တိတ်တခိုးချစ်…
ရင်ထဲမှာပဲ ကြိတ်မှိတ်
တိတ်တိတ်လေးပဲ
ချစ်နေရတာ
ဘယ်သူသိနိုင်မှာလဲ…။
သတိရတဲ့ နေ့တွေ
သတိရတဲ့ ညတွေမှာ
မျက်ဝန်းအိမ်ထဲ မျက်ရည်ခ
ဘယ်သူသိကြမှာလဲ…။
နှစ်ယောက်အတူတူထိုင်
လက်ကလေးကိုကိုင်ပြီး
ကြည့်နူးစရာလေးတွေပြော
ရယ်မောခဲ့ကြတာ
အိပ်မက်သာမဟုတ်ရင်
သိပ်ကောင်းမှာပဲနော်…။
ဘာပဲဖြစ်ဖြစ်
ချစ်နေခွင့်လေးတစ်ခုသာ
မြတ်နိုးစွာဖက်တွယ်ရင်း
ကျေနပ်နေသူပါရှင်..။ ။
(ကာရန်ကြိုက်တဲ့ မွန်မွန်ရဲ့ ကဗျာလေးတစ်ပုဒ်ပါ။)
28 comments
Gipsy
April 8, 2012 at 7:23 pm
ညင်ညင်သာလေး အဖေါ်လေးမို့
ဆွေ့ခုန်ပေါက်ခါ လမ်းဆက်လျှောက်မယ်
နှစ်ယောက်လက်တွဲ အားအင်ပဲလေ
မှုန်မှုန် သဲလမ်း လျှောက်လှမ်းကြရင်း
သီချင်းတကြော်ကြော် ဟစ်ခါအော်၍
မျက်ရည်ချိုမြ စီးကာကျနေ
ခရီးလမ်းဆုံး လျှောက်မြဲလျှောက်ချင်
ချစ်နိုင်ခွင့်လေး ပေးနှင်းအပ်ပြီး
စောင့်ခေါ်ပေးပါ ချစ်သူလေး……။
htet way
April 8, 2012 at 7:25 pm
အားပေးသွားပါတယ်
htet way
April 8, 2012 at 7:25 pm
အားပေးသွားပါတယ်
အိပ်မက်တွေတကယ်ဖြစ်ပါစေ
bayGyi Kyaw
April 8, 2012 at 7:53 pm
ကမာ္ဘကျော် စာရေးဆရာမ ကြီး ဖြစ်ပါစေဗျာ
အားပေးပါတယ်ဗျာ
alinsett
April 8, 2012 at 9:25 pm
မွန့်မွန် ့ကဗျာလေးတွေ..ပိုကောင်းလာတယ်..လို ့ ထင်ပါတယ် ။
ကြောင်ကြီး
April 9, 2012 at 8:27 am
တိတ်တခိုးအချစ်ဆိုရင်
စိတ်ဆိုးပစ်လိုက်မယ်
ကြိတ်ပိုးဖြစ်နေရအောင်
လိပ်အဖိုးဖြစ်နေလို့လားကွ..။ 😡
manawphyulay
April 9, 2012 at 11:24 am
တိတ်တိတ်လေးပဲ ခိုးပြီး ချစ်
တိတ်တခိုးချစ်
ခဏတာဖြစ်
အိပ်မက်ထဲသာ မက်ခဲ့ရုံသာ
မြတ်နိုးခွင့်လေး ပိုင်ဆိုင်ခွင့်
တဒင်္ဂလေးသာ ပေးခဲ့ပါ….
အရင့်ရောင်
April 9, 2012 at 11:31 am
မမ….မနော
တဒင်္ဂလေး ကနေ
အစဉ်ထာဝရတွေဖြစ်သွားတက်တယ်နော်
မွန်မွန်
April 9, 2012 at 1:52 pm
@Gipsy:
comment ကဗျာလေးအတွက် ကျေးဇူးပါရှင်။
@htet way, bayGyi Kyaw & alinsett:
အားပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။
@ကြောင်ကြီး
စိတ်မဆိုးပါနဲ့
ကြိတ်ပိုးနဲ့သာ အထာကျလို့
ကိုရီးယားတော့ အားကျမိသား။
@မမ manaw & အရင့်ရောင်
မဆိုင်ဘူးဆိုလည်း
မပိုင်ချင်ပါဘု
ပိုင်ခွင့်သာရ
ထာဝရဖြစ်ပါရစေ။
etone
April 9, 2012 at 2:49 pm
အဟီး သူများ ချစ်သူဘဝများ အားကျထှာအေ …. တယုတယ ၊ မနုမရွနဲ့ ….. ။
တို့များတော့… အဲ့လို အချိန်မျိုး .. မရှိသလောက်ရှားတယ် … ပြောရလျှင်တောင် ရယ်စရာချည်းပဲ …
တစ်ချိန်လုံး ရန်ဖြစ်လိုက် ၊ ဟိန်းလိုက် ဟောက်လိုက် ၊ စိတ်ကောက်လိုက် နဲ့ပဲ ….. တစ်နေ့တမျိုး မရိုးရဘူး … 😉
Mလုလင်
April 9, 2012 at 4:39 pm
ဘာတွေ ချန်ထား သေးလဲ ….. ဟိန်းလိုက် ဟောက်လိုက်၊ စိတ်ကောက်လိုက် …. လိုက် ….လိုက် … 8-D
Mလုလင်
April 9, 2012 at 4:40 pm
ဘာတွေ ချန်ထား သေးလဲ ….. ဟိန်းလိုက် ဟောက်လိုက်၊ စိတ်ကောက်လိုက် အပြင် ကိုပြောတာပါ
မွန်မွန်
April 9, 2012 at 3:00 pm
မအိတုန်နော်..
သူများက တိတ်တခိုးပါဆိုမှ…အားကျအောင် ပြောပြနေတယ်..ဟင့်..:D
etone
April 9, 2012 at 3:10 pm
အဟီး .. ဆောရီးပါ မွန်မွန်ရေ .. ဖတ်တာလောသွားတယ် 😀
တိတ်တခိုးမို့ ပျော်စရာကောင်းတာ … တကယ်များဆိုလျှင်တော့ …. ပျော်စရာထက် စိတ်ရှုပ်စရာက ပိုကောင်းတယ် … ။
တစ်ခါတစ်လေ စဉ်းစားမိတယ် .. .ငါ့နှယ့် တစ်ယောက်တည်းထားတာတောင် ဒီလောက်အာရုံနောက်နေလျှင် .. သူများလို နှစ်ယောက်သုံးယောက်ပတ်ရှုပ်တဲ့ လူများဆို … ချက်ချင်းကြီး အိုစာသွားမလားလို့လေ … 😆
နွယ်ပင်
June 18, 2012 at 3:28 pm
etone ရေ …တစ်ယောက်ထဲတောင် ဒီလောက်အာရုံနောက်နေတယ်ဆိုတာ ဟုတ်လို့လား
အမြဲတမ်း မခွဲတစ်တွဲတွဲတွေ့နေရတာ ဒါကြောင့်ထင်တယ် …. 😛
မွန်မွန်
April 9, 2012 at 3:36 pm
ဟီး..အဲဒါတော့ ဟုတ်တယ်နော် အစ်မ…
ဒါပေမယ့် အဲဒါကို ချစ်တာကိုး အစ်မရဲ့..ကိုယ်ချစ်တဲ့သူကို ကိုယ်က ပိုင်ခွင့်ရပြီဆိုမှတော့ သူ့အတွက် ပူပန်ပေးရတာနဲ့..သူ့အတွက် စဉ်းစားပေးရတာနဲ့..တရားဝင် စိတ်ရှုပ်ခွင့် ရသွားတာပေါ့.. 😀
ကိုပေါက်(မန္တလေး)
April 9, 2012 at 10:25 pm
“ရင်မှာတိတ်တခိုးနဲ့မျှော်ကိုးရတာ ကြာတောင့်ကြာရှည်”
ရှေးရှေးကသီချင်းတစ်ပိုင်းတစ်စ ဖျပ်ကနဲသတိရသွားတယ်။
ကျိတ်မှိတ် မြိူသိပ်
စိတ်ထဲခံစား ပင်ပန်းတာတွေများတော့
ဖွင့်ပြောလိုက်ချင်ပါရဲ့။
“ပန်းကလေးကတော့ ညွှတ်နေပြီ
ဆွတ်လှဲ့ပါရှင်ရယ်”လို့
သို့ပေမယ့်အပြောခက်
ရှက်တတ်တဲ့ မိန်းမသားကျမလေ…………………………
mamanoyar
June 18, 2012 at 3:19 pm
အရမ်းကောင်းပါတယ်မွန်မွန်ရေ
ဇိန်ဂွမ်း
June 18, 2012 at 4:47 pm
မမွန်ရယ်……..တိတ်တခိုးချစ်ရတဲ……..အ်ိမ်မက်ဆိုပေမယ်…….
အပိုင်းဆက်ကလေးရှိရင်ကောင်းမယ်နော်……
အားပေးရင်းလက်မအကြီးကြီးထောင်သွားပါတယ်နော်…..
မွန်မွန်
June 18, 2012 at 5:30 pm
အပိုင်းဆက်က လွမ်းခန်းရှင့်…ငိုသွားရလိမ့်မယ်… 😛
ဇိန်ဂွမ်း
June 18, 2012 at 9:49 pm
လွမ်းရာ အက်ကြောင်းထပ်နေပြီ….အသားသေဖြစ်နေတာကြာပေါ့…….
ငိုစရာလဲမျက်ရည်မရှိတော့ဝူး…..မွန်မွန်ရယ်…..ဆက်စရာရှိတာဆက်တော့နော်……..
မျှော်နေမယ်…….ဖတ်ဖို..
ဇိန်ဂွမ်း
မောင်ပေ
June 18, 2012 at 7:49 pm
ကိုပေ့ ကို ခွင့်လွှတ်ဘာကွယ်
“Apr 8, 2012 ” ကတည်း က လွမ်းနေခဲ့တဲ့
မွန်မွန် ့ကို
“ ကွန်မင့် ” အခုမှ ပေးရလို ့ဘာ။
ကိုရင်စည်သူ
June 18, 2012 at 9:12 pm
တိတ်တခိုးအချစ်…
ကြိတ်ပိုးဖြစ်…
အဖိုးအဖွားခေတ်မှာ ချန်ကာထားရစ်
မြင်မြင်ချင်းအချစ်ကို စိတ်မဆိုးသင့်
ဒါ လူ့ဘဝ အမှန်တရားဖြစ်
ချစ်ရင် ချစ်တယ် မုန်းရင် မုန်းတယ်
ချုပ်ထိန်းရတာ ငုပ်တယ်….
(ငစိုင်းသီချင်းလေး ညဉ်းကြည့်တာပါ။။။ မွန်လေးရယ်…)
ပန်း ချစ်သူ
July 2, 2012 at 2:46 pm
မွန်မွန်ရေ..
အရင်ကကျောင်းသားဘဝကို
ပြန်သတိရနေမိတယ်…….
mamanoyar
July 2, 2012 at 2:52 pm
မွန်မွန်ရေ
အားပေးတယ်နော်
Mr. MarGa
May 15, 2014 at 9:59 am
ချစ်နေခွင့် တစ်ခုအတွက်တော့
ဘယ်သူ့ အတည်ပြုချက် ဆုံးဖြတ်ချက်မှ မလိုပါဘု
ချစ်နေရင် ပြီးတာပါပဲ လေ….
ဒချိ ဒချိ ကွိကျိ ကွိကျိ
လုံမလေးမွန်မွန်
May 15, 2014 at 10:36 am
တိတ်တိတ်လေး ချစ်နေရတာ သူ့မှာ ရည်းစားမရခင်အထိတော့ အိုခေတယ်..
သူ့မှာ ချစ်ရတဲ့သူရှိတယ်လည်း ဆိုရော.. မိုင်းဗုံးလိုပဲ ပေါက်ကွဲသွားရော.. 🙂
လုံမလေးမွန်မွန်
November 11, 2016 at 3:57 pm
နာ အတော် ခွက်ရှ်ခဲ့ပါလားနော် 😛