Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ခေး . . . . . .

marblecommetApril 6, 20121min76144

ခေး…….

သက်တန့်ကို လက်ညှိုးလေးနဲ့ ထိပြီး ကွေးဝိုင်းကြည့်တဲ့အခါ မင်းမျက်နှာကလေး ပေါ်လာတယ် . . .။

ကိုယ့် အိပ်မက်ထဲမှာ နှင်းဆီနက်တွေနဲ့ အသဲအသန် တိုက်ခိုက်ရလေ့ရှိတဲ့အခါ  ကိုယ့်ကို လာရောက်ကယ်တင်သူဟာလည်း

ခေးပါပဲ….။ ဟုတ်တယ်ခေး……။ ကိုယ်ဟာ အရာရာမှာ ခေးရဲ့စောင့်ရှောက်မှုကို ခံနေရတယ်ဆိုတာ မင်းလေး

မင်းလေး နည်းနည်းမှ  မရိပ်မိဘူးလား……။

ကိုယ်တို့ လေညှင်းတွေကို တန်ဖိုးထားရအောင်….။ ကိုယ်တို့ ဘဘာဝတရားကို တန်ဖိုးထားရအောင်…..။ ကိုယ်တို့ ပကတိ ရိုးဂုဏ်အလှကို တန်ဖိုးထားရအောင်ခေး…။

လေတဟူးဟူး တောင်ကုန်းပေါ်မှာ ကိုယ်တို့အငေး ပြိုင်ရအောင်….။ တောကြီး ဝင်္ကပါ ကမ္ဘာကြီးထဲက ကိုယ်တို့တွေ တိတ်တိတ်ကလေး ခိုးထွက်လာရအောင်ပါခေး…။

မရေရာမှု(၁)။       ။

ရင်ခုန်သံ တုန်လှုပ်နေတဲ့ ရမ္မက် မီးသင်္ဘောလေးဟာ အပြာရောင် မီးတောက်လေးကို ဆယ်ဆတိတိ စိတ်ကူးယဉ်သားနားရင်း နိစ္စဓူဝဘဝထဲကို ခုန်ဆင်းလာတယ်…..။

ခေးအတွက် ရည်ရည်စူးစူး မွေးထားတဲ့ အိပ်မက်လေးကတော့  ဆောင်းတစ်ရာသီ ရောက်တိုင်း သက်ဝင်လှုပ်ရှားလာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့….။

ဒါပေမဲ့ နေမလာခင် ဝေဒနာ အရင်ရောက်လာပြီး ဒဏ်ရာပေါင်းချုပ်ပြက္ခဒိန်ကို ငေးနေရတဲ့ မနက်တိုင်း တင်ထား မိတဲ့ မောင်းခလုတ်တွေလည်း ကျိုးကြေပျက်စီးကုန်

တာပဲ အဖတ်တင်တယ်…။ ဟုတ်တယ်…..ကိုယ်ဟာ စစ်မရောက်ခင် မြားကုန်နေတဲ့ စစ်ပွဲတစ်ပွဲရဲ့ သေးနုပ် သိမ်ဖျင်းလွန်းတဲ့ ဗျူဟာ ကျမ်းစုတ်လေး တစ်စောင်ပါခေး..။

မသေချာမှု(၂)။     ။

ဟုတ်ပါတယ်….။ ကိုယ့်ရဲ့ ကြယ်တံခွန်လေး တစ်စင်းဟာ အရောင်အသွေးစုံလင်လှတဲ့ လှုမှုရေး ဟွန်းသံများ ဆူပွက်ရာ အလွန်ကျယ်ပြော ရှုပ်ထွေးတဲ့ ကမ္ဘာကြီးမှာ

ဖြူဖြူလွင်လွင်ကလေး လမ်းဖြတ်ကူးနေပါတယ်….။ ကိုယ်ကတော့ အိပ်မက်ထဲ အိပ်မက်ထပ်ဆင့်မက်တဲ့ မျှော်လင့်ချက်မျိုးနဲ့…..။ ရေသောက်မြစ်တစ်ခုလို

ငြိမ်ဝပ်နေတဲ့ ခေးအကြောင်း အတွေးများထဲမှာ ကိုယ်ဟာ အေးခဲရပ်တန့်…..။ ကိုယ့်ရဲ့ နွေ……မိုး….ဆောင်း….မှာလည်း ခေးနာမည်ကို တစ်ကြိမ်ရွတ်မိတိုင်း

ပြန်မြင်ယောင်ခြင်းလှိုင်းလုံးတွေ အလိပ်လိုက် အထွေးလိုက် ဖုံးအုပ်လို့……။ တစ်နေ့ပြီးတစ်နေ့ ရှူရှိုက်မိတဲ့ ဝင်လေထွက်လေတိုင်း စိတ်နဲ့ကိုယ် အစိုးမရ…..။

တည်ဆောက်ခြင်း (၃)။      ။

ကိုယ်က ခေးကို အချစ်အကြောင်းပြောရမှာလား..။ ခေးကို ချစ်နေတဲ့အကြောင်းကို ပြောရမှာလား …။ ဟုတ်တယ်ခေး…။ ရာသီစာ သမီးရည်းစားအတွဲတွေ အကြောင်းနဲ့

ပါးလှပ်ကြုံလှီနေတဲ့ ခေတ်ပေါ် အချစ်အကြောင်း မင်းကို ဘယ်တော့မှ မပြောပါဘူး…။ မင်း ကိုယ့်ဆီက အံ့မခန်း တိုးတက်နေတဲ့ သိပ္ပံပညာနဲ့ စကြဝဋ္ဌာအကြောင်း

ကြားရနိုင်ပါတယ်…။ ပေါလ်ကလီးရဲ့ ပန်းချီကားအချို့အကြောင်း ကြားရနိုင်ပါတယ်…။ ဂီတ နဲ့ စိုက်ပျိုးတဲ့ ပန်းပင်ဟာ ပိုမိုရှင်သန်ကြီးထွားမှုရှိတယ်ဆိုတဲ့

အကြောင်း ကြားရနိုင်ပါတယ်။ မြို့မငြိမ်းနဲ့ ကတ်ကိုဘိန်းအကြောင်း ကြားရနိုင်ပါတယ်….။ ဒီဝီဇံ တပ်မကြီးတွေ အကြောင်း ကြားရနိုင်ပါတယ်….။ စစ်နဲ့ငြိ်မ်းချမ်းရေး

အကြောင်း ကြားရနိုင်ပါတယ်…။ အချုပ်တန်း ဆရာဖေနဲ့ ဝန်ကြီး ပဒေသရာဇာအကြောင်း ကြားရနိုင်ပါတယ်…..။ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းအကြောင်း ကြားရနိုင် ပါတယ်။

နိုင်ပန်းလှအကြောင်း ကြားရနိုင်ပါတယ်။ ကုသိုလ်နဲ့ အကုသိုလ်အကြောင်း ကြားရနိုင်ပါတယ်…။ အရှေ့အလယ်ပိုင်းနဲ့ နူလက်နက်ထိန်းချုပ်ရေးဆိုင်ရာ အကြောင်း

ကြားရနိုင်ပါတယ်။  ကိုယ်ယုံကြည်ထားတဲ့ အရာများ..ကိုယ်  ပွေ့ပိုက်ထားတဲ့ သင်္ကေတများ….ကိုယ်ရိုကျိုးနေတဲ့ တရားဓမ္မများအကြောင်း ……ကြားရနိုင်ပါတယ်.။

ခေး…..

လမ်းသွားရင်း မင်းရဲ့ ဆံနွယ်စလေးတွေအကြောင်း သတိရတဲ့အခါ အိပ်မက်တွေကို မျှားဖို့ အပြေးအလွှားအားထုတ်ရတယ်..။ အိပ်မက်ကို နှလုံးသားနဲ့ မျှားလို့ရတယ်

ခေး…။ အဓိပ္ပာယ်မဲ့ တိုက်ခတ်နေတဲ့ လေထဲမှာ ကြံရာမရတဲ့ တိမ်တွေ မျောချင်ရာ မျောလွင့်သွားကြတော့..။ အဲဒီ တိုက်ခတ်နေတဲ့ လေထဲ လောင်မီးပိုးကျ နှလုံးသား

လေးတစ်ခုမှာ ခြစ်ကုတ်စုစည်းသိုလှောင်ထားတဲ့ သံယောဇဉ်တွေ သည်ထက်မက သိပ်သည်း ရင့်ကျက်လာပြီးရင်း ဆေးလိပ်မီးပွားတွေ ဟိုနားတစ ဒီနားတစ ထထ

ပေါက်ပြဲ ဖာထေးနေရ နေ့ရက်တွေ ဘယ်တော့များမှ ရေငုံနှုတ်ပိတ် တိတ်ဆိတ်သွားမှာလဲ…….။ ကိုယ့်ရဲ့ လောကပါလ တရားလေး …ဖြေပါ…….။

44 comments

  • water-melon

    April 6, 2012 at 7:47 am

    အမလေး ခေးရဲ့
    တိုတုိုဖရဲကို ချစ်တယ်ဟုတ်လား
    ကဲ ကိုကမ်းကြီးရေ ဘီယာနှစ်ခွက်ဆင့်သောက်ပြီးဖတ်သွားပါတယ် ချင့် 😆

    ဆးလိပ်မီးပွားတွေ ဟိုနားတစ ဒီနားတစ ထထ လုပ်မနေနဲ့တော်ကြာ မီးလောင်လို့လျော်နေရအုန်းမယ်

    • marblecommet

      April 6, 2012 at 10:00 am

      ဖြဲမကို ချစ်တာဘူတုန်း ….
      ကြည့်ရတာ….ကိုဖက်ကက်တို့ ကိုတိုက်တို့
      ထဲက တစ်ယောက်ယောက်နေမယ်
      ဒါနဲ့….ခေးမှာက တြားဝင် လိုင်စင်နဲ့ကွဲ့……..ဟိ……

  • ဖားသက်ပြင်း

    April 6, 2012 at 8:18 am

    ဆံရှည်ကိုယ်တော် ..ဆြာကမ်း တယောက်
    အမှန်တကယ် တော်ကီကောင်းမယ်ဆိုတာ ..
    ယုံမှားသံသယ (ကွင်းစကွင်းပိတ်) မရှိ..

    😀

    • marblecommet

      April 6, 2012 at 10:15 am

      တော်ကီက အမြဲတမ်းမကောင်းပါဘူးချင့်
      ထန်းတက်သမား ရင်ဘတ်လို တော်ကီမျိုုးဘာချင့်
      တော်ကီကောင်းမယ့်အချိန်က ကန့်သတ်ချက်
      ချိဘာတယ်ချင့်……အာဟင့်…..

      • ဖားသက်ပြင်း

        April 6, 2012 at 10:28 am

        တော်ပါကွယ်…
        လျှာ မီးမလောင်မဲ့ စာရင်းမှာ
        ဆြာတို့ မော်ဒန်ဆြာတွေ ထိပ်ဆုံးတန်းက ပါပါတယ်…

        😀

  • Ma Ei

    April 6, 2012 at 9:09 am

    ဟဲ့..ဟဲ့…
    ဟိုဖက်ကူးထားတဲ့ မင်းသားကြီးရဲ့ သမီး
    မင်းသမီးလေး နံမည်ကလဲ ခေး… ဆိုလားဘဲနော်…

    • marblecommet

      April 6, 2012 at 10:18 am

      သပ်သပ်စီပါ ခင်ဗျား
      သပ်သပ်စီပါ….
      အနော့် ခေး က အုံးကျွတ်ပါ…

  • windtalker

    April 6, 2012 at 9:24 am

    ခေးရယ်
    မီးလဲပျက်
    ရေလဲမလာ
    ငွေလဲမပါတဲ့
    လူပျိုသိုးမြို့မှာ
    အဆင်ပြေသလို
    မပြေသလိုလို
    စကော့စမ်းရေလိုလို
    ဂျိုးဖြူပိုက်ရေလိုလို နဲ့
    အလွမ်းည တွေ
    ရှည်ခဲ့ရပါပြီကွယ်…….

    • marblecommet

      April 6, 2012 at 10:28 am

      ရေမလာပေမဲ့
      ငွေပါဖို့အရေးကြီးတယ်
      ရေမကြီးပေမဲ့
      ငွေးသီးဖို့ အရေးကြီးတယ်
      လူပျိုသိုးမှာ
      ငွေပေါနေတာတော့ မဟုတ်ဘူး
      ဂျိုးဖြူ ပိုက်လို ရှည်လမျောနဲ့..
      စကော့စမ်းကို အသေဆော့နေရတဲ့
      ဟောဒီက
      ဆွေးလျဖြစ်ပုံ…….။ ။

      • Khaing Khaing

        April 6, 2012 at 10:47 am

        ကိုပေ နဲ့ ကိုကြီးကမ်းကို အရမ်းလေးစားသွားပြီဗျာ …… ကာရံနဘေကို ညီနေတာပဲ ….. ဒါ့ကြောင့် ဆရာတွေက ရွာထဲနံမည်ကြီးနေတာကို …….

  • Onyx

    April 6, 2012 at 9:37 am

    လူပျို သိုးကြီး ခေးနဲ့ တွေ့မှပဲ အကျွတ်တရားတွေ တသီကြီး ရထားပုံထောက်တယ် ။
    နှိပ်သကွာ ။

    • marblecommet

      April 6, 2012 at 10:31 am

      အကျွတ်တရားကို ရတာမဟုတ်ဘူး
      ပြုတ်ပြုတ်ကို ပြုန်းသွားပြီခင်ဗျ……
      အာဟင့်…..

      • Khaing Khaing

        April 6, 2012 at 10:55 am

        ပြုတ်ပြုတ်ပြုန်းမှာပေ့ါ မီးကိုထားခဲ့ပြီး ဒီကထွက် ဟိုကိုဝင်လုပ်နေတာကို .. ဟွန်းမပြောချင်ဘူး …. စနေနေ့တွေ့ဦးမယ် ….

        • marblecommet

          April 6, 2012 at 11:07 am

          ခါတရံပါကွယ်……

  • blackchaw

    April 6, 2012 at 10:04 am

    ညီလေး ကမ်းကြီး။
    ဘာညာ သာရကာတွေ ဝင်ဖော မနေတော့ဘူး။
    လက်မကြီးကြီး တစ်ချောင်း ထောင်ခဲ့တယ်။
    😛

    • marblecommet

      April 6, 2012 at 10:38 am

      ကိုကြီးဘလက်ရဲ့
      အိုဘယ့် လက်မကြီးအတွက်
      ကျေးဇူး မဟာ
      တင်ရှိပါကြောင်း…..

  • Khaing Khaing

    April 6, 2012 at 10:20 am

    ကိုကြီးကမ်း …. ခေး ဆိုတာ ကလေးလား အဟိ ကြည့်ရတာ ကိုကြီးကမ်းထက်ငယ်မယ်နဲ့တူတယ် ခံစားချက် တွေထွက်လာပြီတွေ့လား …….. မီးတိနေသလိုပဲနော် …. အဟိ …. ဖရဲမအောက်မှာ မန့်ပုံထောက်ရင် တူပဲဖြစ်မယ် ….

    ကိုကြီးကမ်းရေ မရေးတာကြာပေမယ့် ရေးတော့လည်းအနှစ်တွေချည်းပါပဲလား ဒါမျိုးကိုမှ တစ်ကယ့်ဆြာလို့ ခေါ်မယ်ထင်တယ် …. မီးတု့ိအရေးအသားနဲ့များကွာပ …… တစ်ကယ်ကိုရင်နဲ့ခံစားဖတ်ရူသွားတယ်နော် ……. အဟိ ကိုကြီးသား အပြင်မှာ တစ်ကယ်အဲလိုဆိုသနားစရာနော် ………

    ခင်မင်စွာဖြင့်
    Khaing Khaing

    • kaung kin pyar

      April 6, 2012 at 10:49 am

      တော်သေးတယ်နော်….ခေးမို့လို့….။ ဝဆွဲလေးသာ ယောင်တပ်လိုက်မိရင် တစ်ညိုးဂျီး ဖစ်တွားမှာ….။

      • marblecommet

        April 6, 2012 at 10:56 am

        ဟဲ့…..အောင်မြလေး…
        အဖန်ဖန်အပ်သော ဂွမ်းစ
        ဆီအိုးထဲ သိမ်းထားတဲ့ဖုအုနေတဲ့
        နှလုံးသားလေးကို အလန့်ထညက်
        ဖစ်အောင်လုပ်ထှာလား ဟင် အခိုင်
        ဝဆွဲတော့ လုပ်ပါနဲ့အေ…..

      • marblecommet

        April 6, 2012 at 11:13 am

        ဆောဒိ အခိုင်မဟုတ်ဘူး ကောင်းကင်ပြာ
        လန့်ထှာအေ…

  • marblecommet

    April 6, 2012 at 10:42 am

    အိ ..
    အခိုင်ရဲ့ မီးက ဘာသိတာလဲ…
    ဖြဲမကိုသွား ပြီး ဂျောက်မတွန်းနဲ့
    ကိုယ်တို့က ဟင်္သာ ကိုးသောင်းပျက်တဲ့
    ထုံးကို နှလုံးမူထားတဲ့ ယောက်ျားဘသားဂျီးဒွေဘာ…
    ကိုကြီးသာ အပြင်မှာဆို
    သနားတယ် သနားတယ် ဟလား….
    အော် အော် နာတော့ ဘီယာသောက်ရတော့မှာပါလားနော်…..
    ကျွတ် ကျွတ် ကျွတ်…..

  • သူရဇော်

    April 6, 2012 at 10:50 am

    ကိုကမ်းကြီး ခေးဆိုတာဘူဒုန်း….ကျုပ်တော့စိတ်ဝင်စားလာပဗျ ….. စနေမိတင်ကျ ကျုပ်သေချာမေးမယ် ဒါဗြဲ

  • kyeemite

    April 6, 2012 at 10:57 am

    ကိုကမ်းရေ…ခင်ဗျားရဲ့ခံစားချက်တွေနောက်..
    မနဲအမှီလိုက်ခံစားသွားပါတယ်…ခေး ရေ …နားလည်ပေးလိုက်ပါကွယ်။
    “ကိုယ့်ကိုနားလည်ပေးပါ..ခေးရယ်..ပေါ့”….

    • marblecommet

      April 6, 2012 at 11:12 am

      ကိုကျီးမိုက်ရေ့
      ကျနော့်ရဲ့
      ဗြဲလရမ်းစာစုလေးကို
      သီးခံ လိုက်ဖတ်ပေးတဲ့အတွက်
      ရှဲရှဲပါခင်ဗျား…
      ……..
      ဟိုနေ့က သားတော်မောင်ရဲ့
      အငြူအစူကိုကော ခံလိုက်ရသေးလားဗျ ဟိဟိ

  • marblecommet

    April 6, 2012 at 11:00 am

    ဟင် စိတ်ဝင်စားဒယ်……
    တညှိုးကြီးပဲ ဟင့်
    အိုက်ဒီနေ့ကျ ခင်ဗျားမမေးလည်း
    ထွက်လာမှာစိတ်ချ…..ဟီဟီ.

  • Rose Minn

    April 6, 2012 at 11:17 am

    ဟေ့ တူရရေ ကိုကမ်းကို မူးအောင်တိုက် ဟိုစနေ ကလို။ ရင်ထဲက ခံစားချက်တွေ အသေးစိတ်မေး။ ပြီးတော့သူ့ရဲ့ခေးကို ပြောပြကြရအောင်နော်။ ငါတို့ ကမ်းကြီး အတဲတွဲနေတာ တူသိသွားအောင်။ သနားစရာ ကိုကမ်းကြီးရယ်။ အချစ်ဆိုတာ မကောင်းဆိုးဝါးတဲ့ စိုင်းစိုင်းက ပြောတယ်။ အချစ်မှာ အရူး အမူးဖြစ်ရင် ဒီလိုပဲ ဖြစ်တက်ကြသလားကွယ်ရို့ အော် ရွာသားတွေလဲ အသည်းနဲ့ပါလားအေ့။ 😀

    • marblecommet

      April 6, 2012 at 11:59 am

      ရို့စ်ရယ်….
      နာ့အသီးကွဲဒါဂို
      ဒင်းကလေး မသိဘာဇေနဲ့ကွယ်……

  • Mon Kit

    April 6, 2012 at 11:55 am

    ဪ……. ခေးလေးးရယ်……
    ဘယ်ဆီရောက်နေလဲကွယ်…..

    • marblecommet

      April 6, 2012 at 12:08 pm

      ခုလောက်ဆို သူ့အိ်မ်မှာ
      ထမင်းစားနေရောပေါ့ကွယ်

  • ငမျောက်

    April 6, 2012 at 11:59 am

    အိပ်မက်ကို နှလုံးသားနဲ့ မျှားလို့ရတယ်

    ဒီစာသား သောက်ရမ်းကြိုက်တယ် ..
    တစ်ပုဒ်လုံးလည်း ခိုက်တယ် ..
    အားပေးသွားပါတယ် …

    ကွိ .. ကွိ .. ကွိ …

  • htet way

    April 6, 2012 at 12:02 pm

    မဂ္ဂဇင်းပေးထားသေးလား
    ကောင်းတယ် ကြိုက်တယ်
    “အဓိပ္ပာယ်မဲ့ တိုက်ခတ်နေတဲ့ လေထဲမှာ ကြံရာမရတဲ့ တိမ်တွေ မျောချင်ရာ မျောလွင့်သွားကြတော့..။ အဲဒီ တိုက်ခတ်နေတဲ့ လေထဲ လောင်မီးပိုးကျ နှလုံးသား
    လေးတစ်ခုမှာ ခြစ်ကုတ်စုစည်းသိုလှောင်ထားတဲ့ သံယောဇဉ်တွေ သည်ထက်မက သိပ်သည်း ရင့်ကျက်လာပြီးရင်း ဆေးလိပ်မီးပွားတွေ ဟိုနားတစ ဒီနားတစ ထထ
    ပေါက်ပြဲ ဖာထေးနေရ နေ့ရက်တွေ ဘယ်တော့များမှ ရေငုံနှုတ်ပိတ် တိတ်ဆိတ်သွားမှာလဲ…….။ ကိုယ့်ရဲ့ လောကပါလ တရားလေး …ဖြေပါ…….။”
    အကိုရေ …. သိပ်ကောင်းတယ်ဗျာ။ အားပေးလိုက်ပါတယ်။

  • marblecommet

    April 6, 2012 at 12:11 pm

    မပို့ပါဘူးဗျာ တိုနံ့နံ့ကလေးကို
    ရွာထဲ မရောက်တာကြာလို့
    တင်လိုက်တာ ဟေ့လူကြီး သင်္ကြန်ဘယ်မှာ
    ရှိမှာလဲ …ဗျ….

  • အမတ်ဒိန်

    April 6, 2012 at 12:16 pm

    မရေရာမှု.. မသေချာမှု.တွေကိုတော့ မသိပေမဲ့ တည်ဆောက်ခြင်း စာတစုကိုတော့…
    နို်င်ပန်းလှ အကြောင်းကြားရမယ် ဆိုတာနဲ့တင် လွှတ်ကြိုက်သွားပြီဗျာ..
    ခေး တော့မသိဘူး ကျနော်တော့ နားထောင်ချင်တယ်.. တွေ့ကြအုန်းမယ်ဗျာ..
    တကယ်တော့ ဆရာက ဆရာပါပဲ ဆရာကမ်းရယ်… 🙂
    လေးစားမိပါ ၏….

  • marblecommet

    April 6, 2012 at 12:29 pm

    တိန် အသာလုပ်ပါ
    ဆြာဒိန်ရယ်…
    အနော်က စပီးဘတ်တို့လို
    ဂျိမ်းကင်မရွန်းတို့လို
    ပီတာဂျက်ဆင်တို့လို ခွိီးခွီး
    နိုင်ပန်းလှကို ရုပ်ရှင် မလို့
    ခဏခဏ စိတ်ကူးယာဉ်တယ် ဟိုက်ရှားဘား…….
    တစ်မျိုးမထင်ပါနဲ့နော်…
    အိပ်မက်ထဲက
    ဇဂါးလုံးတွေပါ..ခင်ညာ…

  • char too lan

    April 6, 2012 at 1:43 pm

    တည်ဆောက်ခြင်း (၃) မှာ
    ကိုယ်က ခေးကို အချစ်အကြောင်းပြောရမှာလား..။ ခေးကို ချစ်နေတဲ့အကြောင်းကို ပြောရမှာလား …။ ဟုတ်တယ်ခေး…။ ရာသီစာ သမီးရည်းစားအတွဲတွေ အကြောင်းနဲ့ ပါးလှပ်ကြုံလှီနေတဲ့ ခေတ်ပေါ် အချစ်အကြောင်း မင်းကို ဘယ်တော့မှ မပြောပါဘူး…။ မင်း ကိုယ့်ဆီက ……….
    xxxx
    ဆိုပီး…..ခေးဂိုကြောမယ့်ဂျဂါဒွေ နာဒို့လဲကျားရရင်ကောင်းမယ်ကွာ…

  • နေဝန်းနီ

    April 6, 2012 at 4:58 pm

    ဟားဟားဟား ဒီလူကြိးတွေ သူငယ်ပြန်နေပြီဟေ့ ချကားရဲပီဘူး ခေးတဲ့ ………. 😛

  • marblecommet

    April 6, 2012 at 8:02 pm

    ဝှါး….ဗိုလ်နီးကြီးရယ်
    ပြောရက်ပါပေ့….
    ဟင့်……

  • FattyCat

    April 10, 2012 at 2:41 pm

    “ခေး” ကို (၅)ခါမြောက်ဖတ်သည်…ခံစားကြည့်သည်…ဝီစကီနဲ့ခံစားလျှင်ပိုပြီး ပြည့်စုံမည်…
    ဘရမ်ဒီနှင့် ခံစားလျှင်ပိုပြီး ရုပ်လုံးကြွမည်…ဗော်ကာနှင့်ခံစားလျှင်တော့ ပိုပြီးတည်ငြိမ်ရဲရင့်မည်…
    ကျွန်တော်တော့…အရက်ဖြူဖြင့် သဘာဝကျကျခံစားသွားသည်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • marblecommet

    April 11, 2012 at 8:33 pm

    ကိုကိုဖက်ကတ်
    သောက်တဲ့ အရက်ဖြူနဲ့ပဲ
    သားလည်း စာဂိုရေးတာပဲ ခင်ည….

  • အရက်မမူးမှီ…………ချစ်သောခလေးရေ…………….
    အရက်မူးပြီးသော် ……………….ချစ်သောခေးရေ………
    ဟုတ်လားဗျ

    • Gipsy

      April 12, 2012 at 9:28 am

      ပေါက်ပြဲ ဖာထေးနေရ နေ့ရက်တွေ ကုန်ဆုံးစေချင်ပါနဲ့…
      ရေငုံ နှုတ်ပိတ် တိတ်ဆိတ် သွားမှာကိုလဲ မဖြစ်ချင်စမ်းနဲ့…
      ဒီအတိုင်းလေးပဲ ရှိနေသေးတာ ရသ ပါ…

      • marblecommet

        April 24, 2012 at 6:25 pm

        ဟုတ်ပါ၏….

  • စေပိုင်ထွဋ် (ပုသိမ်)

    April 12, 2012 at 8:36 pm

    ခေး…(လူနေ ရယ် ဝတ္ထု နာမည်နဲ့ တူတယ် အဟီး)
    မီးသက်တံ လျှပ်ပြက်ကူးသွားတဲ့
    ရင်ဘတ်
    အနာက မကျက်သေးဘူးလား
    ကောင်းတယ်
    ဖတ်သွားတယ်

    • marblecommet

      April 24, 2012 at 6:20 pm

      လူနေကို ကြားတော့ကြားဖူးတယ်
      တစ်ခါမှတော့ မဖတ်ဘူးပါဘူးဗျာ….
      သဘောရိုးနဲ့ ပြောတာပါနော့……
      အနှီဝေါဟာရကတော့….
      နာမည်တူလူတူမရှားဖြစ်တတ်တဲ့နာမည်မျိုးပါ….

Leave a Reply