ပျော်ရွှင်မှုနဲ့ကင်းဝေးနေကြတဲ့မြန်မာလူငယ်တွေ. . .နှစ်သက်ရာဝတ်ပြီး ပျော်တတ်သလိုပျော်ပါစေ။ မြန်မာတွေ လူအချင်းချင်းလေးစားမှုရှိကြပါစေ။

winterkoeApril 16, 20121min51244

ဘာပဲဝတ်ဝတ်ပါ။ မြန်မာတွေလူအချင်းချင်းလေးစားမှုရှိကြပါစေ ။ပြည်ပတိုင်းပြည်တွေမှာမိန်းကလေးတွေရဲ့ဝတ်စားဆင်ယင်မှုတွေကို ဘယ်သူမှမကဲ့ရဲ့မရှုံ့ချကြပါဘူး။ မြန်မာပြည်မှာလူလူချင်းဘာလို့များအဲဒီလောက်တောင်ကဲ့ရဲ့ရှုံ့ချနေကြတာလဲဆိုတာ ဒီသင်္ကြန်မှာထူးထူးခြားခြားသတိထားမိလာတယ်။ အထူးသဖြင့်ယောက်ျားကြီးတန်မဲ့တွေနဲ့ အီရန်တို့၊ အာဖဂန်နစ္စတန်တို့၊ ဆော်ဒီတို့လို အကျင့်ပျက်အစ္စလာမ်မစ်နိုင်ငံတွေက Salafist တွေလိုလေသံနဲ့ တခြားမိန်းကလေးတွေကိုချိုးချိုးဖဲ့ဖဲ့ပြောဆိုနေလိုက်ကြတာ တော်တော်လေးရှက်စရာကောင်းလှပါတယ် ။ယောက်ျားတွေအပြင် မိန်းမတွေပါ သံယောင်လိုက်လာကြတာယ်။ သူတို့နှစ်သက်တာသူတို့ဝတ်တာ သူတို့အခွင့်အရေး Individual Right ပါ။ နောက်တခုက အဝတ်အစားကိစ္စတို့၊ အရက်သေစာကိစ္စတို့ဆိုတာက ပညာရေးကိုဆွဲတင်လိုက်တာနဲ့ အလိုလိုထိန်းချုပ်ပြီးသားပါ။ နိုင်ငံကိုမထိခိုက်စေပါဘူး ။မြန်မာနိုင်ငံကိုအောက်ဆုံးရောက်အောင် တွန်းချခဲ့တာ ကြီးနိုင်ငယ်ညှဉ်းစိတ်ဓါတ်၊ တကိုယ်ကောင်းစိတ်ဓါတ်တွေနဲ့ ဂါတယ်ဆိုတဲ့ အကျင့်ပျက်ချစားမှုတွေကြောင့်…

အဲဒါကိုထိန်းချုပ်နိုင်မှ နိုင်ငံ့စီးပွားရေးတက်လာမှာ၊ စီးပွားရေးတက်မှ ထိရောက်တဲ့ပညာရေးဘတ်ဂျက်သုံးပြီး ခေတ်မှီပညာရေးစနစ်နဲ့ အချိန်ယူလေ့ကျင့်လာမယ်ဆိုရင် ဘာဝတ်ရမလဲတင်မဟုတ်ဘူး၊ ဘာလုပ်သင့်သလဲဆိုတာအားလုံးကို သိလာလိမ့်မယ်။ နိမ့်ကျနေတဲ့ လက်ရှိပညာရေးစနစ်ကြောင့်၊လူငယ်တွေကဘယ်သိနိုင်ပါ့မလဲ၊ ပျော်စရာမရှိတဲ့နိုင်ငံမှာ ပျော်လို့ရသလောက်လေးတွေ ပျော်ရွှင်နေကြတာအားပေးပံ့ပိုးကြရမယ့်အစား ဆဲဆိုရှုံ့ချနေကြတယ်။

စင်္ကာပူတက္ကသိုလ်တွေမှာ ကျောင်းသူတွေဝတ်စားတာဟော့လွန်းပေမယ့် စင်္ကာပူတက္ကသိုလ်တွေက ကမာ္ဘ့အဆင့် (၃၀) ဝန်းကျင်နဲ့ (၆၅) ဝန်းကျင်တွေလောက်မှာရှိပြီး စင်္ကာပူရဲ့ GDP per capita က US$ 50000 ဝန်းကျင်မှာရှိပါတယ်။ စင်္ကာပူဆိုတာ မြန်မာတွေခယဝပ်တွားပြီး ဝင်ခွင့်ရအောင်တောင် မနည်းကြိုးစားပြီး ကျွန်ခံနေကြတာပါ။

ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း၊ စင်္ကာပူနိုင်ငံတွေနဲ့ မလေးရှားလို မူစလင်များတဲ့နိုင်ငံတွေမှာတောင် ယောက်ျားတွေက မိန်းကလေးတွေကိုအခုလိုချိုးချိုးဖဲ့ဖဲ့ပြောတာတခါမှမတွေ့ဖူးဘူး။ ဘယ်သူမှလဲ Catcall တွေပေးတာ၊စိတ်တဝင်တစားနဲ့လိုက်ကြည့်တာ၊ ယောက်ျားကြီးတန်မဲ့နဲ့အတင်းအုပ်တာတွေ (Bad Mouth)၊ ဆရာကြီးလိုက်လုပ်တာတွေ (Patronization) မလုပ်ကြဘူး။ အလားတူပါပဲ အဲဒီနိုင်ငံတွေမှာလဲခခယယဝင်လာတဲ့ မြန်မာကျွန်တွေများပြားလွန်းလှပါတယ်။ နိုင်ငံသားတောင်ယူလိုက်ကြပါသေးတယ်။

စိတ်ကိုမဝင်စားကြသလို၊ လိုက်လဲမကြည့်ကြဘူး။ လိုက်ကြည့်ရင်တော့ ကြည့်တဲ့လူကရိုင်းတယ်လို့ ယူဆကြပါတယ်။ ဒါမျိုး ဝေဖန်စော်ကားတာမျိုးက လူမုန်းများတဲ့ အကျင့်ပျက်တရုတ်လိုနိုင်ငံမျိုးနဲ့ ခေါတောကြည့်လိုက်ကြည့်တာမျိုးက ဘင်္ဂလားနိုင်ငံသားတွေနဲ့ အိန္ဒိယနိုင်ငံသား၊ပါကစ္စတန်နိုင်ငံသားတွေမှာသာအများဆုံးရှိကြတာပါ။ မြန်မာတွေကတော့သူတို့နဲ့ယှဉ်ရင်တောင် တော်တော့်ကိုဆိုးတဲ့အဆင့်မှာရှိလာပါတယ်။ ကိုယ့်ကိုယ်ကိုကောင်းအောင်လုပ်မယ့်အစား သူများတွေကိုလိုက်ကြည့်ပြီးဆဲဆိုရှုံ့ချနေတယ်။

မြန်မာပြည်ကလူတွေ ကိုယ့်ကိုယ်ကိုပုလိပ်ခန့်ပြီး ဆရာကြီးပုံစံတွေဖမ်းပြီး သူများအခွင့်အရေးကို စော်ကားတတ်ပေမဲ့ ကိုယ့်နိုင်ငံကို အာရှတိုက်ထဲမှာအာဖဂန်နစ္စတန်ပြီးရင် အဆင်းရဲဆုံးဖြစ်သွားစေတာ အကျင့်ပျက်ခြစားမှုကြောင့်ဆိုတာကိုနားလည်ပြီး အဲဒီအပိုင်းကိုသာအလေးထားရင် ဒီနေ့လို ခေတ်သစ်နိုင်ငံတကာမှာ ကျွန်ခံ၊ ဒုက္ခသည်ခံ၊ ဖာခံစရာမလိုတော့ပါဘူး။

မိန်းကလေး၊ ယောက်ျားလေး ကြိုက်တာဝတ်လို့ အဲဒီလူ့အဖွဲ့အစည်းကို ဘယ်သူမှအထင်မသေးဘူး။ ဒါပေမဲ့ အကျင့်စာရိတ္တမကောင်းလို့ CPI Index 2011 မှာ ၁၈ဝ ဖြစ်နေပြီး ဆင်းရဲမွဲတေမှုက အာရှတိုက်မှ ဘိတ်ရှေ့ဖြစ်နေရင်တော့ လူအထင်သေးလို့ မြန်မာတွေကို ပြည်ပသံရုံးတွေက ဗီဇာထုတ်မပေးချင်၊ ဗီဇာရပြန်တော့လဲ ပြည်ပလေဆိပ်တွေမှာ လဝကအရာရှိတွေက ပေးမဝင်ချင်ကြတာလေ။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ မြန်မာ နိုင်ငံထဲမှာလဲ လူအများစုက မလုံ့တလုံအိမ်တွေနဲ့ မဝရေစာနဲ့နေနေကြရတာ။

 

မြန်မာလူမျိုးတွေ တခြားနိုင်ငံသားတွေလို လူအချင်းချင်းလေးစားမှုရှိကြရင်ကောင်းမှာပါ။ လူတွေရဲ့ဘဝအခြေအနေနဲ့ သူတို့ရဲ့စိတ်ဓါတ်ရေးရာတွေက (Directly Proportional) တိုက်ရိုက်အချိုးကျပါတယ်။ကိုယ့်နိုင်ငံမှာငရဲကျနေလို့ နေမရတဲ့မြန်မာတွေကိုနိုင်ငံတကာကအထင်သေးပြီး အော်ကြော့လန်နေတာ အဝတ်အစားကြောင့်မဟုတ်ပါဘူး။ စိတ်ဓါတ်နဲ့အကျင့်စာရိတ္တနိမ့်ကျလွန်းတာကြောင့်ပါ။

အဲဒါကိုနားမလည်ပဲ ကိုယ်နဲ့လည်းမသက်ဆိုင်ပဲနဲ့ ရိုင်းရိုင်းစိုင်းစိုင်းနဲ့သူများတွေကို ပြစ်တင်ရှုံ့ချပြီး Patronize လုပ်နေလိုက်ကြတာ အောက်တန်းကျလွန်းတယ်။ မရောင်ရာဆီလူးတဲ့ ဗီဇကပါလာကြတော့ ကမာ္ဘပတ်ပြီးလူလူချင်းကျွန်ခံနေရတဲ့ဘဝက ဘယ်လိုလုပ်လွတ်မလဲလေ။ တသက်လုံးက အဖိနှိပ်ခံလာလို့ သူများတွေကိုဖိနှိပ်တာဝါသနာပါကြပြီး အရေးမပါတာတွေကို အရာပေး၊ အရေးပါတာတွေကိုကျတော့ စိတ်မဝင်စားကြတဲ့လူတွေကို အကြံပြုရတာ ကျွဲပါးစောင်းတီးများဖြစ်နေမလားတော့မသိဘူး..

44 comments

  • AKKO

    April 16, 2012 at 5:57 pm

    ဪမိန်းမတွေ မိန်းမတွေ နောက်နှစ်ဆိုရင် ဘရာစီယာတောင် ဝတ်ပါ့မလား မသိဘူး။ အဲဒီမိန်းမတွေ သဂျီးဆီပဲ ပို ့လိုက်တော့။ သဂျီးတို ့ဆီမှာပဲ ကောင်းမယ်ထင်တယ်နော်။

    • ဦးဦးပါလေရာ

      April 16, 2012 at 6:58 pm

      ဒီနှစ်လဲ ဘရာစီယာမဝတ်တဲ့သူတွေ အများကြီးပါဒေါက်တာရယ်။ 😛

      ကျုပ် မနက်ပိုင်း လမ်းထိပ်လေးထွက်ရပ်မိတော့ ရေပက်ခံကားပေါ်မှာ စွပ်ကျယ်ဂျိုင်းပြတ်အဖြူဝတ်ထားတဲ့ တယောက်ဆိုရင် ရေတောင်မစိုသေးဘူး ကြယ်သီးတွေအထင်းသားနဲ့…။

      ကျုပ်ကတော့ မကန့်ကွက်ပါဘူး။
      လမ်းပေါ်ကကောင်လေးတွေကလဲ “အားပေး” ကြပါတယ်။ ဒါနမြောက်သွားတာပေါ့..။

  • water-melon

    April 16, 2012 at 7:00 pm

    ဦးဦးပါလေရာ အဲဒီကြယ်သီးက ဘာရောင်လဲဟင် ❓

    • ဦးဦးပါလေရာ

      April 16, 2012 at 10:36 pm

      အော် … ဖရဲမလဲ သိပ်စိတ်မဝင်စားရှာဘူးပဲ…. 😀
      ကျုပ်က လူကြီးလေ..။ ဘာရောင်လဲဆိုတာ ပြူးပြဲကြည့်နေလို့ဖြစ်မလား…
      မသိမသာ ခိုးကြည့်ရတဲ့ဟာကို…. 😀

  • Gipsy

    April 16, 2012 at 9:21 pm

    အတိုချုပ်လေးပြောရင် “ အတုယူမှားတဲ့ ဒို့မြန်မာတွေပါ ”
    အများကြီးပြောနေရင် ရှည်လွန်းပါတယ် …

  • Wow

    April 16, 2012 at 9:34 pm

    ပို့စ်ရေးသူရဲ့သဘောထားကို အပြည့်အဝလုံးဝထောက်ခံပါတယ်။
    ( ဟီ…ဟီ့ မြင်ရောင်မိပါသေးတယ် … နာတော့ အနီကတ်တွေတစ်ထောသားနဲ့ ဝိုင်းအတုတ်ခံရမှာ)
    အမြင်ကျယ်ကြစမ်းပါ မြန်မာတို့ရယ်။ အဓိကနဲ့ သာမညကိုခွဲသိပါ။ ဒါကြောင့် သဂျီးရဲ့ ကွန်ဆာဗေးတစ်တွေ ဆိုတဲ့အပြောကို ခဏခဏခံရတာ။
    ပျော်ချိန်မှာပျော်ကြစမ်းပါစေ။ ပြီးရင် အလုပ်လုပ်ချိန်မှာလုပ်ကြပေါ့….
    အချိန်က ဒေါင်းကဒေါင်း ကျီးကကျီး ခွဲခြားသွားပါလိမ့်မယ်။
    လူတစ်ဦးချင်းစီရဲ့ ပရိုက်ဗစ်စီကို လိုက်ပြောနေမဲ့အစား ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ။

    • etone

      April 17, 2012 at 10:50 pm

      ဘုန်းကြီးရူးနဲ့ လှေလူးဟေ့ …. ဟုတ်တော့ ဟုတ်နေတာပဲ 😛

      ကျွန်မတို့ အမြင်ကျဉ်းလို့ သူတပါးလွတ်လပ်ခွင့်ကို ပိတ်ပင်နေတာမဟုတ်ဘူး ။
      ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် …. ကြိုက်တာဝတ်ခွင့်ရှိတယ် ဒါကို ရာနှုန်းပြည့်လက်ခံတယ် …။ အဝတ်ပါရတာ အိုက်တယ် ထင်လျှင် ၊ ခေတ်မမှီဘူးထင်လျှင် ကိုယ်တုံးလုံးတောင် လမ်းထွက်လည်နိုင်ပါတယ် ။ မျက်စိ မကျွတ်ရုံတမယ် ကြည့်တာက လွဲလို ့ ဘာမှတားလို့မရဘူးလေ သူ့စိတ်နဲ့ သူ့ကိုယ်ပါ …

      ဒါပေမယ့် ဒီနေရာမှာ ကိုယ့်သားသမီး ၊ ကိုုယ့်ညီမ ၊ အစ်မ၊ အဆွေအမျိုးထဲက ဆိုလျှင်ရော … လွတ်လပ်ခွင့်ပါဟေ့ဆိုပြီး မျက်စိစုုံလိုက်မှိတ် လစ်လျူရှုနေနိုင်မလား ။ ဘယ်လောက်ပဲ ဆိုရှယ်ကျတဲ့ လူ ၊ မိသားစု ၊ ပတ်ဝန်းကျင် ဖြစ်ပါစေ ကိုယ့်အမျိုးသားချင်းဆို ကန့်ကွက်မိမှာပါပဲ ။ လူတကာကြည့်တဲ့ မျက်စိတွေပေါ်မှာလည်း တွန့်တိုမိမှာပါပဲ ….. အသေးစိတ်ဆွေးနွေးရလျှင် အရမ်းရှည်ကုန်လိမ့်မယ် ။

      အချုပ်အားဖြင့်ပြောချင်တာကတော့ ကိုယ့်အရှက်နဲ့ သိက္ခာကိုတောင် တန်ဖိုးမထားတဲ့ အမျိုးသမီးတွေ ကိုယ့်ကျင့်တရားလည်း ယိုယွင်းနေမှာပဲ …. ဝတ်တဲ့လူက ကိုယ်ပိုင်လွတ်လပ်ခွင့်အရဝတ်တော့ မြင်မိတဲ့လူကလည်း ကိုယ်ပိုင်အမြင်နဲ့ ဝေဖန်တယ် ။ မိကောင်းဖခင် သားသမီးတွေ ဒီလို မဝတ်ဘူးဆိုတာပါပဲ ။
      ဒီအပြုမူတွေကိုမှ မကန့်ကွက်ဘူးဆို နောက်ပိုင်း သင်္ကြန်ရဲ့ အဓိပ္ပါယ်ပါပြောင်းသွားလိမ့်မယ် ။ 🙄

      • Wow

        April 18, 2012 at 6:53 pm

        အီတုံးရေ… သများက ဘုန်းကြီးရူးလား? လှေလူးလားဟင်?
        😀 🙂 😉

    • winterkoe

      April 18, 2012 at 9:17 pm

      ကိုယ်ယုံကြည်ရာကိုရဲရဲရင့်ရင့်နဲ့ဆက်လုပ်ပါဗျာ… အချိန်တန်ရင်ကျီးဟာကျီး၊ ဒေါင်းဟာဒေါင်း၊ ကျားဟာကျား၊ ဖားဟာဖားပါပဲလေ။

  • မဝတ်ချင်………….မဝတ်လဲ
    အပြစ်မမြင်ပါဘူး……………………..
    ကြည့်ချင်တာဘဲသိတယ်နော်…………………….
    (ဝိုင်းစုခိုင်သိန်းသီချင်းအလိုက်ဖြင့်ဆိုပါ)

  • mgwalone

    April 16, 2012 at 11:11 pm

    ဝတ်ချင်တာ ဝတ်၊ ပျော်ပါစေ ဆိုပေမဲ့ အပျော်လွန်ရင်တော့ ဘေးတွေ့မယ်။ နိုင်ငံတကာကို အတုယူ တဲ့နေရာမှာ ယူသင့်တာကို ယူ၊ မယူသင့်တာကို ပယ်ရမယ်။ ယဉ်ကျေးမှု ပျောက်ရင် လူမျိုးလည်း ပျောက်နိုင်တယ်။ စင်္ကာပူက ပွဲစားနိုင်ငံ။ သူ့မှာ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာထက် နိုင်ငံတိုးတက် ဖို့ဆိုတာက ပိုအရေးကြီးနေသလားလို့။ မြန်မာနိုင်ငံလည်း တိုးတက်ဖို့ အရေးကြီးပါတယ်။ ဒါပေမဲ့ အတုယူ မမှားဖို့လည်း လိုတယ်လေ။

    • winterkoe

      April 17, 2012 at 3:20 am

      နှစ်သက်သလိုဝတ်ကြတဲ့လူငယ်လေးတွေက နိုင်ငံနဲ့လူမျိုးကိုမပျက်စီးစေပါဘူး။ အမှန်က မျိုးချစ်စိတ်တို့၊ ယဉ်ကေးမှုတို့အော်ပြီး နိုင်ငံကိုလက်ညှိုးထိုးရောင်းစားပြီးနိုင်ငံကိုဖျက်နေကြတာ တိုက်ပုံတွေဝတ်၊ ပါတိတ်တွေဝတ်၊ ခေါင်းပေါင်းတွေပေါင်း၊ လုံလုံခြုံခြုံဝတ်ပြီး နေနေကြတဲ့လူတွေဖြစ်နေတာ လူတွေကသတိမထားမိကြလို့… လူ့အဖွဲ့အစည်းမှာကလဲ မြန်မာလိုယဉ်ကျေးမှုအရေခြုံနေတဲ့လူတွေထက် စင်္ကာပူလိုအရည်အချင်းရှိလို့ချမ်းသာတဲ့လူတွေကပဲ အပေါ်မှာရှိပါတယ်။ မြန်မာကတော့ သူတို့အတွက်အစေခံပေါ့။

  • Gipsy

    April 16, 2012 at 11:18 pm

    ကောင်းသည် ဆိုးသည် ဤ နှစ်လီ
    ဝေဖန် ထောက်ရှု ဂရုပြု
    ခဲနဲ့ထု ခံရမည်သာတည်း…။

  • pazflor

    April 17, 2012 at 3:14 am

    ခက်တော့ခက်သားနော်၊ မြန်မာနှစ်ကူးလို ့ပွဲတော်ကျင်းပတာ ဝတ်ချင်သလို ့ဝတ်၊သောက်ချင်သလိုသောက်၊ဖြစ်ချင်သလိုဖြစ် ဆိုတော့လမ်းကြောင်းလေးလွဲသွားသလိုဘဲ။
    ဒီနေ့ခေတ်အခြေအနေနဲ ့မြန်မာမလေးတွေကမ်းခြေမှာ bikini ဝတ်ကြစမ်းပါကိစ္စမရှိဘူး၊ (:D:D) သူနေရာနဲ ့သူဘဲ အံကျပါတယ်။
    အဲ မြိုလယ်ကောင်မှာတော့ မကောင်းဘူးထင်ပါ့ဗျာ။
    ကချင် ခုန်ချင် သောက်ချင်တာ များ ကလပ်သွားပေါ့။ တစ်နှစ်လုံးအောင့်ထားမနေစမ်းပါနဲ ့။
    အခုတော့ရိုးရာပွဲက…..
    (:D conservative အမြင်လေးပါ)

  • winterkoe

    April 17, 2012 at 3:18 am

    နှစ်သက်သလိုဝတ်ကြတဲ့လူငယ်လေးတွေက နိုင်ငံနဲ့လူမျိုးကိုမပျက်စီးစေပါဘူး။ အမှန်က မျိုးချစ်စိတ်တို့၊ ယဉ်ကေးမှုတို့အော်ပြီး နိုင်ငံကိုလက်ညှိုးထိုးရောင်းစားပြီးနိုင်ငံကိုဖျက်နေကြတာ တိုက်ပုံတွေဝတ်၊ ပါတိတ်တွေဝတ်၊ ခေါင်းပေါင်းတွေပေါင်း၊ လုံလုံခြုံခြုံဝတ်ပြီး နေနေကြတဲ့လူတွေဖြစ်နေတာ လူတွေကသတိမထားမိကြလို့…

  • kai

    April 17, 2012 at 3:59 am

    စာရေးသူအယူအဆ.. အတွေးကို ကြိုက်လို့.. ဒီသင်္ကြန်ရဲ့.. “စာ”အဖြစ်ရွေးထားပါတယ်..
    သေသေချာချာ ဖတ်ကြ.. ဆွေးနွေးကြစေလိုပါကြောင်း…။ 😆

    လောလောဆယ်တော့.. အောက်က ဟီလာရီကလင်တန်ရဲ့.. ပုံလေးတွေကြည့်စေချင်ကြောင်း…
    ဒီနေ့ပဲ သတင်းထဲတက်နေတဲ့ပုံဖြစ်ကြောင်း….။

    Clinton throws back a beer in Colombia, April 15, 2012. (AFP/Getty)
    ==

    Clinton dancing at Cafe Havana, April 15, 2012. (AFP)

    • winterkoe

      April 17, 2012 at 4:37 am

      🙂 Happy Hours!
      Soft Diplomacy! 🙂

    • ကြောင်ကြီး

      April 17, 2012 at 9:52 am

      သဂျီးပေါဂျင်ဒါ နားလယ်ဒယ် သို့ပေသိ လူ့အဆင့်အတန်းအပေါ်လိုက်လို့ ကွာပါအုံးမယ်…။ ဝန်ဂျီးကတော် ဖဲရိုက်တာနဲ့ ပေါ့ပျက်ပျက်မိန်းမတယောက် ဖဲဝိုင်းထိုင်တာ တူဘူးလေ..။ ဟိုဂ ဂုံသားရေယှိ လူချီးလူဂေါင်းဒွေ…။ တူဒယ်လို့ လူဒမ်းဇားညှိပြောလည်း တမျိုးအမြင်နဲ့ ရဒယ် သို့သော် မတူဒါ ပြောသူကိုယ်ဒိုင် သိဘာမယ်။
      မြန်မာပြည်မှာ လတ်တလောဖြစ်နေဒါ အမျိုးသားရေး စိတ်ဓာတ်အမြင်နဲ့ နိုင်ငံရေးလှုပ်ရှားမှုရေစီးဂျောင်း တခုရှိနေဒယ် သို့သော်ပတ်ဗလစ်နဲ့ ပရိုက်ဗေစီ ခွဲခြားထားတဲ့ စည်းမျဉ်းမရှိသေးဘူး။ တိတိကျကျ သတ်မှတ်ဖို့ နှစ်အနည်းငယ် အချိန်ယူ ရပါလိမ့်အုံးမယ်။ မြင်နေရဒါကဒေါ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အခွင့်ကောင်းယူပြီး ကိုယ်ကျင့်သိက္ခာမဲ့မှု ပိုများနေဒါ တွေ့ရဒယ်။ သိပ်လွန်ကျူးလာရင် တဖက်ကနေ အမျိုးသားရေး အစွန်းရောက်ဝါဒ အားကောင်းလာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်ကို ဖာပေါတဲ့ထိုင်းနိုင်ငံလို ခလေးပြည့်တန်ဆာ များလှတဲ့ ကမော္ဘဒီယားနိုင်ငံလို မဖြစ်စေဂျင်ဒါဒေါ့ အမှန်ပဲဗျို့.. မဖြစ်အောင်လည်း တားဆီးရမှာပဲ….။ ဝိုင်းဆဲဂျကွာ သာသနာဖျက် ဇိမ်ဝါဒီသဂျီးဂို…။ 😡

    • etone

      April 17, 2012 at 11:15 pm

      သဂျီးရေ … လူတိုင်းမှာ တာဝန်ချိန်ပြင်ပမှာ ကိုယ်ပိုင်အားလပ် အပန်းဖြေချိန်ရှိပါတယ် ကလင်တန်ဒီလို ပြုမူနေထိုင်တာ ဘဝမြင့်စိတ်မရှိတာ ၊ လူတွေနဲ့ လိုက်လျောညီထွေနေတတ်တာကို မြင်သာစေပါတယ် ။

      အဝတ်စားကိုကြည့်ဦး မိန်းမပျက်လို ဝတ်စားဆင်ယင်မှုမျိုးမဟုတ်ဘူး … အနေထိုင်ကိုကြည့်ဦး ယောကျာ်းတွေနဲ့ လက်ပွန်းတတီး ပလူးပလဲမဟုတ်၊ kissing စွဲနေတာလည်း မဟုတ်ဘူး … ။ ဒါကြောင့် သဂျီးပေးချင်တဲ့ msg နဲ့ ဒီပုံနဲ့ …. ထပ်တူမကျနေဘူးနော် ။ 🙄

  • FattyCat

    April 17, 2012 at 10:10 am

    လောလောဆယ် နိုင်ငံတော်ရဲ့ ပညာရေးနဲ့ စီးပွားရေးကို ချက်ချင်းကြီးဆွဲမတင်နိုင်ခင်တော့ ကိုယ်တတ်နိုင်သလောက် ပညာပေးရမှာပေါ့ဗျာ…
    ကိုယ့်အသိုင်းအဝိုင်းကြားထဲမှာ တတ်နိုင်သလောက်ပညာဝိုင်းပေးရင်းနဲ့ တစ်ယောက်ကနေ တစ်ရာ၊ တစ်ရာကနေ တစ်ထောင်နဲ့ ပိုပြီးအဆင့်မြင့်မားတဲ့ လူ့ဘောင်သစ်ကို ထည်ထောင်နိုင်မှာပါ…

    လောလောဆယ်ရွာထဲမှာပဲကြည့်ပါ…
    နယ်စည်းမခြားအရက်သမားများသမဂ္ဂဆိုတာရှိပါတယ်…
    အဖွဲ့ဝင်အားလုံး အလုပ်အကိုင်နဲ့ အဆင့်အတန်းရှိကြသူတွေပါ… အသက်အရွယ်စုံပါတယ်ပေါ့…
    အလုပ်ရဲ့ဖိစည်းမှုကို ဝါသနာပါသူအချင်းချင်း ဂုဏ်သိက္ခာရှိစွာ အရက်သောက်ရင်း ဖြေဖျောက်ကြတယ်…
    နောက်နေ့အလုပ်ပြန်ရောက်တော့လဲ အလုပ်ရဲ့ ဂုဏ်သိက္ခာတွေနဲ့ပါ…
    အသင်းသူ၊ အသင်းသားအသစ်တွေလဲ တိုးလာနေပါပြီ… အရက်ကို ဂုဏ်သိက္ခာရှိစွာသောက်ဖို့ တတ်စွမ်းသလောက်စွမ်းဆောင်နေသော အဖွဲ့အစည်းဖြစ်ပါသည်…

    ကြောင်ဝတုတ်
    အထွေထွေအတွင်းရေးမှူး
    နယ်စည်းမခြားအရက်သမားများသမဂ္ဂ

    • သမိန်ဂီ့

      April 17, 2012 at 10:18 am

      ဟုတ်ကဲ့ချင့် …
      ကိုယ့်ဇဂါးနဲ့ကိုယ် ဘီဘီတိုက်ဖို့ ပြင်ထားပါတော့ချင့်….
      သများဘွမှာ ..ပိုက်ပိုက်ဆိုတာ ရှားပါးပစ္စည်းဖြစ်သွားဘီချင့်…

      😛

      ပုံ
      နယ်စည်းမခြား ကပ်တီးမူးလဲသူ

      • Khaing Khaing

        April 17, 2012 at 11:16 pm

        အော် ဒီကလေးတွေနှယ် လူကြီးတွေကို တရားပြနေကြပါလား ……. အဟီးးးးးးးးးး ကိုဖက် ကြောင်ဂိုဏ်းကနေလိပ်ဂိုဏ်းဝင်သင့်တယ်နော် ………. ကိုဂီကလည်း ခိုနဲ့အမျိုးစပ်ဖောက် ထားသလားမှတ်ရတယ် ငြီးလိုက်တာနားကိုညီးနေတာပဲ ……….

  • aungmyintmyat

    April 17, 2012 at 11:06 am

    winterkoe ခင်ဗျား သူကြီး သေသေချာချာလေး ဆွေးနေပါဆိုလို့ အတည်ပေါက် ပြောချင်ပါတယ်။ မှားခဲ့သည်ရှိသော်………….တောင်းပန်ပါကြောင်း ဦးစွာ ပြောချင်ပါတယ်။ ကဲ စပြီနော်။ ပို့စ်တင် သူ ပြောသွားတဲ့ အထဲမှာ စဉ်းစားစရာလေး တော်တော်လေးပါပါတယ်။ ပထမတော့ ဟုတ်သလိုလိုပါပဲ ဒါပေမယ့် သေချာ စဉ်းစားလိုက်တော့ နည်းနည်းလေး ဘောင်လွန်နေတယ်။ အဲဒါဆိုရင် မြန်မာတို့ရဲ့ ယဉ်ကျေးမှု့ဆိုတာကိုရော ဘယ်နားသွားထားမလဲ။ ပို့စ်တင်သူဆိုလိုရင်းက အဝတ်အစားနဲ့ မဆိုင်ဘူး ပညာရေးကို မြှင့်တင်လိုက်ရင်ရပြီတဲ့။ အဲဒီလိုဆဆိုလိုတာဆိုရင် ခင်ဗျားဥပမာပေးထားတဲ့ စင်္ကာပူလို ကျွန်တော်တို့က ယဉ်ကျေးမှု့ မရှိတဲ့ နိုင်ငံလား။ ခင်ဗျားလည်း သိမယ် ထင်ပါတယ်။ ဘယ်မှာလဲ စင်္ကာပူစာ၊ စင်္ကာပူ ဘာသာစကား၊ စင်္ကာပူ ကဗျာ၊ စင်္ကာပူ ယဉ်ကျေးမှု့။ သူတို့ဆီမှာ လက်ရှိ ရှိတာတွေ အကုန်လုံးက တကယ့် ဗောက်သောက်။ အစစ်မရှိဘူး။ မူရင်း မရှိဘူးနော်။ နောက်ပြီး ယောက်ျားတွေကပါ အတင်းတုတ်တယ်လို့ ဆိုသွားတယ်ဗျာ။ သေသေချာချာ စဉ်းစားပါဦးဗျာ။ ကျွန်တော်တို့က မပြောလည်း အနေသာကြီးနော်။ ကိုယ့်အမ၊ နှမ လို သဘောထားလို့ပြောတာ။ ခင်ဗျားတို့ ဝတ်ချင်သလို ဝတ်တော့ ကျွန်တော်တို့မှာ ဘာထိခိုက်မှာမို့လဲ။ မျက်စိတောင် အစာကျွေးလို့ရတာပေါ့။ ဒါပေမယ့် ကိုယ့်လူမျိုး အဲဒီလို ဖြစ်နေတာကို အရသာခံပြီး ဒီအတိုင်းကြည့်နေရလောက်အောင် မမိုက်မဲကြလို့သာ အမုန်းခံပြီး ဝင်ပြောနေရတာ။ ထိုင်ကြည့်နေတော့လည်း ဘာမှ မဖြစ်ဘူး။ မျက်နှာလွှဲနေလည်း ဘာမှ မဖြစ်ဘူးနော်။ အဲဒီလိုဝတ်လို့ ရန်ကုန် ဘတ်စကားပေါ်မှာ ဖြစ်သွားတဲ့ အမှုကိုရော ကြားလိုက်သေးလားဗျာ။ မသိရင်တော့ နောက်မှ ပြောပြမယ်နော်။ နိုင်ငံတကာက အဝတ်အစားနဲ့ ပတ်သက်ပြီးတော့ ဝေဖန်တာ မရှိဘူးတဲ့ ဆိုပြီးတော့ ပြောသွားသေးတယ်နော်။ ဟုတ်ပါတယ် နိုင်ငံတကာကတော့ ဘယ်ပြောမှာတုန်း။ ဘာလို့လည်းဆိုတော့ (၁) သူတို့ဆီမှာလည်း ဒီလိုပဲကိုး (၂) သူတို့လူမျိုးမှ မဟုတ်တာလေ။ နည်းနည်းလေးလောက် စဉ်းစားရင်တော့ များများကြီး သိလာမှာပါနော်။ မိန်းကလေးတွေ ဒီလိုဝတ်တော့ ယောက်ျားလေးတွေက ပြောလိမ့်မယ် ” မိုက်တယ်…မိုက်တယ်….ခွေးထက်ကို မိုက်တယ်” ။ အခု ဒီလိုရေးတာက တားဆီးချင်တော့လို့လည်း မဟုတ်ဘူး၊ အတင်းတုတ်တယ် ဆိုလို့လည်း မဟုတ်ဘူး စေတနာကို သိစေချင်ရုံလေးမို့နော်။ စေတနာကို အသိအမှတ်ပြုဖို့ မတောင်းဆိုပါဘူး။ စဉ်းစားပါဦးနော် သမီးလေးမွေးလာခဲ့ရင် သင်္ကြန်မှာ ကားမိုးပေါ်ရပ်ပြီး စက်ဆီအကတွေကို မလုံတလုံနဲ့များ ကနေတာကို မြင်ရင် ကိုယ့်သမီးလေးကို တခွန်းလောက်တော့ ပြောလိုက်နော်။” ငါ့သမီးလေးက international ကျ တယ်”ဆိုပြီးပေါ့။ အဲဒီ အချိန်မှာ ခင်ဗျားလည်း ပြုံးပျော်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အဝတ်အစားတခုရဲ့ ယဉ်ကျေးမှု့ ဆိုတာက အခြေအနေတခုကိုလိုက်ပြီး ဝတ်ဆင်တက်မှု့လို့ပဲ သတ်မှတ်တယ်။ ကလပ်မှာ ရင်ဖုံးဝတ်ရင် ရူးရာကြသလို မြို့လည်ခေါင်မှာ ဝတ်လစ်စလစ်နီးပါးနေတာလည်း မိုက်မဲရာကျလွန်းတယ် ထင်ပါတယ်။ အခြေအနေနဲ့ အချိန်အခါကို လိုက်ပြီး ဝတ်ဆင် တက်ကြပါစေလို့ မြန်မာအမျိုးသမီးလေးများကို တောင်းဆိုလိုက်ပါကြောင်း…………
    (အပြောမတက်တော့ ဆဲသလို၊ အခု ကျွန်တော်အရေးမတက်တော့ ရိုင်းသလို ဖြစ်သွားရင် အနှုးအညွှတ် တောင်းပန်ပါကြောင်း၊ ဘုန်းကြီး ခေါင်းခေါက်ပြီးမှ တောင်းပန်တယ်လို မထင်စေလိုကြောင်း။ ထင်မှာဆိုးလို့ အပေါ်မှာကတည်းက ကြိုတောင်းပန်ခဲ့ပါတယ်။ သူကြီးရေ စိတ်ကျေနပါမယ်လို့ ထင်ပါတယ်နော်။)
    လွန်တာရှိ ဝန္ဒာမိပါ……………………………………………………အောင်မြင့်မြတ်

  • Gipsy

    April 17, 2012 at 5:06 pm

    လုပ်ပါ ခေတ်ပေါ်လော်လီ ဝတ်ကြပါ .. ကြည့်လို့ ကောင်းမှကောင်းဗျား…
    ကျားလူငယ်လေးတွေလဲ ဖလန်းဖလန်းထ ပြီး လိုရာနောက်ကိုလိုက်ကြမှာဗျား..
    ရေအောင်ယူကြမှာဗျား…
    သမီးမိန်းကလေး မရှိလို့ ပြောတာပဲ လို့.ယူဆတယ် စာရေးသူ….။

  • pazflor

    April 17, 2012 at 5:17 pm

    ဆရာသွန်းနေစိုး FB မှ ကူးတင်ပေးတာပါ (credit to ဆရာသွန်းနေစိုး)

    “သေချာသည်ကတော့ လမ်းမပေါ်မှာ Night Club မြင်ကွင်းမျိုးမြင်နေရရုံပွဲတစ်ပွဲကိုတော့ဖြင့် ဘယ်ကမ္ဘာလှည့်ခရီးသည်မျှ စိတ်ဝင်စားလိမ့်မည် မထင်ပါ။
    ဒီလိုရေးလိုက်တော့ ကျနော့်စကားတင်းဆိုချင်ကြဦးမည်။ နည်းနည်းလေးလောက်ကို ချဲ့ပြောခြင်းမဟုတ်ပါ။
    တကယ်ပင် မဏ္ဍပ်များစည်ကားရာကို ကိုယ့်မိသားစုထဲက မိန်းကလေးတွေ ခေါ်မသွားရဲတာတော့ အသေအချာပဲဖြစ်ပါသည်။
    ဘာကြောင့်ပါနည်း။

    ထိုအရပ်တွင် အရက်မူးနေသူမျာ ဒင်းကြမ်းဖြစ်နေ၏။

    အမြင်မတော်တာများ ဒင်းကြမ်းဖြစ်နေ၏။

    ကျနော်ပင် ကိုယ့်သားသမီးသာဆို ထိုနေရာ မလွှတ်ဝံ့ပါ။

    မဏ္ဍပ်ပေါ်မှာ မူးရင်းက အပျိုရည်ပျက်ကုန်မှာ မျက်ဝါးထင်ထင် မြင်ရပါသည်။

    ကျနော်သည် မြန်မာနိုင်ငံထဲက အခုထိ တစ်ဖဝါးမှ မခွာသူဖြစ်ပါ၏။

    ယခင်က အင်းလျားလမ်းတွင် ကိုယ်တိုင်လည်း မဏ္ဍပ်အကြိမ်ကြိမ်လုပ်ခဲ့ပါ၏။

    လန့်စရာအတွေ့အကြုံပေါင်းများစွာကို ရရှိခဲ့ပြီးလေပြီ။ သင်္ကြန်မှာကဲတဲ့ ကလေးတွေက စိတ်နှလုံးကောင်းရှိပါတယ်ဆိုသော အဝေးရောက် ပညာရှိကြီးများ သင်္ကြန်တွင်းတွင် ဟိုတယ်များ ငှားစရာ မကျန်သည်ကိုသိပါ၏လော?

    ဆေးရုံ၊ ရဲစခန်းများ၌အလုပ်ပိုများရသည်ကိုသိပါ၏လောဟု ပြောချင်ပါသည်။

    ကျနော်အဓိကလိုရင်းက တစ်ခုတည်းပါပဲ။

    သင်္ကြန်ဆိုသည်မှာ ကိုယ့်သားသမီးအပေါ် စိုးရိမ်တတ်သော မိဘများက အပြင်မလွှတ်ရဲအောင် ဖြစ်လာနေသော ကိစ္စကို ဘယ်လို တားဆီးကြမလဲ?
    ဒီနှစ် ပိုဆိုးလာတယ်လို့ ပြောရမလား?ဒီမိုကရေစီနိုင်ငံဆီဦးတည်နေတော့ နောက်ဒီ့ထက် လွတ်လပ်ခွင့်တွေက ပိုလာပါဦးမည်။ပျော်တာကောင်းပါသည် ပျက်တာ မကောင်းပါ။ရန်ဖြစ်ပြီးသေကျေကုန်တာ မကောင်းပါ။မိန်းကလေးတွေ ပျက်ဆီးကုန်တာ မကောင်းပါ။

    လမ်းမပေါ်တွင် ဝုန်းဒိုင်းကြဲကုန်ကြတာ မကောင်းပါ။

    သေချာသည်က တစ်ချို့ပြောနေသလို ၄၀၊ ၅ဝ မကပါ။

    ဒါက မိဘတွေလုပ်ရမယ့်အရာ စသဖြင့်လည်း လက်ညှိုးထိုးမနေပါနှင့် အားလုံးပြုပြင်ရမယ့် အရာသာဖြစ်ပါသည်။
    သေချာသည်က ကျနော်တို့ပင် သင်္ကြန်မဏ္ဍပ်ထိုင်လျှင် ရန်ဖြစ်မလားဟဲ့ဟု စိုးရိမ်မိနေရသည်။

    သေချာသည်က ကိုယ့်အုပ်ထိန်းမှုအောက်ရှိ မိန်းကလေးများကို မဏ္ဍပ်ပေါ်လွှတ်မထားဝံ့အောင်ဖြစ်နေရသည်။

    ယင်းကို ဘယ်လို ပြုပြင်ကြပါမည်နည်း။

    ကျနော်က အချုပ်အချယ်တွေ ထားဖို့ လုံးဝ ပြောနေခြင်းမဟုတ်ပါ။

    ချုပ်ချယ်ကန့်သတ်ခြင်းကို ကျနော်ကိုယ်တိုင်လည်း လုံးဝ မလိုလားပါ။

    တစ်ခုလေးပဲ ကျနော်ပြောလိုပါသည်။

    သင်္ကြန်မှာ လွတ်လွတ်လပ်လပ်ပျော်ကြပါစေပေါ့။ ဒါပေမဲ့ …

    ပို မွန်ရည်ကြရင် မကောင်းဘူးလား။ ပို နိုုင်ငံကြီးသားပီသကြရင် မကောင်းဘူးလား။

    ပို အဆင့်အတန်းရှိရှိ ပျော်နိုင်ကြရင်၊ ပို ဘေးရန်ကင်းကင်းပျော်နိုင်ကြရင်၊ ပို စိတ်အနှောင့်ယှက်ကင်းကင်း ပျော်နိုင်ကြရင် မကောင်းပေဘူးလား။”

    (လွတ်လပ်မှူ ့ကို မှန်ကန်စွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ကြပါစေ)

  • winterkoe

    April 17, 2012 at 8:00 pm

    စာဖတ်သူမိတ်ဆွေများခင်ဗျာ…

    ကျနော့်ဆောင်းပါးကိုဖတ်ရှု၊ ဝေဖန်ကြတဲ့ စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်။ ဒီမိုကရေစီရဲ့အနှစ်သာရအရလွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိပါတယ်။ ပုဂ္ဂိုလ်ရေးထက် သဘောတရားရေးရာကိုဝေဖန်ကြတဲ့အတွက်လဲ လေးစားပါတယ်။ ယဉ်ကျေးမှုဆိုတာကိုဖွင့်ဆိုတဲ့ အနက်အဓိပ္ပာယ်ကွဲလွဲမှုတွေ ကျနော်တို့ကြားမှာရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ အကြမ်းဖျင်းအားဖြင့်..

    ၁။ တရားဥပဒေစိုးမိုးမှု
    ၂။ အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက်နိုင်မှု
    ၃။ မှန်ကန်ထိရောက်တဲ့လူမှုဖူလုံရေးစနစ်ရှိမှု
    ၄။ မှန်ကန်ထိရောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိမှု
    ၅။ မှန်ကန်ထိရောက်တဲ့သက်ကြီးရွယ်အိုစောင့်ရှောက်မှုစနစ်ရှိမှု
    ၆။ အဆင့်အတန်းရှိတဲ့ ပညာရေးစနစ်ရှိမှု

    ..စတဲ့အချက်တွေနဲ့ယဉ်ကျေးမှုရှိတယ်မရှိဘူးဆိုတာကိုတိုင်းတာပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေကို ဒုက္ခသည်တွေ၊ အောက်ခြေအလုပ်သမားတွေ မွေးထုတ်ပေးနေတဲ့၊ မိမိနိုင်ငံသားကိုခေါင်းပုံဖြတ်ပြီး စောင့်ရှောက်မှုမပေးတဲ့လူ့အဖွဲ့အစည်းတရပ်ကို ယဉ်ကျေးတယ်လို့ နိုင်ငံတကာမှာမသတ်မှတ်သလို၊ ကျနော်လဲမသတ်မှတ်ပါဘူး။ ကိုယ့်နိုင်ငံနဲ့နိုင်ငံသားတွေယဉ်ကျေးတယ် မယဉ်ကျေးဘူးဆိုတာကို တခြားနိုင်ငံတွေနဲ့နိုင်ငံသားတွေကပဲပြောနိုင်ပါတယ်။ ကိုယ်တွေပြောလို့မရပါဘူး။ အသေးစိတ်တော့ ချဲ့ပြီးဆွေးနွေးဖို့လိုအပ်မယ်မထင်လို့ အသေးစိတ်တော့မပြောလိုတော့ပါဘူး။ အရေးပါတာကိုအရာပေးပြီး အရေးမပါတာတွေကို ဘေးမှာထားတတ်ရင် ဒီနေ့မြန်မာ ဆိုတာ ကမာ္ဘမှာ ဒုက္ခသည်တွေ၊ အောက်ခြေအလုပ်သမားတွေ အဖြစ်နဲ့ International Unwanted Guests တွေဖြစ်နေမှာမဟုတ်ပါဘူး။ မယဉ်ကျေးလို့ ဒီဘဝရောက်တာပါ။

    အထက်ဖေါ်ပြပါအချက်တွေမှာအလွန်အားကောင်းတဲ့စင်္ကာပူဆိုတာ မြန်မာထက်အများကြီးယဉ်ကျေးလို့အကျင့်ပျက်ခြစားမှုအလွန်နည်းပါးပြီး မြင့်မားတဲ့အတိုင်းအတာတခုအထိတရားဥပဒေစိုးမိုးတဲ့လူ့အဖွဲ့အစည်းတရပ်အဖြစ် နိုင်ငံတကာမှာဂုဏ်သိက္ခာရှိရှိနဲ့ရပ်တည်ပြီး မြန်မာအပါအဝင် ဝါးတားတားနိုင်ငံတွေကလူတွေအများစုကိုလူပေါ်လူဇော်လုပ်ပြီးခိုင်းစားနေတာပါ။ မြန်မာလိုနိုင်ငံတကာက ခေါင်းဆောင်တွေလာလာဆဲပေးနေရတဲ့ နိုင်ငံမဟုတ်ပါဘူး။ နောက်တခုက မြန်မာနိုင်ငံကိုဖျက်နေကြတဲ့လူတွေဟာ မြန်မာတွေပဲဖြစ်ပါတယ်။ ပညာရေးစနစ်ကနေစပြီး၊ စိတ်ဓါတ်၊ အကျင့်စာရိတ္တနဲ့ မရောင်ရာဆီလူးတဲ့ အဲဒီဘာမှန်းညာမှန်းမသိတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာဆိုတဲ့ Delusion ကိုပါပြောင်းမှဒီနိုင်ငံယဉ်ကျေးလာမှာပါ။ နို့မို့ရင်တော့ အခုလိုပဲဒုက္ခတွေရောက်နေဦးမှာပါပဲ။ စာဖတ်သူမိတ်ဆွေများအနေနဲ့ အောက်ပါလင့်ခ်ကလေးကိုနှိပ်ပြီး ဒီဆောင်းပါးလေးဖတ်ကြည့်ကြပါဦး..

    http://myanmargazette.net/115304/arts-humanities

    ကျနော့်အနေနဲ့ကိုယ်ပိုင်အမြင်ကိုမျှဝေတာပါ။ မည်သူ့ကိုမှပုဂ္ဂိုလ်ရေးအရတိုက်ခိုက်လိုခြင်းမရှိပါ။ ကျနော့် Facebook Account က https://www.facebook.com/dnlkane ပါ။ ကျနော်ရေးတဲ့ အခြားသောဆောင်းပါးများကိုလည်း ကျနော့်
    အကောင့်မှာသော်လည်းကောင်း၊ Freedom News Group မှာသော်လည်းကောင်း အလျဉ်းသင့်သလို ဖတ်ရှုနိုင်ပါတယ်။ အောက်ပါလင့်ခ်ကတော့ ဆောင်းပါးတွေအထဲက အခန်းဆက်ဝထ္ထုပါ။
    (http://freedomnewsgroup.com/category/%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%BB%E1%80%95%E1%80%94%E1%80%B9/%E1%80%9E%E1%80%B0%E1%80%9B%E1%80%B2%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC/)
    FNG မှာ Daniel Kane or DK ကလောင်နာမည်များနဲ့ရှာဖွေနိုင်ပါတယ်။ မိတ်ဆွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်။

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 17, 2012 at 8:27 pm

    စာရေးသူတော်၏၊ . သို့သော်
    ယဉ်ကျေးမှု ဆိုသည်ကို နားလည်ပါ၏လော။
    နိုင်ငံရေးနှင့် ယဉ်ကျေးမှု ယှဉ်ပြောခြင်းသည် မဖြစ်သင့်။
    ဤ နိုင်ငံသည်ကား ယဉ်ကျေးမှု ထွန်းကားရာ မြန်မာနို်င်ငံတော်ကြီးဖြစ်သည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 17, 2012 at 8:28 pm

    ဂေဇက်ကတော့ ဒဂယ့်ဓာတ်ဘဲ သူ့တို့ဟာနဲ့သူ တို့တော့ အားလုံးဟုတ်တုတ်တုတ်ချီးတွေချီးဘဲ 😀
    ( ဒီကိစ္စကြီးကို လူတွေလက်ခံေလောက်အောင် ဝေဖန်ပြနိုင်ဘို့လောက်ထိ
    ကျုပ်က အတတ်ပညာတွေမရှိရှာလေတော့ ဩစတေးလျှမှာနေတဲ့ မတ်မတာ ကိုုဘုန်းကျော်ကြီးတော့
    သိနိုင်မလားဘဲ ( စကားချပ် 😀 😀 😀 )

  • winterkoe

    April 18, 2012 at 5:33 am

    လောကမှာများသောအားဖြင့်အမှန်တရားတွေဟာခါးသီးတဲ့လှတဲ့ဆေးကောင်းတွေနဲ့တူတတ်ပါတယ်။ အဝင်ဆိုးပေမယ့် ရောဂါတကယ်ပျောက်ပါတယ်။

    • ချာလီဂဇက်ဒလဝမ်

      April 18, 2012 at 8:57 am

      ကိုယ့်လူ ဒုံးမဝေးတော့ဘူး ၊ မှန်တယ်ထင် ဆက်သာလုပ် ၊ အဟုတ်တကယ်
      ဟိုဒင်း ဖြစ်မှာ၊ ငါက ဒီလိုထင်တာ ။ လူသစ်လေးတွေ သိသင့်တာရှိတယ် ။
      စာရေးစာဖတ်တဲ့ သူတွေ ဆိုတာ ဖန်ဖန်ခါးခါး တွေ ။ မချဉ်ဘူး ဆိုတာပဲကွ။

  • winterkoe

    April 18, 2012 at 9:27 am

    မလေးရှားက Lim Kok Wing University ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်အဆင့်အတန်းသတ်မှတ်ချက်က မျှော်လင့်ထားတာထက် နိမ့်ကျနေပြီး အဲဒီအချိန်မှာအိမ်နီးချင်း စင်္ကာပူကျောင်းသားတွေကအရမ်းမြင့်နေပါတယ်။ အဲဒီတော့ အဲဒီအဆင့်အတန်းသတ်မှတ်ချက်နိမ့်ကျနေမှုနဲ့ပတ်သက်ပြီး Lim Kok Wing University က Founder ဖြစ်တဲ့ Lim Kok Wing ကစကားတခွန်းပြောပါတယ်။ Digits (ကိန်းဂဏန်း) တွေက ဘယ်တော့မှမလိမ်ကြပါဘူး…ဆိုပြီး သူ့တက္ကသိုလ်မှာအားနည်းချက်တွေရှိနေပါတယ်လို့ ဝန်ခံပါတယ်။

    မြန်မာနိုင်ငံကလဲ ကောင်းတဲ့စစ်တမ်းတွေအားလုံးမှာအောက်ဆုံးရောက်၊ မကောင်းတဲ့စစ်တမ်းတွေအားလုံးမှာ ထိပ်ပိုင်းမှာဂျောင်းဂျောင်းပြေးနေပါတယ်။ အဲဒါတွေရဲ့မမြင်ရတဲ့ ပင်မလက်သည်တရားခံတဦးက တော့ “မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အစဉ်အလာ” ဆိုတာဖြစ်ပါတယ်။ အဲဒါနိုင်ငံရေးအတွက် အသုံးချသွားတော့ ကိန်းဂဏန်းတွေနဲ့မရင်းနှီးကြတဲ့ မြန်မာတွေအများစုက အဲဒီမကောင်းမှုကြီးကို Reform လုပ်ရမယ့်အစား Preserve လုပ်ဖို့ကြိုးစားနေကြရင်း မြန်မာနိုင်ငံကိုမွဲသထက်မွဲ၊ ဂုဏ်သိက္ခာမဲ့သထက်မဲ့အောင် လုပ်နေမိကြပါတယ်။

    ကောင်းတဲ့နေရာတွေမှာဘိတ်ဖြစ်ပြီး မကောင်းတဲ့နေရာတွေမှာထိပ်ဖြစ်နေတယ်ဆိုတာ အတွေးမှား၊ အယူမှားနေလို့ပါ။ အဲဒီအခါကျတော့ နိုင်ငံတကာလူ့အဖွဲ့အစည်းမှာ ဟိုးအောက်ဆုံးကိုရောက်သွားပါတယ်။ အဲဒီမကောင်းမှုကြီးကိုဖက်တွယ်နေမိရင်တော့ လူတွေဒုက္ခပင်လယ်ဝေနေကြပြီး ထွက်ပြေးနေကြတဲ့ အစ္စလာမ်မစ်နိုင်ငံတွေရဲ့ မအောင်မြင်မှုတွေနဲ့အလားတူရလာဒ်တွေကို အရင်နဲ့လက်ရှိအတိုင်း အနာဂတ်မှာလဲ အလားတူခံစားနေကြရဦးမှာပါ။

    • ချာလီဂဇက်ဒလဝမ်

      April 18, 2012 at 9:43 am

      အမေကျော် ဒွေးတော်လွမ်း သူတွေ သွားကြပစေ
      သိပ် အထင်ကြီးနေတဲ့ နိုင်ငံတွေကို ထွက်သွားကြစမ်းပါ
      နားငြီးလို့။

    • သရဲ ပြေး ဘီလူး ငို

      April 19, 2012 at 7:40 pm

      မတောက် တခေါက် ပညာလေးနဲ့ မိမိလိုရာရေးဆွဲထားတဲ့ ့ပေါတောတောကြောင်တောင်တောင် စည်းမျဉ်း တွေကို လုံးဝ လက်မခံပါဘူး ၊
      ဒီ့ထက် ခိုင်လုံအောင် ပြောပါ ။

  • Mr. MarGa

    April 18, 2012 at 10:36 am

    မြန်မာနိုင်ငံရဲ့
    မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ဟာ
    မြန်မာဆန်ဆန် မြန်မာမှုတွေ အပြည့်အဝနဲ့ပဲ ဖြစ်သင့်ပါတယ်နော်
    နိုင်ငံခြားသားတွေကို မြန်မာနိုင်ငံရဲ့ ပျော်စရာအကောင်းဆုံး ပွဲတော်ဟာ သင်္ကြန်ပါလို့ ပြောပြီးကာမှ
    ဒီလိုသရုပ်ပျက်တွေကို ဘယ်လိုရှင်းပြကြမလဲ
    အခုတော့
    သင်္ကြန်မှာ မြန်မာဆန်ဆန်တွေ ပြချင်ရင်
    တရားစခန်းတွေကို ပဲ လက်ညိုးထိုးပြရမလို ဖြစ်နေပြီ
    လူငယ်တွေကို အထင်မသေးပါနဲ့
    သူတို့လည်း စဉ်းစား ဆင်ခြင် တတ်ပါသေးတယ်။
    လူငယ်တွေကိုု ကောင်းကောင်း လမ်းညွှန်မှုတွေ ပေးမယ်ဆိုရင်
    ဒါတွေ နည်းသွားမှာပါ။
    အရင်ခေတ်တွေတုန်းကလို မြန်မာမှု မြန်မာ့ဟန် အပြည့်နဲ့
    မြန်မာ့ သင်္ကြန်ကို မျှော်လင့်မိပါတယ်။

    လေးစားစွာဖြင့်
    ဦးမာဃ (ခေတ္တ လူ့ပြည်)

    • winterkoe

      April 18, 2012 at 11:15 am

      သရုပ်ပျက်တို့ တိုက်ဂေါ တို့ဆိုတာ အမြင်ချင်းအကြိုက်ချင်းမတူတဲ့သဘောပါ။ တဦးနဲ့တဦးနားလည်မှုရှိတော့ အားလုံးစိတ်ချမ်းသာရတာပေါ့ဗျာ။ ငါနဲ့မတူငါ့ရန်သူဆိုတာက နေဝင်းတို့ သန်းရွှေတို့လို လူမိုက်တွေထားတတ်တဲ့သဘောထားပါ။

    • ဖိုးဇီဝက

      April 19, 2012 at 8:08 pm

      ဖျက်ဆီးမှာက မင်းပဲ ဟေ့ယောင် ၊ ဘယ်ခြုံကြားက လာတိုးပီးဟောင်မနေနဲ့ ၊
      ထထ ကြည့်နေရ အိပ်ရေးပျက်သကွ ။

  • အမေရိကန်ငတုံး

    April 19, 2012 at 10:17 am

    အဝတ်အစားခေတ်မီအောင်ဝတ်တာနဲ.စိတ်ဓာတ်ကပါအဆင့်အတန်းမရှိဝူးလို.ပြော
    နိုင်ရအောင်သူတစ်ပါးစိတ်ကိုပါတစ်ခါတည်းတန်းဖတ်လိုက်တာပဲနော်။
    တယ်ပိုင်လှပါလား ကွန်ဇဗေးတစ် မမတို.ရယ်။ဒီအတွေးအခေါ်တွေနဲ.ကတော့ဝေးပါသေးတယ်
    ဘတ်(စ်)ကားပေါ်မှာလူကြီးလူကောင်းရုပ်နဲ.လည်ကတုံးဝတ်ပီးခါးပိုက်နှိုက်နေတဲ.ကောင်
    တွေမမြင်ဖူးဝူးနဲ.တူတယ်။နားကွင်းတွေအများကြီးဝတ်၊တတ်တူးတွေထိုး လက်မှာရှုုပ်ရှက်ခက်
    နေအောင်ဝတ်ထားပီး အဘိုးကြီး အဘွားကြီး ရဟန်းသံဃာတွေလာရင်ဖယ်ပေးတဲ့အမျိုးကောင်း
    သားလူငယ်တွေအများကြီး အပေါ်ယံလောက်ပဲမြင်တဲ့သူတွေပဲ။ သနားတယ်။ခေါက်ရိုးကျိုးနေတဲ့
    အတွေးအခေါ်နဲ.ဖောက်မထွက်နိုင်တဲ့သူတွေ

  • Phaung Phaung

    April 19, 2012 at 1:02 pm

    ပို့စ်ရေးတဲ့သူလောက်ပဲ ဉာဏ်မမှီလို့လားတော့ မသိဘူး… သရုပ်ပျက်အောင်/အရှက်မဲ့အောင်ဝတ်စားဆင်
    ယင်နေကြတာ တိုင်းပြည်အဘက်ဘက်ကညံ့ဖျင်းနေလို့ဆိုတာ လုံးဝမဆိုင်ဘူးထင်တာပါပဲ။ အဲဒီလို ဝတ်တဲ့
    လူတွေရဲ့စိတ်ဓါတ်နဲ့ပဲဆိုင်ပါတယ်။ ဆယ်တန်းမအောင်၊ဘွဲ့မရဘဲ ချို့တဲ့တဲ့မိသားစုက ကလေးတွေတောင်
    ဒီလိုမဝတ်စားသင့်ဘူးဆိုတာ သိပါတယ်။ ပညာလေးမတောက်တခေါက် ဟိုမရောက်၊ဒီမရောက်တွေသာ အသိ
    ပညာကင်းမဲ့နေကြတာပါ။ သူများဝတ်တာစားတာတွေကို ဒီမှာကဲ့ရဲ့ရှုံ့ချနေကြတယ်ဆိုတော့ “ ဒါ မြန်မာနိုင်ငံ”
    လေ…… သူများနိုင်ငံတွေမှာ ဝတ်တိုင်းလိုက်ဝတ်ရင် သူများချီးရောစားမှာလား ???? အတုယူစရာတွေ တစ်ပုံ
    ကြီးရှိတယ်လေ..မကောင်းတာကိုပဲ အတုယူနေရင် အတုယူတဲ့သူရဲ့ သိမ်ဖျင်းတဲ့စိတ်ဓါတ်နဲ့ပဲဆိုင်တယ်….
    ကဲ့ရဲ့သူမှာ အပြစ်မရှိဘူး…။

    • winterkoe

      April 19, 2012 at 2:39 pm

      နှစ်သက်ရာဝတ်တယ်ဆိုတာ အများပြည်သူကရွေးကောက် တင်မြှောက်ထားတဲ့ဥပဒေပြုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့မငြိစွန်းဘူးဆိုရင်၊ အခြားသူတွေကိုတိုက်ရိုက်ထိခိုက်နစ်နာစေခြင်းမရှိရင် လူတိုင်းလူတိုင်းဟာ ၎င်းတို့ရဲ့လူ့အခွင့်အရေးနဲ့အညီနှစ်သက်ရာဝတ်ဆင်ခွင့်ရှိပါတယ်။ မိမိကိုယ်မထိခိုက်စေတဲ့ သူတပါးရဲ့ဆန္ဒကိုလေးစားမှုရှိဖို့လိုအပ်ပါတယ်။

  • manawphyulay

    April 19, 2012 at 2:12 pm

    ဒီနှစ်သင်္ကြန် ဘာမှန်းမသိပဲ ကုန်ဆုံးသွားတော့ ခေတ်ကိုပဲ မမှီတာလား ခေတ်နောက်ကျန်တာလားမပြောတတ်တော့ပါဘူး။ ဒါနဲ့အပေါ်က ပုံတွေက ဘယ်နိုင်ငံကလဲ… ဘာလူမျိုးတွေပါလိမ့်…

  • a soe lay

    April 19, 2012 at 7:06 pm

    အပြောသန်လျှင် အလုပ်ညံ့သည်ဟူသောစကားသည် နိုင်ငံရေးသမားများအတွက် ဆိုပေတဲ့
    ကိုုယ့်ကိုကိုယ် ပြန်တွေးကြည့် —-
    ငါသည် အပြောသန်နေသလား အလုပ်လုပ်မှာလား
    ခွဲ ခြား စိတ် ဖြာ ကြည့်ပါ—-

  • Potter Herry

    April 19, 2012 at 8:30 pm

    ပို့စ် ပိုင်ရှင်ဟာ ဗုဒ္ဓဘာသာဝင်လဲ မဟုတ်နိုင် ၊ နိုင်ငံသားလဲ မဟုတ်နိုင် ။
    ပို့စ် တခုပီး တခု တက်လာတာ ယဉ်ကျေးမှုကိုစော်ကားဖို့ သက်သက်ပဲ ။

Leave a Reply