ချို ပေါ့ ကျ (၁၂)

black chawMay 11, 20122min49856

ဗီလိန် ဘလက်

ကိုသစ်မင်းကတော့ သူ့ရဲ့ ဗီလိန်ပို့စ် (https://myanmargazette.net/77136/creative-writing)
မှာ ဒီလိုရေးသွားခဲ့ဘူးပါတယ်။

မဖြစ်သင့်ဘူးဗျာ။ ကျနော်တို့ကို လောကဓံတွေ၊ကပ်ဆိုးတွေဖန်တီးပေးနေသူတွေရော၊
ကျနော်တို့ကိုယ်တိုင် လောကဓံဖန်တီးသူ၊ကပ်ဆိုးဖန်တီးသူအနေနဲ့ရော၊မဖြစ်သင့်ဘူးဗျာ။
သူများရဲ့ အားနဲချက်၊အမှားကို ကိုယ်မှာမရှိအောင်လုပ်ရမှာမဟုတ်လား။
ကဲ လောကဇာတ်ခုံလူတို့ဘုံမှာ မင်းသား၊မင်းသမီး မဟုတ်ရင်တောင် “ဗီလိန်” အခန်းကတော့
မ “က” ဖြစ်အောင်ကြိုးစားရမှာပါလား။
အဲ သူများကျတော့ ပြောလို့ရချင်မှရမှာဆိုတော့၊ လုပ်လို့ရတာက ကိုယ်ဟာကိုယ်ပြင်ဘို့လို့တွေးမိသွားတယ်။
ကျနော်တော့……………
“ဗီလိန်” မဖြစ်ချင်ဘူးဗျို့။

ကိုသစ်ပို့စ်တွေ ပြန်လှန်ရင်း ဗီလိန်ပို့စ် အရောက်မှာ ရေးချင်စိတ်ပေါက်လာတာနဲ့ ဒီစာကိုရေးမိတယ် ဆိုတာလေး
ဝန်ခံထားချင်ပါတယ်ဗျာ။

ပွဲကြည့်သူသက်သက် တစ်ယောက်မှ မရှိ
မင်းနဲ့ငါ အကုန်လုံး ဇာတ်ဆောင်တွေချည်းပဲဟေ့
ဘဝဟာ အမြဲတမ်းပြောင်းလဲသွား
ကိုယ်လုပ်ချင်တာ ဖြစ်မယ်ထင်သလား
မင်းသားပဲဟေ့ ဖြစ်ချင်တယ် ငါ ဗီလိန်တစ်ယောက်လား မသိတတ်တော့
အကြိမ်ကြိမ်ပြင်ဆင်တယ် လွဲမှားတုန်းပါပဲ
နောင်တများနဲ့ နောက်ပြန်ပြေးမလား ရဲရဲတင်းတင်း တိုးမလား
ပူချင်ရင်ပူပါစေ မီးထဲတည့်တည့်တိုး

စကားလုံး ဝင်းမင်းထွေးရဲ့ ရော့ခ် ကဗျာ အတွဲ – ၂ ၊
ချစ်ကောင်း ရဲ့ ဒုတိယ စီးရီး ခေါင်းစဉ် သီချင်း၊ ဘာအကောင်းဆုံးလဲ သီချင်းထဲက
ကိုထွေးရဲ့ ကဗျာဆန်တဲ့ စကားလုံးအပျင်းစား တွေပဲဖြစ်ပါတယ်။
ဟုတ်ပါတယ်။
လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် ပွဲကြည့်သူသက်သက် တစ်ယောက်မှ မရှိပါဘူး။
လူတွေအားလုံးဟာ လောကဇာတ်ခုံကြီးပေါ်မှာ ဇာတ်လိုက်တွေချည့်ပါပဲ။
ကိုယ့် ဇာတ်လမ်းမှာတော့ ကိုယ် က မင်းသားပဲပေါ့…။
သူများတွေအတွက်လည်း ကိုယ်က ဗီလိန်မဖြစ်ဖို့ ကြိုးစားနေထိုင်ကြရတာပါပဲ…။
အားလုံးကတော့ ကိုယ့် ဇာတ်လမ်းမှာပဲ ဖြစ်ဖြစ် သူများ တွေအတွက်ပဲ ဖြစ်ဖြစ် မင်းသားပဲ ဖြစ်ချင်ကြမှာပါ…။
အဲဒီလို မင်းသားဖြစ်ဖို့ကြိုးစားရင်းကနေ ဗီလိန်ဖြစ်မှန်းမသိဖြစ်ဖြစ်နေတတ်တာလည်း ကြုံဘူးကြမှာပါပဲ။
အဲဒါလေးကို ကိုထွေးက ချစ်ကောင်းကြီးဆိုဖို့ ရေးပေးတော့ ချစ်ကောင်းကြီးက
ဘာ… အကောင်းဆုံးလဲ၊ ဘာ… အကောင်းဆုံးလဲ ဆိုပြီး အကောင်းဆုံးကို အော်ဟစ်မေးမြန်းခဲ့ဘူးပါတယ်ဗျာ။
ကျွန်တော် ဗီလိန်တွေကို စိတ်ဝင်စားပါတယ်။ တစ်ခါတစ်လေ ရုပ်ရှင်ကြည့်ရင်း မင်းသားနဲ့ ဖိုက်တင်ပလေးတဲ့အခါ
အချိန်တန်ရင် မင်းသားနိုင်သွားမယ်ဆိုတာ သိပေမယ့် ဗီလိန်လုပ်သူကို အားပေးနေမိတာမျိုး ရှိခဲ့ပါတယ်။
ငယ်ငယ်ကတည်းက ကြည့်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွေမှာ ဗီလိန် ဇာတ်ကောင် တစ်ယောက်ကို မှတ်မှတ်ရရ ဖြစ်နေမိပါတယ်။
အဲဒီလူက ကိုအံ့ကျော် ပါပဲ။
အံ့ကျော် ဘာလဲဆိုတာ ဒီဘက်ခေတ်ကလေးတွေ ကတော့ သိကြမယ် မဟုတ်ပါဘူး။
ဒီဘက်ခေတ် ကိုအံ့ကျော်ကို သီချင်းထဲထည့်ရေးပြီး ဂုဏ်ပြုကြသူတွေထဲမှာ
မျိုးကျော့မြိုင်ရဲ့ မှားတဲ့ဘက်မှာ ဆိုတဲ့ သီချင်းလေးက ထင်ရှားပါတယ်။

ဘိုင်စကုတ်ကြည့်တော့ လူကြမ်းကိုအံ့ကျော်ကို
အလွန်တရာ နှစ်သက်တတ်ခဲ့တယ်
ငါ့နံဘေးနားက ချစ်သူလေးကတောင် တဖြည်းဖြည်းငါ့ကို လန့်ကာ
ကြင်နာတတ်မယ့် တစ်ယောက်ကိုရှာ…

ချစ်သူနဲ့အတူ ရုပ်ရှင်သွားကြည့်တော့ လူကြမ်းကိုအံ့ကျော်ကို အလွန်နှစ်သက်မှန်းသိသွားတဲ့ ချစ်သူက
သူ့ကို ကြောက်လန့်ပြီး နောက်ရည်းဇားရှာသွားပါတယ်တဲ့။ အဲဒီလောက် တောင် မှားတဲ့ဘက်က ရှိနေခဲ့တာပါတဲ့…။
မှတ်မှတ်ရရ အဲဒီသီချင်းကို ရေးတဲ့လူက စောဘွဲ့မှူးကြီးပါ။
ဘွဲ့မှူးကြီးကလည်း ရုပ်ရှင်သာဝါသနာပါတယ်ဆိုရင် ဗီလိန် ကောင်းကောင်းဖြစ်နိုင်တဲ့ ဥပဓိပိုင်ရှင်ပါ။
အဆိုးနဲ့ အကောင်းတွဲနေတတ်တာကို မြင်နိုင်ဘို့လေ့ကျင့်ခဲ့တယ် ဆိုတဲ့
ဘွဲ့မှူးကြီးရဲ့ ဒသနပါတဲ့ သီချင်းကို မျိုးကျော့မြိုင်က သူ့အတတ်ပညာနဲ့ ထပ်ပြီး အားဖြည့်ပေးတဲ့အချက်ကလေး ရှိပါသေးတယ်။
သီချင်းရဲ့ ဆိုလိုမှာ ဗိုလ်အောင်ဒင် ဇာတ်လမ်းထဲက ကောလိပ်ဂျင်နေဝင်း အသံကို ခွဲစိတ်ဖြတ်တောက်ပြီး ထည့် ထားလိုက်ခြင်းပါပဲ။

ရာမ… လွယ်သလားခက်သလား ရာမ
ဟေ့ဒီမှာ ဗိုလ်လုပ်ချင်တဲ့ ကောင်ဆိုတာ ဟောဒီလိုပစ်နိုင်မှ ဗိုလ်လုပ်လို့ရမယ်ကွ

ဓါးပြဗိုလ်လုပ်ဖို့တောင် သေနတ်ပစ်ကျွမ်းကျင်ဖို့လိုတယ်ဆိုတဲ့ ဒသနလေးကို အားဖြည့်ပေးသွားတာပါ။
ကျွန်တော်ကတော့ မျိုးကျော့မြိုင်သီချင်းတွေထဲမှာ မှားတဲ့ဘက်မှာ ဆိုတဲ့ သီချင်းကို အမြဲတမ်း နားထောင်ဖြစ်ပါတယ်။
ဘယ်လောက်ပဲ ကောင်းအောင်နေနေ၊ ဘယ်လောက်ပဲ အမှားနည်းအောင်ကြိုးစားကြိုးစား
နောက်ဆုံးမှာတော့ ကျွန်တော်က အမြဲတမ်း မှားနေတဲ့လူတစ်ယောက်ဖြစ်နေတတ်ပါတယ်။
မှားတဲ့ဘက်မှာ အမြဲတမ်းရှိနေတတ်သူတစ်ယောက်အနေနဲ့ မှားတဲ့ဘက်မှာ သီချင်းကိုကြိုက်တာ အပြစ်မရှိပါဘူးနော့…။
ဗီလိန်ကို မင်းသားနေရာထားပြီး စာနာနားလည်ပေးတတ်သူတွေထဲမှာ ဆရာ ချစ်ဦးညိုကြီးက နံပတ်တစ်လို့ ဆိုရလောက်အောင် ထင်ရှားပါတယ်။
ရာမဇာတ်တော်ထဲက နံပတ်တစ်ဗီလိန်ကြီး ဒသဂီရိ ကို မင်းသားတင်လို့
လင်္ကာဒီပချစ်သူ ဆိုတဲ့ ဝတ္ထုကြီးရေးထည့်လိုက် တာ ဝက်ဝက်ကွဲအောင် အောင်မြင်ခဲ့ပါရောလား ကျောင်းဒကာရယ်…။
အဲဒီအကြောင်းအရာကိုပဲ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး အကော်ဒီယံ အုန်းကျော် က လွှမ်းမိုးအတွက် အချစ်ရှုံးသမား ဒသ ဂီရိ ဆိုတဲ့ သီချင်း ရေးလိုက်ပြန်တော့လည်း ပေါက်သီချင်းဖြစ်ခဲ့သေးပါတယ်ဗျာ။
ဗီလိန်တစ်ယောက်ကို ကိုယ်ချင်းစာပေးတတ်သူတွေ ရဲ့ အနုပညာဖန်တီးမှုတွေက မနည်းလှပါဘူးဗျာ။
အထက်မှာပါခဲ့တဲ့ မြန်မာ့ နာမည်ကျော် ဗီလိန်ကြီး အံ့ကျော် ဟာ
ဒါရိုက်တာ ဆရာကြီး ဦးသုခရဲ့ ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဇာတ်ကားမှာ
သနားစရာ ဇာတ်ရုပ်က ဝင်သရုပ်ဆောင်ပြီး အကယ်ဒမီ ဆု ဆွတ်ခူးသွားပြန်တော့ တချို့တွေက မုဒိတာမပွားနိုင်ကြပဲ ကဲ့ရဲ့စကား ဆိုကြပြန်ပါသတဲ့။
အဲဒီအကြောင်းအရာလေးကို စိုင်းခမ်းလိတ်ကြီး ရေးပြီး ဗိုလ်ထီး ဆိုခဲ့တဲ့ လူကြမ်းမင်းသား ဆိုတဲ့ သီချင်းမှာ တွေ့နိုင်ပါတယ်ဗျာ။

ဒီအကယ်ဒမီဟာ ဒီတစ်ကားလုံးမှ တစ်ယောက်သာတန်တယ်ဆို
ဟိုဖြူဖြူ ပိန်ပိန် ရုပ်သနားကမားနဲ့ တစ်ယောက်ပို ရကောင်းသတဲ့

ဗီလိန်လုပ်ပြီး ပရိသတ်မေတ္တာကို ယူဖို့ ကြိုးစားသူတွေထဲမှာ ကျော်ဟိန်းကြီးလည်းပါပါတယ်။
ရမ္မက်ဇော ဆိုတဲ့ကားမှာ ကိုစောဦးဆိုတဲ့ ဗီလိန်၊
(ဇာတ်လမ်းထဲမှာ ခင်သန်းနုကြီးရဲ့ သမီးအဖြစ် သရုပ်ဆောင်တဲ့ စမ်းပပအောင်လေးကို ခြေတော်တင်ဖို့ ကြိုးစားတဲ့အထိ ကြမ်းပြ ရမ်းပြခဲ့တာပါ)။
အော် ကွက်ကွက်ကွင်းကွင်းကို မှတ်မိနေတော့တာပါပဲ…။ ခက်လိုက်တာ…။
အကြွေးဇာတ်ကားမှာ ဘဒင် ဆိုတဲ့ ဗီလိန်
(ဇာတ်လမ်းထဲမှာ ကျော်သူ့ရည်းဇားအဖြစ်သရုပ်ဆောင်တဲ့ ဇင်မာဦးလေးကို အတင်းအဓမ္မကြီးကို သိမ်းပိုက်ပြခဲ့တာပါ)။
အော် ခြေတော်မတင်ခင် ဇင်မာဦးက ဓါးမနဲ့ ပုခုံးကို ခုတ်လိုက်တာတောင် မှတ်မိနေသေး။ ဟေးဟေး။ မှတ်ဉာဏ်တွေက တကယ်ကောင်း။
ပန်းမြိုင်လယ်က ဥယာဉ်မှူး ဇာတ်ကားမှာ တာတီးဆိုတဲ့ စာမတတ်ပေမတတ် ဗီလိန်၊
(ဒီကားထဲတော့ သိ င်္ဂီထွန်းလေးကို ဘာမှကို မဘာခဲ့ပါဘူး။)
စသည်ဖြင့် ဗီလိန်ဇာတ်ရုပ်တွေနဲ့ ပရိသတ်မေတ္တာကို ရအောင်ယူပြခဲ့ဘူးပါတယ်။
ကောင်းပါပြီဗျာ။
လူတွေအားလုံးကတော့ ဗီလိန် ဘယ်ဖြစ်ချင်ကြပါ့မလဲ။
ကျွန်တော်လည်း လူတစ်ယောက်မို့ တခြားလူတွေအတွက် (ကိုသစ်ပြောသလို) ဗီလိန်တစ်ယောက်မဖြစ်ချင်ပါဘူး။
သို့သော်လည်း ဗီလိန်ဖြစ်လိုက် မင်းသားဖြစ်လိုက်နဲ့ လုံးချာလည် လိုက်နေရတာပါပဲ ခင်ဗျာ။
မှန်တဲ့အခါ မင်းသား၊ မှားတဲ့ အခါ ဗီလိန် ဆိုတာမျိုးလေးလောက်တော့ ဖြစ်ခွင့်လေး ရချင်ကြတာပါပဲ။
မြန်မာရုပ်ရှင်ထဲက ဗီလိန်မင်းသားတွေလို မှားလည်း ဗီလိန် မှန်လည်း ဗီလိန် ဆိုတဲ့ ဇာတ်လမ်းကြီးကို စိတ်ကုန်မိတာ အမှန်ပါ။
ဘယ်လိုဇာတ်လမ်းမျိုးမှာဖြစ်ဖြစ် မှားတဲ့ဘက်မှာ နေရတဲ့ဘဝကြီးကိုလည်း စိတ်နာမိတာ အမှန်ပါ။
မည်သို့ပင် ဆိုစေကာမူ …။
Customer is always right. ဆိုတဲ့ ဝယ်သူ အမြဲမှန်သည် ဆိုတဲ့ စာသားကို တစ်လွဲသုံးနေကြသူတွေ ရှိနေပါပြီ။
ဘလက်ချော အမြဲမှန်သည် တို့။
နိုဇိုးမိ အမြဲမှန်သည် တို့။
ဗိုက်ကလေး အမြဲမှန်သည် တို့ လိုပေါ့ဗျာ။
ကိုယ်က မင်းသားလား ဗီလိန်လား ဆိုတာ သမိုင်းက ဆုံးဖြတ်ပေးပါလိမ့်မယ်။
ကိုယ့်ဟာကို ဆုံးဖြတ်လို့ရတာမျိုးမဟုတ်ဘူး ဆိုတဲ့ သတိလေး ကပ်စေချင်တာပါ။
ဘလက်ချောတစ်ယောက် မှားလည်း ဗီလိန်၊ မှန်လည်း ဗီလိန် ဘဝကြီးကို ညည်းငွေ့နေပြီ ဆိုတဲ့အကြောင်းလေး ရေးချင်တာနဲ့
လှည့်ပတ်ရေးနေလိုက်တာ လိုရင်းမရောက်ဖြစ်သွားရင် ခွင့်လွှတ်ကြပါဗျာ…။
မှားတဲ့ဘက်မှာ အမြဲတမ်းရောက်ရောက်နေတတ်တဲ့
အမြဲတမ်းဗီလိန် ဘလက်

ဒီနေ့အထိ ခေတ်မီနေဆဲ ဆရာဇော်ဂျီ ကဗျာ

ဒီတစ်ပတ်တော့ စာဖတ်ချိန်နည်းတာကြောင့် ကဗျာကောင်းကောင်း ရှာမတွေ့လို့
ဟိုးတုန်းက ရေးခဲ့ပြီး အခုအချိန်အထိ လာအံဝင်နေတဲ့ ဆရာဇော်ဂျီရဲ့ ကဗျာလေးတစ်ပုဒ်ကို အမှတ်တရ
ပြန်ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

တောပင်ကို တော်တော် ခုတ်ပါ့
တောပြုတ်လိမ့် နောက်နောင်။
တော်ပြုတ်လို့ တောပြောင်လျှင်
မိုးခေါင်တော့မှာပဲ။
မိုးခေါင်လို့ ရေမကြွယ်
သဲပင်လယ် ဖြစ်လိမ့်မလွဲ။
ဇော်ဂျီ

ဒီကဗျာလေးဖတ်ပြီး ရှိသမျှ သစ် ကိုယ့်အမေလင် ပေးတဲ့အမွေလို ခုတ်ရောင်းနေကြသူများ
ဆင်ခြင်နိုင်ကြပါစေသားပေါ့ဗျာ။

ဆရာမကြီး TTNU အတွက် ဆောင်းပါးတစ်ပုဒ်
(သို့)
ကျောင်းဆရာဆိုတာ အမြဲခေတ်မီ နိုင်ငံရေးသမားပါ (ဒေါက်တာမောင်သင်း)

ဆရာဒေါက်တာမောင်သင်း (မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်)ရေးတဲ့
ဂျာနယ်ဆောင်းပါးတွေ စုစည်းထားတဲ့ စာအုပ်လေး ထွက်လာပါတယ်။ ပညာရေးလောကကဆိုတော့ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတွေပါ။ အဲဒီစာအုပ်လေးထဲက ကျောင်းဆရာဆိုတာ အမြဲခေတ်မီ နိုင်ငံရေးသမားပါ ဆိုတဲ့ ဆောင်းပါးလေး
ဖတ်ပြီး ကျွန်တော်တို့ရဲ့ ဆရာမကြီး TTNU ကို ရိုးသားစွာ သတိရလိုက်မိပါတယ်။ ငယ်ငယ်ကလည်း ကျောင်းဆရာမလုပ်ခဲ့ပြီး
အခုထိလည်း လူငယ်တွေကို အင်္ဂလိပ်စာ သင်ကြားပေးနေဆဲရှိနေတဲ့ ဆရာမကြီး ကို ဒီဆောင်းပါးပါ စာစုလေးနဲ့ ဂုဏ်ပြုလိုက်ချင်တာပါ။

နိုင်ငံဖွံ့ဖြိုးဖို့ ပြည်သူတိုးတက်ဖို့ လုပ်မယ်ဆိုရင် လူတွေကို ပညာပြည့်ဝအောင် အရင်လုပ်ရတယ်၊ ဖွံ့ဖြိုးမှု တိုးတက်မှုဆိုတာ လူတွေရဲ့အရည်အသွေးတက်လာမှ ဖြစ်မှာ၊ အရည်အသွေးနိမ့်တဲ့ လူတွေနဲ့ နိုင်ငံဖွံ့ဖြိုးဖို့ တိုးတက်ဖို့ မလွယ်ဘူး။ မင်းကြည့်လေ တို့ဆီကို စစ်အတွင်းကလာတဲ့ ဂျပန်တွေကို ဗမာတွေက ငပုတဲ့။ အရိုင်းအစိုင်းတဲ့။ အခု တခြားစီပဲ။ ဂျပန်နိုင်ငံဆိုတာ ကျွန်းပင်လည်းမပေါက်၊ ရေနံလည်းမရှိ၊ ကျောက်သံပတ္တမြားနတ္တိ၊ သဘာဝအရင်းအမြစ် ဆင်းရဲတဲ့နိုင်ငံပါ။ အဲဒီငပုတွေ တိုးတက်နေလိုက်ကြတာ ကမ္ဘာ့ထိပ်ရောက်နေပြီး ဘာလို့လဲဆိုတော့ သဘာဝအရင်းအမြစ်ဆင်းရဲပေမယ့် ပညာတတ်တဲ့သူတွေ ပေါကြွယ်ဝလို့ကွ၊ လူတွေပညာတတ်လာရင် တိုးတက်အောင် လုပ်တတ်တာပဲ
(ကျွန်တော်တို့ စကားပြောနေတဲ့အချိန်က ၁၉၇၈-ခုနှစ်၊ ဆရာကြီး ဒေါက်တာကျော်စိုး ဂျပန်မှာ ဧည့်ပါမောက္ခ (၁) နှစ်လုပ်ပြီး ပြန်လာခါစပါ)
မင်းက ထင်လိမ့်မယ်။ နိုင်ငံရေးဆိုတာ ပါတီတွေဝင်၊ လုပ်ပိုင်ခွင့်ရအောင်လုပ်တာမှ နိုင်ငံရေးလို့ ထင်လား။ မင်းတို့ပြောပြောနေတဲ့ ပြည်သူကောင်းစားဖို့ ပြည်သူတိုးတက်ဖို့ ဆိုတော့ ပြည်သူတွေကို အသိဉာဏ်မြင့်အောင် ပညာတတ်အောင်လုပ်တာလည်း (အဲဒီတုန်းက လူ့စွမ်းအားအရင်းအမြစ် ဆိုတဲ့စကား မသုံးကြသေးပါ) နိုင်ငံရေးပါပဲကွာ။ ဒါကြောင့် လူသားမျိုးဆက်တိုင်းကို အသိဉာဏ်မြှင့်ပေးတဲ့ ကျောင်းဆရာအလုပ်ဟာ လည်း နိုင်ငံရေးအလုပ်ပါပဲ။ ပါတီတွေ ဘယ်လောက်ပျက်ပျက်၊ ဝါဒတွေဘယ်လိုပြောင်းပြောင်း ဆရာအလုပ်၊ အာစရိယဝါဒနဲ့ မျိုးဆက်တိုင်းကို အသိဉာဏ်မြှင့်ပေးမယ်ဆိုတဲ့ လမ်းစဉ်ဟာ မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းယှဉ် ရှေးရှုနှင်နေတဲ့ နိုင်ငံရေးပါ။
အဲဒီတော့ ဘာနိုင်ငံရေးပဲလုပ်လုပ် ပြည်သူတွေကို အသိဉာဏ်ဖွံ့ဖြိုးအောင် အရင်လုပ်ရမယ်၊ အဲဒီလို ပညာမျက်စိပွင့်၊ ပညာနားပွင့်အောင် တိုးတက်အောင်လုပ်မယ့်သူတွေကတော့ ကျောင်းဆရာတွေပဲ။ ကျောင်းဆရာတွေဟာ ဘယ်ခေတ် ဘယ်အခါမှ မတိမ်ကောတဲ့ ဝါဒဖြူစင်တဲ့ နိုင်ငံရေးသမားတွေပါ။ အမြဲခေတ်မီတဲ့ နိုင်ငံရေးကို လုပ်နေသူတွေပါ။

ကဲ ဒီဆောင်းပါးက ကျောင်းဆရာတွေဟာ အမြဲခေတ်မီနေတဲ့ နိုင်ငံရေးသမားတွေ ဖြစ်ကြောင်း တင်ပြသွားတာပါ။
ကျွန်တော်တို့ရဲ့ ဆရာမကြီး TTNU ဟာလည်း အမြဲခေတ်မီနေတဲ့ နိုင်ငံရေးကို အခုအချိန်အထိလုပ်နေတယ်
ဆိုတာလေးကို ကျွန်တော်တို့ ရွာသူရွာသားတွေက အသိအမှတ်ပြုကြရအောင်ပါ။
အိမ်မှာလည်း လူငယ်တွေကို အင်္ဂလိပ်စာ သင်ပေးနေတယ်၊ ရွာထဲမှာလည်း ပို့စ်လေးတွေနဲ့ ပညာ ဝေမျှပေးနေတယ်။
ဒါ ဆရာမကြီး TTNU လုပ်နေတဲ့ နိုင်ငံရေးပါ။
ဆရာမကြီး ခင်ဗျာ။
ကျွန်တော် ဒီစာအုပ်လေး ဆရာမကြီးဖတ်စေချင်လို့ လက်ဆောင်ပေးဖို့ ဝယ်ထားပါတယ်။
ကျွန်တော်တို့ ရွာထဲမှာလည်း အခုထက်ပိုတဲ့ နိုင်ငံရေးလုပ်ပြီး
ကျွန်တော်တို့ တိုးတက်အောင် သင်ကြားပေးနိုင်ပါစေလို့…။

ပြည်ခိုင်ဖြိုး ပါတီ သန့်စင်ရေးလုပ်ပြီ (သံတော်ဆင့်)

သတင်းခေါင်းစဉ်ကြီးကလည်း ကြောက်စရာကြီး။ သန့်စင်ရေးလုပ်ပြီတဲ့။ ဖတ်သာကြည့်တော့ဗျာ။
ဗဟိုက လူကြီးတွေ ကိုယ်တိုင်ဆင်းပြီး စနစ်တကျ စီစဉ်တာပဲ။ ပါတီအောက်ခြေကစပြီး အကျင့်ပျက်ချစားနေတဲ့ ကော်မတီတွေ၊ ပြည်သူက လက်မခံတဲ့ ခေါင်းဆောင်တွေ နေရာမှာ ပြည်သူတွေအတွက် ပါတီအတွက် တစ်ကယ်အလုပ်လုပ်မယ့် သူကို ရွေးချယ်ဖို့
ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတဲ့ အဆင့်ဆင့်အတွင်းရေးမှူးတွေက နေမြဲအတိုင်းလို့ သိထားရတော့ အောက်ခြေမှာ
ခံစားနေရတဲ့ အမှုဆောင်တွေအနေနဲ့ အခြေအနေအမှန်ကို လူကြီးတွေ သိစေချင်တယ်။ ဒီလူတွေထဲမှာ လူကြီးတွေ အရှိန်အဝါသုံးပြီး
ကိုယ်ကျိုးအတွက် အမြတ်ထုတ်သွားတဲ့အခါ ဒိလူတွေကြောင့် ပါတီနာမည်ပျက်ခဲ့ရတယ်။
ပါတီအပေါ် ယုံကြည်ချက် ခံယူချက် အပြည့်ရှိတဲ့သူတွေကတော့
ပါတီတွင်း ဒီမိုကရေစီ အမှန်တကယ် ရပါစေလို့ သာ ဆုတောင်းနေရတယ်
လို့ ကော်မတီဝင်တစ်ဦးက သံတော်ဆင့်ကို ပြောကြားပါတယ်တဲ့ဗျာ။
ပြည်ခိုင်ဖြိုးပါတီအတွင်း ပြန်လည်ရွေးကောက်ပွဲများကို ဇွန်လအတွင်း တိုင်းခရိုင်အဆင့်အထိ သက်ဆိုင်ရာတာဝန်ခံများက ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ရပ်/ကျေး အဆင့်ကို မြို့နယ်၊ မြို့နယ်အဆင့်ကို ခရိုင်၊ ခရိုင်အဆင့်ကို တိုင်းနဲ့ပြည်နယ်၊ တိုင်းနဲပြည်နယ် ကော်မတီများကို ဗဟိုမှ အဆင့်ဆင့်ကြီးကြပ်၍ ပြန်လည် ရွေးချယ်သွားမည်ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက သံတော်ဆင့်သို့ ပြောပါတယ်တဲ့ ဗျာ။

လူကြီးတွေ အရှိန်အဝါသုံးပြီး
ကိုယ်ကျိုးအတွက် အမြတ်ထုတ်သွားတဲ့အခါ ဒိလူတွေကြောင့် ပါတီနာမည်ပျက်ခဲ့ရတယ်

ဆိုတာလေးကို သက်သေ နဲ့တကွ တင်ပြပေးနိုင်ရင် ပါတီ ဂုဏ်သိက္ခာ ပြန်တက်ကောင်းတက်နိုင်ပါတယ်။
ကြပ်ပေးတာ မဟုတ်ရပါဘူးဗျာ။ ပါတီ ဂုဏ်သိက္ခာတက်စေဖို့ အကြံကောင်းလေးပေးကြည့်တာပါ။
လုပ်ကြဗျာ။ NLD ရော ပြည်ခိုင်ဖြိုးရော အားကောင်းမှ တိုင်းပြည် မြန်မြန်တိုးတက်မှာ။
လက်ခုတ်တီးပြီး အားပေးပါတယ် နော့…။

စကားတစ်ခွန်းအတွက် တောင်းပန်ခဲ့ရတဲ့ လယ်/ဆည် ဝန်ကြီး (ပြည်သူ့ခေတ်)

ယူတတ်ရင် ယူလို့ရတဲ့ သတင်းလေးတစ်ပုဒ်အကြောင်းပြောပြချင်သေးတယ် ကျောင်းဒကာ။
တာဝန်ကြီးကြီး ယူထားပြီး စကားကို ပေါ့ပေါ့ဆဆ ပြောမိတဲ့ ဒဏ်ကို ခံခဲ့ရတဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး
လွှတ်တော်ထဲမှာ တောင်းပန်လိုက်ရတဲ့ သတင်းလေးပါ။

လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး ရောက်လာတဲ့ လူက စာမှမတတ်။ ၁ဝ တန်းမအောင်ဘဲ လွှတ်တော်ထဲလာထိုင်တော့
သူများထဆို မတ်တပ်ထနေတယ်။ သူများထိုင်ဆို ထိုင်နေတယ်။ သူမှ ဘာမှ မသိတာ။ ဘာတွေပြောနေလဲ သူနားလည်တာ မဟုတ်ဘူး။
ရမ်းလုပ်နေရတာ

အထက်ပါ စကားတွေကတော့ လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင် ရဲ့ Hot News ဂျာနယ်နဲ့
အင်တာဗျူး မှာ ပြောကြားသွားချက်တွေဖြစ်ပါတယ်။
အဲဒီ စကားကို လွှတ်တော်ကိုယ်စားလှယ်တွေက အကြီးအကျယ် မကျေမနပ်ဖြစ်ပြီး
ဝန်ကြီးအနေနဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ တကွ လွှတ်တော်အားလုံး၊ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကို
နိုင်ငံပိုင်သတင်းစာ၊ ရုပ်မြင်သံကြားတို့မှ တရားဝင် ဝန်ခံခြင်း၊ ဝန်ချ တောင်းပန်ခြင်းတွေ ပြုလုပ်ပေးပါရန် နှင့် တောင်းပန်ခြင်း
မပြုပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား လေးစားလိုက်နာမှုမရှိဘဲ ဖေါက်ဖျက်ခြင်း စော်ကားကျူးလွန်မှုများကို တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း

လွှတ်တော်အမတ် ၂၀ဝကျော် က လက်မှတ်ရေးထိုး ပြီး တောင်းဆိုခဲ့ကြပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီကို
လေ့လာစိစစ်ရန် ညွှန်ကြားခဲ့ပါတယ်။
ဧပြီလ ၂ရ မှာ ဝန်ကြီးကို ဆင့်ခေါ်မေးမြန်းခဲ့ပြီးနောက် ကော်မတီမှ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်
အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာ
အချို့ အချက်အလက်များမှာ လွှတ်တော်တစ်ရပ်လုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးကို ပြည်သူလူထုမှ အထင်အမြင်လွဲမှားစေရန်၊ အယုံအကြည်ကင်းမဲ့စေရန်၊ ဂုဏ်သိက္ခာကျဆင်းစေနိုင်ကြောင်း ဖေါ်ပြပြီး သဘောထားနှင့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းတင်ပြတောင်းပန်စေသင့်ကြောင်း ဖေါ်ပြခဲ့ပါတယ်။
ဦးမြင့်လှိုင်က ကော်မတီကို ရှင်းပြရာမှာတော့

“ကျွန်တော်ပြောတဲ့ ရည်ရွယ်ချက်ကတော့ မပါပေမယ့်လို့ ပြောတဲ့နေရာမှာကတော့
ဒီလိုများဖြစ်ခဲ့ရင်ဆိုတဲ့ ဥပမာလေးတွေနဲ့ ကျွန်တော်က မိသားစုဆန်ဆန် အသွင်သဏ္ဍာန်ယူပြီးတော့ ပြောခဲ့ခြင်းဖြစ်ပါတယ်”

လို့ ပြောခဲ့တာ တွေ့ရပါတယ်။
ကော်မတီက ပြည်ထောင်စုဝန်ကြီးအနေနဲ့ တောင်းပန်နိုင်မလားလို့ မေးမြန်းရာမှာတော့
“ကျွန်တော့်အတွက် အလုပ်ရှုပ်ကြရတာမို့ ကျွန်တော် တောင်းပန်ရမယ့် တာဝန်ရှိပါတယ်” ဟု လည်းကောင်း၊

“သူတို့က မဟုတ်ဘူး ဝန်ကြီးရယ်၊ ခင်ဗျားထိုင်ကန်တော့မှပဲ ကျေနပ်မယ်ဆိုရင်
ကျွန်တော်က နိုင်ငံတော်နဲ့ အစိုးရအတွက် ကျွန်တော့်သိက္ခာကို မငဲ့ပါဘူး၊
ကျွန်တော် ထိုင်ကန်တော့ဆို ကန်တော့မှာပါ၊ ကန်တော့ဖို့ အဆင်သင့်ပါ။
ကျွန်တော် တောင်းပန်ဖို့ ဝန်မလေးပါဘူး။ အထင်အမြင်လွဲမှုပေါ့နော်”

ဟုလည်းကောင်း ဖြေကြားခဲ့တယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
သွားစမ်းပါ …
မာယာတွေရိုး နေပြီကွာ…

ဆိုတဲ့ ချစ်ကောင်းကြီးရဲ့ မာယာ သီချင်း လေးတောင် သတိရမိပါတယ်ဗျာ။
တောင်းပန်ပါမယ်တဲ့။
ထိုင်ကန်တော့မှ ကျေနပ်မယ် ဆိုရင် ထိုင်ကန်တော့ပါမယ်တဲ့။
ကန်တော့ဖို့ အဆင်သင့်ပါတဲ့။
အော် စကားတစ်ခွန်းကြောင့် အောက်ကျနောက်ကျခံပြောနေရရှာတဲ့ ဝန်ကြီးရဲ့ အဖြစ်ကို ကြည့်ရတာ ဇာတ်နာအောင် ဇွတ်အတင်းဖန်တီးထားတဲ့ မြန်မာကားတစ်ကားကြည့်ရသလို ခံစားရပါတယ်ဗျာ။
တော်သေးတယ်။
၁ဝ တန်းမှမအောင်ဘဲနဲ့ လွှတ်တော်ကိုယ်စားလှယ် လာလုပ်နေကြတယ် ဆိုသူတွေက
ဝန်ကြီးကို ကန်တော့ပြီး တောင်းပန်ဖို့ မတောင်းဆိုလို့ ဝန်ကြီးခင်ဗျာ မကန်တော့ခဲ့ရပါဘူးတဲ့ဗျာ။
နို့မို့ ဝါမဝင်ခင်ကတည်းက ကြိုတင်သတင်းကျွတ်တဲ့ ဇာတ်လမ်းတစ်ပုဒ် ကြည့်နေရဦးမှာဗျ။ ဟေးဟေး…။

HOT NEWS ဂျာနယ် အယ်ဒီတာချုပ် မမ ၏ ထုတ်ပြန်ကြေညာချက် (Hot News)

လယ်/ဆည် ဝန်ကြီးရဲ့ လွှတ်တော်ကော်မတီကို ဖြေရှင်းချက်ပေးခဲ့တာတွေနဲ့ပတ်သက်ပြီး
Hot News ဂျာနယ် အယ်ဒီတာချုပ် မမ က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်ဗျာ။
ကြေညာချက်က ရှည်လွန်းလို့ အသေးစိတ်မဖေါ်ပြတော့ပါဘူးဗျာ။
အနှစ်ကျတဲ့ စာသားလေးတစ်ခုပဲ ခေါင်းစားခံပြီးရွေးထုတ်ပေးလိုက်ပါတယ်။

မိမိ၏မှားယွင်းချက်၊ အားနည်းချက်ကို မိမိတာဝန်ယူဖြေရှင်းရမည့်အစား
ပတ်ဝန်းကျင်ကိုလွှဲချဖြေရှင်း အလွတ်ရှောင်ခြင်းသည် သာမာန်ပြည်သူအမျိုးသားတစ်ဦးဖြစ်ပါက
ပြသနာမရှိပါ။ ပြည်ထောင်စုဝန်ကြီးအဆင့်ကို တာဝန်ယူသူတစ်ဦး ဖြစ်သည့် ဝန်ကြီးဦးမြင့်လှိုင်အနေဖြင့်
စကားတစ်ခွန်းအပေါ် ဖြေရှင်းမှုမှာ ဝါးလုံးရှည်ဖြင့် သိမ်းရမ်းသကဲ့သို့ လွှဲချ ပြုမူခြင်းမှာ မဖြစ်သင့်ပါ။
ပြောမိလျှင်တောင်းပန်ရန်နှင့် မပြောမိဘဲ ဂျာနယ်မှရေးသားဖေါ်ပြပါက Hot News ဂျာနယ်နှင့် မမကို ဥပဒေကြောင်းအရ တရားစွဲရန်သာရှိပါသည်။

Hot News ဂျာနယ်ရဲ့ အယ်ဒီတာချုပ်ကလည်း ခပ်မိုက်မိုက်ပါပဲ။
မပြောမိဘဲ ဂျာနယ်မှ ရေးသားဖေါ်ပြခဲ့တယ်ဆိုရင် တရားစွဲလိုက်ပါလို့ကို စိန်ခေါ်လိုက်တာပါ။
လေးဖြူကြီးပြောသလို မိုက်တယ်ဗျာ လို့သာ ပြောလိုက်ချင်ပါတယ်။
အင်တာဗျူးတွေကို ကြိုတင်ပြင်ဆင်မှု မရှိဘဲ လက်တမ်းဖြေဆိုနေကြတာဟာ တာဝန်ကြီးကြီးယူထားသူတွေအနေနဲ့ အန္တရာယ်ကြီးတဲ့ စွန့်စားမှုတစ်ခု ဖြစ်တယ်ဆိုတဲ့အကြောင်းလေး…။
ခပ်တည်တည်နဲ့ ဆရာကြီးစတိုင်ဖမ်းလို့ အသားလွတ်ကြီး ဝင်ရမ်းလိုက်ရပါတယ်ခင်ဗျာ။ အာဟိ…။

ငယ်ဖြူ မဟုတ်တဲ့ ကျော်သူ (Sunday)

ဒီသတင်းကတော့ နိုဇိုးမိကြီးတို့ ပေါက်ဖေါ်တို့လို ငယ်သေးတယ်ဆိုပြီး ဇွတ်မိုက်နေကြသူတွေ အားတက်စေမယ့် သတင်းမျိုးဗျ။
နာရေးကူညီမှုအသင်း ဥက္ကဌ ကျော်သူ ဟာ ငယ်ဖြူသန့်သန့်လေးတော့ မဟုတ်ခဲ့ပါဘူး ဦးလေးရေ။
မဟုတ်တမ်းတရားတွေ လျှောက်ပြောတယ်လို့ မထင်ပါနဲ့ဗျာ။
ကျော်သူကြီးကိုယ်တိုင် ပြောသွားတဲ့ စကားလေး ဖတ်ကြည့်ပါ။

ဦးဇော်လင်း၊ ဦးကျော်ဟိန်း၊ ဦးညွန့်ဝင်း၊ ကောလိပ်ဂျင်နေဝင်းတို့ကို အရမ်းကြိုက်ပြီး အားကျခဲ့တယ်။
မင်းသားဘဝမှာ သီလမလုံခဲ့ဘူး။ အရက်သေစာ၊ မိန်းမကိစ္စ စသည်ဖြင့် မကင်းခဲ့ဘူး။
အခုတော့ ကိုယ့်ဘာသာကိုယ် ငါးပါးသီလ လုံအောင်ထိန်းပြီး လူပီသအောင်နေတယ်။
အရင်မင်းသားဘဝမှာ သီလမလုံတော့ လူမပီသခဲ့ဘူး။
ဘဘ ဦးသုခရဲ့ ကျေးဇူးတွေကြောင့် ၂၀၀ရ လောက်မှ လူဖြစ်သွားတယ်လို့ ခံယူတယ်။

ကျော်သူကြီးရဲ့ ပွင့်ပွင့်လင်းလင်း ပြောသွားတဲ့ ဒိုင်ယာလော့ခ်လေးအတွက် လက်ခုတ်တီးပေးပါတယ်ဗျာ။
တချို့များ ဘဝတစ်လျှောက်လုံး မဟုတ်တာဘာမှမလုပ်ခဲ့ကြဘူးတဲ့ (ဟုတ်တာတွေချည်းပဲ အကုန်လျှောက်လုပ်ခဲ့ကြတဲ့)
ငယ်ဖြူကြီးတွေလို ဟန်လုပ်နေကြတာတွေ တွေ့နေရတော့ ကျော်သူလို ပွင့်လင်းမှု မျိုးကို ကြိုဆိုကြရမယ် မဟုတ်လား ကျောင်းဒကာရယ်…နော်။
အင်း… အမေရိကားရောက်နေတဲ့ ကျော်သူ ကြီးနဲ့ ကျွန်တော်တို့ သူကြီး kai ကို အထူးစကားနပမ်းပွဲ ဆိုပြီး ရုံသွင်းပြလိုက်လို့ကတော့ အမြတ်အစွန်းကြီးကြီးရမှာ မြင်ယောင်သေးဟေးဟေး။
အော် ၂၀၀ရ လောက်မှ လူဖြစ်သွားတယ်လို့ ခံယူတယ်ဆိုတဲ့ ကျော်သူကြီးရဲ့ ဒိုင်ယာလောခ်ကို
သူကြီး ဘယ်လို ဒိုင်ယာလော့ခ် နဲ့ ပြန်ချေပမလည်း ဆိုတာ ကြည့်ချင်သေးတာဗျ။
ကျော်သူကြီး ပြောသွားတာ ဖတ်ကြည့်ပြီး ကိုယ့်ကိုယ်ကို ရော သောက်ဖေါ်သောက်ဘက်တွေ ဖြစ်တဲ့ ကိုကြီးမိုက်တို့ အမတ်မင်းတို့ ဖက်တီးကက်တို့ ပေါက်ဖေါ်လေးတို့ကို ပြန်အားပေးရဦးမယ်။
ရွှေတိုက်တို့ သူရဇော်တို့ M လုလင်လေးတို့ ကျတော့ ခွက်ပုန်းသမားတွေဆိုတော့ ထည့်မရေးလိုက်တော့ပါဘူးဗျာ။
သူတို့ သိက္ခာလည်း ပြန်ကြည့်ရသေးတယ်နော့…။
အခုသောက်နေပေမယ့် တချိန်ကျရင် ကျော်သူလို ငါးပါးသီလ လုံအောင်၊ ထိန်းနိုင်အောင် ကြိုးစားကြပါမည်ပေါ့။
၂၀၂၂ ခုလောက်ဆိုရင်တော့ ပြတ်နိုင်ကောင်းပါရဲ့။ အော် တော်တော် နီးနေပြီဗျ။ အာဟိ။ :mrgreen:
နိုဇိုးမိကြီးကိုလည်း အားပေးရဦးမယ်။ (ဂီဂီလည်း ပါပေမယ့် ထည့်မရေးပါနဲ့ ဆိုလို့ မရေးတော့ပါဘူးဗျာ…)
အခုအချိန်မှာ မိန်းမကိစ္စ မကင်းသေးပေမယ့် တချိန်ကျရင် ကျော်သူကြီးလို ငါးပါးသီလ လုံအောင်ထိန်းဖို့ ကြိုးစားပါပေါ့။
၂၀၂၂ လောက်ဆိုရင်တော့ ကိုနိုကြီး မိန်းမကိစ္စ ကင်းနိုင်ကောင်းပါရဲ့ဗျာ။
သူကတော့ ပြောရှာပါတယ်။ ကျွန်တော်က ဘယ်သူ့ကိုမှ မစခဲ့ပါဘူးဗျာ တဲ့။
သူတို့ကသာ ကျွန်တော့်ကို စခဲ့ကြတာပါတဲ့။
နိုဇိုးမိဆိုတဲ့ ယုန်ကြီးက မိန်းမဆိုတဲ့ ပိုက်ကွန်ကြီးကို တစ်ခါမှ မတိုးခဲ့ပါဘူးတဲ့။
မိန်းမဆိုတဲ့ ပိုက်ကွန်ကြီးတွေကသာ နိုဇိုးမိ ဆိုတဲ့ ယုန်ကြီးကို တိုးခဲ့တာပါတဲ့။
ကျွန်တော်က သူ့ကို မေးပါတယ်။ ရှောင်ဖို့ မကြိုးစားခဲ့ဘူးလား လို့။
ဟင့်အင်း…ရှောင်ရမှာ အားနာလို့တဲ့။ ကောင်းရော…။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရွာသားတွေ ကျော်သူကြီးလို အရက်တွေ မိန်းမကိစ္စတွေ ကို စွန့်လွှတ်ပြီး
(ခေါင်းခါခါ လည်ခါခါ တွေ မလုပ်ကြနဲ့လေဗျာ။ ကျွန်တော် ဆိုလိုတာက ၂၀၂၂ ခုနှစ်လောက်ကို TARGET ထားတာပါ။
ကြားထဲ ဆယ်နှစ်လောက်ကျန်နေသေးတာကို)
ငါးပါးသီလ လုံအောင် ထိန်းကြပါလို့ အရက်သမားအခြင်းခြင်း တစ်ခွက်ပိုသောက် လိုက်ရပါ သည် တမုံ့တကားတည်း။ :mrgreen:

ကိုယ့်ကို အရမ်းချစ်ပြီး အရမ်းတန်ဘိုးထားတဲ့ ယောက်ျားတစ်ယောက် ပေါ်လာပါစေလို့ ဆုတောင်းနေတဲ့ ဆုပန်ထွာ (Sunday)

သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုတဲ့ စကား ဘယ်သွားထားမလဲ ကျောင်းဒကာရယ်။
အခု သီးချိန်တန်လို့ မသီး ပွင့်ချိန်တန်လို့ မပွင့်ရရှာတဲ့ အပျိုကြီး ဆုပန်ထွာ ရဲ့ ဆုတောင်းလေးဖတ်ပြီး
ကိုဂျေကြီး ရေးပြီး ခိုင်ထူးဆိုခဲ့တဲ့ ဆိုင်သူကိုယ်စီနဲ့မို့ သီချင်းလေးတောင် ပါးစပ်က ညည်းမိသွားပါတယ်။ တကယ်ပါ။

ဒို့နှစ်ယောက် ခုထက်ပို စောတွေ့ကြရင် ပျော်ကြရမှာ
မင်းရောငါရော ဆိုင်သူကိုယ်စီ ရှိပြီးသားဘဝမှာ
မဆိုင်တဲ့ကြားနှစ်ယောက် မနစ်နာလေအောင်
ဒို့နှစ်ယောက် ပျော်သင့်သလား ဒို့နှစ်ယောက် ပျော်ရဲသလား

ဘာဖြစ်လို့ ဒီသီချင်း ညည်းမိသလဲ ဆိုတာ ဆုပန်ထွာ ဆုတောင်းလေး သာ ဖတ်ကြည့်ပေတော့ ဗျို့။

ပန့်ကို အရမ်းချစ်ပြီး အရမ်းတန်ဘိုးထားနိုင်တဲ့ ယောက်ျားတစ်ယောက် ပေါ်လာပါစေလို့
ပန်ပန် ကိုယ်တိုင်ဆုတောင်းပါတယ်။ ပန်ပန်က ရွေးလွန်းအားကြီးလို့ ခုလို အပျိုကြီးဖြစ်နေတာ ထင်ပါတယ်။

ကဲ သိပြီလား။ ခုထက်ပိုပြီး ၁၅ နှစ်လောက်သာ ကျွန်တော်နဲ့ ဆုပန်ထွာလေးနဲ့ စောတွေ့ခဲ့ကြရင်
ဒီလို ဆုတွေ တောင်းနေစရာ မလိုတော့ဘူး။
အခုတော့ ခင်ဗျာလေး မှာ ဆုတွေဘာတွေတောင် တောင်းနေရဆိုတော့ စိတ်ထဲ ထိခယက်မိပါ တယ် ဗျာ။
တကယ်ပါ…။
မဒမ်ဘလက် လာပြီဗျို့… ။
ဂီဂီရေ နင့်မြင်း ခဏငှားဟေ့… လစ်ပြီ…။
ဒက်ကလောက် ဒက်ကလောက်…။ :mrgreen:

NLD ပါတီဝင် လင်းလင်းရဲ့ နိုင်ငံခြားခရီး ( Sunday )

NLD ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးဇေယျာသော်၊ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်း တို့ အုပ်စုနဲ့အတူ
အဆိုတော်လင်းလင်းလည်း ဩစတြေးလျ နိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှာ ကျင်းပတဲ့
နိုင်ငံရေးနှင့် မူဝါဒရေးရာဆိုင်ရာ အကြံပေးသင်တန်းကို တက်ရောက်ဖို့ ထွက်ခွာသွားပါတယ်တဲ့။
သင်တန်းက ရက်တိုသင်တန်းဖြစ်ပြီး မေလ ၉ ရက်နေ့မှာ ပြန်ရောက်လာပါမယ်တဲ့။
ကြည့်ရတာ လင်းလင်း လည်း နိုင်ငံရေးနယ်ပယ်ထဲကို ခြေစုံပစ်ဝင်တော့မယ့်ပုံပဲဗျ။
၂၀၁၅ ရွေးကောက်ပွဲကျရင် NLD အမတ်လောင်းစာရင်းမှာ လင်းလင်း လည်း ပါလာမယ့် သဘောရှိတယ်ပေါ့ဗျာ။
ဆက်သာလျှောက် လင်းလင်းရေ။
ကိုယ်ယုံကြည်ရာလမ်းကို ဖြတ်သန်းပြီး ရဲရဲသာဆက်လျှောက်ဖို့ လက်ခုတ်တီးပြီး အားပေးလိုက်ပါတယ်ဗျာ။

သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံခြင်း (Sunday)

ဥက္ကဌကြီး ဦးဇင်ဝိုင်းရဲ့ ခေါ်ယူသတိပေးဆုံးမမှုကို ခံယူရမယ်ဆိုတဲ့ သင်ဇာဝင့်ကျော်လေးနဲ့
Sunday ဂျာနယ်တို့ အင်တာဗျူးလုပ်ထားတာလေးတွေထဲက ဖတ်ချင်စရာလေးတွေ ရွေးထုတ်ပေးလိုက်ပါတယ်ဗျာ။
အခုလို အများကြားထဲမှာ ဟိုက်လိုက်လုပ်ပြီး သတိပေးဆုံးမခံရတယ်ဆိုတော့ သင်ဇာဝင့်ကျော်လေးခင်ဗျာ စိတ်ထိခိုက်ရှာမှာပါပဲ..။
ဖြေရှင်းစရာ ပြောစရာတွေလည်း ရှိနေမှာပါပဲ..။ အဲဒီတော့ သင်ဇာဝင့်ကျော်လေး ရဲ့ ဖြေရှင်းစကားလေးတွေကိုလည်း
ကျွန်တော်တို့ နားထောင်ပေးသင့်တယ်လို့ ထင်ပါတယ်…။

Sunday – ပြီးခဲ့တဲ့ သင်္ကြန်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေအပေါ် သင်ဇာ့အနေနဲ့ အရင်ဆုံးပြောချင်တာက…။
ဖြေ – ပြည်သူချစ်တဲ့ အနုပညာရှင် Celeberity တွေဆိုတာ တစ်နှစ်ပတ်လုံးမှာ ကိုယ်ပိုင်အားလပ်ချိန်ဆိုတာ နည်းပါတယ်။ အချိန်နည်းတဲ့အတွက် စိတ်ပင်ပန်းတဲ့အခါ အပန်းဖြေဖို့ နည်းလမ်းကလည်းနည်းတော့ သင်္ကြန်ကာလမှာ လူငယ်သဘာဝ စိတ်လွတ်ကိုယ်လွတ်ပျော်မိတာပါ။ အဝတ်အစားတွေကလည်း ခေတ်နဲ့အညီ ဝတ်ထားတာပါ။ သူ့နေရာသူ လိုက်လျောညီထွေရှိတဲ့ အဝတ်အစားမျိုးကို ဝတ်သင့်တယ်ဆိုတဲ့စိတ်မျိုးလည်း သင်ဇာ့မှာရှိပါတယ်။ ဒီအဝတ်အစားတွေက သင်္ကြန်ကာလနဲ့လည်း လိုက်ဖက်မယ်ထင်လို့ ဝတ်ဖြစ်တာ။ တခြားလူငယ်တွေလည်း သင်ဇာ့လို ပုံစံမျိုးတွေ အများကြီးဝတ်တယ်။ ဒါကြောင့် သင်ဇာ တစ်ယောက်တည်းချွန်ထွက်နေပြီး ဝတ်တာမျိုးတော့မဟုတ်ပါဘူး။ သူများတကာတွေ ဝတ်တာ လှလို့ သင်ဇာလည်း အားကျပြီး ဝတ်ဖြစ်တာပါ။

ဒါက ဝေဖန်မှုတွေကို သင်ဇာဝင့်ကျော် အနေနဲ့ ဖြေရှင်းတဲ့ သဘောလေးပေါ့ဗျာ။ နားလည်ပေးတာ မပေးတာကတော့
ခင်ဗျားတို့ အပိုင်းပဲ ကျောင်းဒကာရယ်။ ဘာပဲဖြစ်ဖြစ် နှမချင်း ကိုယ်ချင်းစာတတ်တဲ့ စိတ်ကလေး တော့ နည်းနည်းလေး
ထည့်တွေးပေးကြစေချင်ပါတယ်။ အခုလိုအချိန်ဟာ တရားဝင်ထုတ်ဝေနေကြတဲ့ ဂျာနယ်တွေ၊ ကြော်ငြာတွေမှာတောင်
သင်ဇာဝင့်ကျော် ဝတ်တာထက် ပိုဆိုးတဲ့ ကုန်းပြ ကော့ပြ နေကြတဲ့ မြှူဆွယ်ပုံတွေကို မြင်နေတွေ့နေရတဲ့ အချိန်မျိုးတွေပါ။
အဲဒီလို ရိုက်နေကြတဲ့ ပုံတွေကို ခင်ဗျားတို့ ခွင့်လွှတ်ပေးထားမယ်ဆိုရင် သင်ဇာဝင့်ကျော် ဝတ်တာလောက်ကတော့
ထည့်ပြောနေစရာတောင် မလိုတဲ့ ကိစ္စမျိုးပါ။ ထားလိုက်ပါဗျာ။ မတော် ကျွန်တော်ကပဲ သင်ဇာဝင့်ကျော်ကို
ကာကွယ်ရေးသားနေသလိုမျိုးကြီးဖြစ်သွားရင် မကောင်းပါဘူး။ အမှန်တော့ သင်ဇာဝင့်ကျော်အနေနဲ့လည်း
အဲဒီလို မဝတ်သင့်ဘူးဆိုတာလောက်ကိုတော့ လက်ခံပေးလို့ရပါတယ်။ သို့သော် အခုလို ဟိုက်လိုက်လုပ် ခေါ်ယူဆုံးမပြီး
အဝါကတ်ပြသတိပေးတာမျိုးအထိကျတော့ ဒိုင်လူကြီး မမျှတဘူးလို့ ထင်ပါတယ်။ (အထင်)

နောက် စိတ်ဝင်စားစရာ အမေးအဖြေ လေးတစ်ခုကိုလည်း ဖတ်သင့်တယ် ထင်လို့ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

Sunday – တစ်ချိန်ချိန် ကိုယ်ပိုင်မိသားစုဘဝ ထူထောင်တဲ့အခါ အခုလိုမျိုးကိစ္စတွေက
ထောက်ပြစရာတစ်ခု ဖြစ်လိမ့်မယ်လို့ထင်လား။
ဖြေ – မိသားစုက အစမှာ အရမ်းဆူတယ်။ သင်ဇာ့အတွက် ဝမ်းနည်းကြတယ်။ နောက်ပိုင်းသူတို့ နားလည်သွားတယ်။
တခြားသူတွေလည်း ဒီထက်ဆိုးတာဝတ်နေတော့ နောက်မဝတ်ဖို့ဘဲ နားလည်အောင်ပြောတယ်။ စိတ်ညစ်အောင်
ပြောတဲ့စကား မရှိကြတော့ဘူး။ တစ်ချိန်မှာ မိသားစုဘဝတည်ထောင်တဲ့အခါ ဒီကိစ္စက တကယ့်သေးသေးလေးပါ။
ငါ့မှာ ဒီလိုမျိုးကိစ္စရှိတယ်ဆိုတာ ကို နားလည်လက်ခံပေးနိုင်မလား မေးပြီးမှ ဆုံးဖြတ်ပြီး လက်တွဲမှာ။

ဒီကိစ္စလေးက သေးသေးလေးပါ။ ဟုတ်ပါတယ် တကယ့်ကို သေးသေးလေးပါ။
ဒါပေမယ့် မှန်ဘီလူးနဲ့ ပုံကြီးချဲ့ကြည့်ခြင်းခံလိုက်ရတယ်လို့ ထင်ပါတယ်။ ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကိုပပျောက်စေဆိုတဲ့
စကား ဘယ်သွားထားမလဲဗျာ။ သတင်းတွေ သတင်းတွေ။ သတင်းတွေ နောက်က မာယာတွေကို မြင်အောင်ကြည့်ဖို့ကတော့
ခင်ဗျားမှာ အားကောင်းတဲ့ မှန်ဘီလူးတစ်လက်လောက်တော့ လိုလိမ့်မယ် ထင်တာပဲ ကျောင်းဒကာရေ..။

သင်ဇာဝင့်ကျော်ကို ဆုံးမတဲ့ ဥက္ကဌကြီး ဦးဇင်ဝိုင်း (နံနက်ခင်း)

သင်္ကြန်တွင်း ရေကစားနေတဲ့ သင်ဇာဝင့်ကျော်ပုံတွေကို ကာဗာတင်ပြီး မီးပွိုင့်တွေမှာ တစ်ချပ် ၅၀ဝ နဲ့ လိုက်ရောင်းနေတဲ့အထိ
အောင်မြင်နေတဲ့ သင်ဇာဝင့်ကျော်ကို ရုပ်ရှင်အစည်းအရုံးဥက္ကဌကြီး ဦးဇင်ဝိုင်းက ဖုန်းဆက်ပါတယ်တဲ့။
သူ့ကိုလာတွေ့ဖို့ပါ။
ဒါပေမယ့် ပြင်ဦးလွင်မှာ ကားရိုက်နေတဲ့ သင်ဇာဝင့်ကျော်က တစ်လလောက်ကြာမယ်ဆိုတဲ့အကြောင်းပြောပြတော့
ဖုန်းနဲ့ပဲ ဆုံးမစကားပြောပါတယ်တဲ့။ တော်တော် ဩဇာညောင်းတဲ့ ဥက္ကဌကြီး။ :mrgreen:
သမီးကလည်း ဦးဇင်ဝိုင်းရဲ့ ဆုံးမစကားကို နားထောင်ဖို့ ကတိပေးခဲ့ပါတယ်။
လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်တဲ့။
သင်္ကြန်တွင်းမှာ ရိုက်ခဲ့တဲ့ တက်တူးဆိုတဲ့ကားအကြောင်းလေး ကို သင်ဇာဝင့်ကျော်ပြောထားတာလေး ဖတ်ကြည့်ပါဗျာ။

အဲဒီကားမှာ သင်ဇာ့ကာရိုက်တာက ထူးခြားတယ်။ မကောင်းတဲ့မိန်းမ၊ အပျက်မဆိုပါတော့။
အရင်တုန်းကလုပ်ရတဲ့ပုံစံထက်တော့ အများကြီးပိုလုပ်ရတာပေါ့။ ဆင်ဆာတွေလည်း ရလာပြီဆိုတော့လေ။
အဝတ်အစားနဲ့လည်း ပြလို့ ရသွားပြီ။

ကြည့်ဦးမှာ။
အပျက်မ ဆိုတဲ့ ကာရိုက်တာ ပေါ်ဖို့ ဘယ်လိုအဝတ်အစားတွေနဲ့ သရုပ်ဖေါ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကို
စောင့်ကြည့်လေ့လာဦးမှာ…။
ဂျပန်က ဂီဂီ့ကိုလည်း သတင်းပေးထားရဦးမယ်။ သူက သင်ဇာဝင့်ကျော် ပရိသတ်တဲ့ဗျာ။
သင်ဇာဝင့်ကျော် အပျက်မ လုပ်တဲ့ တက်တူး ဇာတ်ကားကို ကြည့်ဖြစ်အောင်ကြည့်ဖို့၊
ဝါသနာတူကြတဲ့ နိုဇိုးမိကြီးတို့ အဖွဲ့ကိုလည်း သတင်းပေးထားရမယ်။ ကားထွက်လာရင် ကြည့်ဖြစ်အောင်ကြည့်ကြဖို့။
မှတ်မိတယ်နော် … တက်တူး။
စကားမစပ်ဗျာ။ စိုင်းစိုင်းခမ်းလှိုင်သီချင်းတစ်ပုဒ်ထဲက
မိုက်လား မိုက်လား မိုက်လား ဆိုတဲ့ အသံက သင်ဇာဝင့်ကျော် အသံပါတဲ့။
အသံနဲ့တင် ဆက်စီက ဖြစ်နေပြီးသားဗျ။ အာဟိ…။ :mrgreen:

အမေမို့ ရဲ့ မပြီးသေးသော ဒိုင်ယာလော့ခ် များ (Sunday)

မို့မို့မြင့်အောင် နဲ့ ကြော်ငြာ၊ ကြော်ငြာနဲ့ မို့မို့မြင့်အောင် သိတ်တော့ ဓါတ်မတည့်ဘူးလားလို့။
မှတ်မိကြဦးမလား မဆိုနိုင်ပါဘူး။
မြဝတီတို့ MRTV တို့မှာ ကြော်ငြာတွေ စခေတ်စားတော့ မင်းသမီးတွေအကုန်လုံး ကြော်ငြာတွေရိုက်ကုန်ကြတာပေါ့ ကျောင်းဒကာရယ်… ။
ခိုင်သင်းကြည်တို့ နန္ဒာလှိုင်တို့ ထက်ထက်မိုးဦးတို့ရဲ့ ကြော်ငြာတွေ ခေတ်ကောင်းခဲ့ချိန်ပေါ့။ မေသန်းနုကြီးတောင် သန်တုန်းမြန်တုန်း ဖလန်းဖလန်းထတုန်း ကြော်ငြာတွေလက်မလည်အောင် ရိုက်နေရတုန်း အချိန်ကြီးမှာပေါ့။
ကျွန်ုပ်တို့၏ မို့မို့မြင့်အောင်ကတော့ ကြော်ငြာကို လုံးဝလက်ခံရိုက်ကူးခဲ့ခြင်း မရှိခဲ့ပါဘူးခင်ဗျာ။
ကြော်ငြာတွေ ခေတ်စားလို့ တော်တော်ကြီးကြာတော့မှ မို့မို့မြင့်အောင်ကြီးက ကြော်ငြာရိုက်မယ်ဆိုပြီး လုပ်ပါလေရောဗျာ။
အမေမို့ပဲ သူများမှမဟုတ်တာ။
ကြော်ငြာရိုက်တာတောင် ယုဇန ဂါးဒင်း ဟော်တယ်ကို စာနယ်ဇင်းတွေ မီဒီယာတွေခေါ်ပြီး
မို့ ကြော်ငြာရိုက်တော့မယ်
ဆိုပြီး မထေ့တထေ့ပြုံးပြီး ရေနံ့သာခင်ခင်ကြီး စတိုင်နဲ့ ကြေညာတယ်တဲ့ဗျာ။
အဲဒီမှာ ဇာတ်ရှိန်စတက်တော့တာပဲဗျာ။
စာနယ်ဇင်းတွေဆိုတာ ဘာပြောကောင်းမလဲ…။
မို့မို့မြင့်အောင် ကြော်ငြာရိုက်တော့မယ်ဆိုတော့ သတင်းထူးကြီးပေါ့။
အပြိုင်အဆိုင် ဖေါ်ပြကြတော့တာပေါ့…။
အမှတ်မမှားဘူးဆိုရင် မို့မို့ ကြီးရဲ့ ပထမဆုံးကြော်ငြာက ပါဝါ ရွှေဆိုင်ကြော်ငြာလို့ မှတ်မိနေပါတယ်။ မှားနေရင် ပြင်ပေးကြပါဦး နော့…။
ထားပါတော့…။ အဲဒီအထိ သိတ်မထူးဆန်းသေးပါဘူး။ ထူးဆန်းတာက ဒီလိုဗျ။
နောက်ဆက်တွဲအနေနဲ့ ပြောခဲ့တဲ့စကားက
ဇီးထုတ်ကြော်ငြာတော့ ရိုက်မှာမဟုတ်ဘူးနော်
ဆိုတဲ့ ဒိုင်ယာလော့ခ် ခင်ဗျ။
အဲဒီအချိန်က မေသန်းနုတို့ ထက်ထက်တို့ ခိုင်သင်းကြည်တို့ကလည်း ဇီးထုတ်ကြော်ငြာလေးတွေနဲ့
လူကြိုက်များထင်ရှား နေချိန်ဆိုတော့ ဇီးထုတ်ကြော်ငြာတော့ မရိုက်ဘူးဆိုတဲ့ အမေမို့ရဲ့စကားက
စဉ်းစားရင်စဉ်းစားသလောက် တာသွားတော့တာပေါ့ဗျာ။
အဲဒီ ဒိုင်ယာလော့ခ် ကြောင့် ပရိသတ်က အထင်တော်တွေလွဲကုန်ကြတဲ့ဒဏ်ကို မို့မို့ကြီး ခါးစည်းခံခဲ့ရသေးတာပါ။
အခုတော့ အဲဒီ လောင်းရိပ်အောက်က လွတ်လာခဲ့ပြီလို့ ဆိုရမှာပေါ့။
အေးလေ အချိန်တွေကလည်း ကြာ…ကြာလှပေါ့။ ဆိုတော့…။
မို့မို့မြင့်အောင် အနေနဲ့ဆက်လက်ရိုက်ကူးသွားဦးမယ့် ကြော်ငြာတွေနဲ့ပတ်သက်လို့ ဒိုင်ယာလော့ခ်လေး ဖတ်ကြည့်ဗျာ။

ကြော်ငြာတွေ ရိုက်ကူးမယ် ဆိုပေမယ့်လည်း ကိုယ့်ရဲ့ အနုပညာအဆင့်အတန်းအရ
ကုန်ပစ္စည်းရဲ့အခြေအနေကို ကြည့်ပြီးမှ လက်ခံမှာပါ။ ကြော်ငြာဆိုတာကလည်း သုံးလေးစက္ကန့်နဲ့ ပရိသတ်ရဲ့အာရုံကို
ဆွဲဆောင်ရတဲ့ အနုပညာဖြစ်လို့ နောက်ပိုင်းမှာ စိတ်နှစ်ပြီးတော့ လုပ်ဆောင်သွားမှာ

ဒါကတော့ ၂၀၁၂ ခုနှစ် မို့မို့မြင့်အောင်ရဲ့ ကြော်ငြာနဲ့ပတ်သက်တဲ့ ဒိုင်ယာလော့ခ်ပါ။
ဖတ်ပြီး သောက်မြင်တွေ ကတ်မနေနဲ့ဦး ကျောင်းဒကာရေ…။
စိတ်လျှော့ဟ။ စိတ်လျှော့…။

အပျိုကြီး ဒါပေမယ့် တင်မိုးလွင် (Sunday)

သူမကို မော်ဒယ်မိခင်ကြီးလို့လည်း ခေါ်ကြပါတယ်။
လတ်ဆတ်လန်းဆန်းနုပျိုစဉ်က သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်ကကျင်းပတဲ့ ပြုံးအလှပိုင်ရှင် ဆုကို
ဆွတ်ခူးခဲ့သေးတယ်လို့ မှတ်မိပါတယ်။ သူကိုယ်တိုင်ကလည်း အဲဒီတက္ကသိုလ်က ဘွဲ့ရတာလို့ ထင်ပါတယ်။
Talents and Model သင်တန်းကနေ သူမမွေးထုတ်ပေးခဲ့တဲ့ မော်ဒယ်လ် မလေးတွေနဲ့ အပြိုင် လှရက်နိုင်လွန်းသူကြီးပါ။
အိမ်ထောင်မပြုသေးဘူးဆိုတော့ အပျိုကြီး ပေါ့ ခင်ဗျာ…။ နည်းနည်း တင်စားရရင်တော့ စီနီယာအကျဆုံး အပျိုကြီး ခင်ဗျ။ ဟေးဟေး ။
သူမကိုလည်း သီးချိန်တန်းမသီး ပွင့်ချိန်တန် မပွင့် စာရင်းထဲ တို့ထားရဦးမှာပါ…။
အိမ်ထောင်ရေးနဲ့ပတ်သက်လို့ တင်မိုးလွင်ကြီးရဲ့ အပြောက ဒီလိုတဲ့ဗျ…။

အခုနှစ်ထဲမှာလည်း အိမ်ထောင်ရေးကို စဉ်းစားဖို့ အစီအစဉ်မရှိသေးပါဘူး။ Talents and Model သင်တန်းအတွက်
လုပ်ချင်တဲ့အစီအစဉ်တွေ အများကြီးရှိသေးတာက တစ်ကြောင်း၊ တခြားအနုပညာလုပ်ငန်းတွေကလည်း လုပ်ဖို့ ရှိနေသေးတာကြောင့်
အိမ်ထောင်ပြုဖို့ဆိုတာ မစဉ်းစားသေးပါဘူး
အချစ်ရေးကိုတော့ အေးအေးဆေးဆေး အချိန်ယူ စဉ်းစားသွားမှာပါ။
ဘယ်နေ့ဘယ်အချိန်မှာ အိမ်ထောင်ပြုမယ်ဆိုပြီး အတိအကျတော့ မသတ်မှတ်ထားသေးဘူး

တဲ့။
အော် အခုထိကို မစဉ်းစားရသေးတဲ့ သဘောပြောသွားတာဗျ…။
ကျွန်တော်တို့ ခင်ဗျားတို့ ကြိုးစားရင်လည်း မီသေးတယ်ပေါ့ဗျာ။
အင်း ခေတ်က ကိုင်ဇာ ခေတ်မဟုတ်တော့ဘူးဆိုတော့
မိုးကို ချစ်လိုက်တာလေ မိမိုးကိုချစ်လိုက်တာလေ ဆိုတဲ့ သီချင်းနဲ့တော့ လူပျိုလှည့်လို့ မရနိုင်ဘူးဗျ။
ကျားပေါက် သီချင်းလေးက မမိုးအတွက်များရေးထားလေသလားမသိ။
မင်္ဂလာဆောင်ကို ရွှေ့လိုက်တော့ နင်အဘွားကြီးဖြစ်မယ့်အချိန်ကို စောင့် လိုက်ပါတော့…
တဲ့။
အင်း အဘွားကြီးဖြစ်မယ့်အချိန်ဆိုတော့ သိတ်တော့ မစောင့်ရတော့ပါဘူး..။ :mrgreen:

၂၁ ရာစု အိချောပို (8 Days)

ဂျာနယ်တွေထဲမှာတော့ 8 Days ဂျာနယ် မျက်နှာဖုံးလေးတွေက ထူးခြားပါတယ် ကျောင်းဒကာ။
ဖူးသစ်နုရွ ဖလန်းဖလန်းထနေတဲ့ ကလေးမလေးတွေရဲ့ အလှကို ဓါတ်ပုံဆရာရဲ့အားနဲ့ စင်တင်ဖေါ်ထုတ်ပေးနေတယ် လို့
တောင် တင်စားလိုက်ချင်ပါတယ်။ ဒီတစ်ပတ် 8 Days ဂျာနယ် မျက်နှာဖုံးရှင်လေးကတော့ ကျွန်ုပ်တို့၏ အိချောပို လေးဖြစ်ပါတယ်။
ဟေးဟေး။ အိချောပိုလေးရဲ့ အလှကို တစ်စိမ့်စိမ့်ကြည့်ပြီး ခံစားချင်တဲ့ ရွာသားတွေအနေနဲ့ 8 Days ဂျာနယ်ကို အပြေးသာ
ဝယ်ဖတ်ပါတော့လို့ ကြော်ငြာထိုးလိုက်ပါရစေ။
မရိုင်းဘူးနော် ကိုကို။ ယဉ်ယဉ်လေးနဲ့ လန်းနေတာပါ။
ဓါတ်ပုံဆရာကလည်း အေးဇော်မိုးပဲလေ။ တခြားသူမှမဟုတ်တာ…။
အဲဒီအိချောပိုလေးနဲ့ အင်တာဗျူးလေးထဲက စိတ်ဝင်စားစရာ မေးဖြေလေးတစ်ခုလောက်တော့ ဆွဲထုတ်ပြချင်ပါသေးတယ်။

မေး – ဘဝကို ကိုယ်ကသာ အရာရာစီမံပိုင်ခွင့်ရှိမယ်ဆိုရင် ဘယ်လိုစီမံချင်လဲ
ဖြေ – တကယ်သာ စီမံရမယ်ဆိုရင် ကားတွေကို မိုးပေါ်ပျံစေချင်တယ်။ ဘာလို့လဲ ဆိုတော့ အချိန်တွေနောက်ကျတာလည်း သိပ်မရှိတော့ဘူးလေ။ အလုပ်တွေလည်း မြန်မြန်ပြီးမယ်ထင်တယ်။

ကိုသန်းနိုင်ကြီးရဲ့ ၂၁ ရာစု လူသား သီချင်းကို သွားသတိရမိတယ်။
တိမ်တွေကိုအော်ပြောလိုက်မယ် ငွေမှုန်တွေရွာချအောင်
ပင်လယ်ကိုအော်ပြောလိုက်မယ် ရေငန်တွေချိုသွားအောင်

အိချောပိုလေးကတော့ ကားတွေကို မိုးပေါ်ပျံဖို့ စီမံချင်ပါသတဲ့။
ကိုသန်းနိုင်ကြီးနဲ့ တွေ့ပေးလိုက်မှနဲ့တူပါတယ်ဗျာ။
ကဲ အိချောပိုလေးကို ကြိုးစားချင်တယ်ဆိုရင်တော့ သာမာန်ကားလေးစီးနိုင်တယ်
ဆိုတာလောက်နဲ့တော့ မရဘူးနော် ကျောင်းဒကာ။ ကားပျံတဲ့ ဗျာ။ ကားပျံလိုချင်တာတဲ့။
အချိန်တွေ နောက်ကျတာတွေ မရှိစေချင်လို့တဲ့။
အဲ..အဲ..။ ကားပျံဆိုတော့ ယဉ်ထိန်းရဲပျံတွေလည်း လိုမှာနော် ကိုကို။
မတော် မိုးပျံယဉ်တိုက်မှုတွေ ဖြစ်ကုန်ရင် ဒုက္ခ။
အိချောပိုလေး မရရင်လည်း နေပါစေဗျာ။
ကားပျံတွေနဲ့ တော့ နေရာမကျလှပါဘူး။ လစ်ပြီဗျို့…။ :mrgreen:

ရွှေစင် လိုချင်တဲ့ လက်စွပ် ( HELLO )

မေသန်းနုက စကားပြောရင် သူ့ကို သူ မတ်စေ့တဲ့။ မဆင့် လို့ပြောတာ ဘိတ်သံဝဲသွားလို့ မတ်စေ့ ဖြစ်သွားတာပါ။
နန္ဒာလှိုင်က သူ့ကိုယ်သူ နာကလေ နာကလေတဲ့။ နန္ဒာကလေ နန္ဒာကလေ ကို အမြန်ပြောရင်း နာကလေ ဖြစ်သွားတာပါ။
ထွန်းအိန္ဒြာဗို က သူ့ကိုယ်သူ မခိုင်ကြီးတဲ့။
စိုးမြတ်နန္ဒာက သူ့ကိုယ်သူ ဒါဒါ တဲ့။
အခု တစ်လော ဂျိမ်းစ်ဘွန်းမင်းသမီးလေလား ထင်မှတ်မှားရပါတဲ့ မော်ဒယ်လ် သရုပ်ဆောင်ရွှေစင်ကတော့
သူ့ကိုယ်သူ စင်ကလေ စင်ကလေ လို့ ပြောပါတယ်ဗျာ။
သေချာမှတ်ထားပါ ကျောင်းဒကာ။
တော်ကြာ စင်ကလေ စင်ကလေ ဆိုတာနဲ့ တိရိစာ္ဆန်ရုံက ဆင်ကြီးသွားမြင်နေမှာ စိုးလို့ပါဗျာ။
အဲဒီ စင်လေးကလည်း အိပ်မက်တွေ လိုချင်တပ်မက်မှုတွေ ရှိပါတယ်တဲ့ဗျာ။
လှကလည်းလှ တောင့်ကလည်းတောင့်ဆိုတော့ ရွှေစင်လေးကိုသာ ဂျိမ်းစ်ဘွန်း ကားထဲထည့်ရိုက်ပြီး
ကမ်းခြေကနေ ဘီကီနီ လေးနဲ့ တစ်လှမ်းချင်းတက်လာတဲ့အခန်းများ ရိုက်လိုက်လို့ကတော့ ဟေလီဘယ်ရီ လောက်တော့ သနားသေး ဟေးဟေး။
ဘယ်… သင်ဇာဝင့်ကျော်တို့ ဝတ်တာစားတာ ဟော့တယ်ဆိုတာ အလကားပါ။ အနေအထိုင်မတတ်လို့ ဟော့ရှော့ကြီး ဖြစ်သွားတဲ့ သဘောပါ။
ဘီကီနီ ဝတ်ရဲပါ့မလား ဆိုတာတွေဘာတွေ ခင်ဗျားစိုးရိမ်နေဖို့ မလိုပါဘူးဗျာ။ ဒီဂျာနယ်ထဲပါတဲ့ပုံလေးလောက်ဆိုရင်တောင်
ဘီကီနီ စစ်စစ်ကြီး ဝတ်ပြနေစရာမလိုတော့ပါဘူး။
ရှိုက်ဖိုကြီးငယ်အသွယ်သွယ်က အစ်ကိုကာလသားတွေ အကြိုက်ပေကိုး ကျောင်းဒကာရဲ့။
အင်း… ရာသီဥတုကလည်းပူပေတာကိုးဗျ.. နော။
ပြောရင်းတောင် ရေဆာလာတယ် ယူနန်က ဘီယာလေးတစ်ခွက်လောက် တိုက်စမ်းကွယ် အမတ်မင်းရယ်။
ကွယ် နာမည်လေးတော့ နည်းနည်း ပြောင်းဖို့လိုမလားပဲ။
မိုနီကာ ရွှေစင်တို့။
အိန်ဂျလီနာ ရွှေစင်တို့။
ကက်သရင်း ရွှေစင်တို့ တစ်ခုခုပေါ့ဗျာ။ ရုပ်ရှင်ရိုက်ဖြစ်ခဲ့ရင်ပေါ့။
အဲဒီ ဂျိမ်းစ်ဘွန်းမင်းသမီးလေလား ထင်မှတ်မှားရတဲ့ ရွှေစင်လေး ရဲ့ စိတ်ကူးယဉ် အိပ်မက်လေးအကြောင်း
ပြောပြချင်ပါ တယ်ဗျာ။ ကဲ ဝယ်ပေးနိုင်ရင် ဝယ်ပေးဖို့ ဖတ်ကြည့်ဗျာ…။

စင်ငယ်ငယ်လေးကတည်းက စိတ်ကူးယဉ်အိပ်မက်တစ်ခုရှိတယ်။
စင့်ကိုလေ စင်ချစ်တဲ့သူက လက်စွပ်လေး အရမ်းပေးစေချင်တာ။
ဆွဲကြိုးတွေ နားကပ်တွေ ဘယ်လောက်တန်ဖိုးကြီးပါစေ စင် မလိုချင်ဘူး။
လက်စွပ်လေးပဲ။ အဲဒီလက်စွပ်လေးက သေးသေးလေးနဲ့ ပါးပါးလေးပဲဖြစ်နေဖြစ်နေ ပေါ့နော်။
ချစ်သူပေးတဲ့ လက်စွပ်ကို စင့်ရဲ့ လက်သူကြွယ်မှာ အရမ်းဝတ်ချင်တာပဲ။
အဲဒါကတော့ အမှတ်တရအနေနဲ့ တမ်းတခဲ့ရတဲ့ အိပ်မက်ဆိုတော့ လိုချင်တာပေါ့နော်။
အဲဒီအတွေးက စင် ငယ်ငယ် ကတည်းက ရည်းဇားထားရမယ့် အရွယ်မဟုတ် ခင်ကတည်းက ကလေးအိပ်မက်ပေါ့နော်။ ခုချိန်ထိပဲ။

ကဲ စင် ရေ။
စင့်ချစ်သူ ဘယ်သူဆိုတာ ကျွန်တော် လည်းမသိပါဘူးကွယ်။
စင်ပြောပုံဆိုပုံ ကြည့်ရတာ ခုထိ စင့်လူကြီးက စင့်ကို စင်ကြိုက်တဲ့ လက်စွပ် ဝယ်ပေးသေးတဲ့ပုံမပေါ်ဘူး။
(စင် ထဲကကို မထွက်တော့ဘူး။ ပြောရတာ လျှာတောင် ခလုတ်တိုက်တယ်။)
ဂျာနယ်ပေါ် တက်ပြောနေရတယ်ဆိုတာကိုက မဟုတ်တော့ဘူးပေါ့။
ကျွန်တော့် မိတ်ဆွေထဲမှာတော့ စင်လိုချင်နေတဲ့ လက်စွပ်မျိုးဝယ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိပါတယ်။
ဦးလင်းဝေတဲ့။ သိတ်ချမ်းသာတဲ့ ဘိဇနက်မန်းကြီးပေါ့။
အခု နောက်ပိုင်း အစိုးရနဲ့ပေါင်းပြီး လုပ်ငန်းကြီးတွေကို တစ်ခုပြီးတစ်ခု လုပ်နေရတဲ့ သူဌေးကြီးပေါ့ကွယ်..။
သူကတော့ စင့်ကို စင်လိုချင်တဲ့ လက်စွပ်လေး ဝယ်ပေးနိုင်ပါလိမ့်မယ်။
စင့်အတွက်ဆိုရင် ယူပြီးသားမိန်းမကိုတောင် လျော်ကြေးပေးပြီး ကွာရှင်းလိုက်ဖို့ ဝန်မလေးဘူးတဲ့ဗျာ။
ဦးလင်းဝေပေးတဲ့လက်စွပ်လေးကို စင့် လက်သူကြွယ်လေးမှာ စွပ်ပြီး စင်နဲ့ ဦးလင်းဝေကြီးတို့
ကိုးရီးယားကား ရိုက်နိုင်ပြီပေါ့။
အော် ကိုးရီးယားကားတွေက အိမ်ထောင်ရှင်တွေ ရည်းဇားထားတာကို ထမင်းစားရေသောက်ရိုက်ပြနေကြတာ ခဏခဏတွေ့နေမိလို့ပါ။
ဦးလင်းဝေကြီးပေးတဲ့ ဆင်မြီးကွင်းလက်စွပ်လေးကို လက်သူကြွယ်မှာ စွပ်ပြီး ပျော်နေတဲ့ပုံကို ဂျာနယ်ထဲ ထည့်ဦးနော့…။
နောက်ထှာ…။ :mrgreen:

ကြားသားမိုးကြိုး ဂီတအစည်းအရုံးကြီးကို သူတည်ထောင်သတဲ့ (မန္တလေး အာရုဏ်ဦး)

မြို့မမောင်မောင် ရေးတဲ့ ဆောင်းပါးလေးပါ။
ဒီဆောင်းပါးလေးကတော့ ဂီတအစည်းအရုံးရဲ့ ရာဇဝင်ကို ပြန်တူးဆွပေးထားတာဖြစ်ပြီး
ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး အကော်ဒီယံ ဦးအုန်းကျော် ရဲ့ စကားတစ်ချို့ကို
ခြေပထားတာဖြစ်တဲ့အတွက် တန်ဘိုးကြီးတယ်လို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့ (၃၀-၁၂-၂၀၁၁) နေ့က ရန်ကုန်မြို့တော်ခမ်းမနားက City Star ဟော်တယ်မှာ
အကော်ဒီယံ အုန်းကျော်ဆိုတဲ့ ဇာတ်လိုက်ကျော်ကြီးက မီဒီယာတွေနဲ့တွေ့ဆုံပြီး စာနယ်ဇင်းရှင်းလင်းပွဲတစ်ခုလုပ်ခဲ့ပါတယ်တဲ့။
အကော်ဒီယံအုန်းကျော်ဟာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးကြီးကို အမှုဆောင်သက်တမ်း ၃ ဆက်၊
နှစ်ပေါင်း ၁ရ နှစ်ကျော်ကျော် ဥက္ကဌလုပ်သွားတဲ့ ပုဂ္ဂိုလ်ကြီးပေါ့ခင်ဗျာ။
အဲဒီကာလတွေအတွင်း စာသားတွေသာပြောင်းသွားပေမယ့် သံစဉ်တွေက တစ်မျိုးတည်းလိုပဲ ထပ်နေတတ်တဲ့
အကျိုးပြုပေါ်လစီသီချင်းပေါင်းမြောက်များစွာကို တစ်ယောက်တည်း ဒိုင်ခံရေးသားခဲ့ပါတယ်။
ထားလိုက်ပါဗျာ သူ့သမိုင်းသူရေးခဲ့ပြီးပါပြီ။ ဆောင်းပါး ဘက် ပြန်လှည့်ရအောင်ပါ။
စာနယ်ဇင်းရှင်းလင်းပွဲမှာ ဦးအုန်းကျော်ပြောသွားတာက

မြန်မာနိုင်ငံဂီတအစည်းအရုံးကြီးကို သူတည်ထောင်ခဲ့တာပါတဲ့။
အဖွဲ့ဝင်မရှိ၊ ငွေကြေးတစ်ပြားမှမရှိ၊ အစည်းအရုံးနေရာမရှိတဲ့ အဖွဲ့ကြီးကို တည်ထောင်ပြီး
ဂီတအစည်းအရုံးကြီး ရဲ့ တည်နေရာ အဆောက်အဦးဖြစ်တဲ့ မြနန္ဒာအဆောက်အဦကြီးလည်း တည်ဆောက်ခဲ့ပါတယ်တဲ့။
ပြီးတော့ အသင်းဝင် ဂီတသမားများကိုလည်း မြေကွက်များရအောင် လုပ်ပေးခဲ့ပါတယ်တဲ့။ တယ်လီဖုန်းများလည်း
ရယူပေးခဲ့ပါတယ်တဲ့။ နိုင်ငံတော် ပွဲကြီးများဖြစ်တဲ့ လှေသဘင်ပွဲ၊ အမျိုးသားအားကစားပွဲတော်၊ မြင်းခင်းသဘင်နှင့်
အရေးကြီးတဲ့ နိုင်ငံတော်ပွဲအရပ်ရပ်မှာ အစည်းအရုံးအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်တဲ့။ ဂီတသမားများရဲ့ မူပိုင်ခွင့်နှင့်
နိုင်ငံရပ်ခြားခရီးသွားလာခွင့်ရအောင် ကူညီပေးပါတယ် တဲ့။

အဲဒီလို တွေ ကိုယ်ရေသွေးပြီး ပြောသွားတဲ့ သူ့စကားတွေကို ဘယ်ဂီတသမားကမှ လက်မခံနိုင်ကြပါဘူးတဲ့။
စာနယ်ဇင်းရှင်းလင်းပွဲရဲ့ အဓိကအကြောင်းရင်းကတော့ လက်ရှိ ဥက္ကဌ ဦးမောင်မောင်လတ် ဦးဆောင်တဲ့
မြန်မာနိုင်ငံဂီတအစည်းအရုံးကြီးနှင့် ဦးအုန်းကျော်တို့ဟာ ဂီတအစည်းအရုံးအဆောက်အဦးခန်းမမှာ
စီးပွားရေးလုပ်ငန်း ပြုလုပ်ရင်း ဦးအုန်းကျော်မိသားစုဝင်တွေ နေထိုင်ပြီး ဖယ်ရှားမပေးတဲ့အကြောင်းနှင့်
အခန်းငှားခ မပြေလည်တဲ့အတွက် တရားစွဲဆို အမှုရင်ဆိုင် ဖြေရှင်းနေရတဲ့ အကြောင်းအရင်းက စတဲ့ ကိစ္စတွေပါတဲ့

ဒီဆောင်းပါးရှင်ကတော့ တရားစွဲတာတွေ မိသားစုဝင်တွေ ဂီတအစည်းအရုံးအဆောက်အဦးခန်းမက ဖယ်မပေးတာတွေကို
ပြောချင်တာ မဟုတ်ပါဘူးတဲ့။ ဦးအုန်းကျော်ကြီး လိုရာဆွဲပြောသွားတဲ့ ကိုယ်ရေသွေးစကားတွေကို ပြည်သူတွေ အမှန်အတိုင်း
သိစေချင်တာပါတဲ့။ ကဲ မူရင်း အရေးအသားလေး နည်းနည်း ဖတ်ကြည့်ရအောင်ဗျာ။

မြေနေရာချထားတာလည်း ဂီတအစည်းအရုံးတစ်ဖွဲ့တည်းကို ချပေးတာ မဟုတ်ပါဘူး။
နိုင်ငံတော်ရဲ့ မူဝါဒ စေတနာတွေ ကြောင့် အခြားအဖွဲ့အစည်းဖြစ်တဲ့ စာပေ၊ သဘင်အစည်းအရုံး ၊
ပန်းပညာရှင်များအစည်းအရုံး၊ ရုပ်ရှင် အစည်းအရုံး စတဲ့ အဖွဲ့အစည်းတွေ နိုင်ငံဝန်ထမ်းတွေ ပေးတဲ့
စည်းမျဉ်းစည်းကမ်းအတိုင်းပါ။ ကိုအုန်းကျော်မျက်နှာနဲ့ ဘက်လိုက်ပေးတာ မဟုတ်ပါဘူး။
နိုင်ငံတော်က ကျောသားရင်သားမခွဲခြားပါဘူး။
အဲဒီစကားဟာ အလှူ့လဖက်နဲ့ မျက်နှာလုပ်တာပါ။ အဲဒီမြေကိစ္စမှာ ယောက်စေ့ရတာ
ကိုအုန်းကျော် မိသားစုဝင်တွေနဲ့ တပည့်နောက်လိုက်တွေဟာ အခွင့်ထူးခံတွေပါပဲ။ တယ်လီဖုန်းလည်း အတူတူပါ။
နိုင်ငံတော်ပွဲတွေမှာလည်း စရိတ်စကနှင့် အထူးအခွင့်အရေးတွေကို ဘယ်အစည်းအရုံးဝင်မှ မရပါဘူး။
ကိုအုန်းကျော် (ဥက္ကဌ) နှင့် တစ်နယ်ထဲသားတေးရေးသူတစ်ယောက်ဟာ ဘိုးဘွားအမွေကို ခံစားသလို
ခံစားကြတာ အများအသိပါ။ ကိုအုန်းကျော်တို့ တစ်ဖွဲ့လုံး တာဝန်လွှဲတော့မှပဲ နိုင်ငံတော် အကျိုးပြုသီချင်းတွေမှာ
အခြားပညာရှင်တွေရဲ့ တေးသီချင်းတွေကို ကြားရတာ၊ ရုပ်မြင်သံကြားကြည့်တဲ့ ပြည်သူပရိသတ်တွေ သိမှာပါ။
မူပိုင်ခွင့်တို့၊ ခရီးသွားခွင့်တို့ ဆိုတာကို ထောက်ခံပေးရတာလည်း ရုံးရဲ့ လုပ်ထုံးလုပ်နည်းမို့ ကြွားစရာ
တစ်ကွက်မှ ပါမယ် မထင်ပါဘူး။ ဒါကြောင့် ကိုအုန်းကျော်ပဲ ဖြစ်ဖြစ်၊ ဘယ်အကြွားရှင်ပဲဖြစ်ဖြစ်
အမှန်တရားမှာ ခြားမရှိဘဲ အသားယူပြောလျှင် အမှန်တရားအတွက် တန်ပြန်အကျိုးသက်ရောက်မှုရှိတာကို သိစေချင်တာမို့။

ကဲ ကျောင်းဒကာ။
အကော်ဒီယံအုန်းကျော် နှင့် လက်ရှိ မြန်မာနိုင်ငံဂီတအစည်းအရုံးဇာတ်လမ်းကို ရေးတေးတေးတော့
သဘောပေါက် လောက်ရော ပေါ့။
အော် အင်နားရှား အင်နားရှား…။
ဘာရယ်မဟုတ်ပါဘူးဗျာ။ အဲဒီ အင်နားရှားကြီး သွားသတိရလို့ပါ။

ကဲ ဒီတစ်ပတ်တော့ အချိန်တော်တော် နည်းနေတဲ့ကြားက ဓါတ်ပုံတင်ကြည့်တာ နည်းနည်းခက်နေတာနဲ့
ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါတယ်ဗျာ။
အားပေးကြတာ ကျေးဇူးပါဗျာ။
အမြဲတမ်း ဗီလိန်
ဘလက်

56 comments

  • ထုံးဘဲဥ

    May 11, 2012 at 7:20 pm

    အားပေးသွားပါတယ် အူးဘလက်ရေ့
    သဲချောင်းပုံလေးတွေက ဘယ်နားကလဲဗျ

    • zarlay

      May 17, 2012 at 2:39 pm

      စာကတော်တော်ရှည်တော့ ဖတ်ရတာမောသွားလို့ မှတ်ချက်မပေးတော့ဘူးနော်

  • မဟာရာဇာ အံစာတုံး

    May 11, 2012 at 7:41 pm

    ဘဘဗီလန် .. အဲ .. ဟုတ်ပါဘူး .. ဘဘဘလက် .. 😀
    သားသားလည်း ဇာတ်ကားတွေ ဘာတွေမှာ (ဖိုက်တင် ကားတွေပေါ့ဗျာ)
    တကယ်လို့များ သရုပ်ဆောင်ရရင် လူဆိုးခေါင်းဆောင် နေရာက သရုပ်ဆောင်ချင်တာ …
    သူက တစ်ကားလုံး ဇာတ်လိုက် အပေါ်ကနေ ဆော်ပလော် တီးနေရဒါ ..
    နောက်ဆုံးမှသာ ခဏလေး ရှုံးပေးရတာ .. အဟိ .. ဒါဂျောင့် … ဒါဂျောင့် .. 😀

    ဦးကျော်သူကြီးနဲ့ အနော်တို့ သဂျီးကို ရုံသွင်းပြမယ်ဆိုတော့ …
    ဦးကျော်သူကြီးပဲ ရှုံးမှာပါပဲလေ …
    အနော်တို့ သဂျီးက ဖင်ပိတ်တွယ်တဲ့ သဂျီး .. ဘာမှတ်နေတုံးလို့ … 😀

    တင်မိုးလွင် … ဆိုတဲ့ အပျိုကြီးချစ်မမကို အပြင်မှာ တွေ့တော့ …
    အဟီး .. ချောဒါပဲဂျ …
    အဲ့တုန်းကသာ ခုလို သိထားလို့ဂတော့ ..
    ဘာပြောကောင်းလိမ့်မတုန်းပေါ့ …. 😀
    ပုံနှစ်ပုံကိုလည်း အားပေးသွားပါတယ်လို့ …..

    ခင်တဲ့ ….
    အံစာတုံး

  • htet way

    May 11, 2012 at 9:20 pm

    သေသေချာချာ မှတ်သား ဖတ်ရှု့ အားပေးခဲ့ပါတယ်
    ပါတီအောက်ခြေကစပြီး အကျင့်ပျက်ချစားနေတဲ့ ကော်မတီတွေ၊ ပြည်သူက လက်မခံတဲ့ ခေါင်းဆောင်တွေ နေရာမှာ ပြည်သူတွေအတွက် ပါတီအတွက် တစ်ကယ်အလုပ်လုပ်မယ့် သူကို ရွေးချယ်ဖို့
    ဒီနေရာမှာ ကြံ့ခိုင်ရေးတင်မက
    တခြားပါတီတွေပါ သန့်စင်ဖို့ လိုအပ်ပါတယ်
    အန်အယ်ဒီပါတီလို ပါတီမျိုးတောင် ပြန်လှန် စစ်ဆေးမယ်လို့ကြားသိရပါတယ်
    တကယ် ကောင်းမွန်ကြောင်း……

  • windtalker

    May 11, 2012 at 9:26 pm

    သေချာပါတယ် ။ ဒီအချိန်မှာ “လယ်/ဆည် ဝန်ကြီး” ဆိုနေမယ့် ကာရာအိုကေ ကတော့ ၊ ကောင်းမြတ်ရဲ ့
    “ မကြာခင်တော့ ပြောခွင့်ရလိမ့်မယ် နင်သိဖို ့” ဆိုတာပါဘဲ ။
    နောက်ထပ် ကျုပ်ကိုယ်တိုင် ဆိုဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ကတော့ “ဘိုဘိုဟန်” ရဲ ့သီချင်းပါ
    “ သုံးသိန်းကို နှစ်ခွက်နဲ ့၊ သုံးသိန်းကို နှစ်ခွက် နဲ ့ချဉ်တူးသွားပြီ ယစ်မျိုးဘုံဆီ ” လို ့စာသားပြောင်းဆိုနေပါတယ် ။

  • pazflor

    May 11, 2012 at 9:30 pm

    ဦးဦးဘလက်ကတော့ တကယ့်စွယ်စုံရပါဘဲဗျာ။
    သားစိုးလို ရောသမွေစုံသွားတာဘဲ။ အရသာက လည်းတစ်မျိုးချင်းစီကောင်းပါတယ်ဗျ။
    ဘွားတော်ဂျီး တင်မိုးလွင်ကတော့ RIT ဆင်းလို ့ကြားဖူးတာဘဲဗျ..ကျန်တာတော့သိတော့ဘူး။
    လက်ဝါးနှစ်ဘက် ဆယ်ခါတီး ပြီးအားပေးသွားပါကြောင်း။

  • TTNU

    May 11, 2012 at 9:54 pm

    ကိုချောရေ…
    မအားတဲ့ကြားထဲက စာအရှည်ကြီးရေးနိုင်တဲ့ ခွန်အားကို အားကျမိပါတယ်။
    တီချာ Google + မှာ ကိုချောရဲ ့ လှေကလေးနှစ်စင်းထဲက တစ်ပုံကို မိတ်ဆွေ ကိုချော
    ရိုက်ထားတာပါ လို့ credit ပြပြီး တင်ထားပါတယ်။ ( ကြိုတင်ခွင့်မတောင်းမိတာ ခွင့်လွှတ်ပါ။)

    ဗီလိန်ကိုချောလို့ ပြောရင် ဗီလိန်တီချာလို့လည်းပြောလို့ရတယ်တော့။
    ဆရာအတတ်သင်မှာ သင်တန်းသူ ဆရာမငယ်တွေရဲ ့ ဝတ်စားဆင်ယင်မှုကို အမုန်းခံ
    ပြုပြင်ခဲ့တာ အများစုရဲ ့အမုန်းခံခဲ့ရတယ်။ တီချာတစ်ယောက်တည်း မှားနေသလိုပဲ။
    ဒါပေမဲ့ တီချာ လက်မလျှော့ခဲ့ဘူး။ တန်ဖိုးသိသူတွေကတော့ အခုထိ လေးစားနေတုန်းပေမဲ့
    ဆရာမပဲ လူပဲ ဘယ်လိုဝတ်ဝတ်ဆိုတဲ့ ဆရာမငယ်တွေကတော့ တီချာ ပင်စင်ယူသွားတာ
    သူတို့အတွက် မဟာအောင်ပွဲ ဖြစ်သွားခဲ့တယ်။

    ကိုချောရေ… ဆရာမဖြစ်ခါစတုန်းကတော့ “I’ll save the world.” ဆိုတဲ့ လမ်းပြမြေပုံကြီး
    နဲ့ပေါ့။ ဘဝ အမောလေးတွေ လှိုင်းထစပြုလာတော့ “I’ll save my country.” ပေါ့။
    ဒီလိုနဲ့ ခွန်အားလေးနည်းနည်းရော့လာတော့ “I’ll save Mandalay.” ဖြစ်လာရော။
    အားမတန် မာန်လျှော့ချိန်ရောက်လာတော့ “I’ll save my family.” အနေအထားပါ။
    ကိုချောရေ.. ကြောင်အိုချိန်ရောက်ပြီမို့ “I cannot save myself.” ဖြစ်သွားပါပြီကော သားရေ။

    ဒါကြောင့် မောင်ရင်ပြောတဲ့ (ကျွန်တော်တို့ရဲ့ ဆရာမကြီး TTNU ဟာလည်း
    အမြဲခေတ်မီနေတဲ့ နိုင်ငံရေးကို အခုအချိန်အထိလုပ်နေတယ်
    ဆိုတာလေးကို ကျွန်တော်တို့ ရွာသူရွာသားတွေက အသိအမှတ်ပြုကြရအောင်ပါ။)
    ဆိုတဲ့ အားပေးစကားလေးကို မျက်ရည်ဝဲပြီး ဖတ်ရင်းနဲ့ တောင်ပြိုကမ်းပြို
    အသည်းခိုက်အူလှိုက် တုန်တုန်ရီရီ ကျေနပ်နေပါကြောင်း။

  • ဦးဦးပါလေရာ

    May 11, 2012 at 10:12 pm

    အလုပ်တွေ ကိစ္စတွေများပြားနေ(မယ်ထင်ရ)တဲ့ကြားက အချိန်ယူရေးသားခဲ့တဲ့ ပိုစ့်လေးမို့
    တန်ဘိုးထားပြီးဖတ်သွားပါတယ် ကျောင်းဒကာရေ..။

    မှန်ရင်လဲ ဗီလိန်၊ မှားရင်လဲဗီလိန်၊
    အမြဲတန်းဗီလိန်ဖြစ်ရတယ်ဆိုတာကတော့-
    မှန်ရင်လဲမင်းသား၊ မှားရင်လဲမင်းသား၊
    အမြဲတန်းမင်းသား တွေ ရှိနေလို့နေမှာပေါ့ ကျောင်းဒကာရယ်..။
    ဇတ်ရုံအပြင်မှာလဲ တယောက်ထဲ က တဲ့ နှစ်ပါးသွားတွေ ရှိနေတာမဟုတ်လား…။

    ကိုကျော်သူကြီးရဲ့ ပွင့်လင်းတဲ့သတ္တိကိုတော့
    သဘောလဲကျ အားလဲကျသဗျာ….။
    လူ ဆိုတာက လူ ပဲ မဟုတ်လား ကျောင်းတကာရဲ့…။
    လူထဲမှာနေပြီး လူထူးလူဆန်းယောင်ဆောင်ရင်း ကိုယ့်ဟာကိုယ် ပီတိဖြစ်နေသူတွေလဲ ရှိတော့ရှိတတ်သေး… နော့..။

  • ဦးဦးပါလေရာ

    May 11, 2012 at 10:19 pm

    ပြည်ခိုင်ဖြိုးပါတီ ပြန်လည်ဖွဲ့စည်းတာတော့ ကောင်းပါတယ်။
    ဒါထက် အခုဟာက အောက်ခြေက ပါတီဝင်တွေကိုပဲ သန့်စင်ဘို့ကြိုးစားတာဆိုရင်တော့ ဆရာမကောင်း တပြည့်ခေါင်းဖြစ်တော့မှာပဲ…. 😛

    တကယ်က ပြည်ခိုင်ဖြိုးလဲ သန့်စင်တဲ့ ဦးတည်ချက်ကောင်းတဲ့ မူဝါဒကောင်းတဲ့ ပါတီကြီးဖြစ်စေချင်ပါတယ်။
    ဒီမိုကရက်တစ် တိုင်းပြည်တွေမှာ အာဏာရပါတီနဲ့ အတိုက်အခံပါတီဆိုတာတွေက
    ကလေးတွေကစားသလို လူဆိုးနဲ့ရဲ လုပ်တမ်းကစားရမှာမဟုတ်ပါဘူး။
    နှစ်မျိုးစလုံးပဲ ကိုယ့်မူနဲ့ကိုယ် အပြန်အလှန်ထိန်းကျောင်းရင်း တိုင်းပြည်အကျိုးကို ဆောင်ရွက်ရမှာပါ။

  • ဦးဦးပါလေရာ

    May 11, 2012 at 10:26 pm

    မြန်မာ့ဂီတလောကမှာ တချို့စီနီယာကြီးတွေကို
    အများအမြင်မှာတော့ ထိပ်ထိပ်ကျဲ အနုပညာရှင်ကြီးတွေအဖြစ် တလေးတစားရှိကြပေမယ့်
    အကြောင်းသိ အတွင်းသိ သူတို့လောကသားတွေကြားမှာတော့
    နေရာဦးတာတွေ၊ ကိုယ်ကျိုးရှာတာတွေ၊ ခေါင်းပုံဖြတ်တာတွေ၊ ကြုံးထည့်တာတွေ
    ပြောမကုန်အောင်ဖြစ်ကြတာကို တွေ့ရဘူးပါတယ်…။

  • Mလုလင်

    May 12, 2012 at 12:35 am

    ထုံးစံ အတိုင်း ရေနွေးအိုးလေးနဲ့ ဆိုင် ထောင့်မှာ ငြိမ့်သွားပါကြောင်း …။

  • Ch@vez

    May 12, 2012 at 6:56 am

    သချင်္ာဝင့်ကျော် ပါလာလို့ ကျနော် ဝင်ပြောပြီဗျို့
    (မပါလည်း ပြောချင်ရာ ဝင်ဝင်ပြောမယ့်ဟာ…..)

    နောက်တာပါဗျာ …ဂယ်က သည်လိုပါ….
    ကျနော် သူ့ ပိတ်သတ် မဟုတ်ဘူးဗျာ..
    (ဟင်… နင်ဘဲ ကြိုက်လှချည်ရဲ့ဆို….)

    ကြိုက်တာက ရုပ်ကိုကြိုက်တာဗျ …
    (သရုပ်ဆောင် အရည်အချင်းနဲ့ အကျင့် ကို ကြိုက်တာမဟုတ်ဘူး)
    ပြောရရင် သူပါတဲ့ ရုပ်ရှင် တကားတောင် ဆုံးအောင် မကြည့်ဖူးခဲ့…
    အဲ့ …ကြိုက်သလား မေးရင်တော့ လွှတ်ကြိုက် (ရုပ်ကို)

    ကျန်တာတော့ မကြိုက်..လို့ ပြောတာထက်စာရင်…
    မကြည့်လို့ မသိ ..လို့ပဲ ပြောပါရစေ…

    ပြောင်မြောက်တဲ့ ပန်းပုရုပ် ၁ရုပ်လိုပဲ နှစ်သက်မိတယ် ဆိုပါတော့ဗျာ..
    အဆိုပါ ပန်းပုက အသက်ဝင်လာပြီး လုပ်ချင်ရာတွေ လျောက်လုပ်ပေမယ့်
    ပန်းပုကို ပန်းပုလိုပဲ အားပေးတာ မို့ ကျန်အပိုင်းတွေဟာ
    ပုံပြင်ဆန်တဲ့ ဥပက္ခော ဖြစ်ပါကြောင်း ….

    (ဒီတေးလ် ပြန်လာခဲ့ပါ့မယ် ဘဘဘလက်ရေ ..)

    ခုတော့
    တော်သေးဘီ
    ခင်တဲ့
    ဂီ

    • Ch@vez

      May 13, 2012 at 11:24 am

      အဖေ ရန်ကုန်ရောက်နေတယ် ကြားတယ် ဗျို့ …
      ကျုပ် ဘာတွေရေးတယ် ဆိုပြီး ဘိုးတော်ကို ..သွားကျပ်ရင်တော့ ….

      မခေါ်တော့ဘူး လို့ ကြို ပြောပါရစေ ဘဘဘလက်..

      ဟွန့် …

      ကမာ္ဘကြီးက ကျဉ်းလွန်းပါတယ်အေ…

      တော်သေးဘီ….

  • ahnyartamar

    May 12, 2012 at 10:01 am

    အရသာမျိုးစုံခံစားလို့ရတဲ့ လ္ဘက်ရည်ဝိုင်းတစ်ဝိုင်းပါ။

  • mg mg

    May 12, 2012 at 10:03 am

    တကယ့်ကိုဘဲ ဖတ်နိုင်ပေ့ ရေးနိုင်ပေ့ ပါဘဲ ဦးဗီလိန်ရေ
    တမေ့တမော ဖတ်ရှုအားပေးသွားပါတယ်ဗျာ၊ အဲဒီအထဲက
    အောက်ကနှစ်ပိုဒ်အတွက် ခင်ဗျားပြောသလိုဘဲ လက်ခုပ်ပါတီးပြီးအားပေးလိုက်ပါရဲ့……

    “ဒီကဗျာလေးဖတ်ပြီး ရှိသမျှ သစ် ကိုယ့်အမေလင် ပေးတဲ့အမွေလို ခုတ်ရောင်းနေကြသူများ
    ဆင်ခြင်နိုင်ကြပါစေသားပေါ့ဗျာ။”

    “လုပ်ကြဗျာ။ NLD ရော ပြည်ခိုင်ဖြိုးရော အားကောင်းမှ တိုင်းပြည် မြန်မြန်တိုးတက်မှာ။
    လက်ခုတ်တီးပြီး အားပေးပါတယ် နော့…”

  • အိမ်လွမ်းသူ

    May 12, 2012 at 10:22 am

    လက်မ အကြီးထောင်ပြီး အားပေးသွားပါတယ် ဘဘ ဘလက်ရေ။ ဒါနဲ့ စကားမစပ် အမှတ်မမှားဘူးဆိုရင် တင်မိုးလွင် က စက်မှူ့တက္ကသိုလ်က B.E ( Mechanical ) နဲပြီးတာ လိုထင်ပါတယ်။

  • Diamond Key

    May 12, 2012 at 10:34 am

    ကျွန်တော်တို့ အတွက်ကတော့ ချိုပေ့ါကျ က စွဲနေတဲ့ နှစ်သစ်စရာပါ 😆
    ကိုချော ပုံလေးတွေမရိုက်ဖို့ မြင်တတ်တာတွေကတော့ မချီးကျူးပဲ မနေနိုင်အောင်ပါဗျို့ 😀

  • pooch

    May 12, 2012 at 11:24 am

    ကိုဘလက်ရေ ပေးလိုက်တဲ့ စာအုပ်လက်ဆောင်အတွက် အလွန်ကျေးဇူးတင်ပါတယ်။ ကြိုက်လည်း ကြိုက်ပါတယ်။ ဒေါ်ဒေါ်ပေးတဲ့စာအုပ်လေးကလည်း အဒေါ်ကလက်ကကို မချနိုင်အောင်ဖတ်နေပါတယ်။ ဒေါ်ဒေါ့်ကိုလည်း ကျေးဇူးတင်ပါတယ်။
    ပြီးမှ ထပ်လာရေးပါအုန်းမယ်။

  • ဗိုက်ကလေး

    May 12, 2012 at 4:18 pm

    ဘယ်သူမှ ဗွီလိန်တော့ မဖြစ်ချင်ကြဘူး..ဒါပေသိ ဖြစ်မှန်းမသိ ဖြစ်နေတာတွေရှိသလို သိသိကြီးနဲ ့
    လုပ်နေတာတွေလဲ ရှိမယ်နော် အူးလေး..။အူးလေးစာဖတ်ရင်း
    အတော်ပျောက်ချက်သားကောင်းနေတဲ့ ဗွီလိန်မဖြစ်ချင်သော အူးသစ်မင်းအား သတိရမိပါရဲ့ဗျား။
    ဗွီလိန်အကြောင်း ရေးထားတာ မမီလိုက်တဲ့ ဗဟုသုတတွေလဲ အတော်ရခဲ့ပါတယ် အူးလေးဗွီလိန် ကျောင်းဒဂါရေ။
    ဒီပို ့စ်က မနေ ့က တင်လိုက်ပေမဲ့ အူးဗိုက်ကလေးခမျာ ဆိုက်ကား အော်ဒါရှိတာနဲ ့ ယနေ ့မှ အားပေးလိုက်ရတာ စိတ်မကောင်း..
    လမ်းကြုံရင် အူးလေးနာမည်ပါတဲ့ ဘလက်လေဘယ်လ် တစ်လုံးလောက် ဝင်ပေးခဲ့ပါဦးဗျာ။
    စိတ်ဖြေရအောင်လို ့။

    နိုင်ငံပိုင် သစ်တွေကို သူ ့အမေလင်စိုက်ထားသလို ကိုယ်ကျိုးအတွက် ခုတ်ရောင်းနေတဲ့လူတွေ ကို နှိမ်နှင်းနိုင်မဲ့ ပုဂ္ဂိုလ်တစ်ဦးဦး
    ဆရာဇော်ဂျီ ့ကဗျာလေး ဖတ်မိပါစေဗျား.။

    ကျောင်းဆရာဆိုတာ အမြဲခေတ်မီနေတဲ့ နိုင်ငံရေးသမား..
    မှန်ပါတယ်ဗျား..
    ဒါပေသိ..အမြှော်အမြင်ရှိ နိုင်ငံချစ် ဆရာသမားများ များစွာပေါ်ထွန်းဖို ့ ခက်သဖြင့် စိုးမိပါသေးရဲ့ဗျား.။

    ပြည်ခိုင်ဖြိုးပါတီ သန် ့စင်ရေး လုပ်သလို တခြား ပါတီများလဲ သန် ့စင်ရေးလုပ်ဖို ့ မမေ့ပါနဲ ့လို ့ ပြောချင်ပါသေး ခင်ဗျ။
    ပါတီဝင်တိုင်း စိတ်ချယုံကြည်ရပါတယ်လို ့ တစ်ထစ်ချ မသတ်မှတ်စေလိုပါခင်ဗျား..ဒါကြောင့်ပါ။

    အပြောမတတ်လို ့တောင်းပန်ရတဲ့ ဝန်ကြီးအဖြစ်ကိုကြည့်ပြီး ကျနော် ဗိုက်ကလေးလဲ ဝန်ကြီးမဖြစ်ချင်တော့ဘူးခင်ဗျ။
    အကောင်ကြီးလေ ပြောဆိုနေထိုင်တာ သတိချပ်ရလေပဲမို ့ တော်ကီမကောင်းလှသော အူးဗိုက်ကလေးခမျာ သမဒ လာလုပ်ပါဆိုလျင်တောင် အပြောမတတ်တဲ့အတွက် သမဒ ရာထူးကို
    ကန်တော့ဆွမ်းလုပ်လိုက်ပါရစေလို ့ပဲ..။ 😀

    ဦးကျော်သူကြီးက ရဲရဲဝံ့ဝံ့ ကိုယ့်ကိုယ်ကို ငယ်ဖြူမဟုတ်ကြောင်း ဝန်ခံပြီးသကာလ
    အူးလေးဗွီလိန်ကျောင်းဒကာ ဆရာချောလဲ ဘယ်အချိန် ဝန်ခံမလဲ တစ်ချက်ကြည့်ပါရစေခင်ဗျား။
    ကျနော်လဲ ပိုးစိုးပက်စက် ငယ်မဖြူခဲ့ပေမဲ့ နောင်လာမဲ့ အနာဂတ်မှာ အတတ်နိုင်ဆုံး ဖြူစင်အောင် နေသွားမယ်လို ့ ဆုံးဖြတ်ထားခဲ့တာ တိတိကျကျအားဖြင့် ဆယ့်ကိုးနာရီ ဆယ့်ခုနစ်ရှစ်မိနစ် ကြာခဲ့ပြီ ဖြစ်ပါကြောင်း အူးခိုင်ရဲ့ ဂေဇတ်မှတစ်ဆင့် ကြေငြာ မောင်းခတ်ပါရစေဗျို ့။(မတတ်နိုင်တဲ့အခါတော့ မဖြူဘူးပေါ့ဗျား.)

    အူးလေးဗွီလိန် ကျောင်းဒဂါရေ ပန်ပန်(ဆုပန်ထွာ) နဲ ့ ပတ်သတ်လို ့ရှည်ရှည်ဝေးဝေး မကြပ်တော့ပါဘူးဗျာ..
    မတော် ဗိုက်ကလေးကြပ်လို ့ ချိုပေါ့ကျတွေ အသောက်နှေးရပါတယ်ဆိုပြီး ရွာသားတွေ ဝိုုင်းပြောနေမှ အခက်ကိုးဗျ။

    NLD နဲ ့ တစ်ပူးတစ်တွဲ ပါဝင်ဆင်နွှဲနေသော အဆိုတော် လင်းလင်းအား အားကျကျေနပ် မိပါကြောင်း.

    ဟိုပေါ် ဒီဖော်က သင်ချာ တစ်ယောက်ထဲ မဟုတ်ပါဘူးနော..
    သင်္ကြန်မှာ မိန်းခလေး အတော်အများ စိတ်လွတ်ကိုယ်လွတ် ကဲခဲ့ကြတာ ဘဇာကြောင့် သင်ချာ့ တစ်ယောက်ထဲကို ကွက်ပြီး သတိပေးလဲ မပြောတတ်..မတရားပါကြောင်းခင်ဗျ

    အမေမို ့က ဇီးထုပ်ကြော်ငြာ မရိုက်ဘူးဆိုတော့ ဟေ့..ဗိုက်ကလေးကိုလဲ ဘီအီးကြော်ငြာ လာမရိုက်ခိုင်းနဲ ့တော့..ဒါဗျဲ..

    အပျိုကြီးစာရင်းတွေများနေရတဲ့အကြောင်းအရင်းက လူပြိုဂျီးတွေ အသုံးမကျလို ့ပေါ့ဗျာ..
    ဒါဟာ လူပြိုဂျီးတွေနဲ ့ သက်ဆိုင်ပါတယ်…သဂျီးမင်းအနေနဲ ့ ဒေါ်တင်မိုးလွင်အား နဲနဲ ဩဝါဒ ပေးသင့်ပါကြောင်း..

    လက်စွပ်ကြိုက်တဲ့ ဆင်လေးကို မေးကြည့်ပေးပါ ကျောင်းဒဂါ
    ဗိုက်ကလေးမှာ ကျိုက်ထီးရိုး လက်စွတ် တစ်ကွင်းရှိတယ် ပေးချင်သဖြင့် ယူမလားလို ့ မေးပေးပါနောာ

    ပေါ်လစီ အူးအုန်းကျော်တို ့ရဲ့ ဂီတရပ်ဝန်းက ဇတ်လမ်းတွေတော့ လိုက်မီတော့ သိတော့ဘူးဗျား..
    ကိုယ်ရည်သွေးပေါ်လစီအဆိုတော်ကြီးအဖြစ် အသိအမှတ်ပြုသွားပါတယ်..။

    နောက်ဆုံး ပုံတွေက ပူလောင်လှတယ် အူလေးရာ….ဒီအပူတွေ မကြည့်ချင်ဘူး..ဟိုအပူတွေပဲ နောက်တစ်ခါ တင်ပေးပါဗျား..ဘာတဲ့ ရင်ပူစေတဲ့ ဘလက်လေဘယ်တို ့ ဘာတို ့ညာတို ့ကိုပြောတာပါ.။

    စွယ်စုံစာပေကြီးအတွက် ကျေးဇူးအထူးပင် တင်ရှိပါကြောင်း အူလေး ဗွီလိန် ကျောင်းဒကာ ဆရာချော ခင်ဗျား..။

  • ဗိုက်ကလေး

    May 12, 2012 at 4:20 pm

    ဪ..
    မေ့သွားလို ့ခင်ဗျား..
    လက်မလေး ထောင်း သွားပါတယ်..
    နောင်းတခါ ဖုန်းဆက်ပြီး ရန်းမတွေ ့ပါနဲ ့နေား..
    😀

  • နှုတ်ခမ်းမွေး

    May 12, 2012 at 7:26 pm

    အရင်ချိုပေါ့ကျတွေလို ကောင်းဆဲပါကိုဘလက်ချော။ အားပေးနေပါတယ်။ တစ်ခုပဲရှိတယ်။ ပညာရှိသတိဖြစ်ခဲထင်ပါရဲ့ …. ဗိုလ်အောင်ဒင်ကားမှာ မင်းသားကခင်မောင်ရင်လားလို့။

    • Naing Tun

      May 12, 2012 at 7:48 pm

      The sound of Kawlate Gin Nay Win in Myo Kyawt Myaing sound track is not from movie bur from tape. So the voice of Bo Aung Din is Kawlate Gin Nay Win’s voice.

  • komingalar

    May 12, 2012 at 8:31 pm

    ကိုဘလက်ကြီးရေ
    အရင်သောက်ထားတဲ့အကြွေးတွေပါဆပ်သွားတယ်ဗျို့
    ဂွတ်ထ ဂွတ်ထ ဂွတ်ထ

  • surmi

    May 12, 2012 at 11:35 pm

    ချိုပေါ.ကျတင်မဟုတ်ဘူး ၊ ပလာတာ အီကြာကွေး နံပြား လက်ဘက်သုပ် ထမင်းကြော်
    မာဘိုလို …စုံသွားတာဘဲ ….။
    နှိုက်နှိုက်ချွတ်ချွတ်ကို ရှာနိုင်ပါပေတယ် ……
    ထောင်စရာလက်အားလုံးထောင်သွားတယ်ဗျို. …….။

  • kai

    May 13, 2012 at 12:14 am

    ပြီးခဲ့တဲ့တပါတ်က.. ကိုကျော်သူတည်းတဲ့အိမ်ရောက်သွားတယ်..။ ကိုချိုတူးဇော်နဲ့ စကားလေးဘာလေးပြောရအောင်သွားတာ…။ သူတို့က.. အဲဒီနေ့က.. ကိုကျော်ဝဏ္ဏ+ မိုးချိုသင်း(ဦးတင်မိုးသမီး)တို့အိမ်မှာ တည်းနေတာပါ..
    တည်းတဲ့အိမ်နားက စတားဘတ်ကော်ဖီဆိုင်ချီတက်ပြီး.. ကိုချိုတူးဇော်နဲ့ ပြောဖြစ်တာတွေအထဲ.. တင်မိုးလွင်အကြောင်းပါပါတယ်..။ အမှတ်မမှားရင်.. တင်မိုးလွင်က.. ကိုချိုတူးဇော်နဲ့ အာအိုင်တီတက်တဲ့နှစ်တူတူပဲ..။
    မေဂျာတော့မတူဘူးပေါ့..

    ကိုချိုတူးဇော်နဲ့ပြောရာမှာ.. ထူးထူးဆန်းဆန်း.. စကားအားလုံးလိုလို. agree to disagree .ဖြစ်လို့.. နောက်တော့.. ကိုကျော်သူတို့ဇနီးမောင်နှံတည်းတဲ့အိမ်ဆီပြန်ပါတယ်..
    အဲဒီမှာ.. ၂နာရီလောက်ဆက်နေဖြစ်တယ်..
    ကိုကျော်သူနဲ့.. .စကားသိပ်မပြောဖြစ်ပါဘူး..
    သူက.. နောက်တနေ့ပြမဲ့.. ဗီဒီယိုအခွေထိုးပြနေတာနဲ့..အဲဒါကြည့်ပြီး စကားပြောယုံတင်ပါ..

    ပြောရရင်..
    ကျုပ်က.. ဦးသုခနဲ့လည်းစကားပြောဖူးတယ်..။ အဲဒီတုံးက.. သူရေးတဲ့.. မင်္ဂလ။မေတ္တာသုတ်စာအုပ်တွေနဲ့ပါတ်သက်ပြီး စကားတချို့ပြောဖြစ်တာပါ..။
    ကြာလှပါပြီ.. သူ့ဆီက.. မင်းသားကြီးကျော်ဆွေရဲ့.. လူတွေမမြင်ဖူးတဲ့ဓါတ်ပုံတွေတောင်..ကြည့်ဖူးသေး..
    မင်းသားကြီးကျော်ဆွေသားက.. အယ်လ်လာလိုက်.. ရန်ကုန်နေလိုက်ဆိုတော့.. သတိရမိတာပါ..။
    =
    နို်င်ငံပိုင်သစ်ပင်တွေ.. ခုတ်လှဲ.ကိုယ်ကျိုးသုံးစွဲနေသူတွေကို.. အရေးယူနည်းရှိမှာပါ..။
    ဂျပန်မှာ. သစ်ပင်တွေတချို့ကို.. အိုင်ဒီနံပါတ်တွေ.. ချစ်ပ်တွေထည့်ထားတယ် မြင်ဖူးတယ်..။
    အကုန်အကျနည်းမှာပါ..။
    မြန်မာပြည်ရဲ.. သက်တန်းရင့်အပင်တွေ.. ချစ်ပ်တွေထည့်လိုက်ပြီး စောင့်ကြည့်ဖို့ကောင်းတယ်..။

    အဲလိုလုပ်ထားတယ်ဆိုရင်ကို.. ခုတ်တဲ့သူတွေ.. နည်းသွားမှာ..
    ဖြစ်နိုင်ရင်တော့.. သစ်ပင်တွေ.. စိုက်စေချင်တာပါပဲ..
    ဒိလိုခေတ်မှာ.. သစ်ပင်က.. အပင်လိုက်ကြီးနေရာရွေ့လို့ရပါတယ်..။
    ရွေတူးကျောက်တူး..သယံဇာတထုတ်သမားတွေ.. အဲလိုအပင်ရွေ့တဲ့ထရပ်ကားတစီးစီလောက် သစ်ပင်ထိမ်းသိမ်းရေးလုပ်နေတဲ့..အဖွဲ့အစည်းတွေကို.. လှူပေးဖို့ကောင်းတယ်.
    အမြတ်ခွန်သက်သာနှုန်းပုံစံနဲ့.. အစိုးရကလုပ်ထုံးဥပဒေထုတ်ပေးဖို့ကောင်းတယ်..။
    သဘာဝကိုဖျက်စီးသူတွေက.. ပြန်ပြုစုပျိုးထောင်ပေးဖို့ (သဘာဝအလျှောက်)တာဝန်ရှိတယ်..။

    http://www.rockanddirt.com/trucks-for-sale/FORD/L9000/tree-spade-trucks
    =
    http://www.sustland.umn.edu/implement/treespade.htm

    Moving and Transplanting Trees with a Tree Spade

    Tree spading is a common method for moving and transplanting large trees from one site to another. The following are some reasons for transplanting large trees vs. younger, smaller trees are:

    To prevent the loss of a tree due to building, roadway expansion or other construction;
    To create space for a new building addition;
    A particular mature tree has outgrown its present location;
    To alter the design of a landscape;
    To move a tree to a site better suited to its needs;
    To create a mature landscape quickly.

    အပင်တွေ.. ဧရာဝတီမြစ်ဘေးမှာ..တန်းစီ.. စိုက်စေချင်တာဗျာ..
    ကျုပ်သာ ထီပေါက်ရင်.. လုပ်ပေးတယ်..။ :mrgreen:

  • Khin Latt

    May 13, 2012 at 5:26 am

    ကိုဘချော ရေ

    ဒီတစ်ခါ ဖျော်ချက်က ကျွန်မ အတွက်တော့ ပိုချိုပြီး ပိုကျ နေတယ်။
    အဲဒီ “ဗီလိန်” ဆိုတာကြောင့်ပေါ့။
    ကိုဘချော ပြောသလိုအားကျပြီး ကျွန်မ လဲ ကိုယ့်ဟာကိုယ် ပုံဖော်လို့ ဇာတ်က ကြည့်ချင်စမ်းပါဘိ။ ဒီတော့ ဆိုကြပါစို့ ရှင်။

    ကျွန်မ မြန်မာပြည် က ကုမ္ပဏီ တစ်ခု မှာ အလုပ်လုပ်ခဲ့တဲ့ ဇာတ်လမ်း။

    ကုမ္ပဏီ တွေ ဖွင့်ဖို့ အခွင့်ပေးတဲ့ အချိန်မှာဘဲ စခဲ့တာမို့ ကျွန်မဟာ အဲဒီထဲက ကုမ္ပဏီ တစ်ခုရဲ့ စဦး တည်ထောင်သူ Boss တစ်ယောက် ရဲ့ အနီးကပ် တပည့်လို့ထားပါ။
    ကုမ္ပဏီဆိုရာမှာလဲ နည်းပညာ အရောင်းအဝယ် လုပ်ငန်းပေါ့။
    ထုံးစံအတိုင်းပါဘဲ စစချင်း size ခပ်သေးသေး မှာ Boss ကိုယ်တိုင် အသေးစိတ် ဦးဆောင်ပြီး တစ်နိုင်တစ်ပိုင်ပေါ့။ လူလဲ အများကြီး မခန့်ထားသေးပါဘူး။ နောက်ပိုင်း ဗော်လန်တီရာ သဘော ထရိန်းနီးဆင်းချင်တဲ့ လူတွေ နဲ့ ဘာနဲ့ ဆိုတော့ နဲနဲ ပိုစည် လာပါတယ်။ အဲဒီထဲက တစ်ချို့ကလဲ တကဲ့ကို အပြင်းအထန်ကြိုးစားသလို တစ်ချို့ ကလဲ အိယောင်ဝါး နဲ့။ ဒီလိုနဲ့လုပ်ငန်းက နဲနဲ ကြီးလာတော့ Boss က လူတိုင်း ကို ကြည့် မနေနိုင် တော့ဘူး။ ဒီတော့ လူမွေး၊ လူခန့်၊ လူအုပ်ချုပ် ပိုင်းက မသိမသာ ကျွန်မ လက်ထဲ ရောက်လာတယ် ထားပါတော့။

    နောက်ပိုင်း ပရော့ဂျက်တွေ ပိုကြီးလာတယ်။ အလုပ်တွေ ပိုများလာတယ်။ ဒါ့အပြင် ပြိုင်ဖက် တွေ များလာတယ်။ ကွာလတီ ကောင်း တဲ့ ထုတ်ကုန်တွေ မထုတ်နိုင်ရင် လုပ်ငန်း အတွက် ထိခိုက် လာနိုင်တယ်။

    ပြသနာက ကုမ္ပဏီ အစထဲ က အခုချိန်အထိ ပါလာတဲ့ လူတွေ အများစုဟာ အခုချိန်မှာ ကုမ္ပဏီ အရှိန်နဲ့ထိုးတက် နိုင်အောင် ပံ့ပိုးပေးနိုင်တဲ့ အရည်အချင်းတွေ မရှိကြဘူး။
    ဒီတော့ ကျွန်မ သူတို့ ကို အသစ်ရလာတဲ့ တကဲ့ ပရော့ဂျက် အကြီးကြီး တွေမှာ အားနာပြီး သုံးလို့ မဖြစ်နိုင်တော့ဘူး။ သူတို့ ကို တစ်ခြား နေရာအသေး တွေမှာ ထားခဲ့ရပါတယ်။ ပရော့ဂျက်တွေ မှာ ဒေါင်ဒေါင်မည် သုံးနိုင်တဲ့ နည်းပညာတော်တဲ့ အပြင်က လူအသစ်တွေ ကို ခေါ်ခန့်ခဲ့ တယ်။

    အဲဒီအချိန်မှာ သူတို့လူဟောင်း အတော်များများ စိတ်ထိခိုက်ကြတယ်။
    နောက်ပိုင်း ပရော့ဂျက် တွေအောင်မြင်ပြီး ကုမ္ပဏီ နာမည်ရလာချိန် သူတို့ထဲက တစ်ချို့ ထွက်သွားတယ်။ အရင် ကျွန်မ ကို ချစ်တဲ့သူတွေ ဟာ ကျွန်မ ကို မုန်းသွားကြတယ်။
    ကျွန်မ ချစ်တဲ့ ကုမ္ပဏီ အတွက် ကျွန်မ ဗီလိန် နာမည် ခံခဲ့ဘူးတယ်။

    (ဆရာ)ချစ်ဦးညို ရဲ့ ဝတ္ထုခေါင်းစဉ်ဘဲ မဟုတ်လား။
    “ကိုယ်တို့ဘက်ကကြည့်တော့ သူရဲကောင်း၊ သူတို့ဘက်က ကြည့်တော့ သစ္စာဖောက်” တဲ့။ ကိုယ့်လူဟောင်းတွေကို နေရာမပေး ခြင်း အတွက် ကျွန်မ သူတို့ရဲ့ သစ္စာဖောက် ဖြစ်ချင် ဖြစ်ခဲ့ပါမယ်။ ဒါပေမဲ့ ကျွန်မ ချစ်တဲ့ကုမ္ပဏီ အတွက် တော့ ကျွန်မ သူရဲကောင်း ဖြစ်ချင် ပါတယ်။

    ကဘချောရေ
    လုပ်ငန်း တိုးတက်ဖို့ အဓိကလား?
    ကိုယ့်ရဲ့ လက်တွေ့ လုပ်ငန်း မှာ ပွဲမဝင်နိုင် လုပ်ကိုင်နိုင်စွမ်းမရှိ သူတွေကို ဦးစားပေးရမှာ အဓိကလား?
    ကျွန်မ ဒီလိုစကားမျိုး ကို မပြောချင်ပါဘူး။
    မူလတွဲပါတဲ့ လူဟောင်းတွေ က ကိုယ့်လုပ်ငန်း တိုးတက်ရင် သူတို့ လဲ တစ်နည်းတစ်ဖုံ တိုးတက်မှာဘဲ ဆိုတာ နားမလည်တာလား။ မသိတာလား။
    ရှေ့တန်းကို ရောက်ချင်ရင် အဲဒါနဲ့ လိုက်လျောညီထွေတဲ့ အမူအကျင့် အပြောအဆို အရည်အသွေး ရှိသင့်တာမဟုတ်လား။
    “မသိတဲ့ လူဟာ သိကို မသိဘူး” ဆိုတာကို သက်သေပြထားတဲ့ အူကြောင်ကြောင် Research တစ်ခုအကြောင်း တော့ ကြားဘူးတာပါဘဲ။

    နောက်ပြီး ဘာမှတော့ မဆိုင်လောက်ပါဘူး။ ပြီးခဲ့တဲ့ ၂လကျော် ၃လလောက်က အိုဘားမား ရဲ့ စကားနဲ့သတင်းခေါင်းစဉ် တစ်ခု ကို ကြားလိုက်လို့။
    Governing is harder than campaigning။
    အုပ်ချုပ်ရတာက မဲဆွယ်ရတာထက် ပိုခက် သတဲ့။ (ခုမှသိလား လို့ :D)
    အဲဒီမှာ သူက quote တစ်ခုကို ကိုးကားတာပါ။
    “You campaign in poetry — you govern in prose.” (by former New York governor Mario Cuomo:)
    သူပြောချင်တာက မဲဆွယ်တာ (လူတွေ အကြိုက် အနုအရွ) ကဗျာ နဲ့ သဘောလောက် ပြောပြီး အုပ်ချုပ်တော့ (ပိုပြီး ခက်ခဲ နက်နဲ တဲ့) စာကြောင်းအပြည့်အစုံ လို့ ဆိုချင်တာထင်ရဲ့။

    အဲဒီတော့ အုပ်ချုပ်မှုပိုင်းရောက်ရင် စာကို စာနဲ့ တူအောင် ရေးနိုင် စွမ်းရှိတဲ့ လူတွေ နဲ့ စုစည်း ထားနိုင်မှ တိုင်းပြည်ကို နည်းလမ်းကျကျ တိုးတက်အောင် ပံ့ပိုး ပေးနိုင်မယ် ဆိုတာ ကို သဘောပေါက်ထားသင့်ပါ တယ်။

    နိုင်ငံ အမှန်အကန် တိုးတက်ရင် ကိုယ်လဲလိုက်ပြီး တိုးတက်မယ် ဆိုတာရယ်။
    သူတော့ နေရာရတယ်၊ ငါ့တော့ နေရာမပေးဘူး စိတ်တွေ မထားဘဲကိုယ်ဟာ နိုင်ငံအတွက်၊ တိုင်းသူပြည်သားတွေ အတွက် ရည်ရွယ်ပြီး လုပ်ပေးနေတာ ဖြစ်တယ် ဆိုတာရယ်။
    ကိုလဲ မပြတ်သိနေသင့်တယ်။

    တကဲ့ အုပ်ချုပ်မှု နဲ့ နဖူးတွေ့၊ ဒူးတွေ့ဖြစ်လာခဲ့ရင် ခေါင်းဆောင်မှာ အမှားတွေ တွေ့နိုင် တယ်။
    အဲဒီမှာ သူ့ကို အပြစ်မဖို့ဘဲ အမှန်ရောက်အောင် ဝိုင်းပြီးပံ့ပိုး ရမယ်။

    ဒါမှသာ ကျွန်မတို့ ရဲ့ ချစ်သော သူရဲကောင်း လဲ ဗီလိန် ဘဝ ကို မရောက်မှာ။ 😉

    မဆိုင်တဲ့ အပေါက် ဂလိုင် နဲ့ ခေါက်၊ (အားတော့နာပါရဲ့)
    လက်ဘက်ရည် အပြင် တစ်ခြား မုန့်တွေ ယူစား နေမိပြီထင်ပါ့ ကဘချော နဲ့ ကျောင်းဒကာကြီးရေ။ 😆

    ကျန်တာ တွေ ကိုတော့ ထပ်ပြီး လျှာမရှည် နိုင်တော့ပြီမို့ ဖတ်ရုံဖတ်သွားရင်း ဓာတ်ပုံ လေးတွေ ကို ငေးနေလိုက်ပါတယ်။
    ကြည့်ရတာ ပုဂံခရီးမှာ ရိုက်လာတာထင်ပါရဲ့။
    ပထမပုံက မြန်မာပြည်မှာ မြင်ရခဲတဲ့ ရှုခင်းဖြစ်နေမယ်။

    လက်မ အမြင့်ကြီး ထောင်ရင်း နောက်တစ်ခွက် ကို မျှော်နေပါပြီဗျို့။ 🙂

  • FattyCat

    May 13, 2012 at 10:15 am

    ကျောင်းဒကာကြီးရေ-

    ဖတ်သာဖတ်ဖြစ်ပြီး အမန့်နောက်ကျလို့ စိတ်မညိုစေချင်ပါဘူး…
    ဘဝဇတ်ခုံမှာ မင်းသားအဖြစ်ကပြနေရာကနေ ဗီလိန်ဖြစ်ဖို့အကြောင်းဖန်လာတော့ မအားပြန်ဖြစ်သကိုးကျောင်းဒကာရဲ့
    ဗီလိန်ဆိုမှ အဆိုတော်ကြီးဘိုဘိုဟန်ရဲ့သီချင်းလေးကိုဖြင့် ပြန်သတိရမိတယ်ဗျာ…
    “အနည်းဆုံးဇတ်လိုက်မင်းသားမဖြစ်တောင်…လူကြမ်းမင်းသားဖြစ်တောင်…မင်းသမီးလေးတော့ပွေ့ရမှာပဲ…သူငယ်ချင်းတဲ့” တကယ်တော့ကျုပ်တို့တွေဟာဖြင့် တစ်ချိန်ချိန်မှာ ကိုယ့်အတ္တနဲ့ ကိုယ့်ရှင်သန်ခြင်းအတွက် ဗီလိန်တော့ တစ်ခေါက်တစ်လေလုပ်ခဲ့ဖူးကြမှာပဲ…
    အဲဒီတော့ ကျောင်းဒကာရေ… ဗီလိန်ဖြစ်လို့လဲ စိတ်မပျက်နဲ့… အရက်သမားဖြစ်လို့လဲစိတ်မနာနဲ့… ဦးကျော်သူကြီးလို ငယ်ဖြူမဟုတ်ပေမယ့် ကျုပ်တို့အတွက်တော့ အချိန်ရှိသေးမယ်ထင်ရတာပဲဗျာ… ကွေးသောလက်မဆန့်ခင်ဆိုတာကလဲရှိသသေးသကိုး…
    ဒါထက်ဗျာ… တစ်နှစ်တစ်နှစ်ဆိုတဲ့အချိန်တွေက ကုန်သထက်ကုန်ကုန်လာတော့ အသက်တွေကလဲကြီးသထက်ကြီးပေါ့ဗျာ…
    ကျောင်းဒကာရေ… ၂၀၂၂ ဆိုတဲ့အချိန်ဟာလဲ အနှေးထက် အမြန်ဆိုသလိုရောက်လာမှာပဲ…
    တကယ်တော့ နှစ်အပိုင်းအခြားဆိုတဲ့ စိတ်သက်သာမှုလေးရသွားအောင် ၂၀၃၂ လောက်အထိခဏရွေ့ထားလိုက်ရင်မကောင်းဘူးလားဗျာ….

    မြန်မာနိုင်ငံကနေ ကျွန်းသစ်ကို ကုန်ကြမ်းဈေးနဲ့ထုတ်ရောင်းလိုက်ရလို့… တပါးနိုင်ငံတွေ အကျိုးအမြတ်အများကြီးဖြစ်ထွန်းစေသပေါ့…
    ကျုပ်တို့နိုင်ငံက ထွက်တဲ့ကုန်ကြမ်းကို နိုင်ငံတကာအဆင့်မီ ကုန်ချောထုတ်ဖို့အတွက် လိုအပ်တဲ့လူ့စွမ်းအားအရင်းအမြစ်များက ပိုပြီးအရေးကြီးတယ်လို့အုပ်ချုပ်သူတို့ကို သိစေချင်ပါတယ်…

    ခေတ်မီနိုင်ငံရေးအလုပ်နဲ့ လူငယ်တွေကိုစာသင်ပေးခဲ့တဲ့ တီချာနုကိုပဲမေးကြည့်ကြပါစို့…
    ၈၀% သောနိုင်ငံတကာအဆင့်မီ ပညာတတ်သူတွေဟာ မိမိဘဝအတွက် နိုင်ငံရပ်ခြားမှာအလုပ်လုပ်ဖို့ပညာသင်ကြတာပါ… နိုင်ငံအတွက်ဆိုတဲ့ရည်ရွယ်ချက်ဟာ ၁၀% အောက်မှာပဲရှိတယ်ဆိုတာ ငြင်းမရတဲ့အချက်နော်…
    အဲဒီတော့ကာ
    အင်္ဂလိပ်စာတတ်ပြီး နိုင်ငံတကာဝင်ဆန့်တဲ့လူငယ်တွေအတွက် ဘဝအာမခံချက်မပေးနိုင်မခြင်း မြန်မာနိုင်ငံဟာအခုလိုပဲ မွဲတဲ့နိုင်ငံဖြစ်နေဦးမှာပဲ…
    အလုပ်အကိုင်အခွင့်အလန်းဆိုတာ တိုင်းပြည်ရဲ့စီးပွားရေး… နိုင်ငံတော်ရဲ့ကျုံးပေါ့နော်…
    ကျောင်းဒကာရေ-
    ကျုံးပေါက်သွားရင်တော့ တံတိုင်းလဲ ဘယ်လောက်ခံနိုင်မလဲဗျာ… ဒီကျုံးကိုဖြင့်အရင်ဆုံး ပြန်လည်ပြင်ဆင်ကြရမှာပဲ…

    နိုင်ငံရေးဆိုတဲ့စကားလုံးဟာဖြင့် သေဒဏ်တစ်ရပ်လို မြန်မာပြည်သူတွေစိတ်ထဲ ရှောင်နေခဲ့ရတာ နှစ်ပေါင်းဖြင့်မနဲတော့ဘူးနော်…
    လူငယ်တွေ နိုင်ငံရေးလုပ်ကြတာဖြင့် ကျုပ်တို့တောင် ခပ်ရှက်ရှက်ပဲဗျို့… ဘာပဲဖြစ်ဖြစ်ကျောင်းဒကာရေ-
    လူငယ်တွေ နိုင်ငံရေးလုပ်တာကိုတော့ အားပေးကြရမှာပေါ့ဗျာ… အဲဒီလိုပဲ ပြည်ခိုင်ဖြိုးဟာလဲ အရင်အတုန်းက အမှားတွေကိုပြင်ပြီး တကယ်ပြည်သူလူထုအကျိုးအတွက် ဦးဆွေးဆံမြေ့ထမ်းဆောင်မယ်ဆိုရင်ဖြင့် ကျုပ်တို့ ပြည်သူတွေကလက်ခံပါတယ်…
    အတိတ်ကအရိပ်မဲကိုတော့ အလုပ်နဲ့သက်သေပြမှဖြစ်မယ်နော်…

    အန်တီမို့ နဲ့ အန်တီမိုးကိုဖြင့် စကားတစ်ခွန်းလောက်အမှာပါးချင်ပါတယ်…
    အန်တီမို့ရေ… မာန်တက်လို့ လွန်ခဲ့တာတွေဖြင့် လွန်ခဲ့ပြီပေါ့နော်… အခုမှတော့ နောက်ကျသွားပြီလို့ပါ…
    အန်တီမိုးရေ… အခါလွန်မိုးအညှိုးနဲ့တော့ဖြင့်မရွာလေနဲ့ကွယ်…

    နောက်ဆုံးဂျိမ်းဘွန်းမင်းသား ဒယ်နီရယ်ကရစ်ချ်ကိုဖြင့် ဇာတ်ရုပ်နဲ့မလိုက်ဘူးရယ်လို့ခံစားနေရတုန်း
    ရွှေစင်လေးကို ဘီကနီနဲ့ ငပလီကမ်းခြေမှာတစ်လှမ်းချင်းတက်တာတဲ့အချိန်မှာ ကျုပ်တို့မိတ်ဆွေကြီး ဦးကြီးမိုက်ကဖြင့် ညှို့မျက်လုံးနဲ့လှမ်းကြည့်ပြီး
    မိတ်ဆက်စကားစပြောလိုက်တာက… မိုက်ခ်….ကြီးမိုက်ခ်တဲ့… စိတ်ကူးယဉ်ထဲက ဇာတ်ဝင်ခန်းလေးပေါ့ဗျာ…

    ကဲပါ…ကျောင်းဒကာရေ
    ချိုပေါ့ကျကိုဖတ်ရတာ အရသာရှိသလို… ချိုပေါ့ကျကိုရေးတဲ့လူကလဲအားစိုက်ထုတ်ထားတာမို့
    ကော်မန့်ကို ပြန်ပေးတဲ့အခါ သေချာပြန်ပြီးစေတနာကိုလေးစသဖြင့် ပြန်ရေးချင်တာမို့ အချိန်ယူ အချိန်ကြာတာကို ခွင့်လွှတ်စေချင်သဗျား…
    လက်တစ်ချောင်းထောင်ရင်း…
    နောက်လာမယ့် အပိုင်း (၁၃)ကို မျှော်မယ်နော်…

    ရွာသားငရှုပ်-
    ကြောင်ဝတုတ်

  • blackchaw

    May 13, 2012 at 10:22 am

    @ ထုံးဘဲဥ ;
    အားပေးသွားတာ ကျေးဇူးပါ ညီလေးရေ။
    ပုဂံသွားတုန်းက ရိုက်ထားဖြစ်တာပါ။

    @ အံစာတုုံး ;
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးပါ ညီလေး အံစာတုံး ရေ။

    @ htet way ;
    သေသေချာချာ မှတ်သားဖတ်ရှု အားပေးသွားတယ်ဆိုတဲ့အတွက်
    ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ် ဆရာထက်ရေ။ ကျေးဇူးပါဗျာ။

    @ windtalker ;
    ကွန်းမန့်လေး ဝင်ပေးသွားတာ ကျေးဇူးပါဗျာ။

    @ pazflor ;
    တင်မိုးလွင်က စက်မှုကျောင်းဆင်းမှန်း တကယ်ကို မသိခဲ့ဘူးဗျာ။
    အချက်အလက်အမှန်လေး ဝင်အားဖြည့်ပေးသွားတာ ကျေးဇူးပါ။

    @ M လုလင် ;
    ထုံးစံအတိုင်း ဆိုင်ထောင့်မှာ ရေနွေးအိုးလေးနဲ့ ညိမ့်သွားတဲ့ ညီလေးရေ။
    အလွမ်းကဖီး သီချင်းထဲကလို ဒို့ကြိုက်တဲ့သီချင်းတွေ ဖွင့်ခိုင်းလို့ လည်း ရပါတယ် ဗျ။

    @ ahnyartamar ;
    ကျေးဇူးတင်ပါတယ် ကိုအညာတမာရေ။
    ကိုကြီးမိုက် ကြီးပြောပြလို့ ကိုအညာတမာကို တွေ့ချင်နေပါတယ်ဗျာ။

    @ mg mg ;
    အားပေးသွားတာ ကျေးဇူးပါ ကိုမောင်မောင် ရေ။

    @ အိမ်လွမ်းသူ ;
    ဝင်ရောက်ဖတ်ရှုသွားတဲ့အတွက်ရော၊
    လက်မအကြီးကြီးအတွက်ရော ကျေးဇူး အကြီးကြီးတင်ပါတယ် ဗျာ။

    @ Diamond Key ;
    ကိုသော့ရေ။ ဓါတ်ပုံလေးတွေက တော်တော် သေးသွားပါတယ်။
    ကိုသော့ဆီ ဓါတ်ပုံတွေပို့မယ် ဆိုပြီး လုပ်ထားပေမယ့်
    အချိန်ရှားပါးနေလို့ မပို့ဖြစ်လိုက်တာ ခွင့်လွှတ်ပါဗျာ။

    @ pooch ;
    ထပ်လာပြီးရေးမယ့် ကွန်းမန့်ကို စောင့်ဖတ်မယ်ဗျာ။

    @ နှုတ်ခမ်းမွှေး ;
    အားပေးနေဆဲ ဆိုလို့ ဝမ်းသာပါတယ် ခင်ဗျာ။
    ဗိုလ်အောင်ဒင် အသံကိစ္စကတော့ ကိုနိုင်ထွန်း ရဲ့ ကွန်းမန့်လေးကို
    ဖတ်ကြည့်ရင် အဖြေမှန်ကိုသိရမှာပါဗျာ။ အဲဒီအတိုင်းပါပဲ…။

    @ Naing Tun ;
    အင်မတန် ကျေးဇူးတင်ရပါသော ကွန်းမန့်လေး ဖြစ်ပါတယ်ဗျာ။ ကျေးဇူးပါ။

    @ komingalar ;
    ကွန်းမန့်လေးကိုကြည့်ရတာ အရင်ချိုပေါ့ကျ လေးတွေကိုလည်း ဖတ်ခဲ့တယ်လို့
    ယူဆပါတယ်။
    မနေ့က ခင်ဗျားရဲ့ မိတ်ဆက်ရင်းလေကန် ပို့စ်ကို ကျွန်တော် ဖတ်ဖြစ်ပါတယ်။
    ကြိုဆိုပါတယ်ဗျာ။
    အခုကွန်းမန့်လေးအတွက်လည်း ကျေးဇူးပါ။

    @ surmi ;
    ထောင်စရာအားလုံးထောင်သွားတဲ့အတွက် ကျေးဇူးပါဗျာ။

    • ဗိုက်ကလေး

      May 13, 2012 at 11:39 am

      ဟိုလူဂျီး
      အူးခိုင်ရယ် အူးဖက်တီးကတ်ရယ် အူးဗိုက်ကလေးရယ်ကိုကော ဘယ်အသုတ်မှာ ကျေးဇူးတင်စကားပြောမှာတုန်းဗျ..
      🙄

  • blackchaw

    May 13, 2012 at 10:29 am

    @ Khin Latt ;
    အစ်မရေ။
    အစ်မ ကွန်းမန့်လေးကို Best Comment ရွေးခွင့်ပြုပါခင်ဗျာ။
    ဒီတစ်ခါကတော့ ဘယ်လို ဘက်လိုက်မှုမျိုးမှမပါဘူးဆိုတာ အလွန်သေချာပါတယ်ဗျာ။
    ကျွန်တော့် ကိုယ်ပိုင် ဗီလိန် ဆိုတာကြီးကို
    အစ်မပစ်လွှတ်လိုက်တဲ့ ကွန်းမန့်မျှားချက်က
    တည့်တည့်ကြီးကို တိုးတော့တာပါပဲခင်ဗျာ။
    ကျေးဇူးအများကြီးတင်ပါတယ်။

  • pooch

    May 13, 2012 at 12:01 pm

    ပြန်လာပြီ ကိုဘလက်ရေ မနေ့က အားကုန်သွားလို့ မီးပျက်တော့။

    ဗီလိန် ဆိုလို့ ကျမကတော့ မိသားစုထဲ အမျိုးထဲမှာတော့ ဗီလိန်လူကြမ်းပါပဲ။ အမုန်းခံရမဲ့ အကြောင်းအရာများဆိုရင် ကျမက အလိုလို ခေါင်းခံပြီးသားပါ။ကိုယ့်ပေါင်ကိုယ် လှန်ထောင်းလိုက်ပါအုန်းမယ်။ :mrgreen:
    ဥပမာလေး တခုပြောရရင် ကျမမောင်ဝမ်းကွဲတယောက် မာဆတ်က ကောင်မလေး တယောက်နဲ့ငြိပါတယ်။
    အဲ့ဒီအချိန် သူတို့ ဟိုတယ်က ကျောက်မျက်ကုမ္ပဏီမှာ သူငယ်ချင်းတယောက်က မန်နေဂျာဖြစ်နေတော့ ကျမဆီအကြောင်းစုံရောက်ပါတယ်။ စစချင်း အိမ်ကိုလည်း မပြောသေးပဲ မောင်နှမတတွေ ကြိတ်ရှင်းပါတယ်။ မရပါဘူး။ ဖုန်းတွေဝယ်ပေး ပိုက်ဆံတွေပို့နဲ့ နောက်ပိုင်း သူ့အမေ မီးခံသေတာ္တထဲက ပိုက်ဆံတွေ ပါပါတော့မှ အိမ်က သိပြီး ပွက်ပွက်ဆူကုန်ပါတယ်။

    အဲ့ဒါနဲ့ ကျမလည်း အကြောင်းစုံရှင်းပြီး အိမ်ကိုတိုင်ပါတော့တယ်။ ကျမမောင် ကျမကို ၁ နှစ်ကျော် ၂ နှစ်နီးပါး စကားလည်း မပြောခေါ်လည်း မခေါ်တော့ပါဘူး။ ရလဒ်ကတော့ မနှစ်က သူအိမ်ထောင်ကျပါတယ်။ အလိမ္မာအိမ်ပါ မိန်းမကောင်းလေးနဲ့ပါ။

    ခုတော့လည်း သူမဟုတ်သလိုပါပဲ ။ တခါတခါ ဗီလိန်လုပ်ဖို့ သတိ္တလိုပါတယ်။ အမုန်းလည်း ခံနိုင်မှပါ။
    တခြားအကြောင်းများကို ပြောလိုက်ရင် ကိုဘလက် မျက်ရည်တွေ ကျကုန်မှာစိုးလို့ပါ။ :mrgreen:

    မှားတဲ့ဘက်မှာ ဆိုတဲ့ သီချင်းလေးကလည်း ကျမရဲ့ ဖေးဘရိတ်ပါ။ စပ်လို့ ပြောရရင် ကဗျာဘွဲ့မှူးရဲ့ သီချင်းတွေကို လည်း အကုန်နီးပါး နားထောင်ဖြစ်ခဲ့ပါတယ်။

    မော်ဒယ်များအကြောင်းကတော့ ပြောရတာမောလို့ မပြောတော့ပါဘူး။ ဟီး…
    သူတို့ ဘဝနဲ့ သူတို့ ကိုယ့်သမိုင်းကိုယ်ရေးနေကြတာပဲလေ။

    ကိုနိုဇိုးမိကြီးကိုသာ ဂရုစိုက်လိုက်ပါ။ မော်ဒယ် လေးတွေနဲ့ တွေ့တဲ့အခါ ဆင်ခြင်တတ်အောင်ပါ။ ကိုဘလက်လည်း ကိုနိုကြီးနဲ့ ရောပြီး မကဲနဲ့ပေါ့။ 😆

    အော် အပျိုကြီး မမိုး …ကိုဘလက်ရယ်နားလည်ပေးပါ ။ အပျိုကြီးတွေမှာလည်း ကိုယ့်ဘဝနဲ့ကိုယ် နေပျော်ပါတယ် ။ ပျော်အောင်လည်း နေတတ်ကြပါတယ်။ :mrgreen:

    ဓာတ်ပုံလေးတွေမြင်တော့ နွေသရုပ်ရယ် ခြောက်သွေ့မှုရယ် ထင်းခနဲပဲ ။ ပူတယ် ကိုဘလက်ရေ ဒီနွေလည်း ကျောကော့နေအောင် ပူပြန်အုန်းတော့မယ် ထင်ပါ့။

    • Ch@vez

      May 15, 2012 at 7:40 am

      နာမည်ကျော် အဆို အမိန့်လေး တစ်ခုပါ…
      ဘာတဲ့ ..
      အပျိုကြီး ဆိုတာ ..ပြည်သူပိုင်
      တဲ့…

      😛

  • blackchaw

    May 13, 2012 at 12:20 pm

    @ TTNU ;
    တီချယ်ကြီးရေ။

    အားပေးစကားလေးကို မျက်ရည်ဝဲပြီး ဖတ်ရင်းနဲ့ တောင်ပြိုကမ်းပြို
    အသည်းခိုက်အူလှိုက် တုန်တုန်ရီရီ ကျေနပ်နေပါကြောင်း။

    ဆိုတဲ့ ကွန်းမန့်လေးအတွက် ပီတိဖြစ်ရပါတယ်ခင်ဗျာ။
    ရွာထဲ ခဏဝင်လိုက် ပြန်ထွက်ပြေးသွားလိုက် နဲ့
    ရေးနေရတဲ့ ကွန်းမန့်တွေမို့
    တစ်ပြိုင်တည်း မရေးနိုင်တာ ခွင့်လွှတ်ပေးပါခင်ဗျာ။
    ကျေးဇူးပါ။

  • blackchaw

    May 13, 2012 at 12:24 pm

    @ ကိုပါလေရာ ;
    ကိုပါလေရာကြီးရေ။
    ချိုပေါ့ကျ ၁၁ ကို ဖတ်ပြီး
    ဖုန်းဆက်ချင်လွန်းလို့ ဆက်ပါတယ် ဆိုတဲ့
    အစ်ကို့ အပြောအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်။
    ကွန်းမန့် ကောင်းကောင်းလေးတွေ ပေးတတ်တဲ့ ကိုပါလေရာရဲ့
    ကွန်းမန့်လေးတွေအတွက် ကျွန်တော် ဂုဏ်ယူပါတယ်ခင်ဗျာ။
    ကျေးဇူးပါ။

  • blackchaw

    May 13, 2012 at 12:28 pm

    @ ဂီဂီ ;
    ဒီတေးလ် ပြန်လာမယ်ဆိုလို့
    လာမယ်ဆိုစောင့်မယ် ဆိုတဲ့ ညီထွဋ် သီချင်းဆိုပြီး စောင့်နေပါတယ်ဗျာ။

    @ ဗိုက်ကလေး ;
    ညီလေးရေ။ ကိုယ်တန်ဘိုးထား လေးစားတဲ့ ကွန်းမန့်လေးတွေထဲမှာ
    ညီလေးရဲ့ ကွန်းမန့်လေးတွေလည်း ပါပါတယ်။
    ချိုပေါ့ကျ မှာ ဆို အမြဲ ညီလေး အားထည့်ဖတ်ပြီး အားထည့်ရေးထားတဲ့
    ကွန်းမန့်လေးတွေ ပေးတတ်တာ ဘယ်တော့မှ မမေ့ပါဘူး။
    အခုလည်း ကိုယ် ရွာထဲဝင်လိုက်ထွက်လိုက်ဖြစ်နေလို့
    ကွန်းမန့်လေး နည်းနည်း နောက်ကျနေခဲ့တာ ခွင့်လွှတ်ပါကွာ။

  • blackchaw

    May 13, 2012 at 2:40 pm

    @ Fatty Cat ;
    ကျေးဇူးပါ ညီလေးရေ။
    ကွန်းမန့်ပေးတာ နောက်ကျတာ စောတာ ဘာပြသနာမှ မရှိပါဘူး။
    ဒါ ဖတ်သူရဲ့ မူပိုင်ခွင့်ပါ။
    ပို့စ်တစ်ပုဒ်ကို ဖတ်ပြီး ကွန်းမန့်ပေးချင်စိတ်ပေါက်လာရင် ပေးမယ်၊
    ပေးချင်စိတ်မပေါ်ရင် မပေးဘူးပေါ့။ ဒါ မဆန်းပါဘူး။
    လေးလေးစားစားပေးတတ်တဲ့ ညီလေး ကွန်းမန့်တွေကိုလည်း
    အစ်ကို တန်ဘိုးထားတယ် ဆိုတာတော့ ဝန်ခံပါတယ်။
    ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးပါဗျာ။

  • weiwei

    May 13, 2012 at 2:42 pm

    ချိုပေါ့ကျကို အေးတော့မှ ဝင်သောက်ဖြစ်သွားတယ် …
    အေးမှသောက်ဖြစ်တော့ အမြည်းတွေပါ ပိုစားလိုက်ရလို့ ပိုလိုတောင် စိုပြေနေသေးတယ် …
    သောက်လို့အလွန်ကောင်းပါကြောင်း …..

  • blackchaw

    May 13, 2012 at 2:51 pm

    @ kai ;
    ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးတာ ကျေးဇူးအထူးပါ သူကြီးရေ။
    ကျော်သူ ပြောတဲ့ ၂၀၀ရ မှာမှ လူဖြစ်သွားတယ်ဆိုတဲ့စကားအပေါ်
    သူကြီး ဘယ်လို မှတ်ချက်ပေးမလဲဆိုတာလေးတော့ သိချင်သား…။
    ချိုပေါ့ကျ ၂ ကနေ ၁၂ အထိ
    အသိအမှတ်ပြု နေရာပေးခဲ့တာလေးအတွက်
    သူကြီးကို ကျေးဇူးအထူးတင်ပါတယ်ဗျာ…။

  • blackchaw

    May 13, 2012 at 2:55 pm

    @ weiwei ;
    နောက်ကျနေတယ် ထင်ရပေမယ့်
    ရုံးပိတ်ရက်မို့ နောက်ကျတယ်လို့ မဆိုနိုင်ပြန်ပါဘူးဗျာ။
    ချိုပေါ့ကျ ရဲ့ ပုံမှန် သောက်သုံးသူ စာရင်းဝင်
    မဝေဝေရဲ့ ကွန်းမန့်လေးအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

  • blackchaw

    May 13, 2012 at 3:03 pm

    ချိုပေါ့ကျ ခေါင်းစဉ်နဲ့ ရေးတဲ့ ပို့စ်လေးတွေ အဆုံးသတ်ပါပြီ ခင်ဗျာ။
    ရွာမှာ ကျွန်တော် စာဆက်ရေးနေဦးမှာပါ။
    အားပေးခဲ့ကြတာ ကျေးဇူးတင်ပါတယ်…။

    • ဗိုက်ကလေး

      May 13, 2012 at 3:07 pm

      ချိုပေါ့ကျ အဆုံးသတ်ရင် ဘလက်လေဘယ်နဲ ့ ပြန်စပါဦး
      😀

  • Bain Sar

    May 13, 2012 at 4:31 pm

    ချိုပေါ့ကျကိုစွဲနေပြီဗျို့။တစ်ပါတ်ကိုနှစ်ခွက်လောက်တော့သောက်မှရတော့မယ်။ဒီတော့ ဖျော်ဆရာရေ…
    အလျှင်မှီအောင် တစ်ပါတ် ၂ ခွက်ဖျော်ပေးပေတော့။စွဲအောင်လုပ်ထားတဲ့ ဖျော်ဆရာရဲ့တာဝန်ပေဘဲ။
    အရင်က ချိုပေါ့ကျကို မဖတ်ဖြစ်ဘူးဗျာ။ မဖတ်ဖြစ်တာကလဲ ဒီလို…။ကျုပ်တို့က အချိန်သိပ်မရဘူး။ရတဲ့အချိန်
    လေးမှာ အပြေးအလွှားဖတ်ရတာ…မန်းဂေဇက်ရောက်ရင် တင်ထားတဲ့တချို့ ပို့စ်တွေက ခေါင်းစဉ်တခြား
    အကြောင်းအရာတခြား၊တချို ့ကျပြန်တော့လဲ ခေါင်းစဉ်ကြည့်လိုက်တာနဲ ့ဘာအကြောင်းအရာရေးထားလဲဆိုတာမှန်းလို့
    မရဘူး၊ကျုပ်စိတ်မဝင်စားတဲ့အကြာင်းအရာတွေကိုဘဲဖွင့်ကြည့်မိရက်သားဖြစ်ဖြစ်နေတယ်။ပို့စ်အားလုံးဝင်ဖဖတ်
    ဖို့ အချိန်ကမရ၊ အင်တာနက် conn: ကမကောင်း..ဆိုတော့ ။ဒါနဲ ့ မန်းဂေဇက်ကိုသိပ်မရောက်တော့ဘူးပေါ့
    ဗျာ။ဒါနဲ ့တဆက်တည်း အကြံပြုပါရစေ.. အထဲမှာဘာအကြောင်းအရာရေးထားလဲဆိုတာသိနိုင်အောင်
    မန်းဂေဇက်ကခါင်းစဉ်လေးတွေကို ပေးပေးပါလို ့။ပြောရင်းနဲ ့လိုရင်းမရောက်ဘူးဖြစ်သွားတယ်။ချိုပေါ့ကျကို
    စွဲနေပါပြီ။(၉)ကိုစဖတ်ကြည့်တာအကြိုက်တွေ ့တာနဲ ့(၁) ကစပြန်ရှာပြီးဖတ်ဖြစ်သွားတယ်ဗျာ။နေ ့တိုင်း
    အသစ်တင်ပြီးလားလို ့လာလာရှာရတာမောတယ်။တပါတ် ၂ ခွက်တော့တိုက်မှ အမောပြေတော့မယ်။ဒါဘဲ။တိုက်ရင်တိုက်…မတိုက်ရင်တော့………အဲ…ဘာမှမတတ်နိုင်ဘူးပေါ့လေ..ဟဲ
    ဟဲ…ချိုပေါ့ကျထဲကအကြောင်းအရာလေးတွေကိုတော့နောက်မှ အေးဆေး မန် ့တော့မယ်ဗျာ…ဘိုင်။

    • ဗိုက်ကလေး

      May 13, 2012 at 4:36 pm

      အူးလေး ဗွီလန် ကျောင်းဒဂါ မကုလားမ ဆရာချောရေ..
      ဒီမှာ
      တစ်ပတ် နှစ်ခွက် သောက်ချင်ရို ့တဲ့..
      ရှင်းဦး..ရှင်း.ဦး..

      • ဗိုက်ကလေး

        May 13, 2012 at 5:01 pm

        ကျေးဇူးပြု၍ အူးလေး ဗွီလန် အစား
        “အူးလေး ဗွီလိန်” ဟု ပြင်ဆင်ဖတ်ရှုပေးပါရန်

  • နေဝန်းနီ

    May 13, 2012 at 5:13 pm

    ကိုဘလက်ရေ့…….. ရွာထဲဝင်မရလို့ နောက်ကျသွားတာနော်……။ ကျွန်တော်လည်း ဗီလိန်ပါပဲ….။ အမြဲတမ်း အတိုက်အခံလုပ်နေရမှကျေနပ်တာ….။ လူကြီးဆိုတာတော့ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တတ်တဲ့ အမျိုးဗျ….။ ကျုပ်တို့ တွေ နောက်ဆယ်နှစ်ဆယ့်ငါးနှစ် အသက်တွေကြီးလာရင်ကော သူတို့လိုပဲ ကိုယ့်ဘက်ကိုပဲကြည့်မလား စောင့်ကြည့်ရဦးမယ်…။ 😛

  • marblecommet

    May 13, 2012 at 6:08 pm

    ကိုဘလက်ရေ့…….
    ပကတိ လက်ဘက်ရည်ဆိုရင်တော့
    တစ်သက်လုံး မကြိုက်ခဲ့ဘူးဗျ
    ဒါပေမဲ့…..
    ကိုဘလက်ချိုပေါ့ကျကိုတော့
    ရေလည် စွဲလန်းနေပါပြီဗျာ
    …….
    မမိုးတို့ အိမ်ထောင်ပြုဖို့
    မလောတာကလည်း
    လောစရာ မလိုတဲ့ အကြောင်းတြားများ
    ရှိလိမ့်မပေါ့ခင်ဗျ….
    ……….သီချင်းတွေသာ ပြောင်းသွားပြီး
    သံစဉ်က တစ်မျိုးထည်း ထွက်တဲ့ ကျနော်တို့ရဲ့
    အကော်ဒီယံကြီးကတော့….စားနိုင်ဝါးနိုင်လို့ထင်တယ်
    ဗလ အတော်ကောင်းသဗျ….ကောင်းဆို….
    သူထမ်းထားရတဲ့ အကော်ဒီယံကြီးပဲ
    ဆယ်ပိသာ လောက်လေးတယ်လို့
    ကျွန်တော်တို့ မေးမြန်းခန်း အစီအစဉ်တစ်ခုမှာ
    ပြောဖူးသဗျာ….
    ………
    လေးစားနေတဲ့
    မောင်ကမ်း..

  • aye.kk

    May 13, 2012 at 9:00 pm

    ချိုပေါ့ကျဆယ့်နှစ်..
    သောက်ရင်းနဲ ့..
    ချိုပေါ့ကျအသစ်ကို်ထပ်မျှော်မိပါတယ်..
    အားရစွာဝင်ဆွေးနွေးပေးထားကြတဲ့ကွန်မင့်တွေကို..
    ဖတ်ပြီးအားကျမိပါတယ်လို ့ပြောလိုက်ပါရစေ..။။

  • ပေစိ

    May 13, 2012 at 9:08 pm

    ကောင်းလိုက်တဲ့ ချိုပေါ့ကျ ဟေ့ ရူဘီတစ်ပွဲဟေ့ မီးချစ်ပါယူခဲ့ဟေ့ ကောင်းသကွာ ရသစုံဟေဟေ့

Leave a Reply