ချို ပေါ့ ကျ (၆)

black chawMarch 21, 20123min42360

စိတ်ကို ကိုက်မယ့် ခြင်

ကိုယ်တို့နှစ်ယောက်ရဲ့အချစ် လန်းဆန်းမှုရှိရင်
အမုန်းများဝေးသွား ရင်ခုန်သံတွေရယ်
နှလုံးသားတေးသစ် ကြားလားဟေ့ချစ်သူ မဆုံးတဲ့တေးသွား
ဆိုနေမယ်ချစ်သီချင်းလေး… ချစ်သူလေး..

ကိုငှက်နဲ့ အောင်ရင်တို့ ကျားကျားခြင်းစုံတွဲဆိုခဲ့တဲ့ မဆုံးတဲ့သီချင်း ဆိုတဲ့ သီချင်းထဲက စာသားအချို့ပါ ကျောင်းဒကာ။
မျက်စိနောက်နေကြမှာစိုးလို့ ဝေ့မနေတော့ပါဘူး။ အဲဒီသီချင်းကိုရေးတဲ့လူက ကိုငှက်ရဲ့ သူငယ်ချင်း ကိုကြွက်နီပါ။ အဲဒီ ကိုကြွက်နီက ကိုငှက်တို့ ကျောင်းသားဘဝမှာ ဒရမ်မာတဲ့ နော်ဟေ့လူ ဘာမှတ်နေလဲ။ ထူးဆန်းတာက ရှားရှားပါးပါး ထူးအိမ်သင် သူငယ်ချင်းဖြစ်ပါလျက်နဲ့ ဒီသီချင်းတစ်ပုဒ်ထဲ ရေးပြီး ကျေနပ်နေတတ်ခဲ့သူပါ။ နောက်တော့ စာပေလောကထဲ ခြေစုံပစ်ဝင်ပြီး ဂျာနယ်အယ်ဒီတာဘဝ၊ မဂ္ဂဇင်းစာရေးဆရာဘဝနဲ့ အခုအချိန်ထိဖြတ်သန်းနေပါတယ်ဗျာ။ စာပေလောကထဲမှာကျတော့ သူ့ကလောင်နာမည်က သိမ်းတင်သားတဲ့။ ပုဆိုးတိုတို၊ ရှပ်အင်္ကျ ီ လက်တို၊ ဘေးမှာလွယ်အိတ်တစ်လုံးလွယ်ပြီး မုတ်ဆိတ်မွှေးဗရဗျစ်နဲ့ မသိရင် ကိုရင်စည်သူတို့ ဆရာ မင်းသိင်္ခကြီး ပုံစံမျိုးဖမ်းထားတဲ့ လူကြီးပေါ့။ အနုပညာသမားစစ်စစ်တစ်ယောက်ကို အရှင်လတ်လတ် ပြပါဆိုရင် အဲဒီလူကြီးကို လက်ဆွဲပြီး ပြလိုက်ပေတော့ဗျို့။ ကာလတစ်ခုမှာ ကျွန်တော်နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းခဲ့ဘူးတာပေါ့။ အခုတော့ မတွေ့တာတောင် အတော်ကြာနေခဲ့ပြီ။ ရေးရင်းနဲ့ လွမ်းတောင်လာတယ် ကိုကြွက်နီရေ။ အော် ဘဝဆိုတာကလည်း ကိုခင်ဝမ်းကြီးဆိုခဲ့တဲ့သီချင်းလို လမ်းတွေရဲ့ သယ်ဆောင်ရာနောက်ကို လိုက်နေကြရတာမျိုးဆိုတော့ သူလိုက်ပါစီးမျောနေတဲ့လမ်းနဲ့ ကိုယ်လိုက်ပါစီးမျောနေတဲ့လမ်းက ဆုံကြတဲ့အခါ ကြုံဖြစ်ကြတယ်ပေါ့ဗျာ။ လမ်းတွေ က မဆုံဖြစ်ကြတော့ ဘဝခရီးသည် ကျွန်တော်တို့တတွေလည်း မကြုံ ဖြစ်ကြဘူးပေ့ါ။ အော် ဆုံတဲ့အခါလည်း ကြုံကြတာပေါ့ ကျောင်းဒကာရာ။
ပြောချင်တာက အဲဒီ ကိုကြွက်နီ ခေါ် ဆရာသိမ်းတင်သားရဲ့ စာရေးဟန်ကို ကျွန်တော် စွဲစွဲလန်းလန်း နှစ်သက်ခဲ့ဘူး တဲ့အကြောင်းလေးပါ။ ကျွန်တော်နဲ့ အကြိုက်လာတူနေတာကတော့ ကျွန်တော်တို့ရွာသား ကိုလင်းဝေကြီးပါဗျာ။ သူကလည်း ဆရာသိမ်းတင်သားရဲ့ စာရေးဟန်ကို နှစ်သက်ပါသတဲ့။ ဒါကတော့ တိုက်ဆိုင်လို့ ကြော်ငြာဝင်လိုက်တဲ့သဘောပါ။ အရင်က ကိုငြိမ်းအေး တို့ခေတ် မော်ဒန်သရဖူနဲ့ ဆရာမ သွန်းနှင်းအိမ်တို့ ၊ ဆရာမသင်းသင်းသာတို့ခေတ် မဟေသီမဂ္ဂဇင်းတွေမှာ ဆရာသိမ်းတင်သားက ပင်တိုင်ရေးခဲ့ဘူးပါတယ်။
အခု ကျွန်တော်ရေးနေတဲ့ ချို ပေါ့ ကျ ရေးဟန်တွေက ကိုသိမ်းတင်သားရဲ့ လွှမ်းမိုးမှုကိုခံထားရတယ် ဆိုတာလေးလည်း ဝန်ခံထားချင်ပါတယ်။ မတော် ခိုးချပါတယ်လို့ လာစွတ်စွဲနေမှ စာသူခိုးဖြစ်နေမှာစိုးလို့ ကြိုကာထားရ တာပါဗျာ။ ယုတ်စွအဆုံး။ ကျွန်တော် စွဲစွဲမြဲမြဲ သုံးနေတဲ့ ကျောင်းဒကာ ဆိုတာတောင် ကိုသိမ်းတင်သားရဲ့ အသုံးအနှုန်းတစ်ခုပါ။ ကျွန်တော်လည်း ကိုယ့်ဟာကိုယ် ထွင်ပြီး သုံးခဲ့ဘူးပါတယ်။ မကုလားမလို့။ အဲဒီမကုလားမလို့ သုံးလိုက်တဲ့ ပို့စ်ကစပြီး ပေါက်ဖေါ်က ကွန်းမန့်ပေးတိုင်း ကျွန်တော့်ကို မကုလားမရေ လို့ခေါ်ခေါ်နေတတ်လို့ နောက်ပိုင်း မကုလားမ ကို မသုံးရဲတော့ဘူးဗျ။ ဒါပေမယ့် ကျောင်းဒကာဆိုတဲ့ အသုံးအနှုန်းလောက် စီးစီးပိုင်ပိုင် မရှိတာကြောင့် ကျောင်းဒကာလို့ပဲ သုံးဖြစ်ပါတယ်ဗျာ။ ကဲကြည့် စကားတွေက လျှောက်ဝေ့နေပြီ။
အဲဒီ ဆရာသိမ်းတင်သားက ကျွန်တော်အခုအထိစိတ်ထဲစွဲနေအောင် ရေးခဲ့တဲ့ အကြောင်းအရာလေး တစ်ခု ရှိခဲ့ပါတယ်ဗျာ။ အတိအကျတော့ မမှတ်မိတော့ဘူးဗျာ။ ခြင် အကြောင်းလေးပါ။ ကိုသိမ်းတင်သားရေးတဲ့ ခြင် နဲ့တော့ တူမှာမဟုတ်ပေမယ့် သည်းခံဖတ်ပေးဗျာ။ အဲဒီ ခြင်အကြောင်းလေး ဘလက်ချော ဗားရှင်းအနေနဲ့ အခုစရေးတော့မယ်။ ဘာ… အခုမှ စမယ် ဟုတ်စ လို့တော့ ဒေါမပွပါနဲ့ ကျောင်းဒကာ။ အင်ထရိုဒတ်ရှင်းဆိုတဲ့ နိဒါဏ်းချီတယ်ဆိုတာကလည်း အရေးကြီးတယ်ဆိုတာ ခင်ဗျားလည်း အသိသားနဲ့။ ကဲပါဗျာ အခု အင်ထရိုဒတ်ရှင်း ပြီးပါပြီ။

အခုတလော ခြင်တွေ တအားပေါနေပါတယ် ကျောင်းဒကာ။ ခြင်သိတ်အကိုက်မခံနဲ့ဗျ။ ရောဂါရမယ်။ လွယ်ပါတယ်ဗျာ။ ဂေါ်ဇီလာ၊ ကင်းကောင်၊ ဂျမ်ဘို ခင်ဗျားကြိုက်ရာသုံးစမ်းပါ။ ခြင်ဆေးခွေတွေကလည်း ပေါမှပေါ။ ခြင်ဆိုတာကို ပြတိုက်မှာ သွားကြည့်ရမယ်ဆိုတဲ့ ခြင်ဆေးခွေတောင် ရှိသေး ဟေးဟေး။ ကောင်းပါပြီ။ ကိုယ်ခန္ဓာကိုကိုက်တဲ့ခြင်တွေကို ခြင်ဆေးခွေထွန်းပြီး ကာကွယ်ထားလို့ရပေမယ့် စိတ်ကိုကိုက်မယ့်ခြင် တွေကို ဘာနဲ့ကာကွယ်ကြမလဲဗျာ။ ခြင်ထောင်ကောင်းကောင်းဝယ်ပြီး ဝင်ထိုင်နေမှ လွတ်မယ့်အပေါက်မျိုးဗျ ကျောင်းဒကာရ။ ဒီအတိုင်းဆို ခြင်ထောင်တွေတော့ ဈေးတက်ဦးမှာ မြင်ယောင်သေး။ ကိုပါလေရာကြီးရေ၊ သိမ်ကြီးဈေးမှာ ရှိသမျှ ခြင်ထောင်တွေ အကုန်သာသိမ်းကြုံးဝယ်ထားလိုက်ဗျာ။ ဗီးရှင်းအရေးကြီးတယ်ဆိုတာ အဲဒါကိုပြောတာနေမှာ။
ဘယ်လောက်ပဲ သတိထားထား လွတ်တာနဲ့ ဝင်ကိုက်မယ့် ခြင်တွေက အများသား။
တစ်ခါတစ်ခါများ ကိုယ်ကိုယ်တိုင်က ခြင်တစ်ကောင်ပြန်ဖြစ်နေတတ်ပြန်တယ်ဗျာ။ ကိုယ့် အပြုအမူ အပြောအဆိုလေးတစ်ခုက တစ်ခြားတစ်ယောက်စိတ်မှာ အနှောက်အယှက်ဖြစ်သွားခဲ့ရင် ကိုယ်ကလည်း စိတ်ကို ကိုက်တဲ့ ခြင်တစ်ကောင်ဖြစ်သွားပြန်ရော။ သတိထားပါကျောင်းဒကာ။ ကိုယ်က ခြင်တစ်ကောင်ပြန်ဖြစ်သွားရင် ဂေါ်ဇီလာနဲ့တူတဲ့ ခြင်ဆေးတွေနဲ့ မတွေ့အောင်ရှောင်ပေါ့ဗျာ။ ကင်းကောင်တို့ ဂျမ်ဘိုတို့ကိုလည်း သတိထားဦးဗျ။ ကိုယ်က ကိုက်ရတာ အမြတ်ပဲဆိုပြီး မျက်စိစုံမှိတ် လိုက်ကိုက်နေရင်တော့ သေချာတယ်။ မကြာခင် ခြင်ဆေးခွေနဲ့ နှိမ်နင်းသလို နှိမ်နင်း ခံရတော့မယ်ဆိုတာလေးလည်း ထည့် တွေးထားပေါ့။ သတိလေးနဲ့ ကိုက်ဗျ။
နိဂုဏ်းချုပ်ကြပါစို့။
ခင်ဗျား စိတ်ကိုကိုက်မယ့် ခြင်တွေရန်က ကာကွယ်ပါ။ မတော် စိတ်ငှက်ဖျားဖြစ်နေမှ စိတ်ဒေါက်တာတွေဆီသွားနေရရင် စိတ်ပိုက်ဆံတွေ ကုန်နေမှာစိုးလို့ပြောတာပါ။
အကောင်းဆုံးကတော့ ခြင်ထောင်ကောင်းကောင်းတစ်လုံးဝယ်ထောင်ပြီး ဝင်ထိုင်နေဗျာ။ အေးရာအေးကြောင်းပေါ့။
ခင်ဗျားကိုယ်တိုင်လည်း ခြင်တစ်ကောင်မဖြစ်အောင်နေပါ။ တကယ်လို့ ခင်ဗျားကိုယ်တိုင်က ခြင်တစ်ကောင်ဖြစ်နေခဲ့မယ် ဆိုရင်တော့ …။ ဟေးဟေး…။
ကဲ ရွာစားရေ။ ခြင်ထောင်ထဲကို အရောက်ပို့ဗျာ…။

ဇာတ်မင်းသားလေး စွမ်းဇာနည် အတိုင်ခံရပြီ (First Music News)

ဧရာဝတီတိုင်းဒေသကြီး ဇာတ်ကန်ထရိုက်ဦးဝင်းဦး က ဇာတ်မင်းသားလေးစွမ်းဇာနည်ကို မကျေနပ်လို့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) ကို တိုင်စာပို့လိုက်ပါသတဲ့ ။ ဖြစ်စဉ်လေးက ဒီလိုတဲ့ဗျာ။ မြောင်းမြမြို့နယ် သမိုင်းဝင်ကျိုက်မောင်းပွဲတော်ကြီးမှာ ကပြဖို့အတွက် ဇာတ်မင်းသားလေးစွမ်းဇာနည်ကို တစ်ည ကျပ်သိန်းလေးဆယ်နှုန်းနဲ့ သုံးညစာ သိန်း ၁၂ဝ နဲ့ ဦးဝင်းဦးက ကန်ထရိုက်ဆွဲပါသတဲ့။ နည်းတဲ့ပိုက်ဆံတွေလားဗျာ။ အေးလေ သူ့အရပ်နဲ့ သူ့ဇာတ် အားပေးတဲ့လူတွေရှိလို့လည်း ငှားရဲတာနေမှာပေါ့။ ဦးဝင်းဦးရဲ့စကားတစ်ချို့ကို ဖတ်ကြည့်ပါဗျာ။

“ဒီနေရာမှာ ဖြတ်ပြောချင်တာက အဲဒီသမိုင်းဝင် ကျိုက်မောင်းဘုရားပွဲတော်ရုံနဲ့ မြောင်းမြမြို့ဟာ ၁ဝ မိုင်ကျော်ဝေးပါတယ်။ မင်းသားက ဇာတ်ရုံမှာ မအိပ်နိုင်ဘူး။ မြောင်းမြမြို့ပေါ်က ဟိုတယ်မှာပဲ အိပ်မယ်ဆိုလို့ ကျွန်တော်တို့လိုက်လျောခဲ့ပါတယ်။ စကပြမယ့်ညမှာ နယ်မြို့ဆိုတော့ ကားအကောင်းစားလည်းသိတ်မရှိဘူး။ လိုက်ထရပ်နဲ့သွားကြိုတော့ ဒီကားမစီးနိုင်ဘူး။ မှန်လုံကားနဲ့လာခေါ်မှလိုက်မယ်ဆိုလို့ မှန်လုံကားကိုရှာငှားပြီး မင်းသားစိတ်တိုင်းကျအောင် ကျွန်တော်တို့လိုက်လျောခဲ့ပါတယ်။ ၃ ညအတွက် သိန်း ၁၂ဝ ကို ဒုတိယမြောက် ည ကမယ့်နေ့မှာ အကြေတောင်းပါတယ်။ ကျွန်တော်တို့လည်း အကြေပေးလိုက်ပါတယ်။ ဒါပေမယ့် နောက်ဆုံးည ကမယ့်အချိန်မှာ စတိတ်ရှိုးထွက်ပြီး သီချင်းငါးပုဒ်ပဲဆိုတယ်။ ဘယ်သူ့မှလည်း အကြောင်းမကြားဘဲ နဲ့ ပြန်သွားတယ်။ ပရိသတ်ကတော့ စွမ်းဇာနည်ထွက်နိုးထွက်နိုးနဲ့ နောက်ဆုံး စွမ်းဇာနည်ထွက်နိုးထွက်နိုးနဲ့ နောက်ဆုံး စွမ်းဇာနည်ပြန်သွားပြီလည်းဆိုရော ပရိသတ်တွေက အကြီးအကျယ် ပြသနာရှာပြီး ထပြန်ကုန်ကြတယ်။ ကျွန်တော်တို့ ကန်ထရိုက်တွေဆိုတာ ပရိသတ်ကို ဥပေက္ခာပြုကျောခိုင်းခဲ့တဲ့ စွမ်းဇာနည်ရဲ့ အဲဒီလုပ်ရပ်ကို အကြီးအကျယ်ဖြေရှင်းခဲ့ရတယ်။ ကျွန်တော်တို့ ၃ ညစလုံးမှာလည်း စတိတ်ရှိုးသီချင်းငါးပုဒ်ဆိုတယ်။ နှစ်ပါးကတာနှစ်ညပဲရှိတယ်။ ပြဇာတ်၊ အော်ပရာ လုံးဝမကဘူး။ ငွေအကြေချေပြီးလို့ နောက်ဆုံးညမှာတော့ သီချင်းပဲဆိုပြပြီး သူ့သဘောနဲ့သူပြန်သွားတယ်။ ဒီအတွက် တောသူတောင်သားပရိသတ်တွေက မရှိမဲ့ရှိမဲ့ စုဆောင်းပြီး ကြည့်ရှုအားပေးခဲ့တာကို စော်ကားလိုက်တာ ကျွန်တော်တို့ ကန်ထရိုက်တွေကို စော်ကားလိုက်တဲ့လုပ်ရပ်လို့ ကျွန်တော် ဒီလိုခံစားလိုက်ရတယ်။ ငွေကြေးထိခိုက်ဆုံးရှုံးတာက ပြန်ရှာလို့ရပေမယ့် ကျွန်တော့်ရဲ့ ဇာတ်ပွဲကန်ထရိုက်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ အလုပ်ကို ရိုက်ချိုးဖျက်ဆီးလိုက်တဲ့ စွမ်းဇာနည်ရဲ့ အခုလို လုပ်ရပ်မျိုးကိုတော့ ကျွန်တော် လုံးဝလက်မခံနိုင်ဘူး။ ဒါကြောင့်လည်း ရန်ကုန်တက်လာပြီး သဘင်အစည်းအရုံးက သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ကိုင်တွယ်ဖြေရှင်းပေးဖို့ တိုင်ကြားခဲ့တာပါ။”

သီချင်းငါးပုဒ်ပဲဆိုပြီး သိန်းလေးဆယ်ယူသွားတယ်ဆိုတော့ စွမ်းဇာနည်ရဲ့ သီချင်းတစ်ပုဒ်ဆိုခက လေးဖြူထက်တောင် ဈေးကြီးနေပါရောလား။ သီချင်းတစ်ပုဒ်ကို ရှစ်သိန်း…။ အော် အောင်မြင်လာရင် အောက်ခြေလွတ်ပြီး အချိန်မတန်ခင် ကျဆုံးသွားကြတဲ့ အနုပညာသမားတစ်ချို့ကို သင်ခန်းစာယူတတ်မှ အောင်မြင်မှုကို ကြာရှည်ထိန်းနိုင်မယ်ဆိုတာလေး မျိုးဆက်သစ်အနုပညာရှင်လေးတွေ နားလည်သင့်ပါတယ်ဗျာ။ အခု သတင်းလေး ကတော့ ကန်ထရိုက်က တိုင်ထားတာလေးနဲ့ သူ့ဘက်က ပြောချင်တာလေးတွေကို ပြောထားတာဆိုတော့ ဇာတ်မင်းသားလေး စွမ်းဇာနည်ဘက်က ဘာပြန်ပြောမလဲဆိုတာလေး စောင့်ကြည့်ကြရအောင်ပါဗျာ။

ဂျူး ပိုင်ဆိုင်တဲ့ နေ့စွဲများ (First Music News)

ဂျူး ဆိုတဲ့ နာမည်တွေ့လိုက်တာနဲ့ အမှတ်တရ ရေးခဲ့တဲ့ ဆရာမ ဂျူးကို သတိရသွားမယ်ဆိုတာ ကျွန်တော်ရိပ်မိပါတယ်။ အခု ကျွန်တော် ပြောပြမယ့် ဂျူးကတော့ အဆိုရှင်ကောင်မလေး ဂျူးရဲ့ စီးရီးမိတ်ဆက်ပွဲ ကျင်းပတဲ့ အကြောင်းလေးပါ။ ကလေးမလေးကိုယ်စား ဆရာမ ဂျူးကိုတောင် မျက်နှာပူနေမိပါတယ်။ နာမည် ဒီလောက်ရှားသလား သမီးလေးရေ။ ပြောမယ့်သာပြောရတာ ဒီကလေးမလေးကလည်း ခေသူတော့မဟုတ်ဘူးခင်ဗျ။ ဂျေမီနဲ့တွဲဆိုထားတဲ့ သီချင်းလေးတစ်ပုဒ်ကိုတောင် ကျွန်တော် ကြိတ်ခိုက်ခဲ့ဘူးပါတယ်။

မင်းနဲ့ငါ တွေ့ဆုံချိန်မှာ ဂရုစိုက်ပေါ့ နင်ငါ့ကို
ရင်ခွင်ထဲ အကြင်နာတွေနဲ့ အချိန်ကုန်ဆုံးချင်တယ်ဟေး
ဘာမှမသိတော့ဘူး ငါ့ ဦးနှောက်ထဲမှာ မင်းပဲရှိလို့…….

ဂန္တဝင်အချစ် ဆိုတဲ့ ဟစ်ပ်ဟော့ပ် သီချင်းလေးပါ ကျောင်းဒကာ။ အနေမတတ် အထိုင်မတတ်တဲ့ ဘလက်ချောက ရောက်နေတဲ့ အသက်အရွယ်ကိုမှ အားမနာ(ရင့်ကျက်မှုနည်းတာလည်းပါမှာပါဗျာ)၊ အဲဒီသီချင်းကို လွှတ်ကြိုက်ခဲ့ဘူးတာပေါ့။
သီချင်းတစ်ပုဒ်လောက်ပေါက်ရင် လူဖြစ်တဲ့ ခေတ်ကြီးထဲမှာ အဲဒီ ဂျူး ဆိုတဲ့ကောင်မလေးက စီးရီးတစ်ခွေထွက်ပါတယ်တဲ့။ အခွေနာမည်က နေ့စွဲများတဲ့။ တေးရေးတွေက မင်းချစ်သူ၊ စိုးလင်း၊ Rခိုင်၊ ရဲလေး၊ စံပီး၊ ယုန်လေး၊ သိန်းလင်းစိုး၊ သားကြီး၊ အာကာတို့ ဖြစ်ပါတယ်တဲ့။ ကဲ ဂျူးရဲ့ နေ့စွဲများကို နားထောင်ကြည့်ကြပါစို့…။ မူရင်းကိုဝယ်ပါ ကျောင်းဒကာ၊ မူရင်းကိုသာ အားပေးပါဗျာ။

ချောရတနာ ရဲ့ Facebook ပေါ်က ဓါတ်ပုံ ကိစ္စ (The First)

မေးတဲ့လူက မေးပြီး ဖြေတဲ့လူက ဖြေပါတယ် ကျောင်းဒကာ။ နည်းနည်း ဖတ်ကြည့်ဗျာ။

မကြာခဏ နယ်ကိုသီချင်းသွားဆိုရတော့ နယ်ပရိသတ်နဲ့ ဆက်ဆံရေး သူတို့ဆီက ဘယ်လိုအတွေ့အကြုံရလဲ။
ချောက ဖားကန့်ဘက်သွားတာ ဒါနဲ့ဆို (၃) ခေါက်ရှိသွားပြီ။ အဲဒီကလူတွေကလေ အရမ်းကိုခင်ဖို့ကောင်းတယ်။ တချို့ကျောက်သမားတွေဆို သူတို့ လူစိမ်းကိုရှိန်ပေမယ့် ပွင့်ပွင့်လင်းလင်းနဲ့ အရမ်းပျော်ဖို့ကောင်းတယ်။ မင်းသမီးတွေဆို ဘာပဲဆိုဆို အားပေးတာပဲ။ သရုပ်ဆောင်တွေဆိုပြီးရောပဲ။

တော်တော် ခင်စရာကောင်းတဲ့လူတွေပါ ကျောင်းဒကာ။ မင်းသမီးတွေသာဖြစ်ပါစေ၊ ဘာပဲဆိုဆို အားပေးတာပဲတဲ့။ သရုပ်ဆောင်တွေဆိုပြီးရောတဲ့။ အနုပညာကို တော်တော် ခံစားတတ်မယ့်လူတွေဗျ ဟေးဟေး။ ဖလန်းဖလန်းဆိုရင် လာထားဆိုတဲ့လူမျိုးတွေပေါ့။ အေးလေ ဒါကြောင့်လည်း ခင်စရာကောင်းတာနေမှာပေါ့။ ဟုတ်ဘူးလား။
မေးတဲ့လူက အရေးကြီးတဲ့ မေးခွန်းမြားတစ်စင်းကို ပစ်လွှတ်ပြန်ပါတယ် ကျောင်းဒကာ။ ခဏလေး ဖတ်ကြည့်ပေးပါ။

တလောကဆို Facebook ပေါ်က ဓါတ်ပုံကိစ္စနဲ့ ပတ်သက်ပြီး ဘောလုံးအဖွဲ့ချုပ်ဦးဇော်ဇော်ကလည်း ဂျာနယ်တွေပေါ်မှာ ဖြေရှင်းထားတာ တွေ့ရတယ်။ ချောတို့ အနုပညာသမားတွေဘက်ကရော ဒီကိစ္စကို ဘယ်လိုမြင်လဲ။

ချောရတနာလေးရဲ့ အဖြေက ဒီလိုပါဗျာ။

ချောတို့ကို အဲဒီတုန်းက မှတ်မှတ်ရရ ဒိုင်းဆုရလို့ဆိုပြီးဖိတ်လို့ ပျော်ပျော်ရွှင်ရွှင်သွားကြတာ။ ချောတို့အရမ်းတောင် ပင်ပန်းတယ်။ အဲဒီရက်ကိုလိုက်ရတာလေ။ ဒါပေမယ့် ဒင်နာပွဲမှာ လူအများကြီး ရှိတယ်။ အဲဒီမှာဖျော်ဖြေတာ။ လူနည်းနည်းလေးနဲ့ ဖျော်ဖြေတာမဟုတ်ဘူး။ Pool Side မှာ ဖျော်ဖြေခဲ့တာ။ အစ်မတို့ကတော့ ကိုယ့်အနေနဲ့ မဖြေရှင်းတော့ဘူး။ ကို်ယ်တိုင်ကိုယ့်ကိုယ်ကို ယုံကြည်တယ်။ ဖြေရှင်းဖို့လည်း မလိုပါဘူး။ ဒါတွေက အနုပညာသမားဆိုရင် မကောင်းပြောတဲ့သူကလည်း မကောင်းပြောဖို့စောင့်ကြည့်နေတာပဲလေ။ ကိုယ်က အနုပညာသမားဆိုတော့ ဒီလောက်တော့ ရှိမှာပဲလို့ တွေးလိုက်တယ်။ အဲဒါကြီးကို ခေါင်းထဲထည့်မနေတော့ဘူး။ ဦးဇော် တို့ဆိုလည်း စိတ်မကောင်းကြဘူး။ သူတို့က မိသားစုရှိတော့လေ။ ဒါပေမယ့် ဦးဇော်ရဲ့ အမျိုးသမီးရော၊ ဆရာစိုင်း အမျိုးသမီးရော သူတို့က နားလည်ပြီးသားပါ။ သူတို့တွေလည်း အကုန်ပါတယ်လေ။
အစ်မကတော့ ဗုဒ္ဓဘာသာအနေနဲ့ ပြောရရင် ဒါက အခုလို ပြောခံရတာ ကိုယ့်ရဲ့ အကုသိုလ်ပဲလို့ သဘောထားတယ်။ အခုလို ပြောတဲ့သူတွေလည်း တစ်ချိန်ကျရင် အစ်မတို့လိုပဲ ပြန်ပြီးခံစားရလိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီတော့ထပ်ပြီး အကုသိုလ် မယူတော့ပါဘူး။

ကဲ Facebook ပေါ်က ဦးဇော်ဇော် တို့ ဓါတ်ပုံတွေနဲ့ ပတ်သက်လို့ ပြောရဲတဲ့လူရှိရင် ပြောကြစမ်းဘာ။ ဝဋ်လည်မယ် ဘာမှတ်နေလဲ..။ အနေအထိုင်ဆင်ခြင်ကြပါစို့ ကျောင်းဒကာနဲ့ ကျောင်းအစ်မတို့ရေ။ မတော် Facebook ပေါ်က နိုဇိုမိနှင့် သူ၏ အသည်းလေးများဆိုတဲ့ ပုံမျိုးတွေ တက်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲနော့။ နိုဇိုမိကြီးကလည်း နေတာထိုင်တာ ဆင်ခြင်ပါဗျာ။

အနုပညာလောကကို ခေါင်းလောင်းတီးပြီး ဝင်လာတဲ့ ကျော်ဟိန်းတပည့် ဒေဝီဆူးခက် (အလင်းတန်း)

ရွာတော်ရှင်ဘွားဆူးနဲ့ အမျိုးများတော်နေသလား မဆိုနိုင်ပေဘူးပေါ့ ကျောင်းဒကာ။ နာမည်လေးက ဒေဝီဆူးခက်တဲ့။
အရုဏ်သစ် ရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးကို တည်ထောင်ပြီး အဓိက သရုပ်ဆောင်အဖြစ်နဲ့ အဆင့်မြင့် ဒီဗီဒီ ဇာတ်ကားသုံးကား ဆက်တိုက်ရိုက်ကူးသွားမယ့် သရုပ်ဆောင်သစ် ဒေဝီဆူးခက် ရဲ့ ဇာတ်ကားများ ကန်တော့ပွဲပေး အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ မနက် ၉ နာရီက ကုန်သည်ကြီးများဟိုတယ် မှာ ကျင်းပခဲ့ပါတယ်တဲ့။ သရုပ်ဆောင်သစ် ဒေဝီဆူးခက်က ကန်တော့ပွဲပေးအခမ်းအနားခန်းမထဲကို ခေါင်းလောင်းတီး ဝင်ရောက်လာပြီး ကိုယ်တိုင်ပဲ မိတ်ဆက်စကားပြောကြားခဲ့ပါတယ်တဲ့။

ကျွန်မနာမည် ဒေဝီဆူးခက်ပါ။ အခုကန်တော့ပွဲပေးမယ့် သုံးကားစလုံးမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်သွားမှာပါ။ ဒီသုံးကားစလုံးရဲ့ ပရိုဂျူဆာကလည်း ကျွန်မပါပဲ။ ဘာလို့ကိုယ့်ဟာနဲ့ကိုယ် ထုတ်ရိုက်ရတာလဲ ဆိုတာ့ ကျွန်မရဲ့ ပုံစံကို အပြင်ပန်းကနေကြည့်ရင် မင်းသမီးတစ်ယောက်လို့ မြင်ကြမှာမဟုတ်ဘူး။ အဲဒီအတွက်ကြောင့်မို့လို့ မိဘတွေဆီက မျက်ရည်ခံထိုးအသနားခံတောင်းပြီးတော့မှ ကိုယ့်ဘာသာ ကိုယ် ထုတ်ရိုက်ရတာပါ။ အဲဒီအတွက်ကြောင့် ကြွရောက်လာတဲ့ လူကြီးမင်းများအားလုံးက မိဘရဲ့ပိုက်ဆံကို ဖြုန်းတော့မယ့်ကောင်မလေးလို့ မြင်နေကြမလား မသိဘူးပေါ့နော်။ အဲဒီရည်ရွယ်ချက် ကျွန်မဆီမှာ လုံးဝမရှိပါဘူး။ မိဘပိုက်ဆံကို ဖြုန်းဖို့အတွက် ဒီလိုပွဲကိုလုပ်တာ၊ ဇာတ်ကားတွေကို ထုတ်ရိုက်တာမဟုတ်ဘူး။ ကျွန်မကိုယ်တိုင်က သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်တာ။ ဘယ်လောက်အထိဖြစ်ချင်သလဲဆိုရင် ကျွန်မ ၂ နှစ်လောက် ပရိုဂရမ်မာအဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီ ၂ နှစ်အတွင်းမှာ ကျွန်မအတွက် ငရဲကျနေတဲ့ ကာလပါပဲ။ ဘာဖြစ်လို့လဲ၊ ကိုယ်ဝါသနာမပါတဲ့အလုပ်ကို လုပ်နေရလို့ ပါပဲ။

အော် ပရိုဂရမ်မာ ၂ နှစ်လောက်ခဲ့ဘူးပါတယ်တဲ့။ ငရဲကျနေသလိုပဲတဲ့။ နှမြောထှာ။ ဂီဂီ လေးတို့လို မြေတောင်မြှောက်ပေးမယ့် ပုဂ္ဂိုလ်လေးတွေနဲ့ ကြုံခွင့်မရခဲ့လို့ မပျော်ခဲ့တာဖြစ်မယ်ဗျ ကျောင်းဒကာ။ အခုတော့ ပရိုဂရမ်မာလောကအတွက် ပရိုဂရမ်မာကောင်းတစ်ယောက်တော့ ဆုံးရှုံးခဲ့ပြီပေါ့ဗျာ။

ကျော်ဟိန်းရဲ့ အိုက်တင်မျိုး၊ ကျော်ဟိန်းရဲ့ လမ်းစဉ်မျိုး လိုက်မှာမဟုတ်ဘဲ သူ့ရဲ့ တပည့်တစ်ယောက်အနေနဲ့ ကျော်ဟိန်းစိတ်မျိုးနဲ့ သရုပ်ဆောင်လောကထဲမှာ ရပ်တည်သွားမယ်။

အော် ကျော်ဟိန်း ကျော်ဟိန်း၊ သရုပ်ဆောင်လောကမှာမရှိတော့တာတောင် ကျော်ဟိန်းတပည့်လို့ အော်ပြီးဝင်လာတဲ့ တပည့်လေးတွေရှိနေသေးဗျာ။ ကဲ ဒေဝီဆူးခက် တစ်ယောက် အကယ်ဒမီ တွေအကြိမ်ကြိမ်ရပြီး အောင်မြင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ အဲ..အဲ…။ ကျော်ဟိန်းကြီးလိုတော့ သာသနာ့ဘောင်ဝင်မသွားနဲ့ ပေါ့ ဒေဝီဆူးခက်ရယ်။

ရဲလေး ရဲ့ ရူးသွပ်ခြင်းပင်လယ် (အလင်းတန်း)

အဆိုတော် ရဲလေးရဲ့ ဘိုင်အိုဂရပ်ဖီ စာအုပ် ဖြစ်တဲ့ ရူးသွပ်ခြင်း… ပင်လယ် ကို မတ်လ ၂၅ ရက်နေ့မှာ ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်တဲ့။ ရူးသွပ်ခြင်း…ပင်လယ်ကို ရဲလေးက ၂ နှစ်ကျော် အချိန်ယူ ပြင်ဆင်ပေးထားပြီး ဒီစာအုပ်ထဲမှာတော့ ရဲလေးရဲ့ ကိုယ်ရေးအကျဉ်း၊ ကိုယ်တိုင်ရေးသားထားတဲ့ ကဗျာများ၊ အနုပညာအလှမှတ်တမ်းမျိုးစုံ၊ ခရီးသွားမှတ်တမ်း၊ သူငယ်ချင်းများနဲ့ အမှတ်တရဓါတ်ပုံ၊ ရဲလေးသီဆိုဖြစ်ခဲ့တဲ့ ရှိုးပွဲများမှ အမှတ်တရပုံများ၊ နိုင်ငံခြားခရီးစဉ်မှာ ရိုက်ကူးခဲ့တဲ့ အလှဓါတ်ပုံများ၊ တေးစီးရီးပရိုမိုးရှင်းများမှာ ရိုက်ကူးထားတဲ့မှတ်တမ်းပုံများ၊ နှင်းဆီအဖွဲ့သားများနဲ့ လူရွှင်တော်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ပုံများကို ကဏ္ဍတစ်ခုစီထည့်သွင်းပေးထားပါတယ်။ စာမျက်နှာ ၂၁၂ မျက်နှာပါဝင်ပြီး စက္ကူအဖြူချောနဲ့ ရိုက်နှိပ်ပေးထားပါတယ်တဲ့။ မတ်လ ၂၅ ရက်နေ့ကစတင်ပြီး တစ်အုပ်ကို ၇၅၀ဝ ကျပ်နှုန်းနဲ့ ရောင်းချပေးသွားမှာပါတဲ့။ ပရိုမိုးရှင်းအစီအစဉ်တွေလည်း ရန်ကုန်ရော မန္တလေးမှာပါ လုပ်ပေးဦးမှာပါတဲ့ ခင်ဗျာ။ ကဲ ရဲလေး ပရိသတ်တွေ ဝယ်ဖတ်ဖို့သာ ပြင်ထားကြပေတော့ဗျို့…။

The Lady အပေါ် ဖြူဖြူကျော်သိန်း ရဲ့ အမြင် (အလင်းတန်း)

ကျွန်တော် ဖတ်မိလေ့လာမိသလောက်တော့ The Lady ရုပ်ရှင်ဇာတ်ကားအပေါ် ကြည့်ပြီးသူတွေရဲ့ အမြင်က နည်းနည်းမတူညီကြပါဘူး။ အခု အဆိုတော် ဒေါက်တာဖြူဖြူကျော်သိန်း က The Lady ကိုကြည့်ပြီး ဒီလိုသုံးသပ်ထားပါတယ်ခင်ဗျာ။

The Lady က ဖြူဖြူ့ရဲ့ စိတ်နှလုံးကို တို့ထိ ရိုက်ခတ်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ လူမျိုးခြားဒါရိုက်တာနဲ့ လူမျိုးခြားမင်းသမီးက ရသမျှသတင်းအချက်အလက် နည်းနည်းလေးနဲ့ ရသမြောက်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားအဖြစ် ရိုက်ပြသွားနိုင်တာကို ဖြူဖြူ အရမ်းချီးကျူးပါတယ်။ သမိုင်းအချက်အလက်တချို့မှားယွင်းနေတယ်လို့ ပြောကြပေမယ့် တကယ်တမ်းခြုံကြည့်လိုက်တဲ့အချိန်မှာ မြန်မာပြည်သူတွေ ဆယ်စုနှစ်နှစ်ခုကျော်လောက် ခါးစည်းခံခဲ့ရတဲ့ မွန်းကျပ်မှုတွေ၊ ဝေဒနာတွေ၊ ဖိနှိပ်ခံရမှုတွေကို ပေါ်လွင်အောင် ပြနိုင်တဲ့ ပြကွက်တွေလောက် အရေးမပါပါဘူး။ မြန်မာအမျိုးသမီးတစ်ဦးရဲ့ စွန့်လွှတ်အနစ်နာခံခဲ့ရမှုတွေကို နက်နဲ သိမ်မွေ့စွာ သရုပ်ဆောင်ပြသွားနိုင်တဲ့ လူမျိုးခြားမင်းသမီး Michelle Yeoh ရဲ့ ဇာတ်ဝင်ခန်းတွေလောက်လည်း အရေးမပါပါဘူး။ The Lady ရုပ်ရှင်ဇာတ်ကားက ကမ္ဘာ့တစ်ထောင့်တစ်နေရာမှာ ဒီလောက်ထိ မွန်းကျပ်နေတဲ့ လူ့အဖွဲ့အစည်းတစ်ခု တကယ်ရှိနေတယ်ဆိုတာကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ သိအောင်ပြသနိုင်ခဲ့တယ်။ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ သိမ်မွေ့နက်နဲ တည်ကြည်တဲ့ သဏ္ဍာန်ပေါက်အောင် သရုပ်ဆောင်နိုင်တဲ့ လူမျိုးခြားမင်းသမီးကိုလည်း ဖြူဖြူအရမ်းကျေးဇူးတင်တယ်။ ဖြူဖြူ့ကို ရှိုက်ငင်ရလောက်အောင်လုပ်နိုင်တဲ့ ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်တယ်။ အားနည်းချက်တချို့ရှိနေတယ် ဆိုပေမယ့် အမှောင်ထဲကနေ ဘယ်လောက်ထိ အစရှာလို့ ရမှာတဲ့လဲ။ ရသမျှ သတင်းအချက်အလက်လေးနဲ့ ရသအမြောက်ဆုံးဖြစ်အောင် ရိုက်ပြကြရတာလေ။ အဲဒါကြောင့် နောက်ပိုင်းမှာ သမိုင်း အချက်အလက်လည်း မှန်ပြီး ရသမြောက်တဲ့ ပြည်တွင်းဖြစ် The Lady ရုပ်ရှင်ဇာတ်ကားမျိုးရိုက်နိုင်ပါစေလို့ ဖြူဖြူဆုတောင်းပါတယ်။ The Lady ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတချို့က မျက်ရည်ကျစေတဲ့အထိ ညှို့ငင်ဆွဲဆောင်နိုင်ခဲ့ပါတယ်

လို့ ဆရာဝန်အဆိုတော် ဒေါက်တာဖြူဖြူကျော်သိန်းက သုံးသပ်ပြောကြားသွားခဲ့ပါတယ်ခင်ဗျာ။

NLD ပါတီဝင် ထားတဲ့ လင်းလင်း (ပေါ်ပြူလာ)

ဒီသတင်းကတော့ လင်းလင်းကို ကြိုက်တဲ့ ရွာသူရွာသားတွေ ဖတ်ဖို့ ရေးပေးလိုက်တာပါ။
ကျွန်တော်တို့ရွာသူမယ်ပုချ်တစ်ယောက်ကတော့ လင်းလင်းရဲ့ စတိတ်ရှိုးကို သွားကြည့်ပြီး ပို့စ်ကြီးတစ်ပုဒ်တောင် ပွင့်အံထွက်လာခဲ့ဘူးတာ မှတ်မိနေပါတယ်ဗျာ။ အဲဒီ အဆိုတော် လင်းလင်း က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေး စည်းရုံးရေး ခရီးစဉ်မှာ တောက်လျှောက်လိုက်ပါဖြစ်ပါတယ်တဲ့။ သူ့အတွေ့အကြုံကို ဒီလိုပြောထားပါတယ်ဗျာ။

ခရီးစဉ်တောက်လျှောက် ရောက်တဲ့မြို့၊ ရောက်တဲ့နေရာမှာ တွေ့ရတဲ့ ပြည်သူလူထုအကုန်လုံးရဲ့ မျက်လုံးထဲမှာ သူတို့လိုချင်တဲ့အရာ၊ တောင့်တတဲ့အရာက တစ်ခုတည်းပဲ ရှိတယ်လို့ ကျွန်တော်မြင်မိတယ်

လင်းလင်းက သူတို့လိုက်ပါလာတဲ့ ယဉ်တန်းခဲနဲ့ ပစ်ပေါက်ခြင်းခံခဲ့ရတာနဲ့ပတ်သက်ပြီး ဒီလိုပြောထားပါသေးတယ်။

အဲဒါက တကယ်ဖြစ်တာ။ ကျွန်တော်တို့ပါတဲ့ ကားကိုမှန်တာ။ ကျွန်တော်လည်းထိသွားတယ်။ ဒါပေမယ့် နည်းနည်းပါ။ ခေါင်းကိုမှန်ကွဲစနည်းနည်းမှန်သွားရုံပါ။ လူကြီးတွေကိုတော့ ဒီကိစ္စတွေ အကုန်လုံးပြောပြထားပါတယ်။

NLD ပါတီထဲ ဝင်ထားပြီး ပါတီအတွက် သီချင်းတွေ ရေးစပ်ဖြစ်လားဆိုတဲ့ အမေး ကို ဒီလိုဖြေထားပါတယ်ဗျာ။

ကျွန်တော်ကတော့ NLD ထဲလည်း ဝင်ထားတယ်။ အမေစုနဲ့ ပတ်သက်ပြီး ကူညီနိုင်သမျှတော့ အချိန်မရွေး လိုက်ကူညီပေးတယ်ပေါ့နော်။ ဒါပေမယ့် အဓိကကတော့ နိုင်ငံကောင်းဖို့နဲ့ နိုင်ငံမှာရှိတဲ့ ကိုယ့်ညီအစ်ကို မောင်နှမ ပြည်သူလူထုအားလုံး ကောင်းဖို့ပဲ ခေါင်းထဲမှာရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ပဲ ရေးမှာပါ။ ပါတီတစ်ခုတည်းအတွက် ဦးစားပေးပြီး တသီးတသန့်ကြီးတော့ မရေးဖြစ်ပါဘူး။ အားလုံးရဲ့ ရည်ရွယ်ချက်ကလည်း နိုင်ငံကြီးကောင်းစားဖို့ပဲလေ။ အဲဒီတော့ နိုင်ငံအတွက် အကျိုးပြု သီချင်းမျိုးတွေပဲ ရေးဖြစ်မှာပါ

ကဲ လင်းလင်း ပရိသတ်တွေ ကျေနပ်နေကြမယ် လို့ မျှော်လင့်ပါတယ်ဗျာ။

မီးမီးခဲ ပေးတဲ့ Missed Call (ပေါ်ပြူလာ)

စောဘွဲမှူးသမီး၊ ကဗျာဘွဲ့မှူးညီမ၊ ထူးအယ်လင်းကတော် မီးမီးခဲ ရဲ့ ၅ ခွေမြောက် တစ်ကိုယ်တော်စီးရီးဖြစ်တဲ့
Missed Called အခွေကို မတ်လ ၁ရ ရက်က စဖြန့်ချိလိုက်ပါပြီခင်ဗျာ။ သီချင်းအားလုံး ၁၃ ပုဒ်ပါဝင်ပြီး ကိုယ်တိုင်ရေးသီချင်းတစ်ပုဒ်လည်း ပါဝင်ပါသတဲ့ဗျာ။ ကဲ မူရင်းခွေလေးတွေ ဝယ်ပြီး အားပေးကြရအောင် ကျောင်းဒကာ။

ကလေးသူငယ်များကို နောက်ကွယ်မှ ကြိုးကိုင် တောင်းရမ်းခိုင်းသူကို ကျောက်တံတားရဲမှ ဖေါ်ထုတ်ပြီ (ပေါ်ပြူလာ)

ကြိုဆိုရမယ့် သတင်းလေးတစ်ပုဒ်ကိုဖတ်ကြည့်ကြပါ။

မတ်လ ၂ရက်၊ ည ခုနှစ်နာရီခွဲအချိန် ကျောက်တံတားရဲစခန်းတွင် တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒုရဲအုပ်အောင်ကျော်သူ နှင့် အဖွဲ့ဝင်များသည် နယ်မြေအတွင်း ကလေးသူငယ်ဗန်းပြ၍ တောင်းရမ်းစားသောက်သူ ဖိုးကုလားအားဖမ်းမိ၍ စုံစမ်းစစ်ဆေးခဲ့ရာ ၎င်းကလေးအားနောက်ကွယ်မှ ကြိုးကိုင်တောင်းရမ်းခိုင်းသူ အမှတ် ၁၀၊ နယ်မြေမီးရထားဝန်ထမ်းလိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ ထွန်းထွန်းဝင်း(ခ)ထွန်းထွန်း (၃၁) နှစ် အဖ-ဦးခင်မောင်လွင်အား ထိုနေရာအနီး လမ်းလယ်ကျွန်းတွင်တွေ့ရှိ၍ ရဲစခန်းသို့ခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းရာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား နောက်ကွယ်မှကြိုးကိုင်တောင်းရမ်းခိုင်းသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်၍ အမှုစစ် ရဲအုပ် ဇော်နိုင်အောင်မှ ကလေးသူငယ်အက်ဥပဒေပုဒ်မ ၆၆ (ဂ) ဖြင့် ဖြစ်စဉ် ၂/ ၂၀၁၂ အရ တရားစွဲဆိုထားကြောင်းသိရသည်။

ထိထိရောက်ရောက် အရေးယူရမယ့် ကိစ္စပါခင်ဗျာ။ လက်ခုတ်တီးပြီးအားပေးပါတယ်။

ယောက်ျားမိန်းမ ခွဲခြားတာထက် လူသားတစ်ယောက်အဖြစ်နဲ့ပဲ မြင်တာပိုကောင်းတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗို (ပေါ်ပြူလာ)

ထွန်းအိန္ဒြာဗိုနဲ့ အင်တာဗျူထဲက အမေးအဖြေလေး တစ်ခုလောက် ရွေးထုတ်ပြချင်ပါတယ်။ ဖတ်ကြည့်ပေးကြပါဗျာ။

အရင်တုန်းကတော့ မိန်းမတွေဆိုတာ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေးရဖို့ နည်းခဲ့ပါတယ်။ အခုအချိန်မှာတော့ မိန်းမတွေ အနေနဲ့ ယောက်ျားတွေနည်းတူ စွမ်းဆောင်နေကြတာကိုလည်း တွေ့လာရတယ်။ ဒီအပေါ်မှာ အမျိုးသမီးတွေကိုယ်စား အစ်မဘာပြောချင်ပါသလဲ။
အစ်မတို့က မြန်မာ့ယဉ်ကျေးမှုနဲ့ကြည့်ရင် ရိုသေမှုက သက်သက်ပေါ့။ ဒါပေမယ့် အများကောင်းကျိုး၊ ကိုယ့်ကောင်းကျိုး လုပ်ဆောင်ကြတဲ့နေရာမှာ ကျတော့ ယောက်ျားမိန်းမခွဲခြားတာထက် လူသားတစ်ယောက်အဖြစ်နဲ့ပဲ မြင်တာက ပိုပြီး အဆင်ပြေပါလိမ့်မယ်။ လူသားတစ်ယောက်အနေနဲ့ သူ့ရဲ့ အရည်အချင်းပေါ့။

၁ဝ တန်း စာမေးပွဲဖြေဖို့အသွား ထော်လာဂျီအတိုက်ခံရ တောင်သူဦးကြီး သမီးငယ် ပွဲချင်းပြီး သေဆုံး (Favourite News)

ဒီသတင်းဖတ်မိပြီး တော်တော်စိတ်မကောင်းဖြစ်မိပါတယ် ကျောင်းဒကာ။ သတင်းကိုဖတ်ကြည့်ဗျာ။

လိုင်စင်မဲ့ထော်လာဂျီယဉ်နှင့် မော်တော်ဆိုင်ကယ် မတော်တဆတိုက်မိရာမှ တက္ကသိုလ်ဝင်တန်းဖြေဆိုနေသည့် ကျောင်းသူတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရမှု မတ် ၁၄ ရက်က ကော့မှူးမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ အဆိုပါနေ့ မွန်းလွဲ ၁ နာရီက ကော့မှူးမြို့နယ် ငှက်အော်စမ်းလမ်းအတိုင်း ငှက်အော်စမ်းဘက်မှ ကော့မှူးဘက်သို့ ဇော်ဌေးလှိုင်(ခ) ဇီးကွက် (၂၅) နှစ် (ထော်လာဂျီမောင်း) ကော့မှူးမြို့နယ်နေသူ မောင်းနှင်လာသည့် လိုင်စင်မဲ့ထော်လာဂျီယဉ်သည် ကော့မှူးဘက်မှ ငှက်အော်စမ်းဘက်သို့ ဦးရွှေသန်း (၅၁) နှစ် (တောင်ယာလုပ်) စခန်းကြီးကျေးရွာ ကော့မှူးမြို့နယ်နေသူ စီးနင်းလာသော ကန်ဘို ၁၂၅ မီးခိုးရောင်ဆိုင်ကယ်နှင့် ကော့မှူးမြို့နယ် ညောင်ခြေထောက်လမ်းခွဲအရောက် အရှိန်မထိန်းနိုင်ဘဲ တိုက်မိရာ ဦးရွှေသန်းမှာ ပေါက်ပြဲဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းလာသော သမီးဖြစ်သူ မသူဇာမြင့် (၁၇) နှစ် (ခုံအမှတ်/ဆင-၆၅၂)ဖြင့် အထက (ကော့မှူး)တွင် တက္ကသိုလ်ဝင်စာပေးပွဲဝင်ရောက်ဖြေဆိုနေသူမှာ နှာခေါင်းသွေးထွက်၊ ဝမ်းဗိုက်ကြမွ၊ စသည့် ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးသွားရှာသည်။ ထော်လာဂျီမဆင်မခြင်မောင်းနှင်သူ ဇော်ဌေးနိုင်ကို ကော့မှူးရဲစခန်းက (ပ)၃၉/၁၂ ပုဒ်မ ၃၀၄ (က) / ၃၃၈ ဖြင့် အရေးယူထားသည်။

ကဲ ဆယ်တန်းစာမေးပွဲဖြေနေတဲ့ ကလေးမလေးတဲ့ဗျာ။ မိဘတွေ ဘယ်လောက်ရင်နာလိုက်ကြမလဲ။ ဒီလို လိုင်စင်မဲ့ ထော်လာဂျီတွေ ရန်ကုန်နယ်နမိတ်မှာတောင် တွေ့တွေ့နေရတာ အန္တရာယ်များလွန်းတယ်ဆိုတာ ဒီသတင်းလေးနဲ့ သက်သေပြလိုက်ပါပြီဗျာ။

စန္ဒီမြင့်လွင် ပြောတဲ့ မြန်မာ ရပ်ပ်ပါတွေ အကြောင်း (နံနက်ခင်း)

မြန်မာဟစ်ဟော့ပ် လောကမှာတော့ ဒီးဒီ လို့ ချစ်စနိုးခေါ်ကြတဲ့ စန္ဒီမြင့်လွင် ကလည်း ခေသူတစ်ယောက်တော့ မဟုတ်ပေဘူးဗျ။ အဲဒီ စန္ဒီမြင့်လွင် လေးကို နံနက်ခင်းဂျာနယ်က အင်တာဗျူးထားတာလေး နည်းနည်း ဖတ်ကြည့်ဗျာ။ စန္ဒီမြင့်လွင်လေးရဲ့ ပြောရဲဆိုရဲ ရှိတာလေးကို လေ့လာကြည့်ပါ။

ပြိုင်ဘက် အိမ်နီးချင်းနိုင်ငံတွေက သူတို့ကိုယ်တိုင် မြန်မာဟစ်ဟော့ပ်ကို ငေးကြည့်သွားလောက်အောင် ဘယ်လိုပါဖေါမင့် လုပ်ပြမလဲ။
ပါဖေါမင့်တွေက သမီးတို့ဆိုမယ်ဆိုရင် Asia က တခြားနိုင်ငံတွေ ဥပမာ ကိုရီးယားရပ်ပ်၊ တရုတ်ရက်ပ် တို့ကို အေးဆေးယှဉ်လို့ရပါတယ်။ သမီးတို့ဆိုနေတဲ့ မြန်မာရက်ပ်ပါတွေရဲ့ ရက်ပင်းပုံစံတွေက သူတို့ထက်ပိုမြင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က R&B မှာပိုတော်ချင်တော်လိမ့်မယ်။ ဒါပေမယ့် Rapping ကျတော့ မကြိုက်တော့ဘူး။ တကယ်မှာ သူတို့ထက်တော်တဲ့သူတွေ မြန်မာပြည်မှာ အများကြီးရှိပါတယ်။ ကမ္ဘာမှာ သွားပြိုင်လို့ရတဲ့ ရက်ပ်ပါတွေ အများကြီးရှိပါတယ်။ ဥပမာ ဂျေမီ၊ လွှမ်းပိုင် စသည်ဖြင့် ရှိကြပါတယ်။ တကယ်ပြိုင်လို့ ဆုမရခဲ့ဘူးဆိုရင်တောင် မြန်မာတွေအရမ်းတော်ပါလားလို့ အသိအမှတ်ပြုတဲ့ အဆင့်တော့ ရှိတယ်လို့ ယုံကြည်ပါတယ်။

ဂျေမီကတော့ ကျွန်တော်ကြိုက်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် ကမ္ဘာမှာ ဘယ်အဆင့်ရှိနေလဲဆိုတာမျိုးတော့ တစ်ခါမှ မတွေးမိပါဘူး။ တွေးစရာလည်း မလိုပါဘူးဗျာ။ ကြိုက်ရင်နားထောင်မယ်၊ မကြိုက်ရင် နားမထောင်ဘူးပေါ့။ ရှင်းနေတဲ့ဟာပဲ။ စန္ဒီမြင့်လွင်လေး အင်တာဗျူးဖတ်လိုက်တော့မှ ဂျေမီ အဆင့်က နည်းတဲ့အဆင့်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ ဆက်လုပ် ဂျေမီ၊ ဆက်ပြော စန္ဒီ။

ဂီဂီ ဖတ်ဖို့ သင်ဇာဝင့်ကျော် သတင်းတစ်ပုဒ် (နံနက်ခင်း)

သင်ဇာဝင့်ကျော် အကြောင်း နံနက်ခင်းက ရေးထားတဲ့အထဲက နည်းနည်းလေးဆို နည်းနည်းလေးလောက် ဆွဲထုတ်ပြချင်ပါတယ်ဗျာ။

တလောက ကြားရတဲ့ သင်ဇာဝင့်ကျော်ရဲ့ ချစ်သူဟာ နိုင်ငံခြားဘောလုံးသမားဆိုတာ ဟုတ်လားမေးတဲ့အပေါ် “မဟုတ်ပါဘူး သူငယ်ချင်းပါ” လို့ ပြောပြီး ရယ်နေပါတယ်။

စိုးရိမ်တယ်… ညီမလေးရေ စိုးရိမ်တယ်။
မဟုတ်ရင် ပြီးတာပါပဲ ဗျာ။ နိုင်ငံခြားဘောလုံးသမားဆိုရင်တော့ အော် စိုးရိမ်မိတာ အပြစ်လားဗျာ။

ကြည်လဲ့လဲ့ဦး ကလေး နောက်တစ်ယောက်ရပြန်ပြီ (နံနက်ခင်း)

သရုပ်ဆောင် ဇာနည် ရဲ့ မိန်းမ သရုပ်ဆောင် ကြည်လဲ့လဲ့ဦးတစ်ယောက် မတ်လ ၁ ရက်နေ့က သမီးလေးတစ်ယောက် မွေးလိုက်ပြန်ပါတယ်တဲ့ဗျာ။ သမီးလေးရဲ့ နာမည်ကို ငယ်သွေးဇာနည် ရယ်လို့ ပေးထားပါတယ်တဲ့။ ကြည်လဲ့လဲ့ဦးရဲ့ ပထမကလေးက ယောက်ျားလေးဖြစ်ပြီး မင်းသွေးဇာနည် လို့ အမည်ရပါတယ်။ တီတီစီမှာ သူငယ်တန်းဖြေထားပါတယ်တဲ့။ ဟိုတုန်းက စလင်းဘော်ဒီ ကြည်လဲ့လဲ့ဦး ကြော်ငြာတွေ လာတိုင်း ကြိတ်ကြိတ်ပြီး ခိုက်နေခဲ့ဘူးတဲ့ ကိုနိုဇိုးမိကြီး သိအောင် ပြောပြပေးတာပါဗျာ။

သင်္ကြန်အတွက် အနုပညာရှင်တို့ရဲ့ ပလန်လေးများ (နံနက်ခင်း)

ရွှေစင်
အစ်ကိုကာလသားတွေအကြိုက် ပို့စ်လေးတွေနဲ့ ဓါတ်ပုံရိုက်တတ်တဲ့ မော်ဒယ်ရွှေစင်လေးကတော့ ဒီနှစ်သင်္ကြန် အစီအစဉ်ကတော့ မန္တလေး သို့မဟုတ် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ ပါတဲ့ဗျာ။ အော် သူတို့များကျတော့လည်း အားကျထှာ။

ဒီအချိန်မှာ အရမ်းကြိုးစားချင်နေပါတယ်။ ကြိုးစားခွင့်ရဖို့လည်း စောင့်နေပါတယ်

လို့လည်း ပြောသွားပါတယ်။ ကြိုးစားခွင့်ရဖို့ များ စောင့်နေရသေးလား ရွှေစင်ရယ်။ ကြိုးစားခွင့်ဆီ ပြေးတွေ့လိုက်ပါတော့လား။ ဟေးဟေး။

နည်းနည်းဝလာလို့ ဝိတ်လျှော့ပါလို့ ပြောသူလည်း ရှိပါတယ်

လို့လည်း ဝန်ခံသွားပါတယ်တဲ့ ခင်ဗျာ။ အော် ဘော်ဒီအလှလေး ပွန်းပဲ့သွားရင် ကိုယ်ရင်ကျိုးရချည်ရဲ့…။

ထွန်းအိန္ဒြာဗို
ထွန်းအိန္ဒြာဗိုကြီးကတော့ မန္တလေး အယ်လ်ပိုင်းမဏ္ဍပ်မှာ ရှိပါမယ်တဲ့ ခင်ဗျာ။

နေမင်း
သရုပ်ဆောင် နေမင်း ကတော့ ဇာတိ သက္ကလပြန်ပြီး ရိပ်သာဝင် ကုသိုလ်ယူပါမယ်တဲ့။ သာဓုပါဗျာ။

သင်ဇာဝင့်ကျော်
ဒီနှစ် သင်္ကြန် ၅ ရက်လုံး သူငယ်ချင်းတွေနဲ့ ရန်ကုန်မှာပဲ ရေကစားမယ်။ မဏ္ဍပ်ထိုင်မယ်လို့ ပြောပါတယ်တဲ့။ သင်္ကြန်ရောက်လာတော့မယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ပျော်တာပေါ့နော်။ မြန်မာ့ရိုးရာပွဲတော်တွေ အကုန်လုံးထဲမှာ သင်္ကြန်ကို အကြိုက်ဆုံးပါပဲ။ ကဲလို့ရတဲ့အရွယ်မို့ ကဲနေတာပါ လို့ ပြောပြီး ရယ်နေပါတယ်တဲ့ခင်ဗျာ။
ကဲသာကဲပါ မသင်ဇာ။

ဟိန်းဝေယံ
ဟိန်းဝေယံကတော့ ဇာတိမော်လမြိုင်မြို့ ဖားအောက်တောရကျောင်း တောင်ထိပ်ရှိ မိသားစုလှူထားသော သိန်း ၁၂ဝ ကုန် ဇရပ်မှာ ဖခင်နဲ့အတူ တရားစခန်း ဝင်မှာပါ တဲ့ ခင်ဗျာ။

ဝိုင်းစုခိုင်သိန်း
မန္တလေး အယ်လ်ပိုင်းမဏ္ဍပ်မှာ သီချင်းဆိုပါမယ်တဲ့။

နန်းဆုရတီစိုး
မန္တလေးမြို့တော်ဝန်မဏ္ဍပ်မှာ မြန်မာပြည်သိန်းတန်နဲ့အတူ သီချင်းဆိုပါမယ်တဲ့။

ဇော်ဝင်းထွဋ်နဲ့ အင်ပါရာ
ထုံးစံအတိုင်း ရန်ကုန်ပြည်လမ်းပေါ်မှာပဲ ဆိုကြတီးကြပါမယ်တဲ့ ခင်ဗျာ။

အဆိုတော် မဒီ ရဲ့ ဟမ်းနီးမွန်းခရီး (နံနက်ခင်း)

မိုးလင်းတိုင်းမှာ မရေရာတာတွေ တွေ့အောင်ပြန်ရှာ ဟန်းနီ
ပြီးဆုံးသွားတာ ခုံမင်နေတဲ့စိတ်နဲ့ တစ်သက်စာ ကိုယ့်လမင်းလေး (ဘယ်မှာ ကိုယ့်လမင်းလေး)
အာ ဘယ်မှာ ကိုယ့်လမင်းလေး (ဘယ်မှာ ကိုယ့်လမင်းလေး)
ဘယ်ကိုနယ်လွန်နေလဲ ပြန်ညရောက်လာရင် တွေ့ရမှ (တို့တွေ့ရမှ… တို့တွေ့ရမှ)

ကျွန်တော် သိတ်ကြိုက်တဲ့ ဘိုဘိုနဲ့ မဒီတို့ ဆိုထားကြတဲ့ စိတ်ကူးလမင်း ဆိုတဲ့သီချင်းလေးပါ ကျောင်းဒကာ။ အင်မတန်အဆိုပိုင်နိုင်သော မိန်းကလေးအဆိုတော်တစ်ယောက် အောင်မြင်နေတုန်းမှာပဲ အမေရိကားကို ရောက်သွားပါတယ်။ မကြားရတာ ကြာနေပြီဖြစ်တဲ့ အဆိုတော် မဒီ ရဲ့ သတင်းကို အခုကြားရပြန်တော့ မင်္ဂလာရှိသော သတင်းလေးဖြစ်နေပြန်ပါတယ်။ မြန်မာပြည်ကို ဟန်းနီးမွန်း ထွက်လာတာပါတဲ့။ ဝမ်းသာပါတယ် မဒီရေ။ ခင်ဗျားတို့ အိုအောင်မင်းအောင်ပေါင်းရပါစေလို့ ဆုတောင်းပေးပါတယ်။ နောက်တစ်ခါ အကြောင်းတိုက်ဆိုင်လို့ မြန်မာပြည်ကို ပြန်ရောက်တဲ့အခါ ခင်ဗျားရဲ့ သီချင်းတွေကိုလွမ်းနေကြတဲ့ ကျွန်တော်တို့ မြန်မာပရိသတ်ကြီးအတွက် သီချင်းတွေဆိုပြပါဦးလို့ ကြိုပြီး တောင်းဆိုလိုက်ပါရစေ။
တရားဝင် ကြေညာသွားတာတော့ မဟုတ်ပါဘူးကျောင်းဒကာ။ ဒီတစ်ပတ်ထုတ်နံနက်ခင်းထဲမှာ ပါတဲ့ အင်တာဗျူးတစ်ခုကိုဖတ်ပြီး အစဆွဲထုတ်လိုက်တာပါ။ ပထမ အင်တာဗျူးက မခိုင်ကြီး ခေါ် ထွန်းအိန္ဒြာဗို နဲ့ အင်တာဗျူးပါ။ နည်းနည်းဖတ်ကြည့်ပါဗျာ။

တင်ဇာမော်ရောလာဖြစ်လား၊ တလောက မဒီလာသွားတယ်ပြောတယ်။ မခိုင်တို့နဲ့ ရှိုးလုပ်ဖို့စီစဉ်ပြီး ပျက်သွားတယ်လည်း ကြားတယ်။ အဲဒီအကြောင်းလေး ပြောပေးပါဦး။
တင်ဇာမော်က သင်္ကြန်အမီပြန်လာမယ်ပြောပေမယ့် လောလောဆယ် မသေချာသေးဘူး။ အလုပ်နဲ့ဆိုတော့ ခွင့်မရတာလား မသိဘူး။ မဒီပြန်လာတော့လည်း ဆုံဖြစ်ပါတယ်။ ရှိုးလုပ်ဖို့ စီစဉ်ကြသေးတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ သူက ဟန်းနီးမွန်းထွက်လာတာဆိုတော့ stress မပေးချင်တာနဲ့ ရှိုးကို next time လို့ ရွှေ့လိုက်တယ်။

ဒီအင်တာဗျူးဖတ်ပြီး မဒီရဲ့ လက်တွဲဖေါ်က မြန်မာလား၊ နိုင်ငံခြားသားလားဆိုတာလေး သိချင်နေပါတယ်ဗျာ။ ကဲ မဒီကြီးတော့ စွံသွားပြီ။ တို့ရွာသူရွာသားတွေရော မင်းတို့ဘယ်တော့လဲ လို့ မေးရတော့မယ်ဗျာ။

ရက်ပါ အဆိုတော်တွေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်လာတာ ဟစ်ဟော့ပ် လောကအတွက် ဂုဏ်ယူတဲ့ အနဂ္ဂ (ဆန်းဒေး)

ဆန်းဒေးဂျာနယ်မှာပါတဲ့ အနဂ္ဂနဲ့ အင်တာဗျူးလေးပါ။ နည်းနည်း ဖတ်ကြည့်ပေးဗျာ။

ACID အဖွဲ့ဝင် အဆိုတော် ဇေယျာသော်က အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့အပေါ်မှာ ဘယ်လို သဘောထားလဲ။
သူပြင်ဆင်စရာရှိတာတွေကို တစ်နေ့ပြီးတစ်နေ့ သူ ဆက်လုပ်နေတယ်။ အန်တီစုရဲ့ လမ်းညွှန်မှုအောက်မှာ လှုပ်ရှားဖို့ သူရွေးချယ်ထားတာဖြစ်တဲ့အတွက် သူက Rapper အဆိုတော်ဖြစ်တော့ ဟစ်ဟော့ပ် လောကအတွက် ဂုဏ်ယူစရာပါ။

ရက်ပါတွေ ပြည်သူ့လွှတ်တော်ထဲရောက်သွားရင် ပြည်သူ့လွှတ်တော်အကြောင်း ရေးထားတဲ့သီချင်းတွေများ ထွက်လာ မလား စောင့်ကြည့်ကြတာပေါ့ ကျောင်းဒကာရယ်။

ဥရောပ သမဂ္ဂ တရားရုံးက ထူးကုမ္ပဏီဥက္ကဌ ဦးတေဇ၏သား ကိုပြည့်ဖြိုးတေဇကို ပိတ်ဆို့အရေးယူ စာရင်းမှ ပယ်ဖျက် (NEWSWEEK)

မူရင်းသတင်းလေး ဖတ်ကြည့်ပါဗျာ။

ဦးတေဇ၏ သားကြီး ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း၏ ဥက္ကဌ ကိုပြည့်ဖြိုးတေဇကို ဥရောပသမဂ္ဂ ၏ ပိတ်ဆို့အရေးယူသူများစာရင်းမှ ပယ်ဖျက်ရန် ဥရောပသမဂ္ဂ၏အမြင့်ဆုံးတရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။
ကိုပြည့်ဖြိုးတေဇ ကုန်ကျထားသည့် တရားရုံးစရိတ်များကို EU ကောင်စီမှ ပေးဆောင်စေရန် အမိန့်ချခဲ့သည်။ သို့ဖြစ်၍ ကိုပြည့်ဖြိုးတေဇသည် EU အဖွဲ့ဝင် နိုင်ငံများတွင် ပညာသင်ကြားခွင့်၊ ခရီးသွားလာခွင့်၊ စီးပွားရေးလုပ်ကိုင်ခွင့်များ ရရှိသွားပြီ ဖြစ်သည်။

ဝင်မပွားတော့ဘူးဗျာ။ အနေအထိုင်အပြောအဆိုလေး ဆင်ခြင်မှ တော်မယ်ဗျို့။ သတင်းဖတ်သူတွေပဲ လွတ်လွတ်လပ်လပ် ပွားကြပါ။
ကဲ ဒီတစ်ပတ်တော့ ရေးမယ်ဆို ရေးစရာ နိုင်ငံရေးသတင်းတွေက မနည်းလှပါဘူးဗျာ။
ဒါပေမယ့် အရှုပ်ထဲမှာ ရှင်းအောင်နေဆိုသလိုပဲ နိုင်ငံရေးကို လုံးဝနီးပါးကြီးရှောင်ရေးလိုက်ပါတယ်။ ဒီပို့စ်မှာပါတဲ့ ကျွန်တော့်အရေးအသားတစ်စုံတစ်ခုကြောင့် တစ်စုံတစ်ယောက်မှာ စိတ်အနှောက်အယှက်ဖြစ်စရာများ ရှိခဲ့မယ်ဆိုရင် မည်သူ့ကိုမှ မရည်ရွယ်ပါ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ လို့သာ ကြိုတင်တောင်းပန်လိုက်ပါတယ်ခင်ဗျာ။

ဗိုတထောင်ဆိပ်ကမ်း
ဗိုတထောင်ဆိပ်ကမ်းက လှေလေးတစ်စီး။
ဘုရားစောင်းတန်း။
ပဲခူး ရွှေမော်ဓေါ။

60 comments

  • windtalker

    March 21, 2012 at 1:33 pm

    ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ ၊ အပျော်စီး ဇိမ်ခံလှေလေး ကို စီးပြီးသကာလ ၊ ရွာသူရွာသားများကို လဘက်ရည် လာတိုက်သော ၊ ဘရာသာဘလက် အား ဦးဦးဖျားဖျား အားပေးသွားပါတယ်ခင်ဗျာ ။
    မဒီ့ အမျိုးသား က ယူအက်စ်ကဘဲတဲ့လားဗျ ။
    စကားမစပ် အပြင်မှာဆိုရင်တော့ လဘက်ရည်လောက်နဲ ့မရဘူးနော။။
    ဟီဟိ

    • Khaing Khaing

      March 23, 2012 at 10:17 am

      လက်ဘက်ရည်သောက်ရင်း လွမ်းအောင်လုပ်ပြန်ပြီ …. ဗိုလ်တစ်ထောင်ဆိပ်ကမ်းက ပါလာပြန် ပြီ မီးမီးကလွမ်းနေပါတယ်ဆိုမှ လွမ်းအောင်ထပ်လုပ်နေတာလား တော်သေးတယ် ကမ်းနားက ခုံတန်းလေးတွေကိုမရိုက်ထားလို့ နောက်ဆိုလေးလေးဘလက်ရေ ခုံတန်းလေးတွေပါထည့်ရိုက်ပေးနော် အရမ်းကိုလွမ်းချင်လို့ပါ …. အခုတော့ပုံပဲကြည့်နိုင်သေးတယ် …. နောက်မှ လက်ဖက်ရည် ဆက်သောက်ပါမယ် လေးလေးရေ …

  • Mလုလင်

    March 21, 2012 at 1:46 pm

    ချိုပေါ့ကျ ပိုစ့် တွေကို ပထမ ဆုံး မမန့် ရရင် မမန့်တော့ဘူး လို့ နေတာ … ဖတ်နေရင်းနဲ့ ကိုပေ က ဝင်မန့် သွားသေးတယ်။ လေးစားပါတယ် .. ဘဘ ဘလက်ရေ .. 🙂

  • weiwei

    March 21, 2012 at 2:01 pm

    ဘုရားစောင်းတန်းတစ်ခုကို အနီးကပ်ဓါတ်ပုံလိုချင်နေတာနဲ့ အတော်ဖြစ်သွားတယ် … မနက်ကတောင်မှ အင်တာနက်ကနေရှာနေတာ ပုံတွေက ဆိုဒ်သေးတော့ သေချာမမြင်ရတာနဲ့ ဒီညနေ ကိုယ်ပိုင်ပဲ သွားရိုက်မှဖြစ်မယ်လို့စိတ်ကူးနေတုန်း ဒီပို့စ်ထဲမှာမြင်လိုက်လို့ ကျေးဇူးအရမ်းတင်မိတယ် …

  • TTNU

    March 21, 2012 at 2:03 pm

    DVB ကလာတဲ့ ဂျာနယ်တွေကဘာပြောနေကြသလဲ ထက်တောင်စုံပါလား။
    ပြီးတော့ တင်ပြပုံကလည်း သပ်ရပ်တယ်။
    ကဲ ဘာလိုသေးလဲ။

  • nozomi

    March 21, 2012 at 2:18 pm

    သည်းခံပါ ကျောင်းဒတာ

    ခြင်တစ်ကောင်ကို မင်းက ခြင်လားလို့ မေးရင် ဘယ်လိုဖြေမယ်ဆိုတာလေးလဲ သိချင်မိပါတယ်

    နောက် တစ်ခုသိချင်တာက ကျောင်းဒတာ အနုပညာလောကမှာ ကျင်လည်တုန်းက ယူခဲ့တဲ့ အနုပညာအမည်လေးလဲ သိချင်မိပါတယ်

    ထော်လာဂျီတိုက်တဲ့ သတင်းလေးဖတ်ရတော့ ကျောင်းဒတာတို့လို မျက်စေ့ကြီး နားကြီး ခြေရှည် လက်ရှည်တဲ့ သူနဲ့ တွေ့တုန်း ဆိုင်ကယ်ကိစ္စလေးလဲ ပြောပြချင်ပါတယ် ဟိုး အရင်က ရန်ကုန်မြို့ကြီး မှာ ဆိုင်ကယ်တွေ စီးခွင့်ရခဲ့ပါတယ် ၊ အခု စီးခွင့်မရတော့တာ ၅ နှစ်အထက်လောက်တော့ ရှိမှာပေါ့ အခု စီးခွင့်မရတော့ပါဘူး တွေ့ရင်သိမ်းပါမယ် ဆိုတဲ့ အချိန် တွေ့ရတဲ့ ဆိုင်ကယ်က တရားဝင် စီးခွင့်ရတုန်းက အချိန်ထက်တောင် ပိုများနေတာ ဘာလို့လဲ သိချင်ပါတယ် နံပတ်ပြားလဲ မပါဘဲ ဝူးကနဲ ဝေါကနဲ ဖြတ်မောင်းနေလိုက်တာ ကမာ္ဘလုံးထဲ မောင်းဘို့ကျင့်နေကြတဲ့ အတိုင်းပါပဲ

    ကြည်လဲ့လဲ့ဦး နောက်တစ်ယောက်မွေးတာထက် ဝတ်မှုန်လေး ဒီရွာသားတစ်ယောက်ယောက်နဲ့ ဘယ်တော့ မွေးမလဲ လဲ သိချင်ပါတယ်

    နောက် ကျောင်းဒတာ ကြီး အစစွဲခဲ့တဲ့ ဒေါက်တိုကြီး မြေသိမ်းတာရဲ့ နောက်ဆုံးအခြေအနေလေးလဲ သိချင်ပါသေးတယ်

    ဆိုင်မှာ လူစည်နေလို့ ဆိုင်နောက်မှာ ဝင်သောက်သွားတဲ့ အခါမျိုး ရှိခဲ့ရင်လဲ သည်းခံပေးပါ ကျောင်းဒတာ

  • FattyCat

    March 21, 2012 at 2:25 pm

    ဦးဘလက် စရေးကတည်းက ဂျာနယ်ဝယ်မဖတ်တော့ဘူး….
    အော်…ဒါနဲ့စကားမစပ်…ဦးဘလက်က ဂျာနယ်ရောင်းတာတော့မဟုတ်ဘူးနော်….ဟီးဟီး

  • အသူရာ

    March 21, 2012 at 2:52 pm

    သောက်သုံး အားပေးသွားပါကြောင်း

  • ဖားသက်ပြင်း

    March 21, 2012 at 2:56 pm

    အော်… ရယ် ..မင်းသမီးရယ်….

    ဟုတ်ပါ့ဗျာ …ကျုပ်တို့ဆီ လုပ်သွားတာပါ….
    အဲ့ …ကျုပ်မန်ဘာလည်း မဖြစ်ဖူးဘူးနော….(မောင်ဂီနှိပ်စက်လို့ ဖြစ်နေမစိုးလို့..)
    သူတို့ဝင်ပီးမကြာခင် ကျနော် ထလမ်စဖာ ထိတာပဲ ….

    ဘယ့်နှယ့် ကျုပ် ရန်ကုန်ပြန်တော့တောင် သူ ဂျူနီယာတွေ အာပေါင်အာရင်း သန်သန်နဲ့ …လက်ချာရိုက်နေတာ…တွေ့တော့….အော် …အနှီချာတိတ်မ လေယူလေသိမ်းနဲ့
    မျက်နှာချီ မျက်နှာမောင်းနဲ့ …စာသင်ကောင်းတယ်ပေါ့ …
    အော်… ကျုပ်လည်း သူ အလုပ် ထွက်ခါနီးမလို့ နောလစ်ရှဲရင်း လုပ်တယ်ဆိုတာ မသိဘူးရယ်လေ…
    (ပန်ပန်ကတော့ သူ့ စီနီယာဗျ …ဘတ်ထ်..နီကီတို့တောင် သူ့ အသင်အပြ ခံဖူးမယ်ထင့် … )

    ချီးကျူးမလို့ …မေးတော့မှ …သမီး အလုပ်ထွက်တော့မှာတဲ့ ….
    အော်..အေး.. ထွက်ပေါ့ …ဘာလုပ်မလို့လဲ ..ဆိုတော့ …မင်းသမီးတဲ့ …..
    ဟမ်မ်မ်မ်မ် …….အစကနောက်တယ်ထင်နေတာ ….

    အေးလေ သူလည်း မသေခင် လုပ်ချင်တာ လုပ်မပေါ့ …သူ့ လွတ်လပ်ခွင့်….
    တလောလေးကတောင် (သူ့ဟာသူရိုက်ထုတ်လားမသိ) စားပွဲတင် ကလင်ဒါလေးဒွေ
    တိုကီယိုရောက်လာတော့ …အော်… ငတိမ …တကယ် လုပ်သွားတာပဲ …မုဒိတာပွားမိသေး..

    ဒါပေသိ …. ၂နှစ်တိတိ ငရဲကျသလေး ငအုံကျသလေး ပြောတာကတော့..
    မစီးရတဲ့ ရထား ဂဲနဲ့ထုတာ ဖြစ်သွားဘီ ….
    ချဉ်ထှာအေ…. ….
    သူ့ဘယ်သူမှ ကြိုးနဲ့ တုတ်ထားတာ မဟုတ်တာပဲကို……

    ဟုတ်ကဲ့ ဟုတ်ကဲ့ …ပြောဘာ ပြောဘာ …
    ကျုပ်တို့ကတော့ ငရဲကလာ ပြာပူမကြောက်လို့ ……
    ဝက်ဖြစ်မှတော့ အဝှာ မကြောက်လို့ ….
    တတ်လို့ မဟုတ် ..ငတ်လို့ ….(မိဘက အခွေမထုတ်ပေးလို့ …..သံယောင်လိုက်တာ..အဟတ်..)
    ဒါဘဲ …အားပါးတရ….လုပ်စားဦးမှာ ဖြစ်ပါကြောင်း …..

    ဒီလောက အတွက်တော့ …မနှမျောပါဘူးဗျာ …ဂလိုပဲဗျ …တွေ့-ဆုံ-ကြုံ-ကွဲ…..
    ထွက်ရင် အသစ်ထပ်မွေးထည့် ရင်း သွားနေရတာပါပဲဗျာ…

    နှမျောရအောင်…
    သေသွားတာမှ မဟုတ်တာဘဲကို နော….. ပိုက်ဆံရှိရင် နိုင်ဂျံဂါးကနေ အင်ပို့လုပ်လို့ရတဲ့…
    ပလိုဂလမ်မာ ဘက်မှာ လျော့သွားပေမယ့် …မြန်မာလူမျိုးမှမဟုတ်ရင် လုပ်လို့မရတဲ့
    မြန်မာလူမျိုး အနုပညာသည်တယောက် အဖြစ် ရပ်တည်မှာ ဖြစ်လို့ … ဒီဘက်က ဆုံးရှုံးတယ်
    ဆိုတာနဲ့…ဟိုဘက်ကတိုးတဲ့ ၁တွေဟာ ၁မဟုတ်တဲ့ ၁တွေပါလို့ …. မြင်ပါကြောင်း….

    ဦးကျော် တပည့်ဖြစ်ဖူးတာတော့ ဖြစ်နိုင်စရာ အကြောင်းတွေရှိပါကြောင်း…။
    အလုပ်မဝင်ခင်က မော်ဒယ်လ် လို့တော့ ကြားမိသလိုလို မို့ပါ….

    နောက်မှ ကျန်တာဆက်ပြောမယ်ဗျို့….

    ခင်တဲ့
    ဖားသက်ပြင်း

    • pig gy

      March 21, 2012 at 10:46 pm

      ဟာ…သိတာစုံလှချည်လားဗျ…တော်တော်စိတ်ဝင်စားတယ်နဲ့တူတယ်…
      အဲဒါပေါ့အေ…လူတွေကမုဒိတာပွါးတယ်ဆိုပြီးပေါ်တင်ဖဲ့နေတာဘဲ….
      ဪ…လောကကြီးရယ် လူအချင်းချင်း အထင်သေးခြင်း ရှုံ့ချခြင်း မုန်းတီးခြင်းတွေ
      ကင်းဝေးပါစေလို့………..

      • ဖားသက်ပြင်း

        March 22, 2012 at 6:03 am

        တိန်….
        ငါ့သမ ထားပါလား ..
        သိလို့သိတာကို ဟုတ်တိုင်းမှန်ရာ ပြောတော့လည်း သမ တာပဲလား…
        လူမသိသူမသိ အနီကတ်ပြတာထက်စာရင် ဒီလိုရေးတာကိုတော့ ဝဲလ်ကမ်းပါဗျို့….

        စကားမစပ် …ရွာထဲ ဝင်လာပီး ထိပ်ဆုံးလုပ်တဲ့အလုပ်က ကျုပ်ကို သမ တာတဲ့လား…
        အဟတ်….

        အားမငယ်နဲ့ …. မင်းတယောက်ထဲမဟုတ်ဘူး …
        LOL
        😀

        • MaMa

          March 22, 2012 at 4:07 pm

          မောင်ဂီ့ ဇာတာ ခေါင်မိုးထိုးထားဖို့ လိုနေပြီ 😆

        • pig gy

          March 22, 2012 at 9:30 pm

          ရော်….ဘယ်သူ့ကိုမှ သမပါဘူးဗျ….
          သိတဲ့လူအချင်းချင်းကိုတောင် မုဒိတာပွါးတယ်ဆိုပြီး ဖဲ့မှတော့
          အနော့်လို new အစိမ်းကိုတော့….အီးးးးးးကြောက်ပါရဲ့လောကကြီးရယ်….
          လူအချင်းချင်း …. ….. ….. ကင်းဝေးကြပါစေ…….

    • pan pan

      March 22, 2012 at 6:07 pm

      အဲဒီမင်းသမီးလေးက ရုံးကမထွက်ခင်ကတည်းက ဒီဇိုင်းလေးကလန်းလာတာကလား
      သူထွက်သွားပြီး ဒီလိုနဲ့ပဲ သူ့ပုံနဲ့ စားပွဲတင်ပြက္ခဒိန်လေးရုံးပေါ်ရောက်လာတော့
      လားလား…အံ့ဩတာပေ့ါ
      ကြည့်လိုက်ရတာအမော
      မှတ်တောင်မမှတ်မိဘူး…တကယ်
      အမယ်…နာမည်ကြီးမင်းသားတစ်ယောက်နဲ့တောင် စုံတွဲရိုက်ထားတာများ လှမှလှ၊ မိုက်မှမိုက်
      မင်္ဂလာဝတ်စုံနဲ့ လိုက်ဖက်ပါဘိသတော့
      ဒါနဲ့ပဲ သူ့ပြက္ခဒိန်လေးတွေ ဂျာကြီးတွေရဲ့ စားပွဲပေါ်ရောက်သွားတယ်
      အပြင်က ဗီနိုင်းတစ်ခုမှာတောင် တွေ့ပါသေး
      အဲဒီမင်းသားနဲ့တွဲရိုက်ထားတာ
      မင်းသားကလား…စနေ့နံနှစ်လုံးထပ်လေး
      (ကိုဇာ့ကို အတင်းပြန်တုတ်တာရယ်)
      မင်းတမီးရေး ကျောတလိုချို တို့တွေငရဲသက်ရှည်ဦးမှာပါလား….အစ် အစ် အစ် 😥

      • ဖားသက်ပြင်း

        March 23, 2012 at 6:38 am

        အိုး …ပန်ပန်…
        ရှိဦးမယ်ပေါ့ ….
        ကောင်းတယ်ဗျို့…..
        နည်းနည်း ခိုင်းဇန်း လုပ်ဖို့ရှိတယ်ဗျာ…
        ပိုကောင်းမယ့် မနက်ဖြန်အတွက် ပါ ….
        ကျနော် ကစ်ကော်ဗ့် လာတက်ဖြစ်ဖို့ များတယ်ဗျို့ ….
        သေချာရင် ကြေငြာပါ့မယ်…
        😀

    • Kalyar Stitch

      April 10, 2012 at 2:39 am

      “ကျွန်မ ၂ နှစ်လောက် ပရိုဂရမ်မာအဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။ အဲဒီ ၂ နှစ်အတွင်းမှာ ကျွန်မအတွက် ငရဲကျနေတဲ့ ကာလပါပဲ။ ဘာဖြစ်လို့လဲ၊ ကိုယ်ဝါသနာမပါတဲ့အလုပ်ကို လုပ်နေရလို့ ပါပဲ။”
      အဲလိုပြောခဲ့တာက ပရိုဂရမ်မာတွေနဲ့ ကုမ္မဏီ ကို ထိခိုက်နှစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောခဲ့တာမဟုတ်ဘူး။ ကိုယ်စိတ်မပါတဲ့အလုပ်ကို စိတ်နှစ်ပြီးလုပ်ခဲ့ရတာ။ အလုပ်မှာအခက်ခဲတစ်ခုခုနဲ့ကြုံတိုင်း အားငယ်စိတ်ဝင်မိတိုင်း ငါတကယ်လုပ်ချင်တဲ့အလုပ်မဟုတ်ဘဲ သက်သက်ဒုက္ခခံနေရတာပါလား ငါဘဝကိုဒီလိုပဲ ဖြတ်သန်းသွားရတော့မှာလား ငါဖြစ်ချင်တဲ့ဘဝ ငါရည်မှန်းချက်တွေက တဖြည်းဖြည်းနဲ့ဝေးကွာလာပြီ ငါဘဝကိုဘယ်လိုဆက်ပြီး အသက်ရှင်ရမလဲဆိုပြီး နောင်တရမိခဲ့မိတာ။ မိဘတွေ စိတ်ချမ်းသာအောင် ပညာရေးနဲ့ပတ်သတ်တဲ့ အလုပ်ကို ဝင်လုပ်ပေးခဲ့တာပါ။ ပရိုဂရမ်မာအလုပ်ကို ဝါသနာပါလွန်းလို့ ဖြစ်ချင်လွန်းလို့မဟုတ်ခဲ့ဘူး။ ဘယ်အရာမဆို စိတ်မပါဘဲလုပ်ရရင် စိတ်ညစ်ပြီးငရဲကျသလိုပဲ မဟုတ်ဘူးလား။ အလုပ်ကထွက်ပြီး သရုပ်ဆောင်အလုပ်ကိုလုပ်ဖို့ မိဘတွေကချက်ခြင်းသဘောမတူဘူး။ အခြားအလုပ်လုပ်ဖို့ တိုက်တွန်းသေးတယ်။ ခုချိန်ထိ သရုပ်ဆောင်အလုပ်ကလွှဲပြီး ဘယ်အလုပ်မဆို မလုပ်ချင်ဘူး။ နောက်တစ်ကြိမ်နောင်တမရချင်တော့ဘူး။ ဘယ်အလုပ်လုပ်မဆို အခက်ခဲကတော့ ရှိမှာပါပဲ။ ဒါပေမဲ့ အခက်ခဲနဲ့ကြုံတိုင်း ကိုယ့်ရဲ့ရည်မှန်းချက်ကိုအကောင်ထည်ဖော်နေတာဆိုရင် ငါ့ရည်မှန်းချက်ပဲ ငါဖြစ်အောင်လုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို အားပေးလို့ရပေမဲ့ ကိုယ်မလုပ်ချင်တာကိုသာ ကြိတ်မှိတ်ပြီးလုပ်နေရရင် အခက်ခဲနဲ့ကြုံတိုင်း စိတ်ဓာတ်ပိုကျမိမှာပါပဲ။ အဲဒါကြောင့် ကိုယ့်ရည်မှန်းချက်ကလွှဲပြီး ဘာအလုပ်မှထပ်မလုပ်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။ ငရဲကျတယ်ဆိုတဲ့စကားက အားလုံးကို ထိခိုက်တယ်ဆိုရင်လည်း အနူးအညွှန့်တောင်းပန်ပါတယ်။ ရုံးမှာမလုပ်ခင်တုန်းက မော်ဒန် လုပ်ဖူးတာမဟုတ်ပါဘူး။ မြတံခွန်အောင်သန်းဆု ထီဆိုင်နဲ့ ကျော်ဟိန်းတို့ ပူးပေါင်းပြီးလုပ်တဲ့ သရုပ်ဆောင်ရွေးချယ်ပွဲမှာ ဝင်ပြိုင်ပြီး သင်တန်းတက်ခွင့်ရခဲ့တာပါ။ အဲတုန်းကလည်း သင်တန်းဘက်ကိုပဲ စိတ်ပါနေလို့ ကျောင်း၁နှစ်နားခဲ့ပါတယ်။ ပြောခဲ့တာတွေအားလုံးက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နှစ်နာစေလိုတဲ့စိတ်နဲ့ပြောခဲ့တာမဟုတ်ပါဘူး။ ကိုယ်တို်င်ခံစားနေရတဲ့ ခံစားချက်ကိုပြောခဲ့တာပါ။ ထိခိုက်နှစ်နာမှုရှိခဲ့ရင် အားလုံးကို အကြိမ်ကြိမ် အနူးအညွှန့်တောင်းပန်ပါတယ်။

  • စိန်ပေါက်ပေါက်

    March 21, 2012 at 3:17 pm

    ♥ အစသတင်း မင်းသားစွမ်းဇာနည်ရဲ့ အနုပညာကြေးက လန်ထွက်နေပါကလား မကုလားမရေ
    ဘဇာကြောင့် ကျုပ်မိဘတွေ ဇာတ်ထဲ မထည့်ခဲ့ပါလိမ့်နော် ခုတော့..တစ်ပုဒ် ၃ဝ စားဘဝ 😆

    ♥ စာရေးဆရာမ ဂျူး ကတော့ နာမည်ကြီးပဲဗျ..အဆိုတော်မလေး ဂျူးလဲ အလားတူကြီးပါစေဗျာ
    မကုလားမရေ ကျနော်တော့ လပ်ပါတွေထဲမှာ ဂျေမီ၊စနဲလောက်ကလွဲ ကျန်တာ လက်ခံလို ့မရဘူးဗျာ..
    ဘာတွေမှန်းလဲသိဘူး တစ်ခါတလေ သီချင်းဆိုမှလား အတင်းပြောမှာလား ပြေးမေးလိုက်ချင်တယ် ဂယ်ဘဲ

    ♥ ဒေါ်လှကမ်းတဲ့ ကိစ္စ..ထွေထူး ပြောစရာမရှိ..ချောလေးပြောသလို..ဒီလောကမှာ ဒီလိုတွေချည်းပဲ 😆
    ဘဘကြီးချောသာ လှည်းတန်းက အငယ်လေးကို မုန် ့ဖိုးပေးတာ အန်တီဘလက် မမိစေနဲ ့
    ကျနော့်ယောက္ခမကို ယုံတယ်..နော်..ဒယ်ဒီမှိုရီး 😀

    ♥ ပရိုဂရမ်မာ၊ ပရိုဂျူဆာ သရုပ်ဆောင် အိုဗာကျော်ဟိန်းတပည့်မ ဆိုပါကလား
    နာမည်ကလဲ အစားသား ဘာတဲ့..ဒေဝီဆူးခတ် တဲ့ ..တော်တေး..များရဲ့ ဒေဇီကြာပစ် နာမည်ယူမသုံးတာ ကျေးဇူးတင်ရမယ်
    ဘယ်လိုလာဦးမလဲ စောင့်ကြည့်ပါဦးမယ် ကျောင်းဒဂါရေ့…ကျောင်းဒကတို ့လဲ စောင့်ကြည့်ကြပါဦး

    ♥ ခဲနဲ ထုတဲ့ ကိစ္စ
    ကျုပ်နုစဉ်အခါ ကျပ် မပြည့်ခင် အရွယ်က လုပ်ခဲ့ ဖူးပါတယ်
    ဒါကြောင့် ဒေါ်စုတို ့ကို နှောင့်ယှက်တဲ့ အဖွဲ ့ ကျပ်မပြည့်ဘူးိလို ့ပဲမှတ်ပါတယ်
    မိရင်တော့ အဲဒကောင်တွေကို သဲကြမ်းပက် ဖင်ချပြီးမှ ပြန်လွှတ်လိုက်ပါ..
    မမိရင်တော့ ခွင့်လွှတ်လိုက်ပါ ကျောင်းဒဂါ မကလားမရေ

    ♥ မီးမီးခဲ အားပေးလိုက်ကြပါဗျာ..ပျောက်နေတာကြာပြီ

    ♥ သူတောင်းစား ဂိုဏ်းချုပ် တစ်ယောက်မိတဲအတွက် လက်ခုပ်တီးပါတယ် ကျောင်းဒကာ
    တခြား ဂုဏ်းချုပ်တွေလဲ ထပ်ဖမ်းသင့်ပါတယ်..
    လှည်းတန်းမှာ သဒေါင်းစား ဂိုဏ်းချုပ်မ တစ်ယောက်တွေ ့ခဲ့တာ ကင်မလာမပါလို ့ မှတ်တမ်းမတင်နိုင်ခဲ့ဘူး
    ကျောင်းဒကာ ကင်မလာ ခဏငှားပါဦး
    ကျောင်းဒကာလိုဘဲ တံတားဖြူကအတွဲတွေ ချောင်းပြီး ရိုက်ချင်လို ့
    ချောင်းလဲ ချောင်းရ…ရွာထဲလဲ ဖွရ နိပ်သဗျ

    ♥ ဆယ်တန်းဖြေမဲ့ ခလေး ပွဲချင်းပြီး
    သူ ့အဖေခမျာ ဘယ်လောက် ရင်ကျိုးလိုက်မလဲနော်.သားသမီးချင်း ကိုယ်ချင်းစာပါရဲ့ဗျာ..စိတ်မကောင်းစရာဗျာ

    ♥ ဂျေးမီဆရာကျလို ့ ကျောင်းဒကာပြောတဲ့ ဒီးဒီလဲဆရာကျလာတာပါ ကျောင်းဆရာ အဲလေ ကျောင်းဒကာရေ
    ရှင်းရှင်းလေးပါနော့

    ♥ ကိုဂျပန်ကြီးရဲ့ သချင်္ာဝင့်ကြော်လေး ဘောကိုကိုနဲ ့ အဝှာ ချစ်ကြည်ရှေုး မကန်ပါစေနဲ ့ ဆုတောင်းပါတယ်ဗျာ
    ကိုဂျပန်ကြီး လှုပ်ရှားရင် မုန် ့စားရမှာပါ သင်္ချာဝင့်ကျော်မပြောနဲ ့ ပထဝီဝင့်ကျော်တို သမိုင်းဝင့်ကျော်တို ့တောင်
    ရနိုင်ပါတယ်.လှုပ်ရှားပါ..

    ♥ ဘာလိုလိုနဲ ့ ဟိုလူကြီးကြိတ်ခိုက်တဲ့ ကြည်လဲ့လဲ့ဦး ခလေးတစ်ယောက်ထပ်မွေးပါပကောလား
    အင်း.ဟိုလူကြီးလဲ ငါးယောက်တောင်ရှိနေပြီပဲ..၂ ဂိုးကြောနေပါသေးတယ်..အားမငယ်နဲ ့..အားမငယ်နဲ ့

    ♥ ကျောင်းဒဂါတို ့ကော သင်္ကြန်ဘာလုပ်မှာလဲဗျ
    ကျုပ်ကတော့ ဘုန်းကြီးဝတ်မှာ..အသက်ကြီးပြီ သေရင် အပျော်အပါးတွေကိုယ့်နောက်မပါဘူး
    ကျောင်းဒကာတို ့လဲ ဘောင်းဘီတိုဝတ်ပြီး ရေပြွတ်နဲ ့ ကောင်မလေးဖင်တွေ လိုက်ပက်ဖို ့ စဉ်းစားမနေနဲ ့
    မန်းလေးသားကြီး အူးပေလို ဓာတ်ပုံရိုက်ပါဆို ဖင်ရေဆိုနေတာပဲ ရွေးရိုက်တယ်….မိန်းမကြီး ငုတ်တုတ်နဲ ့
    တယ်ပွေးတဲ့လူဗျာ လွယ်ဘူး

    တတ်တာကျေင်းဒကာရေ
    မိန်းမ ရုံးဆင်းပြီ သွားကြိုလိုက်ဦးမယ်
    နောက်တစ်ခါ
    ချိုပေါ့ကျနဲ ့တော့ မတိုးတော့ဘူး ဘီယာအေးအေးလေးသောက်ချင်တယ်
    မိန်းမ လစ်တဲ့အခါ ထွက်ခဲ့နော့်

    နောက်ဒါပါဗျာ
    ကျနော် ဘုရားမကြိုကု်တာတွေ ဘာမှမလုပ်တော့ပါဘူး
    ူကိုယ်ကြိုက်တာလေးတွေတော့ လုပ်ပါရစေ

    • အသူရာ

      March 21, 2012 at 3:28 pm

      ဟဲ့ မိပေါက် ပေါ်လိုက်ပျောက်လိုက်နဲ့ ဘယ်နှယ့်ဖြစ်နေသဒုံး
      ညည်းနဲ့ ဖြဲမနဲ့ ဘယ်မှာ သူငယ်ဖမ်းနေတာလဲ
      သများကိုလည်းပြောအုံးတော့ 😆

    • ခပ် KING ကင်း

      March 21, 2012 at 6:17 pm

      မိရင်တော့ အဲဒကောင်တွေကို သဲကြမ်းပက် ဖင်ချပြီးမှ ပြန်လွှတ်လိုက်ပါ.. မိပေါက်ကော့မတ်ဖတ်ပြီး နောက်နောင်မလုပ်ရန် ခဲပေါက်သူများအဖွဲ့မှ ဆုံးဖြတ်ချက်လိုက်ကြောင်း သတင်းရရှိ ….

      သူတောင်းစား ဂိုဏ်းချုပ် တစ်ယောက်မိတဲအတွက် လက်ခုပ်တီးပါတယ် ကျောင်းဒကာ
      တခြား ဂုဏ်းချုပ်တွေလဲ ထပ်ဖမ်းသင့်ပါတယ်..
      သူတောင်းစားဂိုဏ်းက ခွေးရိုက်တုတ် ပျောက်နေကြောင်း သတင်းရရှိ ….

      သင်္ချာဝင့်ကျော် ပေါ်ကစက ကျွန်ုပ်သည် သူ့ကို အားပေးခဲ့ကြောင့် ….. ယခုနောက်ပိုင်း အရိုးနည်းနည်းရင့်လာသည်အချိန်တွင် လှည့်တောင်မကြည့်ခဲ့ကြောင်း (စိတ်ပါရင်တော့ ကြည့်ဖြစ်) ….. ဝင်ပွားလိုက်ပါသည် ….

      ပေါ့စိမ့်ကို မိုးတိုးမတ်တပ် သောက်သုံးသွားပါကြောင်းးးးးးးးးးးးးးး <3

  • kai

    March 21, 2012 at 3:19 pm

    ရေးဟန်နဲ့..ရေးပုံလေးတွေက.. အင်း..
    နောက်လသတင်းစာထဲ.. ထည့်ချင်လာပြီ..။
    မီဒီယာလုပ်ထုံးမှာတော့.. ဒီလိုတခြားသတင်းစာ၊ဂျာနယ်သတင်းတွေ ကုတ်လုပ်ပြီးဝေဖန်တာက.. Fair use ထဲပါမယ်ယူဆပါတယ်.။
    ခွင့်တောင်းရန်မလို.. တရားဝင်တယ်ပေါ့..။

    ဆိုတော့.. စကားအတင်းစပ်ပြောပါမယ်..။
    သတင်းစာ၃စောင်ကို.. ပြီးခဲ့တဲ့.. ၂ပါတ်လောက်က.. ရန်ကုန်-အမေရိကန်စင်တာကိုပို့လိုက်တယ်..။
    ရောက်သလားတော့မသိ..
    ကြုံသူတွေသွားကြည့်မေးပေးပါဦး..
    အဖုံးမှာ.. မန္တလေးဂေဇက်ရွာသူားတွေအလှူပုံထည့်ထားတာမို့ပါ..။
    အဲ..
    အမေရိကန်စင်တာမှာ ထားပေးဖို့.. တရားဝင်လည်း.. တောင်းဆိုထားပါတယ်.။ 😆
    သူတို့လက်ခံရင်.. အဆင်ပြေရင်.. အမေရိကသံရုံးမှာ မန္တလေးဂေဇက်ရှိနေပါလိမ့်မယ်..။

    =
    မဒီက.. အယ်လ်အေမှာပဲနေတာလို့ထင်တယ်..။
    ၁ဝနှစ်လောက်ကတော့.. နေနေတာသေချာတယ်..။
    ဘယ်ကဘယ်လို.. ဟန်းနီးမွန်းဖြစ်သွားသလဲမသိ..။
    ကိုထွဏ်းထွဏ်း(အိုင်စီ)နဲ့.. အဆက်အသွယ်ရှိပုံရပါတယ်.။
    ကြုံရင်မေးကြည့်ပါ့မယ်..။ 😆

  • chel gyi

    March 21, 2012 at 4:32 pm

    ကြိတ်ပြီးအားပေး….နေပါတယ်

  • awra-cho

    March 21, 2012 at 4:41 pm

    တီးသောက်ရင်းနဲ့ ကုန်သွားမှာ ကြောက်နေတယ်။ ကောင်းထှာအေ။ လွှတ်ကြိုက်တာ ။အမြဲရေးပါ ဗျာ၊

  • MaMa

    March 21, 2012 at 4:54 pm

    ကဲ မကုလားမကို မကြိုက်ရင် ဦးကုလားကြီးလို့ခေါ်မယ်။
    ဦးကုလားကြီးရဲ့ ချိုသော ပေ့ါသော ကျသော ရသစုံ စာကိုမြည်းပြီး နှစ်သက်ကြည်နူးမှုကို ရရှိသွားပါကြောင်း။
    ချိုပေ့ါကျ ရေးဟန်ကို သဘောကျနေတာကို စာချိုးပေးလိုက်မယ်။

    `မက်မောဖွယ်ရာ ဘလက်ချောဆရာရဲ့ချိုပေ့ါကျ
    တသက်မမောစရာ တို့တောရွာက မျှော်တောင့်တ´

    (တတ်သလောက် မှတ်သလောက် ချရေးပေးလိုက်တယ်။
    ဆရာတစ်ယောက်ပြောသလို မချော ချော အောင် ကြည့် (ပြင်) ဖတ် ပါလို့။)

  • Diamond Key

    March 21, 2012 at 5:08 pm

    ဖတ်စရာ အနှစ်တွေကို နှစ်နှစ်သက်သက်နဲ့ အားပေးသွားပါတယ်ဗျို့။ ပုံလေးတွေကလည်း ရှယ်ကောင်းတယ်။ ဗိုလ်တထောင်ဆိပ်ကမ်းက လှေလေးကိုတော့ စီးချင်လိုက်တာဗျာ 😀

  • yaungchikha

    March 21, 2012 at 7:19 pm

    ဦးဘလက်ရဲ့ ချိုပေါ့ကျကို အကျအနထိုင်သောက်သွားပါတယ်နော့၊ နောက်ထပ်လည်း ကျစိမ့်၊ ဖန်စိမ့်၊ ချိုစိမ့်၊ ပေါ့စိမ့်လေးတွေကိုပါစောင့်မျှော်နေပါသည်…

  • pooch

    March 21, 2012 at 7:42 pm

    အော် လက်စသတ်တော့ ဟိုတခါပြောတဲ့ အရှင်လတ်လတ်ပြမယ်ဆိုတဲ့ စလီဘရစ်တီ တပိုင်းဆိုတာ သူလေးကိုး ။ ဖားဖားတို့များ လွှတ်ကြွားထားတာ ။ 😀

    ဖြူဖြူကျော်သိန်းရဲ့ The lady ပေါ်မှာ ထားတဲ့ အမြင်ကို သဘောကျတယ် ။ ဟုတ်တယ်လေ ရသမျှနဲ့ ရှိတဲ့ သတင်းအချက်အလက်နဲ့ ဖြစ်အောင် ရိုက်ထားရတာပါ။ မီရှဲယို သရုပ်ဆောင်တာကို လည်း သဘောကျတယ်။ တူတယ်။ အသက်ဝင်တယ်။ မာန်ပါတယ်။

    လင်းလင်းကို ကြိုက်တာ သူ့ရဲ့ ဘယ်သူနဲ့မှမတူတဲ့ အနုပညာ ဖန်တီးနိုင်မှုရော စိတ်ဓာတ်ကိုရောကြိုက်တာပါ။ မန ္တလေးသား ဆိုတာထက် မြောက်ပြင်သားဖြစ်နေတာကလည်း ကျမကြိုက်ရတဲ့ အချက်ထဲ အကျုံးဝင်နေပါသေးတယ် ။ 😀

    မဒီကတော့ သူ့အသံက ဘယ်သူနဲ့မှ မတူလို့ ကြိုက်တာပါ။ အခြေအနေပေးရင် ထပ်နားထောင်ဖို့ မျှော်လင့်နေပါတယ်။ ဘယ်သူနဲ့ များဟန်းနီးမွန်းထွက်သလဲ ဆိုတာကို လဲ သိချင်ပါတယ်။

    မီးမီးခဲ ကို ကျမလည်း ကြိုက်တယ် ။ မူရင်းကိုပဲ အားပေးမှာပါ။
    ဒါနဲ့ လှေနာမည်က နိုးနိုး ၂ ဆိုတော့ နိုးနိုး ၁ ဆိုတာ ကိုနို်ဇိုမိ ပိုင်တာထင်ပါရဲ့နော်။ 😀

    • ဖားသက်ပြင်း

      March 21, 2012 at 7:54 pm

      Sorry. Not her…
      She’s not my friend..

      Wrong… mdy-jp
      😀
      Lol

  • alinsett

    March 21, 2012 at 9:26 pm

    ုဟုတ်ကဲ .့ ။ ပြီးပြည့်စုံသော..ပို ့စ်လေးပါ ။
    ချိုပေါ့ကျ ( ၅ ) မှာလည်း..တာရာမင်းဝေ ရဲ ့ကဗျာလေးကို တွေ ့ရလို ့ ဝမ်းသာရပါတယ် ။

    ကျွန်တော့်ကို သတိတရ….အသိပေးသါားလို ့လည်း..ဝမ်းသာရပါတယ်ဗျ ။

    ဆက်လက် အားပေးနေပါဦးမယ်..။

    ခင်မင်လေးစားစွာ…

  • htet way

    March 21, 2012 at 9:46 pm

    စိတ်ကို ကိုက်တဲ့ခြင်တဲ့လား
    စိတ်ကိုခြင်ကိုက်နေရင် ဥပေက္ခာသာပြုတော့
    မောင်ခိုင်မာစကားငှားပြောရရင်
    “ရှင်မရယ် ဆင်ဗိုက်ကို ခြင်ကိုက်သလောက်ပဲရှိပါတယ်။
    နောက် …ကလေးများကို ဖမ် းလုပ်စားတာမိတဲ့သတင်း ကြိုက်တယ်
    အရေးယူပါ။ သတင်းတွေကို ဝေဖန်တာလုပ်နေတာ ဖတ်အားကောင်းဖို့အတွက် ဆရာဘလက် အားထုတ်မူကိုစာနာပါတယ်။
    မင်းသားစွမ်းဇာနည်က သွေးနားထင်ရောက်သွားတာပါ သွေးတက်တယ်ခေါ်မှာပေါ့
    သွေးပေါင်တက်ရင် လေဖြတ်တတ်ပါတယ်။ဒါမျိုးပရိတ်သတ်ကိုစော်ကားရင်
    ထမင်းအိုးကွဲသွားနိုင်ပါတယ်။ဒီသတင်းက ဖြန့်ရမယ့်သတင်းပါ။
    စကားစပ်လို့ ကချိကချောက်မင်းသားတစ်ယောက်ဇာတ်ထောင်တယ် ပြဇာတ်က ၃ထုပ်ပဲရှိတယ်
    အိမ်မဲကိုဇာတ်လာကတော့ ၄ညစာချုပ်ချုပ်တယ် ပြဇာတ်မရှိ ဘူး
    မင်းသားဇာတ်ဆရာဆိုတဲ့ လူက တောင်းပန်လို့ ပြဇာတ်တစ်ပုဒ်လက်ပူတိုင်ရေးလိုက်ရ ကိုယ်တိုင်တိုက်ပေးလိုက်ရတယ်။နောင်နှစ်နှစ်ကြာမင်းသားနာမည်ကြီးတော့ အိမ်မဲပြန်လာတယ်
    ဇာတ်ပွဲကို ကျွန်တော်သွားတွေ့တယ်။မင်းသားနဲ့ တွေ့ချင်လို့ဆိုတော့ မသိချင်ယောင်ဆောင်နေတယ်
    ကျုပ်ကလည်း မင်းသားရေ ခင်မင်မူအရလာတာပါ။မသိဘူးဆိုရင်လည်းရပါတယ်
    ကျုပ်ပြဇာတ်အတွက် အနယ်နယ်လှည့်ကလာတာ ခွင့်မပြုနိုင်တော့ဘူးလို့ ပြောတော့မှ …….။
    လူတွေက ဒီလိုပါပဲ နည်းနည်း အရှိန်ရလာရင် မြောက်သွားတတ်ကြတယ် အောက်ခြေမခိုင်တော့ လွတ်သွားတာပါ။ ဘဝင်မာနပေါ့ ကျုပ်တို့ရွာမှာတော့ ဒါမျိုးမရှိဘူး။
    ကိုဘလက်သူကြီးက စာစောင်ထဲထည့်ရိုက်တော့မယ်တဲ့ ခင်ဗျားကြားတယ်နော်။
    ကျုပ်ခေါ်ရင်တော့ မသိဘူးလို့ ဟိုမင်းသားလိုမပြောကြေးနော်။
    ခင်မင်စွာဖြင့်
    ထက်ဝေး

  • ကြောင်ကြီး

    March 22, 2012 at 8:49 am

    ပုရှ်လေးကြိုက်တဲ့ ငလင်းဆိုတဲ့ကောင်ကို မေးလိုက်စမ်းပါ။ ချမလားလို့.. ကြောင်ကြီးက အလောင်းဘုရားဦးအောင်ဇေယျ မျိုးဆက်ပါ…။

    • windtalker

      March 22, 2012 at 9:24 am

      ဦးအောင်ဇေယျ အမျိုးဆိုလို့ ။ ကပုန်းကျော် ပို့စ် ထဲကလို လိုက်လုပ်လုပ်ရဘူးနော

  • လင်းဝေ

    March 22, 2012 at 10:44 am

    ကျောင်းဆရာ .. အဲလေ .. ကျောင်းဒကာ ရေ

    ကျောက်တံတားရဲစခန်းက ဒုရဲအုပ် အောင်ကျော်သူ ကို မန်းဂေ သူရဲကောင်း ဆု မပေးသင့်ဘူးလားဗျာ။
    ချီးမြှောက်သင့်သူကို ချီးမြှောက်ချင်းသည်လည်း မင်္ဂလာတစ်ပါးပဲမဟုတ်လား ကျောင်းဆရာရယ်။

    ထော်လာဂျီကတော့ ပြဿနာ အကြီးကြီးဗျ။ တလောက ခရီးရှည်ကြီးထွက်ဖြစ်တော့လည်း လမ်းပေါ်မှာ ထော်လာဂျီတွေပဲ ကို့ယို့နဲ့ကားယား တော်တော် တွေ့လာရတယ်။ ကျုပ်တို့ တောသားတွေများ တော်တော်အနေဆင်းရဲပြီး အသိဉာဏ်နည်းနေသေးတယ်ဗျာ။

    ဒါထက် ဒီလောက် ဈေးကောင်းနေမှတော့ ကျောင်းဆရာ နဲ့ ကျုပ်ပေါင်းပြီး ဇာတ်ထောင်ကြမယ်ဗျာ။ မင်းသားတင်ဖို့ လျှောက်လွှာစရောင်းတော့။

    ဒါပဲနော် ဇာတ်ဆရာ ရေ။ p.s – မင်းသမီးလေးတွေတော့ စိတ်ကြိုက်သာရွေး။

    • စိန်ပေါက်ပေါက်

      March 22, 2012 at 10:53 am

      မင်းသား ခန် ့မှာလား
      အနုပညာကြေး ကြိုပေးရမနော့
      ပြီးတော့..
      သီချင်းလဲ ဆိုချင်သလောက်ပဲ ဆိုမယ်..
      ငါးပုဒ်ပဲဆိုတာတွေ ခြောက်ပုဒ် မပြည့်ဘူးတွေ လာလုပ်ရဘူး
      ကချင်သလိုပဲ ကမှာ
      လောလောဆယ် ချိုမိုင်မိုင်အကကို စတင်လေ့ကျင့်နေပြီ
      စိန်ပေါက်ပေါက်တို ့က ဇာတ်လောကမှာ နာမည်သုံးလုံးနဲ ့နေမှာ
      ဒါဗျဲ

  • amatmin

    March 22, 2012 at 11:16 am

    ကိုဘလက်ရဲ့ကိုယ်တိုင်ရေး ခြင်ဗားရှင်းကို နည်းနာယူသွားပါ၏..
    အော် ကိုယ်တွေလည်းခြင်လောကမှာ ကျင်လည်နေရတာကိုး…..
    ဒါနဲ့ ကိုဘလက် လက်ရှောင်လိုက်တာတွေ မပါတော့ လက်ဘက်ရည်က နည်းနည်းပေါ့နေသလား မသိ 🙂
    ဘာပဲဖြစ်ဖြစ် ထုံးစံအတိုင်း လက်ဘက်ရည်ဖိုး လက်မတချောင်းပါဗျာ……..။

  • ဦးဦးပါလေရာ

    March 22, 2012 at 2:11 pm

    ကျောင်းဒကာရေ-
    ဒီတခေါက် ချိုပေါ့ကျမှာတော့
    အချိန်အခါအလိုက် တာဝန်သိသိနဲ့
    အကျရည်လေး ပါးပါးလျှော့ထားပေးတာ သတိထားမိပါသဗျာ..။
    တန်ဆေးလွန်ဘေး ဆိုသမို့လား ကျောင်းဒကာရေ..။

    ကျောင်းဒကာရေ-
    အနုပညာရှင်တွေ အောင်မြင်တဲ့အခါ
    သူ့ဟာသူ စိတ်ကြီးဝင်တာက တကဏ္ဍ
    သူ့အလုပ်အပေါ်တာဝန်ကျေရမျာက တကဏ္ဍပါဗျာ…။
    ပြည်သူကိုစော်ကားရင် ပြည်သူကကျောခိုင်းသွားမှာပါ..။

    ကျောင်းဒကာရေ-
    သူတောင်းစားဂိုဏ်းပေါက်စနလေးဖမ်းဆီးအရေးယူတာကိုလဲ
    သာဓုခေါ်ပါတယ်။
    ရန်ကုန်အနှံ့ မြန်မာပြည်အနှံ့ ရှိနေတဲ့
    ကလေးတွေကို ခိုးယူ ခြိမ်းခြောက်တောင်းရမ်းစေတဲ့
    လသားကလေးငယ်တွေကို ခိုးယူဝယ်ယူပြီး-
    နေ့တွက်နဲ့ ငှားရမ်းစီးပွားရှာတဲ့
    ဂိုဏ်းကြီး အဖွဲ့ကြီးတွေကိုလဲ ဆက်လက်ဖမ်းဆီးမိပါစေလို့သာ…။

    ကျောင်းဒကာရေ-
    နေကလဲ ပြင်းလာချိန်မို့
    ဘုရားစောင်းတန်းပုံလေး တွေ့ရလို့
    ဘုရားရိပ်အေးအေးလေးကို တောင့်တောင့်တတ ဖြစ်မိပါကြောင်းဗျာ…..။

  • aye.kk

    March 22, 2012 at 5:12 pm

    ကိုဘလက်ချော..
    ဒီဘက်မှာက..
    ဖျော်တဲ့လက်ရာ..
    အရမ်းကောင်းရင်..
    သောက်တဲ့သူက“ဂွတ်ရှယ်”ဆိုပြီးပြောလေ့ရှိတယ်
    ကိုဘလက်ရဲ ့ဂွတ်ရှယ်လေး၊အားပေးသွားပါတယ်လို ့နော်..။။

  • blackchaw

    March 22, 2012 at 5:45 pm

    @ windtalker ;
    ဦးဦးဖျားဖျားပေးသွားတဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
    စကားမစပ် မနေ့က ပွဲကြို ခန့်မှန်းထားတာ ထိုင်ကြည့်ပြီးရေးထားသလို မှန်နေတာကြောင့်
    အထင်ကြီးလေးစားမှုများ ဒီရေလို တရိပ်ရိပ် တက်ခဲ့ရပါတယ်။
    ဒေါက်တာမောင်ပေ၏ ရက်ရာဇာ များ မှာ တိုက်ဆိုင်လို့များ ရန်ကုန်ရောက်ခဲ့ရင်
    တပည့်ခံလိုက်ချင်ပါသေးကြောင်း။
    😆

    @ Mလုလင် ;
    ကွန်းမန့်လေး ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးပါ ညီလေးရေ။
    😆

    @ weiwei ;
    ဘုရားစောင်းတန်းပုံ အသုံးတည့်တယ် ဆိုလို့ ဝမ်းသာပါတယ်ဗျာ။
    အဲဒါ မင်းဓမ္မလမ်းက ကျောက်တော်ကြီးဘုရားစောင်းတန်းပုံပါ။
    ရိုက်ထားတာ တစ်လလောက်ရှိနေပါပြီ။
    ချိုပေါ့ကျ ကို အားပေးသွားတာ ကျေးဇူးပါဗျာ။
    :mrgreen:

    @ TTNU ;
    တီချယ်ကြီးရေ။
    အမောပြေအောင် ရေအေးအေးလေး တစ်ခွက်တိုက်သွား တယ်လို့
    မှတ်ယူပါတယ်ခင်ဗျာ။
    ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။ 😆

    @ nozomi ;
    ခြင်တစ်ကောင်ကို မင်းကခြင်လားလို့ မေးစရာမလိုပါဘူး ကျောင်းဒကာရယ်။
    ခင်ဗျားကိုယ်တိုင်ရော ကျွန်တော်ကိုယ်တိုင်ပါ တစ်ခါတစ်လေ ခြင်တစ်ကောင်
    ဖြစ်နေနိုင်တာမို့ပါ။
    အော် ဖြစ်ရပြန်ပါပြီ။ မျက်စိကြီး၊ နားကြီး၊ ခြေရှည်၊ လက်ရှည်။
    အသာလုပ်ပါ ဗျာ။ ကျွန်တော်က ပုံမှန်လူတစ်ယောက်ပါပဲ ကျောင်းဒကာရယ်။
    အဲဒီဆိုင်ကယ်ကိစ္စကတော့ ကလင်းနင်း ဂါးဗားမန့် လို့ဆိုတဲ့လူကြီးတွေ
    ကျောင်းဒကာရဲ့ ကွန်းမန့်ကို ဖတ်မိရင် ထူးခြားပါလိမ့်မယ်ဗျာ။
    ဝတ်မှုန်လေး က အရှေ့ကျွန်းက ဂီဂီလေးတို့ အရွယ်ဝတ်မို့ ဂီဂီလေးကို မေးကြည့်ဗျာ။
    မင်းတို့ဘယ်တော့လဲလို့။
    ဒေါက်တိုကြီး မြေသိမ်းတဲ့ ကိစ္စ တင်ပြနိုင်အောင် ကြိုးစားနေပါတယ် ကျောင်းဒကာ။
    ချိုပေါ့ကျ ကို အဆင်ပြေသလိုသာ သောက်ပါဗျာ။ ခွင့်လွှတ်ပါတယ်။
    :mrgreen: :mrgreen: :mrgreen: :mrgreen: :mrgreen:

  • blackchaw

    March 22, 2012 at 5:54 pm

    @ Fatty Cat ;
    ညီလေးရေ။ ဂျာနယ်ရောင်းရင်း လဖက်ရည်ဖျော်တဲ့ အသားမည်းမည်း လူကြီးတစ်ယောက်ရဲ့
    တော်ကီများလို့ မှတ်ယူလိုက်ပါဗျာ။ ချိုပေါ့ကျ ကို အားပေးသွားတာ ကျေးဇူးပါဗျာ။ :mrgreen:

    @ အသူရာ ;
    အားပေးသောက်သုံးသွားတယ်ဆိုတဲ့ အတွက် ကျေးဇူးပါဗျာ။
    ဝင်တဲ့အခါ ကြုံပါဦး။
    :mrgreen:

    @ ဖားသက်ပြင်း ;
    ထင်တယ်။ ဂီဂီ တို့ အသိုင်းအဝိုင်းက ဖြစ်မယ်လို့။ ဒါပေမယ့် သူ့ခင်ဗျာ
    ၂ နှစ်လောက် လုပ်တာကို ငရဲကျသလိုပဲလို့ ပြောထွက်တာလေးကို အံ့ဩထှာ။
    ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ ဂီဂီရေ။
    :mrgreen:

    @ pig gy ;
    ဂီဂီ့ကို ပြောတာလား။ ကျွန်တော့်ကို ပြောတာလား မသေချာပေမယ့်
    ဝင်ဖတ်ပြီး ကွန်းမန့်လေး ပေးသွားတဲ့အတွက် ကျေးဇူးပါဗျာ။
    :mrgreen:

    @ စိန်ပေါက်ပေါက် ;
    ကလေးတွေ ကစားကြသလို ပြောရမလိုဖြစ်နေပြီ ပေါက်ဖေါ်ရေ။
    ဗိုလ် ကျား သေနတ်
    ကိုယ်ကြိုက်တာကိုယ်လုပ်
    ပေါက်ဖေါ်။
    :mrgreen:

  • blackchaw

    March 22, 2012 at 6:06 pm

    @ kai ;
    သူကြီးရေ။ ကျေးဇူးပါဗျာ။ မမျှော်လင့်ရဲပါဘူး။
    အမေရိကန် စင်တာ ကျွန်တော် ရောက်အောင် သွားမေးပေးပါ့မယ်။
    အရင်က ကျွန်တော် နှစ်စဉ်ကြေးပေးပြီး စာအုပ်တွေယူခဲ့ဘူးပါတယ်။
    အခုမယူဖြစ်တာ ၂ နှစ်လောက်ရှိနေပြီဗျ။
    မဒီကြီး သတင်းလေးရရင် ပြန်ပြောပေးပါဦး။ :mrgreen:

    @ king ;
    မိုးတိုးမတ်တပ် သောက်သွားတဲ့ ပေါ့စိမ့်လေးတစ်ခွက်အတွက်
    ကျေးဇူးပါ ကင်းရေ။ :mrgreen:

    @ chel gyi ;
    ကြိတ်ပြီးအားပေးနေတယ် ဆိုတော့
    ပျောက်နေတဲ့လူတစ်ယောက်နဲ့
    သက်ဆိုင်သူတစ်ယောက်ကို သတိရမိပါတယ်။
    မဟုတ်ရင် ဆောရီးပါဗျာ။ ကျေးဇူးတင်ပါတယ်။
    :mrgreen:

    @ awra-cho ;
    လွှတ်ကြိုက်တယ် ဆိုလို့ လွှတ်ကျေးဇူးတင်ပါတယ်။ :mrgreen:

    @ MaMa ;
    ခေါ်ချင်သလိုသာ ခေါ်ပါ မမရေ။
    ဒီလောက်ကောင်းတဲ့ စာချိုးနဲ့ ကွန်းမန့်လေး ချီးမြှင့်ပေးတာ
    ကျေးဇူးပါ ခင်ဗျာ။ နည်းနည်းတောင် မြောက်သွားပြီ။
    :mrgreen:

  • blackchaw

    March 22, 2012 at 6:18 pm

    @ Diamond Key ;
    ကိုသော့ရေ။ အားပေးသွားတာကျေးဇူးပါ။
    ဒီလကုန် ရန်ကုန်သာ ရောက်အောင်လာခဲ့ပါ။
    ကျိုက်ထီးရိုးရောက်အောင် သွားကြမယ်ဗျာ။
    :mrgreen:

    @ yaungchikha ;
    အကျအန ထိုင်သောက်သွားတယ်ဆိုလို့ ကျေးဇူးအထူးပါဗျာ။ :mrgreen:

    @ pooch ;
    မယ်ပုချ်ရေ။ ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ။
    စကားမစပ် အဲဒီလိုသင်္ဘောငယ်လေးတွေကတော့ ကိုနိုဇိုမိတို့လို
    ငွေရှင်ကြေးရှင် ကြီးတွေမှ စီးနိုင်တာမျိုးရယ်ပါ။
    ကျွန်တော်တောင် ဓါတ်ပုံရိုက်ဖို့ သူ့ ခွင့်တောင်းရသေးတာ။
    :mrgreen:

    @ အလင်းဆက် ;
    ကျေးဇူးပါ ကိုအလင်းဆက်ရေ။
    ခင်ဗျားနာမည်မြင်တိုင်း ကိုသစ်ကို သတိရမိတတ်တာလေး ဝန်ခံပါရစေဗျာ။
    :mrgreen:

    @ htet way ;
    ကျွန်တော်က မြှောက်ပေးရင် မြောက်တတ်တယ် ကိုထက်ဝေးရေ။
    နောက်ပြီး မေ့လည်းမေ့တတ်သေးတယ်ဗျ။
    ဒါနဲ့ ခင်ဗျားက ဘယ်သူလဲ ဘယ်ကလဲ ဘယ်တုန်းက ကျွန်တော်နဲ့သိတာလဲ။
    မှတ်ဉာဏ်က သိတ်ကောင်းတာ မဟုတ်ဘူရယ်။
    ဘယ်လိုခေါ်မလဲ…။
    ဘလက်ချောလို့သာ ခေါ်ပါဗျာ။
    :mrgreen:

  • blackchaw

    March 22, 2012 at 6:34 pm

    @ ကြောင်ကြီး ;
    ပုချ်လေးအတွက် လင်းလင်းကို စိန်ခေါ်ရင်း ကွန်းမန့်လေး ချီးမြှင့်ပေးသွားတာ
    ကျေးဇူးပါ ကိုကြောင်ကြီးရေ။ :mrgreen:

    @ လင်းဝေ ;
    နိုင်ဂံဂျား မသွားခင် ဘီယာလေးတော့ တိုက်သွားပါဦး ကျောင်းဒကာ။
    ဒီတစ်ခါ ချိန်းဖို့ ဆိုင်ကလည်း အဆင်သင့်ဆိုတော့
    ကဲ ရွာစားရေ…။ ဘီယာဆိုင်ကိုသာပို့ ပါဗျို့။
    :mrgreen:

    @ amatmin ;
    ထုံးစံအတိုင်းလက်မလေးတစ်ချောင်းအတွက် ကျေးဇူးပါဗျာ။
    ပေါ့သွားတာလေးအတွက်လည်း ပြန်ပေးနိုင်အောင် ကြံစည်နေပါတယ်ဗျာ။
    :mrgreen:

    @ ကိုပါလေရာ ;
    ကွန်းမန့်ပေးတာ နောက်ကျနေတဲ့အတွက် မျှော်နေမိသေးတယ်။
    အစစအရာရာအတွက် ကျေးဇူးပါ ကိုပါလေရာရေ။
    :mrgreen:

    @ aye. kk ;
    ဂွတ်ရှယ်လို့ ချီးကျူးသွားတာကို ဖတ်ပြီး မြောက်သွားပါတယ် အစ်မရေ။ ကျေးဇူးပါဗျာ။
    :mrgreen:

    @ panpan ;
    ဘယ်တွေ ပျောက်ပြီး ဘယ်တွေရောက်နေပါသလဲ ပန်ပန်ရေ။
    ဘယ်လိုပလန်တွေနဲ့ ဘယ်လို ပရိုဂရမ်တွေကို ဖန်တီးနေပါသလဲ ဗျာ။
    ပျောက်နေရာက ပေါ်လာပြီး ချိုပေါ့ကျ ဝင်သောက်သွားလို့ ကျေးဇူးပါ ဗျာ။
    :mrgreen:

  • MaMa

    March 22, 2012 at 8:30 pm

    ရွာထဲက ဂီတ ပရော်ဖက်ဆာစုံတွဲ ပေါက်ချောဦးဆောင်သော အဖွဲ့ကြီးကို ကြိုတင်ပြီး တောင်းဆိုထားရဦးမယ်။
    ပန်းတနော်ခရီးစဉ်ကျရင် ခင်ဝမ်းသီချင်းတွေကို ကြားချင်ပါတယ် ဗျို့………………… 🙂

  • နေဝန်းနီ

    March 22, 2012 at 9:47 pm

    ချိုပေါ့ကျ လ္ဘက်ရည်ပဲလားဗျ…။ ရေနွေးကြမ်းကောမပါဘူးလား ? နေပူပူ မှာရေနွေးကြမ်းလေးသောက်ပြီး ရွှေနှင်းဆီလေးဖွာ(ရန်ကုန်မှာဆိုရင်တော့ ဂျိုသိန်း ဖြစ်ချင်ဖြစ်လိမ့်မယ်) ချိုပေ့ါ ကျလေးတစ်ချိုက်စုတ်သောက်လိုက်နဲ့ ဇက်ရက်မင်းစည်းစိမ်နဲ့ လဲဘူးဗျို့…။ (တစ်ချိုက်ချင်းပဲစုတ်သောက်တယ်ဗျို့ ကုန်သွားမှာလဲစိုးရသေးတယ်….။ )

  • padonmar

    March 23, 2012 at 4:03 am

    ကောင်းတာတွေတော့ မပြောတော့ဘူး။
    သတင်းစာထဲရောက်သွားရင်သာ ကျွန်မတို့ကိုမေ့သွားလို့ကတော့ မဒမ်ဘလက်ဆီကို ချွန်တွန်းလုပ်ပြီးသားပဲ။
    မမပြောသလို
    ပန်းတနော်ခရီးတွက် သီချင်းရွေးထားနော်။
    ကိုပေါက်ကို ခရီးနဲ့လိုက်ဖက်သော သီချင်းတွေရွေးခိုင်းပြီး ကိုဘလက်ကို အဆိုကျင့်ခိုင်းထားရမယ်။
    ကားပေါ်ကျမှ ဟိုသီချင်းမရဘူး၊ဒီသီချင်းမရဘူးမလုပ်နဲ့၊ စွမ်းဇာနည်လို ၅ပုဒ်ပဲဆိုပြီးလည်း မပြန်သွားနဲ့။

  • padonmar

    March 23, 2012 at 4:21 am

    ကိုပေါက်နဲ့
    နှစ်ယောက်တိုင်ပင်ပြီး ရွေးထားပေးနော်။
    ပြီးရင် ဖိုရမ်မှာတင်ပေး။
    ကျွန်မတို့ ဝေလေလေ အဖွဲ့က ဟာမိုနီလိုက်ဖို့ ကြိုကျက်ထားမယ်။

    • Khin Latt

      March 23, 2012 at 5:42 am

      အစ်မပဒုမ္မာ ရေ – ကျွန်မလဲ အသံဗြဲကြီး နဲ့ ဝင်ဆိုချင်လိုက်တာ။
      အလှူပွဲ ကို စိတ်ကူး နဲ့တွေးကြည့်ပြီး အတော်ပျော်စရာဖြစ်မှာ သေချာတယ်။
      ဓာတ်ပုံတွေ ကို ကြိုမျှော်နေပြီ။ 🙂

  • Khin Latt

    March 23, 2012 at 5:39 am

    ကိုဘလက်ရေ

    ချိုပေါ့ကျ လေးက ပိုပိုပြီး ရှယ်လာတယ်ဗျို့။
    ဇိမ်နဲ့ ဆွဲသောက်နေတာမို့ မှတ်ချက် ပေးဖို့ နောက်ကျနေပါရောလား။
    စိတ်ကို ကိုက်မဲ့ ခြင် အတွက် အနားမှာ ဗွက်အိုင်တွေ မရှိဖို့၊ ခြုံနွယ်ပိတ်ပေါင်းတွေ ရှင်းထားဖို့လဲ လိုပါတယ်ဗျို့။ ကိုယ့်ကိုလာကိုက်လို့ စိတ်မထိန်းနိုင်ရင်တော့လဲ ဖြန်း ကနဲဘဲ။
    ကိုဘချော ထည့်ထားတဲ့ “မဆုံးတဲ့ သီချင်း” ရဲ့ အဲဒီ အပိုဒ်လေးက ပြိုင်တူဟစ်လို့ ကောင်းပေါ့။

    စွမ်းဇာနည် ဆိုတာကတော့ ကျွန်မတို့ နဲ့ ဝေးလွန်းသွားပြီ။
    ကျွန်မ နားထဲ ယဉ်နေတာကတော့ “ဇာတ်မင်းသား လေး သိန်းဇော် သိန်းဇော် တိုင်းပြည်ကမျှော်” တဲ့။
    အဲဒီ ခေတ်ကတော့ တကဲ့ ကို ဇွဲနဘဲ စိတ်စေတနာအပြည့် နဲ့ ကပြ ခဲ့ကြပါတယ် ထင်ရဲ့။
    ထမင်းရှင်ကို မလေးစားရင်တော့ နာမည် သိပ်ခိုင် မယ် မထင်ပါဘူး။
    အသိ နဲ့ ယှဉ်လို့ ဆင်ခြင်သင့်ပါတယ်။

    ကန်တော့ပွဲပေးအခမ်းအနားခန်းမထဲကို တကဲ့ခေါင်းလောင်းကြီး ကိုင်ဝင်လာတယ်? ့ ယတြာ လား?
    ပရိုဂရမ်မာ လုပ်နေတဲ့ ၂နှစ် အတွင်း ငရဲကျသလို ခံစားရတယ် ဆိုတာဟုတ်မှာပါ။
    တကယ်တော့ ပရိုဂရမ်ရေး တယ် ဆိုတာလဲ အနုပညာတစ်ခုလို ပါဘဲ။
    မုဒ် ဝင်ပြီး မရေးနိုင်ရင် သုံးလို့ ကိုရမှာမဟုတ်တဲ့၊ လွှင့်ပစ်ရမဲ့ ပရိုဂရမ် ဖြစ်သွားမှာကိုး။
    အနုပညာ အစစ် ဖန်တီးမဲ့ နေရာမှာတော့ အောင်မြင်ပါစေ ဆုတောင်းပါတယ်။

    The Lady ကတော့ ကြည့်ခဲ့သူတိုင်း ရဲ့ စိတ်နှလုံးကို ထိခိုက်တာ အမှန်ပါဘဲ။
    ဒေါ်အောင်ဆန်းစုကြည် က “ကျွန်မ ကြည့်ရဲပါ့မလား” လို့ ပြောခဲ့တယ်လို့ ကြားဘူး တာပါဘဲ၊
    ကျွန်မတော့ သူ့ကို ပေးမကြည့်ရက်ပါဘူး။
    သူ ရင်ထဲမှာ အရမ်းငိုနေ မှာကို တွေးတောင် မတွေးပေးရက်ပါဘူး။

    ကလေးငယ်တွေကို သူတောင်းစားဇာတ် သွင်းပေးသူတွေ ကို ဖမ်းမိတယ် ဆိုတာ တကဲ့သတင်းကောင်းပါဘဲ။
    ဒီလို စိတ်ယုတ်မာရှိတဲ့လူ တွေကို အပြစ်ဒါဏ်ကောင်းကောင်း ပေးသင့်ပါတယ်။
    ဒါဟာ အနာဂါတ် အတွက် ကလေးငယ်တွေ ကို အညွန့်ချိုးတာပါ။

    ယောက်ျားမိန်းမ ခွဲခြားတာထက် လူသားတစ်ယောက်အဖြစ်နဲ့ပဲ မြင်တာပိုကောင်းတယ် ဆိုတဲ့ ထွန်းအိန္ဒြာဗို ရဲ့ စကားကို တော့ သဘောကျပြီး ပြုံးမိပါတယ်။
    ဒါနဲ့ ဆက်ပြီး ကျွန်မတို့ မြန်မာပြည် မှာ ဘုန်းကြီးဆွမ်းကပ် ရင် ယောကျင်္ား တွေက ကပ်၊ မိန်းမတွေ က မီးဖိုချောင်မှာ ချက် ရတော့ သူငယ်ချင်း တစ်ယောက် က မကျေမနပ် ဝေဖန်ဘူးတယ်။ ဒါဟာ မိန်းမတွေ ကိုနှိမ်တာပေါ့။ ကျွန်မ ကတော့ ဒီလို မတွေးမိပါဘူး။
    ဒါဟာ အလုပ်တစ်ခုအောင်မြင်ပြီးမြောက်ဖို့ လူအချင်းချင်း ကြားမှာ အလုပ်ခွဲခြား လုပ်ကိုင်တာလို့ တွေးစမ်းပါ ဆိုပြီး စိတ်ဖြေပေးခဲ့ဘူးတာ ကို သတိရမိလို့ပါ။
    ယောက်ျားမို့ မိန်းမမို့ ထက် ကိုယ်နိုင်ရာ၊ ကိုယ်သန်ရာ အလုပ်လုပ်ကြတာပေါ့။
    Team Work ခေတ် ရောက်နေတာ မဟုတ်လား။

    ပိတ်ဆို့အရေးယူ စာရင်းမှ ပယ်ဖျက် တဲ့ ကိစ္စကတော့ အနောက်နိုင်ငံ တွေက သူတို့ ပြည်ထဲ ကို ပိုက်ဆံရှိသူတွေ ဝင်တာ ကြိုက်မှာပါဘဲ။

    ကျန်တာတွေ ကို တော့ ဖတ်သွားပြီး မှတ်ချက် မဝင်တော့ပါဘူး။

    ဓာတ်ပုံတွေထဲမှာတော့ “ဘုရားစောင်းတန်း” ပုံလေးရဲ့ ရိုက်ချက် စိတ်ကူးကို ကြိုက်တယ်။

    နောက်ကျတာလေးကို အပြစ် မယူ ပါနဲ့။
    နောက်သတင်းထူး လေးများ ကို လဲ လစ်လျူမပြု ဘဲ မနှေး အမြန် ဗိန်းဗောင်းတီးလို့ ထွက်ပါတော့ မကုလားမ ရေ့။
    ချို ပေါ့ ကျ စီးရီး ကိုတော့ စွဲနေကြပါပြီ ကိုဘချောရေ။
    နောက်တစ်ခွက် အမြန်လေး။ 🙂

  • kyeemite

    March 23, 2012 at 9:46 am

    ခြင်တစ်ကောင် မဖြစ်ဘို့ကျွန်တော်ကြိုးစားမည်
    ခြင်တစ်ကောင် မဖြစ်ဘို့ကျွန်တော်ကြိုးစားမည်
    တစ်ကယ်ပါဒေါ်ဘလက်ရယ်…ခုခေတ်ခြင်ဖြစ်ရတာ
    သိပ်မချောင်ဘူးဗျ..ခြင်ဆေးတွေ တံဆိပ်မျိုးစုံ
    ပေါနေတော့ အသက်အန္တရာယ်နီးတယ်…
    ချိုပေါ့ကျ တစ်ခွက်ဟေ့….

  • htet way

    March 23, 2012 at 11:21 am

    ကိုဘလက်ရေ ညိုချောလို့အဓိပါယ်ရလား
    လုပ်မနေပါနဲ့ဗျာ အရွယ်လွန်နေပါပြီ ၄ဝဆိုတာ…..
    ညိုချောဆိုတာ က ကျုပ်မှ ဗျ။ အသားတော်ညိုပြာညက်ရယ် နန်းထက်ကဖွားတဲ့
    ကျုပ်မွေးတော့ လေမုန်တိုင်း ကြီးနဲ့ရင်ဆိုင်ရတော့ မုန်တိုင်းထဲအိမ်ပါသွားလို့ ယာယီတဲနန်းလေးပေါ်မှာမွေးတာဗျ။။ညိုတာထက်မဲတာဘက်ပါနေတယ် နေပူထဲလိုက်သွားနေရတာနဲ့
    အသားမည်းသွားတာပဲ။ကျွန်တော်နာမည်လား ရဲခေါင်ဘတင့်ပါ နေတာကတော့ ရွာသာယာသပြေတန်းမှာနေတယ်။ ဘယ်တုန်းကသိလဲဆိုတော့ ကျွန်တာ်ကောင်မလေး
    ကို ခင်ဗျားရန်ကုန်တက္ကသိုလ်ထဲမှာ လိုက်စကားပြောတုန်း ပိုင်ရှင်ရှိသည်မကျူးကျော်ရလို့
    ပြောခဲ့တဲ့ ခပ်သွယ်သွယ်ခပ်ချောချောလူတစ်ယောက်ကို ခင်ဗျားမှတ်မိမှာပါ။ခင်ဗျားဂစ်တာတစ်လက်နဲ့ အဆောင်ရှေ့ သီချင်းလာဆိုရင် ခပ်လှမ်းလှမ်းက အံကြိတ်နေတဲ့ လူဗျာ။စစ်ကိုင်လမ်းသီချင်းဆိုရင်
    ထပြန်သွားတာလေ…ဒီလောက်ဆိုမှတ်မိရောပေါ့။အင်း အဲ့ဒီတုန်းက ခင်ဗျားပိုးခဲ့တဲ့ ကောင်မလေးလည်း
    ကံဆိုးတယ်ဗျာ။သူဋ္ဌေးကြီး တစ်ယောက်နဲ့ ညားသွားတယ်။အခုကလေး၃၆ယောက်ရနေပြီ ငယ်ချစ်ဦး ကျုပ်ကိုတောင် သတိမရအားတော့ဘူး။
    (ကိုဘလက်ပြုံးရွှင်ပါစေသတည်း)

  • blackchaw

    March 24, 2012 at 1:08 pm

    @ နေဝန်းနီ ;
    ကွန်းမန့်လေး ဝင်ချီးမြှင့်တာ ကျေးဇူးပါ ကိုနေရေ။
    တင်ထားခဲ့တဲ့ အကြွေးကို ဒီနှစ်ထဲတော့ ဆပ်နိုင်လိမ့်မယ် ထင်ပါတယ်ဗျာ။
    ရောက်ရင်သာ ရှောင်မနေကြေးပေါ့။
    :mrgreen:

    @ မပဒုမ္မာ ;
    ကွန်းမန့်လေး အတွက် ကျေးဇူးပါ အစ်မရေ။
    သတင်းစာလောက်အထိတော့ မမျှော်သေးပါဘူးခင်ဗျာ။
    ရေးဟန်လေးတစ်ခုကို အသားကျကျ ရေးနိုင်သွားအောင်
    လေ့ကျင့်ခွင့်လေးပေးထားကြတာလောက်နဲ့တင် ကျေးဇူးကြီးလှပါပြီခင်ဗျာ။
    ကျေးဇူးပါ အစ်မရေ။

    @ Khin Latt ;
    အစ်မလတ်ရေ။ ကြယ်သုံးပွင့်ပိုင်ရှင် အစ်မအတွက် တကယ်ကို
    ဂုဏ်ယူမိပါတယ် ခင်ဗျာ။
    အားလည်းကျမိတယ် ဆိုတာ ဝန်ခံပါရစေ။
    ကျွန်တော့် ပို့စ်လေးတွေမှာ အစ်မပေးခဲ့တဲ့
    စိတ်ရှည်လက်ရှည်ကွန်းမန့်လေးတွေအတွက် တကယ်ကို ကျေးဇူးတင်မိပါတယ်။
    အမှန်တော့ ကျွန်တော်က ဒီလိုကွန်းမန့်တွေနဲ့ မတန်တဲ့သူပါခင်ဗျာ။
    ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ပို့စ်တွေဆို
    သေသေချာချာ ကွန်းမန့်ပေးတတ် ရေးတတ်တဲ့သူတွေအတွက်
    သူတို့ရေးတဲ့ပို့စ်တွေကို စိတ်ရှည်လက်ရှည် ကွန်းမန့်လေးတွေ ပြန်မပေးနိုင်တာအတွက်
    တကယ် ရှက်နေမိပါတယ်။
    မည်သို့ပင်ဆိုစေကာမူ
    တတ်နိုင်သလောက်
    ကျွန်တော် ကြိုးစားပါမည် လို့ ကတိပေးပါတယ်အစ်မရေ။
    ဒီတစ်ပတ် ချိုပေါ့ကျ မှာတော့ အစ်မ အတွက် စီးပွားရေးတက္ကသိုလ် ကြီးဆီ
    အရောက်သွားမယ်လို့ ….။
    :mrgreen:

    @ kyee mite ;
    ကျေးဇူးပါ ကိုကြီးမိုက်ရေ။ ခြင်တစ်ကောင်မဖြစ်ဖို့ ကျွန်တော်ကြိုးစားပါမည် ဆိုတဲ့အတွက်ပါ။
    ဟေ့ ဟိုထောင့်ကစားပွဲမှာ ထိုင်နေတဲ့ ခန့်ခန့်ချောချော ပုဂ္ဂိုလ်ကြီးကို ချိုပေ့ါကျ တစ်ခွက် ဆွဲမယ်ဟေ့။
    :mrgreen:

  • Mr. MarGa

    March 24, 2012 at 3:13 pm

    အော် စွမ်းဇာနည် ဆိုပါလား
    သူ့မလဲ ဟိုလိုသတင်းထွက် ဒီလိုသတင်းထွက်နဲ့
    တော်တော် နာမည် ကြီးချင်တယ်ထင်ပါ့

    ဂျူး
    ဂျူးဆိုရင် သီးစုံချဉ်ရည်ထဲကဂျူး နဲ့ စာရေးတဲ့ဂျူး ပဲသိထားတာ
    နောက်တစ်မျိုးထပ်ပေါ်လာပြန်ပြီ
    အရည်အချင်းကတော့ ဆက်လက်စောင့်ကြည့်ရန်ပေါ့

    ချောရတနာ က ကိုယ့် အကုသိုလ် ကြောင့် ဆိုပါလား
    အင်း တစ်ခုခုတော့ မှန်မှာပေါ့လေ

    ဒေဝီဆူးခက် ရေ
    အားကျလိုက်တာနော်
    ကိုယ်တွေက ပရိုဂရမ်မာ ဖြစ်ချင်လွန်းလို့ လုပ်လိုက်ရတာ
    သူက ငရဲ တဲ့လား
    အော် ကိုယ့်အယူနဲ့ ကိုယ်ပေါ့လေ

    The lady ဇာတ်ကားတော့ မကြည့်ဖူးပါဘူး
    ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားတစ်ယောက်ကို ပြည်ပ က အရေးတယူဂုဏ်ပြုတာဆိုတော့
    ဂုဏ်ယူပါတယ်ဗျာ

    ကိုလင်းလင်းက ဦးမာဃတို့ မန္တလေးသားမို့လို့လားမသိဘူးနော်
    တော်တော်တက်ကြွတယ်
    ဘရာဗို ပါပဲ ဗျာ
    NLD အတွက် အားတစ်ခု တိုးတာပေါ့

    သူတောင်းစား ဂိုဏ်းချုပ်များ
    ဒီထက်ဒီထက် ပိုဖမ်းမိပါစေဗျာ
    ဦးမာဃလဲ တတပ်တအား ကူညီပါမယ် လို့

    အင်း ဆယ်တန်းကျောင်းသူလေး ဆိုတော့လည်း
    နှမျောစရာ ပါလားဗျာ
    ကောင်းရာ သုဂတိ လားပါစေ
    ဦးမာဃ နတ်ပြည်ကနေ ကြိုပါမယ်

    မြန်မာ ရက်ပ်ပါ များ
    မြန်မာလိုသာမက ဘိုလိုပါ ဆိုနိုင်ပါက ကမ္ဘာကျော်မှာ အသေအချာပင်
    မြန်မာများ ကမ္ဘာသိအောင် လုပ်နိုင်ပါစေ

    သင်္ကြန်တွင်းမှာ ဘာလုပ်မလဲ
    ဦးမာဃကတော့ တာဝန်နဲ့ မို့ မဏ္ဏပ်တွေမှာ ရှိပါလိမ့်မည်
    (ဒါက သက်သက် ဝင်အော်တာပါ
    celebrity လို့ မှတ်ချင်မှတ်ပေါ့)

    ကျေးဇူးပါ ဦးဘလက်
    ရှာဖတ်ရင်တောင် အဲဒီလောက်မစုံဘူး
    ဝင်ပြီး လေပန်းသွားပါကြောင်း

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

  • Phaung Phaung

    March 24, 2012 at 5:05 pm

    ဦးဘလက်ချောရဲ့ ချို ပေ့ါ ကျ (5) မှာထဲက မန့်ဖို့ကို မအားလို့ အခုမှပဲပြောတော့မယ်…. ဟို ခိုင်ပစ်နဲ့
    ရေပစ်ကိစ္စလေ…. ဦးဘလက်ချောကို သတင်းလေးပေးချင်တာ …သင်္ကြန်သီချင်းခွေလေးနာမည်က Summer
    Holiday တဲ့…သီချင်းခေါင်းစဉ်က.. ကဲမှာပဲ…။ တေးဆို/အကအဖွဲ့က Jage Dragon တဲ့…. ဦးဘလက် ဆက်
    ဆက်ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ … နော်…. ပြီးရင်ဦးဘလက်ချောကြီးရဲ့ အမြင်ကို သိချင်ပါ၏.. ချိုပေါ့ကျ(7) ကျရင် ပြန်ပြောပြနော်……….။

  • blackchaw

    March 24, 2012 at 5:47 pm

    @ ဦးမာဃ ;
    ဝင်ရောက်အားပေးသွားတာကျေးဇူးတင်ပါတယ် ဦးမာဃ ရေ။

    @ Phaung Phaung ;
    ကွန်မန့်လေးအတွက် ကျေးဇူးပါ ဗျာ။
    ကျွန်တော် ရေးလိုက်တာက ခိုင်ပစ်နဲ့ ရေပစ်ကိစ္စကို ဟိုက်လိုက်လုပ်ချင်တာ
    မဟုတ်ပါဘူးခင်ဗျာ။
    စီယာတိုင်မပါတဲ့ ကားလေးမောင်းသလိုပဲ ဆိုတဲ့ စာသားရောက်ဖို့
    စာဖတ်သူကို လှည့်ပတ်ပြီး ခေါ်လိုက်တာပါ။
    ကျွန်တော် အခု ဗီစီဒီ လုံးဝမကြည့်ဖြစ်တော့ပါဘူးခင်ဗျာ။
    MP3 ပဲ နားထောင်ဖြစ်ပါတယ်။
    အမှန်ကတော့ မိန်းမတွေရဲ့ တင်အကြောင်းကို
    ကျွန်တော့်အရွယ်ကြီးနဲ့ ပြောရတာ ကလက်ပါတယ်ဗျာ။
    ဆောရီးပါ Phaung Phaung ရေ။ သတင်းပေးတဲ့
    တင်လေးတွေကို ကျွန်တော် မကြည့်တော့ပါဘူး။

  • marblecommet

    March 27, 2012 at 2:53 pm

    ကိုဘလက်ရေ့……
    အခုတော့ မုတ်ဆိတ်မွှေးကြီး
    ကိုကြွက်က အသုံးအနှုန်းတွေ ပြောင်းနေပြီခင်ဗျ
    ဂျင်း ဘောင်းဘီ ဝတ်ချင်ပေမဲ့ ဗိုက်ကြီးထွက်နေလို့
    ဝတ်မရတာ စိတ်နာသကွာ လို့လည်းပြောသဗျာ
    တယ်လီဖုန်းကိုလည်း အမြဲပိတ်ထားသဗျာ
    သူ့သငယ်ဂျင်း ကိုသျှပ် အကျင့်ကူးတာထင်ပါတယ်
    ပီးတော့ စာလည်း ရေးတော့ဘူးတဲ့ခင်ဗျ
    ……
    မဒီကတော့ဗျာ….ထာဝရ ကြိုက်ပါကိုဘလက်..
    ခင်တဲ့
    ငကမ်း…..

Leave a Reply