အကြမ်းဖက်သမားများကိုပြင်သစ်နိုင်ငံတွင်းမှစတင်နှင်ထုတ်

winterkoeApril 4, 20122min3043
France School Shootings
ပြင်သစ်သမ္မတဆာကိုဇီ
ပြင်သစ်သမ္မတဆာကိုဇီ

ပြင်သစ်နိုင်ငံတွင် လွန်ခဲ့သော ဧပြီလ (၂) ရက်၊ တနင်္လာနေ့၌ အကြမ်းဖက်မွတ်စလင် (၂) ဦးအားစတင်နှင်ထုတ်ခဲ့ပြီး၊ နောက်ထပ် (၃) ဦးအား ထပ်မံနှင်ထုတ်ဦးမည်ဖြစ်သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးဋ္ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ပြင်သစ်ပြည်ထဲရေးဝန်ကြီး ကလော့ဒ်ဂွီးရဲန့်

ယခုနှင်ထုတ်မှုများသည် နိုင်ငံခြားသားမွတ်စလင်အစွန်းရောက်များအား အရှိန်အဟုန်မြှင့်၍ နှင်ထုတ်ရေးလုပ်ငန်းစဉ်၏ အစိတ်အပိုင်းလေးတခုသာ ရှိသေးသည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးဖြစ်သူ ကလော့ဒ်ဂွီးရဲန့် မှ လတ်တလောထုတ်ပြန်လိုက်သော ကြေငြာချက်တွင်ဖေါ်ပြထားသည်။ ယခင်အပတ်ကလည်း အကြမ်းဖက်မှုနှင့်ပတ်သက်နေသည်ဟု သံသယရှိသော မွတ်စလင်ဘာသာရေးဆရာ (၄) ယောက်အား လေဆိပ်တွင်ဝင်ခွင့်မပေးပဲ ပြင်သစ်လူဝင်မှုကြီးကြပ်ရေးမှနှင်ထုတ်ခဲ့ပြီးဖြစ်သည်။

(၁၉၉၄) ခုနှစ်တွင် မော်ရိုကိုနိုင်ငံ၊ မာရာကက်ရှ်မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သော အယ်လ်ဂျီးရီးယားနိုင်ငံသား မွတ်စလင်စစ်သွေးကြွ တဦးဖြစ်သော အလီဘဲလ်ဟာဒက အား တနင်္လာနေ့တွင် ပြည်နှင်ခဲ့ပြီး၊ ဂျူးဆန့်ကျင်ရေးနှင့် ပြင်သစ်နိုင်ငံတွင် တရားမဝင်သည့် ခေတ်နှင့်မလျော်ညီပဲအမျိုးသမီးများအားနှိမ်ချသော ခေါင်းမြီးခြုံဝတ်စုံဝတ်ခြင်းကို အားပေးမှု၊ အနောက်နိုင်ငံများအား ဆန့်ကျင်ရေးတို့အား လှုံ့ဆော်နေသော မာလီနိုင်ငံသား မွတ်စလင်ဘာသာရေးဆရာ အီမန် (Imam) ဖြစ်သော အယ်လ်မေနီဘာရာဒီ အား ထပ်မံပြည်နှင်ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ဖေါ်ပြထား၍ ပြည်နှင်ဒဏ်ပေးခြင်း လုပ်ငန်းစဉ်များအား စတင်လုပ်ဆောင်နေခဲ့ပြီဖြစ်ပြီး ဆော်ဒီနိုင်ငံသားအီမန်ဖြစ်သူ နက်ဆာအယ်ရှာထရီ၊ တူရကီနိုင်ငံသားအီမန် ယူစွပ်ယွပ်ဆဲလ် နှင့် တူနီးရှားနိုင်ငံသားမွတ်စလင်စစ်သွေးကြွ မာလက်ဒရင်း တို့အား နှင်ထုတ်ရန်စီစဉ်နေပြီဖြစ်သည်။

မွတ်စလင်အကြမ်းဖက်သမားမှချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရသော ဂျူးဘာသာရေးဆရာတဦးနှင့် ကလေးငယ်သုံးဦး

ယခုထုတ်ပြန်ချက်၌ တရားမဝင်နေထိုင်သူများ နှင့် နိုင်ငံရေးခိုလှုံခွင့်တို့နှင့် သက်ဆိုင်သောဥပဒေများကိုရည်ညွှန်းကိုးကားထားသည်။ နိုင်ငံနှင့်ပြည်သူ့လုံခြုံရေးတို့အတွက် အမြန်ဆုံးလိုအပ်နေချက်ဖြစ်နေသည့် (သို့) နိုင်ငံတော်၏အခြေခံအကျိုးစီးပွားအား ထိပါးလာမည့် လုပ်ရပ်များနှင့်ပတ်သက်နေသည့် ယခုကဲ့သို့သောဆုံးဖြတ်ချက်မျိုးအား အဆိုပါဥပဒေများမှ ခွင့်ပြုထားသည်ဟု ဖေါ်ပြထားသည်။

မွတ်စလင်အကြမ်းဖက်သမား၏ချောင်းမြောင်းပစ်ခတ်မှုကြောင့်သေဆုံးသွားသော ပြင်သစ်လေထီးတပ်ဖွဲ့ဝင်များ၏ဇာပနအခမ်းအနား

ပြင်သစ်နိုင်ငံ တူးလော့စ်မြို့၌ အသက် (၄) နှစ်၊ (၅ နှစ်) နှင့် (၇) နှစ်အရွယ် ကလေးငယ် (၃) ဦး၊ ဂျူးဘာသာရေးဆရာတဦးနှင့် ပြင်သစ်လေထီးတပ်ဖွဲ့ဝင် (၃) ဦး၊ စုစုပေါင်း (၇) ဦးအား မွတ်စလင်အကြမ်းဖက်သမားဖြစ်သူ မိုဟာမက်မီရာမှ သူရဲဘောကြောင်စွာချောင်းပစ်၍ အကြမ်းဖက်သတ်ဖြတ်ခဲ့ပြီးနောက် ပြင်သစ်အစိုးရမှ အပြင်းအထန်အရေးယူဆောင်ရွက်မှုများ၏ အကျိုးဆက်အဖြစ် အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့အား လိုလားသော မွတ်စလင်အစွန်းရောက်ဟု သံသယရှိသူ စုစုပေါင်း (၁၉) ဦးအား လွန်ခဲ့သောရက်ပိုင်းအတွင်း၌ပြင်သစ်ထောက်လှမ်းရေးတပ်ဖွဲ့ (DCRI) နှင့် ပြင်သစ်အထူးရဲတပ်ဖွဲ့ (RAID) တို့မှဖမ်းဆီးခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ငယ်များနှင့် လက်ပစ်ဗုံးများတွေ့ရှိခဲ့သည်။

ပြင်သစ်အထူးရဲများမှဖမ်းဆီးလာသော မွတ်စလင်အကြမ်းဖက်သမားတဦး

ပြင်သစ်နိုင်ငံသို့ဝင်ရောက်ရန် ရောက်ရှိလာသော ဆော်ဒီမှမွတ်စလင်တရားဟောဆရာ (၂) ဦး၊ အီဂျစ်နိုင်ငံမှ မွတ်စလင်တရားဟောဆရာ (၁) ဦးနှင့် ဂျေရုဆလင်မှ မွတ်စလင်ဘာသာရေးဆရာ (၁) ဦးတို့အား လူ့အဖွဲ့အစည်းအားအကျိုးမပြုပဲ အမုန်းတရားများကိုလှုံ့ဆော်နေသောကြောင့် ပြင်သစ်လူဝင်မှုကြီးကြပ်ရေးမှ ပြည်ဝင်ခွင့်ငြင်းပယ်ခဲ့သည်။

RAID အထူးရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလာသောမွတ်စလင်အကြမ်းဖက်သမားတဦး
DCRI ထောက်လှမ်းရေးအရာရှိများနှင့် GIPN အထူးရဲအရာရှိများမှ မွတ်စလင်အကြမ်းဖက်သမားအားဖမ်းဆီး၍ ၎င်း၏နေအိမ်တဝိုက်၌ရှာဖွေနေစဉ်

ထိုအရေးယူမှုများသည် ပဏာမနိဒါန်းအဆင့်သာရှိပြီး နောက်ဆက်တွဲအရေးယူမှုများ လာတော့မည်ဖြစ်ပြီး ပြင်သစ်နိုင်ငံနှင့် လူ့အဖွဲ့အစည်းအား ခြိမ်းခြောက်နေပြီး ပြင်သစ်လူ့အဖွဲ့အစည်းမှ တန်ဖိုးထားသောစံနှူန်းများအား ဆန့်ကျင်၍ ပြင်သစ်နိုင်ငံအတွင်း၌ မည်သည့်အကြောင်းနှင့်မှရှိနေရန် မလိုအပ်သောသူများ ဖမ်းဆီးအရေးယူ၍ နိုင်ငံနယ်နိမိတ်အတွင်းမှနှင်ထုတ်တော့မည်ဖြစ်သည်ဟု ပြင်သစ်သမ္မတဆာကိုဇီမှ လွန်ခဲ့သောအပတ်ကဆိုခဲ့သည်။

၎င်းအနေနှင့် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများသို့သွားရောက်လည်ပတ်စဉ် အယ်ကိုင်ဒါအကြမ်းဖက်အဖွဲ့နှင့်ဆက်သွယ်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့သည်ဟု ပြင်သစ်အထူးရဲတပ်ဖွဲ့မှသုတ်သင်ခဲ့ရသော မွတ်စလင်အကြမ်းဖက်လူသတ်သမား မိုဟာမက်မီရာမှ ပြင်သစ်ရဲတပ်ဖွဲ့အားဝန်ခံပြောကြားခဲ့သည်ဟု ပဲရစ်မြို့မှအစိုးရရှေ့နေဖြစ်သူ ဖရန်ဆွာမိုလင်းန်စ် မှ ပြောကြားခဲ့သည်။

Ref:

  • French Begins Muslim Deportations (CNN)
  • 19 Arrested in French Police Raids (CNN)

3 comments

  • kaung kin pyar

    April 4, 2012 at 4:14 pm

    ဟုတ်ပါတယ်….။ မကောင်းတဲ့သူတွေကို မကောင်းသလို စီရင်ရမှာပါ….။ သူတို့မကောင်းတာတော့ တော်တော်ကို မကောင်းတာပါ…..။ ဂျူးဘာသာရေးဆရာတော့ တခြားကိစ္စ၊ ရန်ငြိုးဘာညာကြောင့် ရှိရင်ရှိ ထားတော့…။ ခလေး(၃)ယောက်က ဘာဆိုင်လို့တုန်း…။
    ဒါနဲ့ ပထမပုံမှာ ချာကိုဇီလဲ အတော်ကို စိတ်ညစ်နေပါလား…။ မစ္စတာဘင်းနဲ့တောင် တူသလိုလိုပဲ…..။ အင်းးးးးးးးးဒါကြောင့် သမ္မတ မလုပ်ချင်တာ..။

  • Foreign Resident

    April 4, 2012 at 5:02 pm

    ပြင်သစ် ရဲ့ လုပ်ရပ်ကို လှိုက်လှိုက် လဲလဲ ထောက်ခံပါတယ် ။
    ကမာ္ဘမှာ ထင်ရှားတဲ့ အဆိုအမိန့် တစ်ခုကို
    ရွာသူား တို့ ဗဟုသုတ အတွက် ပြန် ဖေါ်ပြလိုပါတယ် ။

    ” Terror has a religion and it is —— ”
    အကြမ်းဖက်မှုမှာ ဘာသာတရား ရှိတယ် ၊ အဲဒီ ဘာသာတရားဟာ —— ပါပဲ ။

    ” not all —— are terrorists, but all terrorists are —— ”
    —— ဘာသာဝင် အားလုံးဟာ အကြမ်းဖက် သမား မဟုတ်ပေမယ့် ။
    အကြမ်းဖက် သမား အားလုံးဟာ တော့ —— ဘာသာဝင်ပါ ။

    Yair Netanyahu, the Israeli prime minister’s 19-year-old son,
    အစ္စရေး ဝန်ကြီးချုပ် ရဲ့သား ယဲ နသန်ယာဟု ပြောခဲ့တဲ့ စကားတွေပါ ။

    အဘတို့ ကမာ္ဘကြီးဟာ နောက် နှစ် ၅ဝ အတွင်းမှာ
    ကမာ္ဘစစ် လိုမျိုး ကြီးကျယ်တဲ့ စစ်ပွဲကြီးတွေ ဖြစ်ရမယ် ဆိုရင်တော့ ။
    ဒီတစ်ခါ စစ်ပွဲရဲ့ တရားခံဟာ တရုတ်တွေ ရုရှားတွေ အမေရိကန်တွေ မဟုတ်နိုင်ပါဘူး ။

  • MTY

    April 4, 2012 at 10:02 pm

    အကြမ်းဖက်ဝါဒကိုအကြီးကျယ်ဆုံးရှုံချပါတယ်။
    ဒါပေမဲ့ပါလက်စတိုင်းကိစ္စကိုမဖြေရှင်းနိုင်သေ့ရွ
    ဒီပြသနာကြီးကရှိနေအုံးမှာ…..
    ဒါကနှစ်ထောင်ချီပြီဖြစ်နေတာလေ

Leave a Reply