Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝမ်းနည်း…နာကျင်..လို ့…ရေးတဲ့စာ..

alinsettApril 3, 20121min96323

ဝမ်းနည်းစရာကောင်းတဲ့ ညနေခင်းတစ်ခုကို ဖန်ဆင်းပေးခဲ့လို ့… နင့်ကိုငါ….ကျေးဇူးတင်ပါတယ် ဟာ…..။

ယောကျာ်းတန်မဲ့.. နာကျင်စရာ.စိတ်ဒဏ်ရာ..ရတိုင်း..ငိုကြွေးတတ်တာ..၊ ငါ့ အားနည်း ချက်ပါ ။

ယောကျာ်းတစ်ယောက်အနေနဲ့…မျက်ရည် မကျသင့်ပေမယ့်…. နင် လမ်းခွဲ ဖို ့ပြောတော့…ငါ မျက်ရည်ကျမိတယ်။

မျက်ရည်ကျတယ်..ဆိုတာ..မိန်းကလေးတစ်ယောက်အတွက်တော့ လက်နက်တစ်ခုကို စနစ်တကျ ထုတ်သုံးတာ ပါ ။ ငါတို ့ ယောကျာ်းတွေ ဘဝမှာတော့

“” မျက်ရည်ကျခြင်း..” .ဆိုတာ.. “”အရှုံးကို ကြောက်ရွံ ့စွာ…ခံစားခြင်း “”သက်သက်ပါပဲ ။

ဒါမေယ့်… ငါ…ငိုပါရစေ….။

” နောက်ထပ် မပက်သက်တော့ဘူး.”…. ဆိုတဲ့ စကားတစ်ခွန်း အတွက်…ငါ..ငိုပါရစေ..။

မရေရာတဲ့ စွပ်စွဲချက်တွေနဲ ့….ငါ့ကို တိုက်ခိုက်..၊ ငါ့ရင်ကို မီးမြျိုက်သွားတာ…ခံရလို ့…ငါ..ငိုပါရစေ..။

ယောကျာ်းတစ်ယောက် ရဲ ့ မာန နဲ ့ ဂုဏ်သိက္ခာ ကို စိတ်ရှိလက်ရှိ ချိုး ဖဲ့…ချေ ..မွှ…၊ ပြိးမှ…..

ပက်ပက်စက်စက် ချ အနင်း ခံလိုက်ရလို ့…ငါ..ငိုပါရစေ..။

ခပ်ပေါ့ပေါ့ ဇာတ်လမ်းတစ်ပုဒ်မှန်း….မသိ ။ ရင်နဲ ့ ရင်းပြီး…နစ် ဝင် တွယ်တာ မိလို ့…

ငါ့ရဲ ့ မိုက်မဲမှု အတွက်..ငါ…ငို ပါရစေ…. နော် ။

ငါ….အခု သေချာတာ တစ်ခု ပြောမယ် ။

“”ငါ…နင့်ကို…ချစ်တယ် ။””

သေချာပါတယ်…ဟာ..။ ထပ်ပြောရင်လည်း..ဒီ စကားလုံး ပါပဲ..။
_______________________________

ငါ ..ရေးတဲ ့ ကဗျာတွေ… နင် ဖတ် ဖူးပါတယ် ။ ” သေဆုံး သွားသော “….ဆိုတဲ ့ကဗျာ ကို နင် ရိပ်မိမှာပါ ။

ဘယ်သူ့ကို ရည်ရွယ် ပြီး…ဘာခံစားချက်ကို ရေး သလဲ..ဆိုတာ..။

ငါ က ကဗျာဆိုရင်.. ခံစားချက် အစစ်အမှန်..မရှိပဲ..မရေးတတ်ဘူး။

( ငါ့ ကဗျာတွေကို နှစ်သက် တတ်တဲ့ ကဗျာ ချစ်သူတွေ ကိုတောင်…ငါ အားနာနေတာလေ.။ ငါက
ကဗျာရေးတာ…အရမ်း ကျဲ..နေလို ့။)

နင် ဘယ်သိ မလဲ..။

ငါက နင့်ကို ပျော်စေချင်လို ့ လူရွှင်တော် လုပ် ခဲ့ရတာ..။

နင် စိတ်ညစ်ရင်….နင့် လက်ကလေး ကိုင်ပြီး…နင့်ကို အားပေးနေချင်တာ..။

နင် ငါ့ကို နားလည်မှု လွဲတဲ့အခါ ငါ့ရင် ထဲံက နာကျင်မှုကို..မျက်နှာမှာ မပေါ်အောင် ထိန်းပြီး..

နင့် သတ်မှတ်ချက်တွေ..ကိုပဲ..ခေါင်းညိတ်ခဲ့ရတာ..။

ငါ့ အတွက် ..ဆိုတာ…ရှိကို မရှိတာပါ ။

နင် ..သိရင်တော့…ငါ သေပျော်တာပေါ့ ဟာ..။
××××××××××××××××××××××××××××
သေဆုံးသွားသော….

* ပြေးနေတဲ ့ လမင်းကို

လိုက် ဖမ်းဖို ့…. …

ကိုယ် ထူခဲ့တဲ့ အလံဖြူတို ့ကို လှဲ….ပစ်ခဲ့ပြီ။

* မရေရာခြင်း စိုက်ခင်းထဲမှာ…မှ

ကိုယ်က အချစ်တစ်ပင် စိုက်ခဲ့မိ ။

ကိုယ့်ရင်က စီးကျတဲ့

သွေးစက်နီနီတို ့နဲ ့ လောင်း……….ပက်…..

သစ်ပင် ကလေး….ရှင်……စေ….ချင်……ခဲ့…တယ်။

* ချစ်သူရေ…… …..

အနောက် တောင် ဘက်က အက်ဆစ်မိုးက

မုန်းစရာ ကောင်းလိုက်တာ…။

* အရည်ပျော်….သွားတဲ့ ပျိုးခင်းထဲမှာ…

ထာဝရ နှုတ်ဆက်ခြင်း..နဲ ့

ရူးသွပ်စွာ လွမ်းဆွတ်ခြင်း..တွေကိုပဲ….

ရှာ.တွေ ့ခဲ့တယ်။

* ( ကိုယ့်ဒဏ်ရာ / ကိုယ့်လက်နဲ ့ ဖိ.ရင်း…)

သေသွားတဲ ့ မျှော်လင့်ချက်တွေအတွက်

ကိုယ့်ကိုယ် ကိုယ်ပဲ… လူညံ့ လို ့ မှတ်ပါ့မယ်။

* ကိုယ့်ကိုယ်ကိုယ် ပြန် ခုတ်နေတဲ့

ဓါးတစ်လက် ရဲ ့မိုက်မဲမှုမျိုး…ကို

အခု…….

ကိုယ် ..အားကျနေတယ်။ ။

အား…….ကျ….နေ တယ်။
__________________________________-

နင့်ကိုလေ….. ငါ ငယ်ငယ်က နေခဲ့တဲ ့ ကျွန်းကေလေးဆီ…ခေါ်သွားချင်လိုက်တာ ။

အဲဒီမှာ….နင် မက်မောတဲ့ အဆောင်အယောင် တွေ… မရှိဘူး ။

လေထု ညစ်ညမ်းမှု..မရှိဘူး။

အပေါင်ဆိုင် မရှိဘူး။

အိမ်ရှင် အိမ်ငှား…မရှိဘူး ။

ငါ မကြိုက်တဲ ့…ရော့ ခ် ဂီတ လည်း မရှိဘူး။

နင် ကြိုက်တဲ့ မာစီဒီးစ် ကားတွေ.လည်း မရှိပါဘူး ။

နင် နဲ ့ငါ…ဆက်သွယ်နေကျ…အီးမေးလ် EMAIL ..ဆိုတာတောင် မရှိဘူး..ဟ ။

ပင်လယ်ရဲ ့ အော်သံဟာ..ဂီတ တစ်ခု ပဲ။ ပင်လယ်.. ..ဂီတ ကို ငါ ချစ်တယ် ။

လတ်ဆက် နေတဲ ့ လေနုအေးအေးတွေက်ို ငါ ချစ်တယ် ။

အုန်းပင် မြင့်မြင့် ကြီးတွေ..လေ အရှိန်နဲ ့ ရမ်း..ခါ နေတာကို ငါချစ်တယ် ။

ပင်လယ် ကမ်းခြေ တစ်လျှောက်မှာ…ရဲရဲ နီနေတဲ့…ဂဏန်းကလေးတွေကလည်း..သိပ်…ချစ်စရာကောင်းတာပဲ.။

ပင်လယ် ထင်းရှုးပင်ကြီးတွေ..အုံ ့မှိုင်းနေတဲ့..ကမ်းခြေ နဲ ့မနီးမဝေးက သစ်တော ကလေးက လည်း..ချစ်စရာ…။

လေတဟူးဟူး တိုက်ခတ်နေတဲ့ …ကမ်းခြေကနေ..သစ်တော့အုပ်ကလေးထဲ..တိုးဝင်…..

နင် နဲ ့လက်တွဲ.ပြီး..လမ်းလျှောက်ချင်လိုက်တာ…ဟာ.။

ငါ ချစ်တဲ ့ သဘာဝတရား နဲ ့…

ငါ ချစ်တဲ ့..နင်…

ဘာလို ့ ထပ်တူ မကျ တာလဲ…။

အခုတော့ နင်နဲ ့ငါ..ဝေး ………..ကြ………ပြီ..။

နင့် စိတ် ကို အမြဲတမ်း….တုပ်နှောင် ထားတတ်တဲ့..

သဘာဝ မကျတဲ့..သံသယတွေ…ပြေလျော့သွားတဲ့ တစ်နေ့နေ့မှာ…

နင့်ကို..ငါ ခေါ်ဆောင်သွား ပါ့မယ် ။

ငါ….ချစ်တဲ့…….

သဘာဝ တရား…ဆီ………။ ။

_____________________________________________________

ခင်မင် လေးစားစွာဖြင့်….

အလင်းဆက်

2 . 4 . 2012 . 21 ;48 ..pm

alinsett.art@gmail.com

23 comments

  • kaung kin pyar

    April 3, 2012 at 3:38 pm

    လာခြင်းလာလာ မလာလာ၊ ငါခေါ်မထား
    သွားခြင်းသွားသွား မသွားသွား၊ ငါမတားသာ
    နားခြင်းမှာခို၊ နေညိုမှိုင်းရိပ်၊ တိတ်ဆိတ်အေးချမ်း
    လမ်းဟောင်းတစ်ခု
    သူ့အလိုအလျောက်
    တစ်ခေါက်ပြန်၍ လာလိမ့်မည်…….။ တဲ့
    ငယ်ငယ်က ဖတ်ဖူးတဲ့ စာအုပ်ထဲက ကဗျာတစ်ပုဒ်ပါ….။

    ဖြစ်ရပ်မှန်ဆိုရင်တော့ စိတ်မကောင်းစရာပါပဲ…..။ ဒါပေမယ့် ကောင်းကင်ပြာကြားဖူးတာကတော့ မိန်းခလေးတွေက ထွက်သွားပြီးရင် ကျန်ခဲ့တဲ့သူ အဆင်ပြေရဲ့လားလို့ တစ်ချက်တော့ လှည့်ကြည့်ကြသေးတယ်တဲ့……….။

  • Moe Z

    April 3, 2012 at 4:11 pm

    မနေချင်လို့သွားတဲ့သူကို သွားပါစေပေါ့ကိုအလင်းဆက်ရယ်
    ဘေးမှာရှိနေလည်း စိတ်ကတစ်ခြားရောက်နေရင် ဘာလုပ်မှာတုန်း
    …. အားလုံးပြီးဆုံးသွားပြီ … ဇာတ်လမ်းလေး …. blah blah blah …. ဆိုပြီးတစ်ပုဒ်လောက်ဟစ်လိုက်
    ရော့ခ်မကြိုက်လည်း စိတ်အပြောင်းအလဲဖြစ်တာပေါ့ :mrgreen:
    နောက်တော့လည်း ကစားခဲ့ဖူးတဲ့ဂိမ်းတစ်ခုလိုဖြစ်သွားမှာတဲ့ (အဲ့ဒါသူများပြောတာ)
    အချိန်ကကုစားသွားမှာပါ 🙂

  • Mon Kit

    April 3, 2012 at 4:16 pm

    သူမ ထက်ကောင်းတဲ့သူ လာပါလိမ့်မယ်ကွယ်….
    ချစ်တာကို နာတာနဲ့ ဖြေပေါ့…
    ထပ်တူ မျှဝေခံစားသွားပါတယ်…..

  • ဇွဲမာန်အောင်

    April 3, 2012 at 4:20 pm

    လွတ်လပ်ခွင့် ပေးလိုက်တယ်လို့ဘဲ ဖြေတွေးလိုက်ပါ…………….

  • koko

    April 3, 2012 at 4:22 pm

    အချိန်က ကုစားပေမယ့်သေရာပါ အမာရွတ် ဆိုရင်တော့မသေမချင်းသတိရနေမှာ။
    ဒဏ်ရာ အရမ်းကြီးရင်တော့အမာရွတ် ဆိုပေမယ့် မိုးအေးရင် ကိုက်ချင်သလိုလို နာသလိုလို တစ်ခုခုနဲ့ထိမိရင် ဒဏ်ရာဟောင်းကပေါ်ချင်သလိုလို နဲ့………
    တခါတ လေလဲလွမ်းရတဲ့အရသာကိုလေးကို လွမ်းမိသား အလင်းဆက် ရေ…….

  • jujuma

    April 3, 2012 at 4:39 pm

    အချစ်ဆိုတာ..ပိုင်ဆိုင်ခြင်း၊ မပိုင်ဆိုင်ခြင်းနဲ့ မဆိုင်ဘူးထင်ပါတယ်။
    လူတစ်ယောက်ကိုချစ်မိတယ်ဆိုရင်…
    သူ ရှိနေတာ ၊ မရှိတော့တာ ကအရေးမကြီးဘူးထင်တယ်…
    ရင်ထဲမှာ မြတ်မြတ်နိုးနိုးနဲ့ တစ်သက်လုံး သိမ်းထားနိုင်တာ အချစ်စစ်ပါ…

    (ကိုယ်ထင်ကုတင်ခြေလေးချောင်း..အဲလေ.. ကုတင်ရွှေနန်းပေါ့ )

  • alinsett

    April 3, 2012 at 7:43 pm

    ကောင်းကင်ပြာ..ရေ.. ကဗျာလေး တစ်ပုဒ် အတွက်.ပြီးတော့ အားပေးစကားလေး အတွက် ကျေးဇူးပါပဲ.နော် ။
    __________________________
    မိုးစက်..ရေ.. အချိန်.ဆိုတာ အကောင်းဆုံး မေ့ဆေး ပါ..တဲ ့ စိုင်းထီ်းဆိုင်ရဲ့ မေမြို ့မိုး…ထဲမှာ ပါတယ်လေ။
    ရော့ခ် မကြိုက်တာတော့ အမှန်ပဲ..ဗျ။ ဂိမ်းကစား မှု တစ်ခု ဆိုရင်တော့….ကောင်းမှာပါ ။ ရ ခဲ ့ဖူးတဲ ့ဒဏ်ရာတိုင်း… ဂိမ်း..ကစား ခဲ ့သလိုပဲ..ဆိုရင် ..ကောင်းမှာပဲ.။ ကျေးဇူးပါနော် ။
    _______________________________
    ထပ်တူ မျှဝေ ခံစား သွား လို ့ mon kit ကိုလည်း.ကျေးဇူးတင်ပါတယ်ဗျာ။
    __________________________
    ဇွဲမာန်အောင် ၊ ကိုကို နဲ ့ ..jujuma..ရေ.. စာမူလေးကို ခံစားပေးလို ့.ကျေးဇူးပါ။

    အခု …ကျွန်တော်တင်တဲ ့ပို ့စ်..က တကယ့် အဖြစ် ကလေး နည်းနည်း ကို ….ခံစားပြိး..ရသ ခံစားမှု စာမူလေး ဖြစ်အောင်..ရေးမိတာပါ ။

    အားလုံးကို ခင်မင်လေးစားစွာ…

    • windtalker

      April 3, 2012 at 8:50 pm

      အချစ်စိတ်ခံစားမှု ဆိုတာ အနုပညာဖန်တီးဖို ့အတွက် ၊ ၅၀%ကျော်သော အရင်းအနှီး လို ့ဆိုရင် ၊ ဘယ်လို ဖြေမလဲ ဗျာ ။

        • windtalker

          April 3, 2012 at 9:24 pm

          ချစ်ပြရမှာလား ဟင် ။
          မော်ဒယ်အလန်းစား ၄ယောက် ကို ရွာစားရေ ၊ ရောသမမွှေ ပတ်ပျိုးနဲ ့ပို ့ဗျား ။

  • ကိုရင်မောင်

    April 3, 2012 at 7:54 pm

    ဦးဘညွန့်ရဲ့ချစ်ဒုက္ခကိုသိလား
    တယောက်ယောက်နဲ့ကွဲယင်အပိုရှိတယ်…..
    အို….ဘိုဘိုဟန်ရဲ့သီချင်းပါလား…..
    အလင်းဆက်ရေ…အချိန်ကကုစားသွားမှာပါ
    ဖြစ်ခါစကတော့ဆီးချုပ်ဝမ်းချုပ်ဖြစ်သလို
    အနေရအထိုင်ရခက်တတ်ပါတယ်……

  • အံစာတုံး

    April 3, 2012 at 8:01 pm

    ကိုအလင်းဆက်ရေ ..
    ကျနော်လည်း ခံစားရင်း အားပေးသွားတယ်နော့ …
    ထပ်တူ မကျခဲ့တဲ့ အိပ်မက်တစ်ခုဟာ
    မက်သူကိုပဲ ဝါးမြိုတတ်တာ ဓမ္မတာများလားဗျာ … လို့ပဲ တွေးရင်း မေးလိုက်ပါရစေ ..

    ခင်တဲ့ … အံစာတုံး

  • alinsett

    April 3, 2012 at 8:10 pm

    ကိုရင်မောင်..ရေ.. ကျေူးဇူးနော် ။

    ကျွန်တော့် ပို ့စ်လေးကို အားပေး ဖတ်ရှု..လို ့ ။

    အံစာတုံးရေ….
    အိပ်မက် ဆိုတာ…ဒီလိုပဲ..နော် ။ မက်သူ ကို…အမျိုးမျိူးသော.ခံစားချက်တွေကို ပေးတတ်တယ် .
    အချိန် တန်တော့လည်း…အိပ်မက် ဆိုတာ နိုးထ လာရစမြဲ..နော် ။
    အဲဒီ အချိန် ကိုပဲ.စောင့်နေရမှာပေါ့ ။

  • alinsett

    April 3, 2012 at 9:05 pm

    ကိုပေ..ရေ.. ။ ကိုပေ.ပြောတဲ ့သီအိုရီက အတော် မှန်တယ် ဗျ။

    အချစ် ကို နင့်နင့်နဲနဲ..ခံစားပြီး..ကဗျာတွေ.စာတွေ..ချရေးတာ…တစ်ခါတလေ..ပိုပြောင်မြေက်တယ် နော် ။

    ဆရာမ ဂျူး..တို ့ တာရာမင်းဝေ..တို ့လည်း.အချစ်ကို တော်တော်လေး…ခံစား.ဖူးမယ် ထင်တယ် နော် ။

  • snow htet

    April 3, 2012 at 10:10 pm

    ခံစားချက် က အရမ်းကောင်းပါတယ်…
    ခံစားချက်ချင်းတူညီတဲ့အတွက် ထပ်တူထပ်မျှ ခံစားရပါတယ်
    ရေးသားချက်တွေကလည်းအရမ်းကောင်းပါတယ်
    အားပေးသွားပါတယ်နော်

  • Green Rose

    April 3, 2012 at 10:28 pm

    ဘာခံစားချက်မှမရှိပဲ ဗလာဖြစ်နေရတာထက်စာရင် နာကျင်ခံစားရတာက ပိုကောင်းပါတယ်။

  • surmi

    April 4, 2012 at 12:12 am

    မေ.လိုက်ပါလို.ပြောတာအလွယ်ဆုံး ….
    မေ.ဘို.ကြိုးစားရတာအခက်ဆုံး …..
    မမေ.နိုင်တာ တသက်လုံး …….
    ခံစားမှုတွေ ထပ်တူတပ်မျှရပါတယ် ကိုအလင်းဆက်ရေ …..
    လူတိုင်းမှာလဲ နောက်ကြောင်းခံ ဇတ်လမ်းလေးတွေရှိစမြဲ မဟုတ်လား ….။

  • Khaing Khaing

    April 4, 2012 at 10:49 am

    အလင်းဆက်နေရေ …. လင်းလေးလဲ ခံစားနေရလားကွယ် ငယ်ငယ်ကနေတဲ့ကျွန်းလေးကို မီးကိုခေါ်သွားပါလားဟင် ……. ကဗျာရေးတာ ခံစားချက်ရှိမှရေးတယ်ဆိုတာမှန်လိုက်တာကွယ် … ကဲပါလေ ဆက်ပြီးနာကျင်ကျေကွဲပါကွယ် …. အားပေးနေပါမယ် ……….

  • snow white

    April 4, 2012 at 4:51 pm

    ကိုယ်မြတ်မြတ်နိုးနိုးချစ်တဲ့သူနောက်တယောက်နဲ့ထပ်တွေ့ပါစေ လို့ဆုတောင်းပေးပါတယ် ချစ်စစ်တို့မည်သည် ခက်ခဲကြမ်းတမ်းလှပါတယ်

  • alinsett

    April 4, 2012 at 6:55 pm

    ခိုင်ခိုင်ရေ… ကျွန်တော် နေခဲ ့တဲ ့ကျွန်းကလေးကို..စိတ်ဝင်စားသူတိုင်းကို ခေါ်ဆောင် သွားချင်ပါတယ် ။ သိပ် သာယာပြီး..အေးချမ်းတဲ ့ကျွန်းကလေးလေ..။

    ခံစားချက်..တူညီတယ်.ဆိုလို ့..snow htet.. ကိုလည်း…ခင်မင် စွာ..ကျေးဇူးတင်ရပါတယ် ။

    အစိမ်းရောင် နှင်းဆီ..ရဲ ့ အယူအဆလေးကလည်း.တမျိုးတော့ ကောင်းပါတယ် ။

    surmi….နဲ ့…snow white..ရေ..
    ကျေးဇူးပါပဲ.နော် ။

    ကျွန်တော် ့ခ့စားချက်..စာမူလေးက အားလုံး လည်း မျှဝေ ခံစားပေးကြလို ့..ပြည့်စုံသွားပါတယ် ။

    စာချစ်သူ အားလုံးကို ခင်မင်လေးစားစွာ….ဖြင့်

  • rain pricess

    April 4, 2012 at 8:13 pm

    အချစ်ဆိုတာ အန္တရာယ်တစ်ခုပဲ
    အဲ.ဒီအန္တရာယ်မှ အမြန်ဆုံးလွတ်မြောက်ပါစေလို.
    ဆုတောင်းပေးပါတယ်

    ပျော်ရွှင်စရာအရာများအားလုံး သင်.အတွက်ဖြစ်ပါစေ……….။

    • Thint Aye Yeik

      March 30, 2017 at 5:34 am

      အချစ်ဆိုတာ အန္တရာယ်တဲ့လား။
      အန္တရာယ်စက်ကွင်းထဲကနေ ကြောက်ကြောက်နဲ့ ပြေးထွက်သွားသူကို ပြေးရက်တယ်လို့ မဆိုချင်. . .
      ပြန်လာပါလို့လည်း ခေါ်မနေချင်တော့တာကတော့
      အန္တရာယ်ကို ကြောက်လို့ မဟုတ်ပါဘူးကွယ်။

      ဒီအန္တရာယ်တောမှာ ချစ်သူကို နစ်မွန်းမနေစေချင်တော့ရုံသက်သက်မျှပေါ့

  • aye.kk

    April 4, 2012 at 9:41 pm

    အချစ်ဆိုတာ..
    သိမ်မွေ ့နှူးညံ့လွန်းလှတဲ့အရာ..
    ကိုင်တွယ်ထိတွေ ့လို ့မရတဲ့အရာ…
    ဖမ်းလို ့မမိ၊ဆုပ်လို ့မရ…
    နှလုံးအိမ်ထဲပုန်းခိုဝင်နေတဲ့အရာ….
    ဘယ်ရွေ ့ဘယ်မျှ ဘယ်အတိုင်းတာထိ..
    ဆိုတာလဲနှိုင်းဆမရ၊ဒဏ္ဍာရီလဲမဟုတ်..
    စိတ်ကိုဖမ်းစား၊ညို ့ထားဆန်းပြားနိုင်တာက…
    နှစ်တရာတိုင်ထိလေ..။။

Leave a Reply