နေဝင်ချိန်
ဆည်းဆာရိပ်ဘိုးဘွားရိပ်သာရောက်တုန်းလေးမှာ ရင်ထဲအရင်ဆုံး ဝင်လာတဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်လည်မျှဝေလိုက်ပါတယ်။ ရေးသားသူနာမည်လေးလည်း တင်ပေးထားပါတယ်။ စိတ်ထဲတစ်မျိုးလေးပါပဲ။ ဘဝရဲ့အေးချမ်းရာ အမှန် ဘယ်နေရာလဲဆိုတာ….. ဒီလိုအဘွား အဘိုးတွေအတွက် အမှန်တကယ် အရိပ်တွေ အများကြီး ရှိသင့်ပါတယ်။
ဆည်းဆာကညို
အဘွားအို ငိုပါနဲ့
အားတင်းပါကွဲ့။
ညနေချိန်ဆို
အဘိုးအို ပျိုချိန်ငဲ့
တမ်းတပါရဲ့။
အဘိုးနဲ့ အဘွားအို
ပျိုချိန်ကို မျှော်ကာတမ်းလို့
လွမ်းပါနဲ့ဗျို။
ပျိုစဉ်က ဟန်မာန်ပို
ကြံဖန်ကာ လှုပ်ရှား
ကြင်ဖက်ပါ သားနဲ့သမီးတွက်
သွက်တဲ့လုပ်အား။
ဝဋ်ကြွေးရယ် ရှောင်မရလို့
ကြုံကြတဲ့ ကံကြမ္မာ ဆိုးချက်ကနာ။
သမီး သား ကြင်ဖက်ပါ
ဝဋ်ကြမ္မာဖယ်ရှား။
ဇရာအို ကံတရားက
ဆိုးလှချည်လား။
နေဝင်ချိန် အရွယ်မှည့်
တွယ်ရာမဲ့ ဘိုးဘွားအို
စိတ်ပျက်နဲ့ဗျို။
သဒ္ဓါတရား ပိုမို
ကုသိုလ်က ဆပွား
ဆည်းဆာဆို ဒီအရိပ်မှာ
ချွေးသိပ်ပါလား။
လက်ယာ(မေတ္တာတံခွန်)
9 comments
Shan Gyi
May 17, 2012 at 1:18 pm
ကဗျာလေး ဖတ်ရတာကောင်းတယ်ဗျာ၊ တင်ပေးတဲ့အတွက်ကျေးဇူးပါ
Youth lives on hope, old age on remembrance
လူငယ်တွေက မျှော်လင့်ချက်နဲ့ အသက်ရှင်ကြပြီး လူကြီးတွေကတော့ တမ်းတခြင်းနဲ့ အသက်ရှင်ကြတယ်လို့ ဖတ်မှတ်ခဲ့ဖူး ပါတယ်ဗျ
ကျွန်တော်တို့တွေ ငယ်ရွယ်တုန်းမှာ မျှော်လင့်ချက်ကြီးကြီးနဲ့ ရုန်ကန်ကြိုးကုပ်အားထုတ်နေမှာ ကျွန်တော်တို့တွေ လူကြီးဖြစ်လာမယ့်အချိန်မှာ တမ်းတစရာတွေ ရှိနိုင်မှာပါ
သက်ကြီးရွယ်အိုများကို ဖေးကူစောင့်ရှောက်နိုင်ကျပါစေ
ahnyartamar
May 17, 2012 at 1:19 pm
ကဗျာတစ်ပုဒ်ထက်ပိုမယ့် သင်္ခါရ တရားလေးပါ။ အဓိပ္ပါယ်အများကြီးပါပဲ…
amatmin
May 17, 2012 at 1:43 pm
မ မနောရေ..
ဒီကဗျာလေးကို ဖတ်ပြီး အသက်ကြီးနေတဲ့ မိဘ နှစ်ပါးအတွက်..
ဆည်းဆာရိပ်အဖြစ် ကိုယ်တိုင်ဖြစ်ပေးနိုင်ဖို့ သတိပြုမိသလို…
နောက်ထပ် များစွာသော ဆည်းဆာရိပ်ဘိုးဘွားရိပ်သာလိုမျိုးတွေ ပွားများလာဖို့လည်း မျှော်လင့်ပါ၏…
Khaing Khaing
May 17, 2012 at 2:22 pm
မမနောရေ ….. ဆည်းဆာရိပ် ဘိုးဘွားရိပ်သာဆိုတာ ဒဂုံမြောက်ပိုင်းမှာရှိတဲ့ ဘိုးဘွားရိပ်သာလား အဲဒီဘိုးဘွားရိပ်သာကို စာရေးဆရာမတစ်ယောက်က တည်ထောင်ထားတယ်လို့သိရပါတယ် အဲဒီဘိုးဘွား ရိပ်သာမှာထားတဲ့ အဘိုးအဖွားတွေကို တကယ့်စေတနာအမှန်နဲ့ပြုစုတယ်လို့လဲသိရပါတယ် ပြီးတော့ ဘိုးဘွားတွေရဲ့ဇာတ်လမ်းလေးတွေကို ကြားရတာလည်း စိတ်ထဲမကောင်းစရာပါပဲ ……. ဆည်းဆာဘိုးဘွား ရိပ်သာတည်ထောင်သူရော ပို့စ်တင်ပေးတဲ့ မမနောကိုရော ကျေးဇူးတင်ရှိပါကြောင်း …………
manawphyulay
May 18, 2012 at 11:33 am
ဟုတ်ပါတယ်ရှင်။ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် တည်ထောင်ပြီး ဦးစီးနေပါတယ်။ ဘိုးဘွားပေါင်း ၃ရ ယောက်ယခုလက်ရှိမှာ ရှိနေပါတယ်။
snow white
May 17, 2012 at 4:16 pm
မိဘမဲ့ဂေဟာတော့ရောက်ဖူးပါတယ် မမ ဆည်းဆာဘို်းဘွားရ်ိပ်သာနောက်တခေါက်မမတို့ သွားရင်ညီမကို လည်းခေါ်နော်
မမမနောရေးတာနဲ့ဆည်းဆာဘိုးဘွားရိပ်သာကဘယ်လိုပြုစုစောင့်ရှောက်တယ် ဆိုတာ ရင်ထဲမှာတကယ်ကိုခံစားရပါတယ် စိတ်ချမ်းမြေ့စရာကဗျာလေးပါ ဖတ်ရတာနဲ့တင်တကယ်ခံစားသွားပါတယ် မမမနော
Khin Latt
May 17, 2012 at 5:02 pm
ဒီ ကဗျာလေးကိုလဲ စိတ်ထဲမှာ တနင့်နင့် နဲ့ အားပေးသွားပါတယ်။
ဒါမျိုး အဖြစ်တွေကလဲ မြန်မာတစ်ပြည်ထဲမှာ မဟုတ်ဘဲ ကမာ္ဘအနှံ့ ဖြစ်နေတာပါဘဲ။
အသက်ကြီးလာရင် လူအိုတွေကို စောင့်ရှောက်တဲ့ ဗြိတိန်အစိုးရတောင် စောင့်ရှောက်စရိတ်တွေ ကြီးလာလို့ ငြီးနေပြီ။
ကိုယ့်ခွန်ကိုယ်အားထမ်းနိုင်တဲ့ အရွယ်အထိဘဲ နေချင်ပါတယ်။
အသက်ရှည် ပြီး Quality Life မရှိရင် အလကားဖြစ်နေမှာ။
ဒီလို လူအိုတွေ Quality Life ရှိစေဖို့ ပံ့ပိုးပေးတဲ့ သူမှန်သမျှ ကတော့ တကဲ့ ကို စိတ်ထားကောင်းမွန် ဖြူစင်တဲ့ အိန်ဂျယ်လ်တွေပါဘဲ။
ပြောရရင် တစ်ချို့ လူအိုတွေ ဟာ အတော်ရစ်တတ်တာ ကြားဘူးတယ်။
စိတ်မထားတတ်ရင် ပြုစုသူကို အကုသိုလ် ဖြစ်စေတယ်။
ဒီတော့ အဲလို မဖြစ်ရလေအောင် အိုခါနီး ဆဲဆဲ အရီးတို့ မျိုးဆက်တွေ စိတ်ထားတတ်အောင် စပြီး လေ့ကျင့် ရေး သင်တန်းတွေ ပေး/ယူ သင့်ပြီ။
ဒါမှ ကိုယ်အိုချိန် လူ မငြိုငြင်မှာ။ 😀
ကြားလား ကိုပါ။ 🙂 (ရွယ်တူဖြစ်နေ နိုင်လို့ပါ။ 😉 )
ကိုပေါက်(မန္တလေး)
May 18, 2012 at 1:34 pm
ကြားလား ကိုပါ။ 🙂 (ရွယ်တူဖြစ်နေ နိုင်လို့ပါ။ 😉 )
ကိုလတ်ရေ
အားငယ်လိုက်တာဗျာ။
ကျနော်က ရှေ့ကသွားနှင့်သူဖြစ်နေပါပေါ့လား……………
manawphyulay
May 19, 2012 at 1:56 pm
အမယ် လေးပေါက်ကလဲ အဲလောက်လည်း မဟုတ်သေးပါဘူးနော်…