အမေရိကနိုင်ငံမှSanctions တချို့ကိုရုပ်သိမ်းခြင်း
အမေရိကန်နိုင်ငံမှမြန်မာအပေါ်ချမှတ်ထားသော Sanctions တချို့ကိုရုပ်သိမ်းမည်ဖြစ်ကြောင်း Secretary of State Hillary Clinton ကကြေညာခဲ့သည်။ ဒီလိုရုပ်သိမ်းမှုတွေမှာ ငွေကြေးဆိုင်ရာနှင့် ခရီးသွားလာခွင့်တွေ, အမေရိကန်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှူ့တွေ ပါဝင်မယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွါးရေး တိုးတက်မှုကို အထောက်အကူပြုမဲ့ရုပ်သိမ်းမှု တွေဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူတွေနဲ့အဖွဲ့အစည်းတွေကိုတော့ Sanctions ဆက်လက်ထားရှိသွားမယ်လိုသိရပါတယ်။ ဦးစားပေးအနေနဲ့ Master, Visa နဲ့ American Experess စတဲ့ Credit Cards အသုံးပြုမှုကိုခွင့်ပြုသွားမှာဖြစ်ကြောင်းလဲပြောပါသေးတယ်။ မြန်မာနိုင်ငံရဲ့အဓိကတင်ပို့ကုန်တွေဖြစ်တဲ့ကျောက်စိမ်း စတာတွေကိုတော့ပိတ်ဆို့ထားဦးမယ်တဲ့။ ကဲရွာသားတွေရော အမေရိကန်နိုင်ငံရဲ့ရုပ်သိမ်းမှုအပေါ် ဘယ်လိုတွေမြင်လဲ ဆိုတာဝင်ရောက်ဆွေးနွေးပေးကြပါဦးခင်ဗျ။
Sources: AFP, BBC.
10 comments
learner
April 5, 2012 at 3:16 pm
Sorry ဗျာသူကြီး Post ကိုမမြင်မိလို့ထပ် Post သလိုဖြစ်သွားတယ်…
kai
April 5, 2012 at 3:41 pm
ဦးဆောင်ပြီးဆွေးနွေးမယ်ဆိုရင်တော့.. လုပ်ပါလေ..။
ကဲ..ကျုပ်အမြင်တခု.. တိုးတိုးတိတ်တိတ်ပြောကြည့်မယ်..
အမေရိကန်တွေဝင်လာလိမ့်မယ်..
မြန်မာပြည်နေရာဟာ.. ဒေသတွင်း… အင်မတန်အရေးပါတဲ့နေရာမှာရှိနေလို့ပါ..။
ဆိုတော့.. မဝင်ခင်မှာ.. အိမ်နီးချင်းအင်အားကြီး ချိုင်းနားနဲ့…တွန်းတိုက်ထိခိုက်အောင်.. မဟာဗျူဟာဆွဲထားလိမ့်မယ်…(ဆွဲထားပါတယ်..)
အဲဒီလမ်းကြောင်းကို.. မြန်မာတွေအားရပါးရ.. မလျှောက်မိဖို့လိုလိမ့်မယ်..
ပါးပါးနပ်နပ်နဲ့.. ညှိကစားသွားတတ်ရင်.. မြန်မာပြည်ဟာ.. ၁ဝနှစ်လောက်ဆို..ဒေသတွင်းမှာ.. တော်တော်လေးခိုင်တဲ့နေရာ ရောက်သွားမှာပါ…။
လမ်းမှားလျှောက်မိရင်တော့..တိုင်းပြည် ၂ပိုင်းပြတ်သွားနိုင်တဲ့.. အန္တရာယ်ရှိနိုင်ပါတယ်..။ (ဒါမှမဟုတ်) ..အစိတ်စိတ်..ကွဲထွက်သွားလိမ့်မယ်..။
ပြတ်သွားမယ်ဆိုပါစို့..
တောင်ဖက်မြန်မာပြည်မှာ နေမလား.. မြောက်ဖက်မြန်မာပြည်မှာ.. နေချင်သလား… 😆
ဘယ်နားလေးနေချင်သလည်း…
learner
April 5, 2012 at 10:25 pm
သူကြီးပြောတာမှန်ပါတယ်။ မြန်မာပြည်ရဲ့ခေါင်းဆောင်တွေသာ ပါးပါးနပ်နပ်နဲ့နှစ်ဘက်စလုံးကို ဆက်ဆံတက်ရင်တော့ မြန်မာပြည်ကထိုးတက်သွားမှာပါ။ အဲလိုမှမဟုတ်ဘဲ နိုင်ငံကြီးတွေရဲ့ကစားကွက်ထဲဝင်သွားရင်တော့ သိပ်မထောင်းသာလှဘူး။
candle .
August 24, 2012 at 2:29 pm
တောင်ဘက် နှင့် မြောက်ဘက် တော့မကွဲစေချင်ပါ..
နားလည်သူများ၏ ဦးဆောင်မူ ့အောက်တွင ်ငြိမ်းချမ်း၍ ဖွံ ့ဖြိ ုးတိုးတက်သော အမိနိုင်ငံဖြစ်လာရန်မျော်လင့်ပါသည်…
nature
August 24, 2012 at 8:00 pm
မောင်ရိုးက လူလည်၂ယောက်ကိုခွစားသလိုဖြစ်နေဦးမယ်။ မြန်မာနိုင်ငံက အင်အားကြီး နည်းပညာမြင့်တဲ့ အတွေ့အကြုံများပြီး ကြိုတင်တွက်ချက်နိုင်မှုကောင်းတဲ့ နိုင်ငံကြီးတွေကို ပါးပါးနပ်နပ်နဲ့ညှိကစားသွားနိုင်ဖို့ဆိုတာ အိမ်မက်တောင်မမက်သင့်ပါဘူး။ စိုးရိမ်မိတာကတော့ လစ်ဗျားလိုအစိတ်စိတ်အမွှာမွှာကွဲပြီး ဒုတိကကဒါဖီစီမံကိန်း မဖြစ်ခင်ပြည်သူတွေနေနဲ့ပြေးဖို့အပေါက်တော့ကြိုရှာထား ရင်ကောင်းမလားပဲ။ ဆီရီယားလိုပဲဖြစ်မလား။ အီဂျစ်လိုပဲဖြစ်မလား။ လစ်ဗျားလိုပဲဖြစ်မလား စိုးရိမ်မိတယ်။
FattyCat
April 5, 2012 at 4:30 pm
မြောက်ဘက်မှာသွားနေမယ်…အေးလို့
kai
April 6, 2012 at 3:31 am
=====
အာစီယံနိုင်ငံတွေ ဘာကြောင့် လက်နက် နင်းကန် ဝယ်နေသလဲ
Category: မောက္ခနိုင်ငံတကာသတင်း
Published on Thursday, 29 March 2012 05:04
Written by ဝင့်ထန်း
လူဦးရေး ငါးသန်းသာသာရှိတဲ့ စင်္ကာပူကျွန်းနိုင်ငံလေးဟာ ဆိတ်ငြိမ်မှု၊ သန့်ရှင်းမှု၊ ဥပဒေလိုက်နာမှု၊ ပညာရေးကောင်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်း၊ သင်္ဘောဆိပ်ကမ်း၊ ဂေါက်ကွင်း စတာတွေနဲ့ အာရှရဲ့ ကျားခြင်္သေ့ ဖြစ်တာမို့ အခြားနိုင်ငံတွေက လေးစားအားကျရစမြဲပါ။ ဒါပေမဲ့ ဒီရက်ပိုင်းတွေမှာတော့ စင်္ကာပူကိစ္စက ကမ္ဘာ့နိုင်ငံတွေကြား ဆူဆူညံညံ ဆွေးနွေးစရာ ဖြစ်လာပါတယ်။
ပြဿနာက လက်နက်တင်သွင်းမှုပါ။ မကြာခင်က ထုတ်ပြန်တဲ့ Stockholm International Peace Research Institute (SIPRI) ရဲ့ အစီရင်ခံစာအရ လက်နက်အများဆုံး ဝယ်ယူတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့စာရင်းမှာ စင်္ကာပူ ပိစိကွေးက နံပါတ် (၅) ချိတ်နေပါတယ်။ သူ့ရှေ့မှာ အဝယ်များဆုံး လေးနိုင်ငံက တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ တောင်ကိုရီး ဟဲဗီးကြီးတွေ ဖြစ်ပါတယ်။
စင်္ကာပူရဲ့ လက်နက်အတွက် အသုံးစရိတ်က ကမ္ဘာ့နို်င်ငံအားလုံး လက်နက်ဝယ်ယူမှု အသုံးစရိတ်ရဲ့ ၄ ရာခိုင်နှုန်း ရှိပါတယ်။ ဒီနှစ် ကာကွယ်ရေး အသုံးစရိတ်က ၉.ရ ဘီလီယံ ဒေါ်လာ အထိရှိပြီး အမျိုးသားဘတ်ဂျက်ရဲ့ ၂၄ ရာခိုင်နှုန်း သုံးစွဲထားပါတယ်။ တိုင်းပြည်လူဦးရေနဲ့ တွက်ရင် တစ်ဦးချင်းအတွက် ကာကွယ်ရေးအသုံးစရိတ်က အမေရိကန်၊ အစ္စရေး၊ ကူဝိတ်တို့ထက် သာလွန် နေပါတယ်။ စင်္ကာပူလို ငြိမ်းချမ်းအေးဆေးတဲ့ နိုင်ငံက အဲဒီကိန်းဂဏန်းတွေနဲ့ လက်နက်ဝယ်နေတာ အံဩစရာကောင်းပါတယ်။
စင်္ကာပူလိုပဲ အရှေ့တောင်အာရှနိုင်ငံအားလုံးနီးပါးဟာ စစ်ရေး တည်ဆောက်မှု အပြိုင်လုပ်နေကြပြီး ကမ္ဘာမှာ ကာကွယ်ရေး အသုံးစရိတ် အများဆုံးနဲ့ အမြန်ဆုံး သုံးစွဲနေတဲ့ ဒေသကြီး ဖြစ်လာပါတယ်။ ၂၀၁၁ ခုနှစ် အရှေ့တောင်အာရှ တိုင်းပြည်တွေရဲ့ ကာကွယ်ရေး အသုံးစရိတ်က ၂၄.၅ ရာခိုင်နှုန်းရှိပြီး၊ ကမ္ဘာ့နိုင်ငံအားလုံး အသုံးစရိတ်ရဲ့ ၁၃. ၅ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီနှုန်းဟာ ပုံမှန်တက်နေပြီး ၂၀၁၆ နှစ်ကျရင် အသုံးစရိတ် ၄ဝ ဘီလီယံထိ ရှိမယ်လို့ SIPRI အဖွဲ့က ခန့်မှန်းပါတယ်။
၂၀၀၅ နဲ့ ၂၀၀၉ ခုနှစ်ကြား မလေးရှားရဲ့ လက်နက်ဝယ်ယူမှုက ယခင် ငါးနှစ်ကထက် ရှစ်ဆ ခုန်တက်သွားပါတယ်။ အဲဒီ ငါးနှစ်တာ ကာလအတွင်း အင်ဒိုနီးရှားရဲ့ လက်နက်အသုံးစရိတ်ကလည်း ၈၄ ရာခိုင်နှုန်း ကြီးထွားလာပါတယ်။
လန်ဒန်အခြေစိုက် think-tank အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Internatioanl Institute for Strategic Studies ရဲ့ ဖော်ပြချက်အရ ခေတ်သစ်သမိုင်းမှာ အာရှရဲ့ စစ်ရေးအသုံးစရိတ်ဟာ ဥရောပကို ကျော်လွန်သွားပြီလို့ ဆိုပါတယ်။ တရုတ်ဟာ ငါးနှစ်တိုင်းမှာ ကာကွယ်ရေး အသုံးစရိတ် နှစ်ဆခုန်တက်နေသလို၊ အိန္ဒိယကလည်း ဒီနှစ်မှာ စစ်လက်နက်အတွက် ဒေါ်လာ ၄ဝ ဘီလီယံ ထိ အကုန်ခံခဲ့ပါတယ်။
မကြာခင်ကအထိတော့ အရှေ့တောင်အာရှနိုင်ငံတွေက သူတို့ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်သုံးစွဲရတာဟာ ပြည်တွင်း သောင်းကျန်းသူတွေကြောင့်လို့ အကြောင်းပြပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း အာစီယံနိုင်ငံတွေ အချင်းချင်း ပဋိပက္ခ ကြီးကြီး မရှိခဲ့ပါဘူး။ စင်္ကာပူက မြောက်ဘက်က မလေးရှားနဲ့ တောင်ဘက်က အင်ဒိုနီးရှားကို အမြဲစိုးရိမ်တတ်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်မှာတော့ ဘုရားကျောင်းလုရင်း ပစ်တာခတ်တာလောက်ပဲ ရှိခဲ့ပါတယ်။
တစ်ခုဖြစ်နိုင်တာက အာရှနိုင်ငံတွေဟာ စီးပွားရေးတိုးတက်လာတာနဲ့အမျှ သူတို့ရဲ့ သိမ်ငယ်စိတ်ကို လက်နက်တွေ ဝယ်ယူပြီး အားတင်းချင်ဟန်ပါပဲ။ သူတို့ရဲ့ တိုက်လေယာဉ်တွေနဲ့ ရေယာဉ်တွေက ဒိတ်အောက်နေတာတွေမို့ စီးပွားရေးကောင်းပြီး ငွေယားလေး ရှိလာတာကြောင့် အသစ်လဲပစ်ချင်ကြပါတယ်။ ၁၉၉၇-၉၈ ခုနှစ် အာရှစီးပွားရေး အကျပ်အတည်းကာလမှာပဲ ကာကွယ်ရေး အသုံးစရိတ် လျော့ကျခဲ့ပြီး၊ နောက်ပိုင်း စီးပွားရေး ၆ ရာခိုင်နှုန်း ပုံမှန်တိုးတက်လာတာနဲ့ ခေတ်မှီလက်နက်တွေ အပြိုင် တည်ဆောက်ကြပါတယ်။
အာစီယံဒေသ အကြီးဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကို ကြည့်ပါ။ ၂၀၀၄ ခုနှစ်မှာ ဆူနာမီကြောင့် ကမ်းခြေတွေနဲ့ ကျွန်းတွေ အတော်များများ ပျက်စီးခဲ့ပြီး၊ စစ်တပ်ရဲ့ အားနည်းညံ့ဖျင်းမှုတွေကြောင့် သိက္ခာကျစရာတွေ ဖြစ်ခဲ့ပါတယ်။ အမေရိကန်တပ်တွေနဲ့ ဩစတြေးလျတပ်တွေက ဆူနာမီဒဏ် အဆိုးဆုံးခံရတဲ့ အာချေးပြည်နယ်က ဒုက္ခရောက်နေသူတွေကိုု ကယ်တင်ဖို့ စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ အကူညီပေးခဲ့ရပါတယ်။ လက်ရှိ သမ္မတ ဆူတီလို ဘမ်ဘန် ယုဒ်ဟိုယိုနို က အဲဒီဖြစ်ရပ်ကို အရှက်ရစရာအဖြစ် မြင်ပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ယုဒ်ဟိုယိုနိုက အခု စစ်တပ် ခေတ်မှီရေးကို ဦးစားပေး တည်ဆောက်လာပါတယ်။ လူဦးရေ သန်း ၂၄ဝ ရှိတဲ့ အင်ဒိုနီးရှားဟာ ၂၀၀၆ ခုနှစ်မှာ ကာကွယ်ရေး အသုံးစရိတ် ၂.၆ ဘီလီယံ ဒေါ်လာ သုံးစွဲရာကနေ ဒီနှစ် ၈ ဘီလီယံ ဒေါ်လာ အထိ သုံးစွဲလာပါတယ်။ အမေရိကန်၊ ရုရှား၊ ဂျာမန်လုပ် စစ်လေယာဉ်တွေ၊ F-16 ဖိုက်တာဂျက်တွေ၊ ရေငုတ် သင်္ဘောတွေ မချိမဆန့် ဝယ်ယူပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေ ကာကွယ်ရေးအသုံးစရိတ်မြင့်မားရတဲ့အကြောင်းတစ်ခုက နိုင်ငံရေးမှာ စစ်တပ်ရဲ့ ရှုပ်ရှုပ်ရှက်ရှက် ဝင်ရောက်ပတ်သက်မှုကြောင့်ပဲလို့ စင်္ကာပူအမျိုးသားတက္ကသိုလ်မှ ပါမောက္ခ Terence Lee က ပြောပါတယ်။ အရပ်ဖက် နိုင်ငံရေးသမားတွေက စစ်တပ်ကို ချော့ဖို့၊ စစ်တပ်ရဲ့ ထောက်ခံမှုရရှိဖို့ ကာကွယ်ရေးအသုံးစရိတ်ကို လိုက်လိုက်လျောလျော သုံးခွင့်ပေးရတာလို့ ဆိုပါတယ်။ ဥပမာကတော့ ထိုင်းနိုင်ငံ ပါပဲ။
စင်္ကာပူကတော့ အဲဒီပုံစံနဲ့ ခြားနားပါတယ်။ အာစီယံဒေသမှာ အဆင့်မြင့် နည်းပညာသုံး လက်နက်စက်ရုံ ကိုယ်ပိုင်ရှိတာ စင်္ကာပူ တစ်နိုင်ငံပဲ ရှိပါတယ်။ စင်္ကာပူက အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို လက်နက်ရောင်းချစားနေတာ ကြာလှပါပြီ။ ဘယ်လောက် အောင်မြင်သလဲဆိုရင် မကြာခင်က အနောက်နိုင်ငံစစ်တပ်တွေကတောင် စင်္ကာပူထုတ်တွေကို အော်ဒါမှာယူ လာပါတယ်။ အရှေ့တောင်အာရှမှာ အဆင့်မြင့်ဆုံး စင်္ကာပူ ST Engineering လက်နက်ကုမ္ပဏီက ဗြိတိသျှစစ်တပ်ကို အာဖဂန်နစ္စတန်မှာ အသုံးပြုဖို့ သံချပ်ကာကား အစီး ၁၀ဝ ရောင်းချပေးခဲ့ပါတယ်။
ကာကွယ်ရေးအသုံးစရိတ်မြှင့်ကြတဲ့ အရေးကြီးဆုံးအချက်ကတော့ ပထဝီမဟာဗျူဟာအရေး စိုးရိမ်မှုပါ။ စင်္ကာပူအတွက် မာလကာ ရေလက်ကြားဟာ အသက်သွေးကြော ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁ဝ နှစ်အတွင်း တရုတ်ရဲ့ ပင်လယ်ပြာစိုးမိုးရေး စီမံကိန်းက စင်္ကာပူအပါအဝင် တောင်တရုတ်ပင်လယ်မှာ နယ်မြေအငြင်းပွားနေတဲ့ နို်င်ငံတိုင်းအတွက် စိုးရိမ်စရာဖြစ်စေခဲ့ပါတယ်။
တရုတ်ရဲ့ နယ်မြေရန်စမှုကြောင့် ဗီယက်နမ်ရဲ့ ကာကွယ်ရေး အသုံးစရိတ် ခုန်တက်သွားရပါတယ်။ ဗီယက်နက်ဟာ ရုရှားထံက အဆင့်မြင့် ရေငုတ်သင်္ဘော အများအပြား ဝယ်ယူခဲ့ပါတယ်။ တရုတ်ကြောင့်ပဲ ဖိလစ်ပိုင်ရဲ့ ကာကွယ်ရေး အသုံးစရိတ်လည်း မနှစ်က နှစ်ဆတိုးပြီး ၂.၄ ဘီလီယံဒေါ်လာထိ ရှိခဲ့ပါတယ်။
ဝင့်ထန်း
ရည်ညွွှန်း။ The Strait Times & The Economist
Onyx
April 6, 2012 at 9:46 am
အဲလိုဆိုရင်တော့ တို့နိုင်ငံကြီးစည်ပင်တိုးတက်အောင် လိုတာတွေရှိတယ် ။ ဉာဏ်မှီသလောက်ပြောကြည့်မယ်နော်
၁ ။ ခေါင်းဆောင်ကောင်းရှိ ဖို့လိုတယ်
၂ ။နောက်လိုက်ကောင်း ပီသသော နောက်လိုက်များလိုတယ်
၃ ။နိုင်ငံကို ကာကွယ်နိုင်မယ့် ခေတ်မှီ တပ်မတော်လိုတယ်
အရေးကြီးဆုံးကတော့ တို့ တစ်မျိုးသားလုံး စည်းလုံးဖို့လိုတယ် ထင်ပါသဂျီး မင်းခင်ဗျ။
mgwalone
April 6, 2012 at 3:36 pm
င်္Face Book မှာ တစ်ခါ တွေ့လိုက်တဲ့ ကာတွန်းလေးကို သတိရမိပါတယ်။ မြန်မာပြည်ရဲ့ ဦးခေါင်းပိုင်းကို တရုတ် နဂါးကြီးက ကိုင်လို့။ အနောက်ဖက်က ဆင်ကြီးကလည်း နှာမောင်းကြီးနဲ့ လှမ်းဆွဲနေတယ်။ အဲ အောက်နားကနေ အန်ကယ်ဆမ်က နွားကျောင်းသားတစ်ယောက်လို ကြီးကွင်းကြီးနဲ့ လှမ်းပစ်တယ်။
သေချာတာကတော့ ကျွန်တော်တို့ လိမ်မာပါးနပ်စွာ အသုံးချတတ်ရင် ကိုင်တွယ်တတ်ရင် အကျိုးရှိမှာ အသေအချာပါပဲ။ ဒီလို ကိုင်တွယ်တတ်ဖို့က……… အင်း အကောင်းဆုံးကိုတော့ မျှော်လင့်ထားကြတာပေါ့ ခင်ဗျာ။
learner
April 6, 2012 at 7:10 pm
လက်နက်အပြိုင်အဆိုင်တပ်ဆင်တာကတော့ သိပ်ပြီးကောင်းလှတယ့်လက္ခဏာမဟုတ်ဘူးဗျ။ သူများတိုင်းပြည်တွေက တစ်နိုင်ငံလုံးရဲ့ ကာကွယ်ရေးကိုပြင်ဆင်နေချိန်မှာမြန်မာပြည်မှာက အကွဲအပြဲတွေကရှိတုန်း။ ငြိမ်းချမ်းရေးမြန်မြန်ရပြီး တစ်နိုင်ငံလုံးရဲ့ ကာကွယ်ရေးကို ပိုမိုအလေးပေးနိုင်ပါလိမ့်မယ် လို့မျှော်လင့်ပါတယ်။