ဒုက္ခဆိုတာ ဒီလိုလား?..

Ko out of...April 7, 20121min1412

ဒုက္ခနဲ့ ပတ်သက်ပြီး ရိုးရာပုံပြင်ထဲက မှတ်သားခဲ့ရဖူးတာလေးပါ..

သိပ်တော့ ကောင်းကောင်းမမှတ်မိတော့ဘူး…

မှတ်မိသလောက်လေးပေ့ါ…

တခါက.. လူကြီးမိဘတွေ ပြောပြောနေတဲ့ ဒုက္ခကို သိပ်သိချင်တဲ့ လူငယ်လေး တစ်ယောက်ဟာ ဒုက္ခနဲ့ပတ်သက်ပြီး စူးစမ်းလေ့လာရာ ….

သူသိချင်တဲ့ ဒုက္ခရဲ့ အဖြေမှန်ကို မရဘဲ နောက်ဆုံး ရသေ့ တစ်ပါး
ထံရောက်လေ၏…

ရသေ့ထံရောက်တော့…သူသိချင်သော ဒုက္ခအကြောင်းကို မေးမြန်း
ရာ…ရသေ့က ချက်ချင်း အဖြေမပေးဘဲ သိပ်သိချင်တယ်ဆိုရင်
နောက်သုံးရက်လောက်နေပြီးမှ ပြန်လာလို့ ပြောသတဲ့…

ဒီလိုနဲ့ ရသေ့လည်း လူငယ်လေးပြန်ပြီးနောက်ပိုင်း သူသိချင်တဲ့ ဒုက္ခ
အတွက် လုပ်စရာရှိတာတွေကို ပြင်ဆင်လိုက်သတဲ့…

နောက်သုံးရက်ကြာပြီး ဒုက္ခကို အလွန်သိချင်သော လူငယ်လေး

ပြန်ရောက်လာ၏… ရသေ့က လူငယ်လေးကို..ကဲ့

ဒုက္ခကို သိချင်ရင်..ကွင်းပြင်ကျယ်တဲ့ ဘောလုံးကွင်းလို

နေရာမျိုးမှာ ဒီအထုတ်ကို ဖြေလိုက်ပါ လို့သေသေချုာချာ မှာလိုက်

ပြီးလူငယ်လေးလည်း ရသေ့ဆရာ ပြောသည့် အတိုင်း ဆက်လုပ်

လေ၏…

ဒီလိုနဲ့ ကွင်းပြင်ရောက်တော့ အဲဒီ ဂုံနီအိတ်အထုတ်ကို မဖြေခင်

သူလက်နဲ့ စမ်းသပ်ကြည့်ရာ..ဟာဒုက္ခဆိုတာ ပျော့ပျော့ကြီးဘဲ

ဒီလိုနဲ့ အထုတ်ကိုဖြေကြည့်ရာ သုံးလေးရက် အစာဖြတ်တောက်ခံ

ရတဲ့ခွေးလေးဟာ အစာကလည်းဆာ..ခွေးလည်း ခွေးဆိုး

ဆိုခါကျတော့ …လူငယ်လေးကို နောက်ကနေ လိုက်ကိုက်သတဲ့?

ဒီလိုနဲ့ ကွင်းကို ပတ်ပြေးရာ.. နောက်ဆုံး အနီးအနားရှိ

သစ်ပင်ပေါ်သို့ ပြေးတက်လိုက်ရသည်…

ဒီလိုနဲ့ခွေးလေးလည်း လူငယ်ဆင်း အလာကိုထိုင်စောင့်ရင်း

စိတ်မရှည်တော့ သဖြင့် သူအစာရှိရာနေရာ သို့ထွက်သွားလေ၏..

နောက်တော့ လူငယ်လေးလည်း ရသေ့ဆီပြန်ရောက်တော့ …

သူတွေ့ကြုံရသော ဒုက္ခ၏ အကြောင်းကို ယ္ခုလိုပြောပြလေ၏..

ဒုက္ခက…ပျော့ပျော့လေးနော်..

နောက် ခပ်နာနာလေး နှိမ့်ကြည့် ပြန်တော့ ခပ်မာမာပြန်တွေ့တယ် အဲဒီ အချိန်မှာ ဝုတ် ဝုတ်လို့

အသံထွက်လာတယ်နော်…နောက်အမွှေးကရှည်ရှည် ကြီးနော်

သွားတွေကလည်း အရှည်ကြီးဘဲနော်..စသည်စသည်ဖြင့် ပြန်ပြော
ပြလေ၏…

အော်… ကနေ့ လူတွေ ငြီးတွားနေကြတဲ့ ‘ဒုက္ခ ဒုက္ခ’ ဆိုတာ

ဒီလူငယ်လေးပြောတဲ့ ဒုက္ခလိုများ ဖြစ်နေမလား? …

ဒီလူငယ်လေးပြောတဲ့ ဒုက္ခများ ကဲ့သို့ အဓိပါယ်များ ဆင်တူနေမလားလို့?…

ဒီဒုက္ခမျိုးကို သိလိုက်လို့ရော လွတ်မြောက် ငြိမ်းချမ်းရာဆီသို့

အမှန်တကယ်ပို့ဆောင်ပေးနိုင်လို့လား?.. လို့စဉ်းစား

နေမိတော့တယ်..

2 comments

  • etone

    April 7, 2012 at 9:49 am

    ဒုက္ခဆိုတာက .. ဘယ်အချိန်မှာ ကြုံမလဲ မသိနိုင်သလို ၊ ဘယ်လို ကြုံမလဲ ၊ ဘယ်လိုအခြေနေမှာ ပြီးဆုံးသွားမလဲ ဆိုတာလည်း မသိနိုင်ပါဘူး … ။

    သေချာတာတော့ ဒုက္ခဆိုတာ အလိုမပြည့်ဝခြင်း ၊ ကမောက်ကမဖြစ်ခြင်း ၊ စိတ်ဆင်းရဲခြင်း ၊ အခက်ခဲတွေ့ခြင်းတွေ ပေါင်းစပ်ဖွဲ့စည်းထားပြီး အရောင် အဆင်း ပုံသဏ္ဍန် အတိကျ တွက်ဆလို့ မရတာမျိုးလို့ ကျွန်မကတော့ လက်ခံထားပါတယ် …. ။ …

  • ဗိုက်ကလေး

    April 7, 2012 at 6:09 pm

    မီးမမှန်တာလဲ ဒုက္ခပဲဗျ
    😀

Leave a Reply