ကဗျာနှင့် ကဗျာ..ခံစားချက်စာတန်း..

alinsettApril 13, 20121min1251

* ငါ့ရှင်တို ့က ဘာလဲ..

ငါက ဘာလဲ..

နာမည်တွေ မြေကြီးပေါ် ပစ်ချပြီး..

လှလှပပ ပြိုင်ရဲပါတယ် ။

တစ်နေ့တော့..တွေ ့ကြမယ် ။

* နှစ် ဖက် သွား..ဓါးတစ်လက်လို..

ပြိုးပြက် ဝင်းဖိတ်..

သူည ဂူမှာလည်း..ငါ..မှေးအိပ်ခဲ့ပြီးပြီ ။

* အိမ်အပြန်လမ်း..

အမေနဲ ့တွေ ့မှ နမ်းမယ့်..

ငြ်ိမ်းချမ်း နှင်းဆီ..

ငါ့ရင် ဘက်မှာ..

သွေးတစ်စက်လို..နီ နေတယ် ။

* ချစ်သူ ကလေးရေ…

မြို ့တံခါးကို ဖွင့်..

မီးအ်မ်တို ့နဲ ့အတူကြိုပါ…

လရောင်စက်တဝေဝေနဲ ့..

သင့်ရဲ ့နွေရာသီ မြင်းစီး ခရီးသည်..

ဓူဝံ ထက်မြင့်တဲ ့ကြယ်ကို

ခူး..ယုူ လာမှာပေါ့ကွယ်…။ ။

______________________________________

ဘယ်တုန်းက ဘယ် စာအုပ်ထဲမှာ ဖတ်ခဲ့ ရတဲ ့ ကဗျာလေးလဲ..မသိတော့ပါဘူး။

တာရာမင်းဝေရဲ ့.. ကဗျာလေး တစ်ပူဒ် ဆိုတာပဲ..သိပြီး.ကဗျာရဲ ့နာမည်ကိုတောင် မမှတ်မိတော့ပါဘူး။

ကဗျာလေးရဲ ့ စာသားတွေ နဲ ့အဓိပ္ပါယ်.ကိုတော့.မှတ်မိနေတယ်. ။

ဘာလို ့ မှတ်မိနေသလဲ.ဆိုတော့..ကဗျာ ထဲက စကားလုူံးတွေက.ကျွန်တော့် ရင် ကို..လှုပ်ခတ်နိုင်စွမ်း.ရှိလို ့ပါ ။

ကဗျာထဲက…လူငယ်လေး ခံစားရသလို.ကျွန်တော်လည်း..ခံစား ရလို ့ပါ ။

ကဗျာထဲက လူ ငယ်ကလေး ဟာ….

လောက ကို နာနာကျည်းကျည်း..စိန်ခေါ် ချင်နေပြီ ။

အောင်မြင်မှု နည်းနှည်း….နဲ ့ အထင်ကြီးစရာ.အနည်းငယ်ကြောင့်..လောက ထဲမှာ.နေရ ထိုင်ရ ခက်လာဖူးပြီ။

ဒါကြောင့်.. တချို ့ အရာတွေကို…ယှဉ်ပြိုင်မှု ဆန်ဆန်… စ်ိန်ခေါ် ခဲ ့ဖူးပြီ ။
××××××××××××××××××××××××××××××××××××

ဆင်းရဲတဲ ့ဘဝ..၊ မပြည့်စုံ မလုံခြုံတဲ့ ဘဝ..၊ ဘာမှ ရေရာမှု မရှိတဲ ့ဘဝ.လေးတစ်ခု…

အဲဒီလို ဘဝ ခပ်နွမ်းနွမ်းလေးကို ..ရ ခဲ ့ဖူးတယ် ။

အဲဒီ ဘဝထဲမှာပဲ..ခံရ ခက်စွာ… အဲဒီ ထက် တစ်ဆင့် တက်ပြောရရင်… ကိုယ် ့ဖြစ်တည်မှု ကို…ကိုယ် ပြန်မုန်းရင်း…

ခံပြင်း ဒေါသ ကြီး.စွာ.. ရန်လိုတဲ ့ လမ်းတွေ ဘက်လည်း..လျှောက်ခဲ့ဖူးပြီ ။

နှစ်ဖက်သွား ဓါးတစ်လက်..လိ ု………………….

_____________________________________________________________

အဲဒီ လူငယ်ကလေး ဟာ…

စွန် ့ခွါ ထားခဲ့ရတာ ကြာပြီဖြစ်တဲ့ အမေ့အိမ်ကိုလည်း…လွမ်း ဖုူးတယ် ။

အမေ့ ရဲ ့ဘဝကို မြင့်မားတောက်ပ ငြိမ်းချမ်း လှပအောင်.အောင်… စွမ်းဆောင်ပေလိုက်ချင်စိတ်တွေ…တဖွားဖွား ဖြစ်ပေါ်..ဖူးသေးတယ် ။

အဲဒီ မျှော်လင့် ချက်က သူ ့ ဘဝ အတွက်…တော့ ဖန်တီးချင်ရက်ရက်…၊ ဖန်တီးရခက်စွာ..နှလုံးသားထဲမှာ..အမြစ်တွယ်နေခဲ့ရတာ..

____________________________________________________

အဲဒီ လုူယ်ကလေး ဟာ…

ငြိမ်းချမ်း ငြ်ိမ်သက်စွာ.. လွမ်းမော နာကျင်စွာ..ခွဲ ခွါ ထားခဲ့ရတဲ့ ချစ်သူကလေးကိုလည်း…

ရင်ထဲ.တိုးတိတ်..၊ စကားများစွာ..ပြောချင်ခဲ့တယ် ။

အခုတော့…သူ ့ ဘဝဟာ…ဂ ငယ်ကွေ ့တစ်ခု ကွေ ့ချလိုက်သလို..အတိတ် င်္ဆီ..ပစ္စုပ္ပန်နဲ ့ချိတ်ဆက်..၊

တွယ်တာ ဖူးခဲ့သမျှ အရာရာ နဲ ့ ရင် ဘက်ချင်း နီးချင်လာပြီ ..။

ချစ်ရသူကို…ငြိမ်းချမ်းစွာ..ထွေးပွေ ့.. တံခါးများကို တွန်း ဖွင့် ချင်ပြီ ။

ပိတ်ထားခဲ့တဲ့ တံခါးတွေကို ပွင့်စေလို ့…၊ အဆင်ပြေခြင်း တစ်ခု နဲ ့ ချစ်သူကို..ကြိုစေချင်နေပြီ ။

မြို တံခါးကို ..ဖွင့်.. မီးအိမ်တို ့နဲ ့အတူ….. ကြိုပါ..တဲ ့….။

____________________________

အားလုူံးသော လူသားတွေနဲ ့ ..သက်ဆိုင်နေတဲ ့ အဲဒီလူငယ်ကလေးဟ…အနုပညာ သမားလေးတစ်ယောက်ပါ ။

နွေရာသီမှာ..မြင်းစီးပြီး..ခရီး ထွက်ရသူလိူ.. ခက်ခဲ ကြမ်းရှ တဲ့ အနုပညာဆိုင်ရာ လမ်းကို..လျှောက်ရသူ…

အများနဲ ့ခွဲ ထွက်…မှန်း ရ ခက်တဲ့ အနုပညာ ကြိုး..တွေကြောင့်…. အလိုလို မောလျနေသူ…

အနပညာ သမားလေး….

အနုပညာ သစ် ရဲ ့ခေါ်ဆောင်ရာ..ရင်ခုန်းစွာ..လိုက်ပါနေရလို ့..နွမ်းလျ…ဖြည်မဆည်နိုင်…ပေမယ့်..

စိ်တ်ဓါတ်တော့ မြဲမြံ ခိုင်ခံ ့….ခဲ့ပြီ။

အားလုံး ထင်ထားတာထက် ပို မြင့်မားခမ်းနားတဲ့ အနာပညာတွေကို ဖန်တီးပြဦးမယ်…တဲ ့။

ပိုပြီးတော့…. ဝင်း လက် တောက်ပ တဲ ့ ပိုပြီးတော့ ပြည့်စုံ လုံ ခြုံ ရာ.နေရာသစ် တစ်ခု မှာ..သူ ..ရပ်တည်ပြမယ်..တဲ့။

အဲင်္ဒီလူငယ်ကလေးဟာ..ဟောဒီလို ကတိပေးလိုက်တယ် ။

ဓူဝံ ထက် မြင့်တဲ ့ကြယ်ကို….ခူး ယူ လာမှပေါ့ကွယ်…….တဲ့ ။


___________________________________________

ကဗျာလေးဟာ..ကျွန်တော့် ဘဝကို..ကျွန်တော် ပြန် မြင်နေရသလိုလို ဖြစ်နေပါတယ် ။

အလင်းဆက် ဆိုတဲ့ ခပ်ညံ့ညံ့ ကောင်လေးတစ်ယောက်….အဲင်္ဒီကဗျာလေးထဲကလို…. ဖြစ်တည်မှုတွေနဲ ့..

အနုပညာနဲ ့ ဘဝကို..ဖြတ်သန်း..နေခဲ့ရပါတယ် ။

ဒါကြောင့်..ကျွန်တော် ဒီ ကဗျာလေးကို မကြာခဏ သတ်ိရနေတ်ပါတယ် ။

အခု ဒီ ကဗျာလေးကို ပြန်လည် ခံစားချက် နဲ ့အတူ..ဝေမျှ တင်ပြလိုက်ပါတယ် ။

ကျွန်တော်ချစ်သော..ကဗျာလေးတွေက်ို..ကျွန်တော် ချစ်သလို ချစ်နိုင်ကြပါစေ..လို ့..ဆုတောင်းရင်း..

( ဆရာ တာရာမင်းဝေ.ကို လွမ်းဆွတ်ခြင်း..အမှတ်တရ …)

_________________________________

လေးစားစွာဖြင့်…

အလင်းဆက်

12 . 4 .2012 . 18 း 40 pm

အကြိုနေ ့ ၊ကျိုက်ထီးရိူး ဘုရားရင်ပြင်တော်…၊ မွန်ပြည်နယ် ..။

One comment

  • alinsett

    April 14, 2012 at 12:33 pm

    ကျိုက်ထီးရိုးတောင်ပေါ်..ကနေ…တောင် စဉ် အထပ်ထပ်ကို လှမ်းမျှော်ကြည့်ရင်း..
    ကဗျာတွေ..စာတွေအကြောင်းတွေးမိပါတယ် ။
    ဆရာ တာရာမင်းဝေရဲ ့ ကဗျာလေး တစ်ပုဒ်ကို လည်း.သတိရသွားပါတယ် ။ ဒါကြောင့် ရင်ပြင်ပေါ်မှာပဲ..အဆင်သင့်ပါလာတဲ ့စာအုပ်ကလေး ထဲ..မှာ..ချရေး ဖြစ်သွားတဲ ့ စာလေးပါ ။

Leave a Reply