသော စက်ရုံကြီးတစ်ရုံတွင် မတော်တဆမှုဖြင့် အလုပ်သမားဝန်ထမ်းများ လက်ပြတ်မှုများပြားလာကြောင်း ကိုယ်တွေ့ကြုံခဲ့သူများ နှင့် ယင်းအလုပ်သမားများနှင့် နီးစပ်သောအသိုင်းအဝန်းက ပြောသည်။
“ကျွန်မအပါအဝင် လက်ပြတ်တဲ့ အလုပ်သမားသုံးယောက်လောက် ရှိနေတယ်။ အရင်ကလည်း ဖြစ်ခဲ့ဘူးကြတယ်လို့ ပြောကြတယ်။ စက်ရုံမှာ ဓါတ်လိုက်သေတာ၊ ဖယ်ရီကားမှောက်လို့ ထိခိုက်ဒါဏ်ရာရတဲ့ သူတွေလည်း ရှိကြတယ်”
ဟု မဖူးပွင့်ဝေ (အမည်လွှဲ) က ပြောပြသည်။ လက်ပြတ်တောက်မှုမှာ လက်ခလယ် လက်ချောင်း၏ ထိပ်ပိုင်းလက်ဆစ်များတွင် ပြတ်တောက်မှုအများဆုံးဖြစ်ပွားပြီး သွားတိုက်ဆေး (Tube) ဘူးများအား ပါကင်ပိတ်သောစက် ကိရိယာအတွင်း လက်ချောင်းများမတော်တဆ ညပ်ပါသွားရာမှာ လက်ချောင်းများ ပြတ်တောက်ခြင်းဖြစ်ကြောင်း စက်ရုံဝန်ထမ်းတချို့က ပြောသည်။
“ပြတ်တဲ့လူ အကုန်လုံးက လက်ခလယ်တွေမှာပဲ ဖြစ်တာ။ သွားတိုက်ဆေးဗူးနောက်ပိတ်ကို လက်ညှိုးနဲ့ လက်ခလယ် ညှပ်ပြီး စက်ထဲကို မြန်မြန်ထည့်ရတာ။ အဲဒီဌာနမှာပဲ ဖြစ်ကြတာ။ လက်ဆစ်ပြတ်တော့ စက်ရုံကဆေးကုပေးတယ်။ အလုပ်မဆင်းနိုင်လည်း တစ်နေ့တစ်ထောင်ပေးတယ်” ဟု မဖူးပွင့်ဝေ က ဆိုသည်။

တော်တော် စိတ်ပျက်စရာကောင်းတဲ့ သတင်းပါ ကျောင်းဒကာ။ ဘယ့်နှယ့် မကြာခဏ လက်ချောင်းတွေပြတ်နေတယ်ဆိုကတည်းက အန္တရာယ်အလွန်များနေတယ်ဆိုတာ သိသာနေပါပြီ။ အလုပ်ရှင်တွေကရာ ဝန်ထမ်းတွေ လုံခြုံမှုရှိမယ့် စက်တွေ အသုံးပြုကြဖို့ မကြံစည်ကြတော့ဘူးတဲ့လား။ လက်ပြတ်သွားရှာတဲ့ ကလေးတွေကရောတဲ့။ ထိုက်တန်တဲ့ လျော်ကြးရကြရှာရဲ့လား။ တွေးကြည့်လိုက်ရင် ရင်မောစရာကြီးပါဗျာ။ ကဲ ဒီစာကို တာဝန်ရှိသူ တစ်ယောက်ယောက်များဖတ်မိရင် အလုပ်သမားတွေရဲ့ လက်ချောင်းလေးတွေ လုံခြုံရေးအတွက် နည်းနည်းတော့ ကြည့်ပေးကြပါဦးလို့ ဒီနေရာက တောင်းဆိုပါရစေခင်ဗျာ။

နှစ်ပေါင်း ၂၃ နှစ်ကြာမှ ပထမဆုံးအကြိမ် သင်္ကြန်သံချပ် ကားများအား ပြန်လည်ခွင့်ပြု (Messenger)

၁၉၈၈ နောက်ပိုင်း ပိတ်ပင်ခဲ့တဲ့ သင်္ကြန်သံချပ်ကားတွေကို ပြန်လည်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်ကျောင်းဒကာ။
သင်္ကြန်သံချပ်ဆိုသည်မှာ လက်ရှိဖြစ်ပေါ်နေသော အုပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေးများကို အနုပညာသမားများက အပြုသဘောဖြင့် ဝေဖန်သည့် သီချင်းများဖြစ်ကြောင်းသိရသည်။
လာမည့် မြန်မာ့ရိုးရာ သင်္ကြန်တွင် သံချပ်များ စိစစ်ရေးကော်မတီကို တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဒို့တာဝန်အရေး ၃ ပါးကို မထိပါးစေဘဲ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ပြီး ပြည်သူလူထု၏ စိတ်ပျော်ရွှင်မှုရရှိစေရန် အခြေခံ၍ စိစစ် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကဲ ကျောင်းဒကာ။ ဗေလုဝကြီးတို့၊ ကိုကုသိုလ်ကြီးတို့၊ ကိုမေတ္တာကြီးတို့ ရဲ့ သင်္ကြန်သံချပ်တွေ နားဆင်ဖို့သာ ပြင်ထားပေတော့ဗျာ။

ဝယ်ပြီး ပြည်တွင်း လေယာဉ်လက်မှတ်များ လေဆိပ်တွင် ငွေထပ်ကောက် (Voice)

မူရင်း ဂျာနယ်ပါ သတင်းလေးက ဒီလိုဗျ။
အများပြည်သူသို့ ကြိုတင်အသိပေးခြင်းမရှိဘဲ ပြည်တွင်း လေကြောင်း လေယဉ်လက်မှတ်များ ရုတ်တရက်ဈေးပြောင်းသွားကာ လေယဉ်လက်မှတ်ဝယ်ပြီးသူများကို လေဆိပ်တွင် ငွေထပ်မံကောက်ခံမှု ကြုံတွေ့နေရကြောင်း အဲမန္တလေး လေကြောင်းလိုင်းဖြင့် မတ်လ ၁ ရက်နေ့ ရန်ကုန်-ညောင်ဦး ခရီးလိုက်ပါခဲ့သူ ခရီးသည်တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
ကောင်းဗျာ။ ကိုလံဘတ် လေယဉ်လက်မှတ် အရောင်းလုပ်ငန်းထံမှ လေယဉ်လက်မှတ် ဝယ်ပြီးစီးတာတောင် လေဆိပ်ရောက်မှ ဈေးနှုန်းပြောင်းလဲသွားလို့ ဆိုပြီး ကျပ် ၁၂၀၀ဝ ထပ်မံတောင်းခံခဲ့ပါသတဲ့။ ပိုက်ဆံအပိုမပါတဲ့ ခရီးသည် ဆို ဘယ်လိုလုပ်ကြမလဲ ကွယ်တို့။ ကြည့်လည်းလုပ်ကြပါဗျာ။
မြန်မာ့လေကြောင်းသို့ လေကြောင်းလိုင်းတွေက လေယဉ်ဆီဘိုးပေးချေရာမှာ တစ်ဒေါ်လာ လျှင် ၆ ကျပ်နှုန်း တွက်ချက်ပေးချေနေရာမှ မကြာမီ တစ်ဒေါ်လာလျှင် ကျပ် ၈၀ဝ ပတ်ဝန်းကျင် နှုန်းထားတစ်ရပ်သို့ ပြောင်းလဲရန်ရှိလို့ ဖြစ်ပါတယ်တဲ့။
ကိုလင်းဝေကြီးတို့လို လေယဉ်ကြီးစီးပြီး ခန့်ခန့်ကြီး ခရီးသွားတတ်တဲ့လူကြီးတွေ သတိထားဗျို့။ လေဆိပ်ရောက်မှ ပိုက်ဆံထပ်တောင်းနေရင် ပေးဘို့လည်း အပိုငွေလေးလည်း ဆောင်ထားကြဦး။

သတ္တိမရှိခြင်းသည် အဂတိလိုက်စားခြင်း ဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား (Express Time)

အော် နေရင်းထိုင်ရင်း သူရဦးရွှေမန်းကြီးပြောလိုက်မှ ခင်ဗျားတို့ ကျုပ်တို့ တတွေလည်း အဂတိလိုက်စားတဲ့ လူ တွေ ဖြစ်ရပြန်ပါပြီ ။ ပြောရက် ဆိုရက် ရှိလိုက်တာ ကျောင်းဒကာရယ်။
သူ့အပြောလေး နည်းနည်း ဖတ်ကြည့်ဗျ။

သတ္တိမရှိတာဟာလည်း အဂတိတရားလိုက်စားတာလို့ပဲ ပြောရမှာပဲ။ ဆန္ဒ၊ ဒေါသ၊ အဘရာ၊ မောဟ ပြောလိုက်တယ်ဆိုရင်ပဲ ကိုယ့်ကို ဒုက္ခရောက်မှာ ကြောက်တယ်ဆိုတာကလည်း ကျွန်တော် အဂတိတစ်ခုလို ထင်မိတယ်

အော် သတ္တိရှိလို့ ပြောရဲဆိုရဲ ရှိပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ကျတော့လည်း … မိန်းမတောင်ယူဖို့ အချိန်မရကြရှာပါဘူး။ ကဲ ကျောင်းဒကာ။ ကိုယ့် ထမင်းကိုယ်စား ပြီးတော့ နေရင်းထိုင်ရင်း အဂတိ လိုက်စားသူကြီးတွေ မဖြစ်အောင် နေကြဗျာ။ ပြောရဲ ဆိုရဲ ရှိအောင် သတ္တိလေးလည်း နည်းနည်း မွေးဗျ။ မတော် အဂတိလိုက်စားသူတွေ ဖမ်းမယ်ဆိုတော့မှ ကျွန်တော်မပါပါဘူး မလုပ်နဲ့… ဟင်းဟင်း။

ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံခြင်း (Messenger)

ကဲ ကျောင်းဒကာ။ ဒီတစ်ပတ် ဦးအောင်သိန်းလင်းနဲ့ အင်တာဗျူးထားတာလေးတွေ့လို့ ခင်ဗျားစိတ်ဝင်စားမယ့်မေးခွန်းလေးတွေနဲ့ အဖြေလေးတွေ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။ မူရင်းအင်တာဗျူးက တော်တော်ရှည်ပါတယ်။ ဒီထဲမှာတော့ စိတ်ဝင်စားမယ်ထင်တာလေးတွေပဲ ထုတ်နှုတ်ပေးထားတာပါ။

မေး။ ငါးထောင်တန်ဖုန်း ကိစ္စ လွှတ်တော်ထဲ လွှတ်တော်ထဲတင်မယ်ဆိုတာ ဘာကြောင့်ပါလဲ။
ဖြေ။ ငါးသိန်းဖုန်းက များနေသေးတာကိုး။ များနေတဲ့ အခါကျတော့ ဈေးသက်သက်သာသာနဲ့ သုံးလို့ရမယ်ဆိုရင် ဖုန်းသုံးချင်တဲ့သူတွေ အဆင်ပြေသွားမယ်။ အခုနောက်ထပ် ဒီလို ဟန်းဖုန်းလိုတဲ့လူတွေ သုံးချင်တဲ့လူတွေ ကိုင်ချင်တဲ့လူတွေ ငှားကိုင်နေတဲ့လူတွေ အများကြီးရှိသေးတယ်။ ဒါ သူတို့တွေက ဘာကြောင့်သုံးချင်သားနဲ့ မသုံးနိုင်ရတာလဲ။ ငှားပြီးသုံးနေရတာလဲ မေးဖို့ လိုသေးတယ်ပေါ့နော်။ ဈေးသက်သက်သာသာနဲ့ ရမယ်ဆိုရင် ဖုန်းသုံးချင်တဲ့လူတွေ ပြည်သူလူထုရဲ့ ဆန္ဒပြည့်ဝမှာပေါ့ဗျာ။ အခုနောက်ဆုံးရောင်းတာ ငါးသိန်းတန်ဖုန်းပေါ့။ အဲဒီထက်သက်သာတဲ့ ဖုန်းတွေများ ရှိရင်၊ အဲဒီထက်သက်သာတဲ့ ဖုန်းတွေများလုပ်လို့ရရင် လုပ်ပေးပါလို့ ကျွန်တော့်အနေနဲ့ တောင်းဆိုမှာပါ။ ဘာမှ ပုဂ္ဂလဓိဌာန် မဆန်ဘူး။ ကျွန်တော်တို့က ပုဂ္ဂလဓိဌာန် ဆန်လို့မရဘူး။

နောက်မေးခွန်းလေး တစ်ခုဆက်ကြရအောင်ပါ။

မေး။ ကွန်ကရစ်လမ်းတွေကို ပြည်ခိုင်ဖြိုးပါတီက တစ်ဝက်တစ်ပျက်ပဲ ခင်းပေးတာကျတော့ရော
ဖြေ။ ။ ကွန်ကရစ်လမ်းတွေခင်းတာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ကျွန်တော်တို့ ရှိတဲ့ ပိုက်ဆံလေးနဲ့ မျှတပြီးတော့ပေးရတယ်။ ပေးတဲ့ အခါမှာ သူလည်းလိုချင်တယ်။ ကိုယ်လည်းလိုချင်တယ်။ လိုချင်တဲ့လူ များတဲ့အခါကျတော့ သူ့တော့ပေးပြီးတော့ သူ့တော့မပေးဘူး။ ဘယ်ဖြစ်မလဲ။ အားလုံးကိုမျှပြီးတော့ပေးလိုက်တယ်။ အားလုံးကိုမျှပေးလိုက်တဲ့အတွက် တစ်ခါပေးရင် နည်းနည်းစီပဲပေးတယ်။ နည်းနည်းစီပဲပေးတော့ နည်းနည်းခြင်းပဲ တိုးနေရတယ်။ တိုးနေရတော့ အခုလောလောဆယ်မှာတော့ ဒီ ကြားဖြတ်ရွေးကောက်ပွဲဥပဒေအရ ကျွန်တော်တို့က လုပ်လို့မရဘူးပေါ့ဗျာ။ မဲဆွယ်စည်းရုံးရေးကာလမှာ အဲဒါတွေလုပ်လို့မရတဲ့အတွက် ရပ်ထားရတယ်။ ဒါတွေပြီးရင်တော့ ဒီလိုပဲ တဖြည်းဖြည်းချင်း ဖြန့်ပြီးတော့မှ လုပ်သွားမှာပါ။ ဘာမှမလုပ်ဘဲ ထိုင်နေတာထက်စာရင် တစ်ခုခုလုပ်ရင်းနဲ့ တိုးတက်သွားတာ တစ်နေ့နေ့ကျလို့ရှိရင် ကိုယ့်ရဲ့ ရည်မှန်းချက်ရောက်မှာပေါ့။ ရွာတွေမှာ ကွန်ကရစ်လမ်းခင်းဖို့ဆိုတာက ကျွန်တော်တို့ ပါတီတစ်ခုပဲ ကြိုးစားပြီးတော့ စေတနာအရင်းခံပြီးလုပ်နေတာနော်။ ပြီးတော့ မြို့ကလူတွေထက်စာရင် တောရွာကလူတွေအတွက် လမ်းကပိုလိုတယ်။
မြို့ကလူတွေက ကားနဲ့လည်း သွားနိုင်တယ်။ တစ်နေရာကနေ တစ်နေရာကို ကားနဲ့သွားသွား၊ ခြေကျင်သွားသွား ရာသီဥတုသုံးပါးစလုံးသွားလို့ရတယ်။ နောက်တစ်ခါ ကွန်ကရစ်လမ်း အပြီးလုပ်လိုက်ခြင်းအားဖြင့် နောင်တစ်ချိန်မှာ သူတို့အတွက်ပြည့်စုံသွားတာပေါ့။ ပြီးတော့ဆို ဂဝံလမ်းလုပ်လိုက်၊ ကျောက်ချောလမ်းလုပ်လိုက် ကြာလည်းကြာတယ်။ ပိုက်ဆံလည်းကုန်တယ်။ အခုလို မိုးတွင်းတစ်တွင်းနှပ်ပြီးတော့မှ မြေအသားသေသွားလို့ရှိရင် ကွန်ကရစ်လမ်းခင်းတာပေါ့။ အခုတော့ ကျွန်တော်တို့ သိထားတာက လုပ်ရမယ့်လမ်းတွေများတဲ့အတွက် အလုပ်ဖြစ်ရုံပဲ လုပ်မှာပေါ့နော်။ ပြီးတော့မှသာ တဖြည်းဖြည်းအပြည့်ဖြစ်သွားမှာပေါ့။

နောက်ဆုံး အရေးကြီးတဲ့ အမေးအဖြေလေးတစ်ခုကို ရွေးထုတ်ပြချင်ပါတယ်ဗျာ။

မေး။ ပြည်ခိုင်ဖြိုးပါတီက ဆောင်ရွက်တဲ့ ရေ၊ မီး၊ လမ်းတွေဟာ ပါတီရန်ပုံငွေထဲက ဆောင်ရွက်တာမဟုတ်ဘူးလို့ ဝေဖန်သံတွေ ထွက်နေတယ်။
ဖြေ။ ။ အဲဒါကတော့ သာမာန်အားဖြင့် ဒီရန်ပုံငွေတွေဟာ ပြည်သူလူထု ရန်ပုံငွေတွေ ဖြစ်တယ်။ နောက်ပြည်သူလူထုက အခွန်တုပ်တာတို့၊ နောက်ဝန်ဆောင်မှုလုပ်လို့ရတဲ့ ငွေတွေရှိတယ်။ အခွန်ကောက်လို့ရတဲ့ ငွေတွေရှိတယ်။ အဲဒီငွေတွေနဲ့ ပြည်သူလူထုလိုအပ်တဲ့ လမ်းတို့၊ ရေတို့ လုပ်ပေးတာပဲလေ။ သူတို့လိုအပ်တဲ့ဟာ လုပ်ပေးတာပေါ့။ ကောင်းပြီ လုပ်ပေးတော့ ဘာလို့ ပြည်ခိုင်ဖြိုးက ဆိုင်းဘုတ်တပ်သလဲ။ နာမည်ခံသလဲလို့ မေးကြတယ်။ အဲဒီတော့ ဆိုင်းဘုတ်တင်တာက လုပ်ကတည်းက ပိုက်ဆံအကုန်သက်သာအောင်လို့ ငွေကြေးကို ပစ္စည်းအတွက်ပဲ သုံးတယ်။ လုပ်အားခအတွက် မသုံးဘူး။ အဲဒီ ပိုလာတဲ့လုပ်အားခတွေ စုပြီးတော့မှ နောက်ထပ်လမ်းဖြစ်အောင်လုပ်တယ်။ အဲဒီတော့ အဲဒီလို လုပ်အားခတွေကို ပါတီဝင်တွေကို လုပ်ခိုင်းပြီးတော့ ပိုလာတဲ့ လုပ်အားခတွေကို လမ်းများများရအောင်သုံးတာပေါ့ဗျာ။ သာမန်အားဖြင့်တော့ သူ့ပစ္စည်းနဲ့ ထိုက်သင့်တဲ့ လုပ်အားခနဲ့ ငှားပြီးတော့ လုပ်လိုက်လို့ရှိရင် လမ်းတစ်လမ်းရမယ်ဆိုပါတော့။ အဲဒီလမ်းကို ပါတီဝင်တွေလိုက်လုပ်ကြတယ်။ လုပ်အားခတွေမပေးရတော့ဘူး။ အဲဒီတော့ အဲဒီလိုပဲ နှစ်လမ်းလောက်လုပ်လိုက်လို့ရှိရင် အဲဒီနှစ်လမ်းလောက်လုပ်လိုက်လို့ ထွက်လာတဲ့လုပ်အားခတွေနဲ့ နောက်ထပ်လမ်းလုပ်လို့ရတယ်။ အဲဒီတော့ အဲဒီပါတီဝင်လမ်းသူလမ်းသားတွေက သူတို့လုပ်အားနဲ့လုပ်ရတာကို ဂုဏ်ယူတဲ့အနေနဲ့ သူတို့ဘာသာသူတို့ ဆိုင်းဘုတ်လေးတပ်လိုက်တယ်။ ကျွန်တော်တို့က ပထမတော့ ဘာလုပ်တာလဲလို့ ကြည့်သေးတယ်။ ကျွန်တော်တို့ တပ်ပါရစေ။ ကျွန်တော်တို့လုပ်အားနဲ့လုပ်ရတာဖြစ်တဲ့အတွက် အမှတ်တရဖြစ်အောင် တပ်ပါရစေဆိုတော့ တပ်ကြတယ်။ အဲဒီတော့ လမ်းသူလမ်းသားတွေနဲ့ ပါတီဝင်တွေဝိုင်းလုပ်တဲ့ လမ်းဖြစ်တာကြောင့် လမ်းသူလမ်းသားတွေရဲ့ ဆန္ဒ၊ အများဆန္ဒနဲ့ တင်တာဖြစ်တယ်။ လမ်းတွေလုပ်ရမှာက ကျွန်တော့်တာဝန်ပဲလေ။ နောက်ပြည်သူလူထုရဲ့ ငွေနဲ့ ပြည်သူလူထုအတွက် လမ်းလုပ်ပေးတာပဲဗျာ။

ဒီရက်ပိုင်း ကျွန်တော် နေပြည်တော်ကို အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ဖြစ်ပါတယ်။ ထုံးစံအတိုင်း ရိုက်ဖြစ်တဲ့ ဓါတ်ပုံလေးတွေ တင်ပေးလိုက်ပါတယ်ခင်ဗျာ။

နေပြည်တော် လမ်းဘေး နေပူပူထဲက အညတြ ရုပ်ပွားတော်လေး တစ်ဆူ။
နေပြည်တော် လမ်းဘေးနားက အညတြ ရုပ်ပွားတော်။
နေပြည်တော်က ရွှေတိဂုံ ပုံတူ စေတီတော်။
ထုံးစံအတိုင်း ကျွန်တော်ကြိုက်တဲ့ မျက်ရိုင်းဖားဖားကြီးတွေ။
နေပြည်တော်သွား အမြန်လမ်းဘေး တစ်နေရာ။

51 comments

  • လက်စသတ်တော့ ဦးဘလက်က နေပြည်တော် သွားနေလို့ ပျောက်နေတာကိုးဗျ … ။
    သိပါဘူးဗျာ … ဦးဘလက်နဲ့ စိန်ပေါက် နှစ်ယောက်လုံး တောထွက်သွားကြသလားလို့ … 😀
    အဟီး … နောက်တာနော် ဦးဘလက် …
    အခု ဦးဘလက်ကြီး တိုက်တဲ့ လက်ဖက်ရည် တစ်ခွက်ကိုလည်း ဖီးနဲ့ သောက်သွားတယ်ဗျာ …
    ဘက်ဂီယို ကြီး လာရင်တော့ ဘောလုံး စွမ်းရည် ပြသပွဲလေး လုပ်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ် …
    မြန်မာ့ ဘောလုံး အဖွဲ့ချုပ်ကလည်း လုပ်ဖြစ်အောင် စီစဉ်ရမှာပါ …
    လုပ်ဖြစ်တယ်ဆိုရင်တော့ မောင်ပေ ကို ကျော်ပြီး ထိပ်ဆုံးက နေရာယူရမှာပဲလို့ … 😀

    လေးစား၊ ခင်မင်စွာဖြင့်
    အံစာတုံး

  • inz@ghi

    March 7, 2012 at 1:56 pm

    အပေါ်က စိတ်မဝင်စားသူတွေ အသာထားလို့
    အားပါးတရ စိတ်ဝင် စားသူလေး ဆီက စလိုက်ပြီဗျို့

    သင်္ချာဝင့်ကြော် ….
    ဟုတ်ကဲ့လားခေးရယ်…..
    ကိုငှက်သီချင်းလေး ပြန်ဆိုပြမယ်နော်…
    မျက်စိကနေ ငါကြားတယ်. …
    ဖေ့စဘုတ်ကနေ ငါကြားတယ်….
    အာဟိ …

    ဘာဂျီးယို
    ဒါ အကြီးကြီးဗျို့…
    မီဂါစတားကြီး …..
    သမိုင်းဝင်မယ့် ကိစ္စကြီး ..လာဖြစ်ပါစေဗျာ…
    အော် …ခေတ်မီသူတိုင်း မြန်မာပြည်လာသည် ပေါ့ ….
    ကောင်းလေစွ…

    စောင်း
    မတ်တပ်ရပ် ပြီး လက်ခုပ် တီးပါတယ်ဗျာ ….

    ဖုန်း
    သများတို့ဆီမတော့ ပရိုဗိုက်ဒါ တူရင် နေ့ဘက်ဖရီးရတယ်
    ဇောက်ထိုး …

    လက်ပြတ်
    မဖြစ်သင့်ဘူးဗျို့ …
    ဖွကြပါ ဖွကြပါဗျို့…

    သံချပ်
    သံချပ်ကို နည်းနည်း ရီအင်နိုဗိတ် လုပ်ရင် ပိုလှမယ်ဗျို့..
    ခေတ်နဲ့လည်း ကိုက်အောင်….
    သံချပ် တူးပွိုင့်ဇီးရိုးပေါ့ဗျာ….
    ဆြာများ လုပ်ကြမယ်ထင်ပါရဲ့ ….

    သတ္တိ
    အော်..ရယ်…

    ရန်ပုံငွေ
    ဘယ်တုန်းက ဘယ်သူတွေ ဘယ်လို ဘယ်လောက်လှူထားလိုက်ကြတာလဲ ဟင်င်င်င်..

    P.S စိန်ပေါက်ပေါက် ဘယ်လိမ့်သွားတာတုန်း သိရင်ပြောပေးပါဦးဗျို့…

    ခင်တဲ့
    ဂီ

  • ဦးဦးပါလေရာ

    March 7, 2012 at 2:19 pm

    ဦးအောင်သိန်းလင်းက အင်တာဗျူးပြန်ပြီဆိုတော့
    တော်တော်အမှတ်မရှိဘူး… လို့သာ မှတ်ချက်ချချင်ပါတော့တယ်။
    အခု ဒီမှာဆွဲထုတ်ပြထားတာလေးကိုပဲ သုံးသပ်ရရင်
    ကိုယ့်ကြိုးကွင်းကိုယ်စွပ်မိနေတယ်ထင်ပါ့ …

  • အရှုံးတွေနဲ့ ကျွန်တော်

    March 7, 2012 at 2:45 pm

    ညပိုင်း ဖုန်းခေါ်ဆိုမှုကို ဈေးနှုန်းတစ်ဝက်ချပေးမယ်ဆိုတော့လဲ မဆိုးပါဘူး မတ်လ ၁၄ ရက်နေ့ကို မျှော်နေလိုက်ပါတော့မယ် ဦးဘလက်ရယ် သတင်းက ခိုင်လုံ တိကျပါစေ အမှန်တကယ် အကောင်အထည်ဖော်နိုင်ပါစေဗျာ

  • သူကြီးပြောတဲ့ပုံရိုက်ဘို့က သူကြီးက အတည်လား တကယ်လားဆိုတာကို သေချာအောင်စောင့်နေပါတယ်။

  • kotun winlatt

    March 7, 2012 at 4:27 pm

    ကိုဘလက်ရေ ….
    သတင်းစုံဖတ်ရတာ ဝမ်းသာလိုက်တာ…
    အတော်စာဖတ်နိုင်တဲ့လူပဲနော်…
    နေပူတော်..အဲလေ… နေပြည်တော်က စည်လားဗျ..
    မြန်မာနိုင်ငံရဲ့ မြို့တော်ဆိုတော့လည်း စည်မှာပေါ့နော်…
    နောက်ထပ် ချိုပေါ့ကျ တစ်ခွက်မျှော်နေမယ်ဗျို့…
    ပျော်ရွှင်ချမ်းမြေ့ပါစေ….

  • Mr. MarGa

    March 7, 2012 at 4:46 pm

    အားပါး လက်ဖက်ရည်ကလည်းကောင်းတယ်
    သတင်းလဲစုံတယ်
    ဦးမာဃကြီးတော့ ခိုက်သွားပြီ
    နောက်ရက် ဆက်လာဦးမယ်နော်
    နောက်တစ်ခေါက်တော့ ဦးမာဃအတွက် ပေါ့ဆိမ့်ပဲလုပ်ပါ။
    ဆိုင်နာမည်လဲပြောဦးလေ
    နတ်ပြည်ပြန်ရောက်မှ ဟိုကောင် ရထားထိန်း မာတလိကို ဒီလိုဆိုင်မျိုး ဖွင့်ခိုင်းရမယ်

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • kai

    March 7, 2012 at 5:18 pm

    ဂီဂီအတုခိုးပြီး လုပ်ထည့်လိုက်မယ်.. လာလေရော့…

    ဗယ်လင်တိုင်းဒေး
    အလုပ်အကိုင်အခွင့်အလန်း ထွက်လာတာတွေအားလုံးကို ထောက်ခံပါတယ်ဗျာ…။
    ပေးကြ၊ယူကြ ဝေကြ ဖြေကြဟေ့…

    ရောဘတ်တိုဘက်ဂီယို
    “ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ကြမှ ခေတ်မှီသည်။” ဒီနေ့ရောက်လာတဲ့.. နယူးစ်ဝိမှာ ဒေါ်စုအကြောင်း ၆မျက်နှာတောင်ပါတယ်..။

    ကြုံတုံး ကျုပ်ရဲ့ကမ္ဘာပါတ်စားပွဲလေးနဲ့.. မဂ္ဂဇင်းစာမျက်နှာကို ဓါတ်ပုံရိုက်တင်ပေးလိုက်တယ်..

    မန်းဘောလုံးကွင်း
    ဆင်သွားလမ်းဖြစ်တဲ့… တကယ်ပဲဆိုတာသေချာပြီ… :mrgreen:

    အကြော်စုံ ဓါတ်ပုံ
    ကိုပေါက်က လေပဲပို့ပ်ု့လိုက်တော့.. အခုဒီနှစ်မမှီတော့ဘူး..။ ဧပြီလအတွက် ၁-၂လကြိုလုပ်ရတာ..။
    နောက်နှစ်မှ..
    အေးဆေး သေသေချာချာလေးလုပ်ပြီးပို့လည်းရပါတယ်..။
    ဒါပေမဲ့.. မြန်မာ့ရှုခင်းပုံ ၁ဝဒေါ်လှတန်က အခုရက်ပို့နော..
    ဟိုမှာစောင့်နေတာ.. စိတ်တောင်ပိန်နေပြီ…။ ကောင်းကင်ပြာနဲ့.. မန္တလေးကျုံးမြို့ရိုးပုံ..

    စောင်းပညာသင်ပေးခြင်း

    ယူအက်စ်ကို စပွန်ဆာပေးပြီးတောင်ခေါ်ချင်တာ…။ ပညာဒါန သာဓု

    ညပိုင်းခေါ်ဆိုမှုအတွက် ဈေးနှုန်းတစ်ဝက်လျှော့

    ကျုပ်တို့ဆီမှာတော့ ည ရနာရီ..ဒါမှမဟုတ် ၉နာရီဆို.. မိနစ်မစား.. အလကားဖြစ်တာ…။

    အလုပ်သမားများ မတော်တဆဖြစ်မှု

    တရားစွဲပြီး လျှော်ကြေးတောင်းသင့်ပါတယ်.။
    မြန်မာပြည်မှာ.. သမဂ္ဂတွေ စံနစ်တကျ အလုပ်သမားအခွင့်အရေးကာကွယ်ရပ်တည်ပေးဖို့.. လိုနေပြီ… (လွန်ခဲ့တဲ့.. ၂နှစ်လောက်ကတည်းက ဖိပြောနေတာ)

    သင်္ကြန်သံချပ် ကားများအား ပြန်လည်ခွင့်ပြု
    မန္တလေးဂေဇက် ယိမ်းကား ထွက်ချင်တယ်ဗျ…
    ကျုပ်ရန်ကုန်မှာရှိရင်လုပ်ကိုလုပ်တယ်..။
    ပြောရရင်.. မောင်ကြေးမုံနဲ့.. အလုပ်တွဲလုပ်ဖူးခဲ့တယ်..။ သူ့သံချပ်တွေသတိရတယ်..။ သံချပ်လည်း တိုက်ချင်သား..

    သူရဦးရွှေမန်းပြောကြား

    ယူအက်စ်မှာတော့.. ဟောက်စ်စပီကာရာထူးက.. နိုင်ငံမှာ တတိယအမြင့်ဆုံးရာထူးပဲ..။
    သူပြောတာ.. လုပ်ကြပေါ့..
    အထူးသဖြင့်.. တပ်မတော်သားတွေလေ…
    အိပ်ချင်ယောင်ချည်းဆောင်နေလို့ဘယ်ဖြစ်မလည်း..
    ဆောင်ရင်းဆောင်ရင်း.. တကယ်အိပ်ကုန်ကြရော… 😆

    ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံခြင်း
    အဟမ်း…
    စွတ်ပြောနေ…
    မှတ်တမ်းဝင်သွားပြီ..။ နိုင်ငံပစ္စည်းနဲ့အာဏာကို ပါတီအတွက်အလွဲသုံးစားလုပ်တာဖြစ်နေပြီနော…။ ဒန်တန်တန်.. :mrgreen:

  • FattyCat

    March 7, 2012 at 5:57 pm

    ဦးဘလက်ရေ…

    ၁၉၉၄ ခုုနှစ်ကတည်းက ကျွန်တော့နှလုုံးသားကိုု စွဲဆောင်ခဲ့တဲ့ ဘောလုုံးသမား ရောဂတ်တိုုဘက်ဂီယိုု မြန်မာပြည်လာမယ်ဆိုုတော့
    ကျွန်တော်လဲ သွားတွေ့ပြီး လက်မှတ်လေးဖြစ်ဖြစ်လိုုချင်မိသားဗျ…သူ့ကြောင့် အီတလီပရိတ်သတ်ဖြစ်ခဲ့တာ အခုုဆိုု အနှစ်(၂၀)နီးလာပေပြီ…
    သမိုုင်းမှာ အဆိုုးဆုုံး အီတလီအုုပ်စုုပွဲမတက်ခဲ့တဲ့နေ့က သူငယ်ချင်း အီတလီမတစ်ယောက်လုုပ်ကျွေးတဲ့ စပက်ဂက်တီးလေးစားပြီး ဝမ်းနည်းမိသေးဗျ…
    ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အီတလီရဲ့ အမာခံပရိတ်သတ်ပေါ့ဗျာ…

    ခွင့်ယူထားလိုု့ အွန်လိုုင်းနဲ့ဝေးနေပေမယ့်…ရံဖန်ရံခါလာ မပြတ်တဲ့သံယောဇဉ်နဲ့ ရွာထဲကိုု လာကြည့်ရင်း ဦးဘလက်ရဲ့လက်ဘက်ရည်လေး
    သောက်သွားတယ်ဗျာ….
    ကျေးဇူးပဲနော….တက်ရက်မှ ဘီယာချိန်းသောက်မယ်…ဟီးဟီး

  • weiwei

    March 7, 2012 at 6:38 pm

    မောနေတုန်းလေး ချိုပေါ့ကျနဲ့တွေ့သွားတာ အမောပြေသွားတယ် …
    နောက်တစ်ခါကျရင် ပေါ့စိမ့်လေး လုပ်ပေးပါ …

  • MaMa

    March 7, 2012 at 8:14 pm

    ဘက်ဂီယိုကြီးဟာ
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်ကြောင့် မြန်မာနိုင်ငံကို လာရောက် လည်ပတ်မယ်၊
    ဒေါ်အောင်ဆန်းစုကြည်ကို ရောမကောင်စီမှ ချီးမြှင့်ထားသော Special Peace Award ကို
    ဘက်ဂီယိုကြီးက လက်ခံထိန်းသိမ်းထားခဲ့တာ ၄ နှစ်လောက်ရှိပြီ၊
    ဆိုတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုကို သူကဘာဖြစ်လို့ လက်ခံယူထားနိုင်ရတာလဲ မသိဘူးနော်။
    နောက်ထပ်ပြီး သင်္ကြန်သံချပ်ကားတွေ အလှပြကားတွေ ထွက်မယ်ဆိုတာကို စိတ်ဝင်စားတယ်။
    မကြားရ မမြင်ရ မတွေ့ရတာ ကြာပေ့ါ။

    • Khin Latt

      March 7, 2012 at 9:26 pm

      သူက ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား အပြင်မှာ အလုပ်တွေလုပ်ပေးနေတာ။ 🙂

      2010 – 11th World Summit of Nobel Peace Laureates
      Theme: “The Legacy of Hiroshima: A World Without Nuclear Weapons”
      November 2010, HIROSHIMA 2010 Peace Summit Award recipient: Robert Baggio,
      for his activism on behalf of Aung San Suu Kyi and for his support to several important activities in favor of hospitals, foundations and charities in many countries of the world.

  • aye.kk

    March 7, 2012 at 8:25 pm

    blackchaw,…ရေ
    ချိုပေါ့ကျတွေအားလုံးမျိုးစုံပါတဲ့….
    ဂွတ်ရှယ်လေးတခွက်လောက်ထပ်လုပ်ပါဦး…။

  • pooch

    March 7, 2012 at 8:27 pm

    ကိုဘလက်ရေ အဲ့ဒီ အကြော်ဆိုင်လေးကို ရောက်ဖူးတဲ့ လူတိုင်းက ညွှန်လေ့ရှိပါတယ်။ ကျမတော့ တခေါက်မှ မရောက်ဖူးလို့ ကြုံရင် သွားစားကြည့်လိုက်ပါအုန်းမယ်။

    စောင်း သတင်းကတော့ ကိုဘလက်ပြောမှပဲ သိရတော့တယ်။

    ဖုန်းခကတော့ လျော့လေ ကောင်းလေပေါ့လေ။ ကိုဘလက်ရေ ချစ်သူများက မိုးလင်းတွတ်ထိုးတတ်တော့ ဖုန်းဆက်ရင် ကြိုးဖုန်းတွေပဲ သုံးကြတယ် ထင်ပါတယ်။ ထင်တာပြောတာပါ။ :mrgreen:

    အလုပ်သမားတွေအတွက် က ဆိုင်ရာတွေ ကြားအောင် တခုခု လုပ်ပေးအောင် များများအော်ပေးရမှာပါ။

    ဒါနဲ့ သူကြီး အလုပ်လုပ်နေတဲ့ နေရာကလည်း အမှိုက်ပုံနဲ့တူသလိုလိုပဲ ။ အော် မြန်မာတွေ မြန်မာတွေ
    ဘယ်နေရာ ရောက်ရောက် ဒီအတိုင်းပဲ ဟဲ ဟဲ။။ ဒီတခါ သူ့အလှည့် ။ :mrgreen:

    အော် ဒီတလ ထုတ်တဲ့သတင်းစာက အမေစုပုံနဲ့ပေါ့လေ။ သူကြီးရော အမေစုကို အပြင်မှာ မြင်ဖူးလား ?

  • htet way

    March 7, 2012 at 8:33 pm

    လက်ပြတ်တဲ့ သတင်းစိတ်မကောင်းပါ
    သင်ဇာ..အော် သင်ဇာဝင့်ကျော်…အပျိုစင်ဘဝ ..အင်း …သင်ဇာ..။
    မန္တလေးရောက်ရှမ်းလေးတစ်ယောက် အဲ..ယောင်လို့ မင်းသားဘလက် ဘလက်မင်းသား
    မျက်ပင်ဖားဖားကြီးတွေကြိုက်ရင် အိမ်မဲကိုလာဖို့ ဖိတ်ခေါ်ပါတယ်။
    အားလုံးကောင်းပါတယ် ကိုဘလက် ပျော်ရွှင်ချမ်းမြေ့ပါစေ။

  • Khin Latt

    March 7, 2012 at 9:08 pm

    ကဘချော ရေ

    ထင်မိသား။ ခရီးသွားနေ မယ်လို့။
    တစ်ယောက်ထဲလား။ မချော ရော ခရီးမှာ ပါသေးလား။
    ရွာ့ကျက်သရေ ဆောင်များ တိတ် နေလို့ ရွာသူ/သား များ လွမ်းနေကြတယ်။
    မရိုးနိုင်တဲ့ ဘူဖေး တီး ကို မသောက် ရ မနေနိုင်အောင် ဖြစ်နေကြပြီ ရှင့်။ 🙂

    ———-
    “ရောဘတ်တို ဘက်ဂီယို” နာမည် မြင်လိုက်တာ နဲ့ မျက်လုံးတွေ အရောင်တောက် သွားတယ်။
    ကဘချော ပြောတဲ့ လွန်ခဲ့တဲ့ ၁၈နှစ် က ၁၉၉၄ ကမ္ဘာ့ဖလားပွဲ တုန်းက ပေါ့။
    Heart ထိသွားတာ။
    ထပ်ဝင်ပြီး လျှာရှည် ခွင့်ပေးပါဦး ရှင်။
    အိမ်မှာ အစ်ကို နဲ့ မောင်လေးများ ကမ္ဘာ့ဖလား ဘောလုံး ပွဲ အတွက် အားပေးရန် သူတို့စိတ်ကြိုက် အသင်းတွေ ရွေးတော့ ကျွန်မ လဲ အားကျ မခံ သူတို့ ဝယ်ထား တဲ့ အားကစား စာစောင်များကို ကြည့်ပြီး နာမည်ကြီး အသင်း ဖြစ်တဲ့ အီတလီ အသင်းကို ရွေးခဲ့ပါတယ်။
    အီတလီ နာမည်ပါတဲ့ အကျီင်္ကို တောင် ရှာဝယ်ပြီး ဝတ်ရပါတယ်။
    တစ်ခြားကြောင့် တော့ မဟုတ်ပါဘူး။
    စာစောင် တွေထဲ က နာမည်ကျော် ဘော်လုံး သမား တွေရဲ့ ဓာတ်ပုံများထဲ မှာ ထူးထူးခြားခြား ဆံပင်နောက်မှာ ကျစ်ဆံမြီး အရှည်တွေ အများကြီး ကျစ်ပြီးချစည်း ထား တဲ့ ဘေးတိုက် ကြည့်ရင် နှာတန်ပေါ်ပေါ် နဲ့ ကြည့်လို့ကောင်းတဲ့ “ရောဘတ်တို ဘက်ဂီယို” ဆိုတဲ့ အီတလီ အသင်း ကစားသမား ကြောင့်ပါ။ သူဟာ ဂိုးသွင်း ဘုရင် အဖြစ်ကျော်ကြားပါတယ်။
    အဲဒီ နှစ် က ကျွန်မ ရဲ့ အီတလီ အသင်းဟာ ဘရာဇီး အသင်းနဲ့ ဗိုလ်လုပွဲ ကန်ပါတယ်။
    ပွဲပြီး တဲ့ အထိ ၂သင်းလုံး ဂိုးမသွင်း နိုင်ကြပါဘူး။
    အချိန်ပို ကန် ကြတော့ လဲ ဒီအတိုင်းပါဘဲ။ ဒီတော့ နောက်ဆုံး ပယ်နတီ ဂိုး ဟာ အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။
    ငါးခါ သွင်းကြရပါမယ်။
    အီတလီ စပါတယ်။ မဝင်ပါဘူး။
    ဘရာဇီး ကန်ပါတယ်။ မဝင်ပါဘူး။
    ဒုတိယ အကြိမ်မှာ အီတလီ ၁ ဂိုးစရ ပါတယ်။ ဘရာဇီး ကလဲ ဂိုးရတော့ ၁-၁ ပါဘဲ။
    တတိယ အကြိမ် မှာလဲ နှစ်ဖက် လုံး ဂိုးရပါတယ်။ ၂-၂ ပေါ့။
    စတုထ္တအကြိမ် မှာတော့ အီတလီ ဂိုးမရပါ။ ဘရာဇီး ဂိုး က ဝင်ပါတယ်။ ဒီတော့ ၂-၃ ဖြစ်သွားပါတယ်။
    နောက်ဆုံး အီတလီ အတွက် ဂိုး ကို ကျစ်ဆံမြီး မင်းသား အီတလီ ကို Final ရောက်အောင် ခေါ်လာသူ လို့ နာမယ်ကြီးတဲ့ “ဘက်ဂီယို” သွင်းပါ့မယ်။
    ကျွန်မ မြင်ကြည့်ပါတယ်။ တစ်ကွင်းလုံး အသံ တွေ တိတ်သွားမလား။ ဝမ်းနည်းစရာပါဘဲ။
    အဲဒီ ဂိုး ကလဲ လွဲသွားပါတယ်။
    ဒီတော့ ဘရာဇီး ဟာ နောက်ဆုံးဂိုးတောင် သွင်းစရာ မလိုဘဲ အနိုင်ရ ဗိုလ်စွဲ ခဲ့ပါတယ်။ ၃ ဂိုး- ၂ဂိုး ပေါ့။
    မျက်နှာ ငုံ့ ကာ ထိုင်ကျ နေတဲ့ “ဘက်ဂီယို” ရဲ့ ပုံ ကို နောက်နေ့ စာစောင် တွေနဲ့ သတင်းစာတွေမှာ မြင်ရပါတယ်။
    သူလဲ သူ့အသင်း၊ သူ့ နိုင်ငံ အတွက် အသေကြိုးစားခဲ့ တာ အထင်အရှားပါဘဲ။
    ဒါပေမဲ့လဲ The Best Team Win ပေါ့။
    ဘာဘဲဖြစ်ဖြစ် အဲဒီ အဖြစ်ကတော့ အီတလီ ဘော်လုံး လောက တင်မက ကမ္ဘာ သမိုင်းဝင် “ဂိုး အလွဲ” ဖြစ်ခဲ့ပါတယ်။
    ဝါသနာပါရင် http://news.bbc.co.uk/sport1/hi/football/internationals/8093926.stm မှာကြည့်လို့ ရပါတယ်။ ငါးမိနစ် ဝန်းကျင် မှာ တွေ့ပါမယ်။
    အခု တော့ သူလဲ အတော် အိုနေပြီ။ အမ် ……. ကိုယ်လဲ ဒီလို ဘဲ။ 🙁
    ————-

    အကြော် စုံ လို့ ကြားတာနဲ့ သွားရည်ကျ ချင်လာပြီ။
    ပုံလေး တွေ မြင်ချင်ပါဘိ။
    ဝိုင်းတော်သားများရေ – တောင်းဆိုပါတယ်။
    မျှော်နေပါတယ်။
    ———

    “စောင်းဆရာကြီး အင်းလေး ဦးမြင့်မောင်ရဲ့ ဇနီး ဒေါ်ခင်မေကိုယ်တိုင် မြန်မာ့ရိုးရာ စောင်းပညာကို အခြေခံကစပြီး တတ်ကျွမ်းတဲ့အထိ အခမဲ့ သင်ကြားပေးနေတယ်”
    ဆိုတဲ့ သတင်း ကတော့ ငွေ မပါရင် ဘာမှ မလုပ်ဘူး ဆိုတဲ့ လူတန်းစား များလာတဲ့ ဒီလို ခေတ်အခါကြီး မှာ ရှားပါးလှတဲ့ စေတနာပါဘဲ။
    သာဓု ခေါ်ပါတယ် ရှင်။
    ———

    “သတ္တိမရှိခြင်းသည် အဂတိလိုက်စားခြင်း ဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား”
    အဲဒီ သူ ပြောတဲ့ သတ္တိ ရဲ့ အဓိပ္ပါယ်အနက် ကို သိချင်စမ်းပါဘိတော့။
    ———-

    “ဦးအောင်သိန်းလင်းနှင့် တွေ့ဆုံခြင်း”
    (၁) နောက်ပြည်သူလူထုက အခွန်တုပ်တာတို့၊ နောက်ဝန်ဆောင်မှုလုပ်လို့ရတဲ့ ငွေတွေရှိတယ်။ အခွန်ကောက်လို့ရတဲ့ ငွေတွေရှိတယ်။
    (၂) အဲဒီပါတီဝင်လမ်းသူလမ်းသားတွေက သူတို့လုပ်အားနဲ့လုပ်ရတာကို ဂုဏ်ယူတဲ့အနေနဲ့ သူတို့ဘာသာသူတို့ ဆိုင်းဘုတ်လေးတပ်လိုက်တယ်။
    (၃) လမ်းတွေလုပ်ရမှာက ကျွန်တော့်တာဝန်ပဲလေ။ နောက်ပြည်သူလူထုရဲ့ ငွေနဲ့ ပြည်သူ လူထု အတွက် လမ်းလုပ်ပေးတာပဲဗျာ။

    ဖတ်ပြီး မူးသွားတယ်။
    မပြောတော့ဘူး။ တော်ကြာ စေတနာကို စော်ကားမိရင် မကောင်းဘူး။
    ———-

    ချိုပေါ့ကျ (၅) ကို စပြီး စောင့်နေပါပြီ။ 😉

  • windtalker

    March 7, 2012 at 9:18 pm

    မော်ဒယ်လေးတွေရဲ ့အကြောင်းမှန်သမျှ စုံစေ့နေအောင် သိနေပါတဲ့ အစ်ကိုကြီးရေ
    ရေးသားချက်တွေ ဟာ တစ်ပတ်ထက် တစ်ပတ် ပိုပိုကောင်းလာသဗျာ ။
    ဖတ်ပြီး ကျေနပ်မှု အပြည့်ပေးစွမ်းနိုင်စွမ်းရှိပါတယ် ။
    မန်းတလေးမှာနေတဲ့ ကျုပ်တောင် မသိရတဲ့ မန်းတလေးအကြောင်းလဲ ပါပါရဲ ့။
    နောင်လာမယ့် ပို ့စ်တွေ လဲ ဒီထက်မက ပိုကောင်းလာမှာ ကို ကြိုမျှော်နေပါကြောင်း ။

  • နေဝန်းနီ

    March 7, 2012 at 9:58 pm

    bလက်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ ….။ လာမယ်ဆိုလို့ သများကတော့ စောင့်လို့ ဟွန့် ခေါ်တော့ဖူး

  • surmi

    March 7, 2012 at 10:54 pm

    ဪ …..ကိုဘလက် ပျောက်ချက်သားကောင်းနေတာ ဂလိုကိုး …..။
    လက်ရာတွေစုံလိုက်တာ ၊ အရသာအမျိုးမျိုးပါတဲ.လက်ဘက်ရည်ဘဲဗျို. ……။
    ကဲ ကဲ ဆေးလိပ်လည်းတို ၊နေလည်းညို ပြီ ၊ ပြန်ခွင်.ပြုတော. ကိုဘလက်ရေ …………..။

  • padonmar

    March 8, 2012 at 6:14 am

    မြက်ရိုင်းကြီးတွေလှပါတယ်။
    ရောဘတ်တို ဘက်ဂီယိုကြီး ရှုံးကတည်းက ဘောပွဲမကြည့်တော့တာ။
    ဗုဒ္ဓဘာသာဝင်ဆိုလို့ စိတ်ဝင်စားတာပါ။ကီအာနူးရိဗ်စ လည်း ဗုဒ္ဓဘာသာဝင်လားလို့။
    သူကြီးအပြောအရဆိုရင်တော့ မဟာယာနတွေပဲလား။
    စောင်းပညာဒါန သာဓုပါ။
    လက်ပြတ်တာ မကြာခဏဖြစ်ပြီဆိုရင် အကာအကွယ်လုပ်ပေးဖို့ စက်ရုံပိုင်ရှင်မှာ တာဝန်ရှိပါတယ်။
    သံချပ် ကြိုဆိုပါတယ်၊
    ကျန်တာတော့ ကိုယ့်သမိုင်းကိုယ်ရေးကြပါလိမ့်မယ်။

    • kai

      March 8, 2012 at 7:03 am

      Baggio, formerly a Roman Catholic, practices Nichiren Buddhism and is a member of the Soka Gakkai International Buddhist organization.

      Nichiren Buddhism (日蓮系諸宗派: Nichiren-kei sho shūha) is a branch of Mahāyāna Buddhism based on the teachings of the 13th century Japanese monk Nichiren (1222–1282).

  • ငှက်ကလေး

    March 8, 2012 at 9:21 am

    မနက်စောစော လက်ဖက်ရည်တစ်ခွက် ဝင်သောက်ရင်း နံပြားနဲ့တို့စားသွားတယ်….

  • ကြောင်ကြီး

    March 8, 2012 at 9:27 am

    အဲဒီနေ့က ကျနော့်ကို ကောင်မလေးတယောက် မြင်းလုပ်တက်စီးသွားတယ်။ ကြောင်ကြီးခင်မျာ လျှာထွက်မတတ် ဟောဟဲဟောဟဲနဲ့…။

  • blackchaw

    March 8, 2012 at 11:26 am

    @ အံစာတုံး ;
    ကွန်းမန့်လေးအတွက် ကျေးဇူးပါ အံစာတုံးရေ။

    @ ဂီဂီ ;
    ညီလေးရေ။ ပေါက်ဖေါ် ဘယ်ပျောက်နေတာလဲဆိုတာ တော်ကြာသိရပါမယ်။
    ခုတလော အလုပ်များနေတာနဲ့ သူ့ ဆိုင်ဘက်မရောက်လို့
    မသိတာပါ။ ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ။ :mrgreen:

    @ ဦးဦးပါလေရာ ;
    လူဆိုတာဟာ အင်တာဗျူးကြည့်လိုက်ရင် အရည်အချင်းတွေပေါ်တယ်
    လို့ ပြောတာပါပဲ ကိုပါလေရာရေ။ :mrgreen:

    @ အရှုံးတွေနဲ့ ကျွန်တော် ;
    ဖုန်း ဘေလ် သတင်းကတော့ သေခြာပါတယ် ဗျာ။ ပြောဖို့သာ ပြင်ထားပါ။ :mrgreen:

  • blackchaw

    March 8, 2012 at 11:38 am

    @ ကိုပေါက် ;
    ကဲ ကိုပေါက်ရေ။ သူကြီးက ပြန်ဖြေထားပါပြီ။
    ဓါတ်ပုံသာ ပို့လိုက်ပေတော့ ဗျို့။ 😛

    @ kotun winlet ;
    ဖုန်းဆက်တာအတွက်ရော ကွန်းမန့်လေးအတွက်ပါ ကျေးဇူးတင်ပါတယ်ဗျာ။

    @ Mr. MarGa ;
    လဖက်ရည်ဆိုင်နာမည်က ချိုပေါ့ကျ လဖက်ရည်ဆိုင်ပါ ခင်ဗျာ။
    ခိုက်သွားတယ်ဆိုလို့ ဝမ်းသာပါတယ်ဗျာ။
    နောက်လည်း လာသောက်လှည့်ပါဦး။
    ဖိတ်ပါတယ်နော့။ :mrgreen:

    @ kai ;
    သူကြီး
    အိမ်က ကမ္ဘာပတ်စားပွဲလား
    ရုံးက ကမ္ဘာပတ်စားပွဲလားဗျ။
    အိမ်မှာပဲ ဖြစ်ဖို့များပါတယ်။ ရုံးမှာတော့ ဒီထက် သန့်သန့်ရှင်းရှင်းရှိမှာပါနော့။ :mrgreen:

  • inz@ghi

    March 8, 2012 at 11:46 am

    သဂျီးကို အိမ်မှာ ညစ်ညစ်ပတ်ပတ်နေတယ် လို့
    သမ သွားတာပဲ …အာဟိ …..
    😀

    ဇဂါးမစပ် ကီးဘုတ်ကြီး တယောက်ယောက် ဖြုတ်ယူသွားမှာစိုးလို့
    မော်နီတာနဲ့ ဖိထားတာလားဟင်င်င်င်
    😛

    • kai

      March 8, 2012 at 12:00 pm

      အိမ်ကပါ…
      ရုံးလား.. ဒီထက်ညစ်ပါတ်မယ်ထင်တယ်..။ :mrgreen:

      မျက်လုံးက.. တရက်၁၃နာရီလောက် ကွန်ပြူတာကြည့်နေတော့.. မမြင်ရတော့ဘူးလေ..
      တထွာလောက်ကပ်ကြည့်ရတယ်..။ 🙂
      အဲဒါနဲ့..မျက်နှာနားကပ်အောင်.. မော်နီတာကိုမြှင့်ပြီး.. ကီးဘုတ်ကို အောက်ထဲထည့်ထားတာ..။

      နည်းနည်းဇွန်းအောက်လိုက်ရင် မြင်တဲ့သူပက်လက်လန်သွားမှာစိုးလို့..
      စာရွက်စာအုပ်တွေ.. အပုံလိုက်..အပုံလိုက်…။ 😀

      စကားအတင်းစပ်..ကိုရင်ဘလက်ရေ..
      ကိုရင့်ပုံတွေထဲက.. ကောင်းကင်ပြာနဲ့.. မြန်မာ့အငွေ့ပါတာလေး တပုံလောက်ပို့ပါဦး..
      တကယ်က..မြက်ရိုင်းပုံတွေကြီုက်တာ..။ မြန်မာမဆန်လို့..။

      • Mr. MarGa

        March 10, 2012 at 10:53 am

        သူကြီးမျက်မှန် ပါဝါ ဘယ်လောက်လဲ
        နတ်ရေစင်နဲ့ ပါဝါ လျှော့ပေးမယ်လေ
        ညှိနှိုင်းဈေးပေါ့ ဘယ်လိုလဲ

        လေးစားစွာဖြင့်
        ဦးမာဃ (ခေတ္တ လူ့ပြည်)

  • blackchaw

    March 8, 2012 at 11:48 am

    @ Fatty Cat ;
    တွေ့တော့ တွေ့ကြမယ်ဗျာ။
    ကိုယ်တို့က ဘီယာတွေဘာတွေ သိတ်ကြိုက်လှတာ မဟုတ်ဘူးရယ်။
    :mrgreen:

    @ weiwei ;
    အမောပြေတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ဗျာ။
    နောက်တစ်ခါ ပေါ့စိမ့်လေး ဖျော်ခဲ့ပေးပါ့မယ်
    လဖက်ရည်ချိန်ရောက်ရင် လာသောက်လှည့်ပါဦး။ :mrgreen:

    @ MaMa ;
    ဘက်ဂီယိုကြီးကိုယ်တိုင်ကလည်း အဲဒီဆုကို လက်ခံရရှိခဲ့ဘူးသူပါ မမရေ။
    အဲဒါကြောင့် လက်ခံပေးထားရတာ ထင်ပါတယ်။

    @ Khin Latt ;
    မဒမ်ဘလက်ပါ ပါတယ် အစ်မလတ်ရေ။
    လဖက်ရည် ကြိုက်တယ်ဆိုလို့ ကျေးဇူးပါခင်ဗျာ။
    စကားအတင်းစပ်ပြီး သိချင်တာလေး မေးပါရစေ အစ်မရေ။
    အစ်မက အဆောင် ကျောင်းသူလား၊ ဒေးကျောင်းသူလား ။
    အဆောင်ကျောင်းသူဆိုရင် ဘယ်အဆောင်မှာ နေခဲ့တာလဲ ။
    ဟဲဟဲ အဲဒါလေး။ :mrgreen:

  • blackchaw

    March 8, 2012 at 11:54 am

    @ aye.kk ;
    ဟုတ်ကဲ့ပါ အစ်မရေ။
    ကြိုးစားပေးပါ့မယ် ခင်ဗျာ။

    @ pooch ;
    မယ်ပုချ် ရေ။
    ညည်းတင်မယ့် အမေစု ပွဲအကြောင်းတွေ စောင့်နေတာဗျ။
    :mrgreen:

    @ htet way ;
    ဆရာထက်ရေ။ ကျေးဇူးပါဗျာ။
    အိမ်မဲကိုလည်း လာဖြစ်အောင်လာခဲ့ပါဦးမယ်။ 🙂

    @ windtalker ;
    ကိုပေရေ။
    ကျေးဇူးပါဗျာ။
    အခြေအနေ ?
    အားလုံးကောင်းသွားပြီဆိုတာ သိနေတယ်လေ…။ :mrgreen:

    • windtalker

      March 8, 2012 at 12:00 pm

      ကောင်းသေးဘူးဗျ ၊ ထူးအိမ်သင် ရဲ ့သက်ငြိမ် ဆိုနေရတယ် ။ ဟီဟိ

    • pooch

      March 8, 2012 at 3:08 pm

      ကိုဘလက်ရေ အပျင်းထူနေလို့ ဘာဆို ဘာမှ ရေးချင်စိတ်မရှိဘူးဖြစ်နေတယ်။ပျင်းလွန်းလို့ ဖျင်းသွားပြီ ထင်ပါတယ်။ ဖတ်ရမဲ့ စာကြွေးတွေ လည်း
      တော်တော်လေး ပုံနေပြီ။ စာအုပ်စင် အောက်တကန့် ပြည့်နေလို့ ။ ဘယ်ဟာ အရင် ဖတ်ရင် ကောင်းမလဲ ကြည့်ကြည့်ပြီး အိပ်ပျော်ပျော်သွားတယ်။

      ကိုဘလက်ပေးတဲ့ စာအုပ်ကို မပြီးသေးဘူး။ 🙁

  • blackchaw

    March 8, 2012 at 12:03 pm

    @ နေဝန်းနီ ;
    ပြောရင်လည်း ခံရတော့မှာပဲ ကိုနေရေ။
    ပေးထားတဲ့ ဖုန်းနံပတ်က ဂျီတော့ခ် ထဲက ပြန်မကူးထားလိုက်မိဘူးဗျာ။
    တကယ်ပါ။ တပ်ကုန်းကို သွားဖို့ ကြံစည်ခဲ့ပါသေးတယ်။
    မဒမ်ဘလက်က ဖုန်းနံပတ်လည်းမပါ လိပ်စာလည်းမပါပဲနဲ့
    ဟိုရှာဒီရှာဖြစ်နေမယ်ဆိုတာနဲ့ လက်လျှော့လိုက်ရတာပါဗျာ။
    ဒီတစ်ခါကို ခွင့်လွှတ်ပေးပါ။
    ကိုထီးကြီး သီချင်းလိုတော့ ဟုတ်ပါဘူးဗျာ။
    ဒီတစ်ခါကို ခွင့်လွှတ်လိုက်ရင်လည်း နောင်တစ်ခါကို ကမ်းမတက်ပါဘူး
    ယုံပါနော် အစ်ကို နော်။ :mrgreen: :mrgreen: :mrgreen:

    @ surmi ;
    ဆေးလိပ်လည်းတို နေလည်းညိုပြီ
    ဆာမိ ပြန်ချင် ပြန်ပါတော့ ခင်ဗျာ။ :mrgreen:

    @ padonmar ;
    အစ်မရေ။ ကွန်းမန့်လေးအတွက် ကျေးဇူးပါခင်ဗျာ။
    အိမ်သာကြွေးလေး ကျန်သေးတယ်နော်။ မေ့နေမှာစိုးလို့။ :mrgreen:

    @ ငှက်ကလေး ;
    တော်သေးတာပေါ့။ ရှမ်းခေါက်ဆွဲမှာမစားသွားလို့။ :mrgreen:

    @ ကြောင်ကြီး ;
    မနေ့ကတော့ ကြောင်တစ်ကောင် ရွှေတိဂုံဘုရားပေါ်မှာတွေ့ခဲ့တယ်ဗျ။
    ကိုကြောင်ကြီးကိုတောင် သတိရနေသေးတယ်။ :mrgreen:

  • Novy

    March 8, 2012 at 2:18 pm

    ချိုပေါကျ ဆိုတော့ လက်ဘက်ရည် အကြောင်းလို့ ထင်လို့ မဖတ်မိဘူး
    ကိုယ်မှ လက်ဘက်ရည်မကြိုက်တာဆိုပြီးပေါ့
    ဒါပေမဲ့ မနေနိုင်လို့ ဝင်ပြီးသောက်လိုက်တော့
    အရမ်းကောင်းတဲ့ သတင်းရသစုံ ကို သောက်သုံးလိုက်ရတဲ့ အတွက်
    ငွေမကုန်ပဲ ပြည့်စုံသွားပါကြောင်း

  • Tin Tin

    March 8, 2012 at 2:50 pm

    ကိုဘလက်ရဲ့ စေတနာတွေအပြည့်နဲ့ ဖျော်ထားတဲ့ ချိုပေါ့ကျလေးကို သောက်သွားတယ်နော်..
    သတင်းစုံကို တထိုင်တည်းနဲ့အကုန်ဖတ်လိုက်ရလို့ ကျေးဇူးနော်..
    နောက်ထပ်ချိုပေါ့ကျ(၅) ကိုလည်းစောင့်နေမယ်နော်

  • yaungchikha

    March 8, 2012 at 5:53 pm

    သတင်းစုံအောင် ဖတ်လို့မလွယ်ဘူးလေ၊ အခုလို ဦးဘက်လက်ရေးပြလိုက်မှ သတင်းတွေ တစ်ထိုင်တည်း ဖတ်လိုက်ရတယ်၊ နောက်ထပ်လည်း ပေါ့ဆိမ့်၊ ချိုဆိမ့်၊ ဖန်ဆိမ့်၊ ကျောက်ပန်းတောင်း ပက်လက်လန်လေး တွေလည်း ရေးပေးပါဦးနော်၊

  • ခပ် KING ကင်း

    March 8, 2012 at 7:41 pm

    သင်ဇာဝင့်ကျော်လေးက တယ်ခက်တာပဲ
    အနေရခက်အောင် ပြောလိုက်ပြန်ပါပြီကွာ …. 😆
    ဝိုင်းဆုရဲ့
    ရှားပါးတဲ့ ယောကျင်္ားတွေကို ရွာထဲမှာတွေ့မြင်နိုင်ပါတယ် ….
    (ရွာသူများ ဗဟုသုတရစေရန်အလို့ငှာ ဝိုင်းဆုပြောသော ရှားပါးသောယောကျင်္ားများကတော့ ရွာထဲက ယောကျင်္ားစစ်စစ်ကလေးတွေပါပဲကွယ် .. ) 😛
    ကိုဘလက်ရေ ပေါ့စိမ့် တစ်ခွက် သောက်သွားပါတယ်ဗျို့ …
    နောက်တစ်ခါ သောက်ဖို့လည်း မျှော်လင့်လျှက်ပါ …

  • Diamond Key

    March 9, 2012 at 4:11 pm

    ၂သိန်းတန် အင်တာနက်ပါတဲ့ GSM ထွက်လာရင် ဝယ်ပြီး ညဖက်မှ တစ်ဝက်ဈေးနဲ့ မန့်မလို့ စောင့်နေတာ၊ မန္တလေးမှာ မရောင်းသေးဘူးဆိုလိုက် ဧပြီမှရောက်မယ် ရောင်းမယ်ဆိုလိုက် လုပ်နေလို့ ခုမစောင့်နိုင်တော့ပဲ မန့်ပြီဗျာ။ 😆
    လိမ္မာရေးခြားရှိလိုက်တဲ့ ကလေးမလေး ( ချစ်သူရည်းစားတောင် မရှိသေးတဲ့ ) ခလေးကို ဘယ့်နှယ် မန္တလေးသား ရာဇဝင်လူဆိုးကြီး ဗိုလ်စိန်သော့ ဆိုပြီး ဟိုလူကြီး စာနယ်ဇင်း ရှင်းသလို ပြောပြနေရတာလဲ ဘဘကြီးပြောသလို သတ္တိရှိပါ ခလေးရယ်။ 😛
    ဘာပြောပြောပါ ဒီတစ်ခါ မန္တလေးရောက်လာရင်တော့ ရွှေဗဟို အကြော်ဆိုင် မှာ လိုက်ကျွေးမယ်လေနှော်၊ ကိုချော မန္တလေးလာမယ့်ရက်ကို ၅၀၀ဝတန် ဖုန်း မျှော်သလို မျှော်နေမယ်။
    စိန်သော့
    :mrgreen:

  • kyeemite

    March 10, 2012 at 11:10 am

    ကြံ့ဖွတ်လုပ်ခဲ့သမျှ..အောင်သိန်းလင်းကဖေါ်ထုတ်လိုက်ခြင်းဖြစ်လို့
    အောင်သိန်းလင်းကိုကြံဖန်ကျေးဇူးတင်ရမယ် ဒေါ်ဘလက်ရေ..
    နိုင်ငံပစ္စည်းနဲ့အာဏာကို ပါတီအတွက်အလွဲသုံးစားလုပ်တာဖြစ်ဝင်ခံလိုက်တော့
    သမိုင်းမှတ်တမ်းဖြစ်သွားတာပေါ့..ကောင်းတယ်တော်ရေ့..

  • intro

    March 10, 2012 at 11:22 am

    မိုက်တယ်ဗျာ… ဒီပိုစ့်ကို ဝင်ဖတ်ရတာ… တကယ့်ကို လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြောနေသလိုပဲ… အားပေးသွားပါတယ် ကိုချောရေ့………….

  • Phaung Phaung

    March 10, 2012 at 1:31 pm

    ဦးဘလက်ရဲ့ ချိုပေါ့ကျကိုဖတ်နေကြပါ….သတင်းအလုံးစုံကိုသိရပါတယ်…ဗဟုသုတပေါ့
    ဦးအောင်သိန်းလင်းရဲ့ဖြေကြားချက်မှာ… လမ်းခင်းတာပြည်သူ့ရန်ပုံငွေနဲ့ဆိုတော့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်
    နေတာကိုများ သူရို့ပါတီတပ်ပြီး နာမည်ကောင်းယူနေသေးတယ်။ ဟွန့် အမေစုလွှတ်တော်ထဲရောက်မှ တွေ့မယ်….
    ဒီချုပ်အဖွဲ့တွေရောက်မှ ဒင်းတို့ခေါင်းမဖော်နိုင်မှာမြင်ယောင်သေး….
    အဆိုတော်အယ်ခွန်းရီကိုလည်း သာဓုခေါ်သွားပါတယ်
    ဒါနဲ့… ရန်အောင်နှင့်နတ်သမီးလေးများရှိုးပွဲရငွေတွေကိုရော ကိုရန်အောင်အနေနဲ့ဘယ်ကိုလှုဖို့အစီအစဉ်ရှိလဲ
    လို့ အင်တာဗျူးရင်ကောင်းမယ်နော်… အဟိ……….ဦးဘလက်သွားပြီး အင်တာဗျူးကြည့်ပါလားဟင်…
    ရန်အောင်ကတော့ သူငယ်လေးတွေမွေးကျွေးနေရတာနဲ့ လှုနိုင်ဘူးထင်ပါရဲ့… ဟုတ်လား … ဦးဘလက်

  • Phaung Phaung

    March 10, 2012 at 1:54 pm

    ဦးဘလက်ရဲ့ ချိုပေါ့ကျကိုသောက်နေကြပါ….သတင်းအလုံးစုံကိုသိရပါတယ်…ဗဟုသုတပေါ့
    ဦးအောင်သိန်းလင်းရဲ့ဖြေကြားချက်မှာ… လမ်းခင်းတာပြည်သူ့ရန်ပုံငွေနဲ့ဆိုတော့ ငါးကြင်းဆီနဲ့ငါးကြင်းကျော်
    နေတာကိုများ သူရို့ပါတီတပ်ပြီး နာမည်ကောင်းယူနေသေးတယ်။ ဟွန့် အမေစုလွှတ်တော်ထဲရောက်မှ တွေ့မယ်….
    ဒီချုပ်အဖွဲ့တွေရောက်မှ ဒင်းတို့ခေါင်းမဖော်နိုင်မှာမြင်ယောင်သေး….
    အဆိုတော်အယ်ခွန်းရီကိုလည်း သာဓုခေါ်သွားပါတယ်
    ဒါနဲ့… ရန်အောင်နှင့်နတ်သမီးလေးများရှိုးပွဲရငွေတွေကိုရော ကိုရန်အောင်အနေနဲ့ဘယ်ကိုလှုဖို့အစီအစဉ်ရှိလဲ
    လို့ အင်တာဗျူးရင်ကောင်းမယ်နော်… အဟိ……….ဦးဘလက်သွားပြီး အင်တာဗျူးကြည့်ပါလားဟင်…
    ရန်အောင်ကတော့ သူငယ်လေးတွေမွေးကျွေးနေရတာနဲ့ လှုနိုင်ဘူးထင်ပါရဲ့… ဟုတ်လား … ဦးဘလက်

  • unclegyi1974

    March 10, 2012 at 9:20 pm

    မောင်ချောတို့ကတော့လုပ်ချလို်က်ပြန်ပဟ
    ဘုရားတောင်အညတြရတဲ့

  • Khin Latt

    March 11, 2012 at 7:25 am

    ကိုဘချော ကျွန်မက အဆောင်မှာ နေချင်ခဲ့တဲ့ ဒေးကျောင်းသူပါ။
    မာလာ မှာတော့ သူငယ်ချင်း တွေ ရှိတယ်။
    တီးတိုင်း ငါး ကို မျှော်နေပါတယ်ရှင်။

  • kokothandar

    March 11, 2012 at 9:39 am

    ကိုအောင်သိန်းလင်း တို့ကတော့ မျက်နှာပြောင်ပါပေ့ဗျာ ပြည်သူငွေကို အစိုးရ ကဦးဆောင်စီမံရ မှာ
    ဖြစ်ပေမဲ့ ကျတ်ဖွတ် ပါတီက စီမံသုံးစွဲတော့ သူ့အိပ်ထဲ တစ်ဝက်လောက်ရောက် သွားပြီပေါ့
    ဒီလူဟာ သဘောထား သေးသိမ်သူလို့ သူနဲ့ ဆက်ဆံဘူးသူတိုင်း ကသတ်မှတ်ရသည်ထိ
    ကိုယ်ကျင့်တရားရော အပြောအဆိုပါ ညံ့ဖျင်းသူပါ အေးပါလေ သူ ကျတ်ဖွတ် ရန်ကုန်တိုင်း တာဝန်ခံ
    ဆိုတော့ သူ့အမြင်ကတ်တာနဲ့ N.L.D ဘက် မဲတွေပုံဝင်သွားမှာကိုမြင်ယောင်နေမိပါရဲ့
    နပိုလီယံ စကားလေး အတိုင်းဆိုရင် ရန်သူအမှားလုပ်နေရင် ကြည့်နေပါ တဲ့လေ
    လူလုပ်ပေါက်က ကျတ်ဖွတ်ဟာ လမ်းတခြမ်းခင်းပါတီ ပါလို့ ကြေငြာပေးသလို ဖြစ်နေပါရောလား

  • ကိုရင်စည်သူ

    March 12, 2012 at 9:49 pm

    ကိုဘလက်ချောရဲ့ ဝိုင်ကြီးပတ်ပတ်ဒူဝေဝေ လက်ဖက်ရည်ရေးနည်းကို
    သဘောကျ အတုယူနေမိပါတယ်ဗျာ…။
    သတင်းထူးတွေကို အတင်းဦးထားလို့..
    ကိုဘလက်ကို ကျောင်းဒကာတွေ စိတ်ခုနေဦးမယ်နော့… 😀 😀 😀
    အမျိုးသားတွေ အကြောင်း သိနေတဲ့ ဝိုင်းစုလေးကိုတော့
    ချုပ်ချုပ်.. မခြယ်ခြယ် လိုသလို အလျော့အတင်းရတဲ့
    ကိုရင်လေးစည်သူ ရွာထဲမှာရှိပါဒယ်လို့… ပြောပေးပါနော့… 😳 😳

Leave a Reply