အက္ခရာကြွင်းနေသောဘဝများ
ငယ်ငယ်တုံးက ဆရာမမြနှောင်းညိုရေးတဲ့ “အကြွင်းအက္ခရာသင်္ချာတစ်ပုဒ်” ဆိုတဲ့ ဝတ္တုလေးတစ်ပုဒ် ဖတ်ဖူးပါတယ်။ ရည်ရွယ်ချက်တွေမတူကြလို့ ခွဲခွာခဲ့ကြတဲ့ချစ်သူနှစ်ယောက် အကြောင်းပါ။ ရည်မှန်းချက်တွေအတိုင်း ဆက်လက် လျှောက်လှမ်းခဲ့ကြလို့ ဘဝမှာအောင်မြင်မှုတွေ အသီးသီးရခဲ့ကြပါတယ်။ အောင်မြင်တဲ့ဘဝတွေဟာ နေပျော်စရာကောင်းပေမဲ့ တစ်ခါတလေကျရင် ဘယ်ဘက်ရင်ဘတ်မှာ တစ်ခုခုလိုနေသလိုလို…. ပေါင်း၊ နုတ်၊ မြှောက်၊ စား ဘဝကိုသင်္ချာလိုတွက်ခဲ့ပြီး အောင်မြင်ခဲ့ပေမဲ့ “အချစ်” ဆိုတဲ့ အက္ခရာ ကြွင်းကျန်နေခဲ့တဲ့ ဘဝတွေအကြောင်းပါ။
လူတွေရဲ့စိတ္တဗေဒပါ။ လူတိုင်းမှာ သူတို့ရဲ့ ရည်မှန်းချက်မဟုတ်တဲ့ တိတ်တခိုးမျှော်လင့်တဲ့ အိမ်မက်ကလေးတွေ ရှိတတ်ကြပါတယ်။ ဥပမာအကောင်းဆုံးကိုပြရရင် ကျမတို့ မန်းဂေဇက်ရဲ့ ဇတ်လိုက်ကျော်ကြီး ကိုဘုန်းကျော်။ (ကိုဘုန်းကျော်ရေ လူတွေရဲ့စိတ္တဗေဒကို ဖတ်ပြချင်လို့ပါ။ ရှင့်ကို နစ်နာစေလိုတဲ့ စိတ်မရှိပါဘူး။)
သူစစ်ထဲဝင်ခဲ့တယ်။ အရေးအခင်းမှာပါခဲ့တယ်။ နယ်စပ်ဖြတ်ကျော်ခဲ့တယ်။ ဩဇီမှာ ခိုလှုံခွင့်ရခဲ့တယ်။ အခုအချိန်မှာတော့ မိသားစုနဲ့အတူ အဆင်ပြေတဲ့ဘဝတစ်ခု ရနေခဲ့ပြီ။ သူ့စိတ်ထဲမှာ နိုင်ငံချစ်စိတ် အနဲနဲ့ အများဆိုသလို ရှိမှာပါ။ ဒါကိုဘယ်မှာတွေ့နိုင်သလဲဆိုတော့… သူ “ကိုမင်းကိုနိုင်” ကို မနာလိုဘူး။ ကိုမင်းကိုနိုင်မကောင်းကြောင်း ကျမထင်တယ် သူစာနှစ်ပုဒ်လောက် ရေးဖူးပါတယ်။
လူတွေရဲ့စိတ်အမှန်ဟာ တကယ့် deadlock လိုအခြေအနေမျိုးမှာပေါ်ပေါက်လာလေ့ရှိပါတယ်။ ဥပမာ မီးလောင်ပေါက်ကွဲနေရာက တစ်ကိုယ်ထဲ လက်လွတ်ထွက်ပြေးတာမျိုး၊ တစ်ဦးတစ်ယောက်ကို အသက်နဲ့လဲပြီး ကာကွယ်ပေးတာမျိုးပေါ့။
လူတွေဟာ အဆင်ပြေတဲ့ ဘဝတစ်ခုမှာ နေနေရရင် အနဲနဲ့အများဆိုသလို အတ္တတွေ၊ လောဘ၊ ဒေါသတွေ လျော့နည်းလာတတ်ကြပါတယ်။ သူဟာ ဩဇီလို လူနေထိုင်မှုအဆင့်အတန်း မြင့်မားတဲ့ နေရာမှာ နေနေရတယ်။ မိသားစုလဲရှိတယ်။ အလုပ်လဲရှိတယ်။ ခြုံကြည့်ရရင် လူနေမှုဘဝ အဆင်ပြေ ကျေနပ်စရာပါ။ ဒါပေမဲ့ သူပြောသလို အလုပ်မရှိ၊ မိသားစုမရှိ၊ အိမ်ယာအတည်တကျမရှိတဲ့ ကိုမင်းကိုနိုင်ကို သူဘာလို့ မကျေနပ်ဘူးလဲ….
သေချာပါတယ်…သူ့စိတ်ထဲမှာ၊ သူ့ဘဝထဲမှာ အကြွင်းအက္ခရာ တစ်ခုခုရှိနေပြီ။
ကမ္ဘာဦးထဲက လူတွေဟာ အသက်ရှင်ကျန်ရစ်ဖို့ အမျိုးမျိုးရုန်းကန်ခဲ့ရတယ်။ ကိုဘုန်းကျော်လဲ သူနဲ့ သူ့မိသားစု ရှင်သန်ဖို့ ရုန်းကန်ရာမှာ တရားတာရော၊ မတရားတာရော၊ သူလုပ်ချင်တာရော၊ သူမလုပ်ချင်တာတွေပါ လုပ်ခဲ့ရမှာပါ။
Anyhow ဘယ်လိုပဲဖြစ်ဖြစ် သူအဆင်ပြေနေပြီပဲ… မြန်မာပြည်ဘာဖြစ်ဖြစ်၊ မင်းကိုနိုင်ဘာဖြစ်ဖြစ် သူနဲ့ဘာဆိုင်လဲ။
That’s the point what I’m saying!
သူတစ်ချိန်ကပဲဖြစ်ဖြစ်၊ အနဲနဲ့ အများဆိုသလိုပဲဖြစ်ဖြစ် မြန်မာပြည်ကိုချစ်ခဲ့တယ်။ ဒါကြောင့် သူလိုချင်တာကို သူများကရသွားတဲ့အခါ… ကိုယ့်ရီးစား သူများနောက်လိုက်သွားသလို… သူ “ကိုမင်းကိုနိုင်” ကို မနာလိုဘူး။
ဒီလိုစိတ္တဗေဒမျိုးက လူတိုင်းမှာရှိပါတယ်။ အသိဉာဏ်နဲ့ ထိမ်းတာ မထိမ်းတာနဲ့ ဗီဇစိတ် (Genes) ပေါ်မှာမူတည်ပြီးတော့ တုံပြန်ပုံခြင်းကွာပါတယ်။
အဲဒီတော့ ကိုဘုန်းကျော်အနေနဲ့ သူ့စိတ်ကို သူကိုယ်တိုင် မမြင်သေးသရွေ့ သူ့မှာ အကြွင်းအက္ခရာတစ်ခု ရှိနေမှာပါ။
နောက်တစ်ဦးကတော့…. ဟဲ…ဟဲ 😀 🙂
“သူကြီး”
ဗုဒ္ဒဘာသာဝင်များတဲ့ နိုင်ငံမှာ ကြီးပြင်းခဲ့ရတဲ့ ခရစ်ယာမ်ဘာသာဝင်တစ်ယောက်။ သူငယ်စဉ်က ဘာတွေခံစားခဲ့ရလဲ။ လူကြီးဆိုတော့ ကိုယ့်ခံစားချက်၊ စိတ္တဗေဒကို အကုန်မဖေါ်ပြဘဲ ဖုံးဖိထားတတ်နေတဲ့ အသက်အရွယ်၊ အသိပညာရှိနေပါပြီ။ ဒီလိုကြားထဲကပဲ လှစ်ခနဲမြင်ရတဲ့ သူကြီးရဲ့ စိတ်ပါ….
ဟဲ…ဟဲ… မကြောက်ပါနဲ့… ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ… ရေချိုးမလို့ပါ။ (အဲလေ ဘာဆိုင်လို့လဲ 😀 )
နောက်မှဆက်ရေးပါဦးမယ်… စိတ်ဝင်စားရင်တော့ စောင့်ဖတ်ပေါ့နော်…
14 comments
အရှုံးတွေနဲ့ ကျွန်တော်
April 16, 2012 at 10:06 pm
စိတ်ဝင်စားစရာ ကောင်းပါတယ် Wow ရေ ဆက်ရေးပါ
စောင့်ဖတ်နေပါ့မယ်
Wow
April 18, 2012 at 12:46 pm
အားပေးတဲ့အတွက်ကျေးဇူးပါ…
ဆက်ရေးဖို့ကြိုးစားပါ့မယ်…
pazflor
April 17, 2012 at 3:16 am
ဆက်ရေးပါဗျ။ ဒါမျိူးအကြောင်းရေးသူသိပ်မတွေ ့မိပါ။
Wow
April 18, 2012 at 6:29 pm
ဟုတ်ကဲ့ပါချင့်… သူများမကောင်းကြောင်းအကုန်ဖေါ်… အဲလေ မဟုတ်ပါဘူး 😀
ဆက်ရေးပါ့မယ်…
kai
April 17, 2012 at 5:11 am
အဲဒါ..
ကျုပ်ပြောပါတယ်..
…နံရိုးထုတ်ပြီး.. သီးသန့်.. အကောင်မလုပ်ပါနဲ့ဆိုတာလေ…
စကတည်းက.. တီကောင်တွေလို.. ဣတ္တိလိင်၊ပုလ္လိင်.. တကောင်ထဲမှာရောထားပါဆိုတာ…
အတင်းလုပ်ထည့်လိုက်တာ…လူ့ လောကကြီးခမျာ အလုပ်ကိုရှုပ်ရော…
မဟုတ်လား..
.. အာဟိ..။
Wow
April 18, 2012 at 6:25 pm
ရီထား… ရီထား.. ပြီးရင်တော့ အတိတ်ကိုပြန်သတိယပြီး မငိုရဘူးနော်….
😀
သမိန်ဂီ့
April 17, 2012 at 7:50 am
သများ မသိလို့မေးလိုက်ပါဦးမယ်…
သဂျီးက ခွစ်ရှန် လားချင့် ………….
ဒေါ်လေး ဝအို ရေးတာ..
ဟို တခါ နန်းမတော်မယ်ပုချ်ရေးတဲ့ အငုံ့စိတ်
ဆိုတဲ့ ဆိုက်ကော်လော်ဂျီ အစ်ရှူး ဘက် နီးတယ်ထင့်…
အားပေးသွားပါတယ်.. ဒေါ်လေးဝအိုရေ…
ဆက်ရေးပါဦး… အပ္ပလိုင်း ဆိုက်ကော်လော်ဂျီလေးတွေပါ
တူးဆွမယ်ဆို… လက်မထောင် လက်ခုတ်တီး အားပေးဦးမယ်
ဖြစ်ပါကြောင်း..
ခင်တဲ့
အာဟိ ဒက်ဂလောက်..
Wow
April 18, 2012 at 6:21 pm
ဟိတ်… မပြေးနဲ့…
မနေ့ကမအားလို့ ပြန်မမန့်လိုက်ရဘူး။ ပြီးရင်အစဉ်လိုက် နူးဘာဂိုဏ်းချုပ် ကိုလဲတူးဆွဦးမှာ….
😀
FattyCat
April 17, 2012 at 8:50 am
လက်စသတ်တော့ သဂျီးလဲ ဆိုက်ကို ပဲလို့ဆိုချင်တာပေါ့.ဟီး
Wow
April 18, 2012 at 6:17 pm
လူတိုင်းမှာ ဆိုက်ကို ရှိပါတယ် ကြောင်ဝတုတ်လေးရယ်။
ဗဒင်သီချင်းကြားဖူးတယ်မဟုတ်လား “ကိုယ့်ရဲ့အားနည်းချက်ဟာ…မင်း… ကိုယ့်ရဲ့ချွင်းချက်ဟာ… မင်း…”
😀
htoosan
April 17, 2012 at 10:08 am
…………. WoW !!!!!!!!!!!!!!!!!!!!!!!!! ………………….
pooch
April 18, 2012 at 1:23 pm
အဲ့ဒီ သူကြီးရင်ထဲမှာ ကြွင်းနေတဲ့ အက္ခရာကို ဒီရွာကို ရောက်ပြီး သိပ်မကြာဘူး သတိထားမိခဲ့တာ။
ရွာပြင်မှာတောင် အလွတ်သဘော ဆွေးနွေးဘူးတယ်။
သူကြီးကို မသိတဲ့ လေးစားရတဲ့ သူတယောက်ကို မေးပြီး ကျမထင်တာ ဟုတ်မဟုတ် ခေါက်ကြည့်တာ တကယ်ကို ရှိနေခဲ့တာ အက္ခရာ တခုက ။
ဒါပေမဲ့ ဝိုးမြင်မိတဲ့ အက္ခရာနဲ့ ကျမမြင်တဲ့ အက္ခရာ တူရဲ့လားမသိ။ တူမတူ စောင့်ဖတ်နေပါတယ်။ 😀
Wow
April 18, 2012 at 6:13 pm
နှစ်ယောက်ပေါင်းပြီး တူးဖေါ်ရအောင်လား…
ဘယ်လိုလဲ… 😉
manawphyulay
April 18, 2012 at 7:01 pm
ဟားဟားဟားနောက်ဆုံးတော့ သူကြီးကို ပြောသွားပါရောလား… ဆက်လက်တူးဖော်နိုင်ပါစေ…