နေဝင်ချိန် အတွေး
ကျွန်မရဲ့တစ်နေ့တာအချိန်ဇယားအတိုင်း နံနက် ၆ နာရီမှစတင်ကာ ဆရာဖြစ်လိုက်၊ တပည့်ဖြစ်လိုက် ရုံးတက်ရုံးဆင်းဖြင့် မိုးချုပ်ရသည့် နေ့ရက်များကိုအပြောင်းအလဲမရှိကျော်ဖြတ်ရင်း သံပတ်ပေးထားသည့် စက်ရုပ်တစ်ရုပ်လိုလှုပ်ရှားနေရပါသည်။ ကိုယ်တိုင်က နှစ်သက်မက်မောစွာ ရွေးချယ်ခဲ့သည့်ဘဝဟုဆိုသော်လည်း တစ်ခါတစ်ရံ မိသားစု၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေသူငယ်ချင်းများအကြား တာဝန်မကျေသလို ခံစားမိပါသည်။ ဘယ်တုန်းကမှ အိမ်အကူမထားခဲ့တဲ့ကျွန်မတို့အိမ်တွင် မနက်စာ၊ နေ့လည်စာ၊ ညစာအားလုံးကို မေမေကပဲတာဝန်ယူထားပါသည်။ အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေးအားလုံးကတော့ ကျွန်မရဲ့တာဝန်ဖြစ်ပြီး၊ ခြံဝန်းအတွင်းသန့်ရှင်းရေးနှင့် အပင်များရေလောင်းခြင်းက ဖေဖေ့ရဲ့တာဝန်ဖြစ်ပါသည်။ အကိုတော်က အိမ်ထောင်ကျပြီး အိမ်ခွဲနေနေသောကြောင့် ဖေဖေရဲ့တာဝန်က ပိုများပါသည်။
ဒီတနင်္ဂနွေတစ်ရက်မှာတော့ ကျွန်မတို့မိသားစု မနက်စာကိုအပြင်ထွက်စားဖြစ်ပါသည်။ သွေးတိုးရှိတဲ့မေမေ့အတွက် ဆီ၊ အချိုမှုန့်မပါ အငံလျှော့ထားတဲ့ မြီးရှည်တစ်ပွဲမှာပေးပြီး စားစရာတွေစောင့်နေတုန်း ကျွန်မရဲ့မျက်လုံးက ခပ်လှမ်းလှမ်းက စားပွဲတစ်လုံးကိုရောက်သွားပါသည်။ ကျွန်မဖေဖေနဲ့ ရွယ်တူလောက်ရှိမယ့် ဦးလေးကြီးတစ်ယောက်က အသက် ၉ဝ လောက်ဟုမှန်းရမည့် အဖွားအိုတစ်ယောက်အား မုန့်ခွံ့ကျွေးနေသည့်မြင်ကွင်းပါ။ ဖေဖေကလည်းမြင်သွားပြီး “သမီးဖွားဖွားသာရှိရင် ဒီအရွယ်ပဲ” ဟုပြောပါသည်။ မေမေက “သိပ်ကြည်နူးစရာမြင်ကွင်းလေးပဲ၊ မေမေတို့မိဘတွေက အရွယ်ကောင်းတုန်းမှာ ဆုံးပါးခဲ့ကြတော့ ဒီလိုအခွင့်အရေးမျိုး မေမေတို့မရခဲ့ဘူး” တဲ့။ “မေမေတို့မရခဲ့တဲ့အခွင့်အရေး သမီးကိုပေးမယ်မဟုတ်လား၊ သမီးက ဖေဖေနဲ့မေမေကို တစ်လှည့်စီခွံ့ကျွေးမယ်လေ” လို့ ကျွန်မကပြောတဲ့အခါမှာ မေမေကပြုံးနေပါသည်။ ဖေဖေပြန်ပြောတာက “အဲဒီအနေအထားကိုရောက်ဖို့အတွက် အကြောင်းအရင်း (၃)ချက်လိုတယ် သမီးလေးရဲ့၊ (၁)အချက် ဖေဖေတို့အဲဒီအရွယ်အထိနေရမရ မသိနိုင်ဘူး၊ (၂)အချက်က ချစ်ခြင်းမေတ္တာ အဲဒါကိုတော့ဖေဖေတို့ယုံကြည်နိုင်ပါတယ်၊ ဖေဖေ့သားနဲ့သမီးအကြောင်းကို သိတာပေါ့၊ (၃)အချက်က ငွေကြေး၊ ဘဝမှာ စိတ်ချမ်းချမ်းသာသာနဲ့ မကြောင့်မကျနေနိုင်ဖို့ဆိုတာ ဥစ္စာဓနက အရေးကြီးတဲ့နေရာမှာရှိနေတယ်။ နောက်ထပ် နှစ်ပေါင်း ၃ဝအတွင်းမှာ ဘာတွေဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူးသမီး၊ ဖေဖေတို့က ကံကိုယုံကြည်ပြီး ဉာဏ်ကိုအားကိုးတာမို့ သိပ်အများကြီးမမျှော်လင့်ထားပါဘူး။ သားနဲ့သမီးကို ဒီအခြေအနေရောက်အောင် ပြုစုပျိုးထောင်ပေးနိုင်ခဲ့တာကိုပဲ ဖေဖေကကျေနပ်ဂုဏ်ယူနေတာကွ” တဲ့၊ ကျွန်မရင်ထဲမှာ ခေါင်းစဉ်တပ်ရခက်တဲ့ ခံစားမှုတစ်ခုဖြစ်သွားပါသည်။ တစ်လောလေးကပင် မေမေနေမကောင်းဖြစ်နေတဲ့အချိန်မှာ အလုပ်ကလွှတ်တဲ့ခရီးတစ်ခု သွားဖြစ်ခဲ့ပါသေးသည်။ ဖေဖေကကျန်းမာရေးလိုက်စားသည့်အပြင် ကျွန်မတို့မောင်နှမနဲ့ စားပွဲတင်တင်းနစ်ရိုက်နေကျ၊ ရောဂါမယ်မယ်ရရမရှိပဲ ပုံမှန်သောက်နေကျဆိုလို့ အားဆေးသာရှိပါသည်။ သာမန်အဖျားပဲဖြစ်တဲ့အပြင် ဖေဖေကအနားမှာရှိပြီး အိမ်ခွဲနေတဲ့အကိုဆရာဝန်ကလည်း အိမ်မှာပြန်အိပ်ပေးခဲ့တာမို့ ကျွန်မလည်းစိတ်ချလက်ချပဲသွားခဲ့ပါသည်။ အခုပြန်တွေးတော့ စိတ်မကောင်းပါ။ ကျွန်မ မိသားစုကိုပေးတဲ့အချိန်က အရမ်းနည်းနေပြီလား။ ကျွန်မအသံတိတ်သွားတာကို ရိပ်မိတဲ့မေမေက “သမီး လုပ်စရာရှိတာသာဆက်လုပ်၊ သမီးဘာတွေလုပ်နေလည်း ဆိုတာမေမေတို့သိတယ်၊ တစ်နေ့ မေမေတို့အနားမှာ သမီးတို့မနေနိုင်ရင်တောင် အဆင်ပြေတယ်။ မေမေက အနီးမှုန်ပေမယ့် ဖေဖေကအဝေးမှုန်တယ်လေ အပေးအယူမျှတယ်” ဟု ဟာသလုပ်ပါသည်။ ကျွန်မတို့အားလုံးရယ်မိကြပါသည်။ ကျေးဇူးတင်ပါတယ် ဖေဖေနဲ့မေမေ၊ ကျွန်မတို့ဘဝတစ်လျှောက်လုံးမှာ နှစ်ယောက်လုံးသစ္စာရှိရှိနဲ့ သာယာတဲ့မိသားစုလေးတစ်ခုကိုဖန်တီးပေးခဲ့တာကို ဂုဏ်ယူလို့မဆုံးပါဘူး။ ကျွန်မရင်ထဲမှာတော့ အသံတိတ်ကတိပေးနေပါသည်၊ ကျွန်မက ဖေဖေမေမေတို့ထက်အရင် ဒီလောကထဲကထွက်မသွားရဘူးဆိုရင် အဲဒီလိုအခြေအနေမျိုး သေချာပေါက်ရောက်လာမှာပါလို့ …..။
ကျွန်မ သတင်းစာဖတ်တိုင်း အမွေဆိုင်ဖို့တရားရုံးကဆင့်ခေါ်သည့်ကြော်ငြာ၊ သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်သည့်ကြော်ငြာများ နေ့စဉ်တွေ့နေရပါသည်။ မိဘများက သားသမီးများကို ငွေကြေးအကုန်အကျခံ၊ ပင်ပမ်းဆင်းရဲခံပြီး နိုင်ငံရပ်ခြားမှာ ပညာသင်စေသည်။ ပြန်လာတော့ အိမ်ထောင်ရက်သားကျပြီး မောင်နှမတွေအမွေလုကြသည်။ မိဘများအိုမင်းမစွမ်းဖြစ်တဲ့အချိန်မှ ဒုက္ခရောက်ကြသည် စသည့်သတင်းများလည်း ပတ်ဝန်းကျင်မှာ မကြာခဏကြားနေတွေ့နေရပါသည်။ ချွေးမနှင့်ယောက္ခမပြဿနာကလည်း မသေးလှပါ။ မိန်းမနှင့်အဆင်ပြေအောင်မပေါင်းနိုင်သည့်အမေအိုကို ပညာတတ်သားတော်မောင်မှ ဘိုးဘွားရိပ်သာကိုပို့သည်ကလည်းရှိပါသည်။ လူအများအသက်ကြီးလာလျှင် အထီးကျန်မှုကိုခံစားရခြင်း၊ စိုးရိမ်ကြောင့်ကျမှုများခြင်း၊ စိတ်ကျဝေဒနာခံစားရခြင်း၊ အားကိုးရာမဲ့နေသည်ဟု ခံစားရခြင်းများဖြစ်တတ်ပါသည်။ ဤသည်ကို သားသမီးများကနားလည်မပေးပဲ စကားအရာအားဖြင့်ညှင်းပမ်းနှိပ်စက်ခြင်းမျိုး၊ ငွေကြေးဆိုင်ရာအလွဲသုံးစားလုပ်ခြင်းမျိုးကို မကြာခဏတွေ့နေရပါသည်။ သားသမီးများနှင့် ပတ်ဝန်းကျင်က နားလည်စာနာစွာဖြင့် ကူညီစောင့်ရှောက်ပေးရန်လိုအပ်ပါသည်။
ယခုအခါမှာတော့ သက်ကြီးရွယ်အိုများပြုစုစောင့်ရှောက်သော ပရဟိတ လူမှုရေးအဖွဲ့အစည်းများပိုမိုများပြားစွာ ပေါ်ပေါက်လာပြီး လူအများလည်း စိတ်ပါဝင်စားစွာ ပါဝင်လာကြမည်ဟုမျှော်လင့်ရပါသည်။ ကျွန်မတို့လည်း တစ်ချိန်မှာ အိုရပါဦးမည်။ ဒီနေ့ခေတ်မှာ လူတိုင်းနီးပါးအချိန်ဆင်းရဲကြပါသည်။ ရတဲ့အချိန်လေးမှာ ကျန်းမာရေးလိုက်စားခြင်း၊ လူမှုရေးလုပ်ငန်းများမှာ ပါဝင်ဆောင်ရွက်ခြင်း၊ အိုစာမင်းစာအတွက်စုဆောင်းခြင်း၊ ဘာသာရေးအလေးပေးလိုက်စားခြင်းဖြင့် ဘဝနေဝင်ချိန်လှပဖို့ အခုကတည်းကပြင်ဆင်ကြပါစို့။ ။
65 comments
ဦးဦးပါလေရာ
April 29, 2012 at 9:55 am
အရွယ်ကောင်းစဉ်ကတည်းက အမျှော်အမြင်ရှိရှိနဲ့ပြင်ဆင်မထားရင် အိုလာတဲ့အခါ ဘာမှပြောင်းလို့ ပြင်လို့ စီမံလို့မရတော့ဘူး။ အရှိအတိုင်းကိုပဲ လက်ခံလိုက်ရတော့တယ်။
ဒီနေရာမှာတော့ အရှေ့တိုင်းရဲ့ ယဉ်ကျေးမှု့နဲ့ မိသားစုနေထိုင်ပုံဓလေ့တွေက အနောက်တိုင်းထက် နှာတဖျားမက ပြတ်ပြတ်သတ်သတ် သာလွန်တယ်။
ခက်တာက အဲဒီအရှေ့တိုင်းရဲ့ယဉ်ကျေးမှု့နဲ့ဓလေ့တွေကိုက နေဝင်ခါနီးပြီ….. 🙁
Moe Z
April 29, 2012 at 1:16 pm
ဟုတ်တယ် ဦးဦးပါလေရာ …
နိုင်ငံရပ်ခြားမှာနေကြတဲ့ မြန်မာအများစုက အသက်ကြီးလာရင် မြန်မာပြည်ကိုပြန်လာကြတယ်
ဒီကမိသားစုဓလေ့စရိုက်က ပိုပြီးနွေးထွေးတယ်၊
ဒါပေမယ့်အခုတစ်လော ကြားနေရတဲ့သတင်းတွေကြောင့်တော့ စိတ်မကောင်းဖြစ်မိပါတယ် 🙁
TTNU
April 29, 2012 at 10:27 am
ရွှေမိုးစက်ရေ…
တီချာမေမေ ငယ်ငယ်ကပြောဖူးတာလေးသတိရမိတယ်။
သားသမီး(၁၀)ယောက်ကိုမိဘက ကျွေးမွေးစောင့်ရှောက်နိုင်ခဲ့ပေမဲ့
ဒီသားသမီး(၁၀)ယောက်က မိဘ နှစ်ပါးကို ပြုစုစောင့်ရှောင်နိုင်ဖို့ ခက်တယ်တဲ့။
တီချာ့အမြင်တော့ နေဝင်ချိန်ကိုပြင်ထားဖို့ သားသမီးတွေကို ဒုက္ခမပေးချင်ပါဘူး။
ကိုယ်တိုင်ပြင်ကြရမှာပါ။ အချိန်တော့ ယူရမှာပေါ့လေ။
Moe Z
April 29, 2012 at 1:22 pm
တီချာရေ မိဘတွေက အဲဒီလိုပြောပေမယ့်
သားသမီးတွေရဲ့ ဂရုစိုက်စောင့်ရှောက်မှုကိုရရင် သိပ်ဝမ်းသာကြမှာပဲနော်
သမီးအမြင်တော့ သားသမီးတွေကို ဒုက္ခပေးတာမဟုတ်ပါဘူး …
အကြောင်းအမျိုးမျိုးကြောင့် မိဘနဲ့အဝေးမှာနေရတဲ့ သားသမီးတွေကတော့ ငွေကြေးထောက်ပံ့ရုံနဲ့ကျေနပ်နေရပါတယ်၊ မိဘနဲ့အတူနေရပြီး ပြုစုနိုင်တာ မဟာအခွင့်အရေးပါ၊
ကိုယ်တိုင်ကတော့ ကြိုပြီးပြင်ဆင်ထားရမှာပေါ့နော် ….
amatmin
April 29, 2012 at 12:46 pm
မိုးစက်ရေ..
အတွေးကောင်းကောင်းလေး ဖတ်ရလို့ ကျေးကျေးပါ..လို့
ဒီပို့စ်လေး ဖတ်မိတော့.ဆရာမကြီး နုယဉ် ရဲ့ ဇရာအိုတွေ ကိုအားဖြည့်ပေးတဲ့..
ကဗျာလေး တပုဒ်နဲ့ မန့်ပါရစေဗျာ…
ဇရာအိုတို့ ဇွဲသတ္တိ…
အိမ်သူရှင်မ အို.. ရှင်မ
လူ့ဘဝရတဲ့အခါ အသက်ရှည်စွာနေရပါ..။
ကျန်းမာစေရေး..ရည်မျှော်တွေး
အစာနှင့်ဆေး သင့်စွာပေး.။
လူ့ရေးတာဝန်များလှစွာ
တို့လည်းပါဝင်ဆောင်ရွက်မှာ.။
ဇရာမှန်ဘိ စွမ်းအားရှိ
စေတနာမွန် ချွန်ပါဘိ.။
အိုသည့်တိုင်အောင် ဇွဲကိုဆောင်
လူ့ဘောင်ကောင်းဖို့ ကြိုးပမ်းစို့
ကမ္ဘာလူသား ချမ်းသာဖို့.။
Moe Z
April 29, 2012 at 1:27 pm
ကိုအမတ်မင်းရေ
ကဗျာလေးနဲ့အားဖြည့်ပေးတာ ကျေးဇူးပါနော်
အရင်က အသက်ကြီးတဲ့သူတွေအလုပ်လုပ်နေရတာမြင်ရင် စိတ်မကောင်းဖြစ်မိတယ်
ဒါပေမယ့်အခုတော့အတွေးပြောင်းသွားပြီ အဲဒီလိုအလုပ်ရှိနေတာကပဲ သူတို့အတွက်အားဖြစ်နေတာလို့ …
blackchaw
April 29, 2012 at 1:30 pm
တူမတော် မိုးစက် ။
ငယ်ရွယ်ပေမယ့်
တွေးတဲ့အတွေးလေးတွေက လှပ။
ဘဝရဲ့နေဝင်ချိန်ကိုရောက်နေသူတွေအတွက် စာနာနားလည်စိတ်နဲ့
ရေးတဲ့ပို့စ်လေးအတွက်
ဘဘဘလက်က ဝမ်းမြောက်စွာ သာဓု ခေါ်သွားပါတယ်ဗျာ။
သာဓုသာဓုသာဓုပါ မိုးစက်ရေ။
blackchaw
April 29, 2012 at 1:31 pm
လက်မလေး တစ်ချောင်းထောင်ခဲ့တာ မေ့သွားလို့ …။ ဟီး။
ဗိုက်ကလေး
April 29, 2012 at 1:38 pm
ကျနော်လဲ သာဓုခေါ်ပြီး လက်မလေးတစ်ချောင်း ပြေးထောင်ခဲ့ပါတယ် ဘဘကြီးခင်ဗျ
Moe Z
April 29, 2012 at 1:40 pm
ကျေးဇူးတင်ပါတယ် ဘဘ ဘလက်ရေ
အခုငယ်သေးပေမယ့် တစ်ချိန်မှာအိုရဦးမှာပဲလေ
အသက်ရှည်ရှည်နေရရင်ပေါ့ 🙂
FattyCat
April 29, 2012 at 1:31 pm
အရှိကိုအရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်းပြောမယ်နော်….
မိဘတွေအသက်ကြီးရင် စောင့်ရှောက်ရမှာက သားသမီးတွေတာဝန်…
သားသမီးဆိုတဲ့လူတွေမှာလဲ စောင့်ရှောက်ဖို့ စီးပွားရေး၊ လူမှုရေးတွေက အခွင့်အရေးပေးဦးမှပေါ့လေ…
အဲဒီလိုအခွင့်အရေးတွေမရတဲ့ သားသမီးတွေကျပြန်တော့ ကျေးဇူးမသိတတ်တဲ့လူတွေလို့ အပြောခံရဦးမှာ…
မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးကို စနစ်တကျတော့လုပ်သင့်နေပါပြီ…
ခင်တဲ့-
ကြောင်ဝတုတ်
Moe Z
April 29, 2012 at 1:55 pm
မှန်ပါတယ် ကိုကြောင်ဝတုတ်ရေ
(မြန်မာနိုင်ငံမှာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးကို စနစ်တကျတော့လုပ်သင့်နေပါပြီ)
အခုလည်း အရင်ကထက် လူတော်တော်များများက လူမှုရေးလုပ်ငန်းတွေကို စိတ်ဝင်စားလာကြပါပြီ စနစ်တကျဖြစ်ဖို့တော့ ကာလတစ်ခုတော့စောင့်ရဦးမယ်ထင်ပါရဲ့ ..
မိဘတွေကိုစောင့်ရှောက်ဖို့က သားသမီးတွေရဲ့တာဝန်ဆိုပေမယ့် ဖေဖေပြောသလို အချက်(၃)ချက်ကလည်း လိုသေးတယ်နော်
အဲဒီ ၃ ချက်လုံးပြည့်စုံနေရဲ့နဲ့ မဆုံးနိုင်တဲ့ဆင်ခြေတွေနဲ့ လျစ်လျူရှုနေတဲ့သူတွေကလည်း အများသားရှင့်၊ တတ်နိုင်သလောက်ပေါ့ရှင် တော်တော်များများက ကိုယ့်သားသမီးငတ်မှာ မကြည့်ရက်လို့ မိဘကိုမျက်ကွယ်ပြုနေရတာကိုးနော် ..
ဗိုက်ကလေး
April 29, 2012 at 1:35 pm
ဂျီးဒေါ်တို ့ နွေးထွေးတဲ့ မိသားစုအတွက် ၊ မိဘကောင်း သားသမီးကောင်းလေးတွေအတွက် ခုလို မြင်ရကြားရတာ ဝမ်းသာမိပါတယ်ဗျာ..။
အသက်အရွယ်ကြီးလာတဲ့အခါ ဆွေမျိုးသားချင်းတွေနဲ ့ နွေးထွေးစွာ နေချင်ကြပါတယ်…..
အဓိပ္ပါယ်ရှိရှိ သေသွားနိုင်ဖို ့အတွက် ဒီလို သိုက်သိုက်ဝန်းဝန်း ရှိပေးဖို ့လိုအပ်တယ်ဗျ
သို ့ပေမဲ့..ခက်၏ပေါ့ဗျာ..
ကျနော်တွေ ့ဖူးတာ..
တိုက်ခန်းတစ်းထဲမှာ အဘိုးကြီးတစ်ယောက်ကို တစ်ပတ်တစ်ခါလောက် ငွေလာပေးပြီး ပစ်ထားတာရှိတယ်ဗျာ..
အဘိုးကြီးခမျာ အိမ်ပေါက်ဝမှာ ကုလားထိုင်ပေါ် တစ်နေကုန် ငုတ်တုတ်ထိုင်ပြီး အကူအညီလိုရင် လမ်းက ဖြတ်သွားတဲ့လူတွေကိုပဲ
မျက်နှာငယ်နဲ ့ ကူညီခိုင်းနေရတယ်..
စိတ်မကောင်း..စိတ်မကောင်း..
ကျုပ်လဲ နေဝင်ချိန် လှချင်ပါသေးရဲ့ဗျာ..
Moe Z
April 29, 2012 at 2:00 pm
ဘဘ ဗိုက်ကလေးရေ ကျေးဇူးပါ ..
ဘဝနေဝင်ချိန်လည်း လှပပါစေနော
သားသမီးတွေအိမ်ထောင်ပြုရင်လည်း အိမ်ထောင်ဘက်အရွေးမှန်ပါစေ ..
မဟုတ်ရင် ချွေးမနဲ့အဆင်မပြေဖြစ်ပြီး စိတ်ဝေဒနာရှင်လို့ စွပ်စွဲခံရင် ရွာသာကြီးရောက်သွားလိမ့်မယ် 😀
kohtet
April 29, 2012 at 1:51 pm
လွန်ခဲ့တဲ့တစ်ပါတ်လောက်ကကျွန်တော့်အဘိုးကွယ်လွန်ခဲ့ပါတယ်။
အသက်က ၈၆ နှစ်။ ကွယ်လွန်မယ်ဆိုတာ ၆ လလောက်ကတည်းကကြိုသိရပါတယ်။
အဘိုးကွယ်လွန်ကာနီးတော့ပတ်ဝန်းကျင်ကအသိမိတ်ဆွေတွေကပြောတယ်ကျွန်တော့်
အဖေကမိဘကိုအလုပ်အကျွေးပြုတယ်၊မိဘကျေးဇူးဆပ်နိုင်ခဲ့တယ်၊တာဝန်ကျေတယ်တဲ့။
အဘိုးကိုမီးသဂြိုလ်တဲ့နေ့ကြတော့လည်းအဖေကဝမ်းနည်းနေတာကလွဲပြီးတခြားရုပ်ပျက်ဆင်းပျက်
ဖြစ်တာမတွေ့ရဘူး။မေးကြည့်တော့မသေခင်မှာအားရပါးရပြုစုပြီးပြီတဲ့။သေမှတော့ငိုနေလဲအပိုပဲတဲ့
မင်းတို့တွေလဲမိဘကိုမသေခင်သာလုပ်ကျွေးကြဖို့စဉ်းစားကြတဲ့သေမှငိုနေရင်အလကားပဲတဲ့။
ကိုယ့်အလှည့်ကြတော့လည်းမသေခင်အားရပါးရအလုပ်အကျွေးပြုချင်သား။
တစ်ကယ်ဆိုကျွန်တော်တို့သားသမီးတွေကအဖေနှင့်အမေသားဗိုက်ထဲလာချင်တယ်ဆိုပြီးပူဆာလို့ရသည်မဟုတ်။မိဘတွေခေါ်လို့လာရတာဘုမသိဘမသိနဲ့။
သူတို့ကလည်းချစ်လို့မွေးကြသည်မဟုတ်၊မွေးပြီးမှတာသူနဲ့တူတယ်ငါနဲ့တူတယ်ဆိုပြီးချစ်ကြတာလဲ။အဲဒီတော့မိဘတွေကိုအနည်းလေး အသက်(၃၀) လောက်အထိ
တော့ဒုက္ခပေးရရင်ကောင်းမလားမသိဘူး။ဒါပေမယ့် သူတို့မဆုံးခင်ကိုယ်ဂန့်သွားလို့ကတော့သေပြီဆရာပဲ
moe z ရေ။
Moe Z
April 29, 2012 at 2:08 pm
ကိုထက်ရေ ဝင်ဖတ်ပေးတာကျေးဇူးတင်ပါတယ် 🙂
မိုးစက်ရဲ့အမြင်ကတော့ အဖေလုပ်သူရဲ့အယူအဆကိုထောက်ခံပါတယ်
ကိုထက်ပြောသလို သားသမီးတွေက ပူဆာလို့လူ့လောကထဲရောက်လာတာမဟုတ်ပေမယ့်ပေါ့နော် 🙂 သူတို့တာဝန်သိတတ်လို့
မိဘမဲ့ဂေဟာမှာ မကြီးပြင်းခဲ့ရတာကို ကျေးဇူးတင်သင့်တာပေါ့ မဟုတ်ဘူးလား
ပညာတွေလည်း သင်ပေးခဲ့တယ်လေ
ကျေးဇူးမဆပ်နိုင်ခင် ကိုယ်ကအရင်သွားလိုက်ရရင်တော့ ဘာမှမတတ်နိုင်ဘူးပေါ့ ..
MaMa
April 29, 2012 at 2:17 pm
ဆရာမလေး မိုးစက်ရေ-
လှပတဲ့ အရေးလေးနဲ့ ကောင်းမွန်တဲ့ အတွေးလေးကို ပေးစွမ်းနိုင်ပါပေတယ်။
လူငယ်တစ်ယောက်အနေနဲ့ လူကြီးတွေရဲ့ နေဝင်ချိန်ကို ကိုယ်ချင်းစာစိတ်နဲ့ ခံစားပေးနိုင်တာကိုလည်း ဝမ်းသာကြည်နူးမိပါတယ်။
လူတကိုယ် ကံတမျိုးမို့ အကောင်းဆုံးတွေကို မျှော်လင့်ပြီး အဆိုးဆုံးတွေကို ရင်ဆိုင်နိုင်အောင်လည်း ပြင်ဆင်ထားရတာပါပဲ။
Moe Z
April 29, 2012 at 3:04 pm
အားပေးတာကျေးဇူးပါမမရေ …
လူတစ်ကိုယ် ကံတစ်မျိုးဆိုတာကိုလက်ခံပါတယ်
ဒါကြောင့်လည်း မိုးစက်ရဲ့မိဘတွေကံကောင်းဖို့ မျှော်လင့်မိပါတယ် ..
ဆူး
April 29, 2012 at 2:39 pm
မိုးစက်ရေ.. သားသမီး ဆီက ပြုစုမှု ခံယူရတယ် ဆိုတာလည်း ကံ အကျိုးပေး တခုလို့ မြင်မိတယ်။
ဆူး အဖေ မဆုံးပါးခင်တုန်းကလည်း ၂နှစ်ခွဲလောက် အနီးကပ် ပြုစုပေးရတယ်။
အဖေ ကို ပြုစု ထားခဲ့ဖူးလို့ အသက်ကြီးတဲ့ လူတွေကို စာနာတဲ့ စိတ်တွေ အရမ်းဖြစ်မိတယ်။ သူတို့ငယ်တုန်းက သန်မြန်ခဲ့စဉ်က အရာရာ လုပ်နိုင်ခဲ့ပေမဲ့ မလုပ်နိုင်တဲ့ အခါ စိတ်ဓါတ်ရေးရာမှာ အများကြီး သိမ်ငယ်မှုတွေ ဖြစ်ပြီး အရာရာ စိတ်အလိုမကျနိုင်တာတွေ စိတ်ကျရောဂါ လိုမျိုး ဖြစ်လာနိုင်တတ်ပါတယ်။
အသက်ကြီးတဲ့ လူတွေ ကို စောင့်ရှောက်တဲ့ ဂေဟာတွေကတော့ ကောင်းပါတယ်။ အခု လူတွေက တချို့ တော်တော် စိတ်ဓါတ်ရေးရာ တော်တော် နိမ့်ကျတဲ့ လူတွေ တွေ့ဖူးတယ်။ ဥပမာ သူနာပြုတွေ.. သူ့ အလုပ်က လူမမာတွေကို ပြုစု စောင့်ရှောက်ဖို့ပါ။ သူကြည့်တဲ့ လူနာ သေသွားလို့ ဝမ်းမနည်းပဲ ပျော်နေတာ မြင်ဖူးတယ်။ အိမ်နားမှာ သူနာပြုတွေ အငှားနေကြတာများတော့ သူတို့ နဲ့ နီးစပ်ပြီး သူတို့ ပြောသံတွေ အများကြီး ကြားနေရတယ်။ စိတ်ဓါတ်ရေးရာ ကောင်းတဲ့ လူမျိုးတွေ များများ မွေးထုတ်ပေးဖို့ လိုတယ်လို့ ထင်တယ်။ လိုရာ ဆွဲပြီး ပြောသွားလိုက်တာ.. သူများ အတင်းတွေ ရောက်ကုန်ပြီနော်..
ဆူး
April 29, 2012 at 2:45 pm
အမှန်တော့ အသက်ကြီးတဲ့ လူတွေက အသက်ကြီးလာတယ် ဆိုပေမဲ့ သူတို့ ငယ်စဉ်က လုပ်နေကျ အလုပ်တွေ လုပ်ဖို့ အမြဲ ကြိုးစားတယ်။
ဥပမာ တချို့ဆို အသက် ၇ဝ ကျော် အရွယ် အထိ သစ်ပင်တက်တယ် ကြားမိပါတယ်။
တချို့ကျတော့ အသက် ၉ဝ လောက် အထိ ထင်းခွဲ ပါတယ်။
ဆူး အထင်တော့ လူကြီးတွေက အသက်ကြီးလာတော့ လူငယ်တွေက ပေးမလုပ်ပဲ သူတို့ကို ဒီတိုင်း ထားတာဟာ အလွန် အထီးကျန်ဆန်စေလို့ ဖြစ်လိမ့်မယ် ထင်တယ်။ သူတို့ရဲ့ အားလပ်ချိန်တွေကို တနေ့ တနေ့ အတိတ်က ကိစ္စတွေ အမြဲတွေးပြီး စမြုံ့ပြန်ပြီး အဘိုးကြီးဆို အဖွားကြီးကို လွမ်း.. အဘွားကြီးဆို အဘိုးကြီးကို လွမ်း.. အဲလို တွေ ဖြစ်ကုန် ကြတာ ထင်ပါတယ်။
အဲဒါကြောင့်လည်း တရုတ်တွေက အသက်ကြီးလာရင် မှတ်ဉာဏ် မလျော့အောင် မာကျောက် ကစားခိုင်းကြတယ်။
မြန်မာတွေကတော့ အသက်ကြီးလာရင် စိတ်ပုတီးလေး ဆွဲပြီး ရိပ်ကြီးခို ဆိုပြီး ပြောကြပါတယ်။
အမှန်တော့ အသက်ကြီးတဲ့ လူတွေ ရိပ်ကြီးခိုတာ တရားအားထုတ်နိုင်တာ မထုတ်နိုင်တာ အပ ထားပေါ့လေ.. သူတို့ အရွယ် တူရာ တူရာ စုမိတော့ မပျင်းရအောင် စကားလေးပြော သားအကြောင်း ကြွား သမီး အကြောင်း ကြွားရင်းနဲ့ သူတို့ စိတ်ရဲ့ ထွက်ပေါက် နေရာလေး ဖြစ်သွားမယ် ထင်တယ်။
နောက်ပိုင်း ခေတ်မှီတဲ့ အဘိုးကြီး အဘွားကြီးတွေ ဆိုရင်တော့ အင်တာနက် တက်ပေးပြီး ကွန်ပြူတာ တလုံးနဲ့ ရွာထဲသာ ဝင်ပြီး လှည့်ခိုင်းလိုက်ပါ.. သူတို့ အဆင်ပြေသွားလိမ့်မယ် ထင်တယ်။ ဟိဟိ။
Moe Z
April 29, 2012 at 3:07 pm
မမဆူးရေ
ကံကိုယုံကြည်ပေမယ့် ဉာဏ်ကိုအားကိုးရမှာနော် …
တတ်နိုင်တဲ့သားသမီးတွေရှိပေမယ့် ကိုဗိုက်ကလေးပြောသလို ဂရုစိုက်မယ့်သူမရှိ အထီးကျန်နေတဲ့ ဘိုးဘွားတွေခမျာ သနားစရာ .. အဲဒီသားသမီးတွေကရော အဲဒါအဖေ့ရဲ့ကံပဲလို့ပြောထွက်ကြလားမသိ
မမဆူးပြောသလို စိတ်ဓာတ်ကအရေးအကြီးဆုံးပါ ကိုယ်တိုင်ကစိတ်မပါရင်တောင်မှ ဝတ္တရားတစ်ခုအနေနဲ့တောင် တာဝန်မကျေချင်တဲ့စိတ်ဓာတ်တွေပါ
အသက်ကြီးတဲ့သူတွေအနေနဲ့ အလုပ်တစ်ခုခုရှိနေတာကောင်းပါတယ် အနည်းဆုံးတော့ စိတ်ကျဝေဒနာမခံစားရဘူးပေါ့ …. သားသမီးတွေက ဘာမှမလုပ်ခိုင်းဘူးဆိုရင်လည်း ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း တစ်ခုခုတော့လုပ်သင့်ပါတယ် ။။
အသက်ကြီးရင် စိပ်ပုတီးနဲ့ ရိပ်ကြီးခိုဆိုတာက အင်း .. ဘယ်လိုပြောရမလဲ
မိုးစက်အမြင်တော့ အသက်ကြီးမှ တရားဘာဝနာအားထုတ်မယ်ဆိုတာကို သဘောမကျဘူး
တရားဓမ္မရဲ့အနက်က နက်နဲကျယ်ပြန့်တယ် … ငယ်ရွယ်တုန်း ဉာဏ်ထက်တုန်းမှာ အားမထုတ်ပဲ မှတ်ဉာဏ်တွေ ထုံထိုင်းကုန်မှ လုပ်မယ်ဆိုရင်နောက်ကျသွားပြီ
ရိပ်သာမှာ တရားဟောတဲ့အချိန် ရှေ့ဆုံးမှာထိုင်ငိုက်နေတဲ့ ဘိုးဘွားတွေကို မြင်ခဲ့ရတယ်လေ 🙂
ဆူး
April 29, 2012 at 3:03 pm
အသက်ကြီးတဲ့ လူတွေ တရားအားထုတ် သင့်တယ် ဆိုတာ ငယ်တုန်းက မလုပ်ထားရင် အသက်ကြီးမှ လုပ်ရင် စိတ်တွေ ဂဏာမငြိမ်ပါဘူး။ တရားအားထုတ်လို့ အဆင်မပြေနိုင်တာတွေ များစွာ ရှိပါတယ်။
ဒါပေမဲ့ သေချာတာတခုကတော့ အသက်အရွယ် ကြီးတဲ့ အခါမှာ တရားနဲ့ နီးစပ်ရင်တော့ သားသမီးတွေ မထီမဲ့မြင် ပြောဆို လာတာတွေကို သည်းခံနိုင်တဲ့ စွမ်းအား များလာမယ်။ စိတ်ဓါတ် မာန်မကျလည်း မာန်ကျရမဲ့ အရွယ်ရောက်တော့ မာန်ကျရမယ်ဆိုတဲ့ အသိ နဲ့.. တရားက ပေးတဲ့ အသိနဲ့ ပေါင်းတော့ သည်းခံ စွမ်းရည် ထက်မြက်ပြီး လောကကြီးကို အပြစ်မြင်စိတ်နည်းသွားလိမ့်မယ် အရာရာကို အပြစ်မြင်နေရင် နေရတာ မပျော်နိုင်ဘူး အပြစ်မြင်စိတ်နည်းရင် အလိုလို ကျေနပ် ရောင့်ရဲ တင်းတိမ်ပြီး အဆင်ပြေလိမ့်မယ်လို့ တွေးမိပါတယ်။ အဲလိုမှ မာန်မကျနိုင်ရင် စိတ်ကျ ရောဂါ ဖြစ်လာနိုင်ပါတယ်။ အသက်ကြီးတဲ့ လူတွေ တရား အားမထုတ်သင့်ဘူး လို့ မပြောဘူးနော်.. တရားအားထုတ်ဖို့ ဉာဏ်ရည် နည်းသွားတဲ့ အချိန် ဖြစ်နေလို့.. တရားနဲ့ နီးစပ်စွာ နေနိုင်ရင်တော့ ဘဝ က ပိုပြီး သက်တောင့် သက်သာဖြစ်လာမယ်.. တနည်းအားဖြင့်.. စိတ်ဓါတ်ရေးရာ ပြင်ဆင်တတ်လာမယ်။ မကြာခင် နေ့လား ညလား မသိတဲ့ အချိန်ကို မတုန်မလှုပ်ဖြတ်သန်းနိုင်မယ်။ အသက်ကြီးလာတဲ့ လူတွေ ပို သိလာကြပါလိမ့်မယ် ဘဝမှာ ဘယ်လောက် အောင်မြင်မှု ရခဲ့ ရခဲ့ အဲဒါတွေအားလုံးက အလကားပဲ.. သေရင် ဒါတွေ နဲ့ မပတ်သတ်တော့ဘူး.. သေမင်း အခေါ်ကို နေ့နေ့ညည စောင့်ဆိုင်းရတဲ့ တုန်လှုပ်မှု.. အသက်အရွယ်အရပဲ ပြောပြော သေမင်း က နေ့လာ မလား ည လာမလား ဆိုတဲ့ အသိကြောင့် ငယ်ရွယ်တုန်းကလို အိပ်ကောင်းခြင်း မရှိတော့ဘူး။ အိပ်ပျော်လိုက် နိးလိုက်.. နိုးတဲ့ အခါ အိပ်နေတဲ့ အိပ်ယာကို မြင်တဲ့ အခါ ငါမသေသေးဘူး ဆိုတဲ့ အသိကလေးနဲ့ အတိတ်အကြောင်း ဟိုတွေး ဒီတွေးတွေ ဖြစ်လာတယ်။ လူက ငြိမ်နေပေမဲ့ စိတ်က မငြိမ်တော့ဘူး တွေးတာ များလေ အိပ်မပျော်လေ ဖြစ်တော့ အိပ်ဆေးနဲ့ နှစ်ပါးသွားရတဲ့ ဘဝ ဖြစ်လာ ကြမယ်။ တရားမှတ်တယ် ဆိုတာ အတွေးတွေ အားလုံးကို ရှင်းလင်းအောင် လုပ်တာပါ။ အတွေးတွေ များပြီး အိပ်မရတဲ့ အချိန်တွေ မဖြစ်ရတော့ဘူး။
တကယ်တမ်း တွေးကြည့်ရင် အသက်ကြီးတဲ့ လူတွေ က အရမ်းသနားဖို့ ကောင်းပါတယ်။ သူတို့ ငယ်စဉ်က ခွန်အားတွေကြီးမားသလောက် အခု ခွန်အားတွေ နည်းသွားမယ်။ အသက်ကြီးတဲ့ လူတွေ အတွက် စိတ်ဓါတ်ပြင်ဆင် နိုင်ဖို့ နွေးထွေးတဲ့ မိသားစု ဘဝ အပြင် တရားအားထုတ်ဖို့လည်း လိုပါကြောင်း အကြံပြုသွားပါတယ်။ ဘွားဘွား မိုးစက်ရှင့်။
ကိုယ်နဲ့ အသက်နီးစပ်တော့ အသက်ကြီးတဲ့ လူတွေ အကြောင်းပြောရင် မနေနိုင်ဘူး။ ဟိဟိ..
ဝင်ပြောတာ များနေပြီနော်.. နောက်မှ သူများပြောတာတွေ ဖတ်ပြီး ဝင်ဆွေးနွေးမယ်။
ရောင်ခြည်ခ
April 29, 2012 at 3:10 pm
မိုးစက်ရေ.. ကျနော်လည်း အခုထိ မိဘနှစ်ပါးကို မပြုစုပေးနိုင်သေးဘူး၊ မိဘနဲ့ဝေးနေတဲ့ နေရာမှာပဲ နေနေရသေးတယ်၊ မိုးစက်စာလေးဖတ်ပြီး အချက် (၃) ချက်နဲ့ ညီနိုင်မလားလို့ စိတ်ပူမိတယ်၊ အခုထိတော့ မညီနိုင်သေးဘူးဖြစ်နေတယ်..
Moe Z
April 29, 2012 at 4:00 pm
မရောင်ခြည်ခရေ လူမှုပတ်ဝန်းကျင်လှပဖို့အတွက်
အတတ်နိုင်ဆုံးကြိုးစားကြတာပေါ့ …
kai
April 29, 2012 at 3:20 pm
Zမမအလှည့်ကျ. ဘယ်သူခွံ့ကြွေးမလည်းဟင်င်..
ကျုပ်ကမိဘဖြစ်နေပြီဆိုတော့.. မိဘမေတ္တာကို အဲလိုနားလည်နေမိတယ်..
ကျုပ်သမီးကိုတော့.. အိမ်မှာခေါ်မထားပါဘူး.. အရွယ်ရောက်ရင်.. အရွယ်မလင့်ခင် ယောကျာ်းမြန်မြန်ယူခိုင်းမှာ..
သူ့ဘဝကို..သူ့သားသမီးတွေနဲ့.. သူ့မိသားစုနဲ့. ဖြတ်ခိုင်းမှာ…
… စုန်ရေပဲ..။
ဆူး
April 29, 2012 at 3:32 pm
ဆူး ပြောတဲ့ ကွန်ပြူတာ တလုံး နဲ့ ရွာလှည့်နေမဲ့ အဘိုးကြီး မိုးစက်ရေ တွေ့လား..
Moe Z
April 29, 2012 at 4:03 pm
ကံဆိုတာမမြင်နိုင်ဘူးလေသဂျီးရယ်
နောက်ထပ် နှစ်ပေါင်း ၃ဝဆိုရင် မိုးစက်အသက် ၅ဝကျော်ပြီ
ဘယ်နေရာမှာ ဘာဖြစ်နေမယ်မသိဘူး
မိုးစက်မိဘတွေကလည်း အိမ်ထောင်ကျသွားတဲ့သားသမီးကို
အိမ်မှာအတင်းခေါ်မထားပါဘူး 😀
မိုးစက်ကျန်းကျန်းမာမာရှိနေခဲ့ရင် မိဘတွေကလည်း သက်ရှိထင်ရှားရှိနေသေးရင်တော့ အနားမှာခေါ်ထားမှာပဲ
ကိုယ့်အလှည့်အတွက်တော့ ကိုယ့်ဘာသာပြင်ဆင်ရမှာပေါ့
ကိုယ်ကဒီလိုလုပ်ပေးလို့ ဒီအတိုင်းပြန်ဖြစ်မယ်လို့မမျှော်လင့်ပါဘူး …
စကားမစပ် နာမည်မှာ ဝစ္စနှစ်လုံးပေါက်လေး ဖြုတ်ပေးပါလားဟင်င်င် …
kai
April 30, 2012 at 12:52 am
အမ်..
အသက်၂ဝကျော်လေးနှစ်ပါတ်လည်လို့ မထင်လိုက်ဖူး..
ထားပါတော့…
မိဘတွေကိုကျေးဇူးဆပ်တာဟာ.. ကိုယ်တိုင်ကမိဘဖြစ်အောင်လုပ်ပြီး မျိုးရိုးဆက်.. ထိမ်းသိမ်းပေးသွားတာပဲလို့.. သိစေချင်တာပါ..။
မမြင်နိုင်တဲ့ကံကို.. ဘာရည်ရွယ်ပြီး.. တွေးတောစဉ်းစားနေမလည်း.
ပစ်ထားလိုက်ပြီး.. ကိုယ်လက်နဲ့လုပ်နိုင်တာလေးတွေလုပ်ပေါ့.။ 😆
ဆ်ိုတော့.. စာလုံးလည်းမကြိုက်ဖူးထင်လို့ပြင်ပေးလိုက်ပါတယ်နော..
အင်္ဂလိပ်နဲ့..ယူအက်စ်က.. အသံထွက်မတူဘူးလေ..။
Z (named zed /ˈzɛd/ or zee /ˈziː/)[1] is the twenty-sixth and final letter of the ISO basic Latin alphabet.
Moe Z
April 30, 2012 at 8:16 am
After 30 years from now, Thagyi and 2 of his friends 🙂
Three retirees, each with a hearing loss, were taking a walk one fine March day.
One remarked to the other, “Windy, ain’t it?”
“No,” the second man replied, “It’s Thursday.”
And the third man chimed in, “So am I. Let’s have a coke.”
just kidding
နောက်တာပါ သဂျီးရယ် မိုးစက်နာမည်လည်း ဒီရွာထဲရောက်မှ ရစရာကိုမရှိတော့ပါဘူး ကြိုက်သလိုသာခေါ်ကြပါတော့ 😐
Onyx
April 29, 2012 at 8:12 pm
ကောင်းလိုက်တာ ကိုယ်တွေ့ ဆိုတော့ အတော်လေးကို ပညာ ယူစရာလေးပါ “မိဘကို စိတ်ချမ်းသာအောင်ထားတဲ့ သားသမီးတွေက ဘယ်တော့မှ ဘေးမတွေဘူးတဲ့ ” အဘွာ း ရှိစဉ်က ပြောပြ ဆုံးမခဲ့ တာလေးပါ။
Moe Z
April 30, 2012 at 8:27 am
ပညာပေးတာမဟုတ်ရပါရှင့်
ကိုယ့်အတွက် ပြင်ဆင်ရမယ်ဆိုတဲ့ သတိလေးတစ်ချက်ဝင်သွားရင်ကို
ကျေနပ်ပါတယ် အားပေးတာကျေးဇူးပါနော် …
surmi
April 29, 2012 at 8:33 pm
ကျုပ်ကလည်း မကြာခင်နေဝင်တော.မှာဆိုတော. …..အင်း ….ကျောတော.ချမ်းမိသား …။
ခက်တာက သားသမီးဆိုတာကလည်း ထီထိုးရသလိုဘဲလေ ..။ ခုချိန်မှာ ကိုယ်က သူတို.ကိုအချိန်ပေး
ပေမဲ. ၊ သူတို.အလှည်.မှာ အလုပ် ၊ ပညာရေး ၊ ဘာဘာညာညာ အရေးတွေနဲ. ကျုပ်တို.ကဘေးထိုင်ရမှာ ။
ဒီအဖိုးကြီးဘာမှမသိပါဘူး ဆိုပြီး မတူညီတဲ.ခေတ်ရေစီးမှာ ကျုပ်တို.လှေမှောက်ရဦးမှာ ။
ကြိုပြီးတွေးထားပါရဲ.ဗျာ ….။ နောက်ဆုံးတော. ငြိမ်းချမ်းသောရင်ခွင်က သတိပဌန် ကမ္မဌန်းပဲ လေ ….
အင်း ……အာစိန္နကံ ….အာစိန္နကံ …..ဒါတွေလိုနေသေးရဲ. …..။
Moe Z
April 30, 2012 at 8:34 am
ကိုဆာမိရေ ..
မိမိကိုယ်သာကိုးကွယ်ရာပါနော် .. ကိုယ်တိုင်ပဲကြိုတင်ပြင်ဆင်ထားတာ စိတ်အချရဆုံးပါပဲ အခုခေတ်လူငယ်တွေကလည်း မဆုံးနိုင်တဲ့ပညာရေး၊ အလုပ်ဝတ္တရားတွေနဲ့ မနားရဘူးရှင့် စိတ်ရှိရင်တောင် မိဘအနားနေဖို့အခွင့်အရေးက နည်းပါးတယ်
အချိန်ရှိခိုက် လုံ့လစိုက်ပြီး KTV သွား အဲ ယောင်လို့ တရားဓမ္မနဲ့ပျော်မွေ့ဖို့ကြိုးစားတာ အကောင်းဆုံးပါပဲလို့ 🙂
ကိုအံစာတုံးရေ ကျေးဇူးတင်ပါတယ် 🙂
မဟာရာဇာ အံစာတုံး
April 29, 2012 at 9:29 pm
ဘာမှတော့ ပြောနေတော့ပါဘူးဗျာ ..
လက်မ တစ်ချောင်းထောင် အားပေးသွားပါတယ် .. လို့ ..
Swal Taw Ywet
April 30, 2012 at 1:12 am
Dear Brother, ကိုမိုးဂုတ်,
Very good writing. So……… Bravo.
Please let me copy from my MG brothers-
လက်မ တစ်ချောင်းထောင် အားပေးသွားပါတယ် ..
လူမှုပတ်ဝန်းကျင်လှပဖို့အတွက်
အတတ်နိုင်ဆုံးကြိုးစားကြတာပေါ့ …
🙂 ( Do you translate my words? ) 🙂
Let’s try our best for our mother land.
With respect,
Swal Taw Ywet.
Moe Z
April 30, 2012 at 9:17 am
Thank you sis;
This is the first comment of you on my post, isn’t it?
Let’s try our best and get our goal!
(I’m weak in translating) 😀
surmi
April 30, 2012 at 1:59 am
အမှန်တော. ဒီလိုပါ ……
နေဝင်ချိန်အတွေးဆိုတော.
” ဆေးလိပ်လည်းတို ၊ နေလည်းညိုပြီ ၊ငါ.ကိုပြန်ပို.ကြပါတော. ”
“ခေါင်းလောင်းသံချို ၊ နေမညိုခင် ၊ ကျောင်းကိုပြန်ခဲ.အချစ်ေရေ ….”
“နေလုံးနီနီ ၊ ညနေစောင်းတော. ၊ မေမေ.ကျောင်းကိုသွားရမယ် …”
ဒီလိုဒီလို ဘာညာတွေဝင်ပွားမယ်ဆိုပြီး … ဖတ်လည်းပြီးရော ….. ကျုပ်ဘဝရဲ.နေဝင်ချိန်ကို
ကြိုပြီးပြင်ဆင်ရမှာပါလားလို. ကြောက်ကြောက်နဲ.ဘဲ ….သဘောပေါက်သွားပါတော.တယ် ……။
ကြောင်ကြီး
April 30, 2012 at 3:29 am
မိုးစက်လေးမှာ ဖေဖေနဲ့မေမေ နှစ်ယောက်စလုံး ရှိနေသေးတော့ ဘယ်လိုလုပ် ပြိုင်တူမန်မန် ကျွေးလို့ရမလဲ..။ ဦးကြောင်နဲ့ နှစ်ယောက်အတူ ကျွေးမှဖြစ်မှာပေါ့..။
မိုးစက်မိဘ
ကြောင်ကြီးတ
အိုဘယ့်မိနဲ့ဖ၊
ပြုစုလုပ်ကျွေး
ကြောင်သူဌေး
ကျွေးဟောင်းဆပ်စို့လေး..။
Khin Latt
April 30, 2012 at 4:35 am
အခု ဘဲ “ရှရာပိုဗာဂလေးနဲ့အတူ အောင်ပွဲခံနေဒယ်..။” ပြောရဲ့။
အခုဘဲ ဒီမှာလာပြီး တစ်မျိုး ဖြစ်ပြန်ပြီ။
ဆေးသောက်ပြီးပြီလား မောင်ကြောင်ကြီး။ 😀
Moe Z
April 30, 2012 at 10:17 am
ဦးကြောင်ရယ်
သဂျီးပြောတဲ့ ကျေးဇူးဆပ်နည်းကို ရူးချင်ယောင်ဆောင်နေပါတယ်
(အဲဒါလည်း ထပ်ပြောတာပဲ)
စကားမစပ် မြန်မာပြည်မှာနေခဲ့တဲ့ ဦးကြောင်ရဲ့သမီးလေးနဲ့တွေ့တယ်
သူလေးတောင်အရွယ်ရောက်လာပြီနော်
pazflor
April 30, 2012 at 4:13 am
ကျနော်ဖတ်ဖူးတဲ့ စိတ်ကူးယဉ်ဝတ္တုတစ်ပုဒ်ထဲမှာတော့ အဘိုးကြီးအဖွားကြီးတွေက မအိုမစွမ်းမဖြစ်ခင်ကတည်း က ပုဂ္ဂလိက ကုမ္ပဏီတွေဆီမှာ အိုရင်နာရင် service ပေးဖို ့ပိုက်ဆံသွင်းထားပါသတဲ့။ နေဖို ့ထိုင်ဖို ့ဆေးဝါးစရိတ်တွေအားလုံးက သွင်းထားတဲ့ ပိုက်ဆံပေါ်မူတည်ပြီး အကန့်အသတ် ရှိပါသတဲ့။ ပုံမှန်ကျန်းမာတဲ့ သူတွေ အတွက် ပြဿနာ သိပ်မရှိပေမဲ့ ခဏခဏ ဆေးဝါးကုသမှူ ့ခံရသူအတွက်တော့ သူ ့quota တွေက နည်းနည်းလာပါသတဲ့။ နောက်ဆုံး ခွဲတမ်းကုန်သွားရင်တော့ ဆေးထိုးပြီး နောင်ဘဝကို မြန်မြန်ပြောင်းပေးလိုက်ကြပါသတဲ့။ ယနေ ့ခေတ် ပုဂ္ဂိုလ်များမှတော့ ဒီလောက်မရက်စက်လောက်ဟု ထင်မိပါအံ။
အားပေးသွားပါတယ်….
Khin Latt
April 30, 2012 at 4:44 am
အပြင်မှာလဲ ဒီလို အသက်ကြီးတဲ့ အဖိုးကြီး၊ အဖွားကြီး တွေ ကို ဆရာဝန် နဲ့ သူနာပြုတွေက ဆေးထိုးသတ်ခဲ့တဲ့ အမှုတွေ ရှိနေပါပြီ။
ဒါကြောင့် အသက်ကြီးလာရင် အစိုးရက ကိုယ့်အတွက် အာမခံချက်ပေးနိုင်တဲ့ နိုင်ငံလိုမျိုး ကို လူတွေပြောင်းကြတာပါ။
မြန်မာနိုင်ငံ မှာတော့ ဒီလို လူအိုတွေ အတွက် အစိုးရက ဦးစီးပြီး ဘာမှလုပ်မပေးနိုင်သေးပေမဲ့ အနာဂါတ်မှာ လုပ်ပေးနိုင်မယ် လို့ မျှော်လင့်ရတာပါဘဲ။
လူအိုတွေအတွက် နေဝင်ချိန်မှာ ဇာတ်သိမ်းလှဖို့ သားသမီး တွေက မကြည့်နိုင်ရင်ပေါ့။
Moe Z
April 30, 2012 at 10:26 am
အဲဒီစိတ်ကူးတွေကို အခုအကောင်အထည်ဖော်နေကြပြီတဲ့ အရီးလတ်ကပြောတယ်
ငယ်ကတည်းက အမှားအမှန်ကို ကိုယ်ပိုင်ဉာဏ်နဲ့ခွဲခြားသိအောင် ပျိုးထောင်ပေးကြပေါ့
လူတွေရဲ့လောဘကအဆုံးမသတ်နိုင်ကြတော့ ဘာသာရေးနဲ့ထိ်န်းချုပ်နိုင်ရင် အကောင်းဆုံးလို့တွေးမိပါတယ်
အားပေးတာ ကျေးဇူးပါနော် ..
Khin Latt
April 30, 2012 at 4:34 am
မိုးဇက်လေးရေ
ဒီလို အသက်အရွယ်လေးနဲ့ မိဘ အတွက် စဉ်းစားတတ်တာ ဂုဏ်ယူပါတယ်။
ဒါပေမဲ့ တစ်ခါတစ်ခါ ရည်မှန်းတာတစ်မျိုး၊ ဖြစ်တာတစ်မျိုး ဖြစ်တတ်တယ်။
မယုံမရှိနဲ့။ အရီး ကိုယ်တွေ့။
သူကြီး ပြောလိုက်တဲ့ စုန်ရေ ကို သဘောကျမိလို့ ထပ်ကွန့်လိုက်ဦးမယ်။
အရီး က တော့ မိဘတွေ အတွက်ရော၊ သားသမီး အတွက် ရော ကိုယ်ကဘဲ သူတို့လိုတာတွေ လုပ်ပေးနိုင်သူ ဖြစ်ချင်ပါတယ်။
အခုချိန်မှာလဲ ကိုယ်က အလယ်လူ ဖြစ်နေတာကိုး။
ကိုယ်သားသမီး ဖြစ်ရတဲ့ ဘက်မှာ မြန်မာ့ဓလေ့ အတိုင်း မိဘကို မညိုမညင် စေတနာအပြည့်နဲ့ လုပ်ကျွေးနေပါတယ်။
ကိုယ်မိဘ ဖြစ်တဲ့ ဘက်မှာတော့ အနောက်တိုင်းဓလေ့ ကို စိတ်ပါလက်ပါ ဝမ်းသာအားရ ယူပြီး သားသမီး ကို ကိုယ့်အတွက် ဝန်မပိစေဘဲ နေနိုင်အောင် နေမှာပါ။
ဘိုးဘွားရိပ်သာမှာ ဝိုင်ဖိုင် ကောင်းကောင်း ရှိမှာသေချာပါတယ်။
မရှိလဲ ရှိအောင် ကိုယ်တိုင် လုပ်မှာပေါ့။
ခက်တာလိုက်လို့။ 😀
ဆူး
April 30, 2012 at 10:30 am
ဆူး ပေးတဲ့ အကြံ ကို တော်တော် ကြိုက်သွားပြီ ထင်တယ်။
Inz@ghi
April 30, 2012 at 11:35 am
ဟင့်အင့် ..သများက အသက် ၄ဝဆို ရီတိုင်းယားတော့မှာ ..
ပုလင်းဖက်ပီး စာပဲရေးမယ်…
၅ဝလောက်ဆို သေပလိုက်မယ်ဗျာ …
အေးရော ….
လူ့ဘွဂျီးက သောကတွေ ဒုက္ခတွေပဲများတာ တဲ့ …
မောင်ဂီ့ ကြာကြာကြီးမနေလိုပါဝူး….
oh wow oh ..wow ..လမ်းစဉ်လိုက်မယ် မပြောနဲ့နော..
အာဟိ…
Khin Latt
April 30, 2012 at 3:36 pm
မှန်ပါ့ ဆူးရေ။ ပုတီး မစွဲ၊ အိမ်သာနက် စွဲ ဖြစ်နေရော့မလား။ 😉
ဟဲ့ မောင်ဂီ
သူက ၃ကြိမ်၊ ၃ခါ ကွဲ့။
၂ခါထဲ မဟုတ်။ 😀
Moe Z
April 30, 2012 at 1:11 pm
အရီးရေ ..
မိဘတော်တော်များများက အဲဒီလိုပဲပြောကြပါတယ် စုန်ရေပဲတဲ့ ..
မိဘနေရာကနေရင်တော့ အဲဒီလိုကြိုတွေးထားတာအကောင်းဆုံးပေါ့နော်
တကယ်လို့များ သားသမီးတွေက မသိတတ်ခဲ့ရင်သိပ်ပြီးစိတ်ထိခိုက်မှာမဟုတ်ဘူး
ဖေဖေက လက်ကကိုင်ပြီးဖတ်ရတဲ့စာအုပ်တွေကိုပိုစိတ်ဝင်စားတယ် မီးပျက်လည်း အဆင်ပြေတယ်တဲ့ 😀
aye.kk
April 30, 2012 at 6:52 am
ခေါင်းသုံးလုံးနဲ ့အဖိုးအိုကဆုံးမဘူးတယ်..
ဘဝကိုပေါ့ပေါ့တန်တန်နဲ ့မသွားဘို ့ရယ်..မနေသွားဖို ့ပေါ့နော်..
ဒီကွေ ့ရောက်ရင်ဒီတက်နဲ ့လှော်၊ဟိုကွေ ့ရောက်ရင်ဟိုတက်နဲ ့လှော်ဆိုသလို..
ပေါ့ပေါ့တန်တန်နဲ ့နေထိုင်သွားရင်အခုလိုအိုလာမင်းလာတဲ့အချိန်အခါမျိုးမှာ..
စုထားဆောင်းထားတာမရှိရင်ဒုက္ခရောက်နိုင်တယ်ပေါ့နော်..
ပျားနဲ ့ခြလိုဥပမာပုံထားပြီး..
ထားမှုလိမ္မာသိတတ်ရင်နောင်အခါချမ်းသာဆိုသလို..
အရင်ကကြိုးစားရှာဖွေစုဆောင်းထားလို ့အခုလိုခေါင်းသုံးလုံးအရွယ်မှာအေးအေးလူလူ
နေထိုင်စားသောက်နေနိုင်ရတဲ့ကြောင်း၊“အိုစာမင်းစာ”မပူရတော့တဲ့အကြောင်းပြော
ဆိုဆုံးမပြတာပေါ့နော်။
“အိုစာ”ဆိုတာဘာကိုခေါ်သလည်းသိလားတဲ့..
အခုသ္မီးနင်ငါ့ကိုကြည့်စမ်းပါတဲ့ငါထိုင်နေတာငါရဲ ့ဒူးခေါင်းနှစ်လုံးကြားမှာငါရဲ ့ခေါင်းကမြုပ်ဝင်နေပြီတဲ့
ငါအခုခေါင်းသုံးလုံးအရွယ်ရောက်တဲ့အခါမှာနေထိုင်စားသောက်နိုင်ဘို ့အတွက်
ငါငယ်ငယ်ကငါတို ့လင်မယားတွေဒိုးတူဘောင်ဘက်ရှာဖွေလုပ်ကိုင်ပြီးအိုစာ
အတွက်ရည်ရွယ်ပြီး“အိုစာရယ်မင်းစာ”အတွက်ရယ်ကိုရည်ရွယ်ပြီး
တော့ပစ္စည်းဥစ္စာတွေကိုရှာဖွေစုဆောင်းထားရှိခဲ့ကြတယ်..
မလုပ်မကိုင်နိုင်တဲ့မသန်မစွမ်းတော့တဲ့အခုလိုခေါင်းသုံးလုံးအဖိုးအိုရောက်လာတဲ့အရွယ်မှာ
နေထိုင်စားသောက်နိုင်တဲ့ပစ္စည်းဥစ္စာတွေကို
“အိုစာ”ဆိုပြီးခေါ်တာပေါ့ကွယ်ဆိုပြီးဆုံးမခဲ့ပါတယ်..
မင်းစာဆိုတာကအခုလိုရပ်ကွက်ထဲနေတော့မီးရေးကင်းကြေးရှိတာပေါ့ကွယ်..
အိမ်ရှိလို ့ရပ်ကွက်ကမီးရေးအတွက်ကင်းကြေးလာကောက်ရင်ပေးစရာရှိရတယ်တဲ့..
်မင်းအတွက်ပါရှာဖွေထားရလို ့“မင်းစာ”လည်းစုထားရတယ်ကွဲ ့ဆိုပြီးပြောဆိုဆုံးမပြခဲ့ပါတယ်..။
(ကျမခေါင်းသုံးလုံးအရွယ်ရောက်လာတဲ့အချိန်မှာအဖိုးကသူ ့လို
နေထိုင်သွားနိုင်စေဖို ့ပစ္စည်းဥစ္စာထက်တန်ဘိုးမဖြတ်နိုင်သောထောင်တန်စကားကိုပြောဆိုဆုံးမပီး
အမွေအဖြစ်ပေးခဲ့ခြင်းသာဖြစ်သည်ဟုခေါ်ယူပြောပြခဲ့ပါသည်။)
Moe Z
April 30, 2012 at 1:18 pm
ဆုံးမစာလေး လက်ဆင့်ကမ်းပေးလို့ ကျေးဇူးတင်ပါတယ် အန်တီအေးရေ
အေးချမ်းပျော်ရွှင်ပါစေနော် …
Inz@ghi
April 30, 2012 at 11:16 am
မဆိုင် .. ဒါ မောင်ဂီ နဲ့ မဆိုင် …
မိသားစုလား … လိုဘူး …ပိုင်ချင်ဝူး…
ဂီ ကွ ..တဂီပဲ ရှိတယ်.. ..
nenkin ရရင် … ဘာမှ မလိုဘူး ..
တကောင်တည်းနေမယ်…
ဘူ့မှ နိုး သောက်ဂရု …..
မသေခင်လေး လုပ်ချင်တာမလုပ်ရမှာစိုးလို့…
အာဟိ ဒက်ဂလောက် ပဲ စိတ်ဝင်စားလွန်းလို့
တကောင်တည်း မှောင်မှောင်မဲမဲ ..ဖွင့်ဝင်ရတာပဲ
ကောင်းပါတယ်ဗျာ…
ဟိုလူဂျီး …သဂျီးကို ကျုပ် ရေးမယ့် မန်းဂလေးဒွေ …
ပြကြည့်ချင်သေးရဲ့….
၂၀၁၂မှာ ဂဘာ မပျက်ရင်တော့ …မူကွဲအနုပညာတခုကို လုပ်ဦးမယ်ဗျာ..
မိန်းမလား ….. ယူမှာပေါ့ ..၃၆ လောက်မှ …. ၁၆နှစ်သမီး ရှာယူမယ့်
အကောင်းစား မောင်ဂီ့လေးရယ်ပါ … အဟတ်….
အော်… ကမြင်းကျောထဖို့ ၁ဝနှစ်လေးပဲ ကျန်တော့တာပါလား ဟရို့…
လိမ့်ဘီ ဇီးညလေး ရေ…
ဒက်ဂလောက် ဒက်ဂလောက်..
Moe Z
April 30, 2012 at 1:26 pm
သဂျီးရေ ဒီမှာ သဂျီးကိုတော်လှန်နေတယ်
သဂျီးပေးတဲ့နည်းနဲ့ ကျေးဇူးမဆပ်ဘူးတဲ့
ပြီးသူပဲ အသည်းကွဲနေပြီးတော့များ မလိုချင်တာမဟုတ်ပဲ
မရတာဟုတ် ? သတင်းစာထဲကြော်ငြာပါလားဟင်
တစ်နှစ်စာချုပ်နဲ့ မိန်းမအလိုရှိသည်လို့ 😆
kai
April 30, 2012 at 1:53 pm
ဒွေးချိုးလေးတိုးတဲ့..
၂နဲ့စား.. ၄နဲ့ပေါင်းပေါ့..
ဆိုတော့… ၂၂ နှစ်ဟေ့…
အသက်မပြည့်တာ မှန်းရင်တော့.. ဒေါက်ဂလက်..ဒေါက်ဂလက်ဖြစ်သွားမှာနော… 😆
တော်လှန်ချင်တဲ့ဂီဂီ..
မှောင်မဲမဲထဲ.. မီးဖွင့်အဝင်.. နွေးရမယ့်ထမင်းဟင်းတွေ မလုပ်နိုင်အောင်.. မိုက်ခရိုဝေ့ဗ်ပါပျက်နေပါစေဗျာ…
ရေခဲသေတ္တာပျက်နေပါစေဗျာ…
ကိုယ်တခြမ်း..ချစ်သူတန်ဖိုးသိသွားအောင်…။
Foreign Resident
April 30, 2012 at 2:33 pm
သူဂျီး Kai ရဲ့ စာချိုးလေး မှားနေသဖြင့် ပြင်ပေးသွားပါတယ် ။
ဒွေးချိုး ကို လေးတိုးတဲ့ ခေတ် မဟုတ်တော့ပါ ။
ခေတ် ကာလ နှင့် မသင့်လျှော်သဖြင့် ၊
ပြင်ဆင် ပြောင်းလဲ ခဲ့သည်မှာ ကြာလှပြီဖြစ်ကြောင်း ။
ယခုခေတ်သည် လေးချိုး ကို ဒွေးတိုး သည့်ခေတ် ဖြစ်သွားပါပြီ ။
လေးချိုး = ၆ဝ / ၄ = ၁၅
ဒွေးတိုး = ၁၅ + ၂ = ၁၇
ထို့ကြောင့် အသက် ၆ဝ ရှိသော ယောက်ျား သည်
အသက် ၁ရ နှစ် ရှိသော မိန်းမ ကို ယူရမည် ဖြစ်သည် ။
ဟီဟိ ၊ ဂေါက်ကွင်းက အဖိုးကြီးတွေတော့ ၊
အဲလိုပဲ ၊ ပြောနေကြတာ ၊ ကြားတာပဲ ။ 😛
Moe Z
April 30, 2012 at 2:50 pm
ဗုဒ္ဓေါ ဖေဖေ golf ကွင်းသွားရင် မေမေ့ကိုလိုက်သွားဖို့ချွန်ဦးမှ
ဒါပေမယ့် လူကြီးကပိုပြီးအကွက်မြင်မှာပါလေ
ပွဲကြည့် ပရိတ်သတ်ပဲလုပ်လိုက်ပါဦးမယ် .. 😀
Khin Latt
April 30, 2012 at 3:32 pm
၃၆ မှာ ၁၆။ ကွာခြားချက် ၂၀။
ဆိုတော့ကာ ….. အင်း …..
တော်သေးရဲ့ …. သီသီလေး လွတ်ပေလို့။ 😉 Phwoooooooooooooo. 🙂
jk 😆
pooch
April 30, 2012 at 1:05 pm
မိုးဇက်ရေ အမတော့ ဘိုးဘွားရိပ်သာသွားဖို့ သိပ်မလိုတော့ပါဘူး
နောက် ၅ နှစ်လောက်ဆို သွားချင်သွားရတော့မှာ 😀
မိုးဇက်လို သမီးလေး တယောက်လောက်ရှိရင်လည်း ကောင်းသား ခုတော့ ဘိုးဘွားကိုပဲ သွားရတော့မယ်။ 😀
ဒီလို သားသမီးလေးတွေ များများ ရှိနေရင်တော့ ဘိုးဘွားတို့အတွက် ကံကောင်းတာပေါ့လေ
ခုတော့ ညီမရယ် ခေတ်ကြီး ပြောင်းနေပါပေါ့လား ။
အမတို့တွေ ဘိုးဘွားတို့တွေ နေဝင်ချိန်မှာ ကောင်းကောင်းအနာယူနိုင်အောင် စောင့်ရှောက်ပေးနိုင်အောင် ဝိုင်းပြီး ကြိုးပမ်းမှသာ ကိုယ့်မိဘသာမက တခြားသော ဘိုးဘွားတွေ အတွက်ပါ စောင့်ရှောက်ပေးနိုင်တော့မှာပါ။
Moe Z
April 30, 2012 at 1:35 pm
မမပူးချ်ရေ သမီးမရှိလည်း ဘာအရေးလဲ
အနားမှာအေးအတူပူအမျှနေပေးမယ့် ဘိုးဘိုးရှိရင်ဖေးမပြီးနေသွားကြတာပေါ့
သားသမီးက လိုချင်တိုင်းရတာမှမဟုတ်ပဲနော
ဪ ဟိုသီချင်းလေး သတိရသွားပြီ FM က လွှင့်တာ ကားပေါ်ကဆင်းကာနီး တစ်ပိုင်းတစ်စကြားလိုက်တာ အဆိုတော်သိရင်ပြောပြဦး …
…. အရွယ်လွန်ကာ အိုမင်း .. မသန်စွမ်းတဲ့ တစ်နေ့မှာ … အကြင်နာပိုငယ်စဉ်ကလိုချစ်မှာလား …. blah blah blah … 😀
ပိုကောင်းမယ့် လူမှုအဖွဲ့အစည်းတွေပေါ်ပေါက်လာဖို့ ကိုယ့်အတွက်လည်း ပြင်ဆင်ရင်း တတ်နိုင်သမျှဝိုင်းဝန်းရအောင်ပါ …
Ma Ei
April 30, 2012 at 3:17 pm
မိုးဇက်လေးရေ…
စာထဲကလို မိုးဇက်ရဲ့ စကားနဲ့တင် မိဘများကိုယ်စား
ကြည်နူးပီတိကို ခံစားလိုက်ရပါတယ်…
အန်တီအိလဲ အမေတစ်ယောက် သမီးတစ်ယောက် ရဲ့အလယ်လူပါ…
အမေ နဲ့ သမီး ဆို စုန်ရေမို့ သမီးဘက်ကို သာသာသွားပါတယ်…
အမေ 82 နှစ်ရဲ့ အမှတ်မှား၊အပြောမှား၊အပြုမှားတွေ ခဏခဏကြုံရလို့
စိတ်ညစ်မိတဲ့အချိန်မှာ ကိုယ်အသက်ကြီးလာရင် ဒီလိုဖြစ်နေမလား စိတ်ပူမိတယ်…
ကိုယ်က သူ့အတွက်လုပ်ပေးနိုင်တဲ့ အချိန်ထိဘဲ နေချင်တယ်…
Khin Latt
April 30, 2012 at 3:41 pm
မအိရေ
ဒီလို အမေ့ကို အနီးကပ် ပြုစုထားရတာ မလွယ်မှန်းသိပါတယ်။
တော်ရုံလူ မလုပ်နိုင်ပါဘူး။
သာဓု အကြိမ်ကြိမ် ခေါ်ပါတယ် မအိ ရေ။
kyeemite
April 30, 2012 at 3:59 pm
အင်းပြောရမယ်ဆိုရင်တော့…သိတာတခြားလိုက်နာနိုင်တာတခြားဘဲ..
ကိုယ့်ကိုကိုယ်ပြောပါတယ်…အသက်၈ဝကျော် အဖေနဲ့ အမေရှိသေးတယ်..
တစ်လတစ်ခါ မိဘအိမ် ရောက်ဘို့မနဲကြိုးစားနေရတယ်…တစ်ခါတစ်ခါ
ငွေသာပို့လိုက်ပီး လူက မရောက်နိုင်ပြန်ဘူး..အဖေကတော့ ဘာမှမပြောပါ..
အမေကတော့ မရောက်ဖြစ်တာကြာသွားရင် ဖုန်းနဲ့လှမ်းရိတာဘဲ..အဲတော့မှ
အလုပ်ကမဖြစ်မနေခွင့်ယူပီးချက်ချင်းထပြေးတွေ့ရတယ်..အိမ်ရောက်တာနဲ့
အမေက…ဟဲ့ ငကြီးမိုက်..နင်ကငွေပို့ရင်ဘဲ ပြီးပီထင်လား..ငါတို့ကငွေမျှော်တာမှုတ်ဘူးဟဲ့
လူမျှော်တာ..ငါ့မြေးလေးတွေ တွေ့ချင်တာ ငါတို့ကအချိန်မရွေး သေနိုင်တဲ့အနေရောက်နေပီဟဲ့..
စသဖြင့် မြည်တွန်တော့တာဘဲ…မနဲချော့ရတယ်…ဆိုလိုတာက သိပေမဲ့ တစ်ခါတစ်ခါ…
Moe Z
April 30, 2012 at 4:31 pm
@ အန်တီအိရေ
အရီးလတ်ပြောတဲ့အတိုင်းပဲနော်
ကိုယ်က တတ်နိုင်သလောက်ပြုစုပေးနေတာဆိုတော့ နောင်တစ်ချိန်နောင်တမရနိုင်ပါဘူး …
@ ဦးကြီးမိုက်ရေ
သိတယ်ဆိုရင်ပဲ တစ်ပန်းသာပါတယ် အနားမှာမနေနိုင်ပဲငွေပို့တယ်ဆိုတာ အခုခေတ်လူတိုင်းနီးပါးပါပဲ
တစ်ချို့က မိဘမကောင်းလို့ ကိုယ်ဒူးကိုယ်ချွန်ရတယ်
နောင်တစ်ချိန် မိဘကိုပြန်ဂရုစိုက်စရာမလိုဘူးလို့သတ်မှတ်တာ မြင်ဘူးတယ်ရှင့်
သားသမီးမြေးမြစ်တွေကို အနားမှာရှိစေချင်တာ ဇရာရဲ့ရောဂါ လက္ခဏာတွေပေါ့နော်
ကိုယ့်အလှည့်အဲဒီလိုမဖြစ်အောင်နေဦး .. သံယောဇဉ်သိပ်မထားနဲ့ 😀
ba gyi
April 30, 2012 at 4:49 pm
မိုးဇက်ကလေးရေ၊
လူကြီးတွေရဲ့နေဝင်ချိန်ကိုနားလည်တဲ့ လူငယ်တွေဟာ ကိုယ့်နေဝင်ချိန်အတွက်လည်းပြင်ဆင်ပြီးသားဖြစ်
သွါးတာပါပဲ။အကြောင်းကြောင့်အကျိုးထင်ပါသကွယ်။
Moe Z
April 30, 2012 at 5:04 pm
ကျေးဇူးတင်ပါတယ် ဘကြီးရေ ..
နားလည်ရင်းနဲ့ ပြင်ဆင်ရမှာပေါ့နော်
marblecommet
April 30, 2012 at 6:40 pm
သိပ်ကောင်းတဲ့ ပို့(စ်)လေးပဲ
မိုးဇက်ရေ့……အားပေးသွားတယ်နော်
ဒီပို့(စ်)လေး ဖတ်ပြီး ကိုယ့်ဘွကိုယ် တွေးပြီး
စိတ်ထိခယက်လိုက်ထှာအေ……
အဟင့် ဈေးသွားရဦးမယ် ချက်ပြုတ်ရဦးမယ် လျှော်ဖွတ်မီးပူတိုက်ရဦးမယ်
နေဝင်ချိန်အတွေး ဆိုလို့ …..နောက်တစ်ခုက
ဂီ့လို အသက်လေးဆယ်မှ ပုလင်းဖတ်မှာမဟုတ် အခုကတည်းက
ပလင်းဖက်ပြီး တွေးဖို့ လစ်ပီ ….ဝှစ် ဝှစ်……